fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 984 مشترک است و جایگاه 16 249 را در دسته اخبار و رسانه‌ها و رتبه 10 236 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 984 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 29 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -261 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.07% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.46% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 847 بازدید دریافت می‌کند. در اولین روز معمولاً 654 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 30 اوت, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 984
مشترکین
-324 ساعت
-627 روز
-26130 روز
آرشیو پست ها
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဩဂုတ် ၂၈၊ ၂၀၂၆
+1
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဩဂုတ် ၂၈၊ ၂၀၂၆

အီရန်နိုင်ငံထုတ် အရိုးပွရောဂါကုသဆေး ‘Zandoriah’ ကို ဥရောပသမဂ္ဂ (EU) တစ်ဝန်းလုံးတွင် အသုံးပြုရန် ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ
အီရန်နိုင်ငံထုတ် အရိုးပွရောဂါကုသဆေး ‘Zandoriah’ ကို ဥရောပသမဂ္ဂ (EU) တစ်ဝန်းလုံးတွင် အသုံးပြုရန် ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ (EMA) က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်သည်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် ထုတ်လုပ်တီထွင်ခဲ့တဲ့ ဇီဝဗေဒဆိုင်ရာ ဆေးဝါး တစ်မျိုးကို ဥရောပသမဂ္ဂရဲ့ အတည်ပြုချက် ရရှိခဲ့တာဖြစ်ပြီး ထိုဆေးကို အီရန်နိုင်ငံက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ NOM

နေပြည်တော်တွင် ယာဉ်တစ်စီးအရှိန်လွန်ကာ ရေကန်ထဲကျပြီး နှစ်ဦးသေဆုံး NOM၊ဩဂုတ်၂၈၊၂၀၂၆ နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်ရှိ ထန်းတစ်
နေပြည်တော်တွင် ယာဉ်တစ်စီးအရှိန်လွန်ကာ ရေကန်ထဲကျပြီး နှစ်ဦးသေဆုံး NOM၊ဩဂုတ်၂၈၊၂၀၂၆ နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်ရှိ ထန်းတစ်ပင်ရပ်ကွက်၊ ကျောက်မျက်ဝန်းအတွင်း ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက်၉ နာရီ ၁၀ မိနစ်တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သဘာဝရေကန်အတွင်းသို့ ကျရောက်ခဲ့မှုကြောင့်ယာဥဉ်ပေါ်ပါနှစ်ဦးသေဆုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတစ်ပင်ရပ်ကွက်၊ (ကျောက်မျက်)ဝန်းတွင် မောင်းနှင်လာသည့်ကိုယ်ပိုင်ယာဥ်တစ်စီးသသည်အရှိန်လွန်ကာ လမ်းဘေးရှိ သဘာဝရေကန် အတွင်းသို့ ကျရောက်ခဲ့မှုကြောင့်ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူရုပ်အလောင်းများကို လူငယ်တွဲလက်လူမှုကူညီရေးအသင်း၏ ယာဉ်ဖြင့် နေပြည်တော် ကုတင်၁၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် PDF ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးမြို့တွင်
+7
ကလေးမြို့တွင် PDF ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးမြို့တွင် PDF ကျား (၄၂) ဦး၊ မ (၃) ဦး စုစုပေါင်း ၄၅ ဦးသည် လက်နက် (၂၁) လက်၊ လက်ပစ်ဗုံး (၆) လုံး၊ စကားပြောစက် (၃) လုံး၊ ကျည်အိမ် (၃၀) ခုနှင့် ကျည်မျိုးစုံ (၆၇၉) တောင့်ဖြင့် အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာသည့် PDF လူငယ်များအားဆုကြေးငွေများပေးအပ်ကာ တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။ NOM

အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် မြန်မာသံရု
အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် မြန်မာသံရုံး သတိပေး NOM

အမေရိကန်နိုင်ငံတွင် အခွန်မဆောင်မီ ကုမ္ပဏီများ၏ အမြတ်ငွေသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိလာခဲ့သော်လ
အမေရိကန်နိုင်ငံတွင် အခွန်မဆောင်မီ ကုမ္ပဏီများ၏ အမြတ်ငွေသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိလာခဲ့သော်လည်း လုပ်သားများ ရရှိသည့် ဝေစုမှာမူ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ရာ မကျေနပ်မှုများကို ပိုမိုဆိုးရွားစေပြီး နိုင်ငံရေးအရ အပြင်းအထန် တုံ့ပြန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ NOM

ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြ
ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၂၂ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုဖြစ်ပွား ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ဩဂုတ် ၂၇၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထိုသို့ဖြစ်ပွားလျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်း ဩဂုတ် ၁၄ ရက်တွင် ငဝန်မြစ်ရေသည် ခုနစ်ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ရာမှ ယနေ့တွင် ငါးပေနှစ်လက်မခန့်သာ ကျန်ရှိတော့သဖြင့် နှစ်ပေခြောက်လက်မခန့် ကျဆင်းသွားခဲ့ကြောင်း၊ ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ နှစ်လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေရှစ်လက်မခန့်သာ ကျန်ရှိတော့သဖြင့် တစ်ပေနှစ်လက်မခန့် ကျဆင်းသွားခဲ့ကြောင်းနှင့် ငသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေ ၁၁ လက်မခန့်သာ ကျန်ရှိသဖြင့် ၁၀ လက်မခန့်ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းသွားသည့် လေးမျက်နှာ-ဟင်္သာတသွား ကားလမ်းမကြီးနှင့် အချို့နေရာများအား အများပြည်သူနှင့် မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ကားလမ်းမကြီးပေါ်၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် Geobags သဲအိတ် ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။   သံအမတ်ခန့်အပ်လွှာမပေးအပ်မီ ထိုင်းနိုင်ငံသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမကြီးသိုရောက်ရှိကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ထိုင်းနိုင်ငံအလံတိုအား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ၏ အလေးပြုခြင်းကို ခံယူသည်။ ထိုနောက် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးတိုကို ဆွေးနွေးကြသည်။

နီပေါ-တိဘက် နယ်စပ်တွင် တောင်ပေါ် ရေခဲများပြိုကျ/ ကျိုးကျ၍ ရေကြီးမှုကြောင့် သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်လာပြီး နိုင်ငံခြားသား ၇၀၀ အပါအဝင် ,၃၀၀ ကျော် ပျောက်ဆုံးနေသည်။ NOM

နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြေ
နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား   ဩဂုတ် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။   နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေခံမြေခံနှင့်အခြေခံကောင်းများပိုင်ဆိုင်ထားရှိပြီးဖြစ်ကာ အဓိကလိုအပ်နေသည်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ကြရန်ဖြစ်ကြောင်း၊ “ဥစ္စာရင်လို ဥစ္စာရင်ခဲ”ဟူသည့်အတိုင်း မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအောင်မြင်မှုရှိစေရေး နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားရန်လိုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ချင်ကိုင်ချင်စိတ်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားသည်။

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရမည်
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရမည်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရမည်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းကြရမည်

ရွှေကူမြို့နယ်အတွင်း KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အခြေပြုနေသည့် စခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းများက ဩဂုတ် ၂၇ ရက်တွင်
+1
ရွှေကူမြို့နယ်အတွင်း KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အခြေပြုနေသည့် စခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းများက ဩဂုတ် ၂၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်အလောင်း ၄ လောင်း၊ လက်နက်ငယ် ၁၅ လက်၊ စက်လက် ၁ လက်၊ စနိုက်ပါ ၁ လက်၊ ၈၁ မမ စိန်ပြောင်း ၂ လက်၊ RPG ၁ လက်၊ ဒရုန်း ၂ စီး၊ ရှော့တိုက်ဒုံး ၂ လုံးနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့။ NOM

အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ် ဩဂုတ် ၂၇၊ ၂၀၂၆ အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စုစုအေး (ခ) မမေအေးနှင့် ကိုညီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၂) ပြည်လုံးချမ်းသာရပ်နေ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် မူဆယ်မြို့နယ် တောင်ရပ်ကွက်နေ မအေးခိုင် (ခ) မိခိုင်နှင့် ခင်ပွန်းဖြစ်သူ စိုင်းရှင်းသန့်ကျော်တို့က တရုတ်ယောကျ်ားပေးစားရန် TikTok အကောင့်မှစည်းရုံးပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့ ရပ်ကွက် (၂) နေ စုစုအေး (ခ) မမေအေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ကိုညီတို့နှင့် ချိတ်ဆက်၍ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေရန် ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မူဆယ်မြို့ မရဲစခန်း (ပ) ၁၂၃/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၅ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံစိုင်းရှင်းသန့်ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုမှအပြီးအပြတ်လွှတ်ရန်နှင့် မအေးခိုင် (ခ) မိခိုင်ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စုစုအေး (ခ) မမေအေးနှင့် ကိုညီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အသီးသီး၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့သည့် State Visit ၊ Official Visit နိုင်ငံတကာခရီးစဉ်များ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကို
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဩဂုတ် ၂၇၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နှင့်အတူ ဒုတိယအတွင်းရေးမှူးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ (9th High Level Committee - 9th HLC) အစည်းအဝေးကို ထိုင်းနိုင်ငံတွင် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ တားဆီးနှိမ်နင်းနေမှုအခြေအနေများ၊ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်၍ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ကာ တားဆီးဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်ပေးပို့ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

အီရန်နှင့် ပတ်သက်၍ ထိရောက်သော ဗျူဟာမြောက် ကိုင်တွယ်နိုင်စွမ်း မရှိခြင်းကြောင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းအတွင်း တာ
အီရန်နှင့် ပတ်သက်၍ ထိရောက်သော ဗျူဟာမြောက် ကိုင်တွယ်နိုင်စွမ်း မရှိခြင်းကြောင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းအတွင်း တာဝန်ရှိသူများ ဆက်တိုက် ရာထူးမှ နှုတ်ထွက်လျက်ရှိသည်။ NOM

ကျန်းမာကြံ့ခိုင်ရေးနှင့် ပတ်သက်၍ အသက်အရွယ်လိုက်သင့်လျော်သည့် အားကစားများကို လုပ်ဆောင်နေရန်လိုကြောင်း၊ အားကစားဆိုသည်မှာ စနစ်တကျလုပ်ဆောင်ပါက တပ်မတော်စိတ်ဓာတ်ရေးရာမြှင့်တင်ရေးတွင် များစွာအထောက်အကူရသည်ဖြစ်၍ စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကိုပါ ကျန်းမာကြံ့ခိုင်စေသည့် အားကစားပြိုင်ပွဲများကို အကျိုးရှိရှိလိုက်ပါလုပ်ဆောင်ရန်လိုကြောင်းဖြင့် ပြောကြားသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် နည်းပြများ၊ ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချွေးထွက်များမှ သွေးထွက်နည်းမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း လေ့ကျင့်ကြရမည်ဖြစ်ပြီး စစ်သားတစ်ယောက်ဖြစ်သည့်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရန် လေ့ကျင့်ရေးပိုင်းအားစနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးသည့် စာပေပညာ၊ စစ်ပညာတို့ကို မှန်မှန်ကန်ကန်လိုက်နာဆောင်ရွက်မှသာလျှင် သင်တန်းဆင်းပြီးနောက်ပိုင်း လက်တွေ့တာဝန်ထမ်းဆောင်ရာ၌ မိမိတာဝန်ယူထားသည့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းများအား ညီအစ်ကိုသဖွယ် ကြည့်ရှုစောင့်ရှောက်ရန်၊ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်နှင့် လမ်းမှားမရောက်ရှိစေရေးမှန်ကန်သည့် နည်းလမ်းများအား ရွေးချယ်ဆုံးဖြတ်တတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တိုက်ပွဲဝင်နိုင်အောင် မိမိဘက်ကအသင့်ဖြစ်ရန်လိုကြောင်း၊ ထို့အပြင် ခံ၊ ခွာ၊ ချီ၊ တိုက် ဥပဒေများ၊ စစ်အခြေခံသဘောတရားများသည် ပြောင်းလဲမှုမရှိဘဲ ၎င်းပေါ်တွင် အခြေခံ၍ စစ်အတတ်ပညာများ ပြောင်းလဲနေခြင်းဖြစ်ပြီး စစ်မြေပြင်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့်စစ်ပညာရပ်များနှင့် တိုးတက်လာသည့် နည်းပညာများအား အမြဲတမ်းလေ့လာနေရမည်ဖြစ်ပြီး ပြောင်းလဲမှုများအား အံဝင်ခွင်ကျဖြစ်အောင်လေ့ကျင့်၍ ဥပဒေများအား လိုက်နာရန်လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကျောင်းများတွင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်ရှိပြီးဖြစ်၍ ယူနီဖောင်းဝတ်ဆင်ထားသည့် ကာလတစ်ခုလျှောက်လုံးတွင် ၎င်းအချက် ၃ ချက်အား အမြဲတမ်းလိုက်နာဆောင်ရွက်နေရမည်ဖြစ်ကြောင်း။ အုပ်ချုပ်ရေးပိုင်းတွင် ညီညွတ်မျှတစွာဖြင့် ကျောသား၊ ရင်သားမခွဲခြားဘဲ မျှမျှတတကွပ်ကဲအုပ်ချုပ်ရန်လိုပြီး ကွက်ကျားမိုးရွာ၍မရကြောင်း၊ တတ်နိုင်သမျှ လူမှန်နေရာမှန် တာဝန်ပေးရန်လိုအပ်ပြီး အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်အား အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပြများသည် မိဘကိုယ်စားဖြစ်ပြီး ဒုတိယမိဘများပင်ဖြစ်ကြောင်း၊ မိဘများကိုယ်စား ထိန်းကျောင်းပေးနိုင်ရေး စေတနာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် တပ်နေပျော်ရေးအတွက် တပ်မှူးများ၊ အရာရှိများသည် လက်အောက်နှင့်အမြဲထိတွေ့နေရန်လိုကြောင်း၊ မိသားစုများ တပ်တွင်း၌ လိုက်ပါနေထိုင်ကြပြီး မိသားစုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရာတွင် သား/သမီးချင်း၊ နှမသားချင်း စာနာသည့် စိတ်များဖြင့် ခိုင်မာအောင်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် တပ်တည်ဆောက်ရေးအပိုင်းတွင် စိတ်ဓာတ်ကောင်းရန်လည်းလိုအပ်ပြီး တပ်နေပျော်သည်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာမည်ဖြစ်ကြောင်း။ စည်းကမ်းပိုင်းဆိုင်ရာများအနေဖြင့် အမိန့်နှင့် ညွှန်ကြားချက်များသည် စည်းကမ်းစနစ်တကျရှိစေရန်အတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး စစ်စည်းကမ်းပိုင်းဆိုင်ရာများတွင် လိုက်နာမှုမရှိပါက တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သောကြောင့် စည်းကမ်းကောင်းလျှင် တပ်မတော်သားကောင်းတစ်ဦးဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သားကောင်းများပေါင်းလျှင် စည်းကမ်းရှိသော တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ စည်းကမ်းတကျနေတတ်သည့် အကျင့်များကို ဗိုလ်လောင်းဘဝမှစတင်၍ လေ့ကျင့်ရန်လိုအပ်ပြီး ရောင့်ရဲတင်းတိမ်နိုင်သည့်စိတ်ဖြင့် လုပ်ငန်းတာဝန်ကို ကျေပွန်လိုစိတ်ဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း။ ခေါင်းဆောင်မှုဆိုင်ရာအနေဖြင့် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့နှင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်များအား ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင်မှုပေးရန်လိုအပ်ပြီး မိမိကိုယ်တိုင်အနေဖြင့်လည်း အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်သည့်သူများမှ အတ္တစိတ်ဖြင့် တာဝန်ထမ်းဆောင်ပါက လက်အောက်ငယ်သားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်မဟုတ်ကြောင်း။ မိမိတပ်၏ မြေပြင်အခြေအနေမှန်ကို သိအောင်ဆောင်ရွက်ရန်လိုပြီး လက်အောက်စစ်သည်မိသားစုများ၏ စိတ်ဓာတ်ရေးရာ၊ လူနေမှုအဝအခြေအနေများကို သိအောင်ဆောင်ရွက်၍ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ စစ်သည်၊ မိသားစုများ၏ ဗဟုသုတကြွယ်ဝစေရန် စာအုပ်၊ စာပေများ ဖတ်စေချင်ပြီး ဗိုလ်လောင်းဘဝမှစ တတ်စွမ်းသမျှ မိမိကိုယ်ကိုကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း၊ ဘွဲ့လွန်သင်တန်းများဖြစ်သော မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းနှင့် ဘာသာစကားသင်တန်းများအနေဖြင့်လည်း အချိန်၊ ငွေ၊ လုပ်အားများ များစွာရင်းနှီးမြှုပ်နှံထားသည့်အတွက် ကြိုးစားအားထုတ်ကြရန်နှင့် စည်းကမ်းနှင့်အညီ နေထိုင်သွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ နည်းပြများနှင့် ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြား ဩဂုတ် ၂၇၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ နည်းပြများနှင့် ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ နည်းပြများနှင့် ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများအနေဖြင့် လုံခြုံရေးအရအရေးကြီးချိန်တွင် တပ်မတော်သားပီသစွာဖြင့် လုပ်ငန်းတာဝန်မခွဲခြားဘဲ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ခဲ့၍ အလေးထားအသိအမှတ်ပြုပါကြောင်း၊ ထို့အပြင် ပြင်ဦးလွင်သည် ရာသီဥတုအရ၊ နယ်မြေအရတပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်ဖြစ်သည့်အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံနမူနာပြဖြစ်ရန် အမြဲတမ်းကြိုးစားဆောင်ရွက်နေရန်လိုကြောင်း။ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက်အဖျက်သမားတို့၏ တိုင်းပြည်ဆူပူအံ့ဩစေမှုနှင့် မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်များကြောင့် ဆိုးရွားစွာဖြင့် တိုင်းပြည်ပြိုကွဲမည့် အခြေအနေတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝအချိန်မီတာဝန်ယူခဲ့ရကြောင်း၊ ထို့သို့ ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ တပ်မတော်အနေဖြင့် စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်နေရန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် လေ့ကျင့်ရေးမူဝါဒအဖြစ်ချမှတ်ခဲ့သည့် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည် စသည့် အချက် ၃ ချက်ကို ခေါင်းဆောင်များ မွေးထုတ်ပေးသည့် တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများအနေဖြင့် စနစ်တကျလေ့ကျင့်ပေးနေရန်လိုကြောင်း။ စစ်တက္ကသိုလ်သည် လေ့ကျင့်ရေးနှင့်ပတ်သက်ပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိများ မွေးထုတ်ပေးရန်ဖြစ်ပြီး ၎င်း၏အဓိကတာဝန်မှာ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့သည် ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အသီးသီးရှိသော်လည်း အရည်အချင်းရှိသူများအား မွေးထုတ်ပေးသည့် တက္ကသိုလ်များဖြစ်ကြောင်း၊ အရာရှိကောင်းများဖြစ်စေရန် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်ပါ ပြည့်ဝရန်လိုအပ်ပြီး Training နှင့် ပတ်သက်ပြီး အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း။ စစ်ခေါင်းဆောင်များသည် စဉ်းစားဆင်ခြင်တုံတရားနှင့် သတ္တိရှိရှိတည်ငြိမ်စွာဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် စစ်ခေါင်းဆောင်များဖြစ်ရန်လိုပြီး လေ့ကျင့်ရေးအပိုင်းနှင့် ပတ်သက်လျှင် ပေါ့ပေါ့တန်တန်မလုပ်ရန်လိုကြောင်း၊ လက်ရုံးရည်၊ နှလုံးရည်နှင့် စဉ်းစားဆုံးဖြတ်နိုင်သည့် အတွေးအခေါ် ကြံ့ခိုင်သူများဖြစ်ရန် လိုအပ်ကြောင်း။ နည်းပြများသည် သင်တန်းသားများ စိတ်ဓာတ်၊ စည်းကမ်း၊ ကောင်းမွန်အောင် ထိန်းကျောင်းလေ့ကျင့် သင်ကြားပေးရသည့် တာဝန်ရှိကြောင်း၊ အရည်အချင်းပြည့်ဝသည့် သင်တန်းသားများ ပေါ်ထွက်လာစေရန်အတွက် နည်းပြများသည် အရည်အချင်းပြည့်ဝရမည်ဖြစ်ပြီး လေ့ကျင့်ပေးသူများ၏ အရည်အချင်းပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ ပြောင်းလဲမည်ကို သတိပြုရန်လိုကြောင်း၊ နည်းပြကောင်းတစ်ဦးရရှိရန် ချက်ချင်းလုပ်ယူ၍မရဘဲ အတွေ့အကြုံရှိရန်လိုအပ်သကဲ့သို့ စာပေပညာဖြစ်စေ၊ စစ်ပညာဖြစ်စေ နည်းပြများ၏ အတွေ့အကြုံရှိမှုသည် အရေးကြီးကြောင်း၊ နှလုံးရည်ပြည့်ဝသည့် အရာရှိများဖြစ်အောင် စာပေပညာပိုင်းကလည်း အရည်အချင်းပြည့်ဝအောင်သင်ပေးရသကဲ့သို့ လေ့ကျင့်ရေးပညာပိုင်းတွင်လည်း တပ်စုမှူးတာဝန်ထမ်းဆောင်နိုင်သည့်အဆင့်ထိ သင်ကြားပေးရမည်ဖြစ်ကြောင်း။