ဒို့ပြည်-Doh Pyay
Открыть в Telegram
2 948
Подписчики
-224 часа
+277 дней
+4830 день
Архив постов
2 948
+2
ပဲခူး (၁၀) မိုင်ဂုံးအကျော်မှာ ယာဉ်တိုက်မှုဖြစ် အမျိုးသား(၂) ဦးသေဆုံး
ဇွန် ၁၁၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ဂုံးအကျော်၊ ရန်ကုန်-ပဲခူးလမ်းမကြီး ပေါ်မှာ (၂၂) ဘီးတွဲကားကို (၆) ဘီးကုန်တင်ကား က နောက်ကနေ ဝင်ရောက်တိုက််မိခဲ့ပြီး အမျိုးသား(၂) ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ MFSD က သတင်းထုတ်ပြန်ပါတယ်။
ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့်က NISSAN အပြာရောင် (၂၂)ဘီးကားကို အချိုရည်များတင်လာသော MITSUBISHI CANTER (၆)ဘီး ကုန်တင်ကားက နောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်ပြီး CANTER အဖြူရောင်(၆) ဘီးကား ယာဉ်မောင်း ကိုသက်ဝေဖြိုး နဲ့ ကားရှေ့ခန်းမှာ လိုက်ပါလာတဲ့ ကိုဇော်ဦး တို့မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0tsKYc2pBZ9FHRVbaHYgGVWrPopLG1tFTzponbWDkPTPouDtE3GaSE81mg4CKu3Anl
2 948
ပြည်၊ နဝဒေးတံတား မှ အမျိုးသမီးတဦး ခုန်ချသေဆုံး
ဇွန် ၁၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ နဝဒေးတံတားပေါ်ကနေ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း အမျိုးသမီးတဦး ခုန်ချသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက သိရပါတယ်။
ဇွန်လ ၁၀ ရက် ညနေ ၄ နာရီခန့်က နဝဒေးတံတား တိုင်အမှတ်(၇) နဲ့ (၈) ကနေ အမျိုးသမီးတဦး ခုန်ချသွားတာကို နဝဒေးတံတား ပန်းတောင်းမြို့ဘက်အခြမ်း ရဲကင်းက ရဲတပ်သားတဦး ကင်းလှည့်နေစဉ် မြင်တွေ့ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။
စစ်ဆေးရရှိမှုအရ သေဆုံးသူမှာ ဒေါ်ယဉ်ယဉ်နွယ် ဖြစ်ပြီး သေဆုံးမှုမှာ သမာရိုးကျဖြစ်စဉ်ဟုတ်မဟုတ် စစ်ဆေးနေပြီး သေဆုံးသူရဲ့ ဖြစ်စဉ်အသေးစိပ်ကိုတော့ မသိရသေးပါဘူး။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02WboNepnBPHhop9myKTuC2sudTf1vpd2vAVGtX5zGyWjHgJKLcnKzbPzfPKJWY8Srl
2 948
သာယာဝတီခရိုင် ဗျူဟာ (၂၂) ဗျူဟာမှူးဗိုလ်စောဂျိမ်း ရှေ့တန်းမှာ ကျဆုံး
ဇွန် ၁၁၊ ၂၀၂၆။
ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ တိုက်ပွဲအတွင်း မှာ ကွပ်ကွဲနေတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ(၂၂) ရဲ့ ဗျူဟာမှူး ဗိုလ်စောဂျိမ်း ကျဆုံးသွားပြီလို့ ဇွန် ၁၀ ရက်နေ့ မနက်က တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒို့ပြည် ကို ပြောပါတယ်။
ဗိုလ်စောဂျိမ်း ဟာ ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားတာဖြစ်ပြီး မေလ နှောင်းပိုင်း က အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာ ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်မှာ ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းဒဏ်ရရှိပြီး ဆေးကုနေဆဲ ယခုလိုကျဆုံးခဲ့တာလို့ သိရပါတယ်။
"ဗိုလ်စောဂျိမ်း ကျသွားပြီ။ MOD က ဘယ်လိုသတင်းထုတ်မလဲ မသိ။
Air Strike နဲ့ ကျတာ။ ဆေးတော့ကုကျသေးတယ်။ မနေ့က ဇွန် (၉) ရက်နေ့မှာ ဆုံးတယ်" လို့ တော်လှန်ရေးတပ်တာဝန်ရှိသူတဦးက ဇွန်လ(၁၀) ရက်နေ့ မနက်က ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02ds8fWiYh37ECKNptGLqPTar1qr1T1vZFzmmMuLSN6wnjnQF8XSh46nXn28884DdJl
2 948
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ရေပြာရဲစခန်းနဲ့ ပျူစခန်းကိုသိမ်းပိုက် (ရုပ်/သံ)
🟥 လူသားတံတိုင်းလုပ်ထားတဲ့ အမျိုးသမီးနဲ့ ကလေးအပါ ပြည်သူ(၂၀၀) ကျော်ကိုကယ်ထုတ်ခဲ့
ဇွန် ၁၀၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်း နဲ့ ကုက္ကိုစုပျူစောထီးစခန်းတို့ကို တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
"Operation Su " လို့အမည်ပေးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂ရက်နေ့ မနက် ၄ နာရီခွဲက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး အဲဒီနေ့နေ့လယ်ခင်းမှာပဲ ရေပြာ ရဲစခန်းကိုသိမ်းပိုက်ပြီး ဇွန်လ (၄ )ရက်နေ့ ညနေပိုင်းမှာတော့ ကုက္ကိုစုပျူစခန်းကို အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ယနေ့ဇွန်လ ၁၀ ရက်ညမှာပဲ သတင်းထုတ်ပြန်ပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/watch/?v=1198864632318781
2 948
ပြည်မှာ မင်းအောင်လှိုင်ကိုတင်စားထားတဲ့ ငွေလမင်းကြီး သီချင်းကို Facebook တင်တဲ့ အမျိုးသားတဦး ဖမ်ဆီးအမှုဖွင့်ခံရ
ဇွန် ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ မှာ အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင် ကို တင်စားရေးဖွဲ့ထားတဲ့ "လရောင်အောက်ကကုမုဒြာ" သီချင်းကို လူမှုကွန်ရက်(Facebook) မှာ Post တင် မျှဝေခဲ့တဲ့ (Share) ခဲ့တဲ့ အမျိုးသားတဦးကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြည်မြို့၊ ခေတ္တရာမြို့သစ်၊ (၂) လမ်း၊ (၄) ကွက် မှာ နေထိုင်တဲ့ အသက်(၄၀) ဝန်းကျင်ခန့်ရှိ ကိုမျိုးအောင် ကို ဇွန်လ ၃ ရက်နေ့ည ၁၁ နာရီခန့်က ဧည့်စာရင်းစစ်အကြောင်းပြီပြီးနောက် Facebook ပေါ် တင်ထားတဲ့ Post နဲ့ ပတ်သက်တဲ့ screen shot တွေပြသပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
"ပို့စ်(Post) ကိုတော့ ဖြုတ်လိုက်တယ် သတင်းဌာနမှာလည်း သွားပြီးတော့ မှတ်ချက် (comment) ဝင်ရေးထားတာလည်း ရှိတယ်။ ဟိုဘက်ကလာတာက screen shot တွေနဲ့လာဖမ်းတယ်" လို့ မြို့ခံအမျိုးသားတဦးက ဒို့ပြည်ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0EzfhSLSEVXrTopde9aXAmzkZ2g9TdgVDb75UMosWtsWF928yoaNXr2nNmeUw2Wznl
2 948
ပြည် ရပ်ကျးထဲမှ (၁) လ စစ်မှုထမ်း(၁) ဦး မဖြစ်မနေ စာရင်းနဲ့ဖမ်းခေါ်မယ်
🟥 အကျုံးဝင်သူတွေထွက်မပြေးရေး အုပ်ချုပ်ရေးမှူးတွေ စောင့်ကြည့်ဖို့ တာဝန်ပေး
ဇွန် ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကနေ (၁) လကို စစ်မှုထမ်းတပ်သားသစ်(၁) ဦး စာရင်းနဲ့ ဖမ်းဆီးခေါ်ဆောင် တော့မယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ပုလဲသီတာခန်းမမှာ အစည်းအဝေးတခုကိုပြုလုပ်ခဲ့တာဖြစ်ပြီး (၁) လ (၁) ယောက်ပေးဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက နာမည်စာရင်းပေးရမှာဖြစ်ပြီး နာမည်စာရင်းပါသူတွေကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်မယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0ci5WWGQ8cGqqC4uTcm85T5M1dATT7r2NUpBc5UJTANmEyiY7Aht9deXSQovLNZztl
2 948
ရွှေတောင်မြို့နယ်ကျေးရွာတွေမှာ စစ်မှုထမ်းကင်းလွတ်ခွင့် ငွေ(၁) သိန်းထိတောင်းနေပေမဲ့ လူငယ်တွေကိုအစည်းအဝေးခေါ် ဆင့်ခေါ်စာပို့
ဇွန် ၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်မှုထမ်းမလိုက်ရရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ငွေကျပ် ၆ သောင်းကနေ ၁ သိန်းအထိ ကောက်ခံနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုပေးနေရပေမဲ့ ရွှေဟင်္သာအုပ်စုထဲက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို မေလ ၂၈ ရက်နေ့က အစည်းအဝေးခေါ်ပြီး (၁) ဦးကို (၆) သောင်းကျပ်ကောက်ဖို့စီစဉ်နေသလို ဆင့်ခေါ်စာတွေကိုလည်း နေအိမ်ကို ပို့ထားတယ်လို့ ဒေသခံတဦးက ဒို့ပြည်ကိုပြောပါတယ်။
"အုပ်ကြီးနဲ့အပေါင်းအပါတွေက လူငယ်တွေကိုအစည်းအဝေးခေါ်တယ်။ အဲဒါအရင်ကပေးထားတဲ့ ပိုက်ဆံတွေက ဘယ်မှာလည်းမေးတော့ ပေါ်တာကြေးပေးလိုက်ပြီတဲ့ ဗြောင်လိမ်ပါတယ်။ ငွေပေးလို့မရဘူး လူလိုက်ရမယ်ဆိုပြီး နောက်ရက်ကျတော့ လိုက်ရမဲ့လူငယ်တွေတယောက်ကို (၆) သောင်းကောက်ဖို့ စီစဉ်နေပြန်ပါတယ်" လို့ ရွာခံအမျိုးသားတဦးက ဒို့ပြည်ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid028PEDCc6xCLoPLWCv78NvGHrKWh33BSJj9YQh1gV67mzXuyx6uBxPYxbZMXjuWYdsl
2 948
ညောင်ခြေထောက် ကပစ(၆) နဲ့ (၄) မိုင်အကွာမှာ တိုက်ပွဲဖြစ် စစ်သား(၂၀) ခန့်သေဆုံးပြီး ဒဏ်ရာရသူတွေကို ပြည်မြို့သို့ လူနာတင်ယာဉ်နဲ့ပို့
ဇွန် ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က (၂၇) မိုင်လမ်းဆုံ အနီးက စခန်းကုန်းတခုကို အာရက္ခတပ်တော်-AA နဲ့ မဟာမတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒို့ပြည်ရဲ့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ဇွန်လ ၆ ရက်မနက်မှာ ပြောပါတယ်။
ဇွန်လ ၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရတပ်ဘက်က (၂၀) ဦးခန့် သေဆုံးခဲ့ကာ ဒဏ်ရာရာသူတွေလည်းများခဲ့တယ်လို့ သူက ဆိုပါတယ်။
"တိုက်ပွဲက နှစ်ရက်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အရာရှိလို့ယူဆရတဲ့ ဒဏ်ရာရလူနာတွေကိုတော့ ပြည်မြို့ကို သယ်သွားကြတယ်။" လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ဇွန်လ ၅ ရက်နေ့ ၇ နာရီခွဲခန့်မှာ လူနာတင်ယာဉ် (၂) စီးနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပြီး ရွှေတောင် ကုတင်(၁၀၀) စစ်ဆေးရုံကို ပို့ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid0Ud8SSJeafqLr2sRifJtanBBo4uU3b7NzXBFrP9tG9LgHTjhnehCjVKt6t6imAZs6l
2 948
အုတ်ဖိုစစ်ရှောင်တွေကို မောင်းထုတ်ပြီး တန်ဖိုးရှိပစ္စည်းတွေ စစ်တပ်ကကားနဲ့သယ်ထုတ် (ရုပ်/သံ)
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အရှေ့ခြမ်းကျေးရွာ တွေက စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို စစ်တပ်က ကားနဲ့ သယ်ထုတ်နေတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။
အာဏာသိမ်းစစ်အစိုးရရဲ့ စစ်တပ်စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် ဒေသတွင်းက ကျေးရွာတွေဖြစ်တဲ့ ကျေးပျက်၊ ဘုရားကြီးကုန်း၊ သရက်နှစ်ဖျားလိမ်၊ ချောင်းခွ၊ ကျွန်းလှကုန်းရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို (၁၂) ဘီးကားနဲ့ သယ်ထုတ်နေတာလို့ ဆိုပါတယ်။
"ပြည်သူတွေကိုတိုက်ပွဲဖြစ်တော့မှာ မနေကြနဲ့လို့ပြောပြီး အတင်းသွားခိုင်းကြတယ်။ လာရင်တော့ ကားအခွန်နဲ့လာတာ၊ အပြန်ကြတော့ တင်ပြီးသွားကြတယ်။" လို့ ဒေသခံအမျိုးသားတဦးက ဒို့ပြည် ကိုပြောပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/reel/1575472590661922
2 948
သဲကုန်းမြို့နယ်မှ စစ်မှုထမ်းအမှတ်စဉ်(၂) စစ်သား (၄) ဦးသာ နေရပ်ပြန်လာနိုင်
ဇွန် ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်အတွင်း အာဏာသိမ်းစစ်အစိုးရရဲ့ စစ်မှုထမ်းတပ်သားသစ်(၄) ဦးသာ နေရပ်သာပြန်လာနိုင်တယ်လို့ သိရပါတယ်။
သဲကုန်းဒေသခံ တပ်သားသစ် (၄) ဦး ဟာ အမှတ်စဉ်(၂) ဆင်းကာ (၂) နှစ်တာဝန်ထမ်းဆောင် ပြီးတဲ့အတွက် နေရပ်ကို ပြန်လာချိန် မေလ ၂၈ ရက်နေ့က သဲကုန်းမြို့နယ်၊ ရုံးလမ်းမှာ စစ်အစိုးရလက်အောက်ခံ အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုခဲ့ကြတယ်လို့ စစ်အစိုးရရဲ့ ပဲခူးလွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အစိုးရဟာ စစ်မှုထမ်းအပတ်စဉ်(၁) တခုအတွက် တမြို့နယ်ကို အနည်းဆုံးတပ်သားသစ် (၄၀) စုဆောင်းပေးပို့ရတယ်လို့ ပြည်မြို့နယ်အတွင်းစစ်သားစုဆောင်းရေး အကြောင်းသိရှိထားသူက ဒို့ပြည်ကို ပြောထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/DohPyayNews/posts/pfbid0fXTMSWva6Hb6AWZZuCL2B9ccuwcGxZicPso9KYWvtztYg46nVTnEW6QwGbAWCyt3l
2 948
+2
ဆွာမြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးကျော်လင်းအောင်အပါ (၂၀) ဦးသေဆုံး
🟥 လေကြောင်းဗုံးကြဲလို့ စခန်း (၂) ခုကို မသိမ်းနိုင်ပေမဲ့ လက်နက်ခဲယမ်းတွေရ
ဇွန် ၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမကြီး(ဆွာရွာမ) ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ အင်အား(၆၀) ခန့်ရှိတဲ့ စစ်တပ်စခန်းကို PDF နဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၃) ရက်နေ့ နံနက် ၆ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်တပ်ဘက်က တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင် စစ်သား (၂၀) ကျော် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွါထွက်ပြေးသွားခဲ့ရာ အဲဒီနေ့ နံနက် ဆွာမကြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ညဦးပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/DohPyayNews/posts/pfbid0FynMU9xrq7wZvKBdabWR5GMW7kR9HpK6o25R46WkiHFYnsCL34McwcvopKSwZEuwl
2 948
ပေါက်ခေါင်း နဲ့ သဲကုန်းအစပ်ကို ဂျက်ဖိုက်တာ (၂) စီးနဲ့ ဗုံးကြဲ (Update news)
ဇွန် ၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အစပ်နဲ့ သဲကုန်းမြို့နယ်အစပ် နေရာကို အာဏာသိမ်းစစ်အစိုးရ လေတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က သဲကုန်းမြို့နယ်အပိုင် ကျွဲသေကျေးရွာအနီး တတောင်ကွေ့နေရာကို စစ်တပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ဗုံး(၂) လုံးကြဲချကာ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"အဲနေရာက အခုရက်ပိုင်းထဲ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ တောင်သူတွေလည်း တောင်ယာဝင်ချိန်ဖြစ်နေပြီ" လို့ ဒို့ပြည် ရဲ့ ဒေသတွင်းသတင်းရင်းမြစ် ကပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02XPSv48RNQbZ8U5ZYJAs93vuQhzqjv3CXPtsYyhmkrCMLCdqmBVapRkypRv1Cj4eml
2 948
ပေါင်းတလည်မှာ ဖမ်းခံလိုက်ရတဲ့ ပျူစောထီးခေါင်းဆောင်ချိုကြီး ပစ်ခတ်ခံရလို့ သေဆုံး
🟥 သားအဖ(၂) ဦး (၆) လခြားပြီး ရှေ့ဆင့်နောက်ဆင့် ရှင်းလင်းခံရတာဖြစ်
ဇွန် ၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့က ပျူစောထီးခေါင်းဆောင် စိုင်းသီဟ(ခ) ချိုကြီး ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း(၁) က ယနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
ချိုကြီးကို ဇွန်လ ၄ ရက် ညနေက ပေါင်းတလည်မြို့ရဲစခန်း မှ ချင်ရုပ်ကုန်းရွာကို ပြန်လာချိန် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြတာဖြစ်ပြီး စစ်ဆေးမေးမြန်းရန် စခန်းကိုခေါ်လာချိန် စီးလာတဲ့ဆိုင်ကယ်ကို ဆွဲလဲပြီး လက်နက်လုယူထွက်ပြေးဖို့ကြံစည်တဲ့အတွက် လမ်းခရီးတဝက်မှာပဲ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ချိုကြီးဟာ ပျူစောထီးသင်တန်းအပတ်စဉ်(၁) ကို ခလရ (၇၅) ပြည် ဒကစ မှာ တက်ရောက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရက ပေးတဲ့ လစာငွေ ၂၇၀၀၀၀ ကျပ်နဲ့ ဆန် (၈) ပြည် ဆီ(၅၀) သားကိုလည်း ရရှိထားသူဖြစ်တယ်လို့လည်းဆိုထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid037mqpqFPcHxixqyrXr5RQjrBEDzvTc6v8PKtEDnN9Ceb67vupZgJeUwdb6aJFF8csl
2 948
ပေါက်ကိုယ်တော် အားထားရတဲ့ ပျူစောထီး(၇၀)အုပ်စုလိုက် ဖမ်းမိ (ရုပ်/သံ)
ပျူခေါင်းဆောင်က နောက်လိုက်များကို တောတွင်းစွန့်ခွါထားခဲ့
ဇွန် ၆၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာက စခန်းဝင်သိမ်းချိန် အညံ့မခံအဖမ်းမခံဘဲ ထွက်ပြေးတဲ့ ပျူစောထီးတွေကို ပေါက်နယ်တနေရာမှာ အစုလိုက်ဖမ်းဆီးရမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု က ယနေ့ဇွန်လ ၆ ရက်နေ့ နံနက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။
အဲဒီပျူစောထီးအုပ်စုကို ယမန်နေ့ ဇွန်လ ၅ ရက်နေ့ ည ၇ နာရီခန့်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ပျူစောထီးနဲ့ မိသားစုဝင် (၇၀) ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီအုပ်စုထဲက ပျူခေါင်းဆောင်နဲ့ စစ်သား(၅) ဦး တို့ဟာ နောက်လိုက်ပျူစောထီးတွေကို စွန့်ခွါပြီး ဆက်လက်လွတ်မြောက်ထွက်ပြေးနေဆဲ မို့ တောနင်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/watch/?v=2094384361493438
2 948
ပျူစောထီးရွာကနေ ပြည်သူ့ရွာအဖြစ်ပြောင်းလဲခဲ့တဲ့ ဝက်ပုတ်ရွာကို တပ်က(၂) ကြိမ်မီးတင်ရှို့ (ရုပ်/သံ)
ဇွန် ၅၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက ဝက်ပုတ်ပြည်သူ့ကျေးရွာကို ယမန်နေ့ ဇွန်လ (၄) ရက်နေ့ နံနက် (၇) နာရီခန့်က အာဏာသိမ်းစစ်အစိုးရရဲ့ အင်အား(၈၀) ပါ စစ်ကြောင်းက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ က စစ်တပ်က မီးရှို့တာမှာ ဝတ်ပုတ်ရွာရဲ့ အိမ်ခြေ (၄၅) လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူတွေ အခက်ခဲဖြစ်နေကြရတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကို ပြောပါတယ်။
"တခြားလိုအပ်ချက်တွေကတော့ တော်တော်ကြုံရတယ်၊ ဒီဘက်တွေက ဟိုတလောကတည်းက ဖြတ်လေးဖြတ် စီမံကိန်းထဲမှာပါနေတော့ အခက်ခဲတွေနောက်ပြီး နေအိမ်တွေက ဆက်တိုက်မီးရှို့ခံနေရတာတွေ ဒီတနေရာတည်း ဒီတရွာတည်း မဟုတ်ဘဲနဲ့ မြစ်ခြေမှာလည်း အများကြီးအရှို့ခံကြရတယ်။ ဒီဒေသတလျှောက်က စစ်ရှောင်တွေရဲ့ အခြေအနေကတော်တော်ကို ခက်ခဲနေပါတယ်။" လို့ ကိုဘိုဘိုသန့်ဇင် က ဆက်ပြောပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/reel/1280212863866902
2 948
စစ်မှုထမ်းမဖမ်းဘူးလို့ လုံ/နယ်ဝန်ကြီး ငြင်းပေမဲ့ ပြည်မြို့မှာ အသက်မပြည့်တဲ့ လူငယ်(၂) ဦး ဖမ်းဆီးခံရပြန်
ဇွန် ၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ထဲမှာ ဇွန်လ ၃ ရက်နေ့က အသက်မပြည့်သေးတဲ့ လူငယ်(၂) ဦး ဖမ််းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၃ ရက်နေ့လည် က ပြည်မြို့နယ်၊ နတ်တလင်းကျေးရွာ၊ ပြည်-အောင်လံကားလမ်းဘေး တံတားမှာ ထိုင်နေတဲ့ အသက်(၁၈) နှစ်ဝင်ကာစ လူငယ်(၂) ဦးကို ဖမ်းဆီးကာ ၉၅၉ တပ်ထဲကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
"ကလေးတွေပြန်လွတ်ဖို့တော့ မိဘတွေက တဲစုရွာက ပျူစောထီးအာကြီးနဲ့ လိုက်ထုတ်ဖို့လုပ်နေကြတယ်။ ကလေးတွေက ၁၈ နှစ်မပြည့်သေးဘူး အခုမှ ဝင်ကာစပဲရှိသေးတယ်။ နေ့ခင်းကြီးကို ဆွဲသွားတာ အခု ၉၅၉ တပ်ထဲမှာလို့ သိရပါတယ်" လို့ ဒေသခံသတင်းရင်းမြစ်က ဒို့ပြည် ကို ယနေ့ ဇွန်လ ၅ ရက် မနက်မှာပဲ ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0NHdpzd3fC3TqtUJxcYtGLEYEnFPo7DmNY7wrppcFJtGhhzLCnYiEzHsaeof96Kdgl
2 948
+1
သဲကုန်းမြို့နယ်မှာ စစ်မှုထမ်းကြေးသိန်းချီကောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံး
ဇွန် ၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ လင်းလဲအုပ်စုက အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်၊ တပ်ရင်း(၁) က သတင်းထုတ်ပြန်ပါတယ်။
လင်းလဲရွာမှာနေထိုင်တဲ့ အသက်(၄၅) နှစ်အရွယ် အုပ်ချုပ်ရေးမှူး ခင်ဝင်း(ခ) ရှမ်းကြီးကို ဇွန်လ (၃) ရက်နေ့ ည(၉) နာရီခွဲခန့် မှာ လင်းလဲရွာ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၁)စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ပြောပါတယ်။
"လင်းလဲရွာကိုသွားပြီးတော့ပဲ သူ့အိမ်ရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ် သူအိမ်ရှေ့ထွက်လာတဲ့အချိန်မှာပဲ ညဆိုတော့ ပုတီးကုန်းရဲစခန်းနဲ့လည်း နီးတယ်။ တခါတည်းပဲသူ့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်။ ဦးခေါင်းထိမှန်သေဆုံးသွားတယ်။" လို့ ပြည်ခရိုင်တပ်ရင်း(၁)စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0uiF3BiBJudy9gKecbk1qiGLBVZ4Y2rjjwYmdTUD6RgJYLAaVPaeixCsVA1LgN8pNl
2 948
စစ်မှုထမ်းဖမ်းဆီးတာနဲ့ ငွေတောင်းနေတာတွေကို ပေါက်ခေါင်းအမတ် ကြယ်ပွင့်ပြမေးခွန်းမေး(ရုပ်/သံ)
ပဲခူး လုံ/နယ်ဝန်ကြီးက တချို့ကိုဝန်ခံ၊ တချို့ကိုငြင်းဆို ဖမ်းဆီးသူတွေကို အရေးယူမယ်လို့ဆို
ဇွန် ၅၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ အာဏာသိမ်းစစ်အစိုးရရဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်စွာလင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ပါတယ်။
ယမန်နေ့ ဇွန်လ ၄ ရက်နေ့က ကြည်ပွင့်ပြမေးခွန်းအဖြစ် ပြည်ခရိုင် နဲ့ နတ်တလင်းခရိုင်တွေမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ငွေ ၂ သောင်းကျပ်နဲ့ ၃ သောင်းကျပ်ကောက်ခံတာ၊ ပြည်မြို့နယ်မှာ လူငယ်တွေကို လမ်းတွေပေါ်မှာ စစ်ဆေးမေးမြန်းမှုမရှိဖမ်းတာ၊ သိန်း ၁၀၀ တောင်းပြန်လွှတ်တာနဲ့ ညဧည့်စာရင်းစစ်ဖမ်းဆီးတာတွေကို ဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်ဖို့ ရှိမရှိမေးမြန်း
ဒါ့အပြင်ပန်းတောင်း၊ အောင်လံ၊ ရွှေတောင်တို့မှ ပြည်သူ့စစ်တွေက ပြည်မြို့နယ် ဧရိယာထဲကိုလည်း နယ်ကျော်ဖမ်းလို့ လူငယ်တွေ ထွက်ပြေးနေရတယ်၊ မိဘတွေစိုးရိမ်၊ အလုပ်အကိုင်အခက်ခဲရှိနေတာတွေကို မေးမြန်းခဲ့ပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/reel/26284675211206667
2 948
မင်းတုန်း ရခိုင်ရိုးပေါ် တက်သွားတဲ့ စစ်တပ်အင်အား ၄၀၀ မှာ ၅၀ ကျော်သာကျန် ဗိုလ်အပါ ၂၀၀ ကျော်သေဆုံးပြီး အလံဖြူပြ အလင်းဝင်သူနဲ့ ထွက်ပြေးသွားကြ
ဇွန် ၄၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အနောက် ရခိုင်ရိုးပေါ်ကိုတက်သွားတဲ့ အာဏာသိမ်းစစ်တပ်အင်အား ၄၀၀ ကျော်မှာ ၅၀ ကျော်သာ ကျန်ရှိပြီး ရှေ့ဆက်မတိုးရဲဘဲဖြစ်နေတယ်လို့ ဒို့ပြည် ရဲ့ စစ်ရေးရင်းမြစ် က ယနေ့ ဇွန်လ ၄ ရက် ညမှာပဲ ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ မေလ ၃၀ ရက်နေ့ က စတင်တက်သွားတာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ အထိ ၄ ရက်တာ တိုက်ပွဲမှာ ၂၀၀ ကျော် သေဆုံးကာ ထွက်ပြေးသူ၊ အလံဖြူပြသူ နဲ့ အလင်းဝင်လာသူ ဟာ ၁၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။
"ပြေးတာနဲ့ အလံဖြူထောင်တာက တရာလောက်ရှိမယ်။ အလံဖြူထောင်တာလည်းများတယ်။ တချို့က အလင်းဝင်တာနဲ့ ပြေးတာပါ" လို့ စစ်ရေးရင်းမြစ်က ဒို့ပြည် ကို ပြောပါတယ်။
အင်အား ၁၀၀၀ ခန့်ပို့တာမှာ ကျန်အင်အား ၆၀၀ ကတော့ မင်းတုန်းမြောက်ဘက်ခြမ်းမှာ နေရာယူထားတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0hZqY6W8xvaWiG8cPrbz9NXnRHvA35uNqyCJLZMWwyGvH8ojyJT9CUtwLK5iYjLfXl
2 948
PDF ယောင်ဆောင်ကာ လင်ကိုသတ်မယားကို အဓမ္မပြုခဲ့သူရဲ့ ထွက်ဆိုချက် (ရုပ်/သံ)
ဇွန် ၄၊ ၂၀၂၆။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်း ကျေးရွာမှ သိန်းသန်းစိုး ဟာ ဇွန်လ ၁ ရက်နေ့က ဂွေးပင်ကျေးရွာက နေအိမ်တအိမ်ကို ဝင်ရောက်ပြီး လင်မယားနှစ်ဦး ထဲက လင်ကိုသတ်ပြီး မယားဖြစ်သူကို အဓမ္မကျင့်မှု တခုပြုလုပ်ခဲ့တယ်လို့ ဖမ်းဆီးခံရပြီးနောက် ထွက်ဆိုချက်ပေးခဲ့တယ်လို့ သိရပါတယ်။
သိန်းသန်းစိုးကိုတော့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဖမ်းဆီးထိန်းသိန်းခဲ့ပြီး စစ်ဆေးတာမှာ အခုလို ထွက်ဆိုချက်ပေးခဲ့တာပဲဖြစ်ပါတယ်။
သိန်းသန်းစိုး ကျူးလွန်ခဲ့သူထဲက ယောက်ျားဖြစ်သူဟာ အသတ်မသေဘဲ လွတ်မြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/watch/?v=1982689992392840
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
