ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Myanmar Update News

Myanmar Update News

前往频道在 Telegram

အမှောင်ထဲမှ အလင်းတစ်စ

显示更多

📈 Telegram 频道 Myanmar Update News 的分析概览

频道 Myanmar Update News (@myanmarupdate) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 31 217 名订阅者,在 新闻与媒体 类别中位列第 7 960,并在 缅甸 地区排名第 4 700 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 31 217 名订阅者。

根据 10 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -438,过去 24 小时变化为 -11,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.69%。内容发布后 24 小时内通常能获得 4.76% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 3 027 次浏览,首日通常累积 1 486 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 36。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“အမှောင်ထဲမှ အလင်းတစ်စ”

凭借高频更新(最新数据采集于 11 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

31 217
订阅者
-1124 小时
-1127 天
-43830 天
帖子存档
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐞𝐚𝐬𝐞𝐫 | ၀င်ကစွပ် ရုပ်ရှင် အိမ်ဆိုတာ… ကိုယ်ခိုလှုံရာ နေရာလေးတစ်ခုတည်း မဟုတ်ပါဘူး.. ကမ္ဘာကြီးက ကိုယ့်ကို နားမလည်တဲ့အခါ နားလည်ပေးမယ့်သူတွေရှိနေတဲ့ ရင်ခွင်လေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်.. အော်တစ်ဇင် (Autism) ရှိတဲ့ လူငယ်လေး ပူစူး အတွက်... အဲဒီရင်ခွင်လေးဟာ အဖိုးနဲ့ အဖွားရဲ့ မေတ္တာပါပဲ။ ဒါပေမဲ့ ဘဝရဲ့ လှိုင်းလုံးတွေ ရိုက်ခတ်လာတဲ့အခါ ပူစူးတစ်ယောက် သူ့ခြေလှမ်းလေးတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ပါ့မလား… 🎬 အဖိုးအဖွားနဲ့ ကြီးပြင်းလာတဲ့သူတိုင်းရဲ့ နှလုံးသားကို ထိရှစေမည့် မိသားစုဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး "ဝင်ကစွပ်" ကို #နိုဝင်ဘာလ (၂၀) ရက်နေ့မှစပြီး ရုံတင်ပြသသွားမည်။ #၀င်ကစွပ်ရုပ်ရှင်ဇာတ်ကားကြီး #hermitcrab #paingtakhon #kyawyeaung #htuneaindrabo #yadanarbo #chawyadanar #bonethaik #Yelwinoo #Directorpwinttheingizaw #meeeainshinproduction #CinemasinNov20 #Comingsoon #Myanmarmovie #OfficialTeaser

# အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမြှင့်တင်ဆောင်ရွက် မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတို
# အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမြှင့်တင်ဆောင်ရွက် မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလာမည့် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်သမ္မတက အလေးထားမြှင့်တင်လျက်ရှိရာ ပြည်တွင်း၌ အာကာသနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းနှင့် လူငယ်မျိုးဆက်သစ်များ၏ သိပ္ပံနည်းပညာဆိုင်ရာ စိတ်ဝင်စားမှုနှင့် စွမ်းရည်များ ဖွံ့ဖြိုးလာစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည့် အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အာကာသနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးနှင့် လူငယ်ပညာရှင်များအတွက် အာကာသနည်းပညာဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ရေးကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် မြန်မာအာကာသအေဂျင်စီသို့ သွားရောက်၍ MAH-1 ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုစီမံကိန်း၊ ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း၊ Earth Remote Sensing နည်းပညာနှင့် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ်များကို လေ့လာခဲ့ပြီး ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC) ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ အာကာသနည်းပညာသည် ကမ္ဘာမြေမျက်နှာပြင်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်း၊ ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ ရယူခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးဝင်ကြောင်းလည်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ အာကာသနည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့် ဂြိုဟ်တုငယ်များ လွှတ်တင်ရေး၊ အာကာသနည်းပညာပညာသင်ဆုများနှင့် စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်၊ မိုးလေဝသဆိုင်ရာ အချက်အလက်များ ရယူအသုံးချရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ ရုရှားနိုင်ငံနှင့်လည်း ဂြိုဟ်တုနည်းပညာ၊ လူသားအရင်းအမြစ်လေ့ကျင့်ရေး၊ မြန်မာအာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးနှင့် ဂြိုဟ်တုငယ်များ တည်ဆောက်လွှတ်တင်ရေးတို့အပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပါသည်။ ယခုနေပြည်တော်၌ ကျင်းပသည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲသည်လည်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အခြေခံပညာအဆင့်မှစ၍ လူငယ်များ၏ သိပ္ပံနည်းပညာစိတ်ဝင်စားမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အနာဂတ်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်များသည် အာကာသနည်းပညာကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အခြေခံစွမ်းရည်များ တည်ဆောက်ပေးရန် နိုင်ငံတော်သမ္မတက အလေးထားဦးဆောင်ဆောင်ရွက်နေမှုကို ထင်ဟပ်ဖော်ပြလျက်ရှိပါသည်။

Repost from Popular Journal
တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် CAEC 2026 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon Esports အသင်း ချန်ပီယံဆု ဆွတ်ခူး နန်နင်း၊ နို
+2
တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် CAEC 2026 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon Esports အသင်း ချန်ပီယံဆု ဆွတ်ခူး နန်နင်း၊ နိုဝင်ဘာ ၁၀ တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပခဲ့သည့် China-ASEAN Esports Competition (CAEC 2026) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု MLBB အသင်းဖြစ်သည့် Falcon Esports အသင်းက ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ Falcon Esports အသင်းသည် နိုင်ငံတ ကာပြိုင်ပွဲစင်မြင့်၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး CAEC 2026 ၏ MLBB ပြိုင်ပွဲတွင် ဗိုလ်စွဲကာ ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအောင်မြင်မှုသည်မြန်မာ့Esports အတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ပြီး ပြိုင်ပွဲအပြီးဆုချီးမြှင့်ပွဲအခမ်းအနားတွင် Falcon Esports အသင်း ဆုလက်ခံရယူခဲ့သည့် အမှတ်တရပုံရိပ်များကိုလည်း မျှဝေထားသည်။

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫 #၀င်ကစွပ်ရုပ်ရှင် 🐚 လူတွေရဲ့ သနားကဲ့ရဲ့တဲ့ အကြည့်တွေ၊ မိခင်ရဲ့ စိမ်းကားမှုတွေကြားမှာ 'ဝင်ကစွပ်
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫 #၀င်ကစွပ်ရုပ်ရှင် 🐚 လူတွေရဲ့ သနားကဲ့ရဲ့တဲ့ အကြည့်တွေ၊ မိခင်ရဲ့ စိမ်းကားမှုတွေကြားမှာ 'ဝင်ကစွပ်' လေးလို ..🐚 ကိုယ်ပိုင်အိမ်မရှိဘူးလို့ ခံယူထားခဲ့တဲ့ အော်တစ်ဇင်ရှိသော ဆယ်ကျော်သက် ကောင်လေး ပူစူး... အဖိုးအဖွားတို့ရဲ့မေတ္တာနဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာတွေ့ ဖြတ်ကျော်သွားမလဲ ဆိုတာ... အဖိုးအဖွား မေတ္တာနဲ့ ကြီးပြင်းလာသူတိုင်း လက်မလွတ်တမ်း ခံစားကြည့်ရှုသင့်တဲ့ #မိသားစုဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး 🐚 "ဝင်ကစွပ်" ကို #နိုဝင်ဘာလ_၂၀ ရက်နေ့မှစပြီး မြန်မာတပြည်လုံး ရုံတင်ပြသသွားမည်။ ✍🏼ဇာတ်လမ်း - အေးကြည်သာဟန် 🖊️ဇာတ်ညွှန်း - အင်ကြင်းဟန် 🎬ဒါရိုက်တာ - အရုဏ်ဦး ပွင့်သီင်္ဂီဇော် 🎥DOP - ကိုတိုး၊ အာနိုး 🎞️မီးအိမ်ရှင် ရုပ်ရှင်ထုတ်လုပ်ရေး မှ စီစဥ်ထုတ်လုပ်သည်။ 🌟ပိုင်တံခွန်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ ရတနာဗိုလ် နှင့် အခြားအနုပညာရှင်များစွာ ပါ၀င်သည်။ အထူးဧည့်သည် သရုပ်ဆောင် - ဘုဏ်းသိုက်၊ ရဲလွင်ဦး 𝐎𝐧𝐥𝐲 𝐢𝐧 𝐂𝐢𝐧𝐞𝐦𝐚𝐬 - 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟎 #၀င်ကစွပ်ရုပ်ရှင်ဇာတ်ကားကြီး #OfficialPoster

Repost from Head of State
ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော် သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး ပ
+5
ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော် သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့အတွင်း ဆောင်ရွက်ထားရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အခြေအနေများကို ယနေ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ Website YouTube TikTok X(Twitter) Facebook Telegram

အဖိုးအဖွားနဲ့အတူ ကြီးပြင်းလာတဲ့ အော်တစ်ဇင်ရှိ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်အတွက် ‘အိမ်’ ဆိုတာ အဖိုးနဲ့အဖွားရဲ့ နွေးထွေးတဲ့ မေတ
အဖိုးအဖွားနဲ့အတူ ကြီးပြင်းလာတဲ့ အော်တစ်ဇင်ရှိ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်အတွက် ‘အိမ်’ ဆိုတာ အဖိုးနဲ့အဖွားရဲ့ နွေးထွေးတဲ့ မေတ္တာရင်ခွင်ပါ ငယ်ငယ်က ကိုယ့်လက်ကို တွဲထားပေးခဲ့တဲ့သူတွေကို ပြန်သတိရစေပြီး မိသားစုတိုင်း သွားကြည့်သင့်တဲ့ မိသားစုဒရမ်မာ ဇာတ်လမ်း 🐚 "ဝင်ကစွပ်" ရုပ်ရှင်ဇာတ်ကားကြီးကို #နိုဝင်ဘာလအတွင်း မကြာမီ ရုံတင်ပြသသွားမည်။ ✍🏼ဇာတ်လမ်း - အေးကြည်သာဟန် 🖊️ဇာတ်ညွှန်း - အင်ကြင်းဟန် 🎬ဒါရိုက်တာ - အရုဏ်ဦး ပွင့်သီင်္ဂီဇော် 🎥DOP - ကိုတိုး၊ အာနိုး 🎞️မီးအိမ်ရှင် ရုပ်ရှင်ထုတ်လုပ်ရေး မှ စီစဥ်ထုတ်လုပ်သည်။ 🌟ပိုင်တံခွန်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ ရတနာဗိုလ် နှင့် အခြားအနုပညာရှင်များစွာ ပါ၀င်သည်။ အထူးဧည့်သည် သရုပ်ဆောင် - ဘုဏ်းသိုက်၊ ရဲလွင်ဦး #၀င်ကစွပ်ရုပ်ရှင်ဇာတ်ကားကြီး #hermitcrab #paingtakhon #kyawyeaung #htuneaindrabo #yadanarbo #chawyadanar #bonethaik #Yelwinoo #Directorpwinttheingizaw #meeeainshinproduction #CinemasinNov #Comingsoon

Repost from Yangon Media Group
#World_News ကြားဖြတ်ရွေးကောက်ပွဲကြောင့် ကွန်ဂရက်မှာ အပြောင်းအလဲကြီးဖြစ်ခဲ့ပေမဲ့ ထရမ့်က နိုင်ငံခြားရေးမူဝါဒကိုဆက်လက်ချုပ်ကိုင်
#World_News ကြားဖြတ်ရွေးကောက်ပွဲကြောင့် ကွန်ဂရက်မှာ အပြောင်းအလဲကြီးဖြစ်ခဲ့ပေမဲ့ ထရမ့်က နိုင်ငံခြားရေးမူဝါဒကိုဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲ ++++++++++++++++++++++++++++++++ Published 06 November 2026 ■ ဒီတစ်ပတ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝါရှင်တန်နိုင်ငံရေးလောကမှာ အင်အားလျော့ကျသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကိုလွှတ်တော်က ပိုမိုတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးလာရတော့မှာပါ။ ■ ဒါပေမဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လာရင်တော့ ထရမ့်ဟာ အရင်လိုပဲ အတားအဆီးမရှိ လုပ်ဆောင်နိုင်ဖို့ အလားအလာရှိနေပါတယ်။ ■ ဒီမိုကရက်တွေက ကွန်ဂရက်ကို ပြန်လည်ထိန်းချုပ်နိုင်တော့မှာဖြစ်လို့ ရီပတ်ဘလစ်ကန်သမ္မတ ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာကြမှာပါ။ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh01-6-11-2026

Repost from NP News-Myanmar
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက်သတ်မှတ် NP Newe - နိုဝင်ဘာ ၅
+2
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက်သတ်မှတ် NP Newe - နိုဝင်ဘာ ၅

Repost from Popular Journal
တရုတ်-မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဝမ်ယိနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဆွေးနွေး CMEC စီမံကိန်းများ၊
+1
တရုတ်-မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဝမ်ယိနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဆွေးနွေး CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေး ပေကျင်း၊ နိုဝင်ဘာ ၃ ရက် တရုတ်-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးတို့ နိုဝင်ဘာ ၃ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ နိုင်ငံရေးရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနှင့် အစိုးရသစ်လက်ထက်တွင် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေးကို ပိုမိုနက်ရှိုင်းခိုင်မာစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် စွမ်းအင်၊ သဘာဝအရင်းအမြစ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ မြဝတီဒေသတွင် ရှုပ်ထွေးသည့်အခြေအနေများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးတို့ကို မစ္စတာဝမ်ယိက အလေးထားပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Repost from News Of Myanmar
KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်လ
+1
KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုအပေါ်  သတင်းထုတ်ပြန် နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၃

Repost from NP News-Myanmar
မြန်မာနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်လိုကြောင်း Mr. Wang Yi ပြော သုတကျော် (NP News) - နိုဝင်ဘာ ၃ https://www.npnewsmm.com/news/6ae9ec1459d0e83b6e26b966 https://www.nssmy.com/news_detail/27257/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09444681478 (Viber)

Repost from Yangon Media Group
❗️❗️❗️❗️❗️ အမေရိကန်အစိုးရကထုတ်ပြန်သည့်မြန်မာနိုင်ငံဆိုင်ရာမဟာဗျုဟာဘယ်လောက်အရေးကြီးသလဲ နိုဝင်ဘာ ၂ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန်
❗️❗️❗️❗️❗️ အမေရိကန်အစိုးရကထုတ်ပြန်သည့်မြန်မာနိုင်ငံဆိုင်ရာမဟာဗျုဟာဘယ်လောက်အရေးကြီးသလဲ နိုဝင်ဘာ ၂ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာဘယ်လောက်အရေးကြီးသလဲ။ ဘာတွေအဓိကပါဝင်သလဲ။ ဘာတွေလုပ်ဆောင်မှာလဲဆိုသည်ကို ယခုရုပ်သံဖြင့် ရှင်းလင်းတင်ဆက်ထားပါသည်။ ❗️❗️❗️❗️❗️ https://www.tiktok.com/@yangonmediagroup/video/7703940465732701460?is_from_webapp=1&sender_device=pc&web_id=7680561549757318664

Repost from Yangon Media Group
😀😀😀😀 မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးကို ဦးတည်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို အမေရိကန်အစို
😀😀😀😀 မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးကို ဦးတည်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို အမေရိကန်အစိုးရ ထုတ်ပြန် နိုဝင်ဘာ၃၊၂၀၂၆ အမေရိကန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမူဘောင်တစ်ခုကို နိုဝင်ဘာ၂ ရက်က အများပြည်သူသို့ အသိပေးထုတ်ပြန်ခဲ့သည်။ ထိုမဟာဗျူဟာမူဘောင်များငကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က အကောင်အထည်ဖော်ရမည်ဖြစ်သည်။ စာမျက်နှာ (၁၁)မျက်နှာပါ အဆိုပါ်မဟာဗျူဟာမူဘောင်သည် မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး၊ အွန်လိုင်းလိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးများအပါအဝင်နယ်ပယ်စုံကို အသေးစိတ်ရေးသားထားသည်။ ထိုမဟာဗျူဟာအပြည့်အစုံကို မူရင်း အင်္ဂလိပ်ဘာသာမြန်မာဘာသာသို့ပြန်ဆိုဖော်ပြပေးပါသည်။ ❇️❇️❇️❇️❇️❇️ https://yangonmediagroup.com/index.php/myanmar/us-strategic-frame-on-myanmar

Repost from Yangon Media Group
#Local_News သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသ
#Local_News သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည် ++++++++++++++++++++++++++++++++ Published 03 November 2026 ■ သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။ ■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍအဆင်ပြေချော့မွေ့စေရန်နှင့် ပြည်သူများခရီးသွားလာရာတွင် သက်သာချောင်ချိမှု ရှိစေရန်ရည်ရွယ်၍ CNG ယာဉ်များအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ကို ၁-ကီလိုဂရမ် လျှင် ၂၇၃ ကျပ် ၂၅ ပြားဖြင့် ဈေးနှုန်းချိုသာစွာဖြန့်ဖြူးရောင်းချပေးလျက်ရှိခြင်းဖြစ်သည်။ ______________________________________ ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh01-3-11-2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ လေဆိပ်အဝင်လမ်းသစ်၊ ပြည်သူ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ လေဆိပ်အဝင်လမ်းသစ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်တို့ အဆင့်မီစွာ တည်ဆောက်ရေး လမ်းညွှန် နေပြည်တော်၊ အောက်တိုဘာ ၃၁ ပြည်ထောင်စုနယ်မြေ နေပြည်တော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် မြို့ပြတစ်ခုအဖြစ် တည်ဆောက်ရေး၊ လမ်းတံတားနှင့် အထင်ကရအဆောက်အဦများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏ အဓိက လမ်းညွှန်မှာကြားချက်များမှာ - ၁။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်လမ်းသစ် နှင့် လမ်းတံတားများ အဆင့်မြှင့်တင်ရေး • လေဆိပ်အဝင်လမ်းသစ်နှင့် ရုံးပင်ချောင်းတံတားတို့ကို အနာဂတ်ယာဉ်အသွားအလာ တိုးတက်လာနိုင်မှုအပေါ် ထည့်သွင်းတွက်ချက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရန်။ • လေဆိပ် ဝင်ထွက်လမ်းများ၊ လမ်းတံတားကြံ့ခိုင်မှု၊ လမ်းပခုံးမြေသားနံရံများကို စနစ်တကျ စီမံတည်ဆောက်ရန်။ ၂။ ပြည်သူ့ရင်ပြင်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်ရေး • ပြည်သူ့ရင်ပြင်တွင် အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်ရုပ်လုံးရုပ်ကြွများ၊ ပန်းခြံများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်၊ Shop House များနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်။ • ရုပ်တုနှင့် ရုပ်လုံးရုပ်ကြွများအတွက် မြန်မာမှုအနုပညာရှင်ကြီးများ၏ အကြံဉာဏ်များရယူရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေး ဆောင်ရွက်ရန်။ ၃။ ပြည်ထောင်စုဂုဏ်ပြုဗိမာန် ခမ်းနားအဆင့်မီစွာ တည်ဆောက်ရေး • ပြည်ထောင်စုနိုင်ငံတော်ကို တည်ထောင်ခဲ့ကြသူများနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအား ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်သည့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ခမ်းနားအဆင့်မီစွာ တည်ဆောက်ရန်။ • ပြည်တွင်းပြည်ပမှ လာရောက်ဂုဏ်ပြုသူများအတွက် ပန်းစည်းချဂုဏ်ပြုမည့်နေရာများနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ စီမံထားရှိရန်။ ၄။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေး • နေပြည်တော်အတွင်း အဓိကလမ်းမကြီးများ၊ လေဆိပ်အဝင်လမ်းသစ်နှင့် အထင်ကရအဆောက်အဦများ၏ ပတ်ဝန်းကျင်တွင် အရိပ်ရလေကာပင်များ၊ အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များ စနစ်တကျစိုက်ပျိုးရန်။ • မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အလေးထားဆောင်ရွက်ရန်။ နိုင်ငံတော်သမ္မတသည် လေဆိပ်မှ ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် သစ်ပင်စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

Repost from Myanmar Newspapers
ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာဝင်ရ
ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာဝင်ရောက်နိုင်ရေးအစည်းအဝေးကျင်းပ

Repost from Popular Journal
မြန်မာယူ-၁၅ အသင်းကို FIFA ဥက္ကဋ္ဌ တွေ့ဆုံအားပေး ‎အဇာဘိုင်ဂျန်နိုင်ငံတွင်ကျင်းပလျက်ရှိသည့် FIFA U-15 Youth World Cup & Festiva
+6
မြန်မာယူ-၁၅ အသင်းကို FIFA ဥက္ကဋ္ဌ တွေ့ဆုံအားပေး ‎အဇာဘိုင်ဂျန်နိုင်ငံတွင်ကျင်းပလျက်ရှိသည့် FIFA U-15 Youth World Cup & Festival 2026 ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်နေသော မြန်မာယူ-၁၅ အသင်းမှက စားသမားများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို ကလာရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့သည်။

Repost from Yangon Media Group
❗️❗️❗️❗️❗️ နေပြည်တော်မှာ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ဘယ်လိုကျင်းပမှာလဲ

Repost from Yangon Media Group
😀😃😄😁😆 (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီး ဆုချီးမြှင့်ပွဲ နိုင်ငံတော်သမ္မတတက်ရောက် ၂၉၊အောက်တိုဘာ၊၂၀၂၆ (၂၇) ကြိမ်
+9
😀😃😄😁😆 (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီး ဆုချီးမြှင့်ပွဲ နိုင်ငံတော်သမ္မတတက်ရောက် ၂၉၊အောက်တိုဘာ၊၂၀၂၆ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ယနေ့ အောက်တိုဘာ ၂၉ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ (ပုံများ)

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား ၊ ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် မျိုးဆက်သစ်အနုပညာရှင်များ ပြုစုပျိုးထောင်ရေး တိုက်တွန်း နေပြည်တော်၊ အောက်တိုဘာ ၂၉ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရေး၊ တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး မြှင့်တင်ရေး၊ ခေတ်မီဒီဂျစ်တယ် နည်းပညာများ အသုံးချ၍ ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ယခင်နှစ် မန္တလေးငလျင်ကြီးကြောင့် မကျင်းပနိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားအချို့အပါအဝင် ဝါသနာရှင်အဆင့်၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ယှဉ်ပြိုင်မှုနှင့် ဆုရရှိမှု တိုးမြင့်လာခြင်းသည် မြန်မာ့ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမြတ်နိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏ အဓိကလမ်းညွှန်မှာကြားချက်များမှာ— မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများသာမက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့အပါအဝင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အနုပညာအမွေအနှစ်များဖြစ်သဖြင့် ရိုးရာအနှစ်သာရ မပျောက်ပျက်စေဘဲ ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရန်၊ ဝါရင့်အနုပညာရှင်များ၏ အတွေ့အကြုံနှင့် အတတ်ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန်မှာကြားခဲ့ပါသည်။ ထို့အပြင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် အနုပညာပြိုင်ပွဲများသာမက တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ်အနုပညာရှင်များ ပေါင်းကူးဆက်သွယ်သည့်ပွဲဖြစ်သဖြင့် မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသကဲ့သို့ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကိုလည်း အပြန်အလှန်လေးစား၍ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရန်မှာကြားခဲ့ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များသာမက အမျိုးသားယဉ်ကျေးမှုအခြေခံများ ခိုင်မာရန်လည်း လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့သမိုင်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ရှင်သန်ခိုင်မာလာစေရန် မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာအရည်အသွေးများ ပိုမိုတိုးတက်စေရန် ဆက်လက်လေ့လာလေ့ကျင့်ကြရန်နှင့် ဆုမရရှိသေးသူများအနေဖြင့်လည်း ဇွဲလုံ့လမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် အားပေးတိုက်တွန်းခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။