ကဗျာစာတိုလေးများ 🍀
Відкрити в Telegram
Channel Date : 9.7.2023 Owner - @primesonix မပြောဖြစ်ခဲ့တဲ့ စကားတွေကို ကဗျာဖြစ်စေတယ်။ မေ့မရတဲ့ အမှတ်တရတွေကို စာလုံးတွေအဖြစ် အသက်သွင်းတယ်။ နှလုံးသားက နားလည်သူတွေအတွက်… ချစ်ခြင်းများစွာဖြင့်... #sonix
Показати більше2 104
Підписники
+1324 години
+677 днів
+67030 день
Архів дописів
2 104
အနေနီးလို့တွေ
အနေဝေးလို့တွေလာမပြောနဲ့
အချစ်ရဲ့အကွာအဝေးက
ရင်ထဲမှာပဲရှိတယ်
မင်းရင်ထဲဘယ်သူရှိလဲဆိုတာတော့
မင်းပဲသိခဲ့မှာပေါ့အချစ်ရာ
ငါဘယ်တတ်နိုင်မလဲ ။
-စာတိုငဖြူ
2 104
"မမ အသက်ဘယ်လောက်ရှိပြီလဲ "
"၂၄ နှစ်လေ မင်းသိသားနဲ့.... "
"မသိပါဘူး ကျွန်တော်က ၄၂ နှစ်မှတ်လို့"
"အာ ဒီကောင်လေး ငါခေါက်လိုက်ရ"
"ခေါက်လေ မမ"
"မခေါက်ပါဘူး ငါမေ့သွားလို့ မင်းက ကလေးမှမဟုတ်တော့တာ"
"ကလေးမဟုတ်လည်းခေါက်လို့ရပါတယ် မမရဲ့ ခေါက်ပါ...ခေါက်ပါ"
- ပုညခင်
2 104
မင်းပြန်လာရင်
အကယ်၍များ မင်းပြန်လာခဲ့ရင်
ငါ ငါ မင်းခြေစုံကို ဦးခိုက်ပြီးငိုပါ့မယ်
ပြီးတော့ ထပ်ထွက်မသွားဖို့
မင်းကို ဖွက်ထားမယ်။
တာရာညို
2 104
ဘဝမှာ ကိုယ်ရပ်ကျန်နေခဲ့ရင်
စောင့်ခေါ်တတ်တဲ့ ပြန်လှည့်လာတတ်တဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း
တွေ့ကြုံချင်ပါသေးတယ် ။
ခွန်းညိုသွေး
2 104
အရုပ်ကလေးကို သွားလေရာတိုင်း
လက်ပေါ်က မချစတမ်း
ကိုင်ထားတတ်တဲ့ မိန်းမတစ်ယောက်မှာ
ဘယ်လိုလွမ်းဆွေးမှုမျိုး
ထွေးပိုက်ထားရမယ် ထင်ပါသလဲ။
မမက ဟိုတစ်ယောက်ကို ချစ်တယ်
ကျွန်တော်က မမကို ချစ်တယ်။ ။
- မောင်ဆောင်းခ
2 104
အလိမ်ခံခဲ့တာမဟုတ်ပါဘူး အချစ်ရယ်
တကယ်တော့ ငြိမ်ခံခဲ့တာ
ကံကောင်းမလားဆိုတဲ့ အတွေးနဲ့
မျက်လုံးမှိတ်ပြီး ချစ်ကြည့်ခဲ့တာ ။
-ခန့်သွယ်
တွေးမိရေးရာကဗျာများမှ
2 104
သာယာသော ချစ်ခရီးလမ်းကို
ကိုယ် ဆုမတောင်း
လမ်းတွေမသာခဲ့ရင်တောင်
ကိုယ်တို့အချစ်နဲ့ ထိုးဖောက်မယ်။
-မြတ်နွယ်
2 104
မင်းကချစ်ဖို့ကောင်းတယ် ဘယ်လောက်ထိလဲဆို ငါ့မှာတစ်ယောက်တည်း ပြုံးနေရတဲ့အထိပါပဲ။ -မြကျေး
2 104
နှစ်တွေလည်းကြာချင်တယ် အချစ်တွေလည်း မြဲချင်တယ်
တွေ့ဆုံခဲ့ခြင်းက နောက်ကျပေမဲ့
မင်းနဲ့မှ ခက်ခက်ခဲခဲ စခဲ့ရတာမို့
ကိုယ့်ရဲ့ အချစ်တွေကို
မင်းနဲ့ပဲ အဆုံးသတ်ချင်ပါတယ်💞
2 104
ပျော်အောင်ထားပါ့မယ်လို့ ပြောတဲ့လူဟာ
ငိုအောင်လုပ်ရင် လုပ်မိလိမ့်မယ်
ပျော်အောင်ထားပါ့မယ် မပြောတဲ့လူက
ပျော်အောင်ထားရင် ထားမိလိမ့်မယ်
တကယ်တမ်းက
စကားလုံးတွေလှအောင်ပြောနေတာထက်
အလုပ်နဲ့သက်သေပြတဲ့လူကိုသာ
ကျွန်တော်တို့ ပိုလိုအပ်ပါတယ် ။
-Aung Thu Moe
2 104
လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို
မေ့ဖျောက်လေ့မရှိကြဘူး
မင်းက ကိုယ်မမေ့ချင်တဲ့
ပန်းကလေးတစ်ပွင့် ပါပဲ ။
ဒီထက်ပိုရင်တော့
ကိုယ့်ဥယျာဉ်ထဲ ရှားရှားပါးပါး
ပွင့်ခဲ့တဲ့ပန်းကလေးပေါ့
ကိုယ်အရူးတယောက်လို
တသသဖြစ်ခဲ့တာလည်း မဆန်းပါဘူး ။
#ဂန္ဓမာ
#ဖူးပွင့်ဒေလီယာ
2 104
ကျွန်မ သိချင်လှပါရဲ့
မောင် ကျွန်မအပါးမှ
ထွက်ခွာခဲ့စဉ်က မောင့်ခြေလှမ်းတို့
နာကျင်ခဲ့သေးသလား။
တွန့်ဆုတ်ခဲ့သေးလား။
ဝေခွဲရခက်ခဲ့သေးလား။
နည်းနည်းဖြစ်ဖြစ်လေ။
- ဂျူး
2 104
မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ်
မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့
ဝေးကြတယ်လို့ ငါထင်နေဦးမယ် ။
-လင်းလက်ကဘို
2 104
တစ်မိုးဟောင်းလို့
တစ်ဆောင်းသစ်ပြန်ပြီ
တို့တတွေ ဒီထက်ပိုချစ်ကြရင်
အနွေးထည်တောင် ၀တ်စရာမလိုဘူး။
-လှသန်း
2 104
ဝေးသွားကြတယ်ဆိုပေမဲ့
တစ်နေ့နေ့တော့...
မင်းပြန်လာမှာပါဆိုတဲ့ စိတ်နဲ့
ပြန်ရှင်လာရတဲ့သူမလို့
အသက်ရှိနေတယ်ဆိုရုံလေးပါပဲ ။
~ စာတိုငဖြူ
2 104
အဆင်မပြေတာတွေကို
သေသေချာချာစုပီး
တစ်နေရာရာမှာ
တစ်ရက်လောက်တော့ သွားငိုဦးမယ် ။ ။
- စစ်ငြိမ်း
2 104
အချစ်ရေ...
ကမ္ဘာတစ်ပတ် ပတ်ပြီး
ရှာမယ် ဆိုရင်တောင်...
ကိုယ့်လောက် မင်းကို ချစ်တဲ့သူ
ရှာတွေ့မယ် မထင်ဘူးကွယ်...။
-လောင်ချိတ်
2 104
"နှစ်တွေ အကြာကြီး ဘယ်လိုများ
မြဲအောင်တွဲခဲ့သလဲ"တဲ့
သူက စချစ်တယ်
ကိုယ်က ဆက်ချစ်တယ် ဒီလိုပဲပေါ့။
-သွယ်မြိတ်
