es
Feedback
Knowledge is Power Myanmar

Knowledge is Power Myanmar

Ir al canal en Telegram

Business Management knowledge sharing

Mostrar más

📈 Análisis del canal de Telegram Knowledge is Power Myanmar

El canal Knowledge is Power Myanmar (@knowledgeispowermyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 623 suscriptores, ocupando la posición 5 993 en la categoría Negocios y el puesto 10 428 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 623 suscriptores.

Según los últimos datos del 26 agosto, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 1 027, y en las últimas 24 horas de 9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 12.68%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.06% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 474 visualizaciones. En el primer día suele acumular 472 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
Business Management knowledge sharing

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 27 agosto, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Negocios.

11 623
Suscriptores
+924 horas
+1287 días
+1 02730 días
Archivo de publicaciones
အချိန်မ​ရွေး ​နေရာမ​ရွေး မိမိအဆင်​ပြေတဲ့အချိန် အမြဲ တမ်းlifetime​တသက်တာ လေ့လာလို့ရတဲ့ သင်တန်း၁၁ခု 👇👇👇 https://www.facebook
အချိန်မ​ရွေး ​နေရာမ​ရွေး မိမိအဆင်​ပြေတဲ့အချိန် အမြဲ တမ်းlifetime​တသက်တာ လေ့လာလို့ရတဲ့ သင်တန်း၁၁ခု 👇👇👇 https://www.facebook.com/share/p/19aiXxkM8V/

------------

- Sales forecasting ဆိုတဲ့ မိမိsales team အတွက် sales managerက အ​ရောင်းsales target​တွေကို ခန့်မှန်း​ပေးရမှာဖြစ်ပါတယ် ဒီလိုခန့်မှန်းတဲ့အခါ marketing team နဲ့ တိုင်ပင်ကာ နှစ်အလိုက် sales target နဲ့ monthly target​တွေကို ခန့်မှန်းပြီး ​ချမှတ်ရမှာဖြစ်ပါတယ်။ - Pricing policy ​တွေသက်မှတ်ဖို့ sales နဲ့ marketing departemtက manager​တွေက ညှိနှိုင်းက ကိုယ့်productရဲ့ positioningအ​ခြေအ​​နေ​တွေ competitorပြိုင်ဘက်​တွေproductရဲ့ ​​စျေးနှုန်း အ​ခြေ​အ​နေ​တွေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အမြတ်ဘယ်​လောက် returnလိုချင်လဲဆိုတဲ့ အ​​ခြေအ​နေ​တွေကို သုံးသပ်ကာ policy​တွေချမှတ်ရမှာဖြစ်ပါတယ်။ - Sales promotions and competitons အတွက် marketing departmentက​နေ အစပြု​ရေးဆွဲထားတဲ့ promotion activities​တွေဖြစ်တဲ့ national sales promotion campaign​တွေအတွက်sales promotion awarenessအတွက် merchandising​ activities​တွေအတွက်ဖြစ်​စေ sales promotionကို ဆိုင်​တွေကို သိ​အောင်ဖြစ်​စေ ပစ္စည်းသစ်​တွေအတွက် consumer trial အစမ်းရ​အောင်း sampling​ကျွေးတာ​တွေ ​ပေးတာ​တွေကို ဝိုင်းပြီး areaအလိုက်ပြုလုပ်​ပေးရမှာဖြစ်ပါတယ်။ - Sales force rewards and incentive ​တွေအတွက် sales managerက မိမိsales teamကို စိတ်ဓါတ်မြှင့်တင်နိုင်ရန်အတွက် team ရဲ့ performance measurementကရလာတဲ့ အ​ခြေအ​နေအ​ပေါ်မှုတည်ကာ reward နဲ့ incentive​တွေဖြစ်တဲ့ လစာ​တွေ ရာ​ထူး​တွေ ခံစားခွင့်​တွေကို HR departmentနဲ့ တိုင်ပင်ကာ ​မိမိ teamကို ​ပေးရမှာဖြစ်ပါတယ်။ - Sales management training ဟာလုပ်ငန်းdevelopmentဖြစ်​ရေးအတွက် လွန်စွာအ​ရေးကြီးသဖြင့် sales managerက ဦးစီးကာ HR နဲ့တိုင်ပင်ပြီး မိမိsales teamကို product training​တွေဖြစ်​စေ ၊အ​ရောင်းစီမံခန့်ခွဲခြင်း sales managementပညာ​တွေဖြစ်​စေ၊ sales plan ​ရေးဆွဲတာဖြစ်​စေ ၊တခြား sales reportနဲ့ presentationအတွင် excel​တွေ power point​တွေကို training​တွေ​ပေးတာဖြစ်​စေ HR ရဲ့ အကူအညီဖြင့် ပြုလုပ်​ပေးရမှာဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun .

လုပ်ငန်းခွင်မှာ အ​ရောင်းsales forceများရဲ့ roles နှင့် Functionများ လုပ်ငန်းခွင်မှာ အ​​ရောင်းစီမံခန့်ခွဲမှု sales managementများသည် အဓိကအားဖြင့် function ၃မျိုးကိုအ​ပေါ်အ​ခြေခံပြီး လုပ်​ဆောင်ရပါတယ်။ဒါ​တွေကဘာ​တွေလဲ​ဆို​​​တော့ (1) Management (2) Administration (3) Planning ဆိုပြီး ဖြစ်ပါတယ်။ Management function ဆိုတာက အ​ရောင်းsales နဲ့ ပတ်သက်ပြီး ​နေ့စဥ် daily ပြုလုပ်လုပ်ကိုင်​နေတဲ့ အရာမျိုး​တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ဘယ်လိုအရာပါဝင်လဲဆို​တော့ - Achieving sales volumeဆိုတဲ့ အ​ရောင်းsales target​တွေကို ချမှတ်ပြီး ဒီချမှတ်ထားတဲ့ target​တွေကို ​နေ့စဥ်ရရှိ​အောင် ကြိုးစားပြီး ​ရောင်းချရမှာဖြစ်ပါတယ်။ - Achieving distribution objective ​တွေဖြစ်တဲ့ ကိုယ်ဖြန့်ချီတဲ့ ပစ္စည်း​တွေကို ဆိုင်​တွေ​ပေါ်​ရောက်​အောင် သက်မှတ်ထားတဲ့ အချိန် သက်မှတ်ထားပစ္စည်းအ​ရေအတွက်ပြည့်မှီ​အောင် ဖြန့်ဖြူး​​ရောင်းချခြင်း ၊ အ​ရောင်း sales channelအတွင်း ပစ္စည်းပြတ်လတ်ခြင်းမရှိ​စေ​ရေး စတဲ့ objective​တွေကို ​​​နေ့စဥ်ရရှိ​အောင် ပြုလုပ်​ဆောင်ရွက်ရမှာဖြစ်ပါတယ်။ - Product display and merchandising ဖြစ်တဲ့ merchandisingလုပ်တဲ့အခါ ကိုယ့် ပစ္စည်း​တွေရဲ့ display ​တွေကို ဆိုင်​တွေမှာထားတဲ့အခါ သက်မှတ်ထား​တော့ merchandising guidelineအတိုင်း ရှိ​အောင် sales team ကပြုလုပ်​ပေးရမှာဖြစ်ပါတယ်။ - Call coverage ရ​အောင် sales team အ​နေနဲ့ မိမိတို့အတွက် သက်မှတ်ထား​သော customer​ အ​ရေအတွက် နဲ့ frequency အကြိမ်အ​ရေအတွက်တွေကို sales call ပြည့်မှီ​အောင် ​သွား​ရောက်​ရောင်းချရမှာဖြစ်ပါတယ်။ - Sales recruitment and training ဖြစ်တဲ့ sales team အတွက်လိုအပ်​တဲ့ အလုပ်position​တွေအတွက် သင့်​​တော်​ကောင်းမွန်တဲ့ အ​ရောင်းဝန်ထမ်း​တွေကို ရှာ​ဖွေခန့်ထားခြင်း ​လေ့ကျင့်သင်ကြား​ပေးခြင်း ဒါ​တွေကိုပြုလုပ်ရမှာဖြစ်ပါတယ်။ - provision of feedback ဆိုတဲ့ sales managerက မိမိ​အောက်က sales team​တွေနဲ့ ထိ​တွေ​ဆွေး​နွေးတိုင်ပင်ကာ မိမိ team ရဲ့ ​အောင်မြင်မှု ကျဆုံးမှု လိုအပ်ချက်​တွေကို အပြုသ​​ဘောfeedback​ပေးပြီး အ​ထောက်အပံပြုရမှာဖြစ်ပါတယ်။ - Trade terms ​တွေဖြစ်တဲ့ warranties,​တွေနဲ့ sales conditions​တွေ၊ price ​စျေးနှုန်း​တွေ ၊ ဘယ်လိုပစ္စည်းပို့မယ် delivery စတာ​တွေကို တခြား department​တွေဖြစ်တဲ့ finance , marketing, operation​တွေနဲ့ တိုင်ပင်​ဆွေး​နွေးရမှာဖြစ်ပါတယ်။ - Performance measurementအတွက် အ​ရောင်းtargetဘယ်​လောက်ရလဲ ၊ sales call​ visit​တွေပြည့်လား ၊ ကိုယ့်ပစ္စည်း​တွေကို အချိန်မှီ ပို့​ဆောင်​ပေးနိုင်လား ၊ merchandising အတွက် display​တွေကို အားလုံး guidelineအတိုင်းပြုလုပ်​ပေးထားလား စသဖြင့် ဒါ​တွေကို တိုင်းတာရမှာဖြစ်ပတယ်။ Administration functionအရဆိုရင် ဘာ​တွေလုပ်ရမလဲဆို​တော့ - Credit control ဖြစ်တဲ့ ​အ​ကြွေး​ရောင်းထားတာ​တွေကို sales team က ငါတို့​ရောင်းပြီးရင်ပြီး​​ရောဆိုပြီး လုပ်လို့မရပါဘူး ဘယ်customerက ​အ​ကြွေးဝယ်ထားတာများ​နေပြီးလဲ ဘယ်customerက အ​ကြွေး​တွေရဖို့ overdueရက်​ကျော်​နေပြီးလဲ ဒါ​တွေကို သုံးသပ်ကာ finance department နဲ့ ​ဆွေး​နွေးပြီး အမြဲတမ်းအ​ကြွေးcreditကို controlလုပ်​နေရမှာဖြစ်ပါတယ်။ - Collection of payments ဆိုတဲ့ အ​ရောင်းရပြီးရင် ​ငွေကို​​သေချာသိမ်းရပါမယ် overdueရက်​ကျော်​နေတဲ့ အ​ကြွေးဝယ်ထားတဲ့ customerကို ရက်​ကျော်​နေ​ကြောင်း ယဥ်း​ကျေးပါးနပ်စွာ​ပြောဆိုပြီး အ​ကြွေးသိမ်းတက်ရမှာဖြစ်ပါတယ်။ - Customer service and care အ​ရောင်းသမား​တွေက ကိုယ့်customer​တွေကို customer​တွေ​ကျေနပ်သည်အထိ​သေချာ service​ပေးပြီး ဂရုစိုက်ရမှာဖြစ်ပါတယ်။ -Order processing ​တွေဖြစ်တဲ့ အ​ရောင်းသမား​တွေက မိမိတို့ customer​တွေစီက အ​ရောင်းရပြီးတဲ့အခါ customer​တွေမှာလိုက်တဲ့ ပစ္စည်း​တွေစာရင်းကို မိမိတို့ရုံးကို ​​သေချာပြန်တင်​ပေးရပြီး customer​တွေစီ ပစ္စည်း​တွေ​​ရောက်ရှိကာ customer​တွေစီက ​ငွေသိမ်းတဲ့အထိပါဝင်ပြုလုပ်​​ပေးရမှာဖြစ်ပါတယ်။ -Maintaining records on sales force activity and customer activity အ​​ရောင်းသမား​တွေရဲ့​​နေ့စဥ် sales way visitသွားတဲ့ အချက်အလက်​တွေဖြစ်တဲ့ visitသွားတာဘယ်လောက် အ​​ရောင်းsalesဖြစ်တာ ဘယ်​လောက်စသဖြင့် အ​ရောင်းသမား​တွေရဲ့ daily activities​တွေကို recordပြုလုပ်ထားရတာကို sales call card အ​နေနဲ့ မှတ်သားထားရပြီး customer​တွေရဲ့ အ​​သေးစိတ်အ​ကြောင်း နမည် လိပ်စာ လူဖုန်း ဆိုင်အ​နေအထား ဘာ​တွေဝယ်လဲ အ​ကြွေးအ​ခြေအ​နေ စသဖြင့် customer call cardကိုလည်း ​သေချာ recordလုပ်ထားရမှာဖြစ်ပါတယ်။ Planning Functionအရဆိုရင် sales teamကဘာ​တွေလုပ်ရလဲဆို​တော့

------------‐

အ​ရောင်း sales team structure ဖွဲ့စည်းခြင်း Sales team ရဲ့ structure​တွေကို စဥ်းစားတဲ့အခါ factor ၃မျိုးအ​ပေါ်မှုတည်ပြီးစဥ်းစား​လေ့ရှိပါတယ်။ဒါ​တွေက​တော့ (1) Geographical factor (2) Horizontal factor (3) Vertical factor တို့ဖြစ်ပါတယ်။ (1) Geographical factor က sales team structure စဥ်းစားတဲ့အခါ ​မြေအ​နေအထားterritoties အ​ပေါ်မှုတည်ပြီး စဥ်းစားတာဖြစ်ပါတယ် နိုင်ငံ , ပြည်နယ် ,တိုင်း​ဒေသကြီး, မြို့ ,ခရိုင် ,မြို့နယ် စသဖြင့် geographical အ​ပေါ်အ​ခြေခံကာ ခွဲခြမ်းပြီး တာဝန်​ပေးအပ်တာဖြစ်ပါတယ်။ (2) Horizontal factorက​တော့ sales department​အောက်မှာ ထပ်ပြီးခွဲတဲ့ ပုံစံဖြစ်ပါတယ် ဥပမာFMCG product​တွေမှာဆိုရင် sales team structure မှာgeneral trade sales , Modern trade sales , tele sales ,HoReCa sales စသဖြင့်ခွဲတာ​တွေလုပ်သလို pharmaceutical ​ဆေး company​တွေမှာဆိုရင် Mediacal Representative MR ဆိုပြီး ​ဆေးရုံ​ဆေးခန်းဝင်တဲ့ အဖွဲရယ် ​​​နောက် Sales Representative SRဆိုပြီး ​ရပ်ကွက်ထဲက ဆေးဆိုင်​တွေကိုလိုက်​ရောင်းရတဲ့ အဖွဲရယ်၊ ​​နောက် wholesales လက်ကားဆိုင်​တွေဖြစ်တဲ့ မဂ်လာ​စျေး​​ပေါ် နဲ့ ဗိုလ်ချုပ်​​​​​​စျေး​တွေလို လက်ကားဆိုင်​တွေကို ဝင်တဲ့အဖွဲ​တွေ​ရှိကာ ၊ ​​တခြား ​Citycare , ရွှေအိုး ,Medicare ,lifeplus စတဲ့ modern trade​တွေကို ကိုင်တဲ့အဖွဲ့​တွေဆိုပြီး ခွဲခြားကြပါတယ် ​နောက် ဘိလပ်​မြေမှုန့် cement​တွေဆိုရင် project sales team ဆိုတဲ့ construction siteကြီး​တွေကို လိုက်​ရောင်းတဲ့ team ရှိသလို channel sales ဆိုတဲ့ အိမ်​ဆောက်ပစ္စည်း​ရောင်းတဲ့ ကုန်မာဆိုင်​တွေကို​ရောင်းတဲ့ team ဆိုပြီးခွဲကြပါတယ် ဒီလိုမျိုး horizontalအရ sales channel​တွေကို structureအတွက်စဥ်းစားလို့ရပါတယ်။​​နောက် productကို အ​ခြေခံပြီး ဘယ်အဖွဲ teamက ဘယ်productကို ကိုင်ဆိုပြီးလည်း ခွဲလို့ရပါတယ်။ (3) Vertical factor က အ​ပေါ်က​နေ​အောက် levelအလိုက် တာဝန်ယူမှု တာဝန်ခံမှုနဲ့ workloadအ​နေအထား​အပေါ်မှုတည်က chain of commandတည်​ဆောက်ဖို့အတွက် span of controlဘယ်​လောက်ထားမလဲဆိုတာနဲ့တွဲပြီး စဥ်းစားရပါမယ် span of controlဆိုတာက structureမှာဆိုရင် မိမိlevel ရဲ့ အောက်မှာ လက်အောက်ငယ်သား တိုက်ရိုက် ဘယ်နှယောက်ကို အုပ်ချုပ်လဲဆိုတာဖြစ်ပါတယ် ဥပမာ sales manager ရဲ့ အောက်မှာ sales supervisor 5ယောက်ရှိရင် sales manager ရဲ့ span of control က 5ဖြစ်ပြီး sales supervisor တစ်ယောက်ရဲ့အောက်မှာ sales man 8ယောက်ရှိရင် salea supervisor ရဲ့ span of control ဟာ 8လို့ပြောလို့ရမှာဖြစ်ပါတယ်။Span of control များလေလေ ကိုယ့်ကအုပ်ချုပ်စီမံရတဲ့ workload များလေလေ ဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ် ခင်ဗျာ့ Myint Maung Maung Tun

-------------

​စျေးကွက်ထဲမှာဖြစ်​ပေါ်​နေ​သော marketအ​ခြေအ​နေ​တွေဖြစ်တဲ့ competitor ​တွေရဲ့ promotion activites​တွေ ၊ product​စျေးနှုန်းနဲ့ qualityအ​ခြေအ​နေ​​တွေ ၊ customer​တွေရဲ့ feedback​တွေကို ​အောက်က regional sales manager နဲ့ area sales managerတို့ report ပို့​ပေးတာ​တွေကို အ​ခြေခံပြီး national sales manager NSMကို reportပြန်တင်​ပေးရမှာဖြစ်ပါတယ်။ Regional sales manager RSMများသည် divisional sales managerများ​အောက်တွင်ရှိကာ သက်မှတ်ထား​သော တိုင်း​​ဒေသကြီးနဲ့ ပြည်နယ်​တွေအလိုက်တာဝန်ယူရတာမျိုးဖြစ်နိုင်ပါတယ်။သူတာဝန်ယူထား​သော တိုင်း​ဒေသကြီး နဲ့ ပြည်နယ်​တွေ အတွက်သက်မှတ်ထား​သော အ​ရောင်းsales targetများကို ပြည်မှီ​အောင် ကြိုးစား​ရောင်းချ​ပေးရပြီး သူ့ရဲ့​အောက်တွင် area sales managerများနဲ့ အ​ရောင်းsales personများရှိကာ အထက်က​ပြောခဲ့တဲ့ ​စျေးကွက်အ​ခြေအ​နေများကို divisional sales managerသို့ reportတင်​ပေးရမှာဖြစ်ပါတယ်။ Area sales manager ASM များသည် regional sales managerများရဲ့ ​​အောက်တွင်ရှိပြီး ခွဲ​ဝေ သက်မှတ်ထားတဲ့ မြို့နယ် ခရိုင်​တွေအလိုက် area​တွေရဲ့ အ​ရောင်းပြည့်မှီ​ရေးအတွက် တာဝန်ယူရမှာဖြစ်ပါတယ် ​​ASMများရဲ့ ​အောက်တွင် အ​ရောင်းsales personများရှိကာ areaအလိုက် sales way​တွေကို ​သေချာgroundထိစီမံရမှာဖြစ်ပါတယ်။​နောက် ​စျေးကွက်သတင်းအချက်အလက်​တွေကို စုစည်းကာ regional sales managerသို့ reportတင်​ပေးရမှာဖြစ်ပါတယ်။ Sales person or sales representative SR များသည် customerနဲ့ ထိ​တွေပြီး သက်မှတ်ထား​သော sales targetများရရှိ​အောင် ရောင်းချရတဲ့ customerရဲ့ အနီးဆုံးသူများဖြစ်ပါတယ် အ​ရောင်းsales amount​တွေအကုန်လုံးသည်း SRများမှရရှိတာဖြစ်ပြီး ​စျေးကွက်အ​ခြေအ​နေနဲ့ customerများရဲ့ အ​ခြေအ​နေများကို SRများက ကျွမ်းကျင်စွာ အသိဆုံးဖြစ်ပါသည် SRများ ​နေ့စဥ် sales way သွားနိုင်ဖို့အတွက် Area sales manager ASMများက way planများဆွဲ​ပေးပြီး guidelineများ​ပေးကာ ဦး​ဆောင်သင်ကြား​ပေးရမှာဖြစ်ပါတယ်။ (3) Key Account Manager , Key account executive Key Account managerများမှာ လုပ်ငန်းရဲ့ အဓိက customerများကို အဓိကထိန်းသိမ်းပြီး လုပ်ငန်းနှင့် ဆက်ဆံ​​ရေးကောင်း​အောင်တည်​ဆောင် ပြီး customer​တွေ ကြုံ​တွေ့​နေရ​​သော အခက်အခဲများကို ကူညီ​​ဖြေရှင်​ပေးရမည် ဖြစ်ပါတယ်။ Distributionလုပ်ငန်းများတွင် Customer များရဲ့ အ​ရောင်းsales amountများကို သုံးသပ်ကာ အဝယ်အများဆုံး customerများကို service​သေချာ​ပေးနိုင်​အောင် customerများအလိုက် key account executiveများထားကာ ​သေချာဂရုစိုက် ပြီးrelationshipကို တည်​ဆောင်ထားကာ အဓိကcustomer​တွေ မ​လျော့နည်း​စေပြီး မိမိလုပ်ငန်းရဲ့ အ​ရောင်းကို တိုးတက်​အောင် လုပ်​စေခြင်းဖြစ်ပါတယ်။ Key Account Managerက အဓိက main customerများကို သူ့​လက်​အောက်ရှိ key account executiveများအား ဘယ်သူက ဘယ်customerကိုင်ဆိုပြီး productအရ ဖြစ်​စေ၊ sales channelအရဖြစ်​စေ ၊ areaအလိုက်ဖြစ်​စေ ခွဲ​ပေးကာ ​သေချာထိန်း​ကျောင်းလုပ်ကိုင်​စေပါတယ်။ Main customerများရဲ့ အ​​ရောင်းsales အ​ခြေအ​နေများကို အမြဲသုံးသပ်​နေပြီး အဝယ်နည်းသွားတဲ့ customerများ ဒါမှမဟုတ်မဝယ်​တော့တဲ့ customerများနဲ့ ထိ​တွေဆက်ဆံပြီး ဘယ်လိုအ​ကြောင်း​တွေ​ကြောင့် အဝယ်နည်းသွားလဲဆိုတာကို ​ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဓိကmain customerများနှင့် လက်တွဲပြီး promotion activities​တွေ marketing program​တွေကို လက်တွဲကာ လုပ်​ဆောင်ရမည် ဖြစ်ပါတယ်။ (4)Merchandiser Merchandiser သည် မိမိလုပ်ငန်းက product​တွေကို retail လက်လီဆိုင်မှာ customer​တွေလာဝယ်တဲ့အခါ ​သေချာမြင်​အောင် လွယ်ကူစွာကိုင်ကြည့်လို့ရ​အောင် diaplay​တွေ shelf​တွေ​ပေါ်မှာ သန့်သန့်ရှင်းရှင်းအမြဲတမ်းရှိ​နေ​အောင်ပြုလုပ်​ဆောင်ရွက်​ပေးရမှာဖြစ်သည့်အပြင် merchandising tool​တွေနဲ့ promotion tool​တွေဖြစ်တဲ့ vinly​တွေ ,sticker​တွေ display​တွေ hanger​တွေ wobbler​တွေ table stand​တွေကို သက်မှတ်ထားတဲ့ merchandising guideline နှင့်အညီပြုလုပ်​ဆောင်ရွက်​ပေးရမှာဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ် ခင်ဗျာ့ Myint Maung Maung Tun

Sales teamမှာရှိတဲ့ ဝန်ထမ်းများရဲ့ job functionsများ (1)Sales manager (National sales manager NSM) or sales director Sales manager (National sales manager)ဒါမှမဟုတ် sales directorရာထူး ယူထားသူများသည် sales team ရဲ့ အဓိကထိပ်ပိုင်း headများဖြစ်ပြီး လုပ်ငန်းတစ်ခုလုံးရဲ့ အ​ရောင်းsalesပိုင်း​တွေအကုန်လုံးကို တာဝန်ယူတာဝန်ခံထားရတဲ့ သူ​တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ Sales managerနဲ့ sales directorတို့ရဲ့ job functionများမှာ ဘာ​တွေလုပ်ရလဲဆို​တော့ - နှစ်စဥ်လစဥ်အ​ရောင်းsales forecasting(projection) ခန့်မှန်းချက်များ​ရေးဆွဲ ချမှတ်​ပေးရခြင်း - သက်မှတ်ထား​သောအ​ရောင်းsales targetများနှင့် အမြတ်profitများ ပြည့်မှီရရှိ​​အောင် ကြိုပမ်း​ပေးရခြင်း - Sales budgetအတိုင်း အပိုအလိုမရှိသုံးစွဲနိုင်​ခြင်း - အ​ရောင်းsales forceများကို sales objectiveနဲ့ planအရ ကိုက်ညီ​​သော တာဝန်များချမှတ်​ပေးအပ်​ပေးရခြင်း - marketing plan အတွက် လိုအပ်​သော sales promotion ​activitiesများဖြစ်သည့် merchandising ၊ sampling နဲ့ roadshow​တွေ activities​တွေ ၊ new product testing ​တွေအတွက် action planများ​ရေးဆွဲ​ချမှတ် အ​ကောင်အထည်​ဖော်ပေးရခြင်း - မိမိလုပ်ငန်းနဲ့ ကိုက်ညီ​သော sales team structureကို designဆွဲ​ပေးပြီး လက်​တွေ့ဖွဲစည်း​ပေးရခြင်း - Sales team motivationရှိ​အောင်း reward and incentive planများ​​ ရေးဆွဲ​ပေးခြင်း - ​ရေးဆွဲထား​​သော sales plan​တွေ objective​တွေကို လက်​တွေ performanceအဖြစ် အ​ကောင်အထည်​ဖော်​ပေးရာတွင် National sales manager​အောက်ရှိ divisional sales manager ၊ Regional sales manager ၊ Area sales manager ၊ Key Account managerများကို နှစ်အလိုက် စုစု​ပေါင်း total လုံး​ပေါင်း sales targetမှ ဖြစ်သင့်​သော sales targetများကို ​စျေးကွက်အ​​ခြေအ​နေ ၊ territory ​​မြေပြင်အ​နေအထားနှင့် sales channelအရ targetများပြန်လည်ခွဲပြီး ချမှတ်​ပေးရမှာဖြစ်ပါတယ် - အ​​ရောင်းsales performanceများကို စနစ်တကျ system ဖြင့် ​monitoring​စောင့်ကြည့်​လေ့လာနိုင်​အောင် system စနစ်များ ချမှတ်​ရေးဆွဲ​ပေးရမှာဖြစ်ပါတယ် - အ​ရောင်းsales team ဖွဲစည်းဖို့အတွက် အ​ရောင်းsalesဝန်ထမ်းများကို ရှာ​ဖွေခန့်ထား recruitment and selectionကို HR department နဲ့ တွဲပြီး ပြုလုပ်​ပေးရမှာဖြစ်ပါတယ် - Sales teamများ motivation နဲ့ developementဖြစ်ဖို့အတွက် job orientationများ၊ product trainingများ ၊ sales management trainingများကို ​training designများဆွဲကာ ပေးရမှာဖြစ်ပါတယ် - Marketing team နဲ့ ​ဆွေး​နွေးတိုင်ပင်ကာ အ​ခြေခံ​စျေးနှုန်း basic price နဲ့ ဝယ်ယူသည့် amountအ​ပေါ်မှုတည်ကာ scale discount နဲ့ allowanceများ သက်မှတ်​​ရေးဆွဲ​ပေခြင်း - Market visitသွားကာ ground မှာ ဖြစ်​နေတဲ့ အ​​ခြေအ​နေ​တွေ customer​တွေရဲ့ အသံ​တွေ voice of customer​တွေ feedback​တွေကို သွား​ရောက်​လေ့လာနား​ထောင်းပြီး လက်ရှိအ​​ခြေအ​နေ​တွေကို သုံးသပ်ရမှာဖြစ်ပါတယ် - Sales dataများနှင့် စျေးကွက်ထဲရှိ customerနဲ့ competitor​တို့ရဲ့ အ​ခြေအ​နေ​တွေကို analysis သုံးသပ်​လေ့လာပြီး လက်ရှိအ​​ခြေအ​နေကို အထက်သို့ reportတင်​ပေးရခြင်း ဒီအတွက် ​ကောင်းမွန်တဲ့ report systemကို တည်​​ဆောက်ရမှာဖြစ်ပါတယ် - လုပ်ငန်းခွင်အတွင်း တခြားdepartmentများဖြစ်​သော marketing ၊ production၊ finance ၊ HR များနှင့် ​ကောင်းမွန်​သော relationship ဆက်ဆံ​ရေးကိုတည်​ဆောက်ပြီး master budget plan များကို ခန့်မှန်း​​ရေးဆွဲကာ ညှိနှိုင်းလုပ်​​ဆောင်ရမှာဖြစ်ပါတယ်။ (2)Divisional sales manager , Regional sales manger , Area sales manager ,Sales person or sales representative SR Divisional sales manager DSM သည် သူ့အထက်တွင် national sales managerရှိပါက သူသည် national sales managerကို အစီအရင်ခံရကာ report​ပေးရမှာဖြစ်ပါတယ် တကယ်လို့ structureအရ national sales manager မရှိပါက national sales manager လုပ်ရမည့်အလုပ်များကို divisional sales manager လုပ်ရမှာဖြစ်ပါတယ် scopeအနည်းအများသာကွာခြားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်ဆိုရင် divisional sales manager​တွေကို upper myanmar အထက်မြန်မာပြည်နဲ့ lower myanmar​အောက်မြန်မာပြည်ဆိုပြီး distributionအရခွဲကာ divisional sales manager ၂​ယောက်ခန့်​လေ့ရှိပါတယ်။Divisional sales managerက သူတာဝန်ယူထားတဲ့ area​တွေမှာ ချမှတ်ထား​သော sales target ( projection)​​တွေကို ​သေချာပြည့်ပြီ​အောင် sales plan များ​ရေးဆွဲကာ မိမိရဲ့​အောက်က regional sales managerများကို ​သေချာဦး​ဆောင်leadingလုပ်၍ လုပ်​ဆောင်ရမှာဖြစ်ပါတယ်။

-------------

မိုးရာသီPromotion​လေး သင်တန်း၁၁ခုစလုံးကို 92,000 နဲ့ ​​နောက်​စျေးတက်ဖို့ရှိလို့ လူမပြည့်ခင် အမြန်တက်ထားကြပါ ခင်ဗျာ့😀 👇👇👇
မိုးရာသီPromotion​လေး သင်တန်း၁၁ခုစလုံးကို 92,000 နဲ့ ​​နောက်​စျေးတက်ဖို့ရှိလို့ လူမပြည့်ခင် အမြန်တက်ထားကြပါ ခင်ဗျာ့😀 👇👇👇 https://www.facebook.com/share/p/1CvZErPWPy/

-------------------

photo content

photo content
+2

​နောက်Overlapping Pay Ranges (လစာ ဘောင်များ ထပ်နေခြင်းဖြစ်​နေတဲ့ Sales Supervisor ၏ Maximum လစာသည် Assistant Sales Manager ၏ Minimum လစာထက် ပိုမြင့်နေတာကို တွေ့ရပါမယ်အကြောင်းအရင်းက ဝါရင့်ပြီး Performance အလွန်ကောင်းသော Sales Supervisor တစ်ဦးသည် လုပ်သက်နုသေးသော Asst. Sales Manager သစ်တစ်ဦးထက် လစာ ပိုရနိုင်ခွင့် ရှိစေရန် ဖြစ်ပါတယ်။ ဒီအဆင့် ရောက်သွားပါက HR အနေဖြင့် ရာထူးတစ်ခုချင်းစီ၏ ဝန်ထမ်းများကို Seniority လုပ်သက် နှင့် Performance စွမ်းဆောင်ရည်အပေါ် မူတည်ပြီး Minimum မှ Maximum အထိ မျှတစွာ လစာ ခွဲဝေ သတ်မှတ်ပေးနိုင်သည့် Complete Pay Structure တစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။ 5 - Evaluating the Results (ရလဒ်များကို ပြန်လည်ဆန်းစစ်ခြင်း) လစာစနစ် သတ်မှတ်ပြီးပါက မိမိတို့ ပေးသော လစာသည် ပြင်ပ စျေးကွက်စံနှုန်း Market Rate နှင့် ကိုက်ညီမှု ရှိမရှိ ပြန်လည် ဆန်းစစ်သုံးသပ်ရန် ဖြစ်ပါတယ်။Internal နဲ့ Market Values ကွာခြားချက်များကို ဆန်းစစ်ရပါမယ် companyရဲ့ လစာက စျေးကွက်ထက် မြင့်မားနေပါကကုန်ကျစရိတ် မြင့်တက်ပြီး စီပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်း Competitive Advantage လျော့နည်းသွားနိုင်မလားဟု စဉ်းစားရပြီး companyရဲ့ လစာက စျေးကွက်ထက် နည်းနေပါက တော်သော ဝန်ထမ်းများကို စည်းရုံးခေါ်ယူရန် သို့မဟုတ် ထိန်းသိမ်းထားရန် ခက်ခဲသွားနိုင်မလားဟု သုံးသပ်ရပါမယ်။ Compa-Ratioဖြစ်တဲ့ဝန်ထမ်းတစ်ဦးချင်းစီ သို့မဟုတ် ဌာနအလိုက် ပေးနေသည့် လစာသည် စျေးကွက် ပျမ်းမျှအမှတ် Midpointနှင့် ယှဉ်လျှင် မည်မျှရှိသည်ကို တိုင်းတာရန် Compa-Ratio ကို အသုံးပြုပါတယ်။ Formulaက​တော့ Compa-Ratio = (Employee pay rate / Pay rang Midpoint) ဖြစ်ပါတယ်။ Compa-Ratio = 1.0 ဆိုရင်ဝန်ထမ်း၏ လစာသည် စျေးကွက် ပျမ်းမျှနှုန်းထား (Midpoint) နှင့် အတိအကျ အတူတူ ဖြစ်ပြီး Compa-Ratio < 1.0 1 အောက်နည်းပါက ဝန်ထမ်း၏ လစာသည် စျေးကွက် ပျမ်းမျှထက် နည်းနေသည် ကို ပြကာ Market Lag Policy သုံးသော ကုမ္ပဏီများ သို့မဟုတ် ဝန်ထမ်းသစ်များတွင် တွေ့ရလေ့ရှိတယ် Compa-Ratio > 1.0 1 ထက်များပါကဝန်ထမ်း၏ လစာသည် စျေးကွက် ပျမ်းမျှထက် ပိုများနေသည် ကို ပြကာ စွမ်းဆောင်ရည်မြင့် ဝန်ထမ်းများ သို့မဟုတ် ဝါရင့် ဝန်ထမ်းများတွင် တွေ့ရလေ့ရှိပါတယ်။ HR managerများသည် Compa-Ratio ကို သုံးပြီး မိမိတို့ ကုမ္ပဏီ၏ လစာစနစ်သည် စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမရှိ လေ့လာနိုင်ပြီး၊ ၁ အောက် အလွန် ရောက်နေပါက သင့်တော်သော ကာလအတွင်း လစာ အလိုက်သင့် တိုးမြှင့်ပေးရန် စီမံရပါတယ်။ ယခုဆိုရင် pay structure ဆွဲတဲ့အခါ ဘာ​တွေကို ထည့်သွင်းစဥ်းစားရတယ်ဆိုတဲ့ သ​ဘောတရား​တွေကို ​​တော်​​တော် သိရှိပြီထင်ပါတယ်။ Part-1 https://www.facebook.com/share/p/1DAXHHgssc/ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun #hr

စီမံခန့်ခွဲမှု တာဝန်များ ပါဝင်လာသဖြင့် Point ၇၅၀ သို့ ရောက်ရှိပြီး လစာ ပိုမို မြင့်တက်လာပါတယ်၊ Sales Managerက​တော့ Job Evaluation Point 1,200 Points နဲ့ Annual Salary: $24,000 ဌာနတစ်ခုလုံး၏ မဟာဗျူဟာနှင့် Target များကို တာဝန်ယူရသဖြင့် Point ၁,၂၀၀ ဖြင့် အများဆုံး ရရှိကာ စေျးကွက် လစာမျဉ်း၏ အမြင့်ဆုံး ထိပ်ဆုံးနေရာတွင် ရှိနေပါတယ်။ဒီပုံ(1)သည် အဖွဲ့အစည်းအတွင်း ရာထူး၏ တာဝန်ယူရမှုနှင့် ခက်ခဲမှု အမှတ် (Job Point) မြင့်တက်လာသည်နှင့်အမျှ လစာ ပမာဏသည်လည်း ပြိုင်ဘက် စေျးကွက် စံနှုန်း (Market Pay Line) အတိုင်း မျှတစွာ တိုးတက်သွားကြောင်း ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ဒါပြီးရင် ​နောက်တဆင့်ဖြစ်တဲ့ 3 - Defining Pay Grades ရာထူးတစ်ခုချင်းစီအတွက် လစာ သီးသန့် လိုက်သတ်မှတ်နေမည့်အစား တာဝန်နှင့် တန်ဖိုး Job Evaluation Points အလားတူတူရှိတဲ့ ရာထူးများကို Pay Grade အုပ်စု တစ်ခုတည်းအောက်မှာ စုစည်းလိုက်တာ ဖြစ်ပါတယ် ဘယ်​လောက်Job Evaluation Points ဆို ဘယ်​လောက် လစာရမယ်ဆိုပြီး သက်မှတ်ထားခြင်းကို ပုံ(2)မှာ ပြထားတာဖြစ်ပါတယ်။အရင်ပုံ(1)မှာ ရာထူးတစ်ခုချင်းစီကို Point တစ်ခုစီ သီးသန့် အမှတ်ပေးခဲ့ရာမှ ယခုပုံတွင် အလားတူတူ တာဝန်နှင့် တန်ဖိုးရှိသည့် Job Evaluation Points များကို Pay Grade အုပ်စု တစ်ခုစီအဖြစ် အကွာအဝေး Point Spread သတ်မှတ်လိုက်ပုံကို ပြသထားခြင်း ဖြစ်ပါတယ်။graph၏ အဓိက ပါဝင်ချက်များနှင့် Pay Grade ခွဲခြားပုံ​တွေက​တော့ Grade 1: Salesman (200 – 300 Points) Point အကွာအဝေးမှာ ၁၀၀ Points ရှိပါတယ်။ တာဝန်နှင့် ကျွမ်းကျင်မှု နယ်ပယ် ကျဉ်းမြောင်းသည့် အောက်ခြေ ရာထူးများအတွက် Point Spread နည်းပါးစွာ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ Grade 2: Sales Supervisor (301 – 650 Points) Point အကွာအဝေးမှာ ၃၅၀ Points ရှိပါတယ်။ ကြီးကြပ်ရသည့် တာဝန်များ ပါဝင်လာသဖြင့် Point Spread ပိုမို ကျယ်ပြန့်လာပါတယ်။ Grade 3: Assistant Sales Manager (651 – 1,150 Points) Point အကွာအဝေးမှာ ၅၀၀ Points ရှိပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ Point အကွာအဝေး ပိုမို ကျယ်လာတာကို တွေ့ရပါမယ်။ Grade 4: Sales Manager (1,151 – 2,000 Points) Point အကွာအဝေးမှာ ၈၅၀ Points (အကျယ်ဆုံး) ရှိပါတယ်။ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ရသည့် အထက်တန်း စီမံခန့်ခွဲမှု ရာထူးများတွင် လိုအပ်သော ကျွမ်းကျင်မှုနှင့် တာဝန်ယူရမှုများ အလွန် ကျယ်ပြန့်သည့်အတွက် Point Spread ကို အကျယ်ဆုံး သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ပုံ(2)တွင် တွေ့ရသည့်အတိုင်း အောက်ခြေ ရာထူးများမှ အထက်တန်း ရာထူးများသို့ တက်သွားသည်နှင့်အမျှ Point Spread အမှတ် အကွာအဝေးသည် အစဉ်လိုက် ပိုမို ကျယ်ပြန့်လာကာဒီလို Pay Grade များအဖြစ် အုပ်စုဖွဲ့လိုက်ခြင်းဖြင့် ရာထူးတစ်ခုချင်းစီအတွက် လစာ ပေါ်လစီ သီးသန့် သတ်မှတ်နေရသည့် ရှုပ်ထွေးမှုကို လျှော့ချပေးပြီး၊ HR အနေဖြင့် လစာ စီမံခန့်ခွဲမှုကို ပိုမို လွယ်ကူ စနစ်တကျ ရှိစေပါတယ်။ 4 - Calculating Pay Ranges for Each Pay Grade (Pay Grade တစ်ခုစီအတွက် လစာ ပမာဏ အနိမ့်/အမြင့် စာရင်း တွက်ချက်ခြင်း) အရှေ့ပုံ(1) ,(2)များတွင် Pay Grade များကို အုပ်စုဖွဲ့ပြီးသည့်နောက်၊ ယခုပုံ(3)တွင် Grade တစ်ခုစီအတွက် Minimum (အနိမ့်ဆုံး)၊ Midpoint (ပျမ်းမျှ)၊ နှင့် Maximum (အမြင့်ဆုံး) ဆိုသည့် Pay Range Box လစာ ဘောင်များကို တည်ဆောက်လိုက်ပုံကို ပြသထားခြင်း ဖြစ်ပါတယ်။ Pay Range ရဲ့ အဓိက အစိတ်အပိုင်း (၃) ခုဖြစ်တဲ့ Minimum level ရာထူးတစ်ခုသို့ စတင်ဝင်ရောက်လာသော ဝန်ထမ်းသစ်များ (သို့မဟုတ်) အတွေ့အကြုံ မရှိသေးသူများကို ပေးသည့် အနိမ့်ဆုံး လစာနှုန်းထား ဖြစ်ကာ Midpoint က​တော့Market Pay Line စျေးကွက် ပျမ်းမျှ စံနှုန်းဖြစ်ပြီး၊ တာဝန်ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သော ဝန်ထမ်းများ ရရှိသည့် လစာနှုန်းထား ဖြစ်ပါတယ်။Maximum က​တော့Performance အလွန်ကောင်းမွန်သော သို့မဟုတ်ဝါရင့် ဝန်ထမ်းများကို ပေးသည့် အမြင့်ဆုံး လစာနှုန်းထား ဖြစ်ပါတယ်။Midpointက​နေစံထားပြီး maximum နဲ့ minimum​​တွေကို ဘယ်​လောက်Range Spread %အကွာထားမယ်ဆိုတာ ​​နောက်ရာထူးတက်သွားမယ် လစာrate​တွေနဲ့ ချိန်ညှိရပါမယ်။ ပုံ(3) ရဲ့ Increasing Pay Range Spread ကို​လေ့လာကြည့်ရင် Salesman Gradeရဲ့ Range အကွာအဝေး ကျဉ်းပါတယ် ခန့်မှန်းခြေ $15,000 – $17,500​လောက်ပဲ ရှိကာ Sales Manager Gradeရဲ့ Range အကွာအဝေး ပိုမို ကျယ်ပြန့်ပါတယ် ခန့်မှန်းခြေ $22,000 – $27,000ရှိပါတယ်ဘာ​ကြောင့်လဲဆို​တော့ ရာထူးမြင့်လာသည်နှင့်အမျှ စွမ်းဆောင်ရည် Performance ကွာခြားမှု အကျိုးသက်ရောက်မှု ပိုကြီးလာသောကြောင့် လစာ တိုးမြှင့်ပေးနိုင်သည့် ဘောင်ကို ပိုမိုကျယ်ပြန့်စွာ ထားရှိရခြင်း ဖြစ်ပါတယ်။

HRများအတွက် လက်​တွေ့ လုပ်ငန်း​ခွင်မှာ Pay structure ဆွဲနည်းများ ( Part -2 ) ​ရှေ့ part-1မှာ Pay structure မဆွဲခင်ဘာ​တွေကြိုတင်ပြုလုပ် သိရှိရမယ်ဆိုတာကို သိရှိပြီးတဲ့အခါ ယခုဆက်ပြီး​​တော့ Pay structure ဆွဲတဲ့ process​တွေကို​ kip က​နေဆက်ပြီးပြောပြ​ပေးပါ့မယ်။ Pay structures ဆိုတာက အလွယ်ပြောရရင် companyတစ်ခုမှာ ဘယ်အလုပ်ကို ဘယ်လောက်လစာပေးမလဲ၊ ဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက် လစာဘယ်လိုကွာခြားမလဲဆိုတာ သတ်မှတ်ထားတဲ့ စနစ် ဖြစ်ပါတယ် ရာထူး၊ အလုပ်တာဝန်၊ အရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်ရည် စတာတွေအပေါ်မူတည်ပြီး လစာအဆင့်တွေ သတ်မှတ်ထားရင် အဲဒါကို Pay Structure လို့ ခေါ်ပါတယ်။ ဝန်ထမ်းကောင်းများကို ထိန်းသိမ်းထားနိုင်ဖို့ ထိရောက်တဲ့ Pay Structure ကို​သေချာဆွဲထားဖို့အလွန်အ​ရေးကြီးပါတယ်။ဒါ​ကြောင့် pay structureဆွဲ​တော့မယ်ဆိုရင် process ၅ခုရှိပါတယ် ဒါ​တွေကို တခုချင်း​ပြောပြ​ပေးပါ့မယ် 1 - Deciding on the number of pay structures ပထမဦးဆုံး လုပ်ငန်း​တွေဟာ မိမိရဲ့ လုပ်ငန်းအ​ပေါ်မှုတည်ပြီး Pay Structure ဘယ်နှမျိုးထားမယ်ဆိုတာကို ဆုံးဖြတ်ရပါမယ် ဒီလို pay structure ဘယ်နှမျိုးထားသင့်တယ်ဆိုတာကို ဘယ်အ​ပေါ်မှုတည်ပြီး ဆုံးဖြတ်ကြလဲဆို​တော့ Exempt & Nonexempt Structure ဆိုတာက OT ခွင့်ပြုချက်အပေါ် မူတည်၍ ခွဲခြားခြင်းဖြစ်တဲ့ ​Exempt Jobs အချိန်ပိုကြေး မရ၊ လစဉ် ပုံသေလစာ​တွေပဲရတဲ့ Branch Manager, Marketing Head, IT Lead​တွေဟာ companyအတွက် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ရသူများ ဖြစ်သဖြင့် OT ကြေး မတွက်ဘဲ လစဉ် သတ်မှတ် လစာပမာဏ Fixed Monthly Salary သာ ရရှိပါမယ်။Nonexempt Jobs ​အချိန်ပိုကြေး ရရှိနိုင်သော ရာထူးများဖြစ်တဲ့ ဆိုင်ကောင်တာ အရောင်းဝန်ထမ်း၊ ဂိုဒေါင် ကုန်ပစ္စည်းစစ်ဆေးသူ၊ ပစ္စည်းပို့ဆောင်သူ​တွေဟာ နာရီအလိုက် သို့မဟုတ် အခြေခံ လစာအပြင် ရုံးချိန်ထက် ပိုလုပ်ရပါက အချိန်ပိုကြေး OTကို ဥပဒေအတိုင်း စနစ်တကျ တွက်ချက် ခစားခွင့်ပြုပါတယ် စသဖြင့် ဒီ၂မျိုးအ​ပေါ်မှုတည်ပြီး pay structure ခွဲခြားကြပါတယ်။ Job Family Based Structure အလုပ်အမျိုးအစားအလိုက် ခွဲခြားခြင်းဖြစ်တဲ့ companyတစ်ခုတည်းမှာပင် ကျွမ်းကျင်မှု ရေချိန် မတူညီသော စေျးကွက် Market Rateများ ရှိသဖြင့် Job Family အလိုက် လစာသတ်မှတ်ချက် ကွဲပြားပါတယ် Tech / IT Family​တွေဖြစ်တဲ့ Software Developer, Systems Admin ​တွေဟာ ပြင်ပ စျေးကွက်တွင် အလုပ်လိုအပ်ချက် အလွန်မြင့်မားသောကြောင့် Basic Level မှာတင် လစာ Scale မြင့်မြင့် စတင်ရသည်။ Sales & Operations Family ဖြစ်တဲ့ Retail Salesperson, Warehouse Assistant ​တွေက​​တော့ Basic Salary ကို စျေးကွက်ပျမ်းမျှထားပြီး Incentive / Commission ဖြင့် ပေါင်းစပ်ဖွဲ့စည်းသည် ဒီလိုနည်းနဲ့ pay structureကိုလည်း ခွဲခြားဆွဲကြပါတယ် တနည်း departmentအလိုက် finance ,sales ,marketing ,HR ,operation ,production စသဖြင့်functionအရ ခွဲဆွဲတာလို့လည်း​ပြောလို့ရပါတယ်။​နောက်တနည်းဖြစ်တဲ့ Geography ဒေသအလိုက် သတ်မှတ်ခြင်းဖြစ်တဲ့ ကုန်ဈေးနှုန်းနှင့် နေထိုင်စရိတ် Cost of living ကွာခြားသော ဒေသ/မြို့များတွင် ရုံးခွဲများရှိပါက ဒေသအလိုက် လစာနှုန်းထား ကွဲပြားအောင် သတ်မှတ်နိုင်ပါတယ် ဥပမာ ရန်ကုန် ရုံးချုပ်ကကုန်ဈေးနှုန်းနှင့် အိမ်ငှားစရိတ် မြင့်မားပြီး မန္တလေး ရုံးခွဲက နေထိုင်စရိတ် အသင့်အတင့်ရှိတာမျိုးအတွက် pay structure ကွားခြားကာ ဆွဲနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်လုပ်ငန်းအတွက် ဘယ်လိုပုံစံအ​ပေါ်အ​ခြေခံပြီး pay structureအမျိုးအစား​တွေဆွဲမလဲဆိုတာမျိုးကို ​ပထမဦးဆုံးသေချာစဥ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒါပြီးရင် ​​နောက် process တစ်ခုဖြစ်တဲ့ 2 - Determining a Market Pay Line ဈေးကွက် လစာမျဉ်းရေးဆွဲခြင်း အဓိကအားဖြင့် Job Evaluation Points​တွေ နဲ့ Annual Salary နှစ်စဉ် လစာ ဘယ်လို ဆက်စပ်နေလဲဆိုတာကို ပုံ(1) နဲ့ ပြသထားပါတယ်။ပုံ(1) Graphမှာဆိုရင် အလျားလိုက် X-axis မှာ Job Evaluation Points ကို ပြထားပြီး၊ ထောင်လိုက် Y-axis မှာ Annual Salary ကို ပြထားခြင်းဖြစ်ပါတယ် အဓိက သဘောတရားကတော့ Job Point မြင့်လေ၊ စျေးကွက် လစာနှုန်းထား Market Pay Line မြင့်လေ ဖြစ်ပါတယ်။ပုံ(1)မှာဆိုရင် Sales man , sales supervisor , Asistance sales manager ,sales manager စတဲ့ Job Evaluation Points​ ​တွေနဲ့ Annual Salary market pay rate​တွေကို ပြထားခြင်းဖြစ်ပါတယ်။ Marketထဲမှာ ရာထူးအလိုက် Point နှင့် လစာ ကွာခြားချက်​​တွေကိုကြည့်ရင် Salesmanဆိုရင်Job Evaluation Point 250 Points နဲ့ Annual Salary $15,000 ရကာ အောက်ခြေ အဆင့်ဖြစ်၍ Point အနည်းဆုံး ရရှိပြီး စေျးကွက် လစာမျဉ်း၏ အနိမ့်ဆုံး စတင်မှတ်တွင် ရှိနေပါတယ်။Sales SupervisorကJob Evaluation Point500 Points နဲ့ Annual Salary $18,000 ရကာ Salesman များကို နီးကပ်စွာ ကြီးကြပ်ရသဖြင့် Point ၅၀၀ သို့ တိုးတက်လာပြီး လစာလည်း မြင့်တက်လာပါတယ်၊Assistant Sales Managerဆိုရင်Job Evaluation Point750 Points နဲ့ Annual Salary $21,000

-----------------

photo content

ဒီလို အဆင့်၃မှာ factor​တွေကို degreeအလိုက် point​တွေ သက်မှတ်ပြီးရင် ​​နောက် အဆင့် ၄ဖြစ်တဲ့ ရာထူးတစ်ခုစီအတွက် Points ပေါင်းထည့်ခြင်း Calculating Job Pointsကို လုပ်ရပါမယ်JD Job Description စာရွက်ကို ကြည့်ပြီး ရာထူးတစ်ခုစီ အံဝင်ဂွင်ကျဖြစ်သည့် Degree Points များကို ပေါင်းစပ်လိုက်ရပါမယ် ဥပမာ Salesman ရာထူး အတွက်ဆိုရင် Skill: Degree 2 = 200 pts Responsibility: Degree 1 = 100 pts Effort: Degree 1 = 25 pts Working Conditions: Degree 2 = 50 pts စုစုပေါင်း Point = 375 Points ရရှိမှာဖြစ်ပြီး Sales Manager ရာထူး အတွက်ဆိုရင် Skill: Degree 4 = 400 pts Responsibility: Degree 4 = 400 pts Effort: Degree 3 = 75 pts Working Conditions: Degree 1 = 25 pts စုစုပေါင်း Point = 900 Points ရမှာဖြစ်ပါတယ် ဒါဆို ဘယ်positionအတွက်က ဘယ်​လောက်point​တွေရှိရမယ်ဆိုတာကို ကြိုတင်သိရှိနိုင်ပြီးဖြစ်ပါတယ် ဒါပြီးရင်​နောက် Salary Survey & Market Research ဖြစ်တဲ့ စျေးကွက် လစာ လေ့လာခြင်းဆိုတဲ့ မိမိတို့ လုပ်ငန်းနယ်ပယ်အတွင်း ပြိုင်ဘက် ကုမ္ပဏီများ ပေးနေသော လစာနှုန်းထားများ၊ သက်ဆိုင်ရာ စျေးကွက် လစာ စံနှုန်း အချက်အလက် Market Salary Data များကို စုဆောင်းထားရပါမယ်။​ နောက်ကိုယ့်လုပ်ငန်းရဲ့ internal အ​ခြေအ​နေ​တွေဖြစ်တဲ့ Compensation Philosophy ​တွေဖြစ်တဲ့ စျေးကွက်နှင့် ယှဉ်လျှင် မည်သည့် ပေါ်လစီ သုံးမည်ကို သေချာ သတ်မှတ်ရပါမယ် Market Lead စျေးကွက် ပျမ်းမျှထက် လစာ ပိုပေးပြီးအတော်ဆုံး ဝန်ထမ်းများ ဆွဲဆောင်ရန် ၊ Market Match စျေးကွက် ပျမ်းမျှအတိုင်း ပေးမည် ၊ Market Lag စျေးကွက် ပျမ်းမျှထက် လျှော့ပေးပြီး အခြား Benefit များဖြင့် အစားထိုးမယ် စသဖြင့် ​သေချာသိထားသင့်ပြီး Budget Constraint ဖြစ်တဲ့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေနှင့် Pay Structure သစ် ပြောင်းလဲရာတွင် ကုန်ကျမည့် စရိတ် Cost of Transitionမည်မျှ အသုံးချနိုင်သည်ကို ဘဏ္ဍာရေးဌာနနှင့် တိုင်ပင်ထားရပါမယ် ​နောက်Legal Requirements အလုပ်သမား ဥပဒေများဖြစ်တဲ့ သက်ဆိုင်ရာ နိုင်ငံ/ဒေသ၏ အနည်းဆုံး အခကြေးငွေ ဥပဒေ Minimum Wage Law၊ အချိန်ပိုကြေး မူဝါဒများ Overtime Regulations နှင့် လူမှုဖူလုံရေး သတ်မှတ်ချက်များကို အပြည့်အဝ နားလည်ထားရမှာ ဖြစ်ပါတယ် ဒါ​တွေပြီးရင် Pay structure ကို ဘယ်လို စပြီး စဥ်းစားပြီး ဆွဲရမယ်ဆိုတာကို Part -2 တွက် ဆက်ပြီး မျှ​ဝေ​ပေးပါ့မယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ Myint Maung Maung Tun #hr