ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 943 名订阅者,在 新闻与媒体 类别中位列第 16 366,并在 缅甸 地区排名第 10 286

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 11 943 名订阅者。

根据 02 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -253,过去 24 小时变化为 -10,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.94%。内容发布后 24 小时内通常能获得 5.38% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 829 次浏览,首日通常累积 642 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 13

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 03 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 943
订阅者
-1024 小时
-707 天
-25330 天
帖子存档
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှူဖြစ် NOM၊စက်တင်ဘာ၁၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှူဖြစ် NOM၊စက်တင်ဘာ၁၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စက်တင်ဘာ၁ရက်နံနက်၅နာရီ၅၅မီနစ်ကယာဉ်နှစ်စီးတိုက်မှူဖြစ်ပွားခဲ့‌ေကြာင်းမြို့နယ်မီးသတ်စခန်းမှသိရသည်။ ဖြစ်စဉ်မှာရန်ကုန်မှ မန္တလေးသို့မောင်းနှင် လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ခဲ့သည်။ အဆိုပါမီးလောင်ရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ ငြှိမ်းသတ်ခဲ့ပြီးလူထိခိုက်မှု မရှိ‌ ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာ

နီပေါတွင်နိုင်ငံခြားသား၆၀၀နီးပါးပျောက်ဆုံးဆဲ NOM နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ နိုင်ငံသား ၅၉၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသား ၃၂၃ ဦးကို ယခုအချိန်အထိ ကယ်တင်နိုင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ ဩဂုတ် ၃၁၊ ၂၀၂၆

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ
+1
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့်  ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံး ဩဂုတ်၃၁၊၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ( ၃ / ၂၀၂၆ )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ( ၃ / ၂၀၂၆ )

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
+1
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် ကြေညာချက်အမှတ် ( ၂ /၂၀၂၆ )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် ကြေညာချက်အမှတ် ( ၂ /၂၀၂၆ )

ရထားပြေးဆွဲမှု ယာယီရပ်နား ခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် ရထားခရီးစဉ်အား လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေး
ရထားပြေးဆွဲမှု ယာယီရပ်နား ခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် ရထားခရီးစဉ်အား လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် NOM၊ဩဂုတ် ၃၁၊၂၀၂၆ နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နှစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့်  ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် ရထားခရီးစဉ်အား လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းပြီး ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအတွင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရ NOM၊ဩဂုတ်၃၁၊၂၀၂၆ ရန်ကုန်-မန္
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရ NOM၊ဩဂုတ်၃၁၊၂၀၂၆ ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ သြဂုတ် ၃၁ ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျဝတီမြို့နှင့် ညောင်ခြေထောက်မြို့အနီးရေကျော်မှုဖြစ်ပေါ်ခဲ့ပြီး DEMU ရထားတစ်စီး ခေတ္တရပ်နားခဲ့ရ‌ ကြောင်းမြန်မာ့မီးရထားမှ သိရသည်။ ယင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရပြီး ယနေ့ညနေ ၅ နာရီကျော်တွင် ပြန်လည်ထွက်ခွာခဲ့ရသည်။ အလားတူ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရေကျော်လွန်ခဲ့ပြီး သတိထားမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ခဲ့သည်။

ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင
+6
ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ NOM ဩဂုတ် ၃၁၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကအများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ သင်္ဘောဆိပ် အနီးသို့ ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာ၌ အလုပ်လုပ်ကိုင်နေကြ သော အမှတ် (၂) ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးနွေဦးကိုကို (၃၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မလပြည့်ဝန်း (၁၈) နှစ်၊ ကိုဂျွန်ကိုဇော် (၂၁) နှစ်နှင့် အမှတ် (၄) ရပ်ကွက်နေသူများဖြစ်ကြသည့် ကိုအောင်ပြည့်စုံ (၂၁) နှစ်၊ ကိုလှိုင်ဝင်းအောင် (၂၂) နှစ်၊ ဦးနေလင်းထွန်း (၃၀) နှစ်၊ ဦးမြင့်ဆွေ (ခ) အောင်ကြီး (၄၂) နှစ်တို့ခြောက်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္က
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် NOM၊ဩဂုတ်၃၁၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထား ထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျကြောင်း ပြောကြားသည်။

လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုပိတ်သိမ်း ရေဘေးသင့်ခဲ့သူများ ၎င်းတို့၏နေအိမ်များတွင်ပြန်လ
လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုပိတ်သိမ်း ရေဘေးသင့်ခဲ့သူများ ၎င်းတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ကြ NOM၊ဩဂုတ်၃၁၊၂၀၂၆ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်းလာသဖြင့် သြဂုတ် ၃၀ ရက်နံနက်ပိုင်းက ကညင်သောင်အုပ်စု၊ နဂျီကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကြီးဘုန်းတော်ကြီးကျောင်းတို့တွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုမှ ရေဘေးသင့်ခဲ့သူ(၁၃၄)ဦးသည် ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များသို့ ယနေ့နံနက် ၌သူတို့အိမ်များသို့ပြန်လည်ပြောင်းရွှေ့သွားသည်။ ရေများပြန်လည်ကျဆင်းသွားသည့် အမှတ်(၅) ရပ်ကွက်ရှိအ.မ.က( မြစ်ကျိုး) ကျောင်းအား ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက နုန်းနှင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် ရေဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်ရေစီးရေလာကောင်းမွန်ရေးတို့ကိုပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ယူကရိန်းမြို့တော်ရှိခဲယမ်းဂိုဒေါင်တိုက်ခိုက်ခံရ NOM ယူကရိန်းမြို့တော်ကိယက်ဗ်အနီးရှိ ခဲယမ်းဂိုဒေါင်သည် ရုရှား၏တိုက်ခိုက်မှုကြောင့်ပေါက်ကွဲမှုများဖြစ်ပွါးခဲ့ကါလူနေရပ်ကွက်တစ်ခုတွင် တည်ရှိကြောင်း ယူကရိန်းသမ္မတလင်စကီးက ဝန်ခံလိုက်သည်။ ဘူချာခရိုင်ရှိ ခဲယမ်းဂိုဒေါင်ကို တိုက်ခိုက်မှုအပြီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်ဒေသ၊ မီလာရွာရှိ Fire Point ပိုင် ကျည်ဆန်ဂိုဒေါင်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ဇူလိုင်လတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းက အထပ်မြင့်လူနေအဆောက်အအုံများအနီးတွင် ထားရှိခဲ့သော ဒီနီပရိုပီထရော့ဗ်ဒေသရှိ ခဲယမ်းဂိုဒေါင်တစ်ခုကို တိုက်ခိုက်ခဲ့သည်။ အလားတူဖြစ်ရပ်တစ်ခုသည် ကိယက်ဗ်အနီးရှိ ဗစ်ရှ်နီဗိုယီတွင် လည်းဖြစ်ပွားခဲ့သည်။

အမေရိကန်နှင့်အီရန်အပြန်အလှန်စတင်ပစ်ခတ် NOM ယမန်နေ့ညကအီရန်ပိုင်လာရက်ကျွန်းကိုအမေရိကန်ကတိုက်ခိုက်သဖြင့်အီရန်စစ်သားနှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသည်။အီရန်ကဂျော်ဒန်ရှိအမေရိကန်စစ်စခန်းများကိုဒုံးကျည်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည်။

အချုပ်အားဖြင့်ဆိုရသော် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် တွန်းဇံမြို့နယ် မြန်မာ့စီးပွား ရေးဘဏ်ခွဲများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းက ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပြသ ရာရောက်သည့်အပြင် ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှ ဒေသခံပြည်သူတို့၏ စီးပွားရေးနှင့် လူမှု ဘဝ ပြန်လည်စတင်နိုင်ရေးအတွက် ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းတစ်ရပ်လည်း ဖြစ်ပါသည်။ အစိုးရ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးမဏ္ဍိုင် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည် ဖလမ်းဒေသ နှင့် တွန်းဇံဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု များကို နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်မှ သစ္စာရှိစွာဖြင့်၊ တာဝန်သိစွာဖြင့် အကောင်းဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအတွက် ငွေကြေးကဏ္ဍ၏အရေးပါမှု ဒေသတစ်ခု၏ စီးပွားရေးနှင့် လူမှုဘဝပြန်လည်ဦးမော့လာစေရန်အတွက် ခိုင်မာသည့်ငွေကြေးနှင့် ဘဏ်လုပ်ငန်းစနစ်သည် မရှိမဖြစ်လိုအပ်သည့် အဓိကမောင်းနှင်အားဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် ဒေသတွင်းပဋိပက္ခအခြေအနေများကြောင့် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ဝန်ဆောင်မှုများယာယီပိတ်သိမ်းခဲ့ရသော်လည်း ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းစဉ်များကို အောင်မြင်စွာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့အတူ ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဒေသတွင်းပဋိပက္ခအခြေအနေများ ကြောင့် တွန်းဇံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ဝန်ဆောင်မှုများ ယာယီပိတ်သိမ်းခဲ့ရသော်လည်း ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ ၂၀၂၆ ခုနှစ် သြဂုတ် လ ၃ ရက်နေ့တွင် ဘဏ်လုပ်ငန်းစဉ်များကို ဆက်လက်အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၁။      ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရန် လိုအပ်ချက်များ ဘဏ်ခွဲတစ်ခု ပြန်လည်စတင်လည်ပတ်ရာတွင် အစိုးရနှင့် ဘဏ်လုပ်ငန်းတွင် တာဝန်ရှိသူများအနေ ဖြင့် အောက်ပါ အဓိကလိုအပ်ချက်များကို အဆင့်လိုက်ပြင်ဆင်ဆောင်ရွက်ရပါသည် - လုံခြုံရေးနှင့် တည်ငြိမ်ရေးအာမခံချက်ရှိခြင်း။ ဘဏ်ဝန်ထမ်းများ၊ ရုံးအဆောက်အအုံနှင့် ဘဏ် လာရောက်အသုံးပြုသူ ပြည်သူများ၏ အသက်အန္တရာယ်နှင့် ငွေကြေးလုံခြုံရေးအတွက် လုံခြုံရေး ဆိုင်ရာအစီအမံများကို ဦးစွာစနစ်တကျပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံနှင့် နည်းပညာပြန်လည်ဆန်းသစ်ခြင်း။ ဘဏ်အဆောက်အအုံနှင့် ငွေတိုက် ပျက်စီးမှုများကိုပြုပြင်ခြင်း၊ ကွန်ပျူတာစနစ်များ၊ ဆက်သွယ်ရေးကွန်ရက်များ (Data& Communi-cation Networks) နှင့် ဘဏ်ခွဲ၏ စာရင်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ပုံမှန်လည်ပတ်နိုင်ရန် ပြန်လည်ထူထောင်ခြင်းနှင့် တပ်ဆင်ခြင်း၊ စာရင်းဇယားနှင့် ငွေကြေးလက်ကျန်မှန်ကန်ကြောင်း စိစစ်ခြင်း၊ ဘဏ္ဍာငွေဖြည့်တင်းခြင်း။ ပိတ်သိမ်းထားသည့်ကာလအတွင်းမှ ဘဏ်ခွဲရှိ စာရင်းဇယားများ၊ ပြည်သူများ၏ အပ်နှံငွေနှင့် ချေးငွေစာရင်းများကို စာရင်းစစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး ဘဏ်ငွေကြေးလက်ကျန်ကို မှန်ကန်စွာပြုစု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ဘဏ္ဍာငွေများကို စနစ်တကျပြန်လည် ဖြည့်တင်းပြီး ဘဏ်လုပ်ငန်းများ စတင်ခြင်း၊ ဝန်ထမ်းအင်အား ပြန်လည်ဖြည့်ဆည်းခြင်း။ ဒေသတွင်း ပြည်သူလူထုထံ ထိရောက်သည့် ဘဏ် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အဆင့်မီသော ဘဏ်ဝန်ထမ်းအင်အားကို စနစ်တကျပြန်လည် နေရာချထားခြင်းနှင့် လိုအပ်သော ဘဏ်ဝန်ထမ်းများကို ခန့်အပ်ခြင်း။ ၂။      ဖလမ်းနှင့် တွန်းဇံဒေသများ ဖွံ့ဖြိုးရေးတွင် မြန်မာ့စီးပွားရေးဘဏ်၏ အဓိက အခန်းကဏ္ဍ မြန်မာ့စီးပွားရေးဘဏ်သည် ဖလမ်းဒေသနှင့် တွန်းဇံဒေသများ၏ စီးပွားရေးလည်ပတ်မှုနှင့် မြို့ပြ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အောက်ပါအဓိကကဏ္ဍများမှ အရေးပါစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါသည် - အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ ထိရောက်စွာဆောင်ရွက်ပေးခြင်း။ ဒေသတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်ဖွံ့ဖြိုးရေးအသုံးစရိတ်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို အချိန်မှန် ထုတ်ပေးနိုင်သည့်အပြင်၊ ဒေသတွင်း ပြန်လည်တည်ဆောက်ရေး အသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲပေးသည့် အဓိကဘဏ္ဍာရေးမဏ္ဍိုင်အဖြစ် ဆောင်ရွက်ပေးခြင်း၊ ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေး ဦးမော့လာစေခြင်း။ ဒေသခံကုန်သည်များ၊ တောင်သူလယ်သမား များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် ငွေလွှဲ၊ ငွေထုတ်၊ အပ်နှံငွေနှင့် ချေးငွေဝန်ဆောင်မှုများကို စိတ်ချယုံကြည်ရသော နိုင်ငံတော်ပိုင် ဘဏ်စနစ်တစ်ခုအောက်မှ စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်ရန် ကူညီပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ထောက်ပံ့ခြင်း။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ကူးသန်း ရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုးမှုများကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊ ပြည်သူများ၏ ငွေကြေးလုံခြုံမှုကို အာမခံနိုင်ခြင်း။ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲများကို တစ်ဘဏ်ပြီးတစ်ဘဏ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ ချွေးနှဲစာဖြင့် ရှာဖွေသိမ်းဆည်းထားရှိသည့် ငွေကြေးများကို လုံခြုံစိတ်ချစွာ စုဆောင်းနိုင်စွမ်း ပြန်လည်ရရှိလာခြင်းနှင့် ပြည်သူများက ငွေကြေးများကို လွယ်ကူစွာ လွှဲပြောင်းနိုင်မှုတို့သည် တန်ဖိုးတစ်ခုထက်ပိုမိုသော အဆိုပါဒေသ၏ ဂုဏ်ဒြပ်တစ်ခုပင် ဖြစ်ပါသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း သင်းဒေါက် (Tindouf) ပြည်နယ်တွင် အခြေစိုက်သော ပိုလီဆာရီယိုတပ်ဦးသည် ဂျီဘရော့တာရေလက်ကြားမှ ကီလိုမီတာ ၁,၀၀၀ ခန့်သာ ကွာဝေးတော့သည်။ ရေလက်ကြားကို ရေတပ်ဖြင့် အပြည့်အဝ ပိတ်ဆို့ထားရန် မလိုအပ်ပါ။ ကုန်သင်္ဘောတစ်စီးကို ဒရုန်းဖြင့် တစ်ကြိမ်မျှ တိုက်ခိုက်လိုက်ရုံဖြင့် ကုန်စည်ဖြတ်သန်းမှုများကို ဟန့်တားသွားနိုင်ပြီး ထိုလမ်းကြောင်းကို အသုံးပြုရန် အန္တရာယ်များလွန်းသွားအောင် ပြုလုပ်ခြင်းဖြင့် လမ်းကြောင်းကို ထိရောက်စွာ "ပိတ်ဆို့" လိုက်သကဲ့သို့ ဖြစ်သွားစေမည်။ အီရန်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပုံဖော်ကြည့်နိုင်သည်ထက်ပင် ပိုမိုများပြားသော ဝှက်ဖဲများ ရှိနေနိုင်သည်မှာ ထင်ရှားနေပေသည်။ NOM

ဂျီဘရော့တာ (Gibraltar) - နေတိုး NATO စီးပွားရေးစနစ်များကို ပိတ်ဆို့ဒုက္ခပေးနိုင်သည့် အခြားသော အဓိကရေလက်ကြားတစ်ခုပေါ်တွင် အီရန်၌ ဝှက်ဖဲတစ်ခု ရှိနေနိုင်သည် အီရန်သည် ဟော်မုဇ်ရေလက်ကြား နှင့် ဘက်ဘ်အယ်လ်မန်ဒက်ဘ်ရေလက်ကြား (Bab el-Mandeb Strait) တို့ပေါ်တွင် မိမိ၏ ဩဇာလွှမ်းမိုးနိုင်မှု စွမ်းအားကို သက်သေပြခဲ့ပြီးဖြစ်သည်။ သို့သော် ပိုမိုမဟာဗျူဟာကျသည့် အခြားသော ရေကြောင်းလမ်းကြောင်းများအထိရော အီရန်၏ လက်တံ လက်လှမ်းမီနိုင်မည်လော။ လူအများ မေ့လျော့နေကြမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်ဗိုလ်ချုပ်ကြီး တပ်မှူး မိုဟာမက် ရေဇာ နာဒီ (Mohammad Reza Naqdi) က ဂါဇာဒေသတွင် အစ္စရေး၏ စစ်ပွဲကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ကူညီပံ့ပိုးပေးနေမှုအား တုံ့ပြန်သည့်အနေဖြင့် မြေထဲပင်လယ်၊ ဂျီဘရော့တာရေလက်ကြား (Strait of Gibraltar) နှင့် အခြားသော မဟာဗျူဟာမြောက် ရေကြောင်းလမ်းကြောင်းများ ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့ဖူးသည်။ မည်သို့မည်ပုံ ပိတ်ဆို့မည်ဆိုသည်ကိုမူ ၎င်းက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ နာဒီ၏ ထုတ်ပြန်ချက်သည် သတင်းခေါင်းစဉ်များတွင် လူပြောများခဲ့သော်လည်း ထိုစဉ်က လူအများက ဂျီဘရော့တာကဲ့သို့ ဝေးကွာသော နေရာအထိ အီရန်၏ စစ်ရေးစွမ်းပကား ဖြန့်ကျက်နိုင်မှုအပေါ် သံသယရှိခဲ့ကြသည်။ ဂျီဘရော့တာ ရေလက်ကြား ယင်းသည် မြေထဲပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် အတ္တလန္တိတ်သမုဒ္ဒရာ၏ တစ်ခုတည်းသော တံခါးပေါက်ဖြစ်ပြီး ဥရောပနှင့် အာဖရိကတိုက်တို့ကို ပိုင်းခြားထားသည်။ အလျား ၅၈ ကီလိုမီတာခန့် ရှည်လျားပြီး အကျဉ်းမြောင်းဆုံးနေရာတွင် ၁၄ ကီလိုမီတာမျှသာ ကျယ်ဝန်းကာ စပိန်တောင်ပိုင်းနှင့် မော်ရိုကိုနိုင်ငံတို့အကြား တည်ရှိသည်။ ရေလက်ကြားကမ်းရိုးတန်းတလျှောက်တွင် ဗြိတိသျှပိုင်နက် ဂျီဘရော့တာနှင့် စပိန်ပိုင်နက်ဖြစ်သော ဆေးအူတာ (Ceuta) မြို့တို့ တည်ရှိသည်။ ယင်းသည် တစ်နှစ်လျှင် သင်္ဘောစီးရေ ၁၀၀,၀၀၀ မှ ၁၁၀,၀၀၀ ခန့် (တစ်ရက်လျှင် အစီးရေ ၃၀၀ ခန့်) ဖြတ်သန်းသွားလာနေသည့် ကမ္ဘာပေါ်တွင် တည်ငြိမ်မှုအရှိဆုံး အဓိက ရေကြောင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု၏ ၁၀ ရာခိုင်နှုန်းခန့် (ဒေါ်လာ ၁.၁ ထရီလီယံတန်ဖိုး) နှင့် ရေနံစိမ်း တစ်ရက်လျှင် စည်ပေါင်း ၃.၃ သန်းခန့် ထိုရေလက်ကြားကို ဖြတ်သန်းစီးဆင်းနေသည်။ ဂျီဘရော့တာရေလက်ကြား ပိတ်ဆို့ခံရနိုင်ခြေသည် မြေထဲပင်လယ်သို့ ဝင်ရောက်ရာ ရေကြောင်းတံခါးပေါက်ကို ပိတ်ဆို့သွားစေနိုင်ပြီး ကုန်တင်သင်္ဘောများ၊ စွမ်းအင်ထောက်ပံ့မှုများနှင့် နေတိုးရေတပ်၏ လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။ ထို့ပြင် အချို့သော သင်္ဘောများကို အာဖရိကတိုက်ကို ပတ်ရသည့် စရိတ်ကြီးမားသော လမ်းကြောင်းများသို့ ပြောင်းလဲမောင်းနှင်ရန် အတင်းအကျပ် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါလိမ့်မည်။ ဟော်မုဇ်၊ ဘက်ဘ်အယ်လ်မန်ဒက်ဘ် နှင့် ဂျီဘရော့တာ ရေလက်ကြား ၃ ခုစလုံး တစ်ပြိုင်နက်တည်း ပိတ်ဆို့ခံရခြင်း သို့မဟုတ် ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ရခြင်းသည် ဥရောပနှင့် အနောက်အုပ်စု စီးပွားရေးစနစ်တစ်ခုလုံးအပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေနိုင်သည် - ဟော်မုဇ် က ပါရှန်းပင်လယ်ကွေ့၏ စွမ်းအင်တင်ပို့မှုများကို ပိတ်ဆို့မည် ဘက်ဘ်အယ်လ်မန်ဒက်ဘ် က ပင်လယ်နီ-ဆူးအက်တူးမြောင်း လမ်းကြောင်းကို ဖြတ်တောက်မည် ဂျီဘရော့တာ က မြေထဲပင်လယ်ကို အတ္တလန္တိတ်သမုဒ္ဒရာမှ ပိတ်ပင်တားဆီးမည် ကမ္ဘာ့မဟာဗျူဟာမြောက် ရေကြောင်းတံခါးပေါက် ၃ ခုစလုံးသည် ပထဝီနိုင်ငံရေးဆိုင်ရာ လက်နက်တစ်ခုတည်းအဖြစ် ပြောင်းလဲသွားနိုင်သည်။ အီရန်အနေဖြင့် ဂျီဘရော့တာရေလက်ကြားကို 'ပိတ်ဆို့' နိုင်မည်လော ၂၀၂၃ ခုနှစ်တွင် လူအများက ဒါကို ဖြစ်နိုင်ခြေမရှိသလောက်ဟု ယူဆခဲ့ကြသည်။ သို့သော် အီရန်က စစ်ရေးစွမ်းရည်များကို သက်သေပြသခဲ့ပြီးနောက်တွင်မူ ယင်းအခြေအနေသည် ယနေ့အချိန်၌ အလှမ်းဝေးလွန်းသည်ဟု မထင်ရတော့ပေ။ သို့သော် လက်ရှိတွင် IRGC အနေဖြင့် အဆိုပါ ရေကြောင်းလမ်းကြောင်းကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေခြင်း မဟုတ်သေးပါ။ ဖြစ်နိုင်ခြေရှိသော အခြေအနေ - ပုံသဏ္ဌာန်မမှန်သော စစ်ပွဲနှင့် လက်ဝေခံစစ်ပွဲ ဂျီဘရော့တာရေလက်ကြားသည် အီရန်နိုင်ငံ အနောက်အဇာဘိုင်ဂျန်ပြည်နယ်မှ ကီလိုမီတာ ၄,၄၅၀ ခန့် ကွာဝေးသည်။ အီရန်၏ Ghadr၊ Emad၊ Sejjil နှင့် Khorramshahr ဒုံးကျည်များ၏ ပစ်ခတ်နိုင်စွမ်း ပစ်မှတ်အကွာအဝေးသည် ကီလိုမီတာ ၁,၇၀၀ မှ ၄,၀၀၀ ထိသာရှိသဖြင့် ထိုနေရာသို့ မရောက်ရှိနိုင်သလို အကွာအဝေးဝေးဝေး ပျံသန်းနိုင်သော Arash-2 နှင့် Mohajer-10 ဒရုန်းများလည်း မရောက်ရှိနိုင်ပေ။ လီဗာနွန်ရှိ ဟဇ်ဘိုလာတပ်ဖွဲ့သည် ကီလိုမီတာ ၃,၇၀၀ ခန့်ကွာဝေးသဖြင့် ပိုမိုနီးကပ်သည်။ နာဒီက အခြားဒေသများ၌ "တော်လှန်ရေးအင်အားစုအသစ်များ မွေးဖွားလာခြင်း" အကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။ ယင်းက အနောက်ဆာဟာရ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပိုလီဆာရီယိုတပ်ဦး (Polisario Front) ကို အီရန်က ကူညီပံ့ပိုးပေးနိုင်ခြေရှိကြောင်း ခန့်မှန်းချက်များကို မြင့်တက်စေခဲ့သည်။

photo content