1 455
订阅者
+224 小时
+87 天
无数据30 天
帖子存档
1 455
ချစ်ခြင်းမေတ္တာဟာ ရိုးရှင်းပါတယ်။
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခနလေးရပ်ကြည့်တာကအစ
ဘ၀ကလေးကို လက်လွှတ်ပေးလိုက်တာအဆုံး
ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ
ကမ္ဘာပေါ်မှာ ပန်းလေးတွေပွင့်တယ်ဆိုတာ
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ။
-ခွန်းညိုသွေး
1 455
ဝိညာဉ်အမွှာ
---------------------
ငါစောင့်ထိန်းသမျှ သီလဟာ
မင်းအတွက် အကာအကွယ်ဖြစ်ပါစေ
ငါပြုဖူးသမျှ ဒါနသာ
မင်းအတွက် အရိပ်အာဝါသဖြစ်ပါစေ
ငါ့အတွက်ဖြင့်
ဘဝဆက်တိုင်း မဟုတ်တောင်
ည, မနက်တိုင်း
မင်းဆံနွယ်လေးထိပြီး အိပ်ခွင့်နိုးခွင့် ရချင်လှတယ်
ကောင်းကင်ရောက်ရောက်
ငရဲရောက်ရောက်
မင်းကို ပိုပြီး ချစ်နေပါ့မယ် ။
ဆန်းကျော်စွာဝင်း
1 455
“ငါမရှိတော့တဲ့နေ့”
ငါမရှိတော့တဲ့အခါ
ငါ့နာမည်တပ်ပန်းတွေ မလိုဘူး
အဓိပ္ပါယ်မဲ့ဆုတောင်းသံတွေ မလိုဘူး
ငါ့အကြောင်းကို ပြောဖို့
စကားတွေအများကြီးမလိုဘူး
ငါ့ကိုလွမ်းဆွတ်နေမယ့်
မျက်လုံးတစ်စုံကိုပဲ ငါလိုတယ်။
ငါ့နာမည်ကို ခေါ်တဲ့အခါ
အသံတိုးတိုးလေးနဲ့
ရင်ဘတ်ထဲက ခေါ်နိုင်တဲ့သူ
အဲ့ဒီလူတစ်ယောက်ရှိရင်
ငါ့အသက်က သေသွားလည်း
ငါ့အတွက်က မပျောက်သွားဘူး။
- သွယ်မြိတ်
1 455
"ကျွန်တော် အမြင့်ကြီးကို ပျံနိုင်တဲ့ အထိ
မမ ကျွန်တော့်ကို စောင့်နေပါ။
အဲ့ဒီအခါကျရင် ကျွန်တော့် ပျော်ရွှင်မှုကို
ကျွန်တော် ပြန်လာခေါ်မယ် ၊
မမကို ကျွန်တော် ပြန်လာခေါ်မယ်"
-လက်ကျန်လရောင်
-ပုညခင်
1 455
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ
ငါမင်းကိုစောင့်နေခဲ့တယ် ။
မင်းက ချစ်တယ်လို့ပြောခဲ့ရင်
ငါက ပိုချစ်တယ်လို့ပြောမယ့်လူပါ။
-သွယ်မြိတ်
1 455
သူ့ ဒဏ်ရာလည်း ကိုယ် မကြည့်နိုင်
ကိုယ့် ဒဏ်ရာလည်း သူမကြည့်နိုင်
ဒီလိုနဲ့
ကိုယ်တို့နှစ်ယောက်က
ဒဏ်ရာကိုယ်စီနဲ့
အချင်းချင်း
စောင့်ရှောက်ခဲ့ကြသည်။
-ပန်းပွင့်ငယ်
1 455
တစ်ခုခုဆိုရင် အရင်ဆုံးသတိရမိတာဟာ
မင်းပဲ ။အဆင်ပြေတဲ့ အချိန်တွေမှာရော
အဆင်မပြေ ဖြစ်ရတဲ့ အချိန်တွေမှာရော
အရင်ဦးဆုံး အသိပေးချင်တာ
မင်းပဲ ဖြစ်မယ် ။
ကိုယ့်မှာ မင်းကလွဲပြီး များများ
စားစားမရှိတာ မင်းလည်း သိမှာပါ ။
သိတယ်မဟုတ်လား ။
-ခက်နှောင်
1 455
အချစ်ကိုလည်းကြောက်ပါတယ်
စစ်ကိုလည်းကြောက်ပါတယ်
ကျွန်တော်ဒီနိုင်ငံရဲ့လူဆင်းရဲပါ ။
-ရိပ်ငြိမ်
1 455
နာကျင်ခြင်းတွေမှာ
ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။
ခင်ဗျားမသိလို့ လှောင်ရယ်မိတာပါ။
ခင်ဗျားမသိလို့ ပြက်ရယ်ပြုတာပါ။
ခွင့်ပြုပါတယ် ခွင့်လွှတ်ပါတယ် ။
-ရွက်လှေ
1 455
သွေးထွက်နေတဲ့
ကျွန်မနှုတ်ခမ်းဟာ
ကျွန်မကိုယ်တိုင်ကိုက်ဖဲ့ထားတာဘဲ မောင် ၊
အဆင်ပြေချင်ယောင်ဆောင်ပြီး
ငိုနေတာတွေကို
မောင်တော့သိမယ်မထင်ဘူး ၊
လက်သည်းတွေဖြတ်လိုက်တယ် ၊
ဆံပင်တွေညှပ်လိုက်တယ် ၊
မပျော့ညံ့ဘဲ
သတ္တိရှိသလိုနေနေပေမယ့်
"ကျွန်မပြိုလဲနေတယ် မောင်" ၊
မောင်ဆွဲထူလိမ့်မယ်လို့တော့
ကျွန်မမမျှော်လင့်ဘူး ၊
"မောင့်လက်နှစ်ဖက်လုံးဟာ
အခြားမိန်းမဆီမှာကိုး" ။
-လင်းညို
1 455
လူတစ်ယောက်ဟာ
လူဖြစ်ရှုံးကြောင်း ပြသဖို့
လူ့ဘဝကို စွန့်လွှတ်ရမှာလား ။
ငယ်ငယ်တုန်းက
လူကြီးတွေကို အားကျတယ်
အသက်ကြီးလာတော့
ကလေးတွေကို အားကျတယ် ။
-လှသန်း
1 455
ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ် ။
အသိပေးချင်တယ်
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာတွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။
အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။
- ခက်နှောင်
1 455
ပြန်မလိုချင်တော့ဘူး ပြောပြီး
ပြန်လာမလား စောင့်မျှော်နေတတ်တဲ့
မိုးတိမ်ဟာ ကိုယ်ပဲ။
-လင်းညီ
1 455
“အခက်အခဲတွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့။
ဘာမှမရှိတဲ့ ဘဝထဲကို
ဘာမှမကြည့်ဘဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။
-ဂျူး
1 455
ခင်များက ကျွန်တော့်ရဲ့ နွေဦးလေးပဲ
ခင်များ ရောက်လာတာနဲ့
ကျွန်တော့်ကမ္ဘာတစ်ခုလုံး
ပန်းတွေပွင့်တော့တာပဲ။
-ဖရော်ဆန်
现已上线!2025 年 Telegram 研究 — 年度关键洞察 
