ကဗျာစာတိုလေးများ 🍀
Kanalga Telegram’da o‘tish
Channel Date : 9.7.2023 Owner - @H_One_Admin မပြောဖြစ်ခဲ့တဲ့ စကားတွေကို ကဗျာဖြစ်စေတယ်။ မေ့မရတဲ့ အမှတ်တရတွေကို စာလုံးတွေအဖြစ် အသက်သွင်းတယ်။ နှလုံးသားက နားလည်သူတွေအတွက်… ချစ်ခြင်းများစွာဖြင့်... #H_One_Admin
Ko'proq ko'rsatish2 630
Obunachilar
+124 soatlar
+457 kun
+26730 kun
Postlar arxiv
2 630
ဘာကိုမှ မစွန့်လွှတ်နိုင်ဘူးလို့
ပြောဖြစ်တဲ့အချိန်က ငါလက်ထဲမှာ
ဘာမှမရှိတော့တာကိုပဲ ပြန်တွေ့ရတယ်။
- ငြိမ်း
2 630
ချစ်ခြင်းမေတ္တာ ဆိုတာ
ရုပ်ရည်၊ဂုဏ်ပကာသနတွေမှမဟုတ်ဘဲအချစ်ရယ်။
နွေးထွေးလုံခြုံမှုရှိတဲ့ ရပ်ဝန်းမှာသာ
ရနိုင်တဲ့အဖိုးတန်ပစ္စည်းမျိုး။
-ခင်ချောမေ
2 630
အိပ်မပျော်လို့...
ဘယ်လို သေရင်
အေးအေးချမ်းချမ်း
အိပ်ပျော်နိုင်လဲ ။
-လောင်ချိတ်
2 630
လူတွေကအပြောင်းလဲမြန်တယ်
ဒီနေ့မင်းကသူတွက်အရေးကြီးဆုံးလူ
ဖြစ်ခြင်ဖြစ်မယ်
နောက်နေ့ကြ အရှုပ်ထုပ် လဲဖြစ်သွားနိုင်တယ်။
/crd
2 630
ပျော်ရွှင်မှုကလွဲလို့ ကိုယ်တို့တခြားဘာအကြောင်းပြောမလဲ။ ဒီနေ့နဲ့မနက်ဖြန်ဟာ အတူတူပဲဆိုရင်ကော။ ကမ္ဘာကြီးကလှတယ်လို့ တစ်စုံတစ်ယောက်ကဆိုခဲ့ရင်လည်း သူ့ကို ကိုယ်ဦးညွှတ်မိမှာ အမှန်ပါပဲ။
-အောင်ခင်မြင့်
2 630
ကျနော်တို့ တစ်ခုခုဖြစ်သွားမှာကို
အရမ်းကြောက်တဲ့
လူတစ်ယောက်ရှိရင်
ကျနော်တို့ ဘာဖြစ်ဖြစ်
ကြောက်စရာမလိုတော့ဘူး။
-ရိပ်ငြိမ်
2 630
ချစ်တတ်မှလည်း
ချစ်တယ်ပြောပါ
“သူများကို လွှမ်းမိုးချင်တိုင်း
ချစ်တယ်လို့ ခင်တယ်လို့
ဆိုတဲ့စကားတွေနဲ့မချည်ပါနဲ့ “
-အရှင်သုစိတ္တ (မော်ကျွန်းဆရာတော်)
2 630
တရားပွဲထဲ သရဲတစ်ကောင်ပတ်ပြေးနေတယ်
ဒီသာဓုကိုငါမခေါ်
တရားမသိလို့မဟုတ်
မင်းရှိတဲ့ဘုံကို ငါမစွန့်သေးဘူး
ဒီသံသရာမှာ ပျင်းတော့မပျင်းဘူး
မာလာဆောင်ထဲကသရဲကြီးနဲ့အဖော်ဖွဲ့ထားတယ်
-စည်သူ
2 630
နှလုံးသားမှာ...
ဦးနှောက်လို အသိဉာဏ်ရှိရင်
မင်းကို နှစ်ခါပြန် မချစ်ဘူး ။
-လောင်ချိတ်
2 630
အောက်တိုဘာတစ်ခုမှာ မင်း ရှိနေခဲ့ပြီး
အောက်တိုဘာတစ်ခုမှာ မင်း ရှိမနေတော့ဘူး။
ငါ့ပါရမီ ရင့်မှည့်ပုံများ
ဘယ်တရားမှ မနာဘဲ
သင်္ခါရကို တွေ့ခဲ့တယ်။
▪️အနီ
2 630
တိမ် တွေ ကိုအား ကျတယ်
မွန်းကြပ်စရာထုထည်များပြားလာရင်
မိုးရွာချင်ယောင်ဆောင်ပြီးငိုချလို့ရတယ်။
-စစ်ငြိမ်း
2 630
အရမ်းချစ်တယ်
ထားမသွားဘူးဆိုတာတွေက
၂၁ရာစုရဲ့ အိပ်ယာဝင်ပုံပြင်တွေ...
ဒါတောင်
ပြန်လာမလား ထ ထကြည့်ရလို့
အိပ်မပျော်ဘူး ။
▪️စာတိုငဖြူ
▪️မင်းပဲစဉ်းစားကြည့် (၄)
2 630
ကိုယ့်အနားးမှာ ဘယ်သူမှ မ"ရှိရင်တောင်မှ
အမေ ကိုတော့ ရှိစေချင်တယ် သူများးတွေတော့ မ" သိပေမဲ့ ကိုယ့်ဘ"ဝ ကတော့
အမေ ရှိရင် လုံခြုံတယ်လို့ ခံစားးရတယ်
အမေက ငါ့ ဘဝ တွက်တော့ မ"ရှိ မဖစ်ကို လိုအပ်တယ် 🥹🌸
2 630
ဘယ်လောက်ထိချစ်သလဲ ဆိုရင်
ကျနော်ဟာ နေကြာပန်း ဖြစ်ရင်တောင်
နေရှိရာအရပ်ကို ကျောခိုင်းပြီး
မမဘက် မျက်နှာမူမယ့် သူပါ...
ငှက်တို့သည် ပျံရင်း သေလည်း
ကျနော်ဟာ မမကို ချစ်ရင်း သေမယ်...။
-လောင်ချိတ်
2 630
ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ
သူရှိနေတယ်ဆိုတဲ့ အတွေးနဲ့
ပျော်အောင် နေရတယ်
သူ့ကြောင့်လဲ တကယ်ပျော်ရတယ်။
