ar
Feedback
Myanmar Update News

Myanmar Update News

الذهاب إلى القناة على Telegram

အမှောင်ထဲမှ အလင်းတစ်စ

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Myanmar Update News

تُعد قناة Myanmar Update News (@myanmarupdate) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 32 028 مشتركاً، محتلاً المرتبة 7 775 في فئة الأخبار والوسائط والمرتبة 4 551 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 32 028 مشتركاً.

بحسب آخر البيانات بتاريخ 20 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -456، وفي آخر 24 ساعة بمقدار -17، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.19‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.92‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 3 586 مشاهدة. وخلال اليوم الأول يجمع عادةً 1 897 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 52.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
အမှောင်ထဲမှ အလင်းတစ်စ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

32 028
المشتركون
-1724 ساعات
-847 أيام
-45630 أيام
أرشيف المشاركات
Repost from Popular Journal
တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက
+2
တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သဖြင့် Women’s Singles ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခင်နှင်းဝေသည် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ချန်ပီယံ ဗန်နဲ့ ပန်တိုဂျာတို့ ဒီနေ့ယှဥ်ပြိုင်တဲ့ မကျေပွဲမှာ ပန်တိုဂျာ အကြွေးထပ်တင်ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အရေးနိမ့် သက်တံ့ ၂၀. ၉. ၂၀၂၆ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့က Crypto.com Arena မှာ မြန်မာစံတော်ချိန်အရ ဒီမနက် ထိုးသတ်နေတဲ့ UFC 331 Main Card ပွဲတွေရဲ့ ခေါင်ပွဲမှာ လက်ရှိချန်ပီယံ ဂျော်ရှဝါဗန် (Joshua Van) က စိန်ခေါ်သူ ပန်တိုဂျာကို အလဲထိုး ထပ်မံ အနိုင်ယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ UFC 323 ပြိုင်ပွဲမှာ ပန်တိုဂျာဟာ ပထမအချီ ၂၆ စက္ကန့်အတွင်းမှာပဲ ဗန့်ကို ကန်ချိန် ဗန်က ဖမ်းချုပ်ကိုင်ပေါက်လို့လဲကျချိန် အကျမတော်ဘဲ လက်ဒဏ်ရာရခဲ့တာကြောင့် ဒိုင်ပွဲရပ် (TKO) နဲ့ အနိုင်ရခဲ့တာပါ။ ဒါကိုပဲ ပန်တိုဂျာက သူရှုံးရတာ ဗန်ကိုင်ပေါက်လို့ဆိုတာ လက်မခံနိုင်ဘဲ မတော်တဆလို့ မှတ်ယူပြီး ချန်ပီယံအစစ်မဟုတ်ကြောင်း မီဒီယာကနေ တိုက်ခိုက်လို့ သူ့ထက်ပိုမိုငယ်ရွယ်သလို ပိုပြီးသန်မာတဲ့ တက်ဆူရိုတိုင်ရာနဲ့ ထိုးသတ်ပြရာမှာ အသာစီးနဲ့ ချန်ပီယံကာကွယ်ချိန်မှာ ရှုတ်ချမှု ရပ်သွားပေမဲ့ ဝေဖန်ထိုးနှက်မှုမရပ်တာကြောင့် ဒီနေ့ပွဲမှာတော့ ဗန်က သူသာ ချန်ပီယံအစစ်ဖြစ်ကြောင်း သက်သေပြ ထိုးသတ်သွားတာပါ။ ပထမအချီအစမှာ ပန်တိုဂျာဟာ ပထမပွဲတုန်းကလို အတင်းဝင်၊ အတင်းထွက် ဖိအားပေးဆက်ထိုးပြီး အတင်းဝင်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ ဗန်က ပြန်ရုန်းထွက်နိုင်ခဲ့သလို ဆိုင်ထိုးရာမှာ သူထိကိုယ်ထိဖြစ်ပြီး ဗန်ရဲ့ တံတောင်မှာ ပန်တိုဂျာ မျက်နှာအရိုက်ခံရချိန် မျက်နှာလက်နဲ့အုပ်ပြီးပါ ထွက်ပြေးသွားခဲ့ရတာပါ။ ဒုတိယအချီဆိုင်ထိုးရာမှာလည်း ဗန်က ထိချက်ပိုရပေမဲ့ ဗန်ခြေချော်ပြီး လဲသလိုဖြစ်သွားချိန်မှာ ပန်တိုဂျာ့ကို ခေါင်းနဲ့ တိုက်သလိုဖြစ်သွားတာပါ။ ဒါကို ပန်တိုဂျာက Complain တက်ပေမဲ့ ဒိုင်တွေ ပြန်ကြည့်ချိန်မှာ ခြေချော်သွားတာမြင်လို့ ဆက်ထိုးခွင့်ပြုခဲ့တာပါ။ ပွဲပြီးကာနီးမှာ ပန်တိုဂျာ Back Position ရသွားပေမဲ့ အချိန်မမှီလိုက်ပါဘူး။ တတိယအချီဟာ ပန်တိုဂျာ အထိအနာဆုံးဖြစ်သလို စတုတ္ထအချီဟာလည်း ဗန်က ထိချက်သာပြီး ပန်တိုဂျာ ချုပ်ချိန်မှာ ကောင်းမွန်တဲ့ထိုးချက်မရတာလည်း အားသာချက်ပါ။ ပဥ္စမအချီဟာ ပန်တိုဂျာ့ကို ဗန်က ပွဲဖြတ်လုနီးနီးဖြစ်ပေမဲ့ မဖြတ်နိုင်လိုက်တာကြောင့်ပဲ အမှတ်နဲ့ အနိုင်ရသွားခဲ့တာပါ။ ပန်တိုဂျာဟာ ချန်ပီယံဆု လေးကြိမ်ကာကွယ်ခဲ့တာ အလကားမဟုတ်ဘဲ သက်လုံကုန်ပြီထင်တိုင်းမှာ ပြန်ပြန်တက်လာပြီး ဝင်လုံးနိုင်တာ၊ ထိုးချက်ပြန်ထွက်လာတာ၊ ချုပ်ကွက်တက်လာတာတွေဟာ ဗန်အလဲထိုးဖို့ ခက်ခဲ့တာပါ။ ဗန်ဟာ ဒီနေ့ပွဲမှာ ပန်တိုဂျာ့ကို မျက်နှာထိုးချက် ၁၄၀ ရခဲ့ပြီး ပန်တိုဂျာက ၉၀ ကျော်ပါ။ ဘော်ဒီထိုးချက်မှာ ပန်တိုဂျာက ၁၅ ချက်လောက်သာပေမဲ့ အကြိမ်ကြိမ်လှဲချနေတဲ့ ပန်တိုဂျာက Takedown မရဘဲ ဗန်က Takedown တစ်ကြိမ်ရပြီး အလဲမထိုးနိုင်ပေမဲ့ အမှတ်နဲ့နိုင်သွားခဲ့တာကပဲ ကျေနပ်စရာဖြစ်ပြီး သူသာလျင် UFC Flyweight တန်းရဲ့ ဘုရင်အစစ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တာ မြန်မာပရိသတ်အဖို့တော့ ဂုဏ်ယူစရာပါ။ ◾ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=147071 #ပန်တိုဂျာ #ဗန် #JoshuaVan #Pantoja #UFC #UFC331 #MT #mtnews #MyanmarTransparency


Repost from Popular Journal
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ဈာပနအစီအစဉ်အရ စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အန္တိမဈာပန သာဓုကိဠန ပူဇော်ပွဲသဘင်ကို ရှေးဦးစွာ ဆင်ယင်ကျင်းပမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ချမ်းမြေ့ဆရာတော်ဘုရားက-3/

Repost from Yangon Media Group
😀😀😀😀 System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ၁၉-၉-၂၀၂၆ အကြမ်းဖက်
😀😀😀😀 System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ၁၉-၉-၂၀၂၆ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်းအချို့ ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် စွန့်လွှတ်စွန့်စားစိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ အခြေအနေတွင် ၁၉-၉-၂၀၂၆ ရက်နေ့ ညနေ ၁၇:၂၆ နာရီအချိန်၌ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ် (၁) နှင့် (၂) ဓာတ်အားလိုင်းတွင် အပြစ်ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတစ်ဝှမ်း ဓာတ်အား ပြတ်တောက်မှု System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ချို့ယွင်းသွားသော ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ ဓာတ်အားလိုင်းအား တာဝန်ရှိ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးနေစဉ်အတွင်း ပြည်သူများ ဓာတ်အားပြတ်တောက်မှု ကြန့်ကြာမှုမရှိ စေရန်အတွက် အဆိုပါလိုင်း ပြင်ဆင်ပြီးစီးသည် အထိ စောင့်ဆိုင်းခြင်းမပြုဘဲ အခြားသော ဓာတ်အားပေး စက်ရုံများမှတစ်ဆင့် ဓာတ်အားစနစ် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေး ချက်ချင်းကြိုးပမ်း ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ ညနေ ၁၇:၃၈ နာရီမှစတင်၍ ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှ လည်းကောင်း၊ ၁၈:၀၀ နာရီတွင် ရဲရွာဓာတ်အားပေးစက်ရုံမှ လည်းကောင်း ဓာတ်အားများ အဆင့်ဆင့် စတင်ပို့လွှတ်နိုင်ခဲ့ပါသည်။ ထို့နောက် ၁၈:၂၃ နာရီတွင် အဆိုပါ ပေါင်းလောင်းနှင့် ရဲရွာ ဓာတ်အားများကို အောင်မြင်စွာ ချိတ်ဆက် (Synchronization) ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၁၈:၄၅ နာရီတွင် လှော်ကား ဓာတ်အားခွဲရုံအထိ ဓာတ်အားများ ဆက်လက်ပို့လွှတ်ပေးနိုင်ခဲ့ပါသည်။ သို့ရာတွင် ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ချိန်၌ ရုတ်တရက် ဝန်အား (Load) သုံးစွဲမှု များပြားစွာ ဝင်ရောက်လာသဖြင့် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတမှုမရှိတော့ဘဲ ညနေ ၁၈:၅၂ နာရီ အချိန်တွင် ဓာတ်အားစနစ်အတွင်း ဓာတ်အားကြိမ်နှုန်း အတက်အကျမငြိမ်မသက်ဖြစ်မှု (Frequency Swing) ကြောင့် System Breakdown ထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ဓာတ်အားစနစ် ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

Repost from Popular Journal
UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ
UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ အဆိုပါ ချန်ပီယံလုပွဲကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ UFC 323 ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ပွဲစတင်ပြီး ၂၆ စက္ကန့်အကြာ၌ ပန်တိုဂျာ တံတောင်ဆစ်ဒဏ်ရာရရှိခဲ့သဖြင့် ဂျိုရှုဝါဗန်က TKO ဖြင့် အနိုင်ရကာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ufc-ဖလိုင်းဝိတ်-ကမ္ဘာ့ချန်/

Repost from Popular Journal
တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ ဖိုင်နယ်တက်၊ ရွှေတံဆိပ်အတွက် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည် နာဂိုယာ၊ စက်တင်ဘာ
တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ ဖိုင်နယ်တက်၊ ရွှေတံဆိပ်အတွက် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည် နာဂိုယာ၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား ခင်နှင်းဝေသည် ရှုံးပွဲမရှိရလဒ်ဖြင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရရှိရေး ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခင်နှင်းဝေသည် လက်ဘနွန်ကစားသမားနှင့် တွေ့ဆုံခဲ့ရာ ပထမပွဲ၌ ၁၂-၇ မှတ်၊ ဒုတိယပွဲ၌ ၁၂-၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ Women’s Singles ဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/တက်ဂ်ဘော-အမျိုးသမီးတစ်ဦ/

Repost from News Of Myanmar
ရုရှားစစ်သင်္ဘောများတွင် ဒရုန်းရန်မှ ကာကွယ်သည့် သံဇကာလှောင်အိမ်အကာများ တပ်ဆင်ထား။ NOM
+2
ရုရှားစစ်သင်္ဘောများတွင် ဒရုန်းရန်မှ ကာကွယ်သည့် သံဇကာလှောင်အိမ်အကာများ တပ်ဆင်ထား။ NOM

Repost from Yangon Media Group
▫️▫️▫️▫️▫️ မြန်မာအစိုးရနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြော စက်တင်ဘာ ၁၈၊၂၀၂၆ အမေရိကန်အစိုးရတ
▫️▫️▫️▫️▫️ မြန်မာအစိုးရနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြော စက်တင်ဘာ ၁၈၊၂၀၂၆ အမေရိကန်အစိုးရတာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် Adam Castillo လွတ်မြောက်ရေးအတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားချက်ကိုကိုးကား၍ Reuters သတင်းဌာနက စက်တင်ဘာ ၁၇ ရက်တွင် သတင်းရေးသားသည်။ Reuters ၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ ကိုယ်စားပြုမှုကို ဆက်လက်ထားရှိထားပြီး မြန်မာအစိုးရအပါအဝင် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ယင်းထိတွေ့ဆက်ဆံမှုများတွင် နေပြည်တော်ရှိ အာဏာပိုင်များနှင့် အမေရိကန်အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ —————————- ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/us-engeges-myanmarnpt

Repost from Popular Journal
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးကို ကိုဦး အား အစားထိုးခန့်အပ်တာဝန်
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးကို ကိုဦး အား အစားထိုးခန့်အပ်တာဝန်ပေး နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ကြီးကိုကိုဦး အားအစားထိုးခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အသိပေးထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၆/၂၀၂၆ အဖြစ် ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)၊ ပြည် ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃)တို့အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ကြီးကိုကိုဦး အား ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ အားစစ်ဘက်မူလတာဝန်များကိုပြန်လည်ထမ်းဆောင်စေခဲ့သည်။

Repost from Yangon Media Group
မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ ဒုတိယအကြိမ်မြောက်ကျင်းပမည် ဒုတိယအကြိမ်မြောက် မြန်မာ့မော်တော်ယာဉ်နဲ့ အပိုပစ္စည်းပြပွဲ
မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ ဒုတိယအကြိမ်မြောက်ကျင်းပမည် ဒုတိယအကြိမ်မြောက် မြန်မာ့မော်တော်ယာဉ်နဲ့ အပိုပစ္စည်းပြပွဲ(Myanmar Auto & Parts Expo 2026 )ကို ရန်ကုန်မြို့ရှိ YCC ခန်းမမှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်။ #Local_News Published 17 September 2026 #မြန်မာ့မော်တော်ယာဉ် #YMG/NN #Yangon_Times WatchVideo>>>https://www.youtube.com/watch?v=btWuQmmUAz4

Repost from Yangon Media Group
😀😀😀😀 မြန်မာ-အမေရိကန်ချစ်ကြည်ရေးရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ် နေပြည်တော်၊ စက်တင်ဘာ
😀😀😀😀 မြန်မာ-အမေရိကန်ချစ်ကြည်ရေးရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ် နေပြည်တော်၊ စက်တင်ဘာ ၁၆ အမေရိကန်နိုင်ငံသား Adam Michael Castillo အား စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် နိုင်ငံကူးလက်မှတ်အမှတ် ၅၆၅၄၄၈၄၄၉ ကိုင်ဆောင်ထားသူဖြစ်ပြီး The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း)၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအတွက် ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ် အရေးယူထားခဲ့ပြီး၊ အဆိုပါအမှုတွင် တရားခံအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ Adam Michael Castillo အား ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း စောစောပိုင်းသတင်းများတွင်ဖော်ပြထားသည်။ ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/deportation-of-us-citizen

Repost from Yangon Media Group
❗️❗️❗️❗️❗️❗️ U.S. Delegation Makes One-Day Visit to Naypyitaw NAYPYITAW, Sept. 16 — A U.S. delegation arrived in Naypyitaw on
❗️❗️❗️❗️❗️❗️ U.S. Delegation Makes One-Day Visit to Naypyitaw NAYPYITAW, Sept. 16 — A U.S. delegation arrived in Naypyitaw on the evening of Sept. 15 and departed the Myanmar capital the following evening after a visit lasting about one day, according to information posted on a Facebook account under the name “Kyaw Min.” The identities of the delegation members, the individuals or officials they met in Naypyitaw, and the subjects discussed during the visit could not be independently verified based on information currently available. ——————— ❗️❗️❗️❗️❗️ https://yangonmediagroup.com/index.php/eng-section/u-s-delegation-makes-one-day-visit-to-naypyitaw

Repost from Yangon Media Group
❗️❗️❗️❗️❗️❗️ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ တစ်ရက်ကြာ လာရောက်ခဲ့ နေပြည်တော် စက်တင်ဘာ ၁၆၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တ
❗️❗️❗️❗️❗️❗️ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ တစ်ရက်ကြာ လာရောက်ခဲ့ နေပြည်တော် စက်တင်ဘာ ၁၆၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်ခဲ့သည်၊ နေပြည်တော်၌ မည်သူများနှင့် တွေ့ဆုံခဲ့သည်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်တို့ကို လက်ရှိရရှိထားသည့် အချက်အလက်များအရ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ Kyaw Minဆိုငသည့်ဖေ့စ်ဘုတ်ခ်အကောင့်တွင်ဖောပြထားခြင်းဖြစ်သည်။ ခရီးစဉ်အတွက် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပြီး လေယာဉ်မှတ်ပုံတင်အမှတ်မှာ 83-0498 ဖြစ်ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါလေယာဉ်သည် ပျံသန်းရာတွင် “SPAR14” Call Sign ကို အသုံးပြုထားကြောင်းလည်း မှတ်တမ်းများအရ သိရသည်။ စက်တင်ဘာ ၁၆ ရက်တွင် အဆိုပါလေယာဉ်သည် နေပြည်တော်လေဆိပ် (NYT) မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DMK) သို့ ပျံသန်းခဲ့ကြောင်း ပျံသန်းမှုခြေရာခံမှတ်တမ်းတွင် ဖော်ပြထားသည်။ ယခုခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံ၊ ခရီးစဉ်ရည်ရွယ်ချက်၊ တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုနိုင်သည့် တရားဝင်သတင်းထုတ်ပြန်ချက် သို့မဟုတ် သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များကို လက်ရှိအချိန်အထိ မရရှိသေးပေ။ SPAR14 ဆိုသည်မှာ အမေရိကန် လေတပ် (USAF) က အဆင့်မြင့်အရာရှိကြီးများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် စစ်ဘက်ဆိုင်ရာ လေယာဉ်ခေါ်ဆိုမှုအမှတ်အသား (Flight Callsign) တစ်ခု ဖြစ်ကြောင်းသိရသည်။ —————— ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/us-delegation-in-npt

Repost from Yangon Media Group
#Local_News တရုတ်ရေတပ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ လာရောက်မည် ++++++++++++++++++++++++++++++++ ပေကျင်း၊ စက်တင်ဘာ ၁၆ ■ တရုတ
#Local_News တရုတ်ရေတပ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ လာရောက်မည် ++++++++++++++++++++++++++++++++ ပေကျင်း၊ စက်တင်ဘာ ၁၆ ■ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ အမှတ် (၄၈) သင်္ဘောစောင့်ကြပ်ရေးတပ်ဖွဲ့ သင်္ဘောအုပ်စု သည် အေဒင်ပင်လယ်ကွေ့၌ တာဝန်ထမ်းဆောင်မှုများ ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ အပြန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကိုကိုးကး၍ ဆင်ဟွာ သတင်းတွင်ရေးသားသည်။ ■ တရုတ်ရေတပ်တပ်ဖွဲ့သည် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ■ မြန်မာနိုင်ငံသို့ လာရောက်စဉ် တရုတ်ရေတပ်နှင့် မြန်မာဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ကျွမ်းကျင်မှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများပြုလုပ်မည်ဖြစ်ပြီး ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh06-16-9-2026

Repost from Yangon Media Group
🅰️🅰️🅰️🅰️🅰️ မြန်မာ–ကမ္ဘောဒီးယား ဆက်ဆံရေး- သမိုင်းဆက်နွယ်မှုမှသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုဆီသို့ -ကောင်းမြတ်ကျော်ရေးသည်
🅰️🅰️🅰️🅰️🅰️ မြန်မာ–ကမ္ဘောဒီးယား ဆက်ဆံရေး- သမိုင်းဆက်နွယ်မှုမှသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုဆီသို့ -ကောင်းမြတ်ကျော်ရေးသည် မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများမဟုတ်ကြသော်လည်း ထေရဝါဒဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းဆိုင်ရာ တူညီမှုများကြောင့် ရှည်လျားသည့် သမိုင်းဆက်နွယ်မှုရှိလာခဲ့ကြသည်။ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံ ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကလည်း ယင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ပေးခဲ့သည်။ ———————— ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/myanmar-cambodia-friendly-relations

Repost from Popular Journal
အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး နေပြည်တော်မှ ရန်ကုန်သို့ ထ
အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး လမ်းပိုင်းရှိ ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာအကြားသို့ရောက်ရှိစဉ် တရားမဝင် လမ်းကူးမှ ရုတ်တရတ် ဖြတ်သန်းမောင်းနှင်လာသည့် ထွန်စက်နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တို-က်မိမှုကြောင့် ထွန်စက်မောင်းနှင်လာသူ ၂ ဦးမှာ ပြင်းထန်သော ဒ-ဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။ ရထား၏ရှေ့မျက်နှာစာလည်း ပျ-က်စီးမှုများ ရှိခဲ့သည်။ အလားတူ စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီကလည်း ရန်ကုန်မှ ထွက်ခွာလာသည့် အမှတ် (၅) အဆန် DEMU အမြန်ရထားသည် ရုတ်တရတ် လမ်းကူးလာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးကို တို-က်မိခဲ့သေးသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အမှတ်-၈-အစုန်-demu-အမြန်ရထားန/

Repost from Yangon Media Group
🔹🔹🔹🔹🔹 🚨 [တောင်ကိုရီးယား]နိုင်ငံ့ဝန်ထမ်းအင်တာဗျူးမှာ ဂျင်းဘောင်းဘီဝတ်လို့ရပြီ၊လည်စည်းနဲ့ အခမ်း အနားသုံးဖိနပ် မဝတ်ရ ဆိုးလ
🔹🔹🔹🔹🔹 🚨 [တောင်ကိုရီးယား]နိုင်ငံ့ဝန်ထမ်းအင်တာဗျူးမှာ ဂျင်းဘောင်းဘီဝတ်လို့ရပြီ၊လည်စည်းနဲ့ အခမ်း အနားသုံးဖိနပ် မဝတ်ရ ဆိုးလ်၊ တောင်ကိုရီးယား | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက် — တောင်ကိုရီးယား လူမှုဝန်ထမ်းစီမံခန့်ခွဲရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး လူတွေ့မေးမြန်းပွဲများတွင် အနောက် တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ရသည့် အစဉ်အလာကို လျှော့ချရန် ဆုံးဖြတ်လိုက်ပြီး ဂျင်းဘောင်းဘီ၊ အားကစားဖိနပ်၊ ရှပ်အင်္ကျီ၊ ချည်ထိုးအင်္ကျီနှင့် ရိုးရိုးရှင်းရှင်း ဘောင်းဘီများအပါအဝင် သပ်ရပ်သည့် ပေါ့ပေါ့ပါးပါးဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုမည်ဖြစ်သည် 👖👟🇰🇷၊ စည်းမျဉ်းသစ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ စတင်ကျင့်သုံးမည်ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ဖက်စလုံးကို အနောက်တိုင်းဝတ်စုံအပြည့် ဝတ်လာရန် မတိုက်တွန်းတော့ဘဲ လည်စည်းနှင့် အခမ်း အနားသုံး သားရေဖိနပ်များကို မဝတ်ဆင်ရန် သတ်မှတ်ထားသည် 📢၊ လည်စည်းဝတ်လာသူများကို ဖြုတ်ခိုင်းမည်ဖြစ်သလို အခမ်းအနားသုံးဖိနပ် စီးလာပါက ဖိနပ်အဖုံး စွပ်ခိုင်း မည်ဖြစ်ပြီး အာဏာပိုင်များက ယင်းပြောင်းလဲမှုသည် လူတွေ့မေးမြန်းခန်းအတွင်း တင်းကျပ်သည့် အခြေအနေကို လျှော့ချရန်၊ ဖိနပ်သံကြောင့် အနှောင့်အယှက်ဖြစ်မှုကို ကာကွယ်ရန်နှင့် အလုပ် လျှောက်ထားသူများ၏ ငွေကြေးကုန်ကျမှုနှင့် စိတ်ဖိစီးမှုကို လျှော့ချရန် ရည်ရွယ်ထားကြောင်း ပြောကြား ထားသည်။ Source: WION

Repost from Popular Journal
ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင် (ဟောင်း)ဦးဝင်းအောင် ကွယ်လွန် ခေါင်းတိုက်သွင်းဂိုးများဖြင့်န
+4
ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင် (ဟောင်း)ဦးဝင်းအောင် ကွယ်လွန် ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင်(ဟောင်း)ဦးဝင်းအောင်(၆၀)နှစ်သည် ယ နေ့ စက်တင်ဘာ ၁၃ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဦးဝင်းအောင် ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိ သားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့၊ မြန်မာ့ဘောလုံးမိသားစုများအားလုံးမှ ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။ ဦးဝင်းအောင်သည် ခေါင်းတိုက်သွင်းဂိုးများဖြင့် နာမည်ကျော်ခဲ့သူဖြစ်ကာ ၁၉၉၀-၉၉ ဝန်းကျင် ဘောလုံးရာ သီများတွင် မြန်မာနှင့် စင်ကာပူဘောလုံးပရိသတ်များ ၏ အားပေးမှုကိုရရှိခဲ့သော တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဦးဝင်းအောင်သည် ၁၉၉၃ ဆီးဂိမ်းငွေတံဆိပ်ဆုရှင်၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်၊ စင်ကာပူလိဂ်ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းနှင့် မြန်မာ့လက် ရွေးစင်တိုက်စစ်မှူး(ဟောင်း)တစ်ဦးဖြစ်ကြောင်း သိရသည်။

Repost from Yangon Media Group
#Local_News Siem Reap နှင့် ပုဂံဒေသကို ညီအစ်မမြို့တော် အဖြစ်ဆောင်ရွက်မည် ၊မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လေကြောင်းလိုင်းတိုးခ
#Local_News Siem Reap နှင့် ပုဂံဒေသကို ညီအစ်မမြို့တော် အဖြစ်ဆောင်ရွက်မည် ၊မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲမည် ++++++++++++++++++ Published 13 September 2026 ကမ္ဘောဒီးယားနိုင်ငံရှိ Siem Reap မြို့နှင့်ပုဂံဒေသကို ညီအစ်မမြို့တော်အဖြစ်အကောင်အထည် ဖော်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။ နိုင်ငံတော်သမ္မတကြီး၏ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်မှ မြန်မာနိုင်ငံအတွက် လက်တွေ့အကျိုးရလဒ် ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ______ ReadMore>>>https://www.facebook.com/share/p/1FK1drnHMa/

Repost from Head of State
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲ ဆမ်ဒက်ဟွန်ဆင်နှင့် တွေ့ဆုံဆွေး
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲ ဆမ်ဒက်ဟွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ(နိုင်ငံတော်ယာယီအကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးသည်။ Website Facebook YouTube TikTok X(Twitter) Telegram