ဒို့ပြည်-Doh Pyay
Ir al canal en Telegram
လူထုအတွက် သတင်းအချက်အလက်။ လူထုအနာဂတ် သတင်းအချက်အလက်။
Mostrar más3 019
Suscriptores
-124 horas
-77 días
+830 días
Archivo de publicaciones
3 020
သို့/ ဒို့ပြည်၊ မှ/ ပန်းတောင်းမြို့နယ်။
အောက်တိုဘာ ၁၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မြောင်အုပ်စု မြောင် အထက၊ မူလွန်ကျောင်းတွင်ကျောင်းသူကျောင်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ကလေးတွေဆီမှ ငွေကြေးများကိုမကြာခဏဆိုသလို ကောက်ခံနေပါသည်။
ထိုကျောင်းရှိဆရာ ၊ဆရာမများသည်ပင် စာသင်ချိန်တွင်စာသင်မှု့ နည်းပါးပြီး
ဖုန်းသုံးချိန်အလွန်များ၍ ကလေးများ စာလိုက်နိုင်စွမ်းလျော့ကြနေတာတွေ့ရပါသည်။
ကျောင်းသူကျောင်းသားများသည် ကျူရှင်ကိုမတက်လျှင်ပင်စာမတက်တော့သည့်အခြေနေသိုရောက်ရှိနေသည်ကို မြန်မာနိုင်ငံရှိပညာရေးဝန်ကြီးဌာနကိုသိစေချင်ပါသည်။ ကျူရှင်တက်သောကျောင်းသားများနှင့် ကျူရှင်မတက်သောကျောင်းသားများမှာအလွန်ကွာခြားနေတာကို ပညာရေးဝန်ကြီးဌာနသို့တိုင်ကြားလိုပါသည်။
အပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0YjwE5nXEVaYkQY1zZEvHcaadZZ9teiP77aGHUgCdfFT2h6twHBFF4fXN2bKAqHVwl
3 020
ပေါင်းတည်မှာ လေကြောင်းဆက်တိုက်ဗုံးကြဲ လသားမိန်းကလေးအပါ ကလေး(၂) ဦးသေဆုံး
အောက်တိုဘာ ၁၆၊ ၂၀၀၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့လို့ လူသေဆုံးမှုတွေနဲ့ ဒဏ်ရာရတာတွေရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ (၁၅) ရက် ယမန်နေ့ နံနက် (၁၀) နာရီခွဲခန့်က ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးသီး(၂) လုံးကြဲခဲ့သလို ပွိုင့်(၈) နဲ့လည်း ရွာအနီးကို ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက်ဆယ်နာရီခွဲလောက်ကပါ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲတယ်။ ရွာထဲကိုတစ်လုံးကျတယ်။ တောင်ခမောက်ချောင်းထဲကို တစ်လုံးကျပေါက်တယ် အဲတစ်ကြိမ်ကတော့ အထိအခိုက်မရှိဘူး" လို့ ဒေသခံက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02ppb6L7RHVsg1DRPfSgbmm4P1DgK2wUJk4uppcSfXmyhYHKpVR6Z9aQX2TTBTbz3al
3 020
ပေါင်းတည်မှာ စစ်တပ်က အချင်းချင်းဒရုန်းနဲ့ဗုံးမှားကြဲမိလို့ ဗိုလ်အပါအဝင် (၉) ဦး သေဆုံးသွား
◼️မိုင်းဆွဲတိုက်ခိုက်ခံရတာမှာလည်း (၃) ဦးသေဆုံးခဲ့
အောက်တိုဘာ ၁၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်မှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့ပေမဲ့ အချင်းချင်းပြန်ထိပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် (၉) ဦးသေဆုံးသွားတယ်လို့ ပြည်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။
အောက်တိုဘာလ(၆) ရက်နေ့ နံနက်(၅) နာရီခွဲခန့်က အင်အား(၇၀) နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို သဲမဲရွာနဲ့ ဖောင်အိုင်ရွာကြား(အရပ်အခေါ် စမ်းကုန်းနေရာအရောက်) နံနက်(၆) နာရီခွဲမှာ ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂) က မိုင်းကွင်း(၃) ကွင်းဆွဲ တိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်မှ (၃) ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရတဲ့နေရာကို စစ်တပ်က Drop Drone နဲ့ ဗုံးသီး(၁၀) လုံးကြဲချတာမှာ အချင်းချင်းမှားယွင်းကြဲချမိတဲ့အတွက် စစ်ဗိုလ်(၁) ဦးအပါအဝင် (၉) ထပ်မံသေဆုံးခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ-https://www.facebook.com/DohPyayNews/posts/pfbid036dWtvUXxFK7XNVqM5XvhVbkG4sjMAUcPimAG2NbNwjRhCAL4gXvcPZqHDLsrqiwMl
3 020
ပန်းတောင်း ဒေါင်းမြတ်နားအုပ်စုမှာ စစ်မှုထမ်းကြေး(၁) သိန်းထိတောင်း
🟥 လစဉ်ကြေးပုံမှန်တောင်းနေပေမဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေများနေ
အောက်တိုဘာ ၁၃၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စုထဲမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ကြေးဆိုပြီး (၁) သိန်းထိ တိုးတောင်းလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီကျေးရွာအုပ်စုမှာ အုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းမြင့် က ယခုအောက်တိုဘာ လကနေစတင်ပြီး စစ်မှုထမ်းသက်ပြည့်လူငယ်ရှိတဲ့ နေအိမ်တွေကို လစဉ်ကြေး (၁) သိန်းထိပေးဖို့ တိုးကောက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လတွေက တစ်လကို(၈) သောင်းကျပ်ပေးနေရပြီး ယခင်က တစ်လကို (၅) သောင်းကျပ်၊ လူငယ်မရှိတဲ့အိမ်တွေကို (၂) သောင်းကျပ် တောင်းယူနေတာဟာ စစ်မှုထမ်းဥပဒေအတည်ပြုချိန်ကစတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"အုပ်စုလူကြီးနဲ့ ရွာလူကြီးတွေက စစ်မှုထမ်းကြေးမတရားတိုးကောက်လာတာပါ။ ကျနော်တို့ထည့်ရတာပေါ့။ စစ်တပ်နဲ့ပေါင်းပြီး သက်ကြီးကြီးအိမ်တွေပါတောင်းတာ။ မပေးရင်မိဘတွေကိုဖမ်းမယ်တဲ့။ လတိုင်းပေးနေရတယ်။" လို့ ဒေသတွင်းလူငယ်တစ်ဦးက ဒို့ပြည်ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန််နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02vZZxCLgpaXCS4fxr9SnMhtXkjv91qDcdA9xYdjh1DfNheY9AC7yPCWYjYThmyjr1l
3 020
ပြည် မှာ ဝန်ကြီးချုပ်စိုက်ခိုင်းတဲ့ ဝါသီးနှံစိုက်ချေးငွေကို တောင်သူတွေမရ မစိုက်သူတွေနဲ့ခေါင်းဆောင်တွေရယူ
အောက်တိုဘာ ၁၃၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ သစ်ချိုပင်အုပ်စု(၆) ရွာကို ဝါစိုက်ပျိုးရေးဘဏ် ချေးငွေထုတ်ပေးတာမှာ တကယ်စိုက်ပျိုးနေတဲ့ တောင်သူတွေ မရကြဘူးလို့ တောင်သူတွေဆီက သိရပါတယ်။
သစ်ချိုပင်အုပ်စုမှာ အောက်တိုဘာလ(၁၁) ရက်နေ့က ဝါစိုက်ပျိုးတောင်သူတွေကို တစ်ဧက(၃) သိန်း ထုတ်ပေးရာမှာ ကျန်ရွာတွေက တောင်သူတွေရရှိကြပေမဲ့ ညောင်ပင်သာကျေးရွာမှာ ရွာခေါင်းဆောင်တွေဖြစ်တဲ့ (၂) ဦးထဲသာ ထုတ်ယူလာကြပြီး ကျန်တောင်သူတွေ တစ်ဦးမှ ငွေထုတ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
"တစ်ရွာတည်းကျန်ခဲ့တာပါ။ ကျန်တဲ့ရွာတွေရတယ် ရွာမှာတော့ ခေါင်းဆောင်နှစ်ဦး ထုတ်ကြတာပါ။ အခုထုတ်ထားတဲ့သူတွေဆိုဝါတစ်ပင်မှမရှိပဲ ထုတ်ထားတဲ့သူတွေရှိပါတယ်။ တစ်ချို့ဆိုတစ်ဧကလောက်စိုက်ထားပီး သုံးဧကလောက် ထုတ်ထားတယ်" လို့ ဝါစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
ညောင်ပင်သာကျေးရွာမှာ ဝါစိုက်ဧက (၅၀) ကျော်ရှိပြီး ၂၀၂၄ ခုနှစ်မှာ ဝါစိုက်ချေးငွေရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ မရခဲ့ဘဲ ယခု ၂၀၂၆ ခုနှစ်မှာ ပြန်လည်ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02uJ53ZwkVnVdrgQtuujdKXaG35F87d8aKE4DDZBW9ucBvUPFfcwx7MsoEYnGT8ww9l
3 020
မင်းတုန်း၊ မဲဇလီကို စစ်တပ်လေကြောင်းက တိုက်ခိုက်ပြန်လို့ ဒေသခံ (၁) ဦးသေဆုံး
အောက်တိုဘာ ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာ ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ(၁၂) ရက်နေ့ (၁၂) နာရီဝန်းကျင်ခန့်မှာ စက်တပ်လေထီး(၂) စီးနဲ့ (၂) ကြိမ်တိုင်တိုင် ဗုံးသီး(၈) လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာလို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
'မဲဇလီကြဲပြန်ပြီ တယောက်သေသိထားတယ်။ ဒဏ်ရာရတယ် ပျက်စီးဆုံးရှုံးမှုရှိတယ်။ မဲဇလီတောင်ခြမ်း ကားဂိတ်တန်းစီပြီးကြဲတာ။ လမ်းအရှေ့ဘက်ခြမ်းတောက်လျောက်ပဲ။ ပါရာမော်တာနဲ့ ကြဲတာလို့ သိရပါတယ်" လို့ ဒေသခံအမျိုးသားတစ်ဦးက အောက်တိုဘာ (၁၂) ရက် ယမန်နေ့ ညနေက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံကြည့်ရန််နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid067V3HUrxHp4HQQBWU249nyEHpuqZprGMJsPB9DqVZaxufxj3Ev8Ks5ELMTgHkRVJl
3 020
ကလေးချီပြီး ရထားလမ်းဖြတ်ကူးတဲ့မိခင် အမြန်ရထားတိုက်ခံရလို့ သေဆုံး
အောက်တိုဘာ ၁၃၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ မှာ DEMU(31) အဆန်အမြန်ရထားနဲ့ တိုက်မိတဲ့အတွက် ကလေးမိခင်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည် (၁) နာရီခန့်က ကညွှတ်ကွင်းမြို့၊ တောင်ကုန်းတဲကျေးရွာအကျော်၊ ပေါက်ပင်တံတားအနီး မှာ ရထားလမ်းကို ကလေးချီပြီးဖြတ်ကူးတဲ့ အသက်(၂၅) နှစ်အရွယ် မစုလှိုင်မှာ DEMU(31) အဆန်အမြန်ရထား နဲ့တိုက်မိပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ပဲခူးသတင်းစဉ်က ဖော်ပြထားပါတယ်။
မစုလှိုင်မှာ ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ၊ လက်ဘယ်ညာနှစ်ဖက်မှာ ပွန်းပဲ့ဒဏ်ရာ၊ ညာပခုံးပွန်းပဲ့ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန််နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0umNejqLKJpYDHsRPFr79d9mLHVUuzJQDqupgXtWE7aLLxLrUqrzF6hqTiXoT6V51l
3 020
+8
မဟာစည်ဆရာတော်ကြီးရဲ့ သမိုင်းဝင်ကျောင်းကို စစ်တပ်ကဗုံးကြဲလို့ စစ်ရှောင်(၂) ဦးသေဆုံး ဥပုသ်စောင့်နေသူတွေအပါ (၈) ဦးဒဏ်ရာရ
အောက်တိုဘာ ၁၁၊ ၂၀၂၆။
ယနေ့ အောက်တိုဘာ (၁၁) ရက်နေ့ တော်သလင်းလကွယ် ဥပုသ်နေ့မှာပဲ အာဏာသိမ်းစစ်တပ်က မဟာစည်ဆရာတော်ကြီးရဲ့ သမိုင်းဝင် မဟာစည်ကျောင်းတိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာရှိတဲ့ မဟာစည်ကျောင်းတိုက်ရိပ်သာကို ယနေ့ နေ့လည် (၁၂) နာရီခန့်မှာ စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေအပါ (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ရှောင် (၂) ဦးသေဆုံးခဲ့တယ်လို့ ပကဖအသံက ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ သာသနိကအဆောက်အအုံတွေဖြစ်တဲ့ ဓမ္မာရုံ၊ ရိပ်သာ၊ ဇရပ်စောင်းတန်း တွေအပါအဝင် အဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid02M8em1hqtdELYJ6FLd7C66ugXzeiiJeuGvXqLSF5AmEGtUkpCo9Daoi3XH1uEaTdxl
3 020
ပြည်၊ ခေတ္တရာမြို့သစ်မှာ (၁၁) ရက်ကြာတဲ့အထိ ရက်ရာဇာကုမ္ပဏီ က အမှိုက်လာမသိမ်း
အောက်တိုဘာ ၁၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီကနေ အမှိုက်သိမ်းဝန်ဆောင်မှုကို ကန်ထရိုက်ရယူထားတဲ့ ရက်ရာဇာကုမ္ပဏီဟာ ခေတ္တရာမြို့သစ်ရပ်ကွက်ထဲကို အမှိုက်လာမသိမ်းတာ (၁၁) ရက်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ခေတ္တရာမြို့သစ်ထဲကို ပုံမှန်အမှိုက်သိမ်းချိန် (၄) ရက်ကြား (၁) ကြိမ်အလှည့်ကျလာရောက်ပေးနေရာကနေ မြို့သစ် (၈) လမ်းထဲကို အောက်တိုဘာ(၁၀) ယမန်နေ့ကအထိ အမှိုက်လာမသိမ်းတာဟာ (၁၁) ရက်မြောက်ဖြစ်သွားပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေဆီက သိရပါတယ်။
"သူတို့လာမသိမ်းတာ ဆယ်ရက်ကြော်ကြာပီဖြစ်တဲ့ အမှိုက်တွေပါ။ တချို့နေရာတွေပိုဆိုးပါတယ်။ တချို့နေရာတွေကျခွေးတွေကဆွဲ ကလေး ဒိုက်ဖာတွေကအစအိတ်တွေထဲ ပွကြဲနေတဲ့အထိပါပဲ။ (၈) လမ်း (၃၊ ၅၊ ၇) ကွက်တွေက ပိုဆိုးပါတယ်။ အရင်ကတော့ပုံမှန်လာတော့အဆင်ပြေပါတယ်။" လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဒို့ပြည်ကို ယမန်နေ့ အောက်တိုဘာ(၁၀) ရက်နေ့ ညနေက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0aYzYJ76ii4aCYUZK6sAwNL8zpAuC5gnsC1MDMM2R6BmWiejAj9BP6PHoWSSx2ev8l
3 020
ပေါက်ခေါင်းမှာ အိမ်သုံးမီတာတွေအတွက် (၃) သိန်းဝန်းကျင်ပေးရ၊ တရားဝင်သတ်မှတ်ဈေးထပ်ပိုတောင်းနေ
အောက်တိုဘာ ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာနေအိမ်တွေမှာ အိမ်သုံးမီတာတွေကို လိုက်လံတပ်ဆင်ပေးနေပြီး သတ်မှတ်ဈေးထပ် ပိုမိုတောင်းခံနေတာလို့ ဒေသခံတွေကပြောပါတယ်။
ယခုလအောက်တိုဘာလဆန်းထဲမှာပဲ ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်အုပ်စု၊ ဇီးကုန်းကျေးရွာမှာ အိမ်သုံးမီတာတွေကို တပ်ဆင်ပေးနေတာမှာ မီတာတစ်လုံးတပ်ဆင်အပြီးကို (၂၈၀၀၀၀) ကျပ် မြို့နယ်လျှပ်စစ်ရုံးကို ပေးရတယ်လို့ သိရပါတယ်။
"မီတာအလုံးနဲ့ အိမ်နဲ့ပါ ဇီးကုန်းခုရက်ထဲဆင်နေတာပါ (၂၈၀၀၀၀) ကျပ်ပေးရပါတယ်။ တစ်ချို့နေရာက (၃) သိန်း ပေးကြရတယ်။ ဘယ်လိုကြောင့်ကွာဟနေတာလဲ သိချင်တာပါ။" လို့ ဒေသတွင်းနေထိုင်သူတစ်ဦးက ဒို့ပြည်ကိုပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေမှာ လျှပ်စစ်မီးရပြီးနေရာတွေကို လျှပ်စစ်ဌာနက လိုက်လံတပ်ဆင်နေတာဖြစ်ပြီး (၂၇၀၀၀၀) ကျပ်ကနေ (၃၀၀၀၀၀) သိန်းကျပ်အထိ ကွဲပြားမှုတွေရှိနေပြီး တောင်လည်ကျေးရွာမှာတော့ (၂၇၀၀၀၀) ကျပ် ပေးကြရတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0h1h7GDxN6v4YjWV5SncYUVfSerr2VtZeKVPhYBANYWPRCeYJtTgNxy4q6aPMy6Aql
3 020
တော်လှန်နယ်မြေထဲက လူမှုဘဝ၊ ယုံကြည်မျှော်လင့်မှုတွေအကြောင်း ရေးသားထားတဲ့ "စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး" စာအုပ်စတင်ဖြန့်ချီ (#ကြေညာကဏ္ဍ)
အောက်တိုဘာ ၁၀၊ ၂၀၂၆။
စာရေးဆရာမောင်လူမွှေး ရေးသားထားတဲ့ "စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး" ဆိုတဲ့ အက်ဆေး၊ ဆောင်းပါး ပေါင်းချုပ်စာအုပ်ကို ထိုင်းနိုင်ငံမှာ စတင်ဖြန့်ချီနေပြီလို့ သိရပါတယ်။
အဲဒီစာအုပ်မှာ တော်လှန်နယ်မြေထဲက ရဲဘော်တွေ၊ မိသားစုတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ အထိအခိုက်၊ အလှမ်းဝေးလှတဲ့ မျှော်လင့်ချက်တွေကို ဖော်ညွှန်းထားတဲ့ အက်ဆေးနဲ့ ဆောင်းပါး အပုဒ်-၁၀၀ ပါဝင်ပြီး စာမျက်နှာ-၃၀၀ ပါဝင်ပါတယ်။
"မောင်လူမွေးတို့ရဲဘော်တွေ တိုက်နေတာက အာဏာရှင်စစ်တပ်။ ရဲဘော်တွေအပါအဝင် တော်လှန်ရေးခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင်း၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူအားလုံးဝိုင်းတိုက်ဖျက်ကြရမှာက အာဏာရှင်စနစ်ဖြစ်တယ်။ အာဏာရှင်စနစ်ကို ကျည်ဆန် နဲ့ ပစ်လို့မရဘူးပညာနဲ့ ဖျက်မှ ရမယ်။" လို့ စာရေးသူက ဆိုထားပါတယ်။
ဒီစာအုပ်ရဲ့ တန်ဖိုးကိုတော့ ထိုင်းဘတ်ငွေ-၅၀၀ သတ်မှတ်ထားပြီး မှာယူချင်တယ်ဆိုရင်တော့ +66832482768 (Signal, Telegram) တို့ကနေ မှာယူနိုင်ပြီး ပို့ဆောင်ခကိုတော့ ဝယ်ယူသူဘက်က ကျခံရမှာဖြစ်ပါတယ်။
3 020
ထူးခြားတာ တခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်သစ် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေဟာ "ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းအခြေချမှုတွေနဲ့ အစ္စလာမ်ဘာသာကြောင့်" ဖြစ်တယ်လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာကနေ အပြစ်တင် ပြောကြားခဲ့တာပါ။
ဗမာပြည်မှာလည်း Facebook နဲ့ TikTok လို ဆိုရှယ်မီဒီယာတွေမှာ ပြင်သစ်ကျောင်းသားလှုပ်ရှားမှုကို မူစလင်တွေရဲ့ လှုပ်ရှားမှု တခုအဖြစ်နဲ့ လူမျိုးရေးမှိုင်းတိုက်နေတာကို တွေ့ရပါတယ်။
ဆောင်းပါးအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid021poxs5WfSoZ55PUsoYLgcK7gSBP7ZzGarsHrypMKgL4PUzUSFmKwRngsuf9kVrVbl
3 020
ပြည်မြို့မှာ ရေမီတာအသစ်တွေလက်မခံလို့ ရေတိုင်နဲ့ မီတာခ (၆) သောင်းအထိ တိုးကောက်ဖို့စာထုတ်
အောက်တိုဘာ ၉၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ရေပေးရေးလုပ်ငန်းတွေမှာ ငွေတိုးမြှင့်ကောက်ခံဖို့အတွက် စာထုတ်အကြောင်းကြားလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခုလို ရေတိုင်၊ ရေမီတာခတွေ ပြင်ဆင်စည်းကြပ်ကောက်ခံမှုကို ယမန်နေ့ အောက်တိုဘာ(၈) ရက်နေ့က မြစ်ရေသုံးစွဲနေကြတဲ့ ရပ်ကွက်တစ်ချို့ကနေအိမ်တွေကို လိုက်လံပေးခဲ့တာဖြစ်ပြီး ယခု အောက်တိုဘာလမှာပဲ တိုးမြှင့်ကောက်ခံမှာလို့ စာမှာရေးသားထားပါတယ်။
တိုးမြှင့်လိုက်တဲ့ စည်းကြပ်နှုန်းထားတွေကတော့ ရေတိုင်ခ (၁) လကို (၂၀၀၀၀) ကျပ်၊ ရေမီတာခ (၁) လကို (၁) ယူနစ် (၂၀၀၀) ကျပ်နှုန်းနဲ့ အခြေခံယူနစ်(၂၀) (၄၀၀၀၀) ကျပ်၊ ယူနစ်(၂၀) ထက် ပိုမိုသုံးစွဲပါက (၁) ယူနစ် (၂၀၀၀) ကျပ်နှုန်း နဲ့ ကျသင့်ယူနစ်အတိုင်း ကောက်ခံမယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန််နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0mSmkx4xjePQSnwhRU31MVpBy81NjJ8uX34j6RaRpatqzJz39rVLKWe82Z7Vqfx34l
3 020
စားအုံးဆီတစ်ပိဿ (၂၂၀၀၀) ကျပ် ပေးဝယ်ရလို့ ရပ်တည်ရခက်လာတဲ့ အကြော်ဆိုင်၊ ထမင်းဆိုင်နဲ့ စားသောက်ဆိုင်ငယ်များ
အောက်တိုဘာ ၇၊ ၂၀၂၆။
ပြင်ပပေါက်စျေး စားအုံးဆီတစ်ပိဿကို (၂၂၀၀၀) ကျပ်အထိ ပေးဝယ်နေရလို့ ဆီကိုအဓိကထား အသုံးပြုနေရတဲ့ အကြော်အလှော်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်လေးတွေ ရပ်တည်ရခက်ခဲလာတယ်လို့ သိရပါတယ်။
အခြေခံလူတန်းစားနဲ့ ဝန်ထမ်းလူလတ်တန်းစားတွေ အဓိကထားဝယ်ယူစားသောက်နေကြရတဲ့ ရပ်ကွက်အတွင်းရှိ အကြော်ဆိုင်၊ အသုပ်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်၊ အိမ်တွင်းအသေးစား မုန့်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့ စားအုံးဆီကို လိုသလောက်ဝယ်မရတဲ့အပြင် ဈေးနှုန်းအဆမတန်တက်နေတဲ့အတွက် ရပ်တည်ဖို့ခက်ခဲလာတယ်လို့ ဈေးဆိုင်ဖွင့်လှစ်ထားသူတွေက ပြောပါတယ်။
"ရပ်ကွက်ထဲက အကြော်ဆိုင်လေးတွေကတော့ ပိတ်ကြတာများတယ်။ ဘယ်လိုမှရောင်းမရဘူးလေ။ ရောင်းတဲ့ဈေးကလည်း ဒီထက်ပိုတက်လို့မရဘူး။ အကြော်တစ်ခါကြော်တယ်ဆို ဆီတစ်ပိဿ၊ တစ်ပိဿခွဲလောက် ဒယ်အိုးထဲထည့်မှ ကြော်ရတာ အဲမှာတင် ဆီတစ်မျိုးထဲ အရင်းက လေးသောင်းနားကပ်နေပြီ တခြားကုန်ကြမ်းမပါသေးဘူး ရောင်းရတဲ့ ပိုက်ဆံကကျတော့ အဲလောက်ပြန်မရဘူးလေ" လို့ ပြည်မြို့နယ်ထဲက အကြော်သယ်တစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid02s1ADX83GmDX6VLbMrcT7hky6UJzHi1x6ndL8RMFWdR7NV7vpBsH9rGpzom5nTaual
3 020
မင်းတုန်း ချင်းနစ်ရွာဆေးခန်းကို ပါရာမော်တာနဲ့ဗုံးကြဲလို့ ကလေး(၁) ဦးနဲ့ အဘိုးအို(၁) ဦးသေဆုံး
◼️ ဗုံး(၉) လုံးကြဲချသလို စက်သေနတ်နဲ့ပါပစ်ခတ်သွား
အောက်တိုဘာ ၉၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ချင်းနစ်ရွာဆေးခန်းကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာ(၃) စီးနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ(၈) ရက်နေ့ ညနေ(၅) နာရီခွဲခန့်က ချင်းနစ်ကျေးရွာအုပ်စုဆေးခန်းကို ဗုံးကြဲခဲ့တာဖြစ်ပြီး အသက်(၁၂) အရွယ် ယောက်ျားကလေး(၁) ဦးနဲ့ သက်ကြီးရွယ်အဘိုးအို (၁) ဦးတို့သေဆုံးခဲ့ရသလို (၃) ဦး ဒဏ်ရာရတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်က ဒို့ပြည် ကိုပြောပါတယ်။
"ကြဲလို့သေတာပဲသိရသေးတယ်။ အကုန်ပျက်တာပေါ့ အုပ်စုဆေးခန်းပါ။ ရွာကတော့ ရှောင်နေကြတဲ့သူများပါတယ်။ PDF အားကောင်းတဲ့နယ်မြေ (၃) မြေဆုံတဲ့နေရာ" လို့ ဒေသတွင်းသတင်းရင်းမြစ် က ဒို့ပြည် ကိုပြောပါတယ်။
ဗုံးကြဲခံရတဲ့အတွက် ဆေးခန်းတစ်ခုလုံးပျက်စီးသွားပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ကာ သေဆုံးသူတွေကတော့ ဦးထွန်းတင်(၈၃) နှစ် နဲ့ မောင်ဝေယံဦး (၁၂) နှစ်တို့ ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ မှိုက်ကျေးရွာ ကိုဘိုဘိုဝင်း(၂၅) နှစ် ၊ မပလောင် (၂၅) နှစ်၊ လက်ပွကျေးရွာမှ ကိုအောင်ဖြိုးဝေ (၂၅) နှစ် တို့ဖြစ်ကာ နွား(၇) ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02sKWLPwCJtMDxX4LZNn89ZrSW4UhMnhXNvDjuckpBBe5Xig1VgmAUgESeaCUfdGGZl
3 020
စစ်ရှောင်နေရတဲ့ ရခိုင်ရိုးမအစပ် ညောင်ခြေထောက်ရွာမှာ စစ်မှုထမ်းကြေး (၅) သောင်းကို ဇွတ်အတင်းကောက်ခံနေ
အောက်တိုဘာ ၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထာက်ကျေးရွာမှာ စစ်မှုထမ်ကင်းလွတ်ခွင့်အတွက် ငွေအဆမတန်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဥသျှစ်ပင်မြိုနဲ့ ရခိုင်ရိုးမကြားမှာရှိနေတဲ့ ညောင်ခြေထောက်ကျေးရွာမှာရှိနေတဲ့ ဒေသခံမိသားစုဝင်တွေကို စစ်မှုထမ်းကင်းလွတ်ဖို့အတွက် တစ်အိမ်ကို (၅) သောင်းထည့်ဖို့ ရွာအုပ်ချုပ်ရေးမှူး ကျော်ကျော်ဦးက အတင်းကောက်ခံခိုင်းနေတယ်လို့ ရွာအတွင်းနေထိုင်သူတွေက ပြောပါတယ်။
"သူများအိမ်သာကောက်တာ သူဆွေမျိုးတွေ အိမ်ကျ မထည့်ရပါဘူး။ အုပ်ကြီး ကျော်ကျော်ဦး၊ ရာအိမ်မှူးမျိုးဝင်း၊ စိန်ဝင်း၊ အောင်ဇာနည်ထွန်း၊ ပေတလူး ငါးယောက် အရမ်းကို ဆိုးပြီးသူတို့ ဆွေမျိုးတသိုက်က နေ့ပြန်တိုးတောင်းသလို ပေါ်တာကြေးကောက်ခံနေပါတယ်" လို့ ဒေသခံက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02dzJJ93fx2qSbU16F34xuJjz9FctWyQjKsUrnnrtzpT9eV1raV8oZZqtQzW2mmFiil
3 020
မြန်မာနိုင်ငံ လူ (၃) ဦးမှာ (၁) ဦး ဆင်းရဲနေပြီး (၁) ဦးဆင်းရဲတော့မယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာဖော်ပြ
အောက်တိုဘာ ၈၊ ၂၀၂၆။
မြန်မာနိုင်ငံရဲ့ လူ(၃) ဦး မှာ (၁) ဦးဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရပြီး ကျန် (၁) ဦးမှာလည်း ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်တော့မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က အစီရင်ခံစာ ဖော်ပြခဲ့ပါတယ်။
ဒီအစီရင်ခံစာကိုတော့ ယနေ့ အောက်တိုဘာ(၈) ရက်နေ့ မှာပဲထုတ်ပြန်ခဲ့တာဖြစ်ပြီး 'ဆင်းရဲနွမ်းပါးမှုဇာစ်မြစ်အလွှာများ" မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာအနှစ်ချုပ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုဟာ ကျယ်ပြန့်ပြီးနက်ရှိုင်းစွာ တည်ရှိနေပြီး မြန်မာနိုင်ငံရှိ လူသုံးဦးမှာ တစ်ဦးနီးပါး (သို့မဟုတ်) ခန့်မှန်းအားဖြင့် လူဦးရေ (၁၇.၉) သန်းခန့်ဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ်လူဦးရေ (၁၉.၅) သန်းခန့်ဟာလည်း ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နိုင်ခြေရှိနေပြီး အဲဒီကိန်းဂဏန်းနှစ်ခု ကို ပေါင်းလိုက်ပါက ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုအား လက်ရှိရင်ဆိုင်နေရသူတွေနဲ့ အဲဒီ အန္တရာယ်သက်ရောက်နိုင်ခြေရှိသူ ဦးရေမှာ စုစုပေါင်း လူဦးရေ၏ သုံးပုံနှစ်ပုံခန့် (သို့မဟုတ်) (၃၇.၅) သန်းခန့် ရှိတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန််နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid02e6Qz9AJEBQh46wSdvCxSjkSMDnWRTcr11bLWpRGpGJ9P2VDMAFXmrAKgsFYPv8Lel
3 020
ပြည်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းမဲနှိုက်ဖို့ အိမ်ထောင်စုစာရင်းတွေကို မိတ္တူဆွဲပို့ပေးရ၊ အချို့နေရာတွေမှာ အိမ်အရောက်လာတောင်း
အောက်တိုဘာ ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် အိမ်ထောင်စုစာရင်းတွေကို သွားပေးနေရသလို အိမ်အရောက်လာယူနေတာတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ(၃) ရက်နေ့က ရတနာမာန်အောင်ရပ်ကွက်နဲ့၊ ဂန္ဓမာရပ်ကွက်တွေမှာ ဓမ္မာရုံတွေကနေ ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို မိတ္တူ(၃) စောင်စီကူးထားပေးဖို့ ကြေညာခဲ့တာလို့ ရပ်ကွက်အတွင်းက သိရပါတယ်။
"စစ်မှုထမ်းမဲနှိုက်ဖို့ ဂန္ဓမာကတော့ ဓမ္မာရုံမှာ မိတ္တူသွားပေးရတယ်။ နှစ်စောင်ပေးရတယ် သူတို့ စစ်မှု့ထမ်းစာရင်းလုပ်ဖို့တဲ့" ကျန်တဲ့နေရာတွေမှာ ဘယ်လိုလည်းတော့ မသိဘူး" လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02hQxA2TtttyoZz16ACpYXeYktys7Rk7jLez5uve5w1Kmb3J4wLfWFYKEpFoe5nPgVl
3 020
ပြည်၊ ခွေးရဲရွာမှာ ညနေအချိန် စိုက်ပျိုးရေးဆေးဆိုင်ထဲအလုပ်သမားကို ပေါ်တာဝင်ဆွဲသွား
ပန်းရံ၊ လက်သမားလုပ်နေတဲ့ (၆) ဦးလည်း ဖမ်းခံရပြီး တစ်ဦးကို သိန်း(၁၃၀) တောင်း
အောက်တိုဘာ ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ခွေးရဲအလယ်စုကျေးရွာမှာ အလုပ်ချိန်အတွင်း စိုက်ပျိုးရေးဆေးဆိုင်ထဲမှာ အလုပ်လုပ်နေတဲ့လူငယ်ကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ (၆) ရက်နေ့ ညနေ (၄) နာရီခွဲခန့်က ခွေးရဲအလယ်စုရွာထိပ်မှာရှိတဲ့ စိုက်ပျိုးရေးဆေးဆိုင်ထဲမှ အသက် (၂၀) ဝန်းကျင်အရွယ်ရှိ မောင်တင်သန်း(အမည်လွှဲ) ကို ဝင်ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
"ကောင်လေးက ခွေးရဲအရှေ့စုရွာက ကလေး။ ဆွဲသံလည်းကြားရော အကုန်ဝရုန်းသုန်းကားပြေးကြရပါတယ်။ ပိုက်ဆံနဲ့ထုတ်ဖို့လိုက်သွားကြတယ်။ ပြန်ရလာ မရလာတော့မသိရသေးဘူး" လို့ ဒေသခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0DaiappRCFpJwx275Tk9zPe6zuDHTr9J9Z7pFv3hZNDVFwhKymzxyWENggYdgEjd3l
3 020
ပဲခူးတိုင်းမှာ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ပြီး မိုးကြီးနိုင် လက်ပံတန်း၊ သာယာဝတီ နေရာကွက် အလွန်မိုးကြီးမယ်
အောက်တိုဘာ ၇၊ ၂၀၂၆။
မုတ်သုံဆုတ်ခွါမယ့် ကာလရဲ့ လေထုမတည်မငြိမ် မှုတွေကြောင့် ပဲခူးတိုင်းထဲမှာ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နိုင်ပြီး မိုးသက်လေပြင်းတွေနဲ့အတူ နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုထားပါတယ်။
မိုးကြိုးမုန်တိုင်းကာလဟာ အောက်တိုဘာ (၆/၇) ရက်နေ့မှ အစပြုကာလဖြစ်ပြီး အောက်တိုဘာ (၈/၉) မှာတော့ မိုးခေတ္တလျော့နည်းချိန် လို့ ခန့်မှန်းကာ ပဲခူးရိုးမအရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်ဝှမ်း တောင်ငူ/ဖြူး အထက်ပိုင်းဒေသတွေမှာတော့ မိုးကွက်တွေရှိနေအုံးမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ (၁၀/၁၂) မှာတော့ ဒုတိယအကြိမ် မိုးပြန်အားကောင်းချိန်လို့ ခန့်မှန်းထားပြီး ပဲခူးတိုင်းတောင်ပိုင်း(ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါ) နဲ့ ပဲခူးတိုင်းအနောက်ပိုင်း( လက်ပံတန်း၊ သာယာဝတီ) တို့မှာ နေရာကွက်ကျား အလွန်မိုးကြီးမယ့်အခြေအနေ ကို ပြန်ရောက်လာမယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid0323hEpq7WCiEbNRXUREYQn9sVgCC69CqyJmWE1F8MQSuo8FxM7eyU5dLB9aV82UGHl
