နရီမိုး
前往频道在 Telegram
📈 Telegram 频道 နရီမိုး 的分析概览
频道 နရီမိုး (@nyemoee) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 36 348 名订阅者,在 宗教与灵性 类别中位列第 1 809,并在 缅甸 地区排名第 3 928 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 36 348 名订阅者。
根据 08 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -413,过去 24 小时变化为 -5,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 23.28%。内容发布后 24 小时内通常能获得 15.53% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 8 462 次浏览,首日通常累积 5 645 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 484。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 09 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 宗教与灵性 类别中的关键影响点。
36 348
订阅者
-524 小时
-917 天
-41330 天
帖子存档
36 348
ချစ်ရတဲ့သူတွေ သေကွဲ၊ ရှင်ကွဲ ကွဲရ။
တစ်သက်လုံး ရှာဖွေလာရတဲ့ စည်းစိမ်တွေ၊ အိမ်တွေ ပြုတ်ရ။
ဒီလိုလုပ်ရပ်တွေ လုပ်နေတဲ့ လက်နက်ကိုင်တွေကို တိုင်းရင်းသားအရေးလား၊ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်လားဆိုတာ ကွဲကွဲပြားပြား လွှတ်တော်မှာမေး၊ ပြတ်ပြတ်သားသား ရှင်းမှပဲ ပြည်သူတွေရဲ့ ဒီလို ဒုက္ခတွေ လျော့ပါး သက်သာပြေပျောက်မယ် ထင်။
(နရီမိုး)
36 348
◾နိုင်ငံတော်သမ္မတကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်/ဖြည့်စွက်ဖို့အတွက် ပုဒ်မ ၄၃၆ (က)နဲ့ ၄၃၆ (ခ)အောက်မှာပါတဲ့ အချက် ၄၃ ချက်ကို လွှတ်တော်ကို ပေးပို့လိုက်ပြီဆိုတဲ့ သတင်း တွေ့လိုက်ရတယ်။ ပုဒ်မ ၄၃၆ (က)ဆိုတာက ဖွဲ့စည်းပုံရဲ့ အသက်သွေးကြောလို့ ပြောလို့ရနိုင်လောက်တဲ့ အရေးကြီးတဲ့ ပုဒ်မတွေ ပါဝင်သလို ပုဒ်မ ၄၃၆(ခ) ဆိုတာကလည်း လွှတ်တော်မှာ အနိမ့်ဆုံး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်ခွင့် ရှိမယ့် အချက်တွေ ပါဝင်တာဖြစ်လို့ ဘယ်အချက်တွေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရတယ်။
------
◾ပုဒ်မ ၄၃၆(က)မှာ နိုင်ငံတော်ရဲ့အခြေခံမူတွေ၊ နိုင်ငံတော်ရဲ့အာဏာခွဲဝေမှုတွေ ဖြစ်တဲ့ ပုဒ်မ ၄၊ ၅၊ ၁၁-က ၊ ၂၀-က တို့ ပါဝင်နေသလို နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ သက်ဆိုင် တဲ့ ပုဒ်မ ၅၉ တွေလည်းရှိနေတယ်။ ဖွဲ့စည်းပုံအရဆိုရင် ပုဒ်မ ၄၃၆ (က) ဆိုတာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ ဖို့ လိုအပ်တဲ့ အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးခွင့်ရှိသူ ရဲ့ ထက်ဝက်ကျော် (အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်) ရှိမှသာ ပြင်ဆင်ခွင့်ရမယ့် ပုဒ်မတွေလည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲကိုတောင် လုံခြုံရေးအခြေအနေကြားထဲကနေ အပိုင်းခွဲပြီး ကျင်းပ ခဲ့ရတဲ့ အခြေအနေကနေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပဖို့ကလည်း စိန်ခေါ်မှုတွေတော့ ရှိမှာ အမှန်ပဲ။ ဒါပေမယ့် ဒီပုဒ်မထဲမှာ အရေးကြီးတဲ့ အာဏာခွဲဝေမှုတွေ ပါလာလို့ တိုင်းရင်း သားလက်နက်ကိုင်နဲ့ပါတီတွေ ဝိုင်းဝန်းပံ့ပိုးရင်တော့ တစ်မျိုးတစ်ဖုံဖြစ်သွား နိုင်တယ်။
------
◾ပုဒ်မ ၄၃၆(ခ)ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမလိုဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်နဲ့ပြင်ဆင်နိုင်တာဖြစ်လို့ ဒီအချက်တွေကတော့ ပုဒ်မ ၄၃၆ (က)ထက် ပိုလွယ်ကူနိုင်တယ်လို့ ပြောလို့ရတယ်။ ဝန်ကြီးတွေ ခန့်အပ်ခံရတဲ့ ပုဒ်မတွေ၊ ပုဒ်မ ၂၆၁ နဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် သတ်မှတ်ချက်တွေ ပြဌာန်း တာဖြစ်လို့ ဘယ်အချက်တွေ ပြင်ဆင်ဖြည့်စွက်မှာလည်းဆိုတာကလည်း စိတ်ဝင် စားစရာ ကောင်းတယ်။
-----
◾ဖွဲ့စည်းပုံပြင်ဆင်/ဖြည့်စွက်ခြင်းဆိုတာက NCA ကို ပိုအားကောင်းစေတာမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တာမို့ ဘယ်အချက်တွေ ပြင်ဆင်၊ ဖြည့်စွက်ကြမလဲ ဆိုတာ လွှတ်တော် ပိတ်ကားပြင်မှာ အတူစောင့်ကြည့်ကြတာပေါ့။
(နရီမိုး)
36 348
◾မနေ့က လွှတ်တော်မှာ နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံရဲ့ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းတွေမှာ တာဝန်နဲ့ဖြစ်စေ၊ မည်သည့်အကြောင်းနဲ့ဖြစ်စေ ခရီးသွားတဲ့ အခါ… အခမဲ့ ခရီးသွားလာဖို့ ဦးစားပေးအဖြစ်နဲ့ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ ဆိုပြီး လွှတ်တော်မှာ မေးမြန်းခဲ့တာ တွေ့ရတယ်။
-----
◾တကယ်တော့…လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးခင်ရီအနေနဲ့ ရွေးကောက်ပွဲ အကြို ကာလမှာ …အစိုးရဖြစ်ခဲ့ရင်…ဝန်ထမ်းတွေကို အခမဲ့စီးနင်းလို့ရအောင် ဆောင်ရွက် ပေးမယ်ဆိုတဲ့ ကတိကဝတ် ပေးခဲ့သလားလို့ပါပဲ။ လက်ရှိမှာတော့ ဒေါက်တာ နန္ဒာ လှမြင့်(USPD)က ဒီအဆိုကို တင်သွင်းခဲ့တယ်။
-----
◾အဆိုနဲ့ပတ်သက်ပြီး သုံးသပ်ရရင်…”တာဝန်နဲ့ ဖြစ်စေ၊ မည်သည့်အကြောင်းနဲ့ ဖြစ် စေ”ဆို တာကိုတော့ အစိုးရအနေနဲ့ပြန်သုံးသပ်မယ့် သဘော ရှိနိုင်ပါလိမ့်မယ်။ နောက် တစ်ခုက…ကုန်းကြောင်းနဲ့ရေလမ်းထက်စာရင် လေကြောင်းတွေအတွက် ကုန်ကျစရိတ် ကို အစိုးရအနေနဲ့ စိုက်ထုတ်ပေးနိုင်ပါ့မလားဆိုတဲ့ ဘတ်ဂျက်ပြဿနာလည်း ရှိနိုင်တယ်။ တကယ်တော့ …ခန့်မှန်းအင်အား ၁ သန်းလောက်ပဲရှိတဲ့ နိုင်ငံဝန်ထမ်းတွေကို တာဝန် ချိန်မှာ (သို့တည်းမဟုတ်) မိဘနာရေးဖြစ်စဉ်တွေမှာ မီးရထားကိုတော့ အခမဲ့ စီးနင်းခွင့် ပေးသင့် တယ်လို့လည်း ယူဆမိတယ်။ ကျန်တဲ့ လေကြောင်းနဲ့ ရေကြောင်းမှာ အတိုင်း အတာတစ်ခုအထိ သက်သာခွင့်ဆိုရင်တော့ ပိုကောင်းပေါ့လေ။
--------
◾တကယ်တော့…ဒီလိုအဆိုတွေ မဖြစ်ခင်ကတည်းက အစိုးရ ရက်(၁၀၀)ထဲမှာ ဒါတွေ က လုပ်ပေးသင့်တဲ့ကိစ္စလို့လည်း မြင်မိတယ်။ ဆိုပါစို့ ရက်(၁၀၀)အတွင်းမှာ နိုင်ငံဝန်ထမ်း အားလုံး တာဝန်ချိန်တွင် အခမဲ့ ဆိုတာမျိုး လုပ်ခဲ့ရင်…သိပ်ကောင်းတဲ့ ခေါင်းစီးတစ်ခု (သို့) Quick-win ရသွားမှာပဲ။ အခမဲ့ မလုပ်နိုင်ရင်တောင် ဘယ်လောက်ရာခိုင်နှုန်း လျှော့ပေး တယ်ပေါ့လေ။ ဝန်ထမ်းတွေဘက်က သိပ်ကို Feedback ကောင်းကောင်းပေးမယ့် လုပ်ရပ် မျိုးလို့ပြောလို့ရတယ်။
------
◾တကယ်လို့…အဆင်မပြေရင်တောင်… လတ်တလော မလုပ်ပေးနိုင်ပါဘူးဆိုပြီး တုံးတိ မဖြေပါနဲ့လို့ပဲ ပြောရမှာပဲ။ ပထမအဆင့် မီးရထားနဲ့ နိုင်ငံပိုင်ရေကြောင်းမှာ တာဝန်နဲ့ ခရီးသွားလာတာ အပေါ် အခမဲ့ လုပ်နိုင်၊မလုပ်နိုင်ဆိုတာကို အချက်အလက်၊ ဘတ်ဂျက် စစ်တမ်း လုပ်ကြည့်စေချင်တယ်။ လုပ်နိုင်ရင်တော့ …အစိုးရအတွက် ကတိကဝတ်လည်း အကောင် အထည်ဖော်ပြီးသားဖြစ်တာပေါ့။ နောက်ဆုံး အခမဲ့အနေအထားအထိ မလုပ်နိုင်ရင်တောင်…အနည်းဆုံး သက်သာတဲ့ ဘယ်လို နှုန်းထားနဲ့ လုပ်ပေးပါ့မယ် ဆိုတာမျိုး၊ ဒါမှမဟုတ်…ဘယ်ဘဏ္ဍာရေးမှာ စပြီး အကောင် အထည်ဖော်မယ်ဆိုတာမျိုးနဲ့ နိုင်ငံတော် ဘတ်ဂျက်စာရင်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဖြေရှင်းချက်မျိုးနဲ့ပဲ ဖြေသင့် တယ်လို့ပဲ အကြံပြုချင်ပါတယ်။
(နရီမိုး)
36 348
◾ဒီကနေ့ ထွက်မယ့် Trend News Journal မှာ Geo-economics အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထည့်ရေးဖြစ်တယ်။ အဓိက သမ္မတကြီးရဲ့ လာအိုခရီးစဉ်မှာ လာအိုနိုင်ငံ အကြောင်းကို အများကြီး လေ့လာဖြစ်သွားတယ်။ ကုန်းတွင်း ပိတ်နိုင်ငံဖြစ်တယ်။ ကိုယ်တွေထက်တောင် GDP နိမ့်တဲ့နိုင်ငံတစ်ခုက ခုဆို ကိုယ်တွေက အလုပ်သမားပို့ရတဲ့ အနေအထားတောင် ဖြစ်သွားတယ်။ အသိမိတ်ဆွေ တစ်ယောက်နဲ့ စကားပြောတဲ့ အခါ…သူတို့ရှိနေဖြစ်တဲ့ အချိန်(၃)နှစ်အတွင်း မီးတစ်ကြိမ်တောင် မပြတ်ဘူး ဆိုတဲ့စကား ကြားရတဲ့အခါ…လာအို ဘာလို့ ခပ်မြန်မြန် တိုးတက်သွားသလဲဆိုတာ …အဖြေထပ်ရှာ နေဖို့တောင် မလိုအပ်ဘူးလို့ တွေးမိလာခဲ့တယ်။ ဆိုတော့..ပထမအချက်က စွမ်းအင်လုံခြုံရေးကို ရှာဖွေနိုင်သွားတယ်လို့ပဲ သုံးသပ်ရတယ်။
-----
◾လာအိုမှာ နိုင်ငံရေးစနစ်အကြောင်းတွေ သိပ်ပြောတာမရှိဘူး။ အဓိက နိုင်ငံတိုးတက် ဖို့ဆိုတဲ့ အမြင်ပဲ အားကောင်းတာ မြင်ရတယ်။ လာအိုနိုင်ငံအနေအထားနဲ့ တရုတ် နိုင်ငံ အနေအထားက ယှဉ်စရာလည်းမလိုဘူး။ လက်ရှိ တရုတ်ကြောင့် လာအိုနိုင်ငံ ဖွံ့ဖြိုးတိုး တက်နေတာကိုလည်း တရုတ်က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အမြင် သူတို့မှမရှိဘူး။ Negative သိပ်နည်းလွန်းတယ်။ ဒီတော့အကျိုးဆက်က တရုတ်-လာအို ဆိုတဲ့ မီးရထား လမ်းက အချိန်တိုအတွင်း ပေါ်ထွက်လာတယ်။ ဒီ ၄ နှစ်အတွင်းမှာ မီးရထားလမ်းကနေ ကုန်စည် ၁၆ သန်းနဲ့ ကုန်သွယ်မှုတန်ဖိုး ယွမ် ဘီလီယံ ၇၀ ကျော်အထိ စီးပွားရှာနိုင်ခဲ့တယ် ဆိုပဲ။
-----
◾ဒုတိယအချက်ကတော့ ပထဝီစီးပွားရေးနဲ့ ဒေသတွင်း ကုန်သွယ်မှု ချိတ်ဆက်နိုင်မှု ဆိုတာ ကိန်းဂဏန်းအရ၊ ဒါမှမဟုတ် မဟာဗျူဟာအရ သိပ်ကြီးမားတဲ့ အောင်မြင်မှုရ တယ်ဆိုတာ တွေ့လိုက်ရတယ်။ ပင်လယ်ထွက်ပေါက်မရှိ တာတောင် နိုင်ငံရေးစနစ် တည်ငြိမ်တော့…အရှေ့တောင်အာရှရဲ့ကုန်သွယ်ချက်ကိုရအောင် ဖန်တီးနိုင်တာမြင်ရ တယ်။ ၄ နှစ်အတွင်း ကုန်စည် တန်ချိန် ၁၆ သန်းဆိုတာ ကားနဲ့ ပို့တာထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်အထိ သယ်ယူစရိတ်လျှော့ချနိုင်တယ်။ တရုတ်ကနေ လာအိုဖြတ်ပြီး ထိုင်း၊ ဗီယမ်နမ်၊ မလေးနဲ့ ကမ္ဘောဒီးယားဆိုတဲ့ ကုန်းစည် ကွင်းဆက်ကို ဆက်စပ်ပေး နိုင်ခဲ့တယ်။ အနှစ်ချုပ်ရရင်…လာအိုမှာ နိုင်ငံရေးစနစ်ငြိမ်တယ်။ လျှပ်စစ်လုံလောက်မှု ရှိတယ်။ Geo-economics ကို ကောင်းကောင်းအသုံးချသွားတယ်လို့ပဲ ဖြေရမယ်။
(နရီမိုး)
36 348
ထူးခြားတာက ဘယ်သူနဲ့ တွေ့တွေ့ မှတ်စု Note လေး ဆောင်တတ်တာပဲ။
ဒီတစ်ကြိမ်မှ မဟုတ်ဘူး။ အမြဲလိုလို သတိထားမိတယ်။
လိုလားချက်တွေ၊ ဆွေးနွေးမယ့်အချက်တွေကို ကြိုပြင်ဆင်ပြီး Note ထုတ်ထားပုံပဲ။
(နရီမိုး)
36 348
ဘဝတစ်ခုမှာ တွေ့ဆုံကြုံကြိုက်ရတဲ့သားသမီး၊ ဇနီး၊ ခင်ပွန်း ကို လူတွေက ကိုယ့်အပိုင်လို့ ထင်နေကြတယ်။
တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ မပိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။
အကြောင်းသင့်တုန်းလေးမို့ ပေါင်းဆုံနေကြရတာဖြစ်တယ်။ အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။
ဒါက ကိုယ့်တယောက်ထဲဘဲ ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။ ကိုယ့်တယောက်ထဲ မဟုတ်ပါဘူး။ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့ သတ်မှတ်ထားတော့ရုတ်တရက်ခွဲရရင်အတော်ခံစားကြရတယ်။
ဒီတော့ သားသမီး၊ ဇနီး၊ ခင်ပွန်းတွေကို ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ အထင်အမြင်မှားမှုကို သတိလေးနဲ့ လျော့ချရမယ်။
ကိုယ်မထားခဲ့လဲ သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။
ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။
ကိုယ်တကယ်ပိုင်တာ ကိုယ်တကယ်ဆိုင်တာက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။ ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေသာ ဖြစ်တယ်။
သားသမီး၊ ဇနီး၊ ခင်ပွန်းဆိုတာက သုဿန်ဘက်အထိ လိုက်လို့မရဘူး။ ကိုယ်ပြုထားတဲ့ကံတွေကတော့ ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။
လူဆိုတာ အကြောင်းဆုံလို့ ပေါင်းဆုံရတဲ့အခါမှာ အကောင်းဆုံး ပေါင်းဆုံခဲ့ကြသလိုအကြောင်းမဆုံတော့လို့ ခွဲကြရတော့မယ်ဆိုရင်လည်း အကောင်းဆုံးခွဲနိုင်ဖို့လိုတယ်။
ကိုယ်က သားသမီးဇနီးခင်ပွန်းကို စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင် မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။ကိုယ့်ရဲ့စွဲလန်းတပ်မက်စိတ်က သူတို့ကိုကောင်းကျိုးတစုံတရာ ပြုနိုင်သလားဆိုတော့ မပြုနိုင်ဘူး။ ကိုယ့်အတွက် ကောင်းကျိုးပြုသလားဆိုတော့လည်း မပြုပါဘူး။ နှစ်ဘက်ရှုံး၊ ရှုံးစေတယ်နော်။
ဒါကြောင့် နှစ်ဘက်ရှုံး၊ မရှုံးရအောင် ဒီအချိန်ကစလို့ မိသားစုကို ငါတကယ်မပိုင်ငါတကယ်မဆိုင်ဘူးလို့ နားလည်လက်ခံပါ။
ဒီအခြေအနေက ငါ့တစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်လက်ခံပါ။
မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း ချစ်မှတော်မယ်လို့ တွေးပြီး ဒါန သီလဘာဝနာအမှုတို့ကို စွမ်းအားရှိသလောက်ပြုလုပ်အားထုတ်ပါ။တစ်ချိန်ချိန်တော့ ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာဘဲနော်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
36 348
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
36 348
လာအိုခရီးစဉ်၏သက်ရောက်မှု၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ဒေသတွင်း Geo-economics အပြောင်းအလဲ"
သမ္မတကြီးရဲ့ လာအိုခရီးစဉ်က နိုင်ငံရေး၊ စီးပွားရေးနဲ့ ကဏ္ဍစုံအတွက် ဘာတွေ Impact ဖြစ်စေသလဲ?
မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်စေဖို့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ကြား ဘယ်အရာတွေက ချိတ် ဖြစ်စေခဲ့သလဲ?
ကျိုင်းလပ်ကုန်သွယ်ရေးစခန်းက ဘယ်လောက်အရေးပါလာနိုင်သလဲ?
၂၇၀၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်းနဲ့ လာအိုရဲ့ ရေအားလျှပ်စစ်အတွေအကြုံက ဒေသတွင်း Geo-economics ကို ဘယ်လို သက်ရောက်မလဲ?
အပြည့်အစုံကို မနက်ဖြန်ထွက်မယ့် Trend News Journal မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
(နရီမိုး)
36 348
လူမှုရေး ရှု့ထောင့်အရကြည့်ရင် ယုန်လေး လုပ်ရပ်က ချီးကျူးစရာ သိပ်ကောင်းတယ်။
နိုင်ငံရေးရှုထောင့်အရကြည့်ရင် ...ဒီလိုလူတွေနဲ့ ပူးပေါင်းပြီး အစိုးရပုံရိပ်ကို မြှင့်တင်သင့်တယ်။ Social Influencer တွေရဲ့ လွှမ်းမိုးမှုပုံရိပ်နဲ့ယှဉ်တွဲပြီး လမ်းစည်းကမ်း၊ အမှိုက်စနစ်တကျပစ်ဖို့၊ သန့်ရှင်းသာယာရေးတွေမှာ အသုံးချသင့်တယ်။
အရင်မြင်ခဲ့ရ၊ ကြုံခဲ့ဖူးတဲ့ကာလတခုမှာ အစိုးရ ဘာလုပ်လုပ် ဝန်းရံတဲ့ Organization ရှိတယ်ဆိုတာ၊ ဒီလိုရှိအောင်လည်း နောက်ကွယ်က Support တွေရှိတယ်။ ပိုက်ဆံ မသုံးရင်၊ ဒီလိုအတွေး မရှိရင်....အစိုးရလုပ်ရပ်ကို ပြည်သူကြားမှာ ပြန့်ဖို့ဆိုတာ မလွယ်ဘူး။
ကိုယ့်လူကိုယ့်ဘက်သားဆိုတဲ့ လူ မွေးဖို့ လိုတယ်။ မီဒီယာတွေကို ပေးလိုတဲ့ မက်ဆေ့ခ်ျ ကျွေးပြီး သတင်းချပြတတ်ဖို့လိုတယ်။ ရန်သူလို ဆက်ဆံရင်...ကိုယ့်လူတွေရဲ့ အမှားကို မမြင်နိုင်တော့ဘူး။
(နရီမိုး)
36 348
+2
ဘီးလင်း၊ ခဲမောက်နားက KNU ရဲ့စခန်းကို တပ်က သိမ်းတော့ ...တရားမဝင် ကမ်းကူးပစ္စည်းတွေ အချီကြီး ရတာ တွေ့လိုက်ရတယ်။
တရားဝင်ကုန်သွယ်ရေးမစနိုင်တော့ လက်နက်ကိုင်ကိုယ်တိုင် တရားမဝင်ကုန်သွယ်ရေးကို ခိုးလုပ်နေပုံပဲ။ သဘောက ထိုင်းကလာတဲ့ ပစ္စည်းတွေကို တထောက်နားရပ်စု၊ ပြီးမှ ပြည်မနဲ့ချိတ်ပြီး ကဲ့နေပုံရတယ်။ ဒီစခန်းတစ်ခုတည်းမှာတင် အမယ်စုံ ဖမ်းမိတာထောက်ရင်....KNU အနေနဲ့ ဘယ်လောက်တောင် ပါဝင်ပတ်သက်လဲ ဆိုတာ တွေးလို့ရပြီ။
ဖက်ဒရယ်တွေ၊ ကော်သူလေးတွေ ခဏထား။ EAO တွေ ဘာကြောင့် လက်နက်ကိုင်ချင်သလဲ ဆိုတာ...ဒါက အဖြေပဲ။
(နရီမိုး)
36 348
◾သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက် သွားတွေ့တယ်။ ဒါက ရှမ်းမြောက်နဲ့ပတ်သက်တဲ့ အချက်အလက်လေးပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ CMEC က (BRI ရဲ့အစိတ်အပိုင်း) လတ်တလော ရှမ်းမြောက်ပဋိပက္ခကြောင့် အကောင်အထည်မဖော်နိုင်သေးပါဘူးဆိုပြီး ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တာ မြင်လိုက်ရတယ်။
-----
◾ဒီနေရာမှာ ကိုယ့်ကို သီပေါတံတား ဘာလို့ မဖွင့်တာလဲဆိုပြီး မန့်တဲ့သူကို ဒီနေရာက အဖြေပေးရရင်…နိုင်ငံတော်မူဝါဒ လို့ပဲ ပြောရလိမ့်မယ်။ ဆိုလိုတာက…. အစိုးရဘက်က ယူဆပုံက ရှမ်းမြောက်ကို ဒီလက်နက်ကိုင်ပဋိပက္ခ မပြီးမချင်း တရားဝင်ကုန်သွယ်ရေး ပေးမလုပ်ဘူးဆိုတဲ့ သဘောပဲ။ အောက်ခြေမှာ တရားမဝင်/တရားဝင် ပေးဖြတ်တာ တွေက တစ်ပိုင်းသပ်သပ်ပါ။ နိုင်ငံတော်ဘက်ကတော့…တရားဝင်ကုန်သွယ်ရေးမဟုတ်ဘဲ ပေးဖြတ်ခွင့် မပေးဘူးလို့ပဲ ဒီလိုပဲ နားလည်ရတယ်။
-----
◾စိတ်ဝင်စားစရာကောင်းတာက…ဗဟိုအစိုးရအာဏာမသက်ရောက်သေးတဲ့ ကွတ်ခိုင်၊ သိန္နီမှာ MNDAA က ရေအားလျှပ်စစ်ထုတ်နေတာတွေ၊ တစ်ဖက်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ အတားအဆီးမရှိ လာရောက်နေတာတွေ၊ စော်ဘွားတွေနေခဲ့တဲ့ သိန္နီကို ဒီ(၂)နှစ်အတွင်းမှာ ရှမ်းစာတွေဖျောက်ပြီး “မူပန်”ဆိုပြီး နာမည်ပြောင်းလိုက်တာတွေ၊ MNDAA ရဲ့အထူးဒေသ(၁)ဆိုတဲ့ ဒေသခံစိစစ်ရေးကဒ်တွေလုပ်ပေးနေတာတွေက ဒေသခံပြည်သူတွေကြားမှာ သို့လော၊ သို့လော ဖြစ်စေနေတာပါ။
------
◾လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ…MNDAA ရဲ့ လက်ရှိလုပ်ဆောင်ချက်အားလုံးက ဘယ်လိုမှ တရားဝင်နေစရာ အကြောင်းမရှိနေဘူး။ ကုန်ကုန်ပြောရရင်…လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတောင် အရင်မျိုးနွယ်စု တွေ က ကျားဖြန့်မှာ ပတ်သက်ခဲ့ကြလို့သာ MNDAA က နေရာရလာတာလို့ ပြောလို့ရ တယ်။ တရုတ်ကြားဝင်စေ့စပ်နေတဲ့ ရှမ်းမြောက်အရေးမှာ… MNDAA လက်ရှိထိန်းချုပ် နေတဲ့ ဒီနေရာတွေကို အစိုးရဘက်ကလည်း လက်လွှတ်ပေးမှာ မဟုတ်သလို…MNDAA ဘက်ကလည်း ငါတို့ စစ်နိုင်လို့ ရထားတာပဲဆိုတဲ့အမြင်ရယ်၊ ဒီ(၂)နှစ်အတွင်းမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ ပိုက်ဆံရနေတဲ့ အနေအထားကနေလည်း အလွယ် တကူ လက်လွှတ်မှာ မဟုတ်ပြန်ဘူးလို့ တွေး ချင်စရာရှိတယ်။
-----
◾အပေါ်ကစကားကိုပြန်ဆက်ရင်…တရုတ်ဘက်က ဘယ်လောက်ပဲ CMEC ကို လုပ်ချင်နေနေ၊ ဒီစီမံကိန်းက မြန်မာအတွက် ဘယ်လောက်ပဲ အကျိုးရှိတယ်လို့ ပြောနေနေ၊ ဖွဲ့စည်းပုံကိုကျော်လွန်တဲ့ လုပ်ရပ်ကိုတော့…ဒီ(၃)ပွင့်ဆိုင်အနေအထားက ကျော်လို့ မရတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အပြန်အလှန်ဆွေးနွေး နေကြတာ အောင်မြင်ရင်တော့ ကောင်းတယ်။ တကယ်လို့ ဆွေးနွေးနေတဲ့အတိုင်း မဖြစ်လာဘူးဆိုရင်…ဘာဆက်လုပ်ကြမလဲ။ ဒီမေးခွန်းအတွက်လည်း ကြိုပြင်ထားဖို့ လိုလိမ့်မယ်။
(နရီမိုး)
36 348
◾တရုတ်ကို တခြားဥရောပနိုင်ငံတွေက စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပဲ။ မနေ့က တောင်တရုတ်ပင်လယ်ထဲကနေ တောင်ပစိဖိတ်ဆိုတဲ့ အကွာအဝေးကို SLBM ဆိုတဲ့ ရေငုပ်သင်္ဘောပစ် Ballistic ဒုံးကျည်ကို ပစ်ပြလိုက်တယ်။ နျူစွမ်းအင်သုံး ဒုံးကျည်တင် ရေငုပ်သင်္ဘောကနေ ပစ်တာဆိုတော့လည်း ပစ်မှတ်ကို ထောက်လှမ်းဖို့ဆိုတာကလည်း ခက်နေဦးမှာပဲ။
----
◾တရုတ်ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်ခန်းတစ်ခုပါလို့ ခေါင်းစဉ်တပ်ထားပေမယ့် ပစ်ခတ်တဲ့ လမ်းကြောင်းပစ်မှတ်ရွေးချယ်မှုနဲ့ အချိန်အခါအရဆိုရင်တော့…ဒီဒုံးကျည်ရဲ့ နောက်ကွယ်မှာ ဆက်စပ်စဉ်းစားရမယ့် အချက်တွေတော့ ရှိလာခဲ့ပြီလို့ပြောလို့ရတယ်။
----
◾တကယ်သတိထားဖို့လိုတဲ့ အချက်က ဒုံးကျည်ရဲ့ ရောက်နိုင်စွမ်း ပမာဏပါ။ ကီလိုမီတာ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျော်အထိ ရှိလာမယ့် ဒီအကွာအဝေးက…AUKUS နဲ့ QUAD အတွက်တော့…သတိထားစောင့်ကြည့်ရစေဖို့ အချက်ပြမှုတစ်ခု သေချာပေါက် ဖြစ်လာ စေတော့မှာပါ။ ကြည့်ရတာ…အင်ဒို-ပစိဖိတ်ဒေသမှာ လက်နက်ပြိုင်ဆိုင်မှုဆိုတဲ့ အခင်းအကျင်းအသစ်တစ်ခု မြင်ဖို့ရ တဖြည်းဖြည်း နီးလာနေပြီလို့ ပြောရမှာပဲ။
(နရီမိုး)
36 348
❝ထုတ်ကုန်ပထမ…❞
=====
◾ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ…ကုန်ဈေးနှုန်းတွေ သိပ်ကြီးနေတယ်လို့ သမ္မတကြီး က ပြောလာတယ်။ ဘာလို့ကုန်ဈေးနှုန်းကြီးသလဲပေါ့။ တဆက်တည်း အဓိက ပြဿနာက ငွေကြေးတန်ဖိုးပြောင်းလဲတာရယ်၊ သွင်းကုန်စရိတ်မြင့်မားမှုနဲ့ ဝယ်လိုအား-ရောင်းလိုအား မမျှတကြောင့်ဖြစ်တယ်လို့ ပြောသွားတယ်။
----
◾ဒီနေရာမှာ သမ္မတကြီးကတော့ ထုတ်ကုန်များများထုတ်နိုင်ဖို့ ဦးစားပေး ပြောသွားတာ လည်း မြင်ရတယ်။ ခက်တာက…မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုကွင်းဆက် မှာ ..မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနဲ့ လျှပ်စစ်ဆိုတဲ့ ကွင်းဆက်က သွားချိတ်နေပြန် တယ်။ ငွေကြေးဖောင်းပွတဲ့အခါ…သွင်းအားစရိတ်တွေမြင့်တက်ကုန်တော့ ပြည်တွင်း ကုန်ထုတ်လုပ်မှုစရိတ်တွေပါ တက်ကုန်ကြတယ်။ နောက်ဆုံး ပြည်သူတွေဆီ ဝန်ထုပ် ဝန်ပိုး တစ်ခုအနေနဲ့ ပြန်ဆောင့်တယ်ပေါ့။
----
◾ပြည်ထောင်စုအစိုးရအနေနဲ့ ဒီပြဿနာ ဖြေရှင်းတဲ့နေရာမှာ သွင်းအားစုစရိတ်ကို ဘယ်လိုလျှော့ချကြမလဲ၊ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်ကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာက အဓိက အဖြေဖြစ်မယ်ထင်တယ်။ တစ်ချို့အရာတွေကို အစိုးရအနေနဲ့ အခွန် zero လုပ်ပေးနေတာလည်းတွေ့ရတယ်။ ဒါပေမယ့် တကယ်ထိရောက်မှု ရှိ/မရှိဆိုတာ သမ္မတရုံးဖြစ်ဖြစ် Recheck လုပ်ဖို့လိုမယ်ထင်တယ်။ ဒုတိယအချက်က လျှပ်စစ်ပဲ။ စက်မှုဇုန်နဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ MSME တွေအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပံ့ပိုးပေးဖို့လိုအပ်လိမ့်မယ်။ ရေအားလျှပ်စစ်က ကြာမယ်ဆိုရင်၊ မြန်မြန်နဲ့ ရမယ့် ဆိုလာစနစ်ကို အမျိုးသားအဆင့်ပုံစံနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခပ်မြန်မြန် အကောင်အထည်ဖော်ပေါ့။ တတိယအချက်က ရင်းနှီးမြှုပ်နှံမှု ဝင်အောင် ဘယ်လိုလုပ်နိုင်မလဲပေါ့။
-----
◾နောက်…သမ္မတကြီးပြောသလို တိုင်း/ပြည်နယ်အစိုးရတွေ တကယ်အလုပ်လုပ်ဖို့ လိုတာ မြင်ရတယ်။ လိုအပ်ရင် စိုက်ပျိုးရေးနဲ့ ပို့ကုန်တိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနအစုံပါ တဲ့ One Stop Services ဖွင့်ပြီး လုပ်ငန်းရှင်နဲ့ တောင်သူတွေအတွက် ဘာအခက်အခဲ ဖြစ်နေသလဲဆိုတာ တိုက်ရိုက်အဖြေရှာကြည့်စေချင်တယ်။ အရေးအကြီးဆုံးကတော့… ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ စရိတ်သက်သက်သာသာ သယ်ပို့နိုင်ဖို့လည်းလိုပါလိမ့်မယ်။
(နရီမိုး)
36 348
နောက်ဖေးလမ်းကြား အမှိုက်မပစ်သင့်ဘူးဆိုတာက လူ့ကျင့်ဝတ်စံနှုန်းအရကို မဖြစ်သင့်တာပါ။ မြို့နေထူထပ်တဲ့ နေရာတွေမှာဆိုရင် ပိုဆိုးပေါ့လေ။ အမှိုက်သိမ်းစနစ်ရှိမယ်။ စနစ်တကျ အမှိုက်ပစ်မယ်။ ဒီလိုပဲ လည်ပတ်ရမှာပါ။
ခု မီးရထားမှာလည်း အလားတူ ပြဿနာ ပေါ်လာပြန်ပါပြီ။ မီးရထားဆိုတာ ကိုယ့်ရဲ့ စားကျွင်း၊ စားကျန် ပစ်ချထားခဲ့ရမဲ့ နေရာ မဟုတ်ပါဘူး။ DEMU လိုမျိုးရထားမှာ ကွမ်းစားတာကို မဖြစ်မနေ တားမြစ်ချက် ထုတ်ရမှာပါ။
နောက်...တာဝန်ရှိသူများအပိုင်းက သတိပေးအဆင့် ထုတ်ပြန်ပြီးရင်...အရေးယူမှု ဆိုတဲ့ အပိုင်းကိုလည်း ဆက်သွားသင့်ရင် ဆက်သွားပါ။ ဥပဒေနဲ့ ထိန်းကျောင်းသင့်ရင် ထိန်းကျောင်းပါ။ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ရဖို့အတွက်ဆိုတာ ငွေကြေးစိုက်ထုတ်ရုံနဲ့ လုံလောက်တဲ့အရာ မဟုတ်ဘူး။ အပြန်အလှန်အားဖြင့် သုံးစွဲမယ့် ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်စံနှုန်းကလည်း မြင့်မားနေဖို့ လိုအပ်တယ်။
စည်းကမ်းဆိုတာ တားမြစ်ချက်နဲ့ တိုက်တွန်းချက်ဖြစ်သလို လိုအပ်ရင် ....ဥပဒေနဲ့ ထိန်းကျောင်းပြီး ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခြင်းကသာ ရေရှည်အတွက်ပိုကောင်းပါလိမ့်မယ်။
(နရီမိုး)
36 348
“ကျယ်ပြောတဲ့ဘဝကြီးကို ဘာနဲ့ဖြတ်ကူးမလဲ”
ဘဝကြီးတစ်ခုကို ဖြတ်ကူးနေရတယ်။ ဘာနဲ့ ဖြတ်ကူးကြမလဲ။
မြတ်စွာဘုရားက “အပ္ပမာဒေန အဏ္ဏဝံ” ကာမဂုဏ် အာရုံတွေပေါ်မှာ စိတ်လွှတ်မထားဘဲနဲ့ ကုသိုလ်ကောင်းမှုပေါ်မှာ အမြဲတမ်းသတိရနေတဲ့ အပ္ပမာဒ ဆိုတဲ့သတိနဲ့ ဖြတ်ကူးရမယ်တဲ့။
ကြည့်လေ၊ အဲဒီလို မကူးနိုင်ဘူးဆိုရင် လူတွေရဲ့ဘဝဟာ ဘယ်လောက် ကျယ်ပြောတာလဲဆိုရင် မျက်စိကမြင်ရတဲ့အရာတွေဟာ အများကြီး ကျယ်ပြောတယ်၊ နားကကြားရတဲ့ အသံတွေဟာလည်း အများကြီး ကျယ်ပြောတယ်။ ဒါကို ဖြတ်ကူးဖို့ရန် တော်တော်ခက်တယ်၊ ဟုတ်ရဲ့လား။ မျက်စိနဲ့မြင်ပြီးတော့ဖြစ်တဲ့ ပျော်ရွှင်မှုကြီးကို ဖြတ်ကျော်ဖို့ခက်တယ်။ နားက ကြားပြီးတော့ သာယာတဲ့အသံတွေပေါ်မှာ ပျော်မြူးနေတာကို ဖြတ်ကျော်ဖို့ရာခက်တယ်။ လျှာက အရသာခံနေတာတို့၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ပေါ်မှာ ပျော်ရွှင်နေတာတို့၊ ခန္ဓာကိုယ်ကနေ ထိတွေ့ တဲ့ အရာတွေပေါ်မှာ ပျော်ရွှင်နေတာတို့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ ဖြတ်ကျော်သွားဖို့ အင်မတန်ခဲယဉ်းတယ်။ ကျယ်ပြောနေတယ်။ အဲဒါတွေကို ဖြတ်ကျော်ချင်ရင် သတိကြီးစွာထားပြီး ဖြတ်ကျော်ရမယ်။
သတိကို တည်ဆောက်တယ်ဆိုတာ ကြည့်လေ၊ သတိပဋ္ဌာန်တရားပွားတဲ့ အခါမှာ လူတွေဟာ ဘယ်လောက် သတိမေ့တတ်သလဲဆိုတာ သတိပဋ္ဌာန်တရား ပွားကြည့်တဲ့အခါမှာ ကိုယ့်နှာခေါင်းက အမြဲ လေလေးထွက်နေတာကိုပဲ အစဉ် ထာဝရ ထွက်တိုင်းထွက်တိုင်း သိရဲ့လား၊ မသိဘူးနော်၊ မေ့သွားတာချည်းပဲ၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာ မေ့နေတယ်။
လူတွေကတော့ ကိုယ့်ကိုယ်ကို သတိရှိတယ်လို့ ထင်နေကြတယ်။ သို့သော် လူတွေလုပ်နေတာနဲ့ တွေးနေတာက တခြားစီ။ ဥပမာ-လူကတော့ ထိုင်နေတယ်၊ စိတ်ကတော့ တခြားရောက်နေတယ်။ လူက အိပ်နေတယ်၊ စိတ်က တခြားရောက်နေတယ်။ အဲဒါဟာ မေ့နေတယ် ခေါ်တယ်နော်။ ဒါပေမယ့် လူတွေက အဲဒါကို မေ့နေတယ်လို့မထင်ဘူး၊ သတိရှိနေတယ်လို့ပဲထင်တယ်။
ကိုယ်ထိုင်နေတာ ထိုင်နေတယ်လို့ မသိဘူးလေ၊ အိပ်နေရင်လည်း အိပ်နေတယ်လို့ မထင်ဘူး၊ သွားနေရင်လည်း သွားနေတယ်လို့ မထင်ဘူး။ ဘာလို့တုန်းဆို စိတ်ကအမြဲတမ်း တစ်နေရာရောက်နေတယ်။ ဘာနဲ့ဥပမာတူတုန်းဆို အိမ်တံခါး ဖွင့်ပစ်ခဲ့ပြီး သွားချင်ရာသွားနေတာနဲ့ မတူဘူးလား။ ကိုယ့်ခန္ဓာကိုယ်ထဲ စိတ်မရှိဘူး၊ တခြားရောက်နေတယ်။
အဲဒါကြောင့်မို့ အင်မတန်ကျယ်ပြောတဲ့ ဘဝခရီးကြီးကို ဖြတ်ကူးတဲ့နေရာမှာ ကိုယ်ဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ ထားနိုင်တဲ့ သတိဟာ အင်မတန်မှ အရေးပါတယ်လို့ဆိုပြီး မြတ်စွာဘုရားက ဒါကိုပြောတာ။
- ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ -
36 348
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
36 348
+3
❝လာအိုချစ်ကြည်ရေးခရီးစဉ်၏ သက်ရောက်မှု❞
သမ္မတကြီး၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို Strategic Partnership အဆင့်သို့ မြှင့်တင်ရန် သဘောတူညီခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ဗီယင်ကျန်းနှင့် နေပြည်တော်တို့ကို ညီအစ်မ မြို့တော်များအဖြစ်သတ်မှတ်ရေး၊ မဲခေါင်ရေအားလျှပ်စစ် ဖြစ်နိုင်ခြေလေ့လာရေး အပါအဝင် သဘောတူ ညီချက်များစွာ ရရှိခဲ့သည်။ ခရီးစဉ်၏ သက်ရောက်မှုအနေဖြင့် အာဆီယံအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ စွမ်းအင်လုံခြုံရေး မြှင့်တင်ရေးနှင့် မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ နိုင်ခြေရှိခြင်းတို့တွင်လည်း များစွာ သက်ရောက်မှုရှိစေခဲ့သည်ဟု သုံးသပ်နိုင်သည်။
အထင်ရှားဆုံးသော သဘောတူညီချက်မှာ မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်ဆည် ဖြစ်နိုင်ခြေလေ့လာရေး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက် (Joint Development Agreement) ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ် နိုင်မည့် ဆည်တစ်ခု ဆောက်လုပ်ရန် ဖြစ်နိုင်ခြေကို ၃၄ လကြာ လေ့လာကြမည်ဖြစ်သည်။
အပြည့်အစုံအား 👇👇👇ဤနေရာမှတစ်ဆင့် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။
https://t.me/ myanmarpoliticalanalysisteam/131
(နရီမိုး)
36 348
စက်သုံးဆီကို နိုင်ငံခြားငွေသုံးရတော့ ရင်းနှီးမြုပ်နှံမှုတွေ မဝင်လာ၊ နိုင်ငံရေးစနစ်မတည်ငြိမ်၊ ပြည်ပ ဆန်ရှင် ဖိအားရှိနေချိန်....တင်သွင်းခွင့်ပိတ်တာက ရေတိုဖြေရှင်းနည်းအရ မှန်ပေမယ့်....
ဘေးအိမ်နီးချင်းနိုင်ငံမှာ ဥပမာ ၁၀၀၀ တန်ကားကို မြန်မာနိုင်ငံမှာ သိန်း ၂၀၀၀ အထက် ဝယ်စီးရတာကလည်း ဒုက္ခ တစ်မျိုးပဲ။
ဒါနဲ့ပတ်သက်ပြီး ပ အကြိမ်လွှတ်တော်မှာ ဈေးကွက်ကို ဝင်ထိန်းလို့ မရ၊ ရည်ညွှန်းဈေးသတ်မှတ်ပေးလို့ မရဘူး ဆိုတဲ့ အဖြေလည်း သတိရမိတယ်။
နဂိုကတည်းက ဘိုးဘွားဘီဘင် ချမ်းသာလာခဲ့လို့ ကြီးပွားသူ သူဌေးတွေတော့ မပါဘူးပေါ့။ မူရင်း Showroom စက်ရုံထုတ်ဈေးတောင် နပ်မှန်အောင် Supply မလုပ်နိုင်တော့ ဝယ်လိုအားများတဲ့အခါ ....Pre Order တွေမှာ ဖျံကျ၊ ကားရရင်တောင် ဝယ်သူကို တောင်းပန်ထားပြီး နောက်ဖေးပေါက်က သိန်း ၅၀၀ ကျော်ဟပြီး ပြန်ထုတ်တဲ့ ဈေးကွက်ကလည်း Showroom တိုင်းလိုလို။
ဒီပြဿနာကြီး ဒီလို ရှိနေတာ သိသိနဲ့...ရည်ညွှန်းဈေး သတ်မှတ်လို့မရဘူးဆိုတာမျိုးနဲ့ ပြည်သူ့ ဒုက္ခကို လစ်လျူ မရှုသင့်ဘူး ထင်ပါတယ်။ သိန်း ၄၀/၅၀ တန်းအထက်ရှိခဲ့တဲ့ ဖုန်းဆင်းကဒ်တွေတောင် ၁၅၀၀ နဲ့ ရောင်းနိုင်သေးရင် .....လက်တဆုပ်စာ လူတစ်စု ကြီးပွားရေးထက် ပြည်သူတွေ ဘဝ သက်သာချောင်လည်ဖို့ လုပ်နိုင်တာက ပိုပြီး သမိုင်း မလှဘူးလားပေါ့လေ။ အနိမ့်ဆုံး စက်ရုံက ထုတ်ဈေးလောက် ရနိုင်ရင်တောင် မဆိုးလှတဲ့အခြေအနေမှာ သိန်း ၁၀၀၀ လောက် ထပ်ခွာနေမှတော့ ဘယ်ပြည်သူစစ်စစ်တွေက ဒီဈေးနှုန်းကို ကပ်နိုင်တော့မလဲ။
(နရီမိုး)
36 348
◾ ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ပြည်ပတင်ပို့မယ့် ဆန်(မိုးစပါး)စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) ဧက ၃.၄ သိန်းအတွက် တစ်ဧကကို ၇ သိန်းခွဲနှုန်း ပံ့ပိုးပေးမယ်ဆိုတဲ့ သတင်းလေး တွေ့လိုက်တယ်။ ဒီ ၇ သိန်းခွဲဆိုတဲ့နေရာမှာ အစိုးရဘဏ်က ၃ သိန်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေထဲက ၂ သိန်းခွဲနဲ့ ပုဂ္ဂလိက Exporter ၂ သိန်းဆိုပြီး ကဏ္ဍစုံ ပါဝင်တဲ့ ပံ့ပိုးမှု ပုံစံအသစ် သုံးထားတယ်။ ဒီလိုပုံစံပြောင်းလိုက်တာက အစိုးရတစ်ဦးတည်း ဝန်ထုပ် ဝန်ပိုးဖြစ်နေတာကို ပုဂ္ဂလိကကုမ္ပဏီတွေကိုပါ တောင်သူတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ကန်ထရိုက်လယ်ယာစနစ်ထဲ ဆွဲထည့်လိုက်တဲ့ပုံစံဖြစ်မယ်။
----
◾ဒီနေရာမှာ Rice Export Zone ဆိုတဲ့အခန်းကဏ္ဍကလည်း သိပ်အရေးကြီးလာတယ်။ ပြည်ပတင်ပို့မယ့် ဈေးကွက်ဖြစ်လို့ တန်းနိမ့်ဆန် အဖြစ်မခံဘူး။ နိုင်ငံတကာအဆင့်မီပြီး အရည်အသွေးတူတဲ့ ဆန်စပါးကိုပဲ ဒီဇုန်တွေထဲမှာ စိုက်မယ်ဆိုတာမျိုး တွေ့ရတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာအစမှာ ဆန်ကနေ ဒေါ်လာ ၁၆၇ သန်းဝင်ထားချိန်၊ အနာဂတ် (၂၀၃၀)မှာ ဆန်တန်ချိန်ကို ၅ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်းထားချိန်မှာ မျိုးကောင်း၊ မျိုးသန့်တွေ နဲ့ အရည်သွေးကောင်းတဲ့ စပါးတွေအတွက် ဒီလိုပံ့ပိုးတာက အလုပ်ဖြစ်လာနိုင်တယ်။
-----
◾စံချိန်မှီအောင်စိုက်နိုင်ဖို့ နေရာရွေးချယ်မှုအပိုင်းမှာလည်း နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီဆိုတဲ့ ဒေသတွေကို Selection အဖြစ်နဲ့ရွေးထားတယ်။ ပိုကောင်းတာက လုပ်ငန်း ကြီးကြပ်ရေးကော်မတီဘက်က ငွေချေးရုံတင်မဟုတ်ဘဲ Exporter နဲ့တောင်သူကြားက ပြဿနာတွေကိုပါ ဖြေရှင်းပေးမယ်ဆိုတာမျိုး ပြောလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ ဆန်ကို လယ်ယာအဆင့်ကနေ ပို့ကုန်ဦးတည်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကူးပြောင်းဖို့ ကြိုးစားတာက နိုင်ငံခြာငွေ ရှာဖွေရေးမှာ ရလဒ်ကောင်းတွေ ထွက်လာနိုင်ချေရှိတယ်။ တကယ်တော့…ဒီနေရာမှာ ဆန်မှမဟုတ်ဘူး။ ဆီထွက်သီးနှံတွေကိုလည်း ဒီလို စနစ်တကျလုပ်နိုင်ရင်၊ ဒါမှမဟုတ် တခြားဒေသထွက်သီးနှံတွေကိုလည်း အစိုးရ၊ ကုန်သည်နဲ့ တောင်သူ ဆိုတဲ့ ယန္တရားတစ်ခုကို နားလည်မှု ရှိရှိ တည်ဆောက်နိုင်ရင်… အဖက်ဖက်က ပိုကောင်းလာပါလိမ့်မယ်။ မြန်မာနိုင်ငံထဲက ဘာကုန်သည်၊ ညာကုန်သည် တွေအတွက် ခေါင်းထဲရှိရမယ့် အချက်က ပြည်တွင်းထုတ်လုပ်သူတွေဆီက အမြတ် စားရမှာမဟုတ်ဘဲ ပြည်ပဈေးကွက်ကိုသာ ပိုရှာသင့်တယ်လို့ မြင်တယ်။
(နရီမိုး)
36 348
◾နေပြည်တော်မှာ ရာဇာမင်း ယာဉ်လိုင်းကနေ EV Bus ဆွဲလာတာကို ကြည့်ရင် …အနာဂတ်မှာ ဒီ EV ကဏ္ဍက မဖြစ်မနေ နိုင်ငံတော်က သွားမယ့် မူဝါဒလို့ မြင်ယောင် ကြည့်လို့ရပြီ။ တစ်ဖက်မှာ စက်သုံးဆီကနေ နိုင်ငံခြားငွေထွက်နေတဲ့ ကဏ္ဍကို ရေရှည်မှာ လျှော့ချနိုင်ဖို့အတွက် ကြိုးစားတဲ့ လမ်းစတစ်ခုဖြစ်သလိုနေပြည်တော် လို…အုပ်ချုပ်ရေး ယန္တရားရှိတဲ့ မြို့မှာ Green City ဖြစ်ဖို့အတွက်ပါ ဖြည်းဖြည်းချင်း တည်ဆောက်နေတာလို့ တွေးလို့ရပြီ။
-----
◾ လက်ရှိ မြို့မကနေ ဘောဂအထိ တစ်ရက်မှာ ၄ ခေါက်ပြေးဆွဲတယ်ဆိုပေမယ့် အနာဂတ်မှာ လမ်းကြောင်းတွေ တိုးချဲ့လာနိုင်တာမျိုးလည်း ရှိလာနိုင်တယ်။ ဒါကတော့ DEMU လိုပဲ…ပြည်သူ့ အသံတွေ နားထောင်ရဦးမယ်။
----
◾ဒါနဲ့ပတ်သက်ပြီး အောင်မြင်နိုင်မလား မေးရင်တော့…အဓိက တွေ့ရမှာက လျှပ်စစ် ပြဿနာ စိန်ခေါ်မှုပဲ ဖြစ်လာနိုင်တယ်။ EV Bus အတွက် အားသွင်းဖို့ Mega Charging Station တွေလိုသလို နေပြည်တော်ပြည်သူတွေနဲ့ ရပ်ဝေးခရီးသွားတွေအတွက် ဘယ်လောက်အသုံးဝင်မလဲဆိုတာအပေါ် မူတည်လိမ့်မယ်လို့ သုံးသပ်ရမယ်။ ဆိုတော့…ဒီမူဝါဒအောင်မြင်ဖို့အတွက် အစိုးရရဲ့ပံ့ပိုးမှုကလည်း အဓိက ကျနေပါလိမ့်မယ်။ လက်ရှိပြေးဆွဲနေတဲ့ မြို့မ-သပြေကုန်းနဲ့ ဘောဂဆိုတာက ဝန်ထမ်းတွေ၊ ဈေးသည်တွေနဲ့ ခရီးသွားတွေ အဓိက အသုံးပြုတာဖြစ်လို့ ဈေးနှုန်းလည်း သက်သာမယ်၊ သက်တောင့်သက် သာလည်းဖြစ်တယ်ဆိုတဲ့ မှတ်ချက်ကောင်းတွေရရင်တော့…နေပြည်တော်လို တမျှော် တခေါ်သွားရတဲ့နေရာတွေကို အိုးဝေ ဘယ်စီးတော့မလဲ။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ အတွက်တော့ ကြိုဆိုရမယ်။ အနာဂတ်မှာ Highway Bus တွေ၊ တခြားမြို့တွေမှာလည်း EV Bus တွေ အားကောင်းလာနိုင်ချေ ရှိတယ်။
(နရီမိုး)
