The La Pyae
Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com
إظهار المزيد📈 نظرة تحليلية على قناة تيليجرام The La Pyae
تُعد قناة The La Pyae (@thelapyae_official) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 29 482 مشتركاً، محتلاً المرتبة 4 404 في فئة التكنولوجيات والتطبيقات والمرتبة 4 941 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 29 482 مشتركاً.
بحسب آخر البيانات بتاريخ 03 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -217، وفي آخر 24 ساعة بمقدار -5، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.68%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.65% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 3 444 مشاهدة. وخلال اليوم الأول يجمع عادةً 1 666 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 138.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Get the good Stuff related to
Tech 🤖
Mindset 🧠
And all the other things I love 💛
To follow up me on other social media
Please visit https://thelapyae.com”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 04 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التكنولوجيات والتطبيقات.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 04 سبتمبر | 0 | |||
| 03 سبتمبر | +3 | |||
| 02 سبتمبر | +4 | |||
| 01 سبتمبر | +3 |
| 2 | ဒီနေ့ ပိုက်ဆံဝင်တယ်
ဒီနေ့ ဗိုက်ဝအောင်စားရတယ်
ဒီနေ့ အိပ်ဖို့ အိပ်ယာရှိတယ်
ဒီနေ့ ဘုရားတရားလုပ်ဖို့သတိရတယ်
ဒီနေ့ သင်ယူစရာတစ်ခုခုရလိုက်တယ်ဆိုရင်
ဒါက perfect day လို့တောင်ဆိုနိုင်တယ်
@thelapyae | 914 |
| 3 | ကိုယ်ရွေးချယ်မှုပေါ်မူတည်ပြီး
result တွေကကွာသွားတာပါပဲ
အားလုံးမှာ အားသာချက်
အားနဲချက်တွေဆိုတာရှိတယ်
@thelapyae | 1 198 |
| 4 | ခေါင်းထဲမှာ သိထားတာတွေ
သင်ယူထားတာတွေ
လေ့လာထားတာတွေ
အပြည့်ရှိနေပေမယ့်
ပိုက်ဆံအိတ်ထဲမှာ
bank account ထဲမှာ
ပိုက်ဆံမရှိနေတာဟာ
သတ္တိနဲနေသေးလို့ဖြစ်တယ်
သိတာနဲ့ မလုံလောက်ဘူး
သိထားတာကို ထုတ်သုံးဖို့
ကိုယ်လုပ်ထားတာကို ရောင်းဖို့
ကိုယ့်တန်ဖိုးကို ဈေးသတ်မှတ်ဖို့
ငြင်းခံရနိုင်တာကို လက်ခံဖို့
မသေချာတာကို စမ်းကြည့်ဖို့
သတ္တိလိုတယ်
သိတာများလာတာနဲ့ ဝင်ငွေက
အလိုလိုများလာတာ မဟုတ်ဘူး
တစ်ချိန်ရောက်ရင်
ထပ်လေ့လာဖို့ထက်
သိထားတာကို
လက်တွေ့ထုတ်သုံးရဲဖို့ ပိုလိုလာတယ်
— @thelapyae | 1 266 |
| 5 | ကိုယ့်ဘဝ ကိုယ့်ဇတ်လမ်းမှာ
ကိုယ်ကဇတ်လိုက်ပဲမို့
ကိုယ်ဖြစ်ချင်တဲ့ပုံစံကိုယ်တည်ဆောက်
မကြိုက်ရင်ပြင် ပိုကောင်းအောင်လုပ်ဖို့ပဲ
သူများဘဝတွေမှာ ဇတ်ပို့လုပ်ရင်း
အချိန်မကုန်စေဖို့အရေးကြီးတယ်
Have a main character energy everyday 😎
Because you are main character of your life
@thelapyae | 1 428 |
| 6 | “customer is always right” ဆိုပြီး
ပြောနေကြတာကြားဖူးပါလိမ့်မယ်
ဒါက quote ရဲ့တစ်ဝက်ပဲရှိသေးတယ်
တကယ့်အပြည့်က
“Customer is always right, in matters of taste”
ကိုယ်ပိုင်အတွေ့အကြုံ ခံစားမှုနဲ့
ပက်သက်လို့သာမှန်ပါတယ်
ငံတယ် ချိုတယ် ခါးတယ်ဆိုတာ
personal အတွေ့အကြုံပါ
ငံတာကြိုက်တဲ့သူရဲ့ ငံတယ်ဆိုတာနဲ့
အငံမစားနိုင်သူရဲ့ ငံတယ်ဆိုတဲ့
အငံ level ကဘယ်နည်းနဲ့မှမတူပါဘူး
ဒီတော့ customer ကအမြဲမမှန်နိုင်ပါဘူး
သူမှန်တာ သူ့ရဲ့
experience ကပဲ မှန်တာပါ
မကောင်းဘူးပြောရင်
အဲ့တစ်ယောက်အတွက်ပဲ
ကိုယ့် product က သူ့ personal taste နဲ့
မကိုက်ညီလို့ မကောင်းဘူးပြောတာပါ
ဒီတော့ မကောင်းဘူးပြောခဲ့ရင်
မနာပါနဲ့ သူ့ experience ကို
လေးစားသမှုနဲ့ဆက်ဆံပါ
ဒါဆို ခေါင်းငုံခံရနေရတယ်လို့
ယူဆပြီးခံစားနေဖို့မလိုတော့ဘူး
@thelapyae | 1 586 |
| 7 | Intrinsic Motivation ဆိုတာ
ကိုယ့်စိတ်အတွင်းကလာတဲ့တွန်းအားလို့ခေါ်တယ်
ကျနော်ကတော့ ဒါကို
အတွင်းအားလို့ အလွယ်မှတ်ထားတယ်
အတွင်းအားရှိတဲ့သူတွေက ဇွဲပိုရှိတယ်
ဇွဲပိုရှိတော့ သူများထက်ရေရှည်လုပ်နိုင်တယ်
ရည်ရှည်လုပ်နိုင်တော့ ပိုအောင်မြင်ကြတယ်
ဒါကြောင့်ကိုယ့်အတွင်းအားကို
ကိုယ်ရှာဖွေကြည့်ပြီးမှ
လေ့လာမှုတွေ သင်ယူမှုတွေ
ကြိုးစားမှုတွေဆိုတာလုပ်သင့်တယ်
@thelapyae | 1 508 |
| 8 | သည်းခံနိုင်တာလဲ skill ပဲ
@thelapyae | 1 724 |
| 9 | စဉ်းစားမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဝင်ခိုနေတာ အဲ့ဒါစဉ်းစားနေတာမဟုတ်ဘူး
အဲ့ဒါတွေဝေနေတာ
တွေဝေမှုကို ခေါင်းစဉ်ပြောင်းပြီး
ကိုယ့်ကိုယ်ကိုညာနေသေးရင်
Action ယူဖို့နောက်ကျနေတာပဲရှိမယ်
လုပ်မယ်ဆိုလဲ ၁၀၀%
မလုပ်ဘူးဆိုလဲ ၁၀၀% ပြတ်သားဖို့လိုတယ်
@thelapyae | 1 822 |
| 10 | လူကြီးဖြစ်လာတယ်ဆိုတာ
အသက်ပြည့်သွားတာတစ်ခုတည်း မဟုတ်ဘူး
ကိုယ့်လက်ရှိဘဝ အဆင်မပြေတာတွေကို
အတိတ်ကကိစ္စတွေကြောင့်လို့
အကြောင်းပြမနေတော့တဲ့အချိန်က
စတာလို့ ကျနော်ထင်တယ်
မိသားစုအခြေအနေကြောင့်
အခွင့်အရေးမရခဲ့လို့
လူတစ်ယောက်ကြောင့်
အတိတ်မှာ ဖြစ်ခဲ့တာတွေကြောင့်
ဒီနေ့ ကိုယ်ဒီလိုဖြစ်နေတာကို ရှင်းပြလို့ရတယ်
ဒါပေမယ့် အဲ့ဒီအကြောင်းပြချက်တွေက
ကိုယ့်အနာဂတ်ကိုပါ
ဆက်ပြီးဆုံးဖြတ်နေစရာမလိုဘူး
Victim အနေနဲ့ပဲ မြင်ချင်ရင်
ကိုယ်မပြောင်းနိုင်တဲ့
အကြောင်းပြချက်တွေ အမြဲရှာလို့ရတယ်
ပြောင်းချင်တယ်ဆိုရင်လည်း
စလို့ရတဲ့နေရာတစ်ခု အမြဲရှိတယ်
ပေးထားတဲ့အခြေအနေတွေကို
ကျနော်တို့ မရွေးခဲ့ရတာတွေ ရှိမယ်
အဲ့ဒီအခြေအနေတွေနဲ့
ဘာဆက်လုပ်မလဲဆိုတာတော့
ကျနော်တို့ရဲ့တာဝန် ဖြစ်လာတယ်
— @thelapyae | 2 086 |
| 11 | ဘာလို့သူများနောက်ပဲ
ရောက်နေရလဲနေမေးရင်
ရှေ့ရောက်စေမယ့်အရာတွေ
သေချာမလုပ်လို့
လုပ်လဲ သေချာသင်ခန်းစာမယူလို့
@thelapyae | 2 027 |
| 12 | ပါလာတဲ့ Talent ကို
ရှိတယ်ဆိုပြီး သိမ်းထားလို့မရဘူး
အချိန်ရှိသေးတယ်ဆိုပြီး
မသုံးဘဲထားတာ ကြာသွားရင်
ဝယ်ပြီး မဝတ်ဘဲသိမ်းထားတဲ့
တိုက်ဆွေးဖိနပ်လို ဖြစ်သွားတတ်တယ်
ထုတ်ကြည့်တော့ အသစ်ပဲ
ဒါပေမယ့် စီးလိုက်တဲ့အခါ
အသစ်လို မစွမ်းဆောင်နိုင်တော့ဘူး
ကော်တွေကွာမယ်
Sole တွေပဲ့မယ်
အခန့်မသင့်ရင် ကိုယ်ပါထိခိုက်နိုင်တယ်
Talent လည်း အတူတူပဲလို့ ကျနော်မြင်တယ်
စာရေးတတ်တယ်ဆိုရင် ရေးနေဖို့လိုတယ်
ပြောတတ်တယ်ဆိုရင် ပြောနေဖို့လိုတယ်
ဖန်တီးတတ်တယ်ဆိုရင် ဖန်တီးနေဖို့လိုတယ်
မသုံးဖြစ်တာကြာလာရင်
Talent ပျောက်သွားတာမျိုး မဟုတ်ပေမယ့်
ကိုယ့်မှာရှိတဲ့ Potential အတိုင်း
စွမ်းဆောင်နိုင်ဖို့ ပိုခက်လာတယ်
Talent ဆိုတာ သိမ်းထားဖို့ပေးထားတာမဟုတ်ဘူး
သုံးရင်းနဲ့ ပိုကောင်းလာဖို့ ပေးထားတာ
— @thelapyae | 2 023 |
| 13 | နိုင်ငံခြားကနေ မြန်မာ pay နဲ့
banking တွေသုံးမရလို့မပူပါနဲ့
https://vps-store.thelapyae.com မှာ
Yangon location လေးနဲ့ရမယ်နော် 😁🙌🏻
@thelapyae | 1 974 |
| 14 | Western Culture မှာ
လွတ်လပ်မှုနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်
ရပ်တည်နိုင်မှုကို တန်ဖိုးထားကြတယ်
Eastern Culture မှာတော့
မိသားစု၊ မိဘနဲ့သားသမီးကြား တာဝန်ယူမှု၊
အတူတူနေထိုင်မှုတွေကို ပိုတန်ဖိုးထားကြတယ်
နှစ်ခုလုံးမှာ သူ့အားသာချက်နဲ့သူရှိတယ်
ပြဿနာက
East က မိဘတွေက
သားသမီးကို Western Education ပေးပြီး
သားသမီးကြီးလာတဲ့အခါမှာတော့
Eastern Family Values အတိုင်း
ပြန်နေစေချင်တဲ့အခါ ဖြစ်လာတတ်တယ်
သားသမီးကို
Independent ဖြစ်ပါ
ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ချပါ
ကိုယ့်ဘဝကိုယ်တည်ဆောက်ပါ
လို့ နှစ်ပေါင်းများစွာ သင်ပေးထားပြီးမှ
တစ်နေ့ကျတော့
“မိသားစုကို ဘာလို့ ဦးစားမပေးတာလဲ”
လို့ မေးရတဲ့အခြေအနေမျိုးပေါ့
Singapore လို East နဲ့ West နှစ်ခုလုံးရဲ့
influence ရှိတဲ့နေရာတွေမှာ
ဒီ tension ကို ပိုမြင်ရတတ်တယ်
မိဘတွေရဲ့စိတ်ထဲမှာ Family က
အရေးကြီးနေသေးတယ်
သားသမီးတွေအတွက်တော့
Independence နဲ့ ကိုယ့်ဘဝကိုယ်
တည်ဆောက်တာက ပိုအရေးကြီးလာတယ်
ဘယ်ဘက်က မှန်တယ်၊ မှားတယ်ဆိုတာထက်
ကိုယ်သားသမီးကို ဘယ်လိုလူတစ်ယောက်
ဖြစ်စေချင်လဲဆိုတာ မိဘတွေကိုယ်တိုင်
ရှင်းဖို့လိုတယ်
ပညာရေးဆိုတာ စာတတ်အောင်
သင်ပေးတာတစ်ခုတည်း မဟုတ်ဘူး
ပညာတစ်ခုကို ယူလိုက်တဲ့အခါ
အဲ့ဒီပညာရဲ့နောက်က Culture နဲ့
Values တွေလည်း တစ်စိတ်တစ်ပိုင်း
ပါလာတတ်တယ်
ဒါကြောင့်
သားသမီးကို Independent ဖြစ်စေချင်သလား
မိသားစုအပေါ် တာဝန်ယူတတ်စေချင်သလား
တစ်ခုရွေးရမယ်လို့ မဆိုလိုဘူး
နှစ်ခုကြားမှာ ကိုယ့်မိသားစုအတွက် ဘယ်လို Balance တည်ဆောက်မလဲဆိုတာကိုတော့
အစကတည်းက စဉ်းစားထားဖို့လိုတယ်
— @thelapyae | 1 938 |
| 15 | ကိုယ်တကယ် ဘာလိုချင်လဲဆိုတာ
အစကတည်းက သိဖို့ခက်တယ်
ပိုက်ဆံလိုချင်တယ်ထင်တယ်
ရလာတော့ အချိန်ပိုလိုချင်လာတယ်
အောင်မြင်ချင်တယ်ထင်တယ်
အောင်မြင်လာတော့ အေးအေးဆေးဆေး
နေချင်လာတယ်
လူသိများချင်တယ်ထင်တယ်
လူသိများလာတော့ Privacy ကို
ပြန်လိုချင်လာတယ်
တစ်ခါတစ်လေ
ကိုယ်လိုချင်တယ်ထင်တဲ့
အရာကို တကယ်ရပြီးမှ
အဲ့ဒါကို ဘာကြောင့်
လိုချင်ခဲ့တာလဲဆိုတာ သိလာတာ
ဒါကြောင့် မှားပြီးလိုချင်ခဲ့မိတာလည်း
အချိန်ဖြုန်းတာလို့ မထင်ဘူး
တစ်ချို့အရာတွေက
ရောက်အောင်သွားကြည့်ပြီးမှ
ဒါက ကိုယ်လိုချင်တဲ့နေရာ
မဟုတ်ဘူးဆိုတာ သိရတာ
ကိုယ်တကယ်လိုချင်တာကို သိလာဖို့လည်း
ဘဝမှာ ရှာဖွေရတဲ့ Process တစ်ခုပဲ
— @thelapyae | 1 915 |
| 16 | ဘယ်သူ့ကိုမှ မပြောင်းလဲပေးနဲ့
@thelapyae | 2 168 |
| 17 | စကားလုံးတွေကို တွေးပြီး
နာတတ်တဲ့ သူတွေက
တကယ်အသားမနာဖူးခဲ့တဲ့သူတွေများတယ်
လက်သီးနဲ့ ထိုးခံခဲ့ရဖူးရင်
ခြေထောက်နဲ့ အကန်ခံခဲ့ရဖူးရင်
တံမြက်စည်းနဲ့ အဆော်ခံရဖူးရင်
စကားလုံးတွေလောက်ကတော့
ပန်းနဲ့ ပေါက်သလောက်ပဲရှိမှာပေါ့ 😁
@thelapyae | 2 279 |
| 18 | ကံဆိုတာကို ယုံတယ်ဆိုရင်တောင်
ကံစီမံပေးထားတဲ့နေရာမှာ
ကျရာဇာတ်ရုပ်နဲ့ပဲ နေနေလို့တော့ မရဘူး။
ပေးထားတဲ့အခြေအနေကို မကြိုက်ရင် ပြင်ယူ။
မရှိသေးရင် တည်ဆောက်ယူ။
မဖြစ်ချင်တဲ့ဘဝ ဖြစ်နေရင် ပြောင်းယူ။
လူတိုင်းက ကိုယ်ရွေးချယ်ထားတဲ့အခြေအနေကနေ ဘဝကိုစရတာမဟုတ်ဘူး။
ဘယ်မိသားစုမှာ မွေးမလဲ
ဘယ်နိုင်ငံမှာ မွေးမလဲ
ဘယ်လိုအခွင့်အရေးတွေရမလဲ
အများကြီးကို ကျနော်တို့ရွေးလို့မရဘူး။
ဒါပေမယ့် ပေးထားတဲ့အရာတွေနဲ့
နောက်ထပ်ဘာလုပ်မလဲဆိုတာတော့ ရွေးလို့ရတယ်။
ကံက ကိုယ်ဘယ်နေရာက စရမလဲဆိုတာ သတ်မှတ်ပေးနိုင်တယ်။
ဘယ်နေရာမှာဆုံးမလဲဆိုတာအထိတော့ ကံကိုပဲ ပေးမထားပါနဲ့။
ရေစုံမျောနေတာက ရှင်သန်နေတာမဟုတ်ဘူး။
ကိုယ်သွားချင်တဲ့ဘက်ကို
ကိုယ်တိုင်ကူးနေမှ ရောက်မှာ။
— @thelapyae | 2 369 |
| 19 | "ပါဝင်"ပါ "ဝင်ပါ"တာကိုတော့ရှောင်
ကိုယ်နဲ့ဆိုင်တာ ကိုယ့်တာဝန်
ကိုယ်လုပ်ရမှာတွေဆို "ပါဝင်" ပါ
ကိုယ့်ကိုမလိုအပ် ကိုယ်နဲ့မဆိုင်
ကိုယ်မလုပ်လဲရတာတွေဆို
"ဝင်ပါ" တာကိုရှောင်
ဒါဆို အကျိုးရှိတာတွေလုပ်ဖို့
အချိန်တွေထွက်လာမယ်
@thelapyae | 2 074 |
| 20 | အောင်မြင်ဖို့ဆိုရင်အမြဲတမ်း
စိတ်အားထက်သန်နေဖို့လိုတယ်လို့
ကျနော်တို့ထင်တတ်ကြတယ်
တကယ်တော့ ရေရှည်မှာ အခက်ဆုံးက
ခက်ခဲတာတွေကို လုပ်ရတာမဟုတ်ဘူး
ပျင်းစရာကောင်းတာတွေကို ထပ်လုပ်နိုင်ဖို့ပဲ
Gym သွားတဲ့ ပထမအပတ်က မခက်ဘူး
လအနည်းငယ်ကြာပြီး
ဘာမှအသစ်အဆန်းမရှိတော့တဲ့အချိန်က ခက်တာ
Business စတဲ့နေ့က မခက်ဘူး
နှစ်နဲ့ချီပြီး တူညီတဲ့အလုပ်တွေကို
ဆက်လုပ်နေရတဲ့အချိန်က ခက်တာ
Content တင်တဲ့
ပထမဆုံးအကြိမ်တွေက မခက်ဘူး
ရေးစရာမရှိသလို ခံစားနေရတဲ့အချိန်မှာ
ဆက်ရေးနေရတာက ခက်တာ
လူတော်တော်များများက
အစကောင်းကြတယ်
ကွာသွားတာကအသစ်အဆန်းတွေ
ကုန်သွားတဲ့နောက်မှာပဲ
အဲ့ဒီအချိန်မှာ
ဆက်လုပ်နိုင်တဲ့သူတွေအတွက်တော့
ပျင်းစရာကောင်းတဲ့နေ့တွေက
အလဟဿမဖြစ်ဘူး
ပြိုင်ဘက်တွေ တဖြည်းဖြည်း
နည်းသွားတဲ့နေ့တွေ ဖြစ်လာတယ်
Consistency ရဲ့ အားသာချက်က
ကိုယ်မြန်နေတာမဟုတ်ဘူး
ကိုယ်မရပ်သေးတာပဲ
— @thelapyae | 2 291 |
