fa
Feedback
ဒို့ပြည်-Doh Pyay

ဒို့ပြည်-Doh Pyay

رفتن به کانال در Telegram

လူထုအတွက် သတင်းအချက်အလက်။ လူထုအနာဂတ် သတင်းအချက်အလက်။

نمایش بیشتر
3 005
مشترکین
+624 ساعت
+477 روز
+9330 روز
آرشیو پست ها
ပေါင်းတည်မှာ မိန်းကလေးငယ်တဦး ဆီဘောက်ဆာကားနဲ့ တိုက်မိသေဆုံး 🟥 မကြာခဏယာဉ်တိုက်မှုဖြစ်နေလို့ ယာဉ်/လမ်းစည်းကမ်း ကြီးကြပ်ပေးဖို့
ပေါင်းတည်မှာ မိန်းကလေးငယ်တဦး ဆီဘောက်ဆာကားနဲ့ တိုက်မိသေဆုံး 🟥 မကြာခဏယာဉ်တိုက်မှုဖြစ်နေလို့ ယာဉ်/လမ်းစည်းကမ်း ကြီးကြပ်ပေးဖို့ မြို့ခံတွေပြော ဇူလိုင် ၄၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ ရန်ကုန်-ပြည်ကားလမ်း အန္တရာယ်ကွေ့နားမှာ ယာဉ်တိုက်မှုဖြစ်လို့ အသက်(၂၀) အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညအစောပိုင်းက မသဲနန္ဒာကျော် အသက်(၂၀) နှစ်ဟာ ရန်ကုန်-ပြည်လမ်း ကမ္ဘောဇဘဏ်နဲ့ အန္တရာယ်ကွေ့အနီးမှာ ဆီဘောက်ဆာကားနဲ့ တိုက်မိတဲ့အတွက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ "အဲ့နေရာကအက်ဆီးဒင့်ဖြစ်များတဲ့နေရာ။ ကောင်မလေးက တာပွန်လမ်းခရစ်ယာန်ဝင်းထဲမှာနေတာ တိုက်မိပြီး သေသွားတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02HZyEkT67AfSbD2LMRhiA3w67WNPPzE2p7VmmmdxtkKumQ9Xo5py8PkqwbnfT3AZYl

ပြည်မြို့နယ်မှာ မိုးရေ လုံလောက်စွာမရသေးလို့ မိုးစပါးနောက်ကျ 🟥 ဆည်ရေသောက်ဧရိယာတွေမှာ ရေလွှတ်ပေးဖို့ လယ်သမားတွေလိုလား ဇူလိုင်
ပြည်မြို့နယ်မှာ မိုးရေ လုံလောက်စွာမရသေးလို့ မိုးစပါးနောက်ကျ 🟥 ဆည်ရေသောက်ဧရိယာတွေမှာ ရေလွှတ်ပေးဖို့ လယ်သမားတွေလိုလား ဇူလိုင် ၄၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် အချို့နေရာတွေမှာ စိုက်ပျိုးရေးအတွက် လုံလောက်တဲ့ မိုးရေမရရှိသေးတဲ့အတွက် စပါးမစိုက်ကြရသေးဘူးလို့ ဒေသခံစိုက်ပျိုးရေးသမားတချို့က ပြောပါတယ်။ အဓိက မိုးရေလိုအပ်နေတဲ့ နေရာတွေဟာ ဝက်ထီးကန်နယ်မြေက စိုက်ကွက်တွေဖြစ်ပြီး ကြဲခင်းတွေဖြစ်တဲ့အတွက် မြေသားတမန်းနယ်ရယုံ အစိုဓါတ်ကို မရသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။ "မိုးစပါးအတွက် လောဆယ်အခက်ခဲကတော့ ရေ လိုအပ်နေပါတယ်။ ခုရက်မိုးနည်းနေတယ်။ နေ့တိုင်းလိုရွာနေပေမယ့် စိုက်ပျိုးရေရလောက်အောင်မရွာဘူး။ ဆည်ရေလွှတ်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကဦးဆောင်ပြီး ဆည်ရေတောင်းဖို့လိုအပ်နေတယ်" လို့ ဝက်ထီးကန်ဆည်ရေသောက်ဧရိယာထဲမှာ ရှိတဲ့ လယ်သမားတဦးက ဒို့ပြည် ကိုပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0218to1mWwHWpwNecoFfUxTMMTE7VgkhmeQ284M8gFhqwVi5uVqq7F89578cnRvBuVl

ထန်းတပင်မြို့အနီး ဗဟိုပြုပြီး ရစ်ခ်တာစကေး ၃.၅ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်အနီးတဝိုက် သိသာစွာခံစားရ ဇူလိုင် ၄၊ ၂၀၂၆
ထန်းတပင်မြို့အနီး ဗဟိုပြုပြီး ရစ်ခ်တာစကေး ၃.၅ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်အနီးတဝိုက် သိသာစွာခံစားရ ဇူလိုင် ၄၊ ၂၀၂၆။ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အရှေ့တောင်ဘက်(၃) မိုင်အကွာ မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြုပြီး ပမာဏ ၃.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ မိုးဇလဦးစီးဌာန က ထုတ်ပြန်ပါတယ်။ ယနေ့ ဇူလိုင်လ ၄ ရက်နံနက် ၆ နာရီ ၅၁ မိနစ်ခန့်မှာ လှုပ်ခတ်သွားတာဖြစ်ပြီး ရန်ကုန်အချို့နေရာတွေမှာ သိသာစွာခံစားခဲ့ရတယ်လို့ မြို့ခံတွေက မှတ်ချက်ပေးပါတယ်။ အခုလို မကြာခဏ အင်အားအနည်းငယ်ရှိငလျင်တွေ လှုပ်ခတ်နေမှုအပေါ် ရန်ကုန်ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကနေ ရန်ကုန်မြို့ပေါ်ကို ပြောင်းရွေ့နေထိုင်ကြသူများပြားလာတဲ့အတွက် လူနေသိပ်သည်းမှုလည်း ပိုများလာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ #ဒို့ပြည် #ရန်ကုန် #ထန်းတပင် #ငလျင် #မိုးလေဝသသတင်း #သဘာဝဘေးအန္တရာယ် #မိုးဇလ #သတင်း #dohpyay #news #Yangon #Myanamr

မင်းတုန်းမြို့ပေါ်မှာ ရဲဗလဆုရသူနဲ့ စစ်မှုထမ်းဟောင်း တို့ပေါင်းပြီး အိမ်ပေါ်တက်ပေါ်တာဆွဲ ကျောင်းသားအရွယ်တွေကိုပါ ခြိမ်းခြောက်နေ ဇူလိုင် ၃၊ ၂၀၂၆။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့ပေါ်ရပ်ကွက်တွေမှာ အိမ်ပေါ်တက်ပြီး ပေါ်တာဆွဲတာတွေ ခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပေါ်တာဆွဲမှုတွေကို အဓိကဦးဆောင်နေသူတွေကတော့ ပျူခေါင်းဆောင် ရဲဗလဆုရ အမှတ်(၃) ရပ်ကွက်အုပ်ကြီး မော်ကြီး နဲ့ အမှတ်(၃) လေသာရပ်ကွက်နေ စစ်မှုထမ်းဟောင်း ဦးလှမြင့် တို့ ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။ "ကျောင်းနေမဲ့အရွယ်ရောက် ကျောင်းသားတွေအထိ စစ်မှုထမ်းဆွဲဖို့ခြိမ်းခြောက်တာတွေရှိနေတယ်။ စစ်မှုထမ်းဆွဲလို့ ထွက်ပြေးတဲ့လူငယ်တွေကို ဝရမ်းထုတ် မယ်လို့လည်း ခြိမ်းခြောက်တာတွေလုပ်တယ်" လို့ မြို့ခံကပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0MTpNRZ96dSq7YkV5phnaWXMM24EnnFpph2WQ7kp8ewaTSzKMoaUk3XXxz8BvgAxHl

ပြည် အပါအဝင် ပဲခူးတိုင်းမှာ နေရာကွက်မိုးကြီးနိုင်ပြီး ဇူလိုင်လဝက်အထိ မိုးရွာဖို့ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိ ဇူလိုင် ၃၊
ပြည် အပါအဝင် ပဲခူးတိုင်းမှာ နေရာကွက်မိုးကြီးနိုင်ပြီး ဇူလိုင်လဝက်အထိ မိုးရွာဖို့ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိ ဇူလိုင် ၃၊ ၂၀၂၆။ ယနေ့ ဇူလိုင်လ ၃ ရက်နဲ့ မနက်ဖန် ၄ ရက်နေ့အထိ ပဲခူးတိုင်းအတွင်းမှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာခိုင်နှုန်းပြည့် ဖြစ်တယ်လို့ အာဏာသိမ်းအစိုးရ မိုး/ဇလ သတင်းထုတ်ပြန်ပါတယ်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ တိုင်းထွာချက်တွေအရ ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။ အလားတူ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေ ဖြစ်တဲ့ ပြည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ သာယာဝတီတို့မှာ ဇူလိုင်(၁) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ မိုးရွာသွန်းနိုင်ခြေ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က တိုင်းထွာချက်တွေအရ ခန့်မှန်းထားပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02y7P6n1F5FKse3R5cQki1UyDvevS1jozC1YJxxLG28yNbYouCgwBqAd9TqDvKBxyDl

ပေါင်းတည်ကို စစ်မှုထမ်းတပ်သားသစ်(၄) ဦးသာ ပြန်ရောက် (ရုပ်သံ) 🟥 တာဝန်ရှိသူတွေမကြိုဆို မိသားစုအနည်းငယ်နဲ့ အိမ်ပြန်ရ ဇူလိုင် ၃၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ကို ပြည်သူ့စစ်မှုထမ်းတပ်သားသစ် (၄) ဦး သာ ပြန်ရောက်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ယမန်နေ့ ဇူလိုင်လ (၂) ရက်နေ့က ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး အမှတ်စဉ်(၃) တပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ(၄) ဦးဟာ အုပ်ဖို(၁) ရပ်ကွက်၊ နွယ်ချို(၁) ရပ်ကွက်၊ ကြို့ပင်ကျေးရွာနဲ့ ခေမံ ကျေးရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံကြည့်ရန်နှိပ်ပါ- https://www.facebook.com/reel/1535121168103896

ပေါက်ခေါင်းမှာ ကျောင်းထိုင်ဘုန်းကြီးက (၁၄) နှစ်အရွယ် မိန်းကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ကားတင်ပြေး၊ 🟥 ဖမ်းမိပေမဲ့ အရေးမယူဘ
ပေါက်ခေါင်းမှာ ကျောင်းထိုင်ဘုန်းကြီးက (၁၄) နှစ်အရွယ် မိန်းကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ကားတင်ပြေး၊ 🟥 ဖမ်းမိပေမဲ့ အရေးမယူဘဲ လူဝတ်လဲလွှတ်ပေးလို့ ဒေသခံတွေ မကျေမနပ်ဖြစ်နေ ဇူလိုင် ၂၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်အုပ်စု၊ ဂတ်အစ်ကုန်းကျေးရွာ ရွာဦးကျောင်း ကျောင်းထိုင်ဘုန်းကြီးအရှင်ဥတ္တရ ဖြစ်သူက ကျောင်းတက်နေတဲ့ အသက်မပြည့်သေးတဲ့ (၁၄) နှစ်အရွယ် မိန်းကလေးငယ်ကို ကားတင်ပြေးခဲ့တယ်လို့ ဒေသခံနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောင်းထိုင်ဘုန်းကြီးအရှင်ဥတ္တရ ဟာ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ဘုန်းကြီးကျောင်းကနေ ကိစ္စရှိလို့ဆိုကာ ကားနဲ့ထွက်သွားပြီး နေ့လည် (၁၂) နာရီမှာ ပေါက်ခေါင်းမြို့နယ်ဘော်ဒါသွားတက်နေတဲ့ ကျောင်းသူ မိန်းကလေးငယ် ကို မုန့်ဝယ်ကျွေးမယ်ဆိုကာ လိမ်ညာပြောဆိုပြီး ကားနဲ့တင်ပြေးခဲ့တာလို့ ဒေသခံက ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0CpKjiS7oso2iH43c5Nc4f1qooMaLnN9UUJry8yyoYwxP4Vj7zR4j7PU1FSHF3EASl

ပြည်၊ ဝက်ထီးကန်နယ်စပ်မှာ စစ်သား အင်အား (၁၀၀) ခန့်လာချ၊ စစ်အစိုးရသမ္မတလာမယ်လို့ သတင်းထွက် ဇူလိုင် ၂၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြ
ပြည်၊ ဝက်ထီးကန်နယ်စပ်မှာ စစ်သား အင်အား (၁၀၀) ခန့်လာချ၊ စစ်အစိုးရသမ္မတလာမယ်လို့ သတင်းထွက် ဇူလိုင် ၂၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်စပ်ကို စစ်တပ်ကလုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ပြီး အာဏာသိမ်းစစ်အစိုးရသမ္မတဦးမင်းအောင်လှိုင် လာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ မကွေးတိုင်း၊ အောင်လံမြို့နယ်ကနေ ပဲခူးတိုင်း၊ ပြည်မြို့နယ်ထဲကို ဝင်ရောက်တဲ့ အဓိက လမ်းပေါ်မှာရှိတဲ့ အင်းလျားရွာ မြောက်ပိုင်းဘုန်းကြီးကျောင်းကို ဇွန်လ ၃၀ ရက်နေ့က ဖောကား(၂) စီးနဲ့ စစ်သား(၅၀) ခန့်ကို လာပို့သွားတာလို့ ဒေသခံဆီက သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0zisCVUZDXTGsvHevQhCZosbStvUBismygWNEhyi697DCzjCJ8L1FDWaJkWpjB3d3l

မင်းတုန်း-ကံမလမ်း ရွာတွေကနေ မဲအိုးတောင်စစ်စခန်းကို နေ့စဉ်ထမင်းထုပ်ပို့နေရ ပျက်ကွက်ပါက (၅) သိန်းဒဏ်ရိုက် ဇူလိုင် ၂၊ ၂၀၂၆။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်း-ကံမဆက်သွယ်ရေးလမ်းမှာရှိနေတဲ့ ကျေးရွာအုပ်စုတွေကနေ မဲအိုးတောင်ပေါ်မှာ ရှိတဲ့ ဆက်သွယ်ရေးတာဝါတိုင်စစ်စခန်းကို ထမင်းထုပ် နေ့စဉ်ပို့ဆောင် ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီလမ်းပိုင်းမှာရှိနေတဲ့ နတ်မောက်၊ လယ်ရဲ၊ ချင်းနစ်၊ လွှာဝအုပ်စုတွေကနေ တစ်နေ့ကို (၂) ဦး ထမင်းပို့တာဝန်ယူရပြီး ပျက်ကွက်ပါက (၅) သိန်းဒဏ်ရိုက်တယ်လို့ ဆိုပါတယ်။ "ကံတွင်းရွာကိုပို့ပေးရတာ အဲရွာကနေ မင်းတုန်းချောင်းကူးရင် ဆက်သွယ်ရေးတာဝါတိုင်စခန်း မဲအိုးတောင်ဆိုတာရှိတယ်။ အဲနေရာကိုပို့ပေးနေရတာပါ။ ရွာတွေကတော့ ကြောက်တော့ပို့ရတယ်။ စစ်တပ်လို့ပဲ သိထားကြတာ။" လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid08fqqLvYymQHNM7bb4QcskVaoHT6aKNoiM4AohnxH1GMbhnwFgD2c1vVtA95qPxhxl

ဇူလိုင် ၁၉ နီးလာချိန် ဗိုလ်ချုပ်ရုပ်တုတစ်ခုကို ညအချိန် စစ်တပ်က ဖြိုချဖယ်ရှားပြန် ဇူလိုင် ၂၊ ၂၀၂၆။ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန
ဇူလိုင် ၁၉ နီးလာချိန် ဗိုလ်ချုပ်ရုပ်တုတစ်ခုကို ညအချိန် စစ်တပ်က ဖြိုချဖယ်ရှားပြန် ဇူလိုင် ၂၊ ၂၀၂၆။ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက် သုမင်္ဂလလမ်းပေါ်မှာရှိတဲ့ သုမင်္ဂလပန်းခြံထဲမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု (၁) ခုကို ဖြိုချဖယ်ရှားလိုက်တယ်လို့ မြင်တွေ့ခဲ့သူက ဒို့ပြည် သတင်းဌာနကို ပြောပါတယ်။ သုမင်္ဂလပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု(၂) ခု ရှိတဲ့အထဲက (၁) ခုကို ယမန်နေ့ ဇူလိုင်လ(၁) ရက် ည (၁၀) နာရီခွဲခန့်က စတင်ကာ ဘတ်ဟိုးယန္တရား၊ ဖောကား(၆) စီးနဲ့ အင်အား (၃၀) ကျော်ရောက်ရှိလာပြီး ဖြိုဖျက်လိုက်ကြတာလို့ မြို့ခံကပြောပါတယ်။ "သုမင်္ဂလ ပန်းခြံထဲမှ ဗိုလ်ချုပ်ရုပ်ထု တစ်ခုကို စကစ ရွှေးတုသမ္မတရဲ့ လက်ပါးစေတွေ ပြီးခဲ့တဲ့ ည ဖြိုဖျက်လိုက်ကျပြီဗျ။ သုမင်္ဂလပန်းခြံမှာက ဗိုလ်ချုပ်ရုပ်ထုက (၂)ခုရှိတာ။ ရုပ်ထုတစ်ခုကို ဖြိုလိုက်ကျတယ်ဗျာ။" လို့ မြင်တွေ့ခဲ့ရသူတဦးက ယနေ့ဇူလိုင်(၂) ရက်နေ့ မနက်မှာပဲ ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid025U5KixrBBDVs7VSdepBfd9zHzixgfUeZ5qi5ULWWi1xuu3odWp8sMyZ47xg2oWAUl

ပေါင်းတည် ပဲခူးရိုးခြေကို တိုက်ပွဲမရှိဘဲ စစ်တပ်ကလေကြောင်းဗုံးကြဲလို့ ပြည်သူ (၁) ဦး သေဆုံး (Breakingnews) ဇူလိုင် ၁၊ ၂၀၂၆။ ပဲခ
+4
ပေါင်းတည် ပဲခူးရိုးခြေကို တိုက်ပွဲမရှိဘဲ စစ်တပ်ကလေကြောင်းဗုံးကြဲလို့ ပြည်သူ (၁) ဦး သေဆုံး (Breakingnews) ဇူလိုင် ၁၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအခြေမှာရှိတဲ့ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာနဲ့ လက်ပံခုန်ရွာ ကြားထဲကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။ ယနေ့ ဇူလိုင်လ ၁ ရက် နေ့လည် ၁ နာရီခန့်မှာ ဂျက်ဖိုက်တာ(၂) စီးနဲ့ ဗုံးသီး(၄) လုံးကြဲချခဲ့သလို ပွိုင်-5 နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပစ်ခတ်ခဲ့လို့ တောင်ခမောက်ကျေးရွာမှ ဦးဆန်းမြင့် ဆိုသူသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02gf6vxd6BUY1XK3TBrDoyENNFn8R7K7h4ikFWfPKuBjcJ7WpEYi1JVQaeqtDuqHpKl

မင်းလှ ရန်ကုန်-ပြည်ကားလမ်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရ (၁၀) ဦးထက်မနည်း သေဆုံး (BreakingNews) 🟥 လေယာဉ်ရောက်လာလို့ PDF တွေတပ်ဆုတ်သ
မင်းလှ ရန်ကုန်-ပြည်ကားလမ်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရ (၁၀) ဦးထက်မနည်း သေဆုံး (BreakingNews) 🟥 လေယာဉ်ရောက်လာလို့ PDF တွေတပ်ဆုတ်သွား ဇူလိုင် ၁၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကာလမ်းဘေး အညာတန်းရွာစစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယနေ့ နံနက် (၃) နာရီ ခန့်က စတင်တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် (၁) နာရီခွဲခန့်အကြာ ၄ နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "တိုက်ပွဲဖြစ်ပွားတာဟုတ်ပါတယ်။ စစ်တပ်ဂိတ်ဘက်က ဆယ်ယောက်ထက်မနည်းဘူး သေပါတယ်။ လေယာဉ်လာတော့ တိုက်ပွဲရပ်သွားတယ် ဗုံးတော့မကြဲဘူး၊ ဝဲပဲဝဲနေတာ" လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံက ဒို့ပြည်ကို ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02f7mYPc5SEPztrpy8vrjop3ssDBZAf3dRcsJF7ph65Y6D4zypeSSZQmxpFvFkGvdDl

ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးနည်းနေပြီး အရှေ့ခြမ်းမှာ မိုးများလာမယ် ဇူလိုင် ၁၊ ၂၀၂၆။ ဇူလိုင် ၁ ရက်နေ့က ၆ ရက်အနေ့အထိ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ထဲမှာ မိုးနည်းနေမှာ ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးပုံမှန်ကွက်ကျား သာရရှိနိုင်အုံးမယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်(MMWEATHER) ရဲ့ တိုင်းထွာချက်အစီရင်ခံတွေအရ သိရပါတယ်။ သာယာဝတီခရိုင်ထဲမှာတော့ (၃) ရက်အတွင်း ပုံမှန်မိုးရွာသွန်းနေရာကနေ မိုးပိုစိပ်လာမှာဖြစ်သလို အလားတူ တောင်ငူခရိုင်ထဲက မြို့နယ်တွေမှာလည်း ပုံမှန်မိုးရွာသွန်းရာကနေ မိုးစိပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid0ar5ffBEk7xHZxdiep6QfGwis3ETh3zTT2jHiF2fgoUJSepR3mHNPm5aSJTAoFc9Fl

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်အစိုးရ ပြော ဇွန် ၃၀၊ ၂၀၂၆။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်အစိုးရ ပြော ဇွန် ၃၀၊ ၂၀၂၆။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောပါတယ်။ ယနေ့ ဇွန်လ ၃၀ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်းစစ်အစိုးရသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ အပြည့်အဝကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0ZRQgskuMM1QxZgUBRX8WRqL3wDmVYRRRzcYX4Kktq5N95F2Sxn5mgWCYEkSGTN8El

မင်းတုန်းကို စစ်ကူပို့ဖို့ အင်အား(၂၀၀) နဲ့ လမ်းပိုင်းလုံခြုံရေး ယူထား ဇွန် ၃၀၊ ၂၀၂၆။ မကွေးတိုင်း၊ သရက်မြို့နယ် ကပစ(၁၂) ကနေ မင်းတုန်းမြို့နယ် ကို စစ်အုပ်စုအင်အား ချိန်းပြောင်းပို့ဆောင်ဖို့အတွက် အင်အား(၂၀၀) ခန့်နဲ့ လမ်းပိုင်းအပြည့် လုံခြုံရေးယူထားတယ်လို့ သရက်ခရိုင်ပကဖ ဆီက သိရပါတယ်။ ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်ခင်းပိုင်းကနေ စတင်ပြီး သရက်-မင်းတုန်း လမ်းပိုင်းတလျှောက် စစ်ကြောင်းယာဉ်တန်းဖြတ်ဖို့အတွက် လုံခြုံရေးချထားတာလို့ သိရပါတယ်။ "ထုံးစံအတိုင်းပါပဲ စစ်ကြောင်းတပ်အင်အား အချိန်းအပြောင်းလုပ်တယ်ထင်တယ်။ လမ်းပိုင်းတလျှောက်မှာ လုံခြုံရေးယူပြီးတော့မှ သူတို့ကားတွေ ကူးသန်းသွားလာဖို့ ထွက်လာလိုက် ရပ်နေလိုက် နဲ့ သရက်နဲ့ မင်းတုန်းကူးသန်းသွားလာဖို့ လုံခြုံရေးယူနေကြတာပါ။" လို့ သရက်ခရိုင်ပကဖတာဝန်ခံကိုဗဟိန်း က ဒို့ပြည် ကို ယနေ့မနက်မှာပဲ ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02dvXeFswDofCZts7Q2TidxSVpmHokfa7Zp2nDSBue1zYUQ3qjRK1392sozKV9ktQ4l

ပေါက်ခေါင်း ပဲခူးရိုးမမှာ တိုက်ပွဲ(၂) ကြိမ်ဖြစ် စစ်အုပ်စုတပ်သား (၈) ဦးသေဆုံး (၅) ဦးဒဏ်ရာရ 🟥 ဖမ်းဆီးထားတဲ့ ဓါးစာခံအမျိုးသား(၂
+3
ပေါက်ခေါင်း ပဲခူးရိုးမမှာ တိုက်ပွဲ(၂) ကြိမ်ဖြစ် စစ်အုပ်စုတပ်သား (၈) ဦးသေဆုံး (၅) ဦးဒဏ်ရာရ 🟥 ဖမ်းဆီးထားတဲ့ ဓါးစာခံအမျိုးသား(၂) ဦး ကို စစ်တပ်က သတ်သွား ဇွန် ၃၀၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်မှာ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်သား(၈) ဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ဘော်ဒါအထိုင်စခန်းကနေ တောင်လည်ကျေးရွာအထိုင်စခန်းကို ဆုတ်ခွါလာတဲ့ ခန့်မှန်းအင်အား(၇၀) ခန့်ပါ စစ်အုပ်စုစစ်ကြောင်းကို ငါးရွေးအိုင်ရွာနဲ့ ကိုးခွရွာအကြားမှာ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) က ယနေ့ ဇွန်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0nXQGNtTt2haSFdb2Kf41RW3UgTqLZkYMd1epmfftirhALRnoyMBLVCXs1zBgtDmZl

မဟတ္တမဂန္ဒီ က “ကျွန်တော်တို့မှာ စာနာထောက်ထားတဲ့စိတ်နဲ့ သည်းခံစိတ်တွေမရှိဘူးဆိုရင် မတူကွဲပြားမှုတွေကို ဘယ်တော့မှ ညှိနှိုင်းပြီ
မဟတ္တမဂန္ဒီ က “ကျွန်တော်တို့မှာ စာနာထောက်ထားတဲ့စိတ်နဲ့ သည်းခံစိတ်တွေမရှိဘူးဆိုရင် မတူကွဲပြားမှုတွေကို ဘယ်တော့မှ ညှိနှိုင်းပြီးပြတ်စေမှာမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ (ဖော်ပြပါ ဆောင်းပါးမှ) ပြည်သူ့မျက်နှာ အိုးမည်းမသုတ်မိဖို့ ညီညွတ်ရေးကိုရှေးရှု့ပါ (အတွေးအမြင်) ======================================== ဇွန် ၂၉၊ ၂၀၂၆။ တော်လှန်ရေးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ စံပြပုဂ္ဂိုလ် ချေဂွေဗားရားကို တော်လှန်ရေးသမားတယောက်ဖြစ်ဖို့ အကြီးမားဆုံးစေ့ဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒီစေ့ဆော်မှုတွေကိုပဲ သူက ပြန်ပြောပြတဲ့အခါမှာတော့ အဲဒီစကားဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဒီစကားကတော့ အခုလိုဖြစ်ပါတယ်။ “တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပဲ။ ကြီးမြတ်တဲ့အချစ်စိတ်ကြောင့် တော်လှန်ရေးသမားဖြစ်လာခဲ့တာပဲ။ လူ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်၊ တရားမျှတမှုကိုချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့် ကျုပ်တော်လှန်ရေးသမားဖြစ်လာခဲ့တာပဲ”။ အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0eL7ryeDbvbs3Q124CmjUzm7VRhTFQf3NsSamKgX1XRbGPanYRsoKiS8bN1m7tPmCl

ပြည် လွှစင်အုပ်စု နဲ့ ခွေးရဲအုပ်စုထဲမှ လူငယ်(၂) ဦး စစ်မှုထမ်းအဖမ်းခံရ 🟥 လမ်းဘေးရပ်ထားတဲ့ စျေးဝယ်သူဆိုင်ကယ်ကိုပါ ယူဆောင်သွားကြ ဇွန် ၂၉၊ ၂၀၂၆။ ပြည်မြို့နယ်၊ လွှစင်အုပ်စု၊ နဝင်းကွက်သစ်ကျေးရွာ နဲ့ ခွေးရဲရွာမ(၇) အုပ်စု၊ အရှေ့ စုမှ လူငယ်(၂) ဦးဟာ (၁) ရက်ခြားပြီး စစ်မှုထမ်းဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ညနေ(၅) နာရီခန့်မှာ ခွေးရဲရွာမအရှေ့စု ရွာမှ လူငယ်(၁) ဦးကို ရွာလမ်းမမှာပဲ ပျူစောထီးနဲ့ ရဲ၊ စစ်သားတွေက။ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံအမျိုးသားတဦးက ဒို့ပြည် ကိုပြောပါတယ်။ "အဲ့ကောင်ကလေးက ကောက်ရိုးသယ်အောင် သူအိမ်က‌နေ တခြားအိမ်ကိုယ်သွားချိန် ရွာထဲလမ်းမမှာ စခတွေ့ပြီး စခ၊ ပျု၊ ရဲတွေက ဖမ်းသွားတာ လွတ်အောင်တော့ပြေးသေးတယ်။ နောက်တော့ ထွက်ပြေးရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ဖမ်းဆီးသွားတာ" လို့ ဒေသခံအမျိုးသားက ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid06LChbWFbDE6pvR9ZFoxPkUHt6W5uc6u6CCtaZrcu1gJMrYci9ckfvuV3BwCQ3sVgl

"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့" ကမ်ပိန်းကို အဖွဲ့အစည်း (၉၀) ကျော် စတင်ပူးပေါင်းပြုလုပ် 🟥 တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု ပူးပေါင်းပေးကြဖို့ တိုက်တွန်းဖိတ်ခေါ် ဇွန် ၂၈၊ ၂၀၂၆။ လက်ရှိကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ မညီမညွတ်မှုနဲ့ မိတ်ဖက်ပဋိပက္ခပြဿနာတွေကို လက်နက်နဲ့ဖြေရှင်းတာမျိုးမလုပ်ဘဲ ညီညွတ်ရေးကို အခြေခံတဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးတာ ကို ပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ကမ်ပိန်းတခုကို နိုင်ငံရေးပါတီအပါအဖွဲ့အစည်း (၉၅) ဖွဲ့က ပူးပေါင်းပြီး တပြိုင်တည်းပြုလုပ်နေပြီလို့ သိရပါတယ်။ ဒီကမ်ပိန်းကိုတော့ ယနေ့ ဇွန်လ ၂၈ ရက် ည (၈) နာရီမှာ တပြိုင်တည်းပြုလုပ်ကြမှာဖြစ်ပြီး ယခုလှုပ်ရှားမှုဟာ မည်သူကိုမျှအပြစ်တင်ရန် မဟုတ်ဘဲ၊ အားလုံးစည်းလုံးညီညွတ်စွာနဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02XerjDHkQpGAgayEwnVRUXRw67w4CdBgHojDy1oWGhNTz3tSeWxq9YjpmBkpqo9rbl

ပဲခူးတိုင်းထဲက ပြည်သူ့စစ်တဦး ခလရ(၁၉) တပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်းပြီး KNLA ဆီအလင်းဝင် ဇွန် ၁၈၊ ၂၀၂၆။ ခလရ(၁၉) တပ်ရင်းမှူး ဗိ
ပဲခူးတိုင်းထဲက ပြည်သူ့စစ်တဦး ခလရ(၁၉) တပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်းပြီး KNLA ဆီအလင်းဝင် ဇွန် ၁၈၊ ၂၀၂၆။ ခလရ(၁၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့် ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက် စစ်မှုထမ်းတပ်သားသစ်ဟာ KNU/KNLA ဆီကို အလင်းဝင်ရောက်သွားတယ်လို့ Force for Federal Democracy - FFD က ယနေ့ဇွန်လ ၂၈ ရက်နေ့ ညနေမှာပဲ ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။ တပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်းရာမှာ ဦးဆောင်သူဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားဟာ ပဲခူးတိုင်းအတွင်းမှ(မြို့နယ်အမည်ကို လျှို့ဝှက်ထား) ပေါ်တာဆွဲခံရသူတဦးဖြစ်ပြီး ရှင်းလင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ရပြီး အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0kHfCjeZRSvwkVExrcCMBvNtafHWUb4XbaunjqwnCzu5qbqBLoNHRe2W9xbMBzrbCl