ဒို့ပြည်-Doh Pyay
Kanalga Telegram’da o‘tish
လူထုအတွက် သတင်းအချက်အလက်။ လူထုအနာဂတ် သတင်းအချက်အလက်။
Ko'proq ko'rsatish3 013
Obunachilar
-324 soatlar
-27 kun
-3830 kun
Ma'lumot yuklanmoqda...
O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26Sen '26
Sentabr '26
+50
1 kanalda
Avgust '26
+96
2 kanalda
Get PRO
Iyul '26
+121
1 kanalda
Get PRO
Iyun '26
+137
1 kanalda
Get PRO
May '26
+65
0 kanalda
Get PRO
Aprel '26
+68
0 kanalda
Get PRO
Mart '26
+135
2 kanalda
Get PRO
Fevral '26
+182
1 kanalda
Get PRO
Yanvar '26
+204
1 kanalda
Get PRO
Dekabr '25
+357
1 kanalda
Get PRO
Noyabr '25
+279
1 kanalda
Get PRO
Oktabr '25
+172
2 kanalda
Get PRO
Sentabr '25
+156
1 kanalda
Get PRO
Avgust '25
+170
1 kanalda
Get PRO
Iyul '25
+214
1 kanalda
Get PRO
Iyun '25
+1 659
2 kanalda
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 27 Sentabr | 0 | |||
| 26 Sentabr | 0 | |||
| 25 Sentabr | 0 | |||
| 24 Sentabr | +5 | |||
| 23 Sentabr | +2 | |||
| 22 Sentabr | 0 | |||
| 21 Sentabr | +2 | |||
| 20 Sentabr | +2 | |||
| 19 Sentabr | +4 | |||
| 18 Sentabr | +2 | |||
| 17 Sentabr | +5 | |||
| 16 Sentabr | 0 | |||
| 15 Sentabr | +1 | |||
| 14 Sentabr | +2 | |||
| 13 Sentabr | +1 | |||
| 12 Sentabr | +2 | |||
| 11 Sentabr | +1 | |||
| 10 Sentabr | +5 | |||
| 09 Sentabr | 0 | |||
| 08 Sentabr | +2 | |||
| 07 Sentabr | +3 | |||
| 06 Sentabr | +2 | |||
| 05 Sentabr | +4 | |||
| 04 Sentabr | +1 | |||
| 03 Sentabr | +3 | |||
| 02 Sentabr | 0 | |||
| 01 Sentabr | +1 |
Kanal postlari
ပြည်၊ ဝက်ထီးကန်မှာ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေ သောက်စားမူးယစ်ပြီး ဒေသခံတွေကို ခြိမ်းခြောက် ရိုက်နှက်
စက်တင်ဘာ ၂၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် တလုပ်ပင်ရွာမြောက်စုမှာ ဝိုင်းဖွဲ့သောက်စားပြီးနောက် စစ်သား၊ ရဲ နဲ့ ပျူစောထီးအုပ်စုတွေဟာ အနီးနားရွာတွေကို လှည့်လည်သောင်းကျန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာ(၂၄) ရက် နေ့လည်(၁) နာရီခန့်က တလုပ်ပင်မြောက်စုမှာနေထိုင်တဲ့ အောင်ကိုမင်း ဆိုသူရဲ့နေအိမ်မှာ သောက်စားပျော်ပါးကာ ကာရာအိုကေတွေဆိုပြီးနောက် (၂) နာရီခန့်မှာတော့ အင်အား(၃၀) ခန့်ရှိတဲ့ စစ်သား၊ ရဲ၊ ပျူစောထီးအုပ်စုဟာ အနီးနား ကျေးရွာတွေထဲကို လှည့်လည် သောင်းကျန်းမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
"အစားအသောက်နဲ့ အရက်တိုက်တယ်၊ ကာရာအိုကေတွေဆိုကြတယ်။ ပြည်သူတွေကို ဂရုမစိုက်ဘူးပေါ့။ အဲလိုလုပ်နေတာ။ ဘာမှတော့ မလုပ်ပါဘူး။ ရွာတွေမှာ လျှောက်ပြီး သောင်းကျန်းတာ ဟိုလူ့မေးဒီလူမေးနဲ့။ ဧည့်ခံတာက တလုပ်ပင်အုပ်ချုပ်ရေးမှူးသန်းဇော်/ဘာဂျာ ရဲ့ ညီအောင်ကိုမင်းပါ။" လို့ ဒေသခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0YodvMKurPZU9W1fSWsrFrnzpuEwhtjm5VpfP3dTqMXUm77BAymenJ1Sq1WhWHFQbl
| 2 | ဇီးကုန်းမြို့ ရန်ကုန်-ပြည်လမ်းမှာ ဗုံးပေါက်ကွဲမှုလို အသံတွေ ဆက်တိုက်ကြား (Breaking News)
စက်တင်ဘာ ၂၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းမှာ ဗုံးပေါက်ကွဲသံတွေလို အသံတွေ ဆက်တိုက်ကြားလိုက်ရတယ်လို့ မြို့ခံဆီက သိရပါတယ်။
ယနေ့ စက်တင်ဘာ(၂၄) ရက် ည (၉) နာရီ (၄၀) မိနစ်ခန့်က အမှတ်(၃) ရပ်ကွက်၊ စမ်းရွာရပ်အနီး တံတား လုံခြုံရေးစစ်သားတွေနဲ့ မနီးမဝေးမှာရှိတဲ့ KTV အနီးမှာ ပေါက်ကွဲသံ(၃) ချက်ကို ဆက်တိုက်ကြားလိုက်ရတာလို့ မြို့ခံဆီကသိရပါတယ်။
"ရန်ကုန် -ပြည်ကားလမ်းဘေးက KTV ထဲမှာ ဗုံးပေါက်တာလား အပြင်မှာဖြစ်တာလား နေရာအတိအကျတော့ မသိသေးဘူး။ အဲ့နားလေးပဲ စစ်တပ်ဂိတ်နဲ့လည်း ပေ (၂၀၀) လောက်ပဲဝေးမယ်။ စစ်တပ်ဂိတ်က ဖျက်ပစ်တာကြာပီ။ ဂိတ်မရှိပေမဲ့ စမ်းရွာတံတားပေါ်မှာ စစ်သားတွေ ကင်းချထားတယ်။ အိမ်တောင်တုန်တယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0B8r4AZ9F2nsJamsA3myjj87D5vrJM12FBG1ZJqJe37572PmtEWETThb7dXzmpi4Nl | 788 |
| 3 | https://www.facebook.com/reel/1387924710118374 | 835 |
| 4 | စာဖတ်ဝါသနာပါပြီ အားတဲ့အချိန်တိုင်းစာကြည့်တိုက်သွား စာတအားဖတ်ခဲ့တယ်လို့ အာဏာသိမ်းအစိုးရခေါင်းဆောင်ပြော
စက်တင်ဘာ ၂၄၊ ၂၀၂၆။
အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင် က သူ့ကိုယ့်သူ စာတအားဖတ်ခဲ့သူဖြစ်တယ်လို့ Time Magazine နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
Time Magazine က သတင်းထောက် Charlie Campbell နဲ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၈) ရက်နေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အင်တာဗျူးအဆုံးသတ်ခါနီးမှာ မိသားစုအကြောင်းကို မေးမြန်းချိန် အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ကျနော်စာဖတ်ဝါသနာပါတယ် မိဘတွေကလည်း စာဖတ်တာအားပေးတယ်။ ကျနော်စာဖတ်တယ်။ ကျနော်ကတော့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ ဝတ္တုတို့ အကုန်ဖတ်တယ်။ ကျနော်စာကြည့်တိုက်သွားရင်လည်း မိဘတွေက အားပေးတယ် ကျနော်အားတဲ့အချိန်တိုင်း စာကြည့်တိုက်သွားတယ် ဒါတွေက ငယ်ငယ်က စာဖတ်တဲ့အကျင့်ကို မိဘတွေက လုပ်ပေးခဲ့တာရှိတယ် ကျနော်ကိုယ်တိုင်ကို ဝါသနာပါလို့ ဒီပုံစံရအောင် လုပ်ပေးတယ်" အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid02u5AzX9haFHgBdUVLCioxBwEapiNkzKnkTnpRTaNgJhSc1cXyvoT65qsZLtfW2LrLl | 842 |
| 5 | ပြည်မြို့မှာ လုံခြုံရေးရဲတွေက ဆိုင်ကယ်စီး သူတွေကို လမ်းကြုံဖမ်း ငွေညှစ်၊ ငွေမပေးနိုင်သူကို အမှုဖွင့်
◼️ စက်တင်ဘာ ၂၄ ရက်ကစပြီး ပြည်မြို့ ဆိုင်ကယ်လိုင်စင်တွေ စီမံချက်နဲ့ ဖမ်းမယ်
စက်တင်ဘာ ၂၃၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲမှာ လမ်းသွာလမ်းလာစီးနင်းနေကြတဲ့ ဆိုင်ကယ်မောင်းနှင််နေသူတွေကို ယာဉ်ထိန်းရဲ မဟုတ်တဲ့ လုံခြုံရေးရဲတွေက လမ်းကြုံဖမ်းဆီးပြီးငွေညှစ်ပြီး ငွေပေးမှပြန်လွှတ်ပေးတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မြို့ခံကပြောပါတယ်။
ဖမ်းဆီးတဲ့ ရဲတွေဟာ အဖွဲ့အစည်းနဲ့ ယာဉ်စည်းကလမ်းစည်းကမ်းအရ ထိန်းသိမ်းဖမ်းဆီးတာမျိုးမဟုတ်ဘဲ နယ်မြေလုံခြုံရေးရဲ တွေက အခြားကိစ္စသွားလာရင်းနဲ့ လမ်းမှာတွေ့တဲ့သူတွေကို တားမြစ်စစ်ဆေးပြီး ဖမ်းဆီးငွေတောင်းတာလို့ ဆိုပါတယ်။
"အရင်ရက်ကဆို အဖွဲ့အစည်းနဲ့ဖမ်းတာမျိုးမဟုတ်ဘဲ၊ တရားရုံးကို အချုပ်ထုတ်တဲ့ အချုပ်ကားနောက်ကလိုက်တဲ့ လုံခြုံရေးရဲတွေက လမ်းမှာ ရှောင်တခင်လမ်းကြုံဖမ်းတာပါ။ ဖမ်းလာတာတွေကိုလဲ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတဲ့သူတွေရှိသလို ပိုက်ဆံမရလို့ အမှုဖွင့် ထောင်ချထားတာတွေ အခုထိရှိပါတယ်။ အဲ့နားတစ်ဝိုက်လဲ ကြိုက်တဲ့သူမေးလို့ရပါတယ်။" လို့ ကိုယ်တွေ့ကြုံခဲ့ရသူက ဒို့ပြည်ကို စက်တင်ဘာလ (၂၂) ရက်နေ့မှာ ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02MbqNtXRMdxF1zz3zwSHzhCFy1cdUZSQqnCsu59EZY6BB7B6KRLqmPHYpDTMCVmLMl | 965 |
| 6 | မင်းတုန်းနယ် (၂) ရက်ကြာတိုက်ပွဲ စစ်တပ်သေဆုံးများပြား လက်နက်ခဲယမ်းများစွာ AA ရရှိသွား
စက်တင်ဘာ ၂၃၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အစပ် ရခိုင်ရိုးမထဲမှာ အာရက္ခတပ်တော်-AA ရဲ့ တိုက်ခိုက်တာကိုခံရတဲ့အတွက် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်သေဆုံးမှုများပြားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ စက်တင်ဘာလ(၂၂) ရက် ည (၁၀) မှာ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပြီး ရခိုင်၊ မကွေးအစပ် မင်းတုန်းမြို့နယ်၊ သဖန်ရောင်တိုက်ပွဲ၊ ကံကြိုးကျေးရွာအနီး ပွိုင့် (၉၄၈) ကုန်းအနီး စက်တင်ဘာ (၂၀၊ ၂၁) ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းမိထားသလို သေဆုံးတဲ့ စစ်သားအလောင်းတွေကိုလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံကြည့်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0MdURfZ13A7Wjscdm91RRGpRj1mN4mSKLYtQ9SJUHWQ4NrXpTyvA4hv1evAYihER3l?locale=th_TH | 1 130 |
| 7 | ပြည်မြို့နယ်မှာ စစ်မှုထမ်းဖမ်းထားတဲ့ လူငယ် (၂) ဦးကိုပြန်လွှတ်လိုက်လို့ ရဲနဲ့ စစ်သားတွေရန်ဖြစ်စကားများ
◼️လွှတ်ပေးလိုက်သူတွေကို ပြန်ဖမ်းဖို့ စစ်သား၊ ပျူစောထီးတွေ အင်အားသုံးရွာထဲဝင်
စက်တင်ဘာ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေထဲက လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ညှိနှိုင်းပြန်လွှတ်ပေးလိုက်တဲ့အတွက် စစ်တပ်နဲ့ ပျူစောထီးတွေ ပြန်ထည့်ပေးဖို့ လာတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ စက်တင်ဘာ(၂၀) ညနေ (၃) နာရီခန့်က တလုပ်ပင်မြောက်စုရွာက လူငယ်(၂) ဦးကို ဝက်ထီးကန်ရဲစခန်းတွေက လာရောက်ပေါ်တာဆွဲသွားခဲ့ပြီး ကျေးရွာမိသားစုက လိုက်လံညှိနှိုင်းခဲ့ရာ လူငယ်တွေကို ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံကဆိုပါတယ်။
"ညနေကပြန်လွှတ်ပေးလိုက်တဲ့ ကလေးနှစ်ယောက်ကို ပြန်လာတောင်းယူနေတယ်။ စစ်--၊ ပျူနဲ့ ရဲတွေအများကြီးပဲ သူတို့ချင်းလည်း စကားများနေတယ်။ ည(၇) နာရီအထိရွာထဲမှာရှိနေတုန်းပဲ" လို့ ဒေသခံက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid03P1RDbC3t1sbrqWbGwYCkbu4ZQREYECXA79e7sx1eBDwagLU27Mhhw9WsPN4TASil | 1 344 |
| 8 | ဝက်ထီးကန်နယ်မှာ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးတချို့ ပြောင်းရွှေ့တိမ်းရှောင်နေ
စက်တင်ဘာ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေထဲက အုပ်ချုပ်ရေးမှူးတချို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ (၁၈) ရက်နေ့ က သစ်ချိုပင်အုပ်စုအုပ်ချုပ်ရေးမှူး ကျော်ဆန်းကို လက်နက်ကိုင်လူတစ်စုက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် နယ်မြေအတွင်းမှာရှိတဲ့ တဲကြီးကုန်းအုပ်စုအုပ်ကြီးဝင်းမြ နဲ့ အင်းဝင်းအုပ်စုအုပ်ကြီးကျော်သန်း တို့ပြောင်းရွေ့ထွက်ပြေး ရှောင်တိမ်းနေကြတယ်လို့ ဒေသတွင်းက သိရပါတယ်။
"အုပ်ကြီးကျော်ဆန်းရှင်းခံရတဲ့နေ ညနေမှာပဲ တဲကြီးကုန်းအုပ်စုအုပ်ကြီးဝင်းမြ ကို သူ့သားက ကားနဲ့ ဝက်ထီးကန်ရဲစခန်းကိုခေါ်သွားတယ်။ သူ့သားကရဲ ဝက်ထီးကန်ရဲစခန်းမှာ တာဝန်ကျနေတာ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0Fhnfg3vz4KdgPgDdERbkaNJQqERuPdPyRSnZURjymH5uPWxnfM4CBBE7Br5vz3V1l | 1 352 |
| 9 | ကြို့ပင်ကောက်မှာ ပထမနှစ်တက်မယ့် ကျောင်းသား (၃) ဦးအပါ လူငယ်(၁၀) ဦး စစ်မှုထမ်းဖမ်းခံရ
◼️ တစ်ယောက်ကို သိန်း (၁၅၀) နဲ့ ရွေးခိုင်းနေ
စက်တင်ဘာ ၁၉၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထက်စိန်ကြီးရိုးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က အမျိုးသား (၁၀) ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ (၁၇) ရက်နဲ့ (၁၈) ရက်တွေမှာ အင်အား(၁၂၀) ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဆယ်တန်းအောင်ပြီးလို့ ပထမနှစ်တက်ဖို့အတွက် စောင့်နေတဲ့ လူငယ်(၃) ဦးနဲ့ ရွာထဲ လူလတ်ပိုင်း (၇) ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"(၇) ယောက်က ရွာက လက်လုပ်လက်စားအရပ်သားတွေပါ။ ကျောင်းသားမိဘတွေကတော့ ငိုနေကြရပါတယ်။ ကျောင်းသား(၃) ယောက်က ပထမနှစ်တက်မယ့်သူတွေပါ။ ကြို့ပင်ကောက်၊ ရွှေပန်းတောကျောင်းမှာ အထက်တန်းအောင်ထားတာပါ" လို့ ဒေသခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ-https://www.facebook.com/DohPyayNews/posts/pfbid0qCxo3eeirur73rG9E8DRgeGQzj4yNL64UACnTpmtL1B18F814UzLBVr6QTb41FPTl | 1 463 |
| 10 | ပြည်မြို့ ဝက်ထီးကန်နယ်မြေမှာ အုပ်ချုပ်ရေးမှူး(၁) ဦး ပစ်ခတ်ခံရလို့ သေဆုံးပြန်
စက်တင်ဘာ ၁၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ သစ်ချိုပင်အုပ်စု အုပ်ချုပ်ရေးမှူးကျော်ဆန်း ဟာ သူနေအိမ်မှာပဲ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ယနေ စက်တင်ဘာလ(၁၈) ရက်နေ့ ညနေ(၅) နာရီခန့်မှာပဲ အုပ်ချုပ်ရေးမှူးကျော်ဆန်းကို သဲကျဲကြီးရွာက သူရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခံလိုက်ရတာဖြစ်ပြီး ဘယ်သူတွေက ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
"ဆန်းဝင်းက အုပ်စုအတွင်းမှာရှိတဲ့ လူငယ်တွေကို ဝက်ထီးကန်ရဲစခနန်းနဲ့ ထွေအုပ်ဆီကို သတင်းပေးပြီး ဝင်ဖမ်းခိုင်းတာရှိတယ်။ နောက်ပြီး စိုက်ပျိုးရေးမြေဩဇာတွေကို စိုက်ပျိုးရေးအရာရှိအောင်ဆန်းဝင်းနဲ့ ပေါင်းပြီးရောင်းစားတာတွေရှိတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02w1DfoCwY3GGQaapVkzPMdGviJZkqGesdj3EZi1hoWH2Z1BVpzDeob2xRWtdWFgfpl | 1 323 |
| 11 | ပေါင်းတည်မှာ စစ်မှုထမ်းဟောင်းကိုရှင်းလင်းချိန် စစ်တပ်ကကယ်ထုတ်သွား PDF တွေက လိုက်လံပစ်ခတ် (ရုပ်/သံ)
စက်တင်ဘာ ၁၈၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်က စစ်မှုထမ်းဟောင်းသတင်းပေး အေးနိုင်ကို pdf တပ်ဖွဲ့တွေက ရှင်းလင်းဖို့သွားရောက်ချိန်မှာ ကြာနီကန်ရဲစခန်းက စစ်သားတွေက လာခေါ်ထုတ်သွားကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၂) ရက်နေ့ နံနက် (၁၁) နာရီခန့်က ကြာနီကန်ကွက်သစ်မှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း အေးနိုင်ကို PDF တွေက ဝင်ရောက်ရှင်းလင်းတာမှာ စစ်တပ် တပ်ဖွဲ့ဝင်တွေက ခေါ်ထုတ်သွားတဲ့အတွက် ည(၁၁) နာရီမှာ စစ်တပ်အဖွဲ့ဝင်တွေအထိုင်ချစားသောက်တဲ့ ကြာနီကန်ကွက်သစ် မသင်းအိမ်ကိုဝင်စီးနင်းပေမဲ့ ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တပြိင်နက်တည်းမှာပဲ ထန်းတပင်အုပ်စု၊ ပန်းသင်းပင်ရွာ ပျူစောထီးနေရာရှိ စစ်တပ်အထိုင်စခန်းကို ရှော့တိုက်ဗုံးသီး(၅) လုံး နဲ့ ပစ်ခတ်တာမှာ စစ်တပ်ဘက်က (၁) ဦးဒဏ်ရာရရှိသွားတယ်လို့ PPDF-3601 တပ်ရင်းက ထုတ်ပြန်ပါတယ်။
ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/reel/1021084640984555 | 1 413 |
| 12 | အောင်လံ လွှတ်တော်အမတ်နဲ့ထွေအုပ်က ကြံ့ခိုင်ရေးအမာခံကို အုပ်ချုပ်ရေးမှူးအဖြစ် တိုက်ရိုက်ခန့်လို့ ဒေသခံတွေမကျေနပ်
စက်တင်ဘာ ၁၅၊ ၂၀၂၆။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကံမလေးကျေးရွာအုပ်ချုပ်ရေးမှူးကို ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော်အမတ် နဲ့ မြို့နယ်ထွေအုပ်ရုံးတို့က တိုက်ရိုက်ခန့်ထားပြီး အုပ်ချုပ်ခွင့်ပေးခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။
အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်အောင်ချစ် နဲ့ မြို့နယ်ထွေအုပ် က တိုက်ရိုက်ခန့်အပ်လိုက်တဲ့ အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ (၁) ရက်နေ့က အုပ်ချုပ်ရေးမှူးအဖြစ် စတင်တာဝန်ပေးအပ်ခဲ့ပြီး (၉) ရက်နေ့မှာတော့ ကျေးရွာကို အစည်းအဝေးခေါ်ကာ မတက်သူတွေကို ဒဏ်ရိုက်မယ်လို့ အုပ်ချုပ်ရေးမှူးရဲ့ ကျောထောက်နောက်ခံအကြံပေး ပျူစောထီးအဖွဲ့ခေါင်းဆောင်ဦးတင်ဦး က ပြောဆိုခဲ့ပြီး စတင်ခြိမ်းခြောက်လာတယ်လို့ ဆိုပါတယ်။
"အခုအုပ်ချုပ်ရေးမှူးအမျိုးသမီးကိုယ်တိုင်ပြောတာက ကြံ့ခိုင်ရေးပါတီဦးတင်အောင်ချစ်က ခန့်တာလို့ ရွာထဲမှာပြောပါတယ်။ ရွာထဲမှာလည်း လူငယ်တွေကို နာမည်တပ်ပြီး ပေါ်တာထည့်ဖို့စီစဉ်နေပါတယ်။ သူ့ကိုသဘောမကျတဲ့ရွာသားတွေကို ပိုပြီးတော့ ရွေးလုပ်နေပါတယ်။ ပြီးခဲ့တဲ့ မဲပေးကာလမှာ အခုအုပ်ချုပ်ရေးမှူးအမျိုးသမီးက ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ထဲထဲဝင်ဝင်လုပ်ပါတယ်။ သူ့အမျိုးသားက စစ်သားတွေရဲတွေကို သတင်းပေးပါတယ်" လို့ ကံမလေးရွာသားတစ်ဦးက ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid033DB5DVdQRfdiaanwsyDp1iZmhGV8od7YGnNRQiwufJRHfCQv5m6UwBQtxL2LDUN8l | 1 911 |
| 13 | မင်းတုန်းက ဆင်အိုရုံ၊ ဆင်ဆေးခန်းအနီး လေကြောင်းဗုံးကြဲ ဆင်ဝန်ထမ်းမိသားစုဝင် (၆) ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ
စက်တင်ဘာ ၁၅၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စု၊ ဇွန်းကျကျေးရွာ ကို တိုက်ပွဲမရှိဘဲ ပါရာမော်တာ (၃)စီး နဲ့ ဗုံး (၈) လုံးကြဲချတိုက်ခိုက်ခဲ့လို့(၆)ဦး သေဆုံးပြီး (၅) ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ (၁၃)ရက် ညနေ(၄) နာရီဝန်းကျင်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲခဲ့တဲ့အတွက် ဒေါ်ပစာ အသက် (၇၀) နှစ် ၊ မခင်ဝေဇင်မိုး အသက် (၁၇) နှစ် ၊ မနွယ်နွယ်ဝင်း အသက် (၂၅) နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁) နှစ် ၊ မငုဝါလှိုင် အသက် (၁၀) နှစ် ၊ မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် တို့ စုစုပေါင်း (၆)ဦး သေဆုံးပြီး ၊ ဒေါ်မာလာ အသက် (၂၃)နှစ် ၊ မောင်မင်းထက်ဦး အသက် (၁၃) နှစ် ၊ မောင်ချစ်မဝ အသက် (၁၀) နှစ် ၊ မမြမှုးမေ အသက် (၁၄) နှစ် ၊မသင်းသင်းလှိုင် အသက် (၁၆) နှစ်တို့ (၅)ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံကြည့်ရန်နှိပ်ပါ-https://www.facebook.com/DohPyayNews/posts/pfbid0PgqSiiXhUDtEzpib8m8BjYJSFuFJ2s5MDgV9Dd4LLxgaXWi1ebFtnynhoANCPh5Gl | 1 640 |
| 14 | ရခိုင်ပြည်ကပို့လိုက်တဲ့ တိတ်ဆိတ်တဲ့ သတင်းစကား
စက်တင်ဘာ
တိတ်ဆိတ်ခြင်း အကျယ်လောင်ဆုံး၊ ငြိမ်သက်ခြင်း ပေါက်ကွဲမှုတွေနဲ့အတူ ကမ္ဘာက စောင့်ကြည့်နေတဲ့ ရခိုင်ပြည်မှာ စစ်ဘေးရှောင်ပြည်သူတွေရင်ဆိုင်နေရပုံ၊ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝရင်ဆိုင်ရုန်းကန် ဖြတ်သန်းမှုတွေ၊ အာရက္ခတပ်တော်ရဲ့စစ်ရေးပြင်ဆင်မှုတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ သတင်းစကားများစွာပါတဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြသတဲ့ပြပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ နယ်စပ် မဲဆောက်မြို့မှာ စက်တင်ဘာ(၁၄) ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပရပ်ခြားမှာ ပထမဆုံးနဲ့ အကြီးဆုံးပြုလုပ်ခဲ့တဲ့ပွဲဖြစ်သလို ဓါတ်ပုံပြပွဲဆိုတာထက် ရခိုင်ပြည်ရဲ့ ကဗျာ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ လူမှုဘဝနဲ့ အစားအစာတွေကိုပါ ခင်းကျင်းပြသခဲ့တဲ့ ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
"ရခိုင်ပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးဖြစ်နေတယ်။ စစ်တပ်က နေ့တိုင်းလိုလို ဗုံးကြဲသတ်ဖြတ်နေတာတွေရှိတယ်။ ဒီကစ္စတွေကို ဘယ်လိုကိုင်တယ်ဖြေရှင်းကြမယ်ဆိုတာ ကျနော်တို့ စဉ်းစားဖို့လိုတယ်။ ဒီဓါတ်ပုံပြပွဲမှာဆို ကတုတ်ကျင်းထဲမှာရောက်နေတဲ့ ကလေးတွေပါတယ်။ ရခိုင်တပြည်လုံးမှာ စစ်ရှောင်ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးထားပါတယ်" လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုကောင်းကျော်ဇံ က ပြောပါတယ်။
သတင်းနဲ့ ဓါတ်ပုံတွေကြည့်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid07pjvbEtTxPPeqQbbcPREFv29sWR15jNKrKGdA9PtVaxPLaxUnfPSjzfubwgBDnK5l | 1 674 |
| 15 | လက်ပံတန်းက စစ်ရှောင်တဲတွေကို စစ်တပ်က ပစ်ခတ်ဗုံးကြဲလို့ တစ်ဦးဒဏ်ရာရ စစ်ရှောင်အိမ်(၃) လုံးပျက်စီး
စက်တင်ဘာ ၁၂၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်တွေ နေထိုင်တဲ့ တဲတွေ ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ လက်ပံတန်း ပကဖ က ယနေ့ စက်တင်ဘာ(၁၂) ရက်နေ့ လည်မှာ သတင်းထုတ်ပြန်ပါတယ်။
ယနေ့မှာပဲ ရေငံကျေးရွာမှာ အထိုင်ချထားတဲ့စစ်တပ်ကနေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်သလို ထန်းပင်ချောင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ(၁) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူကပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02LNWnPez1pU4JsjLjzbbN91mVMoRyG4vVuwDaRQCUP6QhJnXpYDDRkRTexA7WmSdLl | 2 020 |
| 16 | https://www.facebook.com/reel/1713365199761787 | 2 098 |
| 17 | ဝက်ထီးကန်မှာ စစ်မှုထမ်းငွေညှိပေးသူ မှုခင်းသတင်းထောက် ပစ်ခတ်ခံရလို့သေဆုံး
စက်တင်ဘာ ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ သစ်ချိုပင်အုပ်စု၊ ကံစုရွာက မှုခင်းသတင်းထောက်အဖွဲ့ဝင် မျိုးချစ် ဆိုသူပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
မျိုးချစ်ကို ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက် (၁၁) နာရီခန့်က အမည်မသိတဲ့လူတစ်ချို့က ကံစုရွာမှ လာရောက်ခေါ်ဆောင်သွားပြီး နောက် သစ်ချိုပင်ရွာနဲ့ ရွာချင်းဆက်လမ်းမှာပဲ ပစ်ခတ်ရှင်းလင်းသွားတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။
"ရွာထိပ်မှာသေနတ်နဲ့ပစ်သတ်သွားတာတဲ့ ဘယ်သူတွေလည်းဆိုတာ သေချာမသိပါဘူး။ ခုစစ်တပ်ကလည်းအင်အားပြည့်နဲ့ဝက်ထီးကန်စခန်းမှာရောက်နေပါတယ်။ စစ်ကြောင်းထိုးမယ်ဆိုတဲ့အသံကိုကြားပါတယ်။ စစ်ကားနဲ့ဝက်ထီးကန်နယ်မြေရဲစခန်းကို စစ်သားတွေကိုလာပို့သွားပါတယ်" လို့ ဝက်ထီးကန်မြို့ခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ််ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0qiLREadzMhNiS5YjEmeK6mEuBdMMwFJdntyS9otKcJuxf9SWar6bQkNJvsqzbj9jl | 2 407 |
| 18 | ပဲခူးတိုင်းအတွင်း အဓမ္မဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေနဲ့ စစ်မှုထမ်းအပတ်စဉ် (၂၈) ကိုဖွင့်လှစ်
စက်တင်ဘာ ၈၊ ၂၀၂၆။
ပဲခူးတိုင်းအတွင်းက အဓမ္မဖမ်းဆီးပြီးပေါ်တာဆွဲထားတဲ့ လူငယ်တွေအဓိကပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂၈) စစ်သင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်မှုထမ်းသင်တန်းကိုတော့ စက်တင်ဘာ(၇) ရက် နံနက် ပိုင်းက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တပ်နယ်မြေရှိ အမှတ်(၆) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
"ဒီအပတ်စဉ်မှာက လူမပြည့်လို့ ခါတိုင်းထက်ပိုပြီး ပေါ်တာဆွဲတယ်။ စာရင်းပါလို့ ငွေမတတ်နိုင်တဲ့သူ လုပ်လက်စားတွေလည်း လိုက်ရတာလည်းရှိတယ်။ အဓမ္မလိုက်ဖမ်းတာများပါတယ်။ ဘယ်သူမှ လိုလိုလားလားနဲ့ လိုက်ချင်တဲ့သူမရှိပါဘူးဗျာ" လို့ ပြည်ခရိုင်အတွင်းက အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02rtv8Rh9tak1JJe51a4pLAN7dzxzKoQqMVoCy5ixLhmLq2Qkf97dCp1oxdRpFBYfJl | 2 458 |
| 19 | သဲကုန်းမြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ၊ မီးရှို့နေ့လို့ ကျေးရွာ (၁၀) ရွာခန့်က ဒေသခံတွေစစ်ရှောင်နေရ
စက်တင်ဘာ ၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တင်ဘာလ(၅) ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေတယ်လို့ သိရပါတယ်။
သဲကုန်းမြို့နယ် ဆည်ကြီးကျိုးရွာ နဲ့ ရုံးပင်တက်ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲပြီးတဲ့နောက် ဆည်ကြီးကျိုးရွာကနေ စစ်ကြောင်းထိုးလာခဲ့ပြီး ယမန်နေ့ စက်တင်ဘာ(၇) ရက် နေ့က ရုံးပင်တက်ရွာကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး မီရှို့ခဲ့တဲ့အတွက် နေအိမ်(၅) လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယနေ့မနက်အထိတော့ ရုံးပင်တက်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေကြပါတယ်။ မီးရှို့ခံလိုက်ရပါတယ်တယ် အိမ်ခြေအနည်းဆုံး(၅) အိမ်လောက်လို့မီးလောင်သွားတယ်လို့ သိရပါတယ်" လို့ ဒေသခံအမျိုးသားတစ်ဦးက ယမန်နေ့ စက်တင်ဘာ(၈) ရက်နေ့မှာ ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ-https://www.facebook.com/DohPyayNews/posts/pfbid0GiKPtvEaETrPx6BGMU7GcKwVwt385vwhaRj59vmpMAJ85LGNjTXpGVPuMtwAD77nl | 2 016 |
| 20 | ကြို့ပင်ကောက်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဆေးခန်းအဆောက်အဦးပျက်စီးသွား
စက်တင်ဘာ ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ထဲကို ယနေ့ စက်တင်ဘာ(၇) ရက်နေ့မှာပဲ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ညနေ (၃) နာရီခန့်က ရုံးချောင်းအုပ်စု၊ ရုံးချောင်းရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး(၁) လုံးကြဲချခဲ့တာဖြစ်ပြီး အသုံးပြုခြင်းမရှိတဲ့ အုပ်စုဆေးခန်း အဆောက်အဦးအသစ်ပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
"ဆေးခန်းကတော့ရွာထဲမှာရှိတာပါ။ စစ်ကြောင်းထိုးတာမဟုတ်ဘူး။ ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချသွားတာ။ ဆေးခန်းထိခိုက်ပျက်စီးသွားတယ်။ တခြားပျက်စီးမှုတော့ မရှိပါဘူး" လို့ ဒေသခံတစ်ဦး က ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0XjNpGvioECp4hQjKnNA8yiHyae1h93kEWH5bKKUt5qsGP14zfdHKumxuP7umJnQ4l | 1 997 |
