ကဗျာစာတိုလေးများ 🍀
رفتن به کانال در Telegram
Channel Date : 9.7.2023 Owner - @H_One_Admin မပြောဖြစ်ခဲ့တဲ့ စကားတွေကို ကဗျာဖြစ်စေတယ်။ မေ့မရတဲ့ အမှတ်တရတွေကို စာလုံးတွေအဖြစ် အသက်သွင်းတယ်။ နှလုံးသားက နားလည်သူတွေအတွက်… ချစ်ခြင်းများစွာဖြင့်... #H_One_Admin
نمایش بیشتر2 729
مشترکین
+824 ساعت
+157 روز
+8930 روز
آرشیو پست ها
2 729
ဘဝဆိုတာ ကြောက် တ ယ် ဆို ပြီး ပြန်လှည့်သွားလို့ရတဲ့ အရာမျိုးမှ မဟုတ်ပဲ
ဘာ ပဲ ဖြ စ် ဖြ စ် ရ ပါ တယ် ဆို ပြီး
ဖြ တ် သ န်း သွား လို က် ရ တာ ပါ ပဲ
ဒီ လို ပဲ ပေါ့ . . . ။
တာရာမင်းဝေ
2 729
ကျွန်တော်တို့ကို သဘောကျလှပါပြီဆိုတဲ့ သူတွေက
ကျွန်တော့်တို့ထက် သဘောကျစရာကောင်းတဲ့
လူတွေနဲ့ တွေ့သွားတဲ့အခါကျရင်
ကျွန်တော်တို့ကို ထားပစ်ခဲ့အုံးမှာပဲ ။
#Crd
2 729
"အဓိက နဲ့ သာမည "
စစ်ပွဲရဲ့ အဓိကအချက်ဟာ
အနိုင် အရှုံး အဆုံးအဖြတ်ပွဲဆိုရင်...
အသေအပျောက် ၊ အကျိုးအကန်း
မိသားစုတွေ မပြိုကွဲရအောင်
လက်နက်ကိုင်စီချပြီး
ဘောလုံး ကန်ကျရအောင်လေ
နိုင်တဲ့ အသင်းက စစ်ပွဲနိုင်သူ သတ်မှတ်ကြမယ်လေ... ။
-လောင်ချိတ် *9.11.26*
2 729
ငါ့မှာနှလုံးသားနှစ်ခုရှိခဲ့ရင်တောင် မင်းကိုပဲနှစ်ကြိမ်စလုံးချစ်မိမှာ "
-မိုးစည်
2 729
လှောင်အိမ်ထဲကနေ လွတ်သွားတဲ့
ငှက်တိုင်း ပျော်နိုင်တယ်လို့
မဆိုနိုင်ပါဘူး...
တချို့ငှက်တွေက မမ အုပ်ချုပ်တဲ့
လှောင်အိမ်လေးထဲမှာပဲ
ပျော်ပါတယ် ။
-လောင်ချိတ်
2 729
" To someone "
နှစ်ယောက်တည်း သိကျတဲ့...
ပျော်စရာအမှတ်တရတွေ...
နှစ်ယောက်တည်း သိလိုက်ရတဲ့
နာကျင်စရာ လမ်းခွဲချင်းတွေ...
ကျွန်တော် ဘဝမှာ
အလှဆုံး နဲ့ အနာကျင်ရဆုံးပါပဲ ။ ။ ။
-လောင်ချိတ်
2 729
ဘယ်နေရာမှာမဆို
အတွေးလွန်တတ်တာ မကောင်းဘူးနော်
ကိုယ့်မှာ ရှိနေရင်လည်း
ကြိုးစားပြီး လျှော့ကြပါ
ဆက်ဆံရေးတွေမှာ
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပြီး
ပြတ်တောက်သွားလိမ့်မယ်ဗျ ။
-လောင်ချိတ်
2 729
ဒုက္ခရောက်နေတာ တန်းတူဆိုပြီး
အတူတူ လာမတန်းနဲ့ ကိုယ့်လူ...
စိတ်ညစ်ရင် ပြန်စရာ အိမ်မရှိတော့တဲ့
အညာကလူတွေ နဲ့
အိမ်ရှိသေးတဲ့ ကိုယ့်လူတို့က
အကွာကြီးရယ် ။
-လောင်ချိတ်
2 729
"မြေစာပင် ဘဝများ "
-စစ်တိုက်တယ် ဆိုတာ
အနိုင် နဲ့ အရှုံးပဲ ရှိတယ်
အဲ...မနိုင် မရှုံး ဆိုရင်တော့
ကြားထဲက မြေစာပင်တွေ
ရှုံးတော့တာပဲ ။
-လောင်ချိတ် *8-11-26*
2 729
သည်လောကမှာ
စကားလုံးနည်းလေ
ပိုပြီး နာကျင်ခံစားရလေပဲဗျ
ဥပမာ - အချစ် ၊ မာန ၊ အမုန်း ၊ ဥပေက္ခာ...
-လောင်ချိတ်
2 729
သတ္တိရှိတယ်ဆိုတာ
ပြန်မချစ်နိုင်တဲ့ သူတစ်ယောက်ကိုမှ
အရူးအမူး ချစ်နေတာမျိူးလား ။ ။
-လောင်ချိတ်
2 729
တစ်ဖက်က ထားခဲ့ရင် နေခဲ့ရဲရသလို...
တစ်ဖက်က မကောင်းရင်လည်း ချန်ခဲ့ရဲရမယ်...
ကိုယ့်ကိုကိုယ် အတွက် အသက်ရှင်ပါ
ကိုယ့်ကိုကိုယ် ချစ်ပါ ။
-လောင်ချိတ်
2 729
ခင်ဗျားတို့ ငြင်းလို့ မရတဲ့
အချက်တစ်ခုရှိတယ်...
လူတွေနဲ့ ဝေးလေ...
ဘဝက ဘေးကင်း အေးချမ်းလေပါပဲ ...။
-လောင်ချိတ်
2 729
မင်းကို ယုံယုံကြည်ကြည်ဖွင့်ပြောခဲ့တဲ့
ငါ့အားနည်းချက်တွေက
ငါ့ကိုထားခဲ့ဖို့
မင်းအတွက် အားသာချက်တွေ
ဖြစ်နေခဲ့တယ်မလား ။
*ခွန်းသ
2 729
ဘယ်သူကိုမှ မချစ်ရဲလောက်အောင်...
စိတ်ဒဏ်ရာတွေ လုံလောက်ခဲ့ပြီမို့...
ချစ်တယ် လည်း မပြောတော့ဘူး
ချစ်ရင် လည်း ငြင်းပါရစေ ။
-လောင်ချိတ်
2 729
မကောင်းတဲ့ စနစ်ကြီးထဲမှာ
အချစ်စစ်လည်း မတွေ့ချင်သလို
သူဋ္ဌေးကြီးလည်း မဖြစ်ချင်ဘူး အမေ...
သားတို့မိသားစု...အခြားမိသားစုတွေ
မနက် နဲ့ ည ထမင်းဝိုင်း ပွဲမှာ
စုံစုံညီညီ ရှိနိုင်ဖို့ကိုပဲ အလိုရှိပါတယ် ။
-လောင်ချိတ်
2 729
သူမရဲ့ မေတ္တာရပ်ဝန်းလေးမှ
နှင်ထုတ်ခံလိုက်ရတည်းက...
အာကာသယာဥ်မစီးနှင်ပဲ
ကမ္ဘာအပြင် ငါရောက်ခဲ့ရပေါ့...။
-လောင်ချိတ်
2 729
တစ်ခါတစ်ရံ
မိန်းမတစ်ယောက်ရဲ့ အထင်သေးခြင်း မခံရဖို့...
"သေတောင် မလွမ်းဘူး " လို့
ပြန်ပြောနိုင်ဖို့ သုံးလေး...ငါးနှစ် လေ့ကျင့်ထားစေချင် ။
-လောင်ချိတ်
2 729
"ငြိမ်းချမ်းရေး မျှော်လင့်ချက်များ"
"နိုင်ငံရေး ပြန်ကောင်းလာရင် "
စကားစလိုက်တာနဲ့ ကြားသမျှ လူတို့ဟာ
မျှော်လင့်ချက် အပျော်မျက်နှာများစွာနဲ့ တောက်ပလို့...၊
"အသေအချာပြန်ကောင်းလာရင်..."
ပြည်သူတွေအားလုံး ကခုန်ကြပါလိမ့်မယ်...။
-လောင်ချိတ် (6.11.26)
