နရီမိုး
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام နရီမိုး
تُعد قناة နရီမိုး (@nyemoee) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 35 786 مشتركاً، محتلاً المرتبة 1 787 في فئة الدين والقيم الروحية والمرتبة 4 036 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 35 786 مشتركاً.
بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -166، وفي آخر 24 ساعة بمقدار -13، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 25.77%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 17.82% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 9 225 مشاهدة. وخلال اليوم الأول يجمع عادةً 6 379 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 554.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الدين والقيم الروحية.
35 786
المشتركون
-1324 ساعات
-387 أيام
-16630 أيام
أرشيف المشاركات
35 786
◾ သမ္မတကြီးက “တရားမဝင် ကုန်ကျစရိတ်တွေက ကုန်ဈေးနှုန်းကြီးမြင့်ဖို့အတွက် သက်ရောက်စေတဲ့ အကြောင်းတရား ဖြစ်စေတယ်” ဆိုပြီး ပြောသွားတယ်။ စီးပွားရေးရှုထောင့်က ကြည့်ရင်တော့… “Hidden Tx” ပေါ့။ ကုန်စည်းနှုန်းတက်တယ်လို့ ပြောကြ၊ ဆွေးနွေးကြတဲ့အခါ…ငွေကြေးဖောင်းပွတာတွေ၊ ဒေါ်လာဈေးနဲ့ လောင်စာဈေး တွေက အဓိက အခြေခံအကြောင်းတရားဆိုပေမယ့်…လက်တွေ့မြေပြင်မှာ သမ္မတကြီး ပြောတဲ့ တရားမဝင် ကုန်ကျစရိတ်ကလည်း မဖြစ်မနေ ထည့်တွက်ဖို့ အရေးကြီးတယ်။
--------
◾ ဥပမာ စက်သုံးဆီ ဈေးနှုန်းပဲ ယေဘူယျ တွေးကြည့်ပေါ့။ ရန်ကုန် သီလဝါကနေ သယ်လာတဲ့ ဆီ တလီတာ တန်ဖိုးက နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားမှာ ဈေးနှုန်း တန်ဖိုးက အမျိုးမျိုးပြောင်းသွားတယ်။ သာမန် သယ်ယူစရိတ်ကို မူရင်းတန်ဖိုးထဲ ထည့် ပေါင်းပြီး တွက်ချက်ကြတာ ထုံးစံ ဆိုပေမယ့် နောက်ပိုင်း ပြည်နယ်နဲ့ တိုင်းအလိုက်က ဖွင့်ထားတဲ့ ဂိတ်မျိုးစုံကြောင့်နဲ့ အခွန်မျိုးစုံကြောင့်လည်း ကုန်ပစ္စည်းဈေးနှုန်းက ထပ်မြင့် သွား ရတာရှိတယ်။ သေချာတာကတော့…ဘယ်စီးပွားရေးလုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်… မြဝတီက သယ်လာတဲ့ ကုန်ပစ္စည်းက တစ်ကျပ်တန် ဆိုပါစို့။ လမ်းမှာ ပေးလာရတဲ့ ဂိတ်ကြေးတွေ အားလုံးပေါင်းပြီး ဒီကုန်ကျစရိတ်တန်ဖိုးကို အမြတ် အထိခိုက်မခံဘဲ ဈေးနှုန်းတစ်ခုသတ်မှတ်မှာပဲ။ ဒါကို စားသုံးသူ ပြည်သူက မျှခံရတဲ့သဘောဖြစ်သွားတယ်။
----------
◾ မဖြစ်မနေ တွေးဖို့လိုတာက… ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အစအဆုံးအထိ မလိုအပ်တဲ့ ကုန်ကျစရိတ်အဆင့် တိုင်းကို လျှော့ချနိုင်မှပဲ တည်ငြိမ်တဲ့ ဈေးကွက်တစ်ခု ရပါလိမ့်မယ်။ ဒါက ဘာနဲ့ သွားပြီး ချိတ်ဆက်လဲဆိုတော့…သမ္မတကြီးပြောတဲ့ ဒေသအလိုက် ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးပုံစံ ဆိုတာ ဒါကိုပြောတာပါပဲ။ ပြည်နယ်နဲ့တိုင်းတွေတိုင်းက သဘာဝအလျှောက် အားသာချက် နဲ့အားနည်းချက်တွေရှိတယ်။ ဒေသအလိုက် စီးပွားရေးထွက်ကုန်ခြင်းလည်းမတူညီကြ ဘူး။ ဘယ်ကဏ္ဍက အားသာချက်ဖြစ်စေလဲ။ ဘယ်ပို့ကုန်ကဖြင့် ဈေးကွက်စီးပွားရေး ဖြစ်ထွန်းနိုင်မလဲ။ ဒါကို တွက်ချက်ပြီးမှ အောင်မြင်အောင် လုပ်ကြ ဖို့ပဲ ရှိမယ်။
---------
◾ နောက်ဆုံး အကုန်လုံးကတော့…သူပုန် PDF နဲ့ သောင်းကျန်းသူတွေ မရှိအောင် လုပ်နိုင်မှပဲ ဒီအကျိုးဆက်ပြတ်မယ်။ ဒါမှပဲ ဒီနယ်စပ်လမ်းပေါ်က တရားမဝင်ရော၊ တရားဝင် ဂိတ်တွေပါလျှော့ချနိုင်မယ်။ သောင်းကျန်းသူတွေ မရှိမှဘဲ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေကို G t G သွားနိုင်မယ်။ ပြည်တွင်းတည်ငြိမ်ရေးလုပ်နိုင်မှပဲ ပြည်နယ် အလိုက်က လုံခြုံရေး ဂိတ်တွေလျော့ပါးနိုင်မယ်။ တကယ်လို့ လက်ရှိအခြေအနေအရ လျှော့မချနိုင်သေးရင်တောင် တိုင်းနဲ့ ပြည်နယ်အလိုက်က တာဝန်ရှိသူတွေဘက်က စနစ်တကျ စိစစ်ဖို့လိုပါလိမ့်မယ်။ ဒါ့ကြောင့်လည်း သက်ဆိုင်ရာအလိုက် ထိန်းသိမ်းကြဖို့ဆိုပြီး မှာခဲ့တာ တွေ့ရတယ်။
(နရီမိုး)
35 786
◾ မနေ့ကလုပ်တဲ့ လယ်ယာကဏ္ဍကနေ နိုင်ငံ့ထုတ်ကုန်ဆီ ဆိုတဲ့ Workshop မှာ သမ္မတကြီး ပြောသွားတဲ့ ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုးနေပါရက်နဲ့ ပြည်ပကနေ ဆီတင်သွင်းနေရတာ ရှက်စရာ” ဆိုတဲ့ စကားလုံးက အတော်လေး ထိမိတယ်။ ပုံမှန်ကြည့် ရင်…စားသုံးဆီ ကိစ္စသပ်သပ်ပဲလို့ ထင်နိုင်ပေမယ့် နောက်ကွယ်မှာ နိုင်ငံခြားငွေနဲ့ပါ ဆက်စပ်နေတော့…လယ်ယာစိုက်ပျိုးရေးကိစ္စအကြောင်းဆိုတာထက် နိုင်ငံ့စီးပွားရေးနဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲရေးအတွက်ပါ သက်ရောက်မှု ရှိနေတာ မြင်ရတယ်။
--------
◾ သမ္မတကြီး တွက်ပြသလို လူတစ်ဦးချင်းစီရဲ့ အခြေခံ တစ်ရက် ဆီစားနှုန်းက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဘယ်လိုပဲ သတ်မှတ်၊ သတ်မှတ် အောက်ခြေမြေပြင်မှာတော့ အသိပညာမကြွယ်ဝသေးရင်…၊ဒါမှမဟုတ် ချက်ပြုတ်စားသောက်ကြတဲ့ လူနေမှု ဓလေ့ အရ ကို အတော်လေးပြုပြင်ပြောင်းလဲဖို့ ခက်ဦးမယ်။ ဒါက ကျန်းမာရေးလိုက်စားကြသူ တွေကသာ ဒီအမှန်တရားကို နားလည်သဘောပေါက်ကြမယ်။ ခက်တာက…တစ်ဖက်မှာ လည်း စားအုန်းဆီတွေကို သိုလှောင်၊ ဈေးမြှင့်မှ တဆင့်ပြန်ရောင်းကြတဲ့ ကုန်သည် ဇိုး တွေလည်း ရှိကြတာပဲ။ ဒါတွေ မထိန်းသိမ်းနိုင်သရွေ့တော့ ပြည်ပကနေ ဆီတင်သွင်းနေရ တဲ့ ကိစ္စက နောင်လည်း ရှိလာဦးမယ့်အခြေအနေလို့ပြောရမယ်။
---------
◾ မြန်မာနိုင်ငံရဲ့ National Export Strategy ထဲမှာ ဆန် လိုပဲ ပဲနဲ့ ဆီထွက်သီးနှံက ဦးစား ပေးကဏ္ဍမှာ ရှိတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ စိုက်ဧကတွေ မရှိလို့တော့ မဟုတ် ဘူး။ တောင်သူတွေလည်း ဈေးသာ ပိုရရင် စိုက်ချင်မှာပဲ။ တောင်သူတွေဘက် ကကြည့် ရင်…ဈေးလည်းပိုရတယ်။ အစိုးရဘက်ကလည်း ငွေရေး၊ကြေးရေးကအစ ထောက်ပံ့မှု ရှိတယ်။ ဝယ်သူလည်း အမြဲရှိနေတယ်ဆိုရင်…သီးထပ်စိုက်ခိုင်းလည်း စိုက်မယ့်သဘော ရှိတယ်။ ဒါပေမယ့် ပြဿနာက စိုက်ဖို့အတွက် မျိုးစေ့၊ မြေဩဇာ၊ လုပ်အားခတွေကို ရှိသမျှ အရင်းတွေပုံပြီး စိုက်လိုက်ပေမယ့် တကယ်သီးနှံထွက်ချိန်မှာ နှိမ်ခံရတဲ့ ဈေးကွက်မျိုး ဖြစ်နေတော့…တဖြည်းဖြည်းစိုက်ပျိုးလိုစိတ် နည်းလာကြတယ်။ ဒါက သီးနှံတိုင်းလိုလို ဖြစ်နေတဲ့ ပြဿနာလို့လဲ ပြောလို့ရတယ်။
--------
◾ ဆီထွက်သီးနှံ ကဏ္ဍမှမဟုတ်ပါဘူး။ တခြား ဆန်စပါးကအစ မျိုးကောင်းမျိုးသန့်ရဖို့၊ မြေဩဇာတွေ သက်သက်သာသာဖြစ်ဖို့၊ သုံးရတဲ့ စက်ယန္တရားတွေ၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေး…နောက်ဆုံးအဆင့် စားသုံးသူနဲ့ ပြည်ပ အဆင့်အထိတိုင်အောင် ကွင်းဆက်တစ်ခုလုံးမှာ အစိုးရ၊ ကုန်သည်နဲ့ တောင်သူ ဆိုတဲ့ ပင်နီယံ ၃ ခုမျိုးနဲ့ စပ်တူ အနေအထားသွားနိုင်ရင် အကောင်းဆုံးပဲ။ ခုက တောင်သူက နင်းပြားဖြစ်ပြီး ကုန်သည်က ရသလောက်အမြတ်ထုတ်နေသလိုမျိုးဖြစ်နေလို့ကတော့…သီးထပ်သီးနှံတွေ စိုက်ဖို့ ဘယ်သူကမှ စိတ်ပါနိုင်မယ်မထင်ဘူး။
------
◾ တကယ်လို့ ဈေးကွက်သာ အာမခံချက်ရှိနေရင်…တောင်သူတွေဘက်က ပုံအော စိုက်ပျိုးကြမှာပါ။ အဓိက တောင်သူတွေရဲ့ စီးပွားရေးအကျိုးအမြတ်ကို ဂရုစိုက်ပေးဖို့ လိုတယ်လို့ မြင်တယ်။ အစိုးရဘက်ကတော့ လိုအပ်တဲ့ နည်းပညာ၊ ငွေကြေးနဲ့ စက်ပျိုးရေး စက်ကိရိယာတွေကို ဈေးချိုချို၊ နှုန်းထားသက်သက်သာသာနဲ့ ရနိုင်အောင် ထောက်ပံ့ပေးရ မှာပေါ့။ တစ်ဖက်မှာလည်း ကုန်ကြမ်းသက်သက်ထက် Value added ထပ်ပေါင်းနိုင်အောင် လုပ်ပြီး အရည်အသွေးကို မြှင့်တင်နိုင်ရင်ဆိုရင်…ပြည်တွင်း/ပြည်ပ ဈေးကွက်ကိုပါ ထိရောက်မှုရှိနိုင်ပါလိမ့်မယ်။ တကယ်တော့ ပို့ကုန်တိုးမြှင့်နိုင်ဖို့ဆိုတာ…အခြေခံကျတဲ့ တောင်သူတွေရဲ့ ရှုထောင့်ကနေ အစအဆုံးတွေးပေးနိုင်မှပဲ တကယ်ဖြစ်လာနိုင်မယ့် ကိစ္စမျိုးပါ။ အစိုးရကဖော်ဆောင်ချင်တဲ့ Agro-based Industry ကို အမျိုးသားစီးပွားရေးရဲ့ အခြေခံအဖြစ် ချိတ်ဆက်ချင်ရင်…တောင်သူတွေရဲ့ ပြဿနာ၊ စက်ရုံတွေရဲ့ စိန်ခေါ်မှုတွေ ကို ဖြေရှင်းပေးနိုင်မှပဲ အောင်မြင်ပါလိမ့်မယ်။
(နရီမိုး)
35 786
အောင်ဇော်တို့လည်း တဖြည်းဖြည်း သဘောကျလာရတယ်။ အရင်က USDP ညီလာခံမှာ သမ္မတကြီးကပဲ ပါတီ ဥက္ကဋ္ဌ ဝင်ယူတော့မှာလိုလို။ ဦးအောင်လင်းဒွေးကပဲ ဖြစ်တော့မှာလိုလို။ နည်းမျိုးစုံ ပေါက်ကရ ခန့်မှန်း။
အရင် ရေးခဲ့သမျှ အကြောင်းအရာတွေထဲ သမ္မတကြီးက ခန့်ပေးလို့ ဦးခင်ရီက ပါတီ ဥက္ကဋ္ဌ ဖြစ်ရတာပါလို့ အပုတ်ချခဲ့တာလည်း ဒင်းတို့ပဲ။
ခုကြပြန်တော့ ဦးခင်ရီက အလွန်ပါးနပ်တဲ့သူ ဖြစ်သွားရပြန်ပြီ။ ဒီမောင်တွေ ထမိန်ဝတ်ပြီး သတင်းရေးနေကြလား မသိ။ တော်တော်လည်း မိုးပြော၊ ဂျိုးပြော ပြောနိုင်ကြတဲ့သူတွေ။
(နရီမိုး)
35 786
မနေ့က ထွက်လာတဲ့ သတင်းဓာတ်ပုံတွေထဲမှာ ရခိုင် ၊ ပုဏ္ဏာကျွန်းဘက်ကနေ ရန်သူ့ လက်နက် ၆၀ နီးပါးကို ရလိုက်တာ ရှိတယ်။ လက်နက်စုဖွဲ့မှု သဘောသဘာဝအရဆိုရင်တော့ စခန်းတစ်ခု၊ ဒါမှမဟုတ် စစ်ကြောင်းလိုက် ပြုတ်တဲ့ သဘောပဲ။
အရင်ကရေးခဲ့ဖူးသလို ရခိုင် စစ်ဆင်ရေးဂွင်က စနိုက်ပါနဲ့ ဒရုန်းကို အများအပြား အားပြုနိုင်ရင်ကို အလှည့်အပြောင်း အများကြီး ဖြစ်ပါတယ်။ တိုက်စစ်သဘောသဘာဝမှာ ရန်သူကို ဦးနှိမ်ရတာရှိတယ်။ ဖရိုဖရဲ ဖြစ်အောင် လုပ်ရတာတွေရှိတယ်။ ဒီအခင်းအကျင်းမှာ ဒရုန်းက တိုက်ပွဲရဲ့ အဖြေပဲ။
ရန်သူ့စခန်း၊ ရန်သူ့တည်နေရာနဲ့ ရန်သူ့ စုဖွဲ့မှုကို အကောင်းဆုံး ထောက်လှမ်းနိုင်တယ်။ အတိကျဆုံး ချေမှုန်းရေး လုပ်လို့ရတယ်။ နောက်ဆုံး ကိုယ့်ဘက်က အထိမနာဘဲ ကောက်သင်းကောက်သလို အောင်မြေချဲ့နိုင်တယ်။ ဒါတွေက ဒရုန်းကို အသုံးပြုခြင်းရဲ့ လက်တွေ့အကျိုးတရားတွေပါပဲ။
လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း AA ရဲ့ ထောက်ပို့ရေး ကွင်းဆက်နေရာတွေကို မကြာ၊ မကြာ ဗုံးကြဲနေမယ်။ လက်နက်ခဲယမ်းရဲ့ အုပ်ချုပ်ထောက်ပံ့ရေး ကွင်းဆက်တွေလည်း ဖြတ်နိုင်မယ်ဆိုရင် ....ရခိုင်က အနှေးနဲ့ အမြန်ပါ။
(နရီမိုး)
35 786
အကောင်းဆုံးသော အသက်ရှင်နည်း
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
“အရှင်ဘုရား...လောကလူတွေဟာ ဘဝမှာ နည်းအမျိုးမျိုးနဲ့ အသက်ရှင်နေကြတယ်၊ဘာနဲ့ အသက်ရှင်ရင် အကောင်းဆုံးဖြစ်မလဲ?”
ဘာနဲ့အသက်ရှင်ရမလဲ?
လူတွေကတော့ အဖြေအမျိုးမျိုး ထုတ်ကြမှာပေါ့။
ထမင်းစားပြီး အသက်ရှင်တဲ့လူရှိတယ်။
အလုပ်အကိုင်အမျိုးမျိုးနဲ့ အသက်ရှင်တဲ့လူ
ရှိတယ်။
ဝန်ထမ်းအလုပ်မျိုးစုံနဲ့ အသက်ရှင်ကြတာရှိ
တယ်။
အဲဒီလို အသက်မွေး အသက်ရှင်ဖို့ လုပ်ငန်းတွေ
အများကြီးထဲမှာ ဘာနဲ့အသက်ရှင်တာဟာအကောင်း ဆုံးလဲဆိုတာ မြတ်စွာဘုရားကဖြေတယ်။
“ပညာဇီဝဇီဝိတမာဟု သေဋ္ဌ -အသက်ရှင်ဖို့ အသက်မွေးတဲ့အထဲမှာ အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာအကောင်းဆုံးပဲ”
လောကမှာ အကောင်းအဆိုး အကြောင်းအကျိုးမှ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်နေမှု
က တန်ဖိုးမရှိပါဘူးတဲ့။
အရာရာ အကောင်းနဲ့အဆိုး အကြောင်းနဲ့ အကျိုး ခွဲခြားသိပြီးတော့ ထိုအသိပညာနဲ့အသက်ရှင်တဲ့လူကမှ တကယ်အကောင်းမြတ်ဆုံး အသက်ရှင်ခြင်းပဲ။
ဆိုလိုတာက လူ့ဘဝရလာလို့ လူဖြစ်လာရင် ပညာရှိပါစေ၊ပညာဆိုတာ-အခုခေတ်ပြောတဲ့သင်ထားတဲ့ အတတ်ပညာတွေကိုချည်းပြောတာ မဟုတ်ဘူး
နော်။
အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို ခွဲခြားသိတတ်တဲ့ အသိဉာဏ်ကို ပြောတာ၊အဲဒီ အသိဉာဏ်ကိုရဖို့ဆိုရင် ပညာသင်ရတယ်ပေါ့။
သိထားတဲ့ပညာပေါ်မှာ ထပ်ဆင့်ပြီးစဉ်းစားတတ်တဲ့ အသိဉာဏ်မျိုးဟာ အင်မတန်မှ အရေးကြီးတယ်။
ဒီထက် အဆင့်မြင့်လာလို့ရှိရင်လည်း…ကြည့်..။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောထားတယ်လေ-သင်္ခါရတရားတွေရဲ့ သဘာဝကို မသိဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်ရတာထက် သင်္ခါရတရားတွေကိုသိတဲ့အသိဉာဏ်နဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းတယ်တဲ့။
အနှစ်တစ်ရာ အသက်ရှင်နေပေမယ့်လို့ အသိဉာဏ်ဖြင့် အသက်ရှင်ရသည့် တစ်နေ့တာလောက်
တန်ဖိုးမရှိဘူးလို့ ဒီလိုဟောတာ။
အဲဒါကြောင့်မို့ အသိပညာဆိုတဲ့နေရာမှာ လောကီပညာပဲ ဖြစ်စေ၊လောကုတ္တရာပညာပဲ ဖြစ်စေ၊
အကောင်းအဆိုး အကြောင်းအကျိုးကိုသိပြီးတော့ ကိုယ့်ဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ကို ကိုယ့်ကိုယ်ကိုဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အသိဉာဏ်အနည်းဆုံးရှိဖို့ လိုအပ်တယ်တဲ့။
ဒီထက်အဆင့်မြင့်လာလို့ရှိရင် ဝိပဿနာပညာတို့ မဂ်ပညာတို့ ဒါတွေရှိရမှာပေါ့။
အဲဒီအဆင့်မြင့်တဲ့ဓမ္မပညာတွေအထိအောင် ရှိရမယ်။
အဲတော့ လောကမှာ ပညာမဲ့တို့၏ အသက်ရှင်မှု သည် လုံးဝတန်ဖိုးမရှိဘူးတဲ့။
ပညာရှိရှိနဲ့ အသက်ရှင်ရတာကသာ တန်ဖိုးရှိတယ်
၊ပညာရှိပြီဆိုရင် ဘဝအရေးလည်း စိတ်မအေးရဘူးလား။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
35 786
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
35 786
+1
ကျော်မိုးထွန်းကို UN မှာ နေရာ ပြန်ရဖို့ နီပေါ မိသားစုတွေဘက်က ထောက်ခံ ဆန္ဒပြပွဲတွေ လုပ်လာကြတယ်။
ဒီနေရာမှာ ...ကိုယ်ယုံကြည်လို့၊ ကိုယ့်အဖွဲ့အစည်း ဘက်တော်သားမို့ ထောက်ခံတာကိုတော့ အပြစ်မတင်ပါဘူး။ ဒါက ခံယူချက်နဲ့ ဆိုင်တာကိုး။
ဒါပေမယ့်...ဖြစ်သင့်တာက လက်ရှိ Bank of America ကနေ ကျော်မိုးထွန်း ဖျောင်ထားတဲ့ ၂.၇၆ သန်း ကိစ္စကို ဘယ်နီပေါကမှ ဒါလေး ထွက်ရှင်းပေးသင့်တယ်လို့ မယူဆကြတာ အတော်လေး ဝမ်းနည်းစရာ ကိစ္စပဲ။
ငါတို့ လူ၊ ငါတို့ ယုံကြည်လို့ အစစ်ခံစရာ မလိုဘူး။ ရှင်းပြစရာ မလိုဘူးလို့ ယူဆ တာလည်း ဖြစ်မယ်။ တကယ်တော့ အဲဒီပိုက်ဆံဆိုတာက...မြန်မာပြည်က သန်း ၅၀ ကျော်ရဲ့ ပြည်သူပိုင် ငွေပဲ မဟုတ်ဘူးလားပေါ့လေ။ ဒါက နီပေါ မိသားစုတွေ သီးသန့်ပိုင်တဲ့ ခွက်ခေါက် အလှူခံငွေမှ မဟုတ်ဘဲ။
တကယ်တော့ ...ကျော်မိုးထွန်း ကိုယ်တိုင်ကလည်း မရှက်တတ်လို့ နေမယ်။ ဒီလောက် တိုင်းသိ၊ ပြည်သိ အမေရိကန်ဒေါ်လာ ၂.၇၆ သန်းကိစ္စ မရှင်းနိုင်တာတောင် နောက်တဆက်အတွက် ကျွန်တော့်ကို ထောက်ခံပေးကြပါ ဆိုတာကတော့ လွန်လွန်းတယ်။
ယိုသူမရှက်၊ မြင်သူရှက် ရတယ် ဆိုတာ ဒါမျိုး ပြောတာ ဖြစ်မယ်။
(နရီမိုး)
35 786
◾ ပါတီတစ်ခုမှာ အပြောင်းအလဲမဖြစ်မနေ လုပ်ကြရတဲ့ အခြေအနေ တစ်ခု ရောက်လာ ခဲ့ရင်တောင်…နောက်ကွယ်မှာ သဘောတူညီချက်ကို အရင်ယူပြီး ညီလာခံ ကို အောင်ပွဲ အခမ်းအနားပုံစံမျိုးကျင်းပပြီး ကြေညာချက်ထုတ်ပြန်တာမျိုး လုပ်ကြရတာ ထုံးစံ တစ်ခု ပါ။ ဆိုလိုတာက…အခမ်းအနားကျင်းပချိန်ရောက်ခါမှ…ဘယ်လူကို ဘယ်ပို့မယ်၊ ဘယ်သူ က ဘယ်နေရာဆိုတာမျိုး ဖုတ်ပူမီးတိုက် လုပ်လေ့တော့ အတော်လေး ရှားတယ်။ ချွင်းချက် တော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် အတော်လေး ရှားမှာပါ။
---------
◾ လက်ရှိ USDP ကိစ္စမှာလည်း ကောလာဟလတွေ နည်းမျိုးစုံ ဖြန့်ပြီး ပါတီ စိတ်ဝမ်း ကွဲ အောင် မီဒီယာတွေက ပင်းတိုက်ရေးကြတယ်။ တပ်မတော်က အနားယူပါပြီဆိုတဲ့ ဗိုလ်ချုပ်ကြီးမှန်သမျှက နိုင်ငံရေးလုပ်မယ်ဆိုရင်…USDP ထဲ မဖြစ်မနေ ဝင်ရမှာပဲ။ ဒီတစ် ဆက်မှာ တစ်ချို့ကလည်း နေရာရတာရှိမယ်။ တစ်ချို့ကလည်း နေရာမရသေးတာ ရှိမယ်။ ကိုယ့်အသက်အရွယ်နဲ့ မျိုးဆက်တစ်ဆက်ကို ချိန်ပြီး နှိုင်းယှဉ်အကဲခတ်နိုင်ရင်…နေရာ ဆိုတာ ချိန်လို့ရပါတယ်။
------
◾ ခုလည်း လေဖမ်းဒန်းစီးပြီး ပါတီဥက္ကဋ္ဌ နေရာတွေ ပေါက်ကရ ရေးခဲ့၊ ပြောခဲ့ပေမယ့် လူဟောင်းအများစုပဲ နေရာယူသွားတာ တွေ့ရတယ်။ မျှော်လင့်ထားသလို မဖြစ်တော့… တစ်ဖက်မီဒီယာတွေလည်း ရေးစရာ မရှိဘူး။ အစိုးရဝန်ကြီးတွေ ဒီအခမ်းအနားကို မတက်ဘူး ဆိုတာကလည်း တက်လာရင်…လွှတ်တော်နည်းဥပဒေတွေနဲ့ကိုင်ပေါက်ပြီး သူတို့ပဲ ခွနင်း ရေးကြမှာကိုး။ ပါးပါးနပ်နပ် လုပ်သွားနိုင်တယ်လို့ပဲ မြင်ပါတယ်။
(နရီမိုး)
35 786
ဆရာတင်ပြီးကိုးကွယ်မယ်ဆိုရင်အဲဒီအရည်အသွေးရှိတဲ့သူဖြစ်ရမယ်တဲ့ ။
"ပိယော ဂရု ဘာဝနီယော ၊ဝတ္တာ စဝနက္ခမော"
(၁) "ပိယော" ချစ်ခင်လေးစားလောက်တဲ့ သီလ သမာဓိ ပညာ အရည်းအသွေးရှိရမယ်။
(၂)" ဂရု "လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။
(၃) " ဘာဝနိယောတဲ့" ချီးမွမ်းလောက်တဲ့ ကိုယ့်ကျင့်တရားရှိရမယ်( သို့မဟုတ်) မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ထားရှိရမယ်။
(၄) "ဝတ္တာ" မကောင်းရင်ပွင့်ပွင့်လင်းလင်းပြောတတ်တယ် ဆုံးမတတ်တယ် အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။
(၅)" ဝစနက္ခမော "အပြစ်တွေ့လို့ သူ့ကိုသတိပေးရင်ပြောကြားရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။
တချို့လူတွေက သူများကိုတော့ဆုံးမတတ်တယ် ကိုယ့်ကိုဆုံးမရင်တော့ ဘာပြောလဲ လျှာမရှည်နဲ့ဟုတ်လား..
ကိုယ့်ကိုပြောလာရင် မကြိုက်တဲ့လူကပိုများတယ်နော်
အဲဒါမျိုးမဖြစ်စေရဘူးတဲ့။
"ဝတ္တာ" ကိုယ်ကလည်းဆုံးမတတ်ရမယ်..
"ဝစနက္ခမော" သူကပြောလို့ရှိရင်လည်း လက်ခံရမယ်။
အဲဒီအချက်ကအင်မတန်ခက်တယ် ဘာဖြစ်လို့တုန်းဆိုရင်မာနရှိတဲ့အတွက်ကြောင့် ကိုယ်ထက်ငယ်တဲ့သူပြောရင်လက်မခံဘူး ကိုယ့်အောက်ကလူပြောရင်ရန်သူပဲ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ.🙏🙏🙏
35 786
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
35 786
ပါတီနိုင်ငံရေးအကြောင်း ရေးလေ့၊ ရေးထ မရှိပေမယ့် လက်ရှိ USDP ပါတီရဲ့ ကွန်ကရက်က စိတ်ဝင်စားဖို့ ကောင်းတယ်။ ပါဆင်နယ်အမြင်အရတော့ ...လူဟောင်းအများစုကနေရာပြန်ရနိုင်တယ် ဆိုတာထက် ပါတီတစ်ရပ်ရဲ့ မျိုးဆက်ကူးပြောင်းမှု၊ အတွေ့အကြုံနဲ့ မျက်မှောက်ခေတ်နိုင်ငံရေးလိုအပ်ချက်ကို ပေါင်းစပ်ဖို့ ကြိုးစားမှု အဖြစ်လည်း ယူဆလို့ရနိုင်တယ်။
ဘာလို့လဲ ဆိုတော့ USDP ကိုယ်တိုင်ကလည်း စက်တင်ဘာလထဲမှာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပါတီဖွဲ့စည်းပုံတွေ ပြန်လည်ရွေးချယ်နေတယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ထားတယ်။လက်ရှိကျင်းပနေတဲ့ USDP ပါတီညီလာခံမှာ ခေါင်းဆောင်သစ်ရွေးချယ်ဖို့အတွက် အငြိမ်းစား စစ်ဘက် အရာရှိကြီး ဟောင်းတွေနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေ ပါဝင်တဲ့ ကော်မရှင်တစ်ရပ်က ကြီးကြပ်လာတာမျိုး မြင်ရတယ်။ ဒါနဲ့ပတ်သက်ပြီး မျိုးစုံ ယူဆနေကြပေမယ့် ဒီမေးခွန်းရဲ့အဖြေက လာမယ့် ရက်ပိုင်း၊ လပိုင်းအတွင်း ပေါ်လာမယ့် ခေါင်းဆောင်သစ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတွေ ထုတ်ပြန်မှပဲ အတိအကျ တွေ့ရပါလိမ့်မယ်။
နိုင်ငံရေးပါတီတစ်ခုမှာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ ရှိနေတာက အဖွဲ့အစည်းအတွက် စည်းလုံးမှု၊ နိုင်ငံရေးအတွေ့အကြုံနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ အတွေ့အကြုံတွေကို ထိန်းသိမ်းပေးနိုင်တယ် ဆိုတဲ့ အားသာချက်တွေ ရှိတယ်။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တောင်းဆိုချက်အရ ရဲရဲဝံ့ဝံ့ လုပ်ရဲကိုင်ရဲ ကြတဲ့ မျိုးဆက်သစ်တွေကိုလည်း မဖြစ်မနေ လက်တွဲခေါ် နေရာပေးဖို့ လိုအပ်တယ်။
လက်ရှိ အခင်းအကျင်းမှာ ဥက္ကဋ္ဌ ရွေးချယ်ရေးကလည်း ထိပ်တန်းအဆင့် စိတ်ဝင်စားနေကြတယ်။ တကယ်တော့ ဒါတွေက မီဒီယာတွေ ဘက်က ပုံကြီးချဲ့ကြလို့ပါ။ နိုင်ငံတော် အကြီးအကဲ ဖြစ်ဖို့ဆိုတာ ပါတီ ဥက္ကဋ္ဌ ဖြစ်နေဖို့မှ မလိုအပ်ပဲ။ ပါတီ ညီလာခံကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ မတက်ဘူးဆိုတာကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေ ရှိထားလို့ပါ။ တကယ်တော့ ပါတီ ဥက္ကဋ္ဌ နေရာထက်ဘယ်လိုလူတွေကို CEC ထဲ ထည့်မလဲ။ဘယ်လိုမျိုးဆက်ကို နေရာပေးမလဲ။
ပါတီရဲ့ မူဝါဒကို ဘယ်လိုပြန်သတ်မှတ်မလဲ။ပြည်သူနဲ့ ပါတီကြား ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ။
လွှတ်တော်နိုင်ငံရေးနဲ့ ဘယ်လိုချိတ်ဆက်မလဲ။ လူကြီးတွေရဲ့ အတွေ့အကြုံကို လူငယ်တွေနဲ့ ဘယ်လို ပေါင်းစပ်မလဲ ....ဒါတွေကသာ USDP ရဲ့ အနာဂတ်ကို ပိုပြီးဆုံးဖြတ်ပေးပါလိမ့်မယ်။
ဘေးက ကြည့်နေသူအနေနဲ့ကတော့ ဘယ်သူတွေ ပါလာမယ် ဆိုတာထက် ဘယ်သူတွေက ဘာလုပ်ပြနိုင်ဆိုတာကိုပဲ စိတ်ဝင်တစား စောင့်ကြည့်ချင်မိတာ အမှန်ပါပဲ။
(နရီမိုး)
35 786
တချို့က ဘုရားတွေ၊
ကျောင်းကန်တွေ ရှိနေရင်
သာသနာ ထွန်းကား နေတယ်လို့ ထင်တယ်။သူကတော့ ငါးပါးသီလတောင် မလုံဘူးဆိုရင်သူ့အတွက် သာသနာ ကွယ်နေတာပဲလေ။
ဘုရားကတော့ ရှိတာပဲ။
ဒီပြင် ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေမှာလည်း ဘုရား ရှိနေတာပဲ။ ဟုတ်ကဲ့လား။
ကျောင်းဟောင်းကြီး တွေ၊
ဘုရားရုပ်ပွားတော် တွေ၊
ဆင်းတုတော် တွေ ဒီကနေ့ ကမ္ဘာမှာ
ဗုဒ္ဓဘာသာ နိုင်ငံ မဟုတ်တဲ့
နိုင်ငံတွေမှာလည်း ရှိနေတာပဲ။
အဲဒါ သာသနာ တည်တယ်လို့ ခေါ်ရမှာလား။ခေါ်လို့မရဘူးနော်။
တကယ့် သာသနာသည် ကိုယ့်ရဲ့ရင်ထဲ၊
နှလုံးသားထဲမှာ တည်တယ်။
ကိုယ်တိုင် ကျင့်သုံးမှ ကိုယ့် သာသနာ။
ဒါကြောင့်မို့ ဒီကနေ့ မှတ်ဖို့ ရာက
ရင်ထဲက သာသနာ မပျောက်စေနဲ့။
အပြင်က သာသနာက
ကိုယ်နဲ့ ဆိုင်ချင်မှ ဆိုင်မယ်။
ကိုယ့် ရင်ထဲက သာသနာ
ကိုယ်မပျောက်ဖို့ အရေးကြီးတယ်။
မြတ်စွာဘုရား ဓမ္မတွေ
ကိုယ်ဘယ်လောက် လိုက်နာ ကျင့်သုံးသလဲ ဆိုတဲ့
အပေါ်မှာ မူတည်တယ်။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
35 786
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
35 786
ဗန်းမော်ကို တပ်က လိုအပ်တဲ့ စစ်ကူနဲ့ ထောက်ပံ့ပို့ဆောင်ရေးပို့ရတယ်။ မန္တလေးက စထွက်ပြီဆိုကတည်းက ဒီလို ဆိုရှယ်ခေတ်မှာ သတင်းက ထိန်းဖို့ မလွယ်ဘူး။ အနီးကပ် ဖရဲသီးတွေများရှိရင် အရေအတွက်တောင် အတိအကျ သိနိုင်တယ်။ ဒီနေရာမှာ အနီးကပ်ဆိုတာက ဆိပ်ကမ်းမှာ အလုပ်လုပ်ကြတဲ့သူတွေ၊ မြစ်ကမ်းနံဘေးက နေထိုင်သူတွေ စသဖြင့် ပုံစံမျိုးစုံတော့ ရှိကြတာပဲ။
ခုလက်ရှိ ဆန်တက်ရတဲ့ ခရီးစဉ်မှာလည်း ဘယ်လောက် ပစ်ခတ်နိုင်လိုက်တယ်လို့ ကြွေးကြော်ကြပေမယ့် ဗန်းမော်ကိုရောက်မှပဲ ဘယ်လောက်အင်အား ပါလာတယ်ဆိုပြီး ခန့်မှန်းနိုင်ကြတယ်။ ထုံးစံအတိုင်း ထောက်ပံ့ပို့ဆောင်ရေးဆိုတော့လည်း တွန်း သင်္ဘောတွေက မပါမဖြစ် ပါကြတယ်။
ကိုယ်တွေ တုန်းကလည်း မြစ်ကြောင်းကို ဆန်တက်ဖူးတော့ အားနည်းချက်တွေ အများကြီး ရှိနိုင်တာ တွေးမိတယ်။ အားနည်းချက်ဆိုတာက သဘာဝက ပေးထားတဲ့ အားနည်းချက်မျိုးပါ။ ရေမိုင်ကို ဆန်တက်ရတာဖြစ်လို့ ကုန်းပေါ်မှာလိုတော့ စိတ်ကြိုက် တိုက်စစ်ဆင်ဖို့ ခက်တယ်။ ဒါပေမယ့် မြင်ရသလောက်တော့ တပ်ကလည်း လိုအပ်တဲ့ အကာအကွယ်တွေ လုပ်လာကြတာပါပဲ။ ဥပမာ ဘေးနံအကာအကွယ်အတွက် ပြင်ထားတာမျိုးနဲ့ ဒရုန်းအတွက် ပိုက်ကွန်အကာအကွယ်တွေ တပ်ဆင်ထားတာ တွေ့ရတယ်။ ဒါက တကယ်တော့ ရယ်စရာ မဟုတ်နေဘူး။ အတွေ့အကြုံက ပေးတဲ့ သင်ခန်းစာမျိုးပဲ။ ရုရှားလို စစ်အင်အားကြီးတဲ့နိုင်ငံတောင် သူတို့ရဲ့ စစ်သင်္ဘောတွေကို သံမဏိသံကွန်ခြာတွေ တပ်ထားကြတယ်။
ရန်သူ့ဘက်ကကြည့်ရင်လည်း ဒီလောက် အင်အာထုကြီး တက်လာတာကို ရနိုင်သလောက် တားမှာပါပဲ။ မတားရင်လည်း ...စမုံတုံးနိုင်တာကိုး။ ဒါက စစ်ရဲ့ သဘောသဘာဝပဲ။ ဒါပေမယ့် ရန်သူ့ဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေကို ကြည့်ရင်...မြစ်ကမ်း နံဘေး ၂ မိုင် ပတ်ခြာလည်လောက်မှာပဲ နေရာယူတာ တွေ့ရတယ်။ သူတို့ ထုတ်ပြန်တဲ့ ရုပ်သံတွေကိုကြည့်ရင်....FPV drone တွေ သုံးလာသလို RPG လိုမျိုး လက်နက်တွေနဲ့လည်း ပစ်ခတ်တာမျိုး ရှိတယ်။ ထူးခြားတာက တချို့နေရာတွေမှာ လက်နက်ငယ်တွေနဲ့ပါ ပစ်တာမျိုးလည်း တွေ့ရတယ်။
ကျန်တဲ့လက်နက်တွေက အဝေးကနေ ချေမှုန်းနိုင်ပေမယ့် လက်နက်ငယ်ကတော့ အနည်းဆုံး မီတာ ၅၀၀ အတွင်းမှ ထိခိုက်မှု ရှိမယ်ပေါ့။ မဟုတ်ရင် ကျည်ဖြုန်းရုံသပ်သပ် ထက် မပိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အဓိက Highlight လုပ်နိုင်တာက လေကြောင်းအကာအကွယ်ပါ။ အပေါ်က ဆိုခဲ့သလို ရေမိုင်ကိုဖြတ်သန်းရတာဖြစ်သလို အဆန်ကို ဆန်တက်ရတာဖြစ်လို့ လေကြောင်းကနေ အနီးကပ် စောင့်ရှောက်ပေးဖို့ဆိုတာ ကန့်သတ်ချက်ရှိမှာ အမှန်ပဲ။ ဒီတော့ အနီးစပ်ဆုံးနဲ့ လက်တွေ့အကျဆုံးက ဒရုန်းနဲ့ ကင်းထောက်မှပဲ ရမယ်။ ထိတွေ့မှု ဖြစ်မှ လေကြောင်းတိုက်ခိုက်မှု လုပ်မယ်ဆိုရင်လည်း အရင်ဆုံး ပစ်ခံရမှာက ကိုယ်တွေကိုး။
မြင်မိသလောက်တော့.....ဒရုန်းနဲ့ ကင်းထောက်နိုင်ရင်....မြစ်ကမ်းဘေးက အနည်းဆုံး ၂ မိုင်ပတ်လည်အတွင်းက ရန်သူ့လှုပ်ရှားမှုတော့ မြင်နိုင်မယ်။ ချွင်းချက်ကတော့ တစ်စင်းတည်းတော့ မတက်နဲ့ပေါ့။ အနည်းဆုံး တစ်စင်းကင်းထောက် ၊ နှစ်စင်း၊ သုံးစင်းလောက်က ဗုံးချိတ်ပြီး အသင့်လိုက်တာမျိုးတော့ လုပ်မှရမယ်။ ငါတို့ ပိုက်ကွန်ကာထားတာပဲ၊ ကျည်မမှန်အောင် ဘေးနံအကာအကွယ်တွေ လုပ်ထားတာပဲ လောက်နဲ့တော့ အဆင်မပြေနိုင်လောက်ဘူး လို့ မြင်မိတယ်။ ရန်သူက ကြားဖြတ်တားနိုင်တယ်လို့ ယူဆရင်....ကိုယ်ကလည်း တန်ပြန်နိုင်တဲ့ စီမံချက်တော့ ပါမှ ဖြစ်မယ်။
ခုလည်း အဆိုးကြီးတော့ မဟုတ်ဘူးဆိုပေမယ့် နောက်တစ်ကြိမ် သွေးတိုး မစမ်းရဲတဲ့အထိ ဖြစ်စေချင်မိတာပါ။ ဒရုန်းနဲ့ ပုံမှန်လေး ကင်းထောက်သွား၊ မသင်္ကာရင် ဗုံးမိုးရွာ။ အနည်းဆုံးတော့ အထိအခိုက် နည်းမယ်လို့ ယူဆရမယ်။
(နရီမိုး)
35 786
NUG ရဲ့ ထုတ်ပြန်ချက်ကို အနှစ်ချုပ်ရင်...တပ်မတော်ဆီမှာ စစ်မှု မထမ်းနဲ့။ ထမ်းချင်ရင် ငါတို့ ဆီ လာထမ်းပေါ့လေ။ တကယ်လို့ စစ်မှုမထမ်းချင်ရင်...ပြည်ပထွက်နိုင်အောင် ကြိုးစား။ သူတို့ကူညီမယ်ပေါ့။ ဒီလိုမှမဟုတ်ရင်လည်း ထောက်ပို့လုပ်ချင်ရင် လုပ်နိုင်တယ်ပေါ့။
ဒီစကားက ပြီးခဲ့တဲ့ ၂၀၂၁ အလွန်ကာလ ပူပူနွေးနွေးလေး ဆိုရင်တော့ ဟုတ်ကောင်း ဟုတ်နိုင်၊ လူငယ်တွေလည်း ယုံကောင်း ယုံနိုင်တာပေါ့။ တပ်ကနေ တပ်ပြေးဘဝနဲ့ ပြေးပြီး ကောင်းစားနေတာ ဘယ်သူများ ရှိလို့လဲ။ ငမျောက် ငခြောက် YouTube ကနေ ပိုက်ဆံဝင်ဖို့ တစ်ရာဖိုး သုံးပုဒ် ပြောတဲ့သူတွေတော့ ထည့်မတွက်နဲ့ပေါ့။ သူတို့ကလည်း ပါးစပ်ကနေ ပေါက်ကရ ပြောနေမှ လူရာကဝင်မှာကိုး။ NUG ကနေ တပ်ပြေးမို့လို့ သူကောင်းပြုထားတဲ့သူရှိရင် အရင်ဆုံး ပြကြည့်ဦး။ ဒါတောင် ကရင်မြေမှာ အသတ်ခံလိုက်ရတဲ့ တပ်ပြေး ဗိုလ်မှူးတစ်ယောက်အကြောင်းတောင် အစဖော်လို့ မရတော့ဘူးမလား။
ထားလိုက်ဦး ၊ တပ်ကပြေးတဲ့ စစ်သည်တွေအကြောင်း။ အရင်ဆုံး မတ္တရာမြေမှာ စားခွက်လုလို့ အရှင်းခံလိုက်ရတဲ့ MDY PDF ခေါင်းဆောင်တွေတောင် ဘယ်ဘဝရောက်နေမှန်းမသိ။ အချင်းချင်းတောင် ဗိုလ်မထားလို့ နဂါးတို့တောင် အပြတ်ရှင်းခဲ့ကြတာ မဟုတ်ဘူးလား။ လက်နက်တပ်ဆင်တာတောင် MoD အောက်မဟုတ်ရင် တစ်မျိုး၊ ဆုတံဆိပ်ပေးတာတောင် MoD တပ်ရင်းက မဟုတ်ရင် မရတဲ့ အနေအထားမှာ ဘာတွေ မျှော်လင့်နေတာလဲလို့ မေးရမှာပဲ။
၅ နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ NUG ရဲ့ကာကွယ်ရေး ဝန်ကြီးဌာနကနေ ဘာများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့တာ ရှိလို့လဲ။ ရှမ်းမြောက်အရေးက မျောက် ၃ ကောင်ကြောင့်သာ မဟုတ်ရင်... NUG လည်း ဘာလုပ်နိုင်မှာမို့။ ဒါတောင် နီပေါ တသိုက်က EAO တွေက သစ္စာဖောက်တယ်လုပ်သေး။ ၂၀၂၀ ရလဒ်ကို တရားဝင်အောင်လုပ်ဖို့ကြိုးစားတာနဲ့ EAO တွေရဲ့ ရပ်တည်ချက်က နဂိုကတည်းမှ လမ်းမတူတာ။ တကယ်တော့ မသိနိုင်စရာအကြောင်းတော့မရှိ။ ဇင်မာအောင် ပြောသလို တော်လှန်ရေးက မအောင်မြင်နိုင်တာ ပြောချလိုက်ရင် အဆဲ ခံရမှာကိုး။ နိုင်ငံရေးမသိ၊ သမိုင်းလည်း မလေ့လာ၊ သူတို့ တိုက်ရင် တပ်မတော် တကယ်ပြိုကျမှလို့ ယုံတဲ့ Gen Z တသိုက်ရဲ့ ဦးနှောက်က ရွှေချထားရမယ်။ ဒါတောင် ၈၈ ကအချိုးတွေ ၂၁ မှာ လာမချိုးနဲ့တဲ့။
NUG အကြောင်းပြန်ဆက်ရရင် ...ဒီ ၅ နှစ်အတွင်း CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို လစဉ် ဘယ်လောက် ထောက်ပံ့နိုင်ခဲ့သလဲ။ ခုရော ထောက်ပံ့နိုင်သေးလားပဲ အရင် မေးကြပါဦး။ နွေဦးထီတို့ ၊ မြေတိုက်စာချုပ်တို့ ၊ ငှက်ပစ် ပရောဂျက်တွေလည်း ဘယ်ရောက်ကုန်လဲ မသိ။ စာရင်း မပြနိုင်လို့ အချင်းချင်း ကွဲကြ၊ ပြဲကြတာလည်း ရှိသေးတယ်မလား။ အတွင်းဝန် မကြည်ပြာတောင် ကင်ဆာ ဖြစ်နေတယ် ပြောလိုက်ရုံနဲ့ အမှုက ကွင်းလုံးကျွန်သေးတာပဲ။ ဒါတောင် ကျော်မိုးထွန်း ရဲ့ ၂.၇၆ သန်းကိစ္စက အရူးကွက်နင်းနေတုန်း။
ပြဿနာပေါင်းက သောင်းခြောက်ထောင်၊ MoD ကို မယုံကြလို့ ဒေသခံ PDF တွေကလည်း ကိုယ်ထူကိုယ်ထ ရပ်တည်၊ နိုင်ငံတကာ မပြောနဲ့ ၊ ပြည်တွင်းက EAO တွေကတောင် အစိုးရလို့ မသတ်မှတ်ထားတဲ့ အခြေအနေမှာ....NUG အောက်မှာ စစ်မှုထမ်ဖို့ ပြောရဲတာက တော်ရုံ မျက်နှာပြောင်တာမျိုးတော့ မဖြစ်နိုင်ဘူး။
(နရီမိုး)
35 786
အမေရိကန်တာဝန်ရှိသူတွေဘက်ကနေ နေပြည်တော်ဆီ တိုက်ရိုက်သွားပြီး Adam Castillo ကိစ္စကို ဆွေးနွေးခဲ့တာက ၂၀၂၁ နောက်ပိုင်း အမေရိကန်–မြန်မာ ထိတွေ့မှုထဲမှာ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုအဖြစ်နဲ့ မျက်ဝါး ထင်ထင် မြင်တွေ့လာခဲ့ကြရတယ်။
ဘယ်လောက်ပဲ လျို့ဝှက်တယ်လို့ ဆိုဆို....Adam Castillo လွတ်မြောက်ရေးကိစ္စကို အကြောင်းပြုပြီး အမေရိကန်အစိုးရတာဝန်ရှိသူတွေဘက်ကနေ မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ခဲ့တာက သာမန်ကိစ္စတစ်ခုထက် ပိုပြီး အဓိပ္ပာယ် လေးနက်မှုရှိတယ်။ ဒီပုံစံအတိုင်း မြန်မာအစိုးရနဲ့ ဆက်ဆံမှု ပိုလုပ်လာရင်....ထရမ့်ဦးဆောင်တဲ့ အစိုးရလည်း နီပေါတွေရဲ့ Boycott လုပ်ခံရနိုင်ချေ များတယ်။
ဒီအခင်းအကျင်းမှာ တဖက်အဖွဲ့အစည်းအတွက် စွေ့စွေ့ခုန် ဖြစ်စေရမယ့် အကြောင်းအရာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က “မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေတယ်” ဆိုပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြောလာခဲ့တယ်။ တကယ်တော့ ဒီစကားလုံးက နီပေါတွေရဲ့ ရန်ကနေ လွတ်အောင် လူကြားကောင်းအောင် ပြောတာ ဖြစ်မယ်။ ၂၀၂၁ အလွန်ကတည်းက အစိုးရကို ဆန်ရှင်လုပ်၊ Burma's Act တွေ ပြဋ္ဌာန်းပြီး စစ်ရေးအကူအညီမဟုတ်တဲ့ လူသားခြင်း စာနာထောက်ထားမှု ခေါင်းစဉ်နဲ့ NUG ကို ထောက်ပံ့နေပြီးသားပဲ။ ခုကိစ္စက ဒဲ့ပြောရရင် မြန်မာအစိုးရနဲ့ ဆက်ဆံပြီလို့ မပြောရုံတမယ်ပဲ ကျန်တော့တယ်။
တကယ်တော့ ပြည်နှင်ဒဏ် ပေးခံရတဲ့ မောင် Castillo က ပွန်းရုပ်ပါပဲ။ သူ့အကြောင်းအရာအစပြုပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးက လမ်းကြောင်း တစ်ခု ပွင့်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက အမေရိကန်အတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ပဋိပက္ခကိစ္စတွေတင်မကဘဲ တရုတ်ရဲ့ ဒေသတွင်းသြဇာ၊ မြေရှားသတ္တု၊ အင်ဒို-ပစိဖိတ် မဟာဗျူဟာနဲ့ အာဆီယံဒေသတွင်း အင်အားချိန်ခွင်လျှာ တွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ ...သူတို့ မသိဘဲ မှ မနေပဲ။
အမှတ် မမှားဘူးဆိုရင်....Castillo ကိုယ်တိုင်လည်း ၂၀၂၅ ခုနှစ်က အမေရိကန်ဒုတိယသမ္မတရုံးတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံရဲ့ ရှားပါးမြေသတ္တုကဏ္ဍမှာ အမေရိကန်ပါဝင်နိုင်ဖို့ ဆိုပြီး ဆွေးနွေးခဲ့ဖူးတယ်။ တကယ်တော့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ အသံမြည်တာပါ။ နီပေါတွေ မျှော်လင့်နေတဲ့ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတာတော့ ဖြစ်လာပြီ။ လူကြီးတွေကို ICC တွေ ဘာတွေပြောပြီး ဘာတွေမျှော်လင့်နေကြလည်း မသိ။ နေပြည်တော်ဘက်ကလည်း စကားအလှလေး သုံးထားတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍တဲ့။ ဒါ့ကြောင့်လည်း NLD က တွေ့ဆုံညှိနှိုင်းရေး လုပ်ကြရအောင် ဆိုပြီး အသံထွက်တာ နေမှာပေါ့။ NLD ကိုယုံပြီး သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးလို့ လက်တီးလက်မောင်း တန်းခဲ့ကြသူတွေတောင် အားနာမိတယ်။ အပြောင်းအလဲကလည်း မြန်ကြသကိုး။
(နရီမိုး)
35 786
စိတ်ဆိုးရင် စကားမပြောနဲ့
ဘာဖြစ်လို့လဲ?
စကားကောင်းမထွက်ဘူး..
ဒါဆိုဘယ်လိုပြောရမလဲ?
စကားအပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားပေးထားတာရှိတယ်
စကားပြောတဲ့အခါမှာ
၁။ ပြောသင့်တဲ့အချိန်မှာ ပြောမယ်
မပြောသင့်တဲ့အချိန်မှာ မပြောဘူး..
၂။ မှန်တာကိုပဲ ပြောမယ်..
မမှန်တာကို မပြောဘူး..
၃။ ပြောမယ်ဆိုရင်လည်း
ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့
သိမ်သိမ်မွေ့မွေ့ပြောမယ်..
၄။ ပြောတဲ့အခါမှာ
အကျိုးရှိတဲ့စကားကိုသာပြောမယ်..
အကျိုးမရှိတာကို မပြောဘူး..
၅။ ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်..
ဒေါသနဲ့မပြောဘူး..
ဒီအတိုင်းသာ သတိထားပြီး
လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင်
မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း
ပြသနာတက်စရာအကြောင်း မရှိတော့ဘူး..
မေတ္တာနှလုံးပျက်သွားတာဟာ
ကိုယ့်ရဲ့အပြောကြောင့်ပဲ နော်..
မပြောသင့်တာကို ပြောမိလို့
ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့..
အေး..မဟုတ်တာသွားပြောမိရင်လည်း
ပြသနာတက်တက်တယ်
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
35 786
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
35 786
မကြာသေးခင်က ထွက်လာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အင်္ဂါစဉ်အရဆိုရင် ညှိနှိုင်းကွပ်ကဲရေးမှူးက အင်္ဂါစဉ် ၁၆ ပါ။ သူ့အထက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဆိုပြီး ရှိထားတယ်။
တပ်ဘက်က အဆင့်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြီးရင် ညှိကွပ်က အဆင့် ၄ ပါ။ ပုံမှန်ဆို ညှိကွပ်က အဆင့် ၃ လို့ ဆိုနိုင်ပေမယ့် ကာကွယ်ရေးဦးစီးချုပ်( ကြည်း) တာဝန်ကို ဒုတပ်ချုပ်က တွဲကိုင်တတ်တဲ့ အစဉ်အလာလည်း တပ်မတော်မှာ ရှိနှင့်နေခဲ့တယ်။
သာမန်အားဖြင့် တပ်မတော် ဖွဲ့စည်းပုံအရ အဆင့်တစ်ခု ရှိပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့ အင်္ဂါစဉ်မှာတော့ ပြည်ထောင်စုဝန်ကြီးအဆင့်က နံပါတ် ၆ မှာ ရှိတယ်။ နောက် မဖြစ်မနေ ထည့်တွက်ရမှာက ပြည်ထဲရေးဝန်ကြီးက ကာလုံ ထဲမှာ နေရာတစ်ခုလည်းပါတယ်။ ဒီတော့ တချို့ နီပေါတွေ အရူးချီးပမ်း ပြောသလို ရာထူးလျှော့ချတာလို့လည်း သတ်မှတ်လို့မရဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ အင်္ဂါစဉ်မှာ အဆင့် ၁၆ ကနေ အဆင့် ၆ အထိ ခုန်တက်တာကိုး။ (တခါတလေ ဒီနီပေါ အရူးတွေ ဘယ်လိုတောင် တွေးလိုက်တာလဲ ဆိုတာ စဉ်းစားမရဘူး)
ဒီနေရာမှာ ရာထူးအပြောင်းအလဲ ဆိုတာထက် လုပ်ငန်းလိုအပ်ချက်အရပဲ ဖြစ်နိုင်ခြေ များပါလိမ့်မယ်။ တစ်ခုရှိတာက ...ပြည်ထောင်စုဝန်ကြီး ပြောင်းလဲ ခန့်အပ်တယ်လို့ ကြေညာထားပေမယ့် ညှိနှိုင်းကွပ်ကဲရေးမှူး ခန့်တာ မတွေ့ရသေးဘူး။ ဒီတော့ ဗိုလ်ချုပ်ကြီးက စစ်ဘက်တာဝန်အပြင် ပြည်ထဲရေးဝန်ကြီးတာဝန်ပါ တွဲကိုင်မှာလား ဆိုတဲ့ မေးခွန်းတော့ ရှိတယ်။
တကယ်တော့ ပြည်ထဲရေးရော၊ ညှိကွပ်တာဝန်ရောက လုပ်ငန်းပမာဏ များပြားတယ်။ ပြည်ထဲရေးဝန်ကြီးဆိုတာကလည်း သမ္မတနားမှာ အနီးကပ်လို နေရချိန် ညှိကွပ်တာဝန်ကိုပါ တစ်ယောက်တည်းက တွဲကိုင်ဖို့တော့ စိန်ခေါ်မှု ရှိနိုင်တယ်လို့ ယေဘူယျ ယူဆနိုင်လို့ ဘယ်လိုအပြောင်းအလဲ ဆက်ရှိလာနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။
(နရီမိုး)
35 786
နိုင်ငံရေးပါတီ ၃၂ ပါတီကို တစ်ပါတီချင်းစီအလိုက် ဆွေးနွေးနေတာကနေ အခု အမြဲတမ်းအလုပ်အဖွဲ့ ၁၆ ဦး ဆိုတဲ့ ယန္တရားတစ်ခု ထပ်ပြီးပေါ်လာတာ တွေ့ရတယ်။
မြင်ရသလောက်တော့...... ဆွေးနွေးပွဲတွေကို အခါအားလျော်စွာလုပ်တဲ့ ပုံစံကနေ အမြဲတမ်း ဆက်သွယ်ညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးဆွေးနွေးရေး Channel တစ်ခု တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့သဘောလို့ပဲ ယူဆချင်စရာပဲ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဆွေးနွေးမယ့်အကြောင်းအရာတွေက ပိုပြီးလေးနက်နေခဲ့တယ်။ ထုတ်ပြန်ချက်အရတော့.....လက်နက်ကိုင်အဖွဲ့တွေ တရားဥပဒေဘောင်ထဲ ဝင်လာရေး၊ NCA လမ်းကြောင်းကနေ ကင်းကွာသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြန်လည်ချိတ်ဆက်ရေး၊ ပဋိပက္ခဒေသတွေ ပြန်လည်တည်ငြိမ်ရေး၊ IDP တွေ နေရပ်ပြန်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ တိုက်တွန်းထားတယ်။
ဖြစ်နိုင်ဖွယ်ရှိတာက..... ငြိမ်းချမ်းရေးညီလာခံတစ်ခုအတွက် ညီလာခံကျင်းပနိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်ကို အရင်တည်ဆောက်နေတာလား ဆိုပြီး တွေးမိလာတယ်။
ဒီလိုယူဆစရာ အခြေအနေကလည်း အရင်ကတည်းက ရှိနေခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် NSPCC လမ်းညွှန်ချက်တွေထဲမှာ NCA အခြေခံပြီး တရားဝင်အစည်းအဝေးတွေ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်တဲ့အထိ ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို ဖော်ပြခဲ့ဖူးတယ်။
လက်ရှိအချိန်ထိတော့ “ညီလာခံကျင်းပမယ်” လို့ တိတိကျကျ အတည်ပြုထားတာ မတွေ့ရသေးဘူး။ ဒါပေမယ့် ဆွေးနွေးမယ့်အကြောင်းအရာတွေ၊ အမြဲတမ်းအလုပ်အဖွဲ့ ဖွဲ့စည်းမယ့်ပုံစံနဲ့ ယခင် NSPNC ရဲ့ ညီလာခံအထိ ဦးတည်ထားတဲ့ လမ်းညွှန်ချက်တွေကို ပေါင်းစပ်ကြည့်မယ်ဆိုရင်တော့...... နောက်တစ်ဆင့်လာနိုင်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ဒါမှမဟုတ် ငြိမ်းချမ်းရေးညီလာခံတစ်ရပ်အတွက် အခြေခံအုတ်မြစ်ချနေတယ်လို့ပဲ ယူဆရမှာပဲ။
(နရီမိုး)
