ar
Feedback
CJ Platform

CJ Platform

الذهاب إلى القناة على Telegram

We are freedom and voices. Website Link: https://cjplatform.com/

إظهار المزيد
4 764
المشتركون
+124 ساعات
-37 أيام
-2530 أيام
أرشيف المشاركات
photo content

လှိုင်သာယာမှာ အိမ်ငှားနေဖူးတဲ့ အမျိုးသမီး ၂ ဦးက အိမ်ရှင်ကို ငရုတ်ကျည်ပွေ့နဲ့ထုပြီး ရွှေနဲ့ဖုန်း လုယက် CJ Platform ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၉ ရပ်ကွက်၊ စညဝတီလမ်းမှာ အိမ်ငှားနေဖူးတဲ့ အမျိုးသမီး ၂ ဦးက အိမ်ရှင်ကို ငရုတ်ကျည်ပွေ့နဲ့ ထုပြီး ရွှေလက်ဝတ်လက်စားနဲ့ ဖုန်း လုယက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဉ်ဟာ အောက်တိုဘာ ၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ဦးဟာ လွန်ခဲ့တဲ့ ၁ နှစ်ခန့်က အဲဒီအိမ်မှာ ငှားရမ်းနေထိုင်ခဲ့ဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီး ၂ ဦးဟာ အိမ်ရှင် ဒေါ်ခင်မိုးဆွေထံ ရောက်လာပြီး ငရုတ်ကျည်ပွေ့နဲ့ ထုပြီး ရွှေလက်စွပ်၊ မောင်းကွင်း၊ နားကပ်တစ်ရံနဲ့ ဖုန်းတစ်လုံး လုယက်ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ လုယက်ခံရတဲ့ ပစ္စည်းတွေဟာ စုစုပေါင်းတန်ဖိုး ၁၀ သိန်းကနေ ၁၅ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ လုယက်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီး ၂ ဦးဖြစ်တဲ့ မချောပြည်ပိုနဲ့ မဝင်းသန္တာကျော်တို့ကို ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မချောပြည်ပိုနဲ့ မဝင်းသန္တာကျော်တို့ကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ #CJPlatform #လှိုင်သာယာ #ရန်ကုန် #လုယက်မှု #မှုခင်း

photo content

Nuri ဒုံးပျံ ပဉ္စမအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဂြိုဟ်တု ၁၅ လုံးကို ကမ္ဘာပတ်လမ်းကြောင်းသို့ ပို့ဆောင် CJ Platform တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်တွင်းထုတ် Nuri အာကာသဒုံးပျံကို ဒီကနေ့ အောက်တိုဘာ ၇ရက် မွန်းလွဲပိုင်းမှာ ပဉ္စမအကြိမ်မြောက် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဂြိုဟ်တု ၁၅ လုံးကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပို့ဆောင်နိုင်ခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။ Nuri ဒုံးပျံကို တောင်ကိုရီးယားနိုင်ငံ Goheung ဒေသရှိ Naro Space Center ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လွှတ်တင်ပြီးနောက် သယ်ဆောင်လာတဲ့ ဂြိုဟ်တုတွေကို သတ်မှတ်ထားတဲ့ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလွှတ်တင်မှုမှာ ဂြိုဟ်တု ၁၅ လုံး ပါဝင်ပြီး အဲဒီထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်တွင်းထုတ် microsatellite constellation တစ်ခု တည်ဆောက်ရေးအတွက် အသုံးပြုမယ့် ဂြိုဟ်တု ၅ လုံးလည်း ပါဝင်ပါတယ်။ တောင်ကိုရီးယားအစိုးရဟာ Nuri ဒုံးပျံကို အသုံးပြုပြီး ကိုယ်ပိုင်အာကာသသယ်ယူပို့ဆောင်ရေးစွမ်းရည် တိုးမြှင့်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပဉ္စမအကြိမ် လွှတ်တင်မှု အောင်မြင်တာဟာ နိုင်ငံရဲ့ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။ Nuri ဟာ တောင်ကိုရီးယားနိုင်ငံက ကိုယ်တိုင် ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ သုံးဆင့်အာကာသဒုံးပျံဖြစ်ပြီး အစောပိုင်း စမ်းသပ်လွှတ်တင်မှုတွေကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး ပိုမိုတည်ငြိမ်တဲ့ ဂြိုဟ်တုလွှတ်တင်ရေးစနစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်တာလို့သိရပါတယ်။ အခုလွှတ်တင်မှုမှာ အစိုးရအဖွဲ့အစည်းတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ သုတေသနအဖွဲ့အစည်းတွေက တီထွင်ထားတဲ့ ဂြိုဟ်တုတွေ ပါဝင်လာတာကြောင့် တောင်ကိုရီးယားရဲ့ အာကာသကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ပိုမိုပါဝင်လာတဲ့ အခြေအနေကိုလည်း ပြသနေပါတယ်။ တောင်ကိုရီးယားဟာ အာကာသနည်းပညာနယ်ပယ်မှာ အမေရိကန်၊ ဥရောပနဲ့ အခြားအာရှနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဒုံးပျံနည်းပညာ၊ ဂြိုဟ်တု၊ အာကာသဆက်သွယ်ရေးနဲ့ ကမ္ဘာမြေစောင့်ကြည့်ရေး နည်းပညာတွေကို အရှိန်မြှင့်တင်နေပါတယ်။ Nuri ဒုံးပျံ ပဉ္စမအကြိမ် လွှတ်တင်မှု အောင်မြင်ခဲ့တာဟာ တောင်ကိုရီးယားအတွက် ဂြိုဟ်တုတွေကို နိုင်ငံခြားဒုံးပျံတွေကိုသာ အားကိုးပြီး လွှတ်တင်ရတဲ့ အခြေအနေကနေ ကိုယ်ပိုင်ဒုံးပျံနဲ့ ကိုယ်ပိုင်အာကာသလွှတ်တင်ရေးစွမ်းရည်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်လာတဲ့ အခြေအနေကို ပြသတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားအစိုးရက လာမယ့်နှစ်တွေမှာ Nuri အပါအဝင် ပြည်တွင်းထုတ် ဒုံးပျံတွေကို ပိုမိုအသုံးပြုပြီး ဂြိုဟ်တုလွှတ်တင်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ Ref - Yonhap News Agency ဓာတ်ပုံ - Yonhap News Agency #CJPlatform #SouthKorea #Nuri #SpaceTechnology #Satellite

photo content

မလေးရှားအစိုးရက မင်းအောင်လှိုင်ရဲ့ နှစ်ရက်ကြာခရီးစဉ်အတွင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံပြီး မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို “ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ” ပြန်လည်ပို့ဆောင်ရေးအပါအဝင် နှစ်နိုင်ငံဆိုင်ရာကိစ္စတွေ ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ မလေးရှားအစိုးရရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရရှိနိုင်ရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ HRW ကတော့ မြန်မာနိုင်ငံမှာ လုံခြုံပြီး ဂုဏ်သိက္ခာရှိကာ ဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေတွေ လက်ရှိမှာ မရှိသေးဘူးလို့ သုံးသပ်ပြီး မလေးရှားအစိုးရအနေနဲ့ နောက်ထပ် ပြန်ပို့မယ့်အစီအစဉ်တွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ HRW က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မင်းအောင်လှိုင်နဲ့ အခြား စစ်အုပ်စုခေါင်းဆောင်တွေ အာဆီယံအစည်းအဝေးတွေမှာ ပါဝင်ခွင့်ပိတ်ပင်ထားတဲ့ မူဝါဒကို ဆက်လက်ထိန်းသိမ်းဖို့ တောင်းဆိုထားပါတယ်။ #CJPlatform #မလေးရှား #မြန်မာနိုင်ငံသား #လူ့အခွင့်အရေး #ပြန်လည်ပို့ဆောင်ရေး

မင်းအောင်လှိုင်ကို လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ဖို့ အန်ဝါ ဖိအားပေးသင့်ဟု HRW တောင်းဆို CJ Platform မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနိုင်ငံကို ရောက်ရှိနေချိန်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးသင့်သလို မြန်မာနိုင်ငံသား ထောင်ချီကို မြန်မာနိုင်ငံပြန်ပို့မယ့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းသင့်ကြောင်း Human Rights Watch (HRW) က တောင်းဆိုလိုက်ပါတယ်။ မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက် ဒီနေ့မှာ မလေးရှားနိုင်ငံကို နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာတာဖြစ်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံရာမှာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ရေးကိစ္စအပါအဝင် နှစ်နိုင်ငံအရေးတွေကို ဆွေးနွေးဖို့ရှိပါတယ်။ HRW က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ အန်ဝါအီဘရာဟင်အနေနဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မလေးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို လုံခြုံမှုမရှိတဲ့ မြန်မာနိုင်ငံထဲ ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်တန့်ဖို့ HRW က တောင်းဆိုထားပါတယ်။ HRW အာရှရေးရာ ဒါရိုက်တာ Elaine Pearson က မင်းအောင်လှိုင်ကို မလေးရှားဖိတ်ခေါ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ရေးကို ညှိနှိုင်းတာဟာ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်စေတဲ့ လမ်းဖွင့်ပေးမှုတစ်ရပ် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ မလေးရှားအစိုးရအနေနဲ့ ဆယ်စုနှစ်များစွာ ကာကွယ်ပေးခဲ့တဲ့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံက အခြားဒုက္ခသည်တွေကို နောက်ထပ် ပြန်မပို့ဘဲ မြန်မာနိုင်ငံက လူတွေကို နေရပ်စွန့်ခွာစေခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မင်းအောင်လှိုင်ကို တိုက်တွန်းသင့်တယ်လို့လည်း HRW က ပြောပါတယ်။ HRW ရဲ့ ဝေဖန်ချက်ဟာ မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံပြန်ပို့ပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မလေးရှားအာဏာပိုင်တွေဟာ စက်တင်ဘာ ၂၉ ရက်က အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦး၊ ယောက်ျားလေး ၂၀ ဦးနဲ့ မိန်းကလေး ၇ ဦး စုစုပေါင်း ၁,၄၇၆ ဦးကို မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး အသက် ၈ နှစ်ကနေ ၆၀ နှစ်အထိ ပါဝင်တယ်လို့ HRW က ဖော်ပြထားပါတယ်။ မလေးရှားအစိုးရကတော့ ဒီပြန်ပို့မှုတွေဟာ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်လိုသူတွေအတွက် ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ HRW က ပြန်ပို့ခံရသူတွေဟာ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကနေ တိုက်ရိုက်ခေါ်ဆောင်သွားခံရတာဖြစ်တဲ့အတွက် သူတို့ရဲ့ သဘောတူညီမှုဟာ အမှန်တကယ် လွတ်လပ်တဲ့ ဆန္ဒနဲ့ ပေးခဲ့တာ ဟုတ်မဟုတ် မေးခွန်းထုတ်ထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ဒီပြန်ပို့ရေးအစီအစဉ်မှာ ပါဝင်ခြင်းမရှိသလို ပြန်ပို့ခံရသူတွေကို ရွေးချယ်သတ်မှတ်တဲ့ လုပ်ငန်းစဉ်မှာလည်း ပါဝင်ခွင့်မရခဲ့ကြောင်း HRW က ဖော်ပြထားပါတယ်။ မလေးရှားအစိုးရက ၂၀၁၉ ခုနှစ်ကတည်းက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေထဲကို UNHCR ဝင်ရောက်ခွင့် မပြုထားတာကြောင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေရဲ့ အခြေအနေကို စစ်ဆေးနိုင်ခြင်းနဲ့ ကာကွယ်ပေးနိုင်ခြင်းတွေမှာ အခက်အခဲရှိနေတယ်လို့ HRW က ဆိုပါတယ်။ ပထမအသုတ် ၁,၄၇၆ ဦး ပြန်ပို့ပြီးနောက် မလေးရှားအစိုးရက ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသား ၃,၅၂၄ ဦးကို ပြန်လည်ပို့ဆောင်ဖို့ အတည်ပြုထားပါတယ်။ မလေးရှား ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က စက်တင်ဘာ ၃၀ ရက်မှာ ဒုတိယအသုတ်အတွက် လူစာရင်းကို မြန်မာဘက်က သံတမန်ရေးစာနဲ့ သြဂုတ် ၁၃ ရက်မှာ တင်ပြထားပြီး ပြန်ပို့မယ့်ရက်ကို မြန်မာဘက်က အသိပေးဖို့ စောင့်နေတယ်လို့ ပြောထားပါတယ်။ HRW ကတော့ အဆိုပါ ဒုတိယအသုတ်အပါအဝင် မြန်မာနိုင်ငံကို နောက်ထပ် ပြန်ပို့မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။ ထို့အပြင် မလေးရှားအာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းအားလုံးကို UNHCR အနေနဲ့ အပြည့်အဝနဲ့ အတားအဆီးမရှိ ဝင်ရောက်နိုင်အောင် ခွင့်ပြုသင့်တယ်လို့လည်း HRW က ဆိုပါတယ်။ HRW က ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကို အတင်းအကျပ်ပြန်ပို့ခံရမယ်ဆိုရင် အထူးအန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးထားခြင်းမရှိသလို ရခိုင်ပြည်မှာလည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက စစ်ပွဲတွေကြား ပိတ်မိနေကြတယ်လို့ HRW က ဖော်ပြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ပွဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လူတွေကို လုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့လည်း HRW က သုံးသပ်ထားပါတယ်။ HRW ရဲ့ တောင်းဆိုချက် ထွက်ပေါ်လာတဲ့ တစ်ရက်အကြာမှာ မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။

photo content

ငါးမျှားပြီးအပြန် ရထားလမ်းပေါ် အိပ်ပျော်နေသူ ရထားကြိတ်ခံရ CJ Platform မွန်ပြည် ပေါင်မြို့နယ်မှာ ရထားလမ်းပေါ် အိပ်ပျော်နေတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ ဖြစ်စဉ်ဟာ မနေ့ အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီကျော်ခန့်က ပေါင်-သဲဖြူကုန်း ရထားလမ်းပိုင်းမှာ ဖြစ်ခဲ့တာပါ။ ပေါင်ဘူတာကနေ မော်လမြိုင်ဘူတာဘက်ကို ထွက်ခွာလာတဲ့ အမှတ် (၈၃) အဆန် DEMU ရန်ကုန်-မော်လမြိုင် ရထားဟာ သံလမ်းပေါ် အိပ်ပျော်နေတဲ့ အမျိုးသားကို ကြိတ်မိခဲ့တာလို့ သိရပါတယ်။ ရထားကြိတ်ခံရသူဟာ ငါးမျှားပြီးပြန်လာချိန် ရထားလမ်းပေါ်မှာ အိပ်ပျော်နေခဲ့တာဖြစ်ပြီး ပေါင်မြို့နယ် ကျွဲခြံကုန်းကျေးရွာ၊ သံချကုန်ရပ်ကွက်က ဇေယျာလင်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ဇေယျာလင်းဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ဘစိုး လူမှုကူညီကယ်ဆယ်ရေးအသင်းက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံ ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ဘစိုးလူမှုကူညီကယ်ဆယ်ရေးအသင်း #CJPlatform #မွန်ပြည် #ပေါင်မြို့နယ် #ရထားမတော်တဆမှု #သေဆုံးမှု

photo content

အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားနဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားဖို့ ကြံစည်သူတွေ ထောင်ဒဏ် ၁၂ နှစ်မှ ၁၃ နှစ် ချမှတ် CJ Platform ရန်ကုန်နဲ့ မန္တလေးက အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားဖို့ ကြံစည်မှုနဲ့ TikTok ကတစ်ဆင့် စည်းရုံးပြီး ပြည့်တန်ဆာအဖြစ် ခေါင်းပုံဖြတ်ဖို့ ကြံစည်မှုတွေနဲ့ တရားစွဲဆိုခံထားရသူ ၃ ဦးကို လူကုန်ကူးမှုဆိုင်ရာ ဥပဒေတွေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ ပထမဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က အမျိုးသမီးငယ်တစ်ဦးကို တအိမ်တည်းနေ အဘိုးဖြစ်သူရဲ့ နောက်အိမ်ထောင် ဒေါ်စန်းမိုး(ခ) မိသဲက တရုတ်အမျိုးသားတစ်ဦးနဲ့ တစ်နှစ်ပေါင်းသင်းပါက ငွေကျပ်သိန်း ၉၀ ရရှိမယ်လို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဒေါ်စန်းမိုးရဲ့ သမက်ဖြစ်သူ ကိုကျော်ဝင်းထွန်း(ခ) ဝေလင်း၊ သမီးဖြစ်သူ မစိုးသန္တာ(ခ) စိုးသန္တာထွန်းနဲ့ မဝတ်ရည်တို့က အဆိုပါအမျိုးသမီးငယ်ကို မူဆယ်ကတစ်ဆင့် တရုတ်နိုင်ငံကို ပို့ဆောင်ဖို့ စီစဉ်ခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မန္တလေး)က တရားလိုပြု တိုင်တန်းခဲ့တာဖြစ်ပြီး အောက်တိုဘာ ၅ ရက်မှာ ကိုကျော်ဝင်းထွန်း(ခ) ဝေလင်းကို ပြင်ဦးလွင်ခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် တိမ်းရှောင်နေတဲ့ ဒေါ်စန်းမိုး(ခ) မိသဲအပါအဝင် အမျိုးသမီး ၃ ဦးကို တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူ ပြင်ဦးလွင်မြို့နယ်က အမျိုးသမီးငယ်တစ်ဦးကို TikTok ကတစ်ဆင့် ထမင်းချက်အလုပ်ရမယ်လို့ စည်းရုံးပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ကို ခေါ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။ အဲဒီအမျိုးသမီးငယ်ကို စားသောက်ဆိုင်တွေမှာ စင်တင်ရှိုးလျှောက်ခိုင်းတာ၊ အမျိုးသားတွေနဲ့ ဝိုင်ထိုင်ခိုင်းတာနဲ့ အမျိုးသားတွေနဲ့အတူ ပြင်ပကိုလိုက်ကာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမယ်လို့ ပြောဆိုခဲ့တာကြောင့် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးပြီးနောက် အခန်းထဲမှာ ပိတ်လှောင်ထားပြီး မိဘတွေဆီက ငွေကျပ် ၅ သိန်း တောင်းခံခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ မရတနာဦး(ခ) မရတီမိုင်းနဲ့ ပြည့်ဖြိုးမောင်တို့ ၂ ဦးကို မဟာအောင်မြေခရိုင်တရားရုံးက အောက်တိုဘာ ၅ ရက်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ #CJPlatform #လူကုန်ကူးမှု #တရုတ်ဇနီးမယား #ပြည့်တန်ဆာ #အမျိုးသမီးလူငယ်

မင်းအောင်လှိုင် မလေးရှားသွားပြီ၊ ကန့်ကွက်မှုများနေတဲ့ မြန်မာနိုင်ငံသား ပြန်ပို့ရေး အဓိကဆွေးနွေးမယ် CJ Platform စစ်အုပ်စုခေါင်
မင်းအောင်လှိုင် မလေးရှားသွားပြီ၊ ကန့်ကွက်မှုများနေတဲ့ မြန်မာနိုင်ငံသား ပြန်ပို့ရေး အဓိကဆွေးနွေးမယ် CJ Platform စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာ ၇ ရက်ကနေ ၈ ရက်အထိ မလေးရှားနိုင်ငံကို ၂ ရက်ကြာ သွားရောက်မှာဖြစ်ပြီး မလေးရှားမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ရေးကိစ္စကို အဓိက ဆွေးနွေးသွားမယ် လို့ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/7102026-2/

photo content

မိုင်းဆတ်မှာ အသက် ၅ နှစ်၊ ၉နှစ်နဲ့ ၁၂ နှစ်အရွယ် ညီအစ်ကို ၃ ဦး အသတ်ခံရ CJ Platform ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဖန်နားပိုကျေးရွာအုပ်စု၊ ကျတီကျေးရွာမှာ အသက် ၅ နှစ်၊ ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် ညီအစ်ကို ၃ ဦး အသတ်ခံခဲ့ရပြီး အောက်တိုဘာ ၅ ရက်မှာ မိသားစုဝင်တွေက မိုင်းဆတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းမှာ တောင်ယာလုပ်ငန်းကနေ မိဘတွေ ပြန်လာချိန် ကလေး ၂ ဦးကို မတွေ့တာကြောင့် အသက် ၁၂ နှစ်အရွယ် အစ်ကိုဖြစ်သူကို သွားခေါ်ခိုင်းခဲ့ပေမယ့် ညနေ ၃ နာရီအထိ ပြန်မလာတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့တာလို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ လိုက်လံရှာဖွေရာမှာ ဖန်နားပိုကျေးရွာရဲ့ မြောက်ဘက် ၃ ဖာလုံခန့်အကွာ တောင်ကျစမ်းချောင်းအတွင်း ကလေး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရတဲ့ ကလေးတွေဟာ အသက် ၁၂ နှစ်အရွယ် လော်နောင်၊ အသက် ၉ နှစ်အရွယ် ယားပါလုံးနဲ့ အသက် ၅ နှစ်အရွယ် အားဖြိုတို့ ဖြစ်တယ်လို့ သိရပါတယ်။ “မိဘတွေက တောင်ယာလုပ်ငန်းလုပ်တာ။ တောင်ယာကနေ ပြန်လာတဲ့အချိန် ထမင်းစားဖို့ ကလေးနှစ်ယောက်ကို မတွေ့လို့ အစ်ကိုဖြစ်သူကို သွားခေါ်ခိုင်းတာ။ ၃ နာရီအထိ ပြန်မလာလို့ လိုက်ရှာတော့ ကလေး ၃ ယောက်စလုံး အသတ်ခံထားရတာတွေ့တာ။ ကလေး ၃ ယောက်က ၅ နှစ်၊ ၉ နှစ်နဲ့ ၁၂ နှစ်အရွယ်တွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကလေး ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက အောက်တိုဘာ ၅ ရက်မှာ မိုင်းဆတ်မြို့မရဲစခန်းကို တိုင်ကြားခဲ့ရာ လက်ရှိအချိန်အထိ သံသယရှိသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် မိုင်းဆတ်မြို့နယ်အတွင်း ဝေဖန်မှုတွေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ကလေးငယ်တွေရှိတဲ့ မိဘတွေကလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #မိုင်းဆတ် #ရှမ်းပြည် #ကလေးငယ် #မှုခင်း

ဒီနေ့ အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက် နိုင်ငံတဝန်း မိုးလွန်ကာလဘက် ကူးပြောင်းလာ CJ Platform ဒီနေ့ အောက
ဒီနေ့ အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက် နိုင်ငံတဝန်း မိုးလွန်ကာလဘက် ကူးပြောင်းလာ CJ Platform ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိ မိုးလေဝသအခြေအနေမှာ ပစိဖိတ်သမုဒ္ဒရာ အီကွေတာဒေသက ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေ ပုံမှန်ထက် မြင့်မားနေပြီး အယ်လ်နီညိုဖြစ်စဉ် အားကောင်းနေပါတယ်။ NOAA ရဲ့ ခန့်မှန်းချက်တွေအရ အယ်လ်နီညိုအခြေအနေဟာ လာမယ့် ဆောင်းဦးနဲ့ ဆောင်းရာသီကာလအတွင်း ဆက်လက်တည်ရှိနိုင်ခြေ မြင့်မားနေပါတယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် အိန္ဒိယတိုက်ငယ်နဲ့ အရှေ့တောင်အာရှဒေသအများစုမှာ မိုးတိမ်ဖြစ်ထွန်းမှု လျော့နည်းလာနိုင်ပြီး မြန်မာနိုင်ငံမှာလည်း မိုးရွာသွန်းမှု ပုံမှန်အောက် လျော့ကျနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။NOAA ရဲ့ ခန့်မှန်းချက်အရ အောက်တိုဘာ ၇ ရက်ကနေ ၁၃ ရက်အတွင်း မြန်မာနိုင်ငံအပါအဝင် ဒေသအများစုမှာ မိုးရွာသွန်းမှု ပုံမှန်အောက် လျော့ကျနိုင်ခြေ မြင့်မားနေပါတယ်။ #CJPlatform #မိုးလေဝသ #အယ်လ်နီညို #မိုးလွန်ကာလ #အပူရှိန်မြင့်တက်နိုင် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/JxyyjFEo6jM

မနက်ဖြန် အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မုတ်သုံလေဆုတ်ခွာတော့မှာလား CJ Platform မနက်ဖြန် အောက်တိုဘာလ
မနက်ဖြန် အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မုတ်သုံလေဆုတ်ခွာတော့မှာလား CJ Platform မနက်ဖြန် အောက်တိုဘာလ ၇ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိမှာ အာရှကုန်းတွင်းပိုင်းက အေးမြခြောက်သွေ့တဲ့ လေဖိအားမြင့်စနစ်တွေ အားကောင်းလာတာကြောင့် မြန်မာနိုင်ငံတစ်ဝန်း အနောက်တောင်မုတ်သုံလေ အပြီးသတ်ဆုတ်ခွာဖို့ အခြေအနေ ပိုအားကောင်းလာနေပါတယ်။ ဒါကြောင့် ဆောင်းအငွေ့အသက်တွေ စတင်ဝင်ရောက်လာနိုင်ပါတယ်။ဒါပေမဲ့ အရှေ့ဘက် ထိုင်းနဲ့ လာအိုဘက်က လေပူစိုတွေ ဝင်ရောက်လာတာကြောင့် တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးတိမ်တွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ #CJPlatform #မိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ် #အပူချိန်မြင့်တက်နိုင် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/kku3_ArluXs

photo content

ပုဂံဟိုတယ် ၈၈ ခု အခန်းပြည့်ဆိုတဲ့ စစ်အုပ်စုမီဒီယာရဲ့ ဖော်ပြချက်နောက်က ပြန်ပေးဆွဲမှုတွေနဲ့ ခရီးသွားလုပ်ငန်းအခြေအနေ ဘယ်လိုရှိနေလဲ CJ Platform မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးဒေသမှာ သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း ၈၈ ခု အခန်းပြည့်နေပြီလို့ စစ်အုပ်စုထိန်းချုပ်မီဒီယာဖြစ်တဲ့ Global New Light of Myanmar က အောက်တိုဘာ ၅ ရက်မှာ ဖော်ပြလာပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း ၈၈ ခုဟာ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ ကျရောက်မယ့် သီတင်းကျွတ်အားလပ်ရက်အတွက် အပြည့်အဝ ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသတင်းမှာ သီတင်းကျွတ်ကာလအတွင်း ပုဂံကို တစ်ရက်လျှင် ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ခန့် ဝင်ရောက်လေ့ရှိပြီး အများစုက တစ်နေ့တည်းလာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန၊ ပုဂံရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ကို ကိုးကားဖော်ပြထားပါတယ်။ Eleven Media က အောက်တိုဘာ ၃ ရက်မှာ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ် booking များပြားလာပြီး အခန်းလက်ကျန် အနည်းငယ်သာရှိတော့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကို ကိုးကားဖော်ပြထားပါတယ်။ အဲဒီသတင်းမှာ စက်တင်ဘာလကစပြီး ပုဂံကို ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာပြီး စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်နဲ့ ဟိုတယ်လုပ်ငန်းတွေက ခရီးသွားဧည့်သည်များလာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဘုရားဖူးလာတဲ့ ခရီးသွားတချို့ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် ခရီးသွားဝင်ရောက်မှု သိသိသာသာကျဆင်းနေဆဲဖြစ်ပါတယ်။ ပုဂံ-ညောင်ဦးဒေသရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး RFA က ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြခဲ့တဲ့သတင်းအရ ၂၀၂၅ ဒီဇင်ဘာအတွင်း ခရီးသွားတွေ ပြန်ပေးဆွဲဖမ်းဆီးခံရမှုတွေရှိခဲ့ပြီး ပုဂံ၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးခရိုင်အတွင်း ပြန်ပေးဆွဲမှုနဲ့ ဓားပြတိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်တွေကြောင့် ပုဂံကို ဘုရားဖူးသွားရောက်ဖို့ စီစဉ်ထားသူတချို့အကြား လုံခြုံရေးစိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း RFA က ဖော်ပြထားပါတယ်။ သို့သော် အဲဒီဖြစ်စဉ်တွေကို မည်သည့်အဖွဲ့က ကျူးလွန်ခဲ့သလဲဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိသတင်းအချက်အလက်တွေအရ ပုဂံမှာ သီတင်းကျွတ်ကာလအတွက် ဟိုတယ် booking မြင့်တက်လာနေတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်မှုအပေါ် ဒေသတွင်းနဲ့ လမ်းပိုင်းလုံခြုံရေးအတွက် အာမခံချက်တွေ ပါဝင်နေတာ မရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အုပ်စုထိန်းချုပ်မီဒီယာက ဟိုတယ် ၈၈ ခု အပြည့်အဝကြိုတင်မှာယူထားတဲ့အချက်နဲ့ သီတင်းကျွတ်ကာလအတွင်း ခရီးသွား ၁၅၀,၀၀၀ ခန့် ဝင်ရောက်လေ့ရှိတယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို အလေးပေးဖော်ပြထားပေမဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးအခြေအနေ၊ ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့တဲ့အချိန်ကာလနဲ့ ပြန်လည်နာလန်ထူမှု အတိုင်းအတာတွေကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #Bagan #MyanmarTourism #Thadingyut

photo content

တရုတ် AI ပြိုင်ပွဲ ပိုအရှိန်မြင့်လာပြီး DeepSeek က ဒေါ်လာ ၁၂ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုရဖို့ နီးစပ်နေ CJ Platform တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ဉာဏ်ရည်တုနည်းပညာ (AI) ကုမ္ပဏီ DeepSeek ဟာ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံး ယွမ် ၈၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁.၉၃ ဘီလျံခန့်) ရရှိဖို့ နီးစပ်နေပြီး တရုတ်နည်းပညာကုမ္ပဏီ Tencent နဲ့ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ CATL တို့က အကြီးဆုံးရင်းနှီးမြှုပ်နှံသူတွေထဲမှာ ပါဝင်တယ်လို့ Bloomberg News က သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ DeepSeek ဟာ အစောပိုင်းမှာ ယွမ် ၅၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံမှု ရရှိဖို့ ရည်မှန်းထားခဲ့ပေမယ့် နောက်ဆုံး AI မော်ဒယ် ထုတ်ပြန်ပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုဟာ မျှော်မှန်းထားတာထက် ပိုမိုမြင့်တက်လာခဲ့ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေကို အခြေခံတွက်ချက်ရင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာ ယွမ် ၁၀၀ ဘီလျံနီးပါး အထိ ရောက်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီး Tencent Holdings နဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်တဲ့ Contemporary Amperex Technology (CATL) တို့က အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ ပါဝင်တယ်လို့ Bloomberg က ဖော်ပြပါတယ်။ Tencent ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး WeChat၊ Cloud Computing နဲ့ Gaming လုပ်ငန်းတွေအပြင် AI နည်းပညာဖွံ့ဖြိုးရေးကိုလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။ CATL ကတော့ လျှပ်စစ်ကားဘက်ထရီနဲ့ စွမ်းအင်သိုလှောင်ရေးနည်းပညာမှာ ကမ္ဘာ့ဈေးကွက်အတွင်း အရေးပါတဲ့ ထုတ်လုပ်သူတစ်ခုဖြစ်ပါတယ်။ DeepSeek ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ ဒီကုမ္ပဏီကြီးနှစ်ခု ပါဝင်လာတာဟာ တရုတ် AI လုပ်ငန်းအပေါ် နည်းပညာကဏ္ဍတစ်ခုတည်းကသာမက စက်မှုလုပ်ငန်းကြီးတွေကပါ စိတ်ဝင်စားမှု တိုးလာတာကို ပြသနေပါတယ်။ DeepSeek ရဲ့ မူလရည်မှန်းချက်က ယွမ် ၅၀ ဘီလျံခန့် ရရှိဖို့ဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအားဟာ မျှော်မှန်းထားတာထက် သိသိသာသာ မြင့်တက်လာတာကြောင့် လက်ရှိမှာ ယွမ် ၈၀ ဘီလျံထက်မနည်း ရရှိဖို့ နီးစပ်နေတာပါ။ ဒီပမာဏဟာ DeepSeek ရဲ့ မူလရည်မှန်းချက်ထက် ယွမ် ၃၀ ဘီလျံခန့် ပိုများ နေတာဖြစ်ပြီး နောက်ဆုံးပမာဏဟာ ယွမ် ၁၀၀ ဘီလျံအထိ ရောက်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ယွမ် ၈၀ ဘီလျံဟာ ဒေါ်လာ ၁၁ ဒသမ ၉၃ ဘီလျံခန့် တန်ဖိုးရှိပါတယ်။ ယွမ် ၁၀၀ ဘီလျံအထိ ရောက်ခဲ့မယ်ဆိုရင် လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၁၅ ဘီလျံနီးပါး ရှိလာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတဲ့အကြောင်းရင်းတွေထဲမှာ DeepSeek ရဲ့ နောက်ဆုံးထွက် AI မော်ဒယ် အောင်မြင်မှုလည်း ပါဝင်ပါတယ်။ DeepSeek ဟာ မကြာသေးခင်က V4.1 Flash မော်ဒယ်ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်နဲ့ တရုတ် AI မော်ဒယ်တွေကြား စွမ်းဆောင်ရည်ကွာဟချက် ပိုမိုကျဉ်းမြောင်းလာတဲ့အကြောင်း လေ့လာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Bloomberg Intelligence ရဲ့ လေ့လာချက်အရ အမေရိကန် AI မော်ဒယ်တွေဟာ တရုတ်မော်ဒယ်တွေထက် အသာရနေဆဲဖြစ်ပေမယ့် ထိပ်တန်းတရုတ်မော်ဒယ်တွေနဲ့ အမေရိကန်မော်ဒယ်တွေရဲ့ Benchmark စွမ်းဆောင်ရည်ကွာဟချက်ဟာ ၃ ရာခိုင်နှုန်းခန့်သာ ကျန်တော့တယ်လို့ ဖော်ပြထားပါတယ်။ မေလက ကွာဟချက် ၉ ရာခိုင်နှုန်းခန့်၊ နှစ်အစပိုင်းမှာ ၁၅ ရာခိုင်နှုန်းခန့် ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဉ်းလာတာဖြစ်ပါတယ်။ ဓာတ်ပုံ - AI #CJPlatform #DeepSeek #ChinaAI #AI #Tencent