uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 497 підписників, посідаючи 16 044 місце в категорії Новини і ЗМІ та 10 054 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 497 підписників.

За останніми даними від 23 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -266, а за останні 24 години на -1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.24%. Протягом перших 24 годин після публікації контент зазвичай збирає 5.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 279 переглядів. Протягом першої доби публікація в середньому набирає 664 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 24 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 497
Підписники
-124 години
-597 днів
-26630 день
Архів дописів
CIA ၏အံ့မခန်းစွမ်းရည်များ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA အရာရှိဟောင်း ဂျွန်ကရီယာကူးကက CIA သည်ကားကွန်ပျူတာစနစ်များကို hack
CIA ၏အံ့မခန်းစွမ်းရည်များ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA အရာရှိဟောင်း ဂျွန်ကရီယာကူးကက CIA သည်ကားကွန်ပျူတာစနစ်များကို hack လုပ်နိုင်ခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့သဖြင့်CIAကဖန်တီးသောမတော်တဆမှုများ(ကါးမတော်တဆဖြစ်စေသောလုပ်ကြံမှုများ)လည်း နှစ်ပေါင်းများစွာ ဖြစ်ပွါးစေခဲ့သည်ဟုဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အီရန်နိုင်ငံရဲ့ ရေနံ၊ ရေနံဓာတုပစ္စည်းတွေနဲ့ သဘာဝဓာတ်ငွေ့တို့အပေါ် ရက်ပေါင်း ၆၀ ကြာ ပိတ်ဆို့အရေး
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အီရန်နိုင်ငံရဲ့ ရေနံ၊ ရေနံဓာတုပစ္စည်းတွေနဲ့ သဘာဝဓာတ်ငွေ့တို့အပေါ် ရက်ပေါင်း ၆၀ ကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို တရားဝင် ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီကင်းလွတ်ခွင့်ဟာ အခုကစပြီး လာမယ့် ဩဂုတ်လ ၂၁ ရက်နေ့အထိ အာဏာသက်ရောက်မှာ ဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေပြီး နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိတဲ့အထိ သက်တမ်း ထပ်တိုးပေးနိုင်ခြေ ရှိပါတယ်။ NOM

အီရန်နဲ့ တရုတ်နိုင်ငံပိုင် ဆီတင်သင်္ဘော အမြောက်အမြားဟာ အခုအခါမှာ အီရန်နိုင်ငံပြင်ပကို ရေနံတွေ အကြီးအကျယ် တင်ပို့နေကြပြီ ဖြစ်ပ
အီရန်နဲ့ တရုတ်နိုင်ငံပိုင် ဆီတင်သင်္ဘော အမြောက်အမြားဟာ အခုအခါမှာ အီရန်နိုင်ငံပြင်ပကို ရေနံတွေ အကြီးအကျယ် တင်ပို့နေကြပြီ ဖြစ်ပါတယ်။ NOM

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲထားခြင်းအာ
+1
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲထားခြင်းအား လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ဇွန် ၂၂၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်း စေရေးအတွက် မြောက်ပိုင်းခရိုင်၊ မြို့နယ်များတွင် စီမံချက်အစုအဖွဲ့ (၂၄)အဖွဲ့ဖြင့် ရှောင်တခင် အသေး စိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြု ထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ယင်း မသမာမှုဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား  ၃၀၁,၄၃၄ ယူနစ် နစ်နာဆုံးရှုံးခဲ့ရသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် ၁၅၁,၀၁၇,၂၆၀ ကို ဇွန် ၁၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပေးဆောင်စေခဲ့ပြီး မီတာအားချက်ချင်းဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မှော်ဘီမြို့နယ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ် များတွင်လည်း လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို Control Center မှ စောင့်ကြည့်စစ်ဆေး၍ သံသယ ဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့သွားရောက်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ ပြည်သူများ၏ တိကျစွာသတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများအား ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှုများနှင့်ပတ်သက်၍ တိကျစွာသတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကျော်နှင့်
ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကျော်နှင့် စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းဆီးရမိ ဇွန် ၂၂၊ ၂၀၂၆ ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကျော်နှင့် စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအနီးတွင် ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား ၂၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆၂ ဒသမ ၀၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၁ တန်၊ စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့ကို ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား ပျဉ်းမနားမြို့နယ်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ တောင်ငူမြို့၊ ထီးလှိုင်(၁) ရပ်ကွက်နေ အောင်ဇေယျဖြိုး (ခ) ကျော်သူရ (ခ) သူရ (ခ) ကြက်ခေါင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း၊ ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၉ ဦးအား လုပ်ငန်းသု
+4
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၉ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ဇွန် ၂၂၊ ၂၀၂၆

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM ဇွန် ၂၂၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် Wutt Hmone Oo Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြိုးကြာကျေးရွာနေ ဝတ်မှုံဦးအား မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ထုံးဘိုနယ်မြေရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်။ ဇွန် ၂၂၊
+7
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်။ ဇွန် ၂၂၊ ၂၀၂၆

နွားထိုးကြီးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူန
+1
နွားထိုးကြီးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံး NOM ဇွန် ၂၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အတွင်းသို့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချီန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဝင်းခိုင်အေး (၃၇) နှစ်နှင့် မနီလာဝင်း (၂၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အောင်လံမြို့နယ်၊ လက်မြောင်ကျေးရွာနေ ရာအိမ်မှူး ဦးထွန်းထွန်းကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဇွန် ၂၂၊
အောင်လံမြို့နယ်၊ လက်မြောင်ကျေးရွာနေ ရာအိမ်မှူး ဦးထွန်းထွန်းကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဇွန် ၂၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ လက်မြောင်ကျေးရွာနေ ရာအိမ်မှူး ဦးထွန်းထွန်း (၅၂) နှစ်သည် ဇွန် ၂၁ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်၌ လက်မြောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ပြလို့မြင့်ကျေးရွာမှ လက်မြောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ပြန်လာစဉ် လက်မြောင် ကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်း တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်သန်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းသိရသည်။ NOM

PDF အမည်ခံအကြမ်းဖက်သမားများက ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက် ဇွန် ၂၂၊
PDF အမည်ခံအကြမ်းဖက်သမားများက ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက် ဇွန် ၂၂၊၂၀၂၆

ဗြိတိန်ဝန်ကြီးချုပ်နှုတ်ထွက် NOM ဗြိတိန်ဝန်ကြီးချုပ်စတာမာကငိုသံကြီးဖြင့်ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့သည်။

GMP စနစ်နှင့်ကိုက်ညီမှုမရှိသည့် သောက်ရေသန့်စက်ရုံနှစ်ရုံအား ယာယီပိတ်သိမ်း ဇွန် ၂၂၊၂၀၂၆ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာ
GMP စနစ်နှင့်ကိုက်ညီမှုမရှိသည့် သောက်ရေသန့်စက်ရုံနှစ်ရုံအား ယာယီပိတ်သိမ်း ဇွန် ၂၂၊၂၀၂၆ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည်ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ သောက်သုံးရေထုတ်လုပ်သည့် စက်ရုံများယမန်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ရှိဆုလာဘ်သောက်ရေသန့်စက်ရုံ၊ Phyo+ သောက်ရေသန့်စက်ရုံနှင့် Htet+ သောက်ရေသန် ့စက်ရုံ၊ River သောက်ရေသန့်စက်ရုံ၊နွေမိုးဆောင်း သောက်ရေသန့်စက်ရုံနှင့် Omega သောက်ရေသန့်စက်ရုံတို့ အား FDA ထောက်ခံချက် (စ-၂)စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်နှင့် စက်မှုလုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်အညီ သန့်ရှင်းစင်ကြယ်စွာထုတ်လုပ်ခြင်းရှိ/ မရှိ၊ ရေအရည်အသွေး စံသတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိ၊ ဘူးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိတို့ကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှုမရှိသည့် စက်ရုံ နှစ်ရုံအားထုတ်လုပ်/ ဖြန့်ဖြူးရောင်းချခြင်းယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် ဆင်းမ်ကတ်ပေါင်း ၁၄၀,၀၀၀ ကျော် ပိတ်သိမ်း NOM၊ဇွန် ၂၂ ၊၂၀၂၆ မ
မြန်မာနိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် ဆင်းမ်ကတ်ပေါင်း ၁၄၀,၀၀၀ ကျော် ပိတ်သိမ်း NOM၊ဇွန် ၂၂ ၊၂၀၂၆ မြန်မာနိုင်ငံတွင် သံသယဖြစ်ဖွယ် ဆင်းမ်ကတ် စုစု‌ပေါင်း ၁၄၃,၄၀၉ ကတ်ကို ပိတ်သိမ်း လိုက်ကြောင်း သိရသည်။ အဆိုပါ ဆင်းမ်ကတ်များသည်အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ပုံစံတူ မက်ဆေ့ခ်ျ (messages) အမြောက်အမြားကို ပေးပို့နေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မေလအတွင်း အပြီးတိုင် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် လောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် တရားမဝင် ငွေကြေးအကောင့်များကို အသုံးပြုလည်ပတ်နေသော ဆင်းမ်ကတ် ၁,၁၂၀ ကိုလည်း ပိတ်သိမ်းခဲ့ပြီး၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မိုဘိုင်းပိုက်ဆံအိတ် (mobile wallet) အကောင့်ပေါင်း ၁,၀၀၀ ကျော်ကိုလည်းအ ပြီးတိုင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံမှ ပြန်လည်ထွက်ခွာ အဓိကရရှိခဲ့သည့် တိုးတက်မှုမှာ အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းရ
အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံမှ ပြန်လည်ထွက်ခွာ အဓိကရရှိခဲ့သည့် တိုးတက်မှုမှာ အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းရှိ နယ်မြေအချို့မှ ၎င်းတို့၏တပ်ဖွဲ့များကို တစ်စိတ်တစ်ပိုင်း ပြန်လည်ရုပ်သိမ်းပေးရန်နှင့် အဆိုပါနယ်မြေများကို လက်ဘနွန်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ရန် သဘောတူညီခဲ့ရခြင်း ဖြစ်သည်။ NOM

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒသည် တစ်ကမ္ဘာလုံး နိုင်ငံတွေအားလုံး လက်ခံကျင့်သုံး ရမယ့်စနစ်တစ်ခုဟု နိုင်ငံတော်သမ္မတ ပ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒသည် တစ်ကမ္ဘာလုံး နိုင်ငံတွေအားလုံး လက်ခံကျင့်သုံး ရမယ့်စနစ်တစ်ခုဟု နိုင်ငံတော်သမ္မတ ပြောကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် CCTV သတင်းဌာန ထိပ်တန်းသတင်း တင်ဆက်သူ  မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန်လ ၁၇ ရက်က ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားခဲ့သည်။   ထိုသို့ လက်ခံဖြေကြားစဉ် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ (၅) ရပ်ကတော့ ကမ္ဘာမှာ စံထားရတဲ့ မူတစ်ခုဖြစ်ပါတယ်။ မနေ့က သမ္မတကြီး ရှီကျင့်ဖျင်နဲ့လည်း ဒါကို ပြောပြပါတယ်။ ကမ္ဘာမှာ စံထားရ မယ့်ကိစ္စ အားလုံးက လက်ခံတယ်၊ ဒါကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံကလည်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲရေးမူကြီး(၅)ရပ်အပေါ်မှာ ယှဉ်တွဲပြီးလုပ်ရမယ်ဆိုရင် ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ အေးအတူ ပူအမျှ အသိုက်အဝန်း အကျိုးခံစားတဲ့နိုင်ငံဆိုတာ ထာဝရတည်မြဲခိုင်ခံ့မှာ၊ ကျွန်တော်တို့တွေပဲ အဆင်ပြေနေလို့ မရဘူး၊ သားစဉ်မြေးဆက် နှစ်ပေါင်းများစွာအထိ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှု၊ ယုံကြည်စိတ်ချရတဲ့နှစ်နိုင်ငံအဖြစ် ရှိနေရမှာဖြစ်ပါတယ်။ ဒီလိုကျွန်တော်တို့သွားရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံတည်းမဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံး နိုင်ငံတွေအားလုံး လက်ခံကျင့်သုံးရမယ့်စနစ်တစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထာဝရတည်ငြိမ်အေးချမ်းဖိုအတွက် သဘောထားကွဲလွဲမှုတွေမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဆောင်ရွက်သွားရမ
ထာဝရတည်ငြိမ်အေးချမ်းဖိုအတွက် သဘောထားကွဲလွဲမှုတွေမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် CCTV သတင်းဌာန ထိပ်တန်းသတင်း တင်ဆက်သူ  မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန်လ ၁၇ ရက်က ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားခဲ့သည်။   ထိုသို လက်ခံဖြေကြားစဉ် ထာဝရတည်ငြိမ်အေးချမ်းဖိုအတွက် “လူတွေရဲ့ ဆန္ဒမှာ ဖြစ်ချင်တာကို ပြောမယ့်အစား ဖြစ်နိုင်တာကို၊ ဖြစ်သင့်တာကို ပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲမှုတွေ အများကြီးလျော့ကျသွားလိမ့်မယ်။ လူတွေက ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ဖြစ်ချင်တာတွေက မဖြစ်နိုင်ဘူး။ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာပဲ လုပ်လိုရမယ်။ ဒါကြောင့် သဘော ထားကွဲလွဲမှုတွေမှာလည်း ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဆောင်ရွက်သွားမယ်ဆိုရင် ခက်ခက်ခဲခဲ လုပ်စရာ မလိုဘူးလို ကျွန်တော်မြင်တယ်။ ဒီလိုမျိုးစိတ်တော့ ရှိဖိုလိုတယ်။” ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထာဝရတည်ငြိမ်အေးချမ်းဖို ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောကြားချက် တရုတ်ပြည်သ
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထာဝရတည်ငြိမ်အေးချမ်းဖို ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောကြားချက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် CCTV သတင်းဌာန ထိပ်တန်းသတင်း တင်ဆက်သူ  မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန်လ ၁၇ ရက်က ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားခဲ့သည်။   ထိုသို လက်ခံဖြေကြားစဉ် “နိုင်ငံငြိမ်းချမ်းရေးကတော့ သဘောထား ကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ် လာတဲ့အပေါ်မှာအခြေခံတာပါ။ သဘောထားကွဲလွဲမှုတွေကို သဘောထားမကွဲလွဲအောင် လုပ်ဖိုက ကျွန်တော်တို လုပ်ရမှာပါ။ ဘယ်လိုသဘောထားကွဲလွဲတာလဲ။ နိုင်ငံရေးအရ သဘောထားကွဲလွဲ တာလား၊ အုပ်ချုပ်ရေးအရ သဘောထားကွဲလွဲတာလား ဒါမှမဟုတ် ယဉ်ကျေးမှုအရ သဘောထား ကွဲလွဲတာလား၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲတာလား၊ ဒါတွေကို သဘောထား ကွဲလွဲမှုတွေ မရှိအောင် ရအောင်အကောင်အထည်ဖော်ရမှာပါ။ ဒါကို တရားဥပဒေနဲ့ အညီသွားရမှာပါ။ ကျွန်တော်တိုက ငြိမ်းချမ်းတဲ့ခေတ် ဒီမိုကရေစီခေတ်ရောက်နေတယ်ဆိုတဲ့အတွက်ကြောင့် အားလုံး က ညှိနှိင်းဆွေးနွေးပြီးတော့သွားမှာပါ။ သိုသော်လည်းပဲ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဥပဒေတွေနဲ့အညီပဲ ကျွန်တော်တိုက သွားရမှာပါ။ ဘယ်နိုင်ငံကမှ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်လိုမရပါဘူး။ No one above the law ဆိုပြီးတော့ ရှိပါတယ်။ ဥပဒေအထက် မှာ ဘယ်သူမှသွားလုပ်လိုမရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်း ပြင်ဆင်မှုတွေ ကျွန်တော် တိုလုပ်ရမှာပါ၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို လုပ်ဖိုရည်ရွယ်ထားပါတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကလည်း မလွဲမသွေရမယ်လို ယုံကြည်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံ ဇွန် ၂၂၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ ဘင်းမ်စတက်အဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စတင်ဖွဲ့စည်းသည့် နှစ်မှ စ၍ နှစ် ၃၀ ပြည့်နှစ်တွင် အတွင်းရေးမှူးချုပ်တာဝန်အား လွှဲပြောင်းရယူထမ်းဆောင်ရမည်၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်ချိန်၌ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမည်။

အနာဂတ် အရှေ့တောင်အာရှလူငယ်နိုင်ငံရေးခေါင်းဆောင်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ခေါင်းဆောင် (၅)ဦး တရု
အနာဂတ် အရှေ့တောင်အာရှလူငယ်နိုင်ငံရေးခေါင်းဆောင်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ခေါင်းဆောင် (၅)ဦး တရုတ်နိုင်ငံသို့ထွက်ခွာ NOM၊ဇွန်၂၂၊၂၀၂၆ တရုတ်ကွန်မြူနစ် ပါတီ၏ဖိတ်ကြားချက်အရ အနာဂတ် အရှေ့တောင်အာရှလူငယ် နိုင်ငံရေးခေါင်းဆောင်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဥက္ကာလွင်ဦးဆောင်သော လူငယ်ကိုယ်စားလှယ် (၅)ဦးသည် ယနေ့ ဇွန်၂၂ရက်နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွားကြောင်းသိရသည်။ အဆိုပါအနာဂတ် အရှေ့တောင်အာရှလူငယ်နိုင်ငံရေးခေါင်းဆောင် အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁၂)ခေါင်းစဉ်ဖြင့် လေ့လာရေးခရီး စဉ်အား ဇွန်လ( ၂၂) ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ လူငယ်ခေါင်းဆောင် (၅)ဦး ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ဌာနမှူး ဦးနိုင်ဝင်း၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဦးနေဝင်းအောင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီကော်မတီဝင် ဒေါ်အိအိလှိုင် ဦးဆောင်သော အဖွဲ့မှ လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။