ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 528 مشتركاً، محتلاً المرتبة 16 077 في فئة الأخبار والوسائط والمرتبة 10 075 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 528 مشتركاً.

بحسب آخر البيانات بتاريخ 18 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -276، وفي آخر 24 ساعة بمقدار -19، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.29‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 9.34‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 913 مشاهدة. وخلال اليوم الأول يجمع عادةً 1 171 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 16.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 19 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 528
المشتركون
-1924 ساعات
-637 أيام
-27630 أيام
أرشيف المشاركات
ညောင်တုန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ NOM၊ဇွန်၁၈၊၂၀၂၆ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန
ညောင်တုန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ NOM၊ဇွန်၁၈၊၂၀၂၆ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဆားမလောက်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာအနီးတွင် ယမန်နေ့(ဇွန် ၁၇ ရက်) ည ၇ နာရီ ၂၀ မိနစ်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးကါတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာပုသိမ်ဘက်မှရန်ကုန်ဘက်သို့ ယာဉ်ပေါ်ပါ ၅ဦးဖြင့်မောင်းနှင်လာသော Passo Taxiသည် ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဆားမလောက်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာအနီးမိုင်တိုင်အမှတ် (၂၉/၀) နှင့် (၂၉/၁) ကြားတွင်ရပ်ထားသည့်၁၂ဘီးကားကို နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့်ညောင်တုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ခုနှစ် ဦး ထပ်မံဖော်ထုတ
+1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ခုနှစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ ဇွန် ၁၇၊ ၂၀၂၆ NOM

ကလေးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူးကို PDF အကြမ်းဖက်အဖွဲ့က လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွား NOM ဇွန် ၁၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးအား ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များကဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇွန်လ ၁၄ ရက်နေ့တွင် ကလေးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး (စီမံ) ဖြစ်သူ ဦးဝုန်ခန့်နန်း (၄၅) နှစ်သည် ချင်းပြည်နယ်၊ တီးတိန်မြို့မှ ကလေးမြို့သို့ဟားခါး-ကလေးလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်ပြန်လာစဉ် ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနှင့် ပျဉ်းခုံကြီးကျေးရွာကြားအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က မော်တော်ယာဉ်အားတားဆီးကာ ၎င်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကမ္မ-မြိုင်သွား ကားလမ်းမပေါ်၌ PDF အကြမ်းဖက်သေ
+2
လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကမ္မ-မြိုင်သွား ကားလမ်းမပေါ်၌ PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံးအား ထပ်မံဖယ်ရှားရှင်းလင်းနိုင်ခဲ့ ဇွန် ၁၇၊ ၂၀၂၆

ဘီလာရုစ်ကလေးငယ်များ ယူကရိန်း၏ တိုက်ခိုက်မှုခံရပြီးနောက် ဘီလာရုစ်နိုင်ငံက ပြစ်မှုဆိုင်ရာအမှုဖွင့် လှုပ်ရှား ၂၀၂၆ ခုနှစ် ဇွန်လ
ဘီလာရုစ်ကလေးငယ်များ ယူကရိန်း၏ တိုက်ခိုက်မှုခံရပြီးနောက် ဘီလာရုစ်နိုင်ငံက ပြစ်မှုဆိုင်ရာအမှုဖွင့် လှုပ်ရှား ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံ၊ ဘရိုင်ယန့်စ်ဒေသ (Bryansk Oblast) အတွင်း မောင်းနှင်နေသည့် ဘီလာရုစ်ကလေးများ အားကစားအဖွဲ့လိုက်ပါလာသော ဘတ်စ်ကားတစ်စီးကို ယူကရိန်းကဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ကလေးများကို လိုက်ပါစောင့်ရှောက်သည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၇ ဦး ဆေးရုံတင်ထားရပြီး ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်းသိရသည်။ NOM

ယူကရိန်းငြိမ်းချမ်းရေးအတွက် ဗလာဒီမာ ပူတင်နှင့် 'လျှို့ဝှက် ဆက်သွယ်ရေးလမ်းကြောင်း' တစ်ခု တည်ဆောက်ရန် ဥရောပကောင်စီဥက္ကဋ္ဌ ကော်စ
ယူကရိန်းငြိမ်းချမ်းရေးအတွက် ဗလာဒီမာ ပူတင်နှင့် 'လျှို့ဝှက် ဆက်သွယ်ရေးလမ်းကြောင်း' တစ်ခု တည်ဆောက်ရန် ဥရောပကောင်စီဥက္ကဋ္ဌ ကော်စတာက ကရင်မလင်နှင့် ဆက်သွယ်ခဲ့ကြောင်း Bloomberg သတင်းဌာန ဖော်ပြ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပါဝင်လာစေရန် ဆွဲဆောင်နိုင်ရေးအတွက် ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ (Antonio Costa) သည် ရုရှားအဆင့်မြင့်အရာရှိကြီးများနှင့် အဆက်အသွယ် ပြုလုပ်နေကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်က လာရောက်ဂါရဝပြုတွေ့ဆုံ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်က လာရောက်ဂါရဝပြုတွေ့ဆုံ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်(Gong Zheng)က  ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace Hotel ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုး တက်မှု အခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအ
+5
ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုး တက်မှု အခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝ လှုပ်ရှားသွားလာနေမှု များအား ကြည့်ရှုလေ့လာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ သည် ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်း တစ်လျှောက်၌ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝ လှုပ်ရှားသွားလာနေမှု များအား ကြည့်ရှုလေ့လာကြည့်ရှုခဲ့ကြသည်။

မအူပင်ရေနံမြေ၌တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ ၈ သန်းကျော် ထွက်ရှိ NOM၊ဇွန်၁၇၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ရေနံမြေ၌သဘာဝဓာတ်ငွေ့များထုတ်ယူရာတွင် တစ်နေ့ကို ကုဗပေ ၈ ဒသမ ၂ သန်းခန့် ထုတ်ယူရရှိနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှသိရသည်။ အဆိုပါမအူပင်ရေနံမြေ၌ပါးလွှာသဲကြောများ တိုးချဲ့သေနတ်ဖောက်သည့်လုပ်ငန်းကို တွင်းအမှတ်(၁၈)၊ (၂၀)၊ (၁၆)နဲ့ (၁၄)တို့၌ဆောင်ရွက်ခဲ့ပြီး ယင်းတွင်းများမှတစ်နေ့လျှင်သဘာဝဓာတ်ငွေ့ ကုဗပေ ၆ ဒသမ ၈ သန်းခန့် ထုတ် ယူရရှိခဲ့ပြီး ယင်းသဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် အရောင်းဆိုင်များသို့ပေးပို့ဖြန့်ဖြူးပေးနေ‌ ကြောင်းသိရသည်။ ဇွန်လ ၁၂ ရက်က တွင်းအမှတ်(၂၂)ရှိ သဲကြောကို တိုးချဲ့သေနတ်ဖောက်ခဲ့ရာမှတစ်နေ့လျှင်သဘာဝဓာတ် ငွေ့ ကုဗပေ ၁ ဒသမ ၄ သန်းခန့် ထုတ်ယူရရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဓာတ်မြေဩဇာစက်ရုံများ၊ အခြားစက်ရုံများ၊ အလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် အရောင်းဆိုင် များကို ပေးပို့ဖြန့်ဖြူးနိုင်ရန်စီမံဆောင်ရွက်နေ‌ ကြောင်းသိရသည်။ ယင်းမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့်မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများကို မအူပင်(တောင်)ဒေသ၊စက္ကော့ဒေသများတွင်ဆောင်ရွက်နေပြီး မအူပင်၊ ညောင်တုန်း၊အဖျောက်ရေနံမြေများတွင်ပါးလွှာသဲကြောများကို သုတေသနပြု တိုးချဲ့သေနတ်ဖောက်ခြင်းများဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြိုရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ တရုတ်နိုင်ငံသို နိုင်ငံတော
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြိုရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြိုသို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို ရောက်ရှိခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြိ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာ၊ ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ
+3
တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဖောက်စမ်းသပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။

မိုင်းရယ်မြို့နယ်တွင်လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ NOM၊ဇွန်၁၇၊၂၀၂၆ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊
မိုင်းရယ်မြို့နယ်တွင်လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ NOM၊ဇွန်၁၇၊၂၀၂၆ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ ရပ်ကွက် (၃)၊ နယ်မြေ (၃)၊ ဗျုဟာလမ်းသွယ် (၂) တွင်ယနေ့ဇွန်၁၇ရက် နံနက်၃နာရီ၈မိနစ်တွင်လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်ဟု မိုင်းရယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှာတာဝန်ရှိသူ တစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မိုင်းရယ်မြို့နယ်၊ ရပ်ကွက် (၃)၊ နယ်မြေ (၃)၊ ဗျုဟာလမ်းသွယ် (၂) တွင်နေထိုင်သည့်အိမ်ရှင် ဦးဆိုင်ကီး အသက်(၇၂နှစ်) စိတ်ကျန်းမာ​ရေးမ​ကောင်းသူသည်အောက်ခံအထပ်သားပြားပေါ်၌ ဖ​ယောင်းတိုင်ထွန်း၍အိပ်​​ပျော်​နေစဥ်​အောက်ခံအထပ်သားပြားမီးစွဲ​လောင်၍​အခင်း​ကော်​ဇောများ​လောင်ကျွမ်းပြီး​နေအိမ်အားကူးစက်​လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းရယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၃နာရီ ၄၅ မိနစ်တွင်မီးငြိမ်းခဲ့ပြီး သေဆုံးသူအမျိုးသားအား ဟိတဓရနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

photo content

ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတွင်ယာဉ်တိုက် မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ NOM၊ဇွန်၁၇၊၂၀၂၆ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဥဿ(၈)ရပ်ကွက်၊ ရန်ကုန်- မန္တလေးအမြန်လမ်းဟောင်းတွင် ယနေ့(ဇွန်၁၇ရက်)နံနက်၂နာရီ၄၀မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ မှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ ပဲခူးမြို့သို့ ယာဉ်မောင်း ဦးကျော်ထူး (၃၃)နှစ်၊ မောင်းနှင်လာသော Hilux အဖြူရောင်ယာဉ်မှာ လမ်းဘေး တွင်ရပ်နားထားသော ယာဉ်မောင်း ဦးမောင်လှိုင် (၄၁)နှစ်၊ မောင်းနှင်ပြီးယာဉ်ပေါ်တွင် မောင်စိုးနိုင်၊ (၁၉)နှစ်၊ လိုက်ပါသည့် Hino Ranger အဖြူရောင်(၆)ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်တိုက်ခဲ့ ခြင်းဖြစ်သည်။ " Hilux အဖြူရောင်ယာဥ်မောင်း ဦးကျော်ထူးက နေရာမှာဘဲသေဆုံးသွားခဲ့ပါတယ် ၆ဘီးယာဉ် ယာဉ်နောက်လိုက်မောင်စိုးနိုင် ကတော့ ဦးခေါင်းကွဲ၊ ညာဖက်လက်ကျိုး ဒဏ်ရာရရှိခဲ့လို နာဂဝန်ပရဟိတ အသင်းယာဉ်နဲ့ ပဲခူးမြို့နယ်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်"ဟု ပဲခူးမြို့နယ်မီးသတ်စခန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ပဲခူးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်ခေါင်းခန်း အတွင်းညပ်နေသည့် သေဆုံးလူနာအား နံနက်၂ နာရီ ၅၀မိနစ် တွင် ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။

မြန်မာ-တရုတ် ခေါင်းဆောင်များဆွေးနွေးပွဲမှ BRI၊ AI နှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူ တရုတ်ပြည်သူ
+5
မြန်မာ-တရုတ် ခေါင်းဆောင်များဆွေးနွေးပွဲမှ BRI၊ AI နှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တိုသည် ဇွန်လ ၁၆ ရက်က ပေကျင်းမြိုရှိ Great Hall of the People တွင် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရန် သဘောတူညီခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ယခင်သဘောတူညီထားသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေးအတွက် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် ဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အားပေးကူညီသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပေကျင်းမှ ရှန်ဟိုင်းသို G23 အမြန်ရထားဖြင့် ထွက်ခွာ တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် ပေကျင်းမှ ရှန်ဟိုင်းသို G23 အမြန်ရထားဖြင့် ထွက်ခွာ   တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြိုရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြိုရှိ Hongqiao Railway Station သို G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။   နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံသို့ ပေးလျော်ရမည့် ဒေါ်လာဘီလီယံ ၃၀၀ ရှိ လျော်ကြေးငွေများအနက် ထက်ဝက်ကျော်အတွက် ရန်ပုံငွေကို သတ်မှတ်လျာထားပြီးဖြစ်က
အီရန်နိုင်ငံသို့ ပေးလျော်ရမည့် ဒေါ်လာဘီလီယံ ၃၀၀ ရှိ လျော်ကြေးငွေများအနက် ထက်ဝက်ကျော်အတွက် ရန်ပုံငွေကို သတ်မှတ်လျာထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေး
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်က ပေကျင်းမြိုရှိ China Railway Construction Corporation Limited (CRCC) သို သွားရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပိုဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေး နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

ဟော်မုဇ်ရေလက်ကြားကို အီရန်နိုင်ငံအား 'စီမံခန့်ခွဲခွင့်' ပြုမယ့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားကြောင်း New York Post သတ
ဟော်မုဇ်ရေလက်ကြားကို အီရန်နိုင်ငံအား 'စီမံခန့်ခွဲခွင့်' ပြုမယ့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားကြောင်း New York Post သတင်းစာက အတည်ပြုလိုက်ပါတယ်။ NOM