ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

Myanmar Update News

Myanmar Update News

Открыть в Telegram

အမှောင်ထဲမှ အလင်းတစ်စ

Больше

📈 Аналитический обзор Telegram-канала Myanmar Update News

Канал Myanmar Update News (@myanmarupdate) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 31 665 подписчиков, занимая 7 885 место в категории Новости и СМИ и 4 615 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 31 665 подписчиков.

Согласно последним данным от 10 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -454, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.20%. В первые 24 часа после публикации контент обычно набирает 5.75% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 3 235 просмотров. В течение первых суток публикация набирает 1 825 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 44.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“အမှောင်ထဲမှ အလင်းတစ်စ”

Благодаря высокой частоте обновлений (последние данные получены 11 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

31 665
Подписчики
Нет данных24 часа
-977 дней
-45430 дней
Архив постов
AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလားဝင်ခွင့်ရ သက်တံ့ ၁၁. ၁၀. ၂၀
+2
AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလားဝင်ခွင့်ရ သက်တံ့ ၁၁. ၁၀. ၂၀၂၆ AFC U-17 အမျိုးသမီးဖလား ခြေစစ်ပွဲ အုပ်စု (G) ၏ အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယနေ့ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် ဟောင်ကောင် (တရုတ်) အသင်းတို့ ပွဲစဥ်တွင် မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အိမ်ရှင် မြန်မာအသင်းအနေဖြင့် ၂၁ မိနစ်တွင် အဖွင့်ဂိုးပေးခဲ့ရသော်လည်း ပွဲကစားချိန် ၄၂ မိနစ်တွင် အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးနှင့် မိနစ် ၆၀ တွင် သက်သက်ဝေ တို့က မြန်မာအသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။ အုပ်စုအတွင်း မြန်မာနှင့် ဟောင်ကောင်အသင်းတို့သည် ဂူအမ်အသင်းကို ၉ ဂိုးပြတ်စီ အနိုင်ရထားကြ၍ ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးနှင့် ဂိုးကွာခြားချက်တို့ တူညီနေသဖြင့် ယနေ့ပွဲရလဒ်သည် အုပ်စုပထမနေရာနှင့် နောက်ဆုံးအဆင့်တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့သလို အုပ်စုပထမရရှိသည့်အသင်းသည် ၂၀၂၇ AFC U-17 Women’s Asian Cup နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ဟောင်ကောင်အသင်းကို အနိုင်ရရှိသည့် မြန်မာအသင်းသည် တရုတ်နိုင်ငံက ၂၀၂၇ မတ်လ ၃၁ ရက်မှ ဧပြီ ၁၇ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ ၁၇ ဖလားကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီလည်း ဖြစ်သည်။ #MyanmarWomenFootball #AFCU17 #Guam #HongKong #တရုတ် #အိမ်ရှင် #MTSports #MyanmarTransparency

Repost from Yangon Media Group
😀😀😀😀 နိုင်ငံတော်သမ္မတက အမိန့် (၇)ခုထုတ်ပြန်၍ အစိုးရအဖွဲ့များအတွင်း အပြောင်းအလဲများထပ်မံပြုလုပ် အောက်တိုဘာ ၁၀၊၂၀၂၆ အစိုးရအ
😀😀😀😀 နိုင်ငံတော်သမ္မတက အမိန့် (၇)ခုထုတ်ပြန်၍ အစိုးရအဖွဲ့များအတွင်း အပြောင်းအလဲများထပ်မံပြုလုပ် အောက်တိုဘာ ၁၀၊၂၀၂၆ အစိုးရအဖွဲ့သစ်သက်တမ်း(၆)လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများစတင်ပြုလုပ်နေရာ ယနေ့ အောက်တိုဘာ ၁၀ရက်နေ့တွင်လည်း ဒုတိယဝန်ကြီးများခန့်အပ်ခြင်း၊ ဒုတိယဝန်ကြီးများအား နေရာ ပြောင်းရွှေ့တာဝန်ပေးခြင်းအပါအဝင် ပြောင်းလဲမှုအချို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ ၁။ အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်ထင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကို အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးသည်။ ၂။ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ပြောင်းလဲတာဝန်ပေး သည်။ ၃။ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။ ၄။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းကို နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။ ၅။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဝင်းမောင်သိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာတင်ထွန်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာ နေသွယ် ကြည်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးကျော်သူတို့ကို ခန့်အပ်သည်။ ၆။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောရန်အောင်ကို ခန့်အပ်သည်။ ၇။ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင်ကိုခန့်အပ်သည်။ အဆိုပါပြောင်းလဲမှုများကို အမိန့်အမှတ် ၇၄/၂၀၁၆ မှ ၈၀/၂၀၂၆ အထိ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက် နေပြည်တော် အောက်တိုဘာ ၁ဝ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့်စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့သည်။ ထို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာချက်အား အောက်တိုဘာ ၁၀ ရက်မှ စ၍ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။ Source-MRTV

Repost from News Of Myanmar
အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း က
အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် "အလွန်အောင်မြင်သော ဆွေးနွေးမှု" ပြုလုပ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

Repost from Yangon Media Group
❗️❗️❗️❗️ အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ် ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့်
+4
❗️❗️❗️❗️ အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ် ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့် ပညာရေးနှင့်ကျန်းမာရေးဒုဝန်ကြီးများကို တာဝန်မှအနားပေး၊ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးအသစ်(၂)ဦးခန့်အပ် အောက်တိုဘာ ၉၊၂၀၂၆ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် ကိုလည်း တာဝန်မှအနားပေးခဲ့သည်။ ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကိုလည်း ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၉/၂၀၂၆ မှ အထိ ၇၃/၂၀၂၆ အထိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၉ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Repost from Popular Journal
photo:MRFမြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု(World Best Rice Award) ဆုရရှိ၊ ၂၀၁၁ ခုနှစ် ပထမအကြိမ်နှင့် ယခု ၂၀၂၆ ခုနှစ်တ
+6
photo:MRFမြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု(World Best Rice Award) ဆုရရှိ၊ ၂၀၁၁ ခုနှစ် ပထမအကြိမ်နှင့် ယခု ၂၀၂၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဆုရရှိခဲ့ခြင်းဖြစ် ရန်ကုန်၊အောက်တိုဘာ ၉ မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းတို့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ နိုင်ငံတကာဆန်အမျိုးအစားများ ပါဝင်ယှဉ်ပြိုင်သည့် ဆန်အရည်အသွေးပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ပေါ်ဆန်းဆန်က အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားပြပွဲ၊ ယှဉ်ပြိုင်ပွဲတွင်လည်း World Best Rice Award ကို ရရှိခဲ့ဖူးသဖြင့် ယခုဆုသည် ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ မနီလာမြို့တွင် ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆက်စပ်ဆွေးနွေးပွဲများ၊ ပြပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် MRF တို့၏ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့၊ ဆန်တင်ပို့သည့်ကုမ္ပဏီများမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုတိုးမြှင့်ရေးအပြင် မလေးရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပါဝင်တက်ရောက်သည့် ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း MRF က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာထွက်ကုန်ဖြစ်သည့် တန်းမြင့်ဆန်များကို တန်ချိန် ၃ သန်း တင်ပို့ရန် ရည်မှန်းထားပြီး ယင်းရည်မှန်းချက် ပြည့်မီကျော်လွန်စေရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Repost from Popular Journal
အမေရိကန်အစိုးရနှင့် မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း ရိုက်တာကသတင်း ဖော်ပြ အမေရိကန်သမ္မတ ဒေါ်န
အမေရိကန်အစိုးရနှင့် မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း ရိုက်တာကသတင်း ဖော်ပြ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ယင်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သည့် အမေရိကန်၏ သံတမန်ရေးမူဝါဒတွင် အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက အောက်တိုဘာလ ၈ ရက်တွင် သတင်းဖော်ပြ ခဲ့သည်။ အဆိုပါဆွေးနွေးမှုများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးကို အဓိကထားသော်လည်း မြန်မာနိုင်ငံ၏ မြေရှားသတ္တုသယံဇာတများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများအထိ တိုးချဲ့လာနိုင်ကြောင်း လက်ရှိနှင့် ယခင်အမေရိကန်တာဝန်ရှိသူများအပါအဝင် ဆွေးနွေးမှုအခြေအနေကို သိရှိသူ ခုနစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ ရိုက်တာ က သတင်း ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/19YsSD7NsT/

Repost from Popular Journal
Esports လောကမှာ မြန်မာ့ရွှေခေတ်ဖြစ်အောင် ဆက်ကြိုးစားမယ်ဆိုတဲ့ Team Zanaka "ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားပဲကြားခဲ့ဖူးတဲ့ ဘောလုံးရွှေခေတ်ကို မမီခဲ့ဘူး၊ ငါတို့အလှည့်ကျရင် ငါတို့ တတ်ကျွမ်းတဲ့ အားကစားနည်းတစ်ခုခုနဲ့ ရွှေခေတ်ကို ပြန်ရောက်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ချက်ရှိခဲ့တယ်။ အခုတော့ Esports နဲ့အတူ ဒီလိုမျိုး ရွှေတံဆိပ်ဆု ယူနိုင်ပြီဆိုတော့ နောက်ထပ်နှစ်ပေါင်းများစွာ ရွှေတံဆိပ်ဆုတွေ ထပ်ယူပြီးတော့ Esports ကို မြန်မာ့ရွှေခေတ်ဖြစ်အောင် အကောင်းဆုံးကြိုးစားသွားပါမယ်။ ကျွန်တော်တို့ရှေ့မှာ သူတို့အသင်းကို ၂ ခေါက်ရှုံးထားတယ်။ သူတို့အသင်းကို နိုင်ချင်တယ်၊ အဲဒီအတွက် ကျွန်တော်တို့ သူတို့အသင်းကို နိုင်ချင်တယ်။ အဲဒီအတွက် အများကြီးပြင်ဆင်တယ်။ သူတို့ရဲ့အားနည်းချက်ကတော့ ကျွန်တော်တို့အသင်းကို အထင်သေးတယ်လို့ပဲ ထင်ပါတယ်" - Team Zanaka

Repost from Eleven Media Group
■ သာယာဝတီတွင် ကျေးရွာဒေသခံများ တိုင်ကြား၍ အံဂလုံးနှင့်ဂျင် လောင်းကစားပြုလုပ်နေသူ ၁၁ ဦး ဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ
+2
■ သာယာဝတီတွင် ကျေးရွာဒေသခံများ တိုင်ကြား၍ အံဂလုံးနှင့်ဂျင် လောင်းကစားပြုလုပ်နေသူ ၁၁ ဦး ဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာတွင် အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း ကျေးရွာဒေသခံများ၏ တိုင်ကြားချက်အရ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားပြုလုပ်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာရှိ ဦးအာထစ် (ခ) ဦးကုလားနှင့် ဒေါ်ဌေးမာတို့ လင်မယားပိုင် ခြံဝန်းအတွင်း အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ပခရ (မှုကူ) အဖွဲ့မှ ရဲအုပ် ဖုန်းဝေဦး ဦးစီးအဖွဲ့က ပူးပေါင်းအဖွဲ့များ၊ သက်သေများနှင့်အတူ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်စီးနင်းရာ ခြံဝန်းအတွင်း ဂျင်လောင်းကစားပြုလုပ်နေပြီး လောင်းကစား အလျော်အစားပြုလုပ်သူနှင့် လာရောက်လောင်းကစားသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ■ Website Link >>>> https://news-eleven.com/article/315792

ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး ၉၆ ပါးရောဂါနဲ့ ယနေ့ကွယ်လွန် ၆.၁၀.၂၀၂၆ Written By Thandar ထပ်ဆင့်အကယ်ဒမီများရှင်
+2
ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး ၉၆ ပါးရောဂါနဲ့ ယနေ့ကွယ်လွန် ၆.၁၀.၂၀၂၆ Written By Thandar ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး အသက် ၈၆ နှစ်ဟာ ၉၆ ပါးရောဂါနဲ့ ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅မိနစ်က ကွယ်လွန်ခဲ့ပါတယ်။ “ဦးခင်မောင်ကြီးက ယနေ့ မနက်အစောပိုင်း ၀၀:၂၅ နာရီက ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ပါတယ်”လို့ ကျန်ရစ်သူမိသားစုက ဝမ်းနည်းစွာပရိသတ်ကို အသိပေးလာပါတယ်။ ဂီတမှူး ဦးခင်မောင်ကြီးဟာ မြန်မာ့ရုပ်ရှင်နဲ့ ဂီတလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ဝါရင့်ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်နောက်ခံတေးဂီတ ဖန်တီးမှုတွေမှာ ထူးချွန်ပြောင်မြောက်လှပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၃) ဆုအထိ ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်... ◾️ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=148183 #ဂီတမှူး #ဦးခင်မောင်ကြီး #KhinMaungGyi #ဂီတမှူးဦးခင်မောင်ကြီး #RIP

Repost from Yangon Media Group
▫️▫️▫️▫️▫️ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ့ယုံကြည်အားကိုးမှု ရရှိမည်ဟု နိုင်ငံတော်သမ္မတ ပြော
▫️▫️▫️▫️▫️ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ့ယုံကြည်အားကိုးမှု ရရှိမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား နေပြည်တော်၊ အောက်တိုဘာ ၅ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုရရှိပြီး နိုင်ငံသည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားစဉ် ပြောကြားသည်။ အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းကာ နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေရသကဲ့သို့ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့် လုပ်ကိုင်ခြင်းမရှိမှုကလည်း စီးပွားရေးအားနည်းမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။ ———————- ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/myanmar-economy-president

တစ်နိုင်ငံလုံး ရုံပြည့်ရုံလျှံအားပေးကြတဲ့ နေမမြင်အင်ပါယာ ပရိသတ်များထံ အပြေးအလွှားရုံပတ်နေကြတဲ့ နေမမြင်အင်ပါယာ အဖွဲ့သားများ
+9
တစ်နိုင်ငံလုံး ရုံပြည့်ရုံလျှံအားပေးကြတဲ့ နေမမြင်အင်ပါယာ ပရိသတ်များထံ အပြေးအလွှားရုံပတ်နေကြတဲ့ နေမမြင်အင်ပါယာ အဖွဲ့သားများ

နေမမြင်အင်ပါယာ ပရိသတ်တွေဆီ ဒီနေ့ စနေနေ့မှာ အကယ်ဒမီအေးချမ်းမောင် နဲ့ ဗညာဘုန်းပြည့်တို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါတယ်။ မန
+9
နေမမြင်အင်ပါယာ ပရိသတ်တွေဆီ ဒီနေ့ စနေနေ့မှာ အကယ်ဒမီအေးချမ်းမောင် နဲ့ ဗညာဘုန်းပြည့်တို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါတယ်။ မနက်ဖြန် အောက်တိုဘာ ၄ ရက် တနင်္ဂနွေနေ့မှာ လှိုင်သာယာ ဝဇီယာ၊ ရွှေပြည်သာ နဲ့ စံရိပ်ငြိမ် ဂမုန်းပွင့်မင်္ဂလာရုပ်ရှင်ရုံတွေကို အနုပညာရှင်တွေ လာရောက်အားပေးကြမှာပါ။ ​မကျော့တဖြစ်လဲ အကယ်ဒမီ အေးမြတ်သူကတော့ မန္တလေးမှာ ပရိသတ်တွေနဲ့ အတူရှိနေမယ်နော်။ တနင်္ဂနွေ စက်ရုံပိတ်ရက် ရုံးပိတ်ရက်မှာ ဘဝကိုမိသားစုအတွက် ရုန်းကန်လှုပ်ရှားပေးနေကြတဲ့ မြန်မာအမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကား - နေမမြင်အင်ပါယာ

Repost from Guide4U
First Myanmar Investment Public Co., Ltd. FMI ဖတ်(စ်)မြန်မာ အင်ဗက်(စ်)မဲ့(န်) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက် (နောင်တွင
+6
First Myanmar Investment Public Co., Ltd. FMI ဖတ်(စ်)မြန်မာ အင်ဗက်(စ်)မဲ့(န်) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက် (နောင်တွင် "FMI" သို့မဟုတ် "ကုမ္ပဏီ" နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ စုပေါင်း၍ "ကုမ္ပဏီအုပ်စု" ဟု ရည်ညွှန်းသုံးစွဲမည်) သည် Yoma Central စီမံကိန်းဖော်ဆောင်သူကုမ္ပဏီ ဖြစ်သည့် Meeyahta Development Limited ("MDL") ၏ အစုရှယ်ယာရှင်များနှင့်အတူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် စီမံကိန်းနှင့်စပ်လျဉ်းသည့် ချေးငွေနှင့် အစုရှယ်ယာဆိုင်ရာ အခြေအနေများကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရန် ("လုပ်ငန်း ဆောင်ရွက်မှု) အလို့ငှာ အပြီးသတ်သဘောတူညီစာချုပ်များ ("စာချုပ်များ") ပြုလုပ်ချုပ် ဆိုခဲ့ကြပါကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အနေဖြင့် အသိပေးကြေညာ Source Yangon Stock Exchange - YSX #ConstructionIndustryGuide

နေမမြင်အင်ပါယာ ပရိသတ်တွေဆီ ဒီနေ့ စနေနေ့မှာ အကယ်ဒမီအေးချမ်းမောင် သွားရောက်တွေ့ဆုံ နှုတ်ဆက်မှာဖြစ်ပါတယ်၊ စံရိပ်ငြိမ် ဂမုန်းပွင်
+9
နေမမြင်အင်ပါယာ ပရိသတ်တွေဆီ ဒီနေ့ စနေနေ့မှာ အကယ်ဒမီအေးချမ်းမောင် သွားရောက်တွေ့ဆုံ နှုတ်ဆက်မှာဖြစ်ပါတယ်၊ စံရိပ်ငြိမ် ဂမုန်းပွင် နဲ့ တာမွေ မင်္ဂလာရုပ်ရှင်ရုံတွေကို လာရောက်အားပေးကြနော်။ ​မကျော့တဖြစ်လဲ အကယ်ဒမီ အေးမြတ်သူကတော့ မန္တလေး မစိုးရိမ်ရုပ်ရှင်ရုံမှာ ပရိသတ်တွေနဲ့ အတူရှိနေမယ်နော်။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ဘဝကိုမိသားစုအတွက် ရုန်းကန်လှုပ်ရှားပေးနေကြတဲ့ မြန်မာအမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကား - နေမမြင်အင်ပါယာ

နေမမြင်အင်ပါပရိသတ်များထံ သွားရောက်တွေ့ဆုံခဲ့ကြတဲ့ အနုပညာရှင်များ
+9
နေမမြင်အင်ပါပရိသတ်များထံ သွားရောက်တွေ့ဆုံခဲ့ကြတဲ့ အနုပညာရှင်များ

"နေမမြင်အင်ပါယာ"ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံးရုံတင် ပြသချိန်မှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြ ၂.၁၀.၂၀၂၆ ရိုက်ကူး/တည်းဖြတ် - သန္တာ         "နေမမြင်အင်ပါယာ"ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံးပြသတဲ့ အောက်တိုဘာ ၂ ရက်မှာ မြောက်ဒဂုံ ရုပ်ရှင်ရုံနဲ့ လှိုင်သာယာဝဇီယာရုပ်ရှင်ရုံတို့မှာ အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေက တွေ့ဆုံခဲ့တာကို MT Entertainment ကတစ်ဆင့် တင်ဆက်လိုက်ပါတယ် - #အေးမြတ်သူ #မြတ်သူသူ #သံသာညီ  #ThanTharNyi  #အေးချမ်းမောင်  #မြတ်သူသူ #ဆုထက်ကုဋေ #AyeMyatThu #AyeChanMg #YeLwinOo #MyatThuThu #ဒါရိုက်တာမီးပွါး  #SundayFilmProduction #နေမမြင်အင်ပါယာ #MTEntertainment

ပထမဆုံးနေမှာတင် ရုံပြည့်ရုံလျှံလာအောက်အားပေးကြတဲ့ နေမမြင်အင်ပါယာ ပရိသတ်များထံ အနုပညာရှင်များသွားရောက်တွေ့ဆုံ
+9
ပထမဆုံးနေမှာတင် ရုံပြည့်ရုံလျှံလာအောက်အားပေးကြတဲ့ နေမမြင်အင်ပါယာ ပရိသတ်များထံ အနုပညာရှင်များသွားရောက်တွေ့ဆုံ

Repost from Yangon Media Group
🔹🔹🔹🔹🔹 အပြုသဘောဆောင်တဲ့ မေးခွန်းတစ်ခွန်းတောင် မမေးဘူး” ဟု ဆိုကာ Time သတင်းထောက်များကို ထရမ့် ဒေါသထွက် အောက်တိုဘာ ၂၊ ၂၀၂၆
🔹🔹🔹🔹🔹 အပြုသဘောဆောင်တဲ့ မေးခွန်းတစ်ခွန်းတောင် မမေးဘူး” ဟု ဆိုကာ Time သတင်းထောက်များကို ထရမ့် ဒေါသထွက် အောက်တိုဘာ ၂၊ ၂၀၂၆ — အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ Time မဂ္ဂဇင်းသတင်းထောက် အဲရစ် ကော်တယ်လက်ဆာနှင့် ဆမ် ဂျေးကော့ဘ်စ်တို့နှင့် တွေ့ဆုံမေးမြန်းစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပျက်သဘောမေးခွန်းများသာ မေးနေသည်ဟုဆိုကာ ဒေါသထွက်ခဲ့သည်။ “မင်းတို့ ငါ့ကို စောက်အပြုသဘောဆောင်တဲ့ မေးခွန်းတစ်ခွန်းတောင် မမေးဘူး။ ဒါကရော၊ ဟိုဟာကရောဆိုပြီး အကုန်အပျက်သဘောတွေချည်းပဲ” ဟု ၎င်းက ပြောခဲ့သည်။ အိမ်ဖြူတော်ပြုပြင်မွမ်းမံမှုအကြောင်း အဘယ်ကြောင့် အကြိမ်ကြိမ်မေးနေသလဲဟုလည်း စောဒကတက်ပြီး ဗင်နီဇွဲလားအကြောင်း မမေးကြောင်း ပြောဆိုခဲ့သော်လည်း ယင်းအကြောင်းကို အစောပိုင်းက အချိန်ယူဆွေးနွေးပြီးဖြစ်ကြောင်း Time က ထောက်ပြခဲ့သည်။ စားဝတ်နေရေးစရိတ် ပေးချေရန် အခက်အခဲကြုံနေသူများရှိချိန် အိမ်ဖြူတော်ပြုပြင်ရေးအတွက် အချိန်နှင့်အားစိုက်ထုတ်နေခြင်းကို မေးမြန်းရာ ထရမ့်က အိမ်ဖြူတော်သည် နိုင်ငံ၏ကြီးမြတ်မှုသင်္ကေတဖြစ်ကြောင်း ဖြေခဲ့ပြီး နေထိုင်မှုစရိတ်အကျပ်အတည်းကို ထည့်သွင်းမဖြေခဲ့ကြောင်း Rolling Stone က ရေးသားထားသည်။ ၎င်းခန့်အပ်ခဲ့သော တရားရုံးချုပ်တရားသူကြီးသုံးဦးက မိမိကို ဆန့်ကျင်မဲပေးလွန်းကြောင်းလည်း ထရမ့်က ဝေဖန်ခဲ့သည်။ နိုင်ငံခြားရေးအကြောင်း ပြောဆိုရာတွင် “အီရန်ကို ချေမှုန်းဖျက်ဆီးခြင်းအားဖြင့် ကျွန်ုပ်တို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖန်တီးခဲ့ပြီ” ဟုဆိုပြီး အီရန်စစ်ပွဲ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးမည်ဟူသော အချိန်သတ်မှတ်ချက်အတွက် သတင်းမီဒီယာကို အပြစ်တင်ခဲ့သည်။ မူရင်းသတင်းရင်းမြစ် — Rolling Stone၊ Ryan Bort

Repost from Yangon Media Group
ပုဂံ၌ သီတင်းကျွတ် မီးပုံးပျံ(၃၀၀၀)လွတ်တင်ရာတွင်နိုင်ငံခြားသား balloons ပိုင်းလော့များကိုဖိတ်ခေါ်ဆောင်ရွက်သွားမည် လာမယ့်သီတင်း
ပုဂံ၌ သီတင်းကျွတ် မီးပုံးပျံ(၃၀၀၀)လွတ်တင်ရာတွင်နိုင်ငံခြားသား balloons ပိုင်းလော့များကိုဖိတ်ခေါ်ဆောင်ရွက်သွားမည် လာမယ့်သီတင်းကျွတ်တွင် ပုဂံ၌ မီးပုံပျံ(၃၀၀၀)လွတ်တင်ရာတွင် ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံခြားသား balloons ပိုင်းလော့များကို ဖိတ်ခေါ်ဆောင်ရွက်သွားမယ်လို့ Bagan lover ကအသိပေးထားပါတယ်။ #Local_News Published 01 October 2026 #ပုဂံ #သီတင်းကျွတ် #YMG/NN #Yangon_Times WatchVideo>>>https://www.youtube.com/watch?v=JxWzPJCVD_A