ဒို့ပြည်-Doh Pyay
Kanalga Telegram’da o‘tish
လူထုအတွက် သတင်းအချက်အလက်။ လူထုအနာဂတ် သတင်းအချက်အလက်။
Ko'proq ko'rsatish3 034
Obunachilar
-224 soatlar
+67 kunlar
+3830 kunlar
Postlar arxiv
3 035
"များများညီညွတ်ကြမယ်၊ မြန်မြန်ညီညွတ်ကြမယ်ဆိုရင် တော်လှန်ရေးက မြန်မြန်အောင်မှာပါ။ ညီညွတ်မှုတစ်စုံတစ်ရာ နှောင့်နှေးနေတယ်ဆိုရင် တော်လှန်ရေးက အချိန်ကြာနေအုံးမှာဖြစ်တယ်" ဒေါ်နှင်းနှင်းမွှေး (NUCC အဖွဲ့ဝင်)။
ရုပ်သံကြည်ရန်နှိပ်ပါ- https://www.facebook.com/watch?v=1482633347000100
3 035
+4
(၂) နှစ်ခွဲကြာညှိနှိုင်းခဲ့တဲ့ "တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း" အတည်ပြု
🟥 နွေဦးတော်လှန်ရေးတစ်စုံလုံးကို လွှဲပြောင်းအပ်နှံ
ဇူလိုင် ၃၁၊ ၂၀၂၆။
"တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း" အတည်ပြုထုတ်ပြန်ကြေညာ အသိပေးတဲ့ အခမ်းအနားတစ်ခုကို ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ မူကြမ်းကို ဦးဆောင်ရေးဆွဲအတည်ပြုခဲ့ကြတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအပြင် အခြား တော်လှန်ရေးအင်အားစုတွေ က လူကိုယ်တိုင်တက်ရောက်ကြသလို အွန်လိုင်းကနေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပြီး မူကြမ်းပါ အချက်အတွေကို ဖတ်ကြားကာ အတည်ပြုကြောင်း သဘောတူကြပြီး လူထုနဲ့ နွေဦးတော်လှန်ရေးတစ်စုံလုံးကို လွှဲပြောင်းအပ်နှံ ပါတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02P4mcpWBsJaYgLEy6Y7xzq3BTdXRvuRHJWELK59WazY5LoG7isMDJUggkqpkTgVp6l
3 035
+2
ပြည်ဘူတာ DEMU ရထားကြိုဆိုပွဲ ပြည်သူတွေဆီက ငွေကောက်ခံသလို တက်ရောက်ကြဖို့ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး
ဇူလိုင် ၃၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ခေတ်မီ DEMU အမြန်ရထား ကြိုဆိုပွဲငွေကြေးတောင်းခံတာ နဲ့ ဖွင့်လှစ်ပွဲတက်ရောက်ကြဖို့ မြို့ခံတွေကို ဖိအားပေးခိုင်းစေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့က ပြည်မြို့နယ်၊ အောင်ဆန်းပြည်သာယာ၊ သိန်းရတနာလမ်းနဲ ထွန်းရတနာ လမ်းတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကြိုဆိုဖို လူခေါ်သလို လူမလိုက်နိုင်သူတွေကို ငွေ ၃၀၀၀ ဆီကောက်ခံသွားတယ်လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားမျှဝေထားသလို ပေးလိုက်ရသူတွေကလည်း ဟုတ်မှန်တယ်လို့ ပြောဆိုထားကြပါတယ်။
"နေ့ချင်းပြန် အမြန်ရထားဖွင့်လှစ်ပွဲ အတွက်ဆိုပြီး ကြိုဆိုဖို့ရပ်ကွက်တွေမှာ လိုက်ခေါ်တယ်။ ငွေတောင်းတာတွေလည်း ရှိတယ်" လို့ မြို့ခံအမျိုးသားတစ်ဦးက ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02tCaTX9Za8FisbbAVnqzqxTPFgsfpZ5r7jscrLp3TuN3a5DdeGYt6gXWxoVbqT145l
3 035
ပေါင်းတလည်-ပေါက်ခေါင်းကြားမှာ တိုက်ပွဲဖြစ် စစ်တပ်ကအင်အားသုံးပြီး စစ်ကြောင်းထိုးဖမ်းဆီးမှုတွေ ပြုလုပ်
ဇူလိုင် ၃၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နဲ့ ပေါက်ခေါင်းလမ်းပိုင်းတောင်ဘက်ခြမ်းထဲမှာရှိတဲ့ ကျေးရွာတွေထဲကို အင်အားသုံးပြီး စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက အဲဒီလမ်းပိုင်းမှာရှိတဲ့ ချောင်းကောင်းကျေးရွာအုပ်စု၊ ရေဦးကျေးရွာနားမှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ကူအင်အားတွေကို သုံးပြီး စစ်ကြောင်းတွေ ဖြန့်ခွဲဝင်ရောက် လာနေတာလို့ ဆိုပါတယ်။
"တိုက်ပွဲဖြစ်တယ်။ ဘယ်အဖွဲ့တွေနဲ့ဖြစ်တာလည်းတော့ မသိပါဘူး။ လက်နက်ကြီးသံလို မိုင်းဆွဲပေါက်ကွဲသံတွေလို သေနတ်ပစ်သံတွေလည်းကြားရတယ်။ မနေ့ ညနေကတော့ ပေါင်းတလည်ဘက်ကနေ ရေဖြူကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းတွေ ဝင်လာတယ် အင်အားက (၈၀) ဝန်းကျင်လောက်တော့ရှိမယ်" လို့ ဒေသခံတစ်ဦးက ဒို့ပြည် ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0YYrvc6QdFW9CPQejPgykSQ5NuJasq1Gf6hgeN5WR8KuFBuuxRDzfMUooi8jbXakbl
3 035
ပြလို့ ရဲစခန်းကို ဆိုင်ကယ်စီး PDF တွေဝင်ပစ်လို့ ရဲ (၂) ဦးသေဆုံး
ဇူလိုင် ၃၀၊ ၂၀၂၆။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ပြလို့တိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရဲ(၂) ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၃) နာရီခွဲခန့်က ပြည်-အောင်လံကားလမ်းမကြီးဘေးမှာရှိနေတဲ့ ပြလို့တိုက်နယ်ရဲစခန်းကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရတဲ့နေရာမှာပဲ ရဲ(၁) ဦးသေဆုံးသလို (၁) ဦးကတော့ ဆေးရုံရောက်ချိန်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
"အလစ်အငိုက် ဝင်ပစ်တာပါ ခင်ဗျ။ ဆိုင်ကယ်နဲ့ စခန်းရှေ့ကဖြတ်မောင်းပြီး ဝင်ပစ်ရတာပါ ရှေ့ကကောင်ကျသွားတော့ ခြံစည်းရိုးအတွင်းပစ်ပြီး ၇ မိနစ်အတွင်း တမ်းဆုတ်တာပါဗျ။ လမ်းမကြီးဖြစ်တော့ အနီးက စစ်ကူလာနိုင်ခြေက ၁၀ မိနစ်အတွင်း ရောက်လာနိုင်တဲ့အတွက်ပါ" လို့ ပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ တာဝန်ရှိသူက ဒို့ပြည်သတင်းဌာနကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid0LrZJ1KkR9V8nMK1KSeqGc5CaEWfKH51uRorBKkXPpbiASoRZuHU28bVJYbZisW61l
3 035
+2
ညောင်ဦးလေဆိပ်ရှိ ရဟတ်ယာဉ် ဂျိုင်ရိုကော်ပတာတွေရှိရာကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်
ဇူလိုင် ၂၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ လေယာဉ်ကွင်းအတွင်းရှိ Mi 35 ရဟတ်ယာဉ် နှင့် ဂျိုင်ရိုကော်ပတာ(Gyrocopter) တွေထားတဲ့ နေရာကို ပစ်မှတ်ထားပြီး ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ည ၁၀ နာရီခွဲခန့်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၀၇ မမ၊ ရှော့တိုက်ဒုံး ၈ လုံးပစ်ခတ်တာမှာ ၅ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ Mission 57 ဖြစ်တယ်လို့ Brave Warriors for Myanmar (BWM) က ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
"လေဆိပ်ကိုမပစ်ပါဘူးခင်ဗျာ။ Mi35 ရပ်နားကွင်း လေယာဉ်ရပ်ရာနေရာ၊ Gyrocopter နေရာ ဆီကန် ကို ပစ်တာပါ။ နေ့လည်ကမှ အဖွဲ့တွေ လုံခြုံတဲ့အခြေအနေရှိလို့ ပျက်စီးမှု အခြေအနေကိုတော့ သတင်းထောက်နေဆဲပါ" လို့ BWM တာဝန်ခံ က ဒို့ပြည် သတင်းဌာန ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02L33qahuC38tssH8wHnFgQ6dZjgsGDzXK3jpJ3nax23bUMyjiMR4EtxmfsTeNLYPNl
3 035
ပြည်တွင်းစစ်အတွင်း အခြေခံပညာရေးသည် သူပေးအပ်သည့် ကျွန်ပညာရေး၊ ကိုယ်ပေးအပ်သည့် ကိုယ်ထူကိုယ်ထ သခင်ပညာရေးစသဖြင့် မည်သည့်ဘက်ကိုပဲ မဖြစ်မနေတက်ရမယ်လို့ ဘက်ခွဲမှု၊ ဖိနှိပ်ကန့်သတ်မှု၊ အရှက်ခွဲပိတ်ပင်မှုများအား အတတ်နိုင်ဆုံး ဆင်ခြင်ပယ်ဖျောက်ထားကြဖို့ လိုသည်။
"ဒို့ ဘက်ကယုံကြည်သလို ဒီဒေသအတွင်းက မင်းတို့ကလေးတွေလည်း အရွယ်ရောက်လာကြရင် မင်းတို့ ယုံကြည်ရမယ်။ ဒို့ဘက်ခြမ်းက မှန်တယ် ၊ လင်းတယ် ။ ဟိုဘက်တစ်ခြမ်းက မှောင်တယ် ၊ မှားတယ် ။ ဒီအတွက်ကြောင့် ဒို့ဘက်ကိုပဲအားပေးရမယ် ၊ ဒို့ဖွင့်ထားတဲ့ စာသင်ကျောင်းမှာပဲ မင်းတို့ တက်ကြရမယ် ၊ ဟိုဘက်အခြမ်းကို မုန်းတီးရမယ် ၊ တွန်းကန်ရမယ် ၊ ချေမှုန်းပစ်ရမယ် " စသဖြင့် ပညာသင်ကြားခွင့်ရှိနေရမည့် ကလေးငယ်များအပေါ် အာဏာအားဖြင့် ဘောင်ခတ်ကန့်သတ်စေမည့် "လှေနံဓားထစ် လုပ်ဟန်များ"ကို အသွေးအရောင်မတူညီကြသည့် ဘက်အသီးသီးက မလုပ်ဆောင်ကြဖို့ လိုသည်။
ဆောင်းပါးအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02m2p8stNGJdR8Ag6ht8AqsH1rSrtMpuRE3SEBrehAwPchpQEAdCfKEZ7DzRJnpydpl
3 035
ကြို့ပင်ကောက်မှာ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး(၁) ဦးသေဆုံးပြီး (၁) ဦးဆေးရုံတင်ထားရ
အမျိုးသား(၅) ဦးကို ဖမ်းဆီးထားပြီး စစ်ကြောင်းများဆက်လက်တပ်စွဲထား
ဇူလိုင် ၂၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီး(၁) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ် ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဇူလိုင်လ ၂၅ ရက်နေ့က အလယ်ကုန်းကျေးရွာရဲစခန်းကနေ ရုံးချောင်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အသက်(၃၃) နှစ်အရွယ်ရှိ မမိုးသီတာ ဟာ ဦးခေါင်းကိုထိမှန်ကာ ဆေးရုံတင်ထားရပြီးနောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0nMhTqnbmJmnDwB94yQkUao4g2ognXSZL88skWt73KsMnBQGhuL2c4yo6CnF4XMqVl
3 035
+3
တောင်ငူ မှာ လေကြောင်းက ဗုံးကြဲလို့ ကလေး(၂) ဦးအပါ မိသားစုဝင် (၈) ဦး သေဆုံး၊
🟥 မယ်တော်ဂူဘုရားကျောင်းလည်း ပျက်စီးသွား
ဇူလိုင် ၂၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ တောင်ငူမြို့နယ်၊ ပဲခူးရိုးမ၊ လေလာမြောင်ကျေးရွာ ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ယနေ့ဇူလိုင်လ ၂၇ ရက် ညဦးပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၅ ရက် နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန့်ခန့်က စစ်တပ် K8 - W လေယာဥ်နဲ့ လေလာမြောင်ကျေးရွာအတွင်းကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာအပြင် စက်လက်သေနတ်နဲ့လည်း ၁၀ ချက်ကျော်ပစ်ခတ်ခဲ့တဲ့အတွက် ဦးဇော်ဝမ်း မိသားစု ( ၅ ) ဦး၊ ဦးထီးစေး မိသားစု ( ၃ ) ဦး စုစုပေါင်း ဒေသခံ ၈ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0JzsgpZ2ERKTNsotootSuGXrGQTYdfvsug2iYfx7BybiAS3K2Rq77MYxXfqCMSBvol
3 035
ပြည်မြို့နယ်၊ ဝက်ထီးကန်ရဲစခန်းမှူးက လူငယ် (၇) ဦးကို သိန်း (၂၅၀)၊ (၁) ဦးကိုတော့ (၃၅) သိန်း နဲ့ ရွေးခိုင်းပြီး ပြန်လွှတ်
ဇူလိုင်လ ၂၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ရဲအုပ်တင်မောင်ဝင်းက ငွေကြေးအသီးသီးတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူကာယကံရှင်တွေနဲ့ နီးစပ်သူ၊ ဆွေမျိုးတော်စပ်သူတွေဆီက သိရပါတယ်။
ဝက်ထီးကန်ရဲစခန်းမှာ တပတ်ကြာဖမ်းဆီးခံရပြီးနောက် လူငယ်(၇) ဦးကို ယမန်နေ့ ဇူလိုင်လ(၂၅) ရက်နေ့က သိန်း (၂၅၀) နဲ့ ညှိနှိုင်းပြီး ပြန်ရွေးခဲ့ရတယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတွေက ဒို့ပြည် ကိုပြောပါတယ်။
"စခန်းမှူးတင်မောင်ဝင်းကိုပေးခဲ့ရတာ။ ပထမတုန်းကတစ်ယောက်ကို သိန်းတစ်ရာတောင်းတာ။ ညှိလိုက်တော့ သိန်းနှစ်ရာ့ငါးဆယ်နဲ့ ပြတ်တယ်။ ဟိုပေးဒီပေးနဲ့ သိန်းသုံးရာလောက် ကုန်သွားတယ်" လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02BAziyoocqswaMFJEbBdM6G92cSCNbP1zFswmfE8uSCH6JUZt1B2TtdD5Su9KsJKRl
3 035
ကြို့ပင်ကောက်မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ စစ်တပ်ဗိုလ်ကြီးမိသားစု နေအိမ်လည်းပျက်စီး ပြည်သူ(၂) ဦး အသတ်ခံရပြီး (၂) ဦးဖမ်းဆီးထား
ဇူလိုင် ၂၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ထဲကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။
ကြို့ပင်ကောက်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို ဇူလိုင်လ ၈ ရက်နေ့ ကစတင်ပြီး စစ်တပ်က ယနေ့အချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး (၈) ရက်နေ့မှာပဲ ကျခတ္တန်းကြီးရွာကအသက် ၅၈ နှစ်အရွယ် ဦးကြည်စိုး ကို ပစ်သတ်ခဲ့သလို ဇူလိုင်လ (၁၉) ရက်နေ့ကလည်း မြို့ကိုင်းကျေးရွာကို မီးရှို့တာမှာ လေဖြတ်နေတဲ့ အသက် (၆၇) နှစ်အရွယ်ရှိ ဦးစိန်ရွှေပါ နေအိမ်နဲ့ မီးရှို့အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid028r7ynH4rU2Vp3Wk5exQevoktc8SFtfGiSMEUBxXFKSwaQS1dWCRnD67J9D3G6ojQl
3 035
"မျှစ်ချိုးကအပြန် ဝါးရုံပင်ရိပ်တရေးအိပ်ခဲ့သည်"
==================================
(ဆောင်းပါး)
ဇူလိုင် ၂၆၊ ၂၀၂၆
ပုသိမ်-မုံရွာအဝေးပြေးလမ်းပေါ် ကားကြီးများဖြတ်သွားတိုင်း မြေကြီးတို့တုန်ခါသွားကြသည်။ တစ်ပြိုင်တည်းဆိုသလို အာခေါင်ခြစ်အော်လိုက်သည့်အင်ဂျင်သံက ဝဲယာတောအုပ်တောင်ကုန်း တစ်ဝိုက်ပဲ့ တင်ထပ်သွားပြန်သည်။ ကားလမ်းဘေးတဲလေး၏ကြမ်းခင်းလေးလည်း အနည်းငယ်လှုပ်ခါသွားတတ်သည်။ တဲကလေးထဲတွင်တော့ နို့စို့အရွယ်ကလေးနှစ်ဦးနှင့်မိခင်တို့ ပျံ့ကျဲနေကြသည်။ ဖခင်ဖြစ်သူကတော့ တောတန်းအုပ်အုပ်လေးထဲ မျှစ်ချိုးထွက်သွားခဲ့ပြီဖြစ်သည်။
တစ်ခုသော ဝါခေါင်လ၏ကောင်းကင်သည် ပြိုလည်းမပြို၊ ပွင့်လည်းမပွင့်နှင့် စိတ်ကောက်နေသော မိန်းမပျိုတစ်ဦးလို သုံမှုန်လို့သာနေတော့သည်။ ဘယ်တောအုပ်ဆီကမှန်းမသိ ပုဇဉ်းရင်ကွဲတစ်ကောင်က စူးစူးဝါးဝါးအော်ဟစ်နေ၏။ ရေဝနေသာသစ်တောသစ်ပင်တို့က စိမ်းစိုစိုနှင့် အညွှန့်တလူလူထွက်ချေသည်။ ခြုံနွယ်တောပင်ဆူးခတ်တို့ဖြင့်တောလေး၏ အောက်ခြေက စိမ်းခတ်ရှုပ်ထွေးလို့ ဖြတ်သွားသူကို ပွေ့ဖတ်ချည်နှောင်တတ်သေးသည်။
အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid022FZKpLELPYuK8XQRC7mAQ4dNDyfBQ3H2AJ9C7C3kVm255HAaRMUpjcUrwBZnN8mol
3 035
ပေါက်ခေါင်းမြို့နယ်မှာ ယနေ့ မနက်ပိုင်း လူငယ် (၁၀) ဦးကျော် စစ်မှုထမ်းဖမ်းခံရ
ဇူလိုင် ၂၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအုတ်တွင်းလမ်း နဲ့ တောင်နဝင်းဆည်ဝန်းကျင်မှာ လူငယ်(၁၀) ဦးကျော်ခန့် စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ချင်းလည်ဂိတ် ကနေ ညောင်ကုန်း၊ အုတ်ဖို ကျေးရွာလမ်းပိုင်းကို အင်အား(၂၅) ဦးပါ စစ်အုပ်လက်အောက်ခံအဖွဲ့တွေက ကင်းပတ်တာ၊ ကင်းပုန်းဝပ်တာတွေ ပြုလုပ်ပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဂိတ်အနီးဝန်းကျင်မှာရှိတဲ့ မြို့တောင်၊ ဘတ်ကုန်း၊ ချင်းလည်ကျေးရွာတွေက လူငယ်(၅) ဦးကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02ZFV2vrS28sn1U3PJ3hD1UoGEVwkj66GM2NjhfKSdft45fi1hL1RsjLGw4SJBGr6Kl
3 035
ဥသျှစ်ပင် က နိုင်ကျဉ်းဟောင်း ကိုအောင်ကျော်ဦးကို ပြန်လွှတ်ပေး
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်၊ လဲရွာက နိုင်ကျဉ်းဟောင်း ကိုအောင်ကျော်ဦးကို ပြန်လွှတ်ပေးလိုက်ပြီ လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကျော်ဦး(ခ) အရှည်ကြီး ကို ယမန်နေ့ နေ့လည် (၁၂) နာရီကတည်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ကာယကံရှင်က ဒို့ပြည်ကို ဆက်သွယ်ပြောဆိုပါတယ်။
"ကျွန်တော့် ကိုပေါ်တာဆွဲတာမျိုးမဟုတ်ပါဘူး နားလည်မှုလွဲပြီးခေါ်သွားခံရတာပါဗျ။ ကျွန်တော်ပြန်ရောက်တာမှန်ကန်ပါတယ်။ ကျွန်တော့်ကိုအသက်မေးပြီးပြန်လွှတ်လိုက်တာပါ အသက်ကျော်နေရင်မဆွဲပါဘူးဗျ" လို့ ကိုအောင်ကျော်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0Bc7bdB1k7wJX5jF11WJygubYFayat6BMcPjeGymDCFF2jwdghSjvnwB17Wo8n2aSl
3 035
+2
ကမ္ဘာကျော် ငပလီကမ်းခြေကို စစ်တပ်ကဗုံးကြဲ သံဃာနဲ့ ကလေးအပါ (၆) ဦး ဒဏ်ရာရ
🟥 ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး
ဇူလိုင် ၂၃၊ ၂၀၂၆။
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရဲ့ ဂျိတ္တော နဲ့ လင်းသာကမ်းခြေ (၂) နေရာကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်း နဲ့ အနီးပတ်ဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ (၁) စီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရလို့ ပုလဲရတနာဘုန်းကြီးကျောင်းနဲ့ အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၈) လုံး ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0raKqqt6895GtDo7B882kUGi8ptxDRFmhzvTq9VpMLkuyfrDQPutUCSTShv5utud2l
3 035
+9
ကမ္ဘာကျော် ငပလီကမ်းခြေကို စစ်တပ်ကဗုံးကြဲ သံဃာနဲ့ ကလေးအပါ (၆) ဦး ဒဏ်ရာရ
🟥 ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး
ဇူလိုင် ၂၃၊ ၂၀၂၆။
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရဲ့ ဂျိတ္တော နဲ့ လင်းသာကမ်းခြေ (၂) နေရာကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်း နဲ့ အနီးပတ်ဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ (၁) စီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရလို့ ပုလဲရတနာဘုန်းကြီးကျောင်းနဲ့ အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၈) လုံး ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0raKqqt6895GtDo7B882kUGi8ptxDRFmhzvTq9VpMLkuyfrDQPutUCSTShv5utud2l
3 035
ဥသျှစ်ပင် မှာ (၄၅) နှစ်အရွယ် နိုင်ကျဉ်းဟောင်းတစ်ဦး စစ်မှုထမ်းဖမ်းခံရ
🟥 နှလုံးရောဂါနဲ့ မကြာခဏဆေးကုနေရသူဖြစ်လို့ မိသားစုက စိုးရိမ်နေ
ဇူလိုင် ၂၃၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ က အသက်(၄၅) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ယနေ့ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက ဥသျှစ်ပင်၊ လဲရွာမှာ နေထိုင်တဲ့ ကိုအောင်ကျော်ဦး(ခ) အရှည်ကြီး ဟာ အပြင်သွားချိန် ပေါ်တာဆွဲဖမ်းဆီးတာကို ခံလိုက်ရပြီး ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
"ဒီမနက် ပေါ်တာဆွဲခံရတာပါ။ ဘယ်ချိန် ဘယ်နေရာတော့ အတိအကျမသိရသေးဘူး။ အခုထိဘယ်မှာရှိနေတယ်ဆို မသိရဘူး။ အဆက်အသွယ်လဲ မရသေးဘူး မိသားစုက စိုးရိမ်ပူပန် နေရတယ်။" လို့ မိသားစုနဲ့ နီးစပ်သူက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid0TtfuCLoC54AXHdS4qiXCov1xSg1dhQwSvzsA5baCovVhhxC39ykNqVS6xd1MfTUDl
3 035
နိုင်ကျဉ်း(၁၀၀) အပါအဝင် အကျဉ်းသား (၅၀၀) ကို သာယာဝတီထောင် ကို ပြောင်းရွေ့
ဇူလိုင် ၂၃၊ ၂၀၂၆
ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ အမျိုးသား နိုင်ငံရေးအကျဉ်းသား (၁၀၀) ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း (၅၀၀) ခန့်ကို ယနေ့ ဇူလိုင်လ (၂၃) ရက် နံနက်အစော (၃)နာရီမှာ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
ထောင်ပြောင်းရွေ့ရမယ့်သူတွေရဲ့ စာရင်းကို မပြောင်းရွေ့မီ တစ်ရက်အလိုကတည်းက ခေါ်ယူပြီး ယနေ့ နံနက်ပိုင်းအစောပိုင်းမှာတော့ ခြေကျင်းတွေခတ်ကာ ၁၂ ဘီးကားတွေနဲ့ သာယာဝတီထောင်ကို ရုတ်တရက် ခေါ်ဆောင် သွားခဲ့တာလို့ ဆိုပါတယ်။
"တောင်ငူထောင်ကနေ ထောင်ပြောင်းတွေကို ကားကြီး ၁၀ စီးနဲ့ ရှေ့မှာ လုံခြုံရေး ကားငယ် ၁၀ စီး၊ နောက်ပိတ် ၁၀ စီး နဲ့ စစ်သား၊ ရဲတွေ တွေလိုက်ပြီး ဒီနေ့ မနက် ၃ နာရီခွဲက ရန်ကုန်-မန္တလေးအမြန်လမ်းကို ထွက်သွားတယ်ဆိုတာ သတင်းရရှိပါတယ်" လို ဒို့ပြည် ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02BtvvoTRa8uhTLU5mXw5nKTv9sJCcxUZnSCJuSygJi1WiLGQgah7z7mDRPKiHREh4l
3 035
ပြည်မြို့နယ်မှာ ရာအိမ်မှူးသား စစ်မှုထမ်းဖမ်းဆီးခံရ၊ လွတ်ဖို့ အသည်းအသန် ကြိုးစားနေ
ဇူလိုင် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ တဲကြီးကုန်းအုပ်စု၊ ဆင်တဲကျေးရွာ ရာအိမ်မှူး ဦးအေးလွင် ရဲ့ သားအပါ(၂) ဦးဟာ စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ ညနေက ပြည်မြို့ကနေ ပြန်လာတဲ့ အသက် ၃၀ နှစ်ရှိ ကြက်ဖ(ခ) သက်ပိုင်ဖြိုး (ဦးအေးလွင်သား) နဲ့ အခြား တစ်ဦးတို့ကို ဇီးအုပ်၊ နတ်တလင်း သံတံတားကြီးနားမှာ စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
"ပြည်ကအပြန်အဖမ်းခံရတာ။ အေးလွင်သားနဲ့ နောက်တစ်ယောက်ပါ။ နောက်တစ်ယောက်က ဘယ်ကလဲတော့မသိဘူး။ အေးလွင်ကတော့ သူ့သားလွတ်ဖို့ ထွေအုပ်ကို အသည်းအသန်လိုက်နေတယ်။ အခုထိတော့ မရသေးဘူး" ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02xGnysTjnGmYMCvufpEkhVa6jRXCUjxA2ZZoMfSwxg2qNxATYqqauaJh39raGA6tul
3 035
ပြည်မြို့မှာ (၃) ရက်အတွင်း လူငယ် (၇) ဦး စစ်မှုထမ်းဖမ်းဆီးခံရ
ဇူလိုင် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရပ်ကွက်တွေထဲကနေ လူငယ်တွေ ဆက်တိုက်ဆိုသလို စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၁ နာရီခန့်က ပြည်မြို့၊ ပြည်တော်သာရပ်ကွက်ထိပ်၊ အထက(၁) ကျောင်းနားမှာ အေးမင်းနဲ့အဖွဲ့က ဧည့်စာရင်းစစ်အကြောင်းပြပြီး နေအိမ်တွေကိုဝင်ရောက်ကာ လူငယ်(၂) ဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0wZQMpdxG1mJguSbwX4P437k68yGWoqcBuLGxjyG5HHEKBs2JpCTmYD2VbHk5MWVpl
