uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

မြေလတ်အသံ - Myaelatt Athan

မြေလတ်အသံ - Myaelatt Athan

Відкрити в Telegram

Sharing Information to the local

Показати більше

📈 Аналітичний огляд Telegram-каналу မြေလတ်အသံ - Myaelatt Athan

Канал မြေလတ်အသံ - Myaelatt Athan (@myaelattathan) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 35 164 підписників, посідаючи 7 273 місце в категорії Новини і ЗМІ та 4 186 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 35 164 підписників.

За останніми даними від 18 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -739, а за останні 24 години на -21, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 14.10%. Протягом перших 24 годин після публікації контент зазвичай збирає 7.43% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 4 960 переглядів. Протягом першої доби публікація в середньому набирає 2 613 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 43.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Sharing Information to the local”

Завдяки високій частоті оновлень (останні дані отримано 19 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

35 164
Підписники
-2124 години
-1937 днів
-73930 днів
Архів дописів
ပဲခူး-ရခိုင်နယ်စပ်မှာ ပေါ်တာကြေးကောက်ပြီး လစဉ်ပေါ်တာဆွဲနေလို့ လူငယ်တွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ (ရုပ်/သံ) ပန်းတောင်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အစပ်က ညောင်ခြေထောက်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေဆီက လစဉ်ပေါ်တာကြေးကောက်ခံပြီး လိုက်လံပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကျေးရွာထဲက လူငယ်တွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ​ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရခိုင်းရိုးမတောင်က အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ညောင်ခြေထောက်ရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၅ ဦးပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ကျေးရွာမှာရှိတဲ့ ပြည်သူတွေဆီကနေ တအိမ်ထောင်ကို ငွေကျပ် ၅ သောင်းအထိ ကောက်ခံနေတာလို့ ဒေသခံအမျိုးသားတဦးက ပြောပါ တယ်။ “သူတို့(ရွာအုပ်ချုပ်ရေးအဖွဲ့)ဆွေမျိုး အိမ်တွေကိုကျ ငွေတပြားမှ မကောက်ဘူး။ သာမန်ရွာသားတွေဆီကကျ အတင်းအကျပ်ကောက်နေတာ။ ငွေလည်း အဓမ္မတောင်းသလို လစဉ်လည်း စကစနဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲနေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး”လို့ သူက ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26658/

ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှု မင်းကင်း ပအဖ၊ ပကဖ ကို NUG စုံခုံဖွဲ့ စစ်ဆေးနေ မင်းကင်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ စ
ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှု မင်းကင်း ပအဖ၊ ပကဖ ကို NUG စုံခုံဖွဲ့ စစ်ဆေးနေ မင်းကင်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းမင်းစိုးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးညိုလွင်တို့ကို ငွေကျပ် သိန်းပေါင်း ၁ သိန်းခွဲ (၁၅၀,၀၀၀) ကျော် အလွဲသုံးစားမှု တိုင်းကြားချက်အရ NUG က စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကလေးခရိုင် အမှတ် ၇၊ ၈၊ ၉၊ ၁၀ တပ်ရင်း ၄ ရင်းက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေက လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ ၂၀၂၆၊ ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ မင်းကင်းမြို့နယ် ပအဖနဲ့ ပကဖ တာဝန်ခံတွေကို ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းကင်းမြို့နယ်ထဲက တိုက်နယ် ၂၊ ၃၊ ၄၊ ၅ နဲ့ ၁၀ နယ်မြေတွေမှာရှိတဲ့ ကျေးရွာပေါင်း ၅၅ ရွာက ရပ်ကျေးနဲ့ တိုက်နယ် ပအဖ၊ ပကဖ တာဝန်ခံ ၁၂၅ ဦး ကလည်း ယခုတိုင်ကြားခံရသူ မြို့နယ် ပအဖနဲ့ ပကဖ တာဝန်ခံ ၂ ဦးကို ပြောင်းလဲပေးမှ မြို့နယ်ညွှန်ကြားချက်တွေကို လိုက်နာနိုင်မယ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း —- သတင်းအပြည့်အစုံ - https://myaelattathan.com/news/26655/

စဥ့်ကူးနယ်မှာ ဒရုန်းဗုံးထိမှန်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ စဥ့်ကူး၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ မန္တလေးတိုင်း၊ စဥ့်ကူးမြိ
စဥ့်ကူးနယ်မှာ ဒရုန်းဗုံးထိမှန်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ စဥ့်ကူး၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ စဥ့်အိုးကျွန်းကျေးရွာမှာ ဒရုန်းဗုံးထိမှန်လို့ ပြည်သူ (၃) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၆) နာရီကျော်ခန့်က ရွှေဘယက်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး ကျေးရွာထဲကို ဗုံးနှစ်ကြိမ်ကြဲချသွားတယ်လို့ ဆိုပါတယ်။ "သူတို့နေတဲ့ တဲနားနဲ့ တဲပေါ်ကို ဗုံးသီးကျကွဲပြီး ထိခိုက်သေဆုံးတာ။ နေရာမှာတင် (၃) ဦးသေတယ်။ အမျိုးသားတဦးဆို မျက်နှာတခြမ်းကြေသွားတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26651/

⁨ပခုက္ကူမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံး ပခုက္ကူ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ မကွေးတိုင်း၊ ပခုက္က
+8
⁨ပခုက္ကူမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံး ပခုက္ကူ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အရပ်သားတွေရဲ့ နေအိမ်တွေအပေါ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဥဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ညနေ ၄ နာရီခန့်မှာ ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာအလယ်က ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံးနဲ့ ရွာမြောက်ပိုင်းက နေအိမ်တွေအပေါ် တနေရာကို ဗုံးသီး ၂ စီးနဲ့ စုစုပေါင်း ၄ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။ "အိမ်နှစ်လုံးပေါ် အတည့်ကျတာ။ တလုံးက မီးလောင်တာ။ အခုမနက်မှ ဆုံးတာ တယောက်။ နေရာတင်ဆုံးတာ ၄ ယောက်။ အကုန်အပြတ်တွေပေါ့ ဟိုတနေရာ ဒီတနေရာ ကောက်ရတာပေါ့။ အူတွေ အသည်းတွေတောင်လိုက်ကောက်နေရတုန်း"လို့ ရွာခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26640/

စစ်တပ်ကဗုံးကြဲလို့ လသားအရွယ်ကလေး ၁ ဦးအပါ လူဒါဇင်နဲ့ချီသေဆုံး ရေစကြို၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်က
စစ်တပ်ကဗုံးကြဲလို့ လသားအရွယ်ကလေး ၁ ဦးအပါ လူဒါဇင်နဲ့ချီသေဆုံး ရေစကြို၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာနဲ့ ပိတ်သင်းကပ်ရွာတွေက စတားလင့်ဆိုင်နဲ့ ဇရပ်ဗုံးကြဲခံရပြီး ပြည်သူ ၁၂ ဦးသေဆုံးတယ်လို့ ရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက် နေ့လယ် ၂ နာရီကျော်ကစတင်ပြီး အသေခံဒရုန်း ၂ စီးနဲ့ သစ်ကောက်ဆိပ်ရွာကို တိုက်ခိုက်ပြီးနောက် ၂ နာရီ ၁၅ မိနစ်မှာ Mi 35 ၁ စီး၊ ဂျက်ဖိုက်တာ ၂ စီးတို့နဲ့ သစ်ကြီးတောနဲ့ ပိတ်သင်းကပ်ရွာတွေကို ဗုံးကြဲတဲ့အပြင် ရော့ကတ်တွေနဲ့ပါပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ "မနေ့က အကုန်ပတ်ပစ်တာ။ သေတာက သစ်ကြီးတောက များတယ် ၁၁ ယောက်။ ပိတ်သင်းကပ်က ၁ ယောက်။ သစ်ကြီးတောက စတားလင့်ဆိုင်နားကျတာ။ ပေါင်ဗုံး ၁ လုံးကျတာ။ ပိတ်သင်းကပ်မှာကျ နွားကျောင်းပြီး ပြန်လာတဲ့ အမျိုးသားက ဇရပ်မှာနားနေချိန် လာကြဲတဲ့အချိန်နဲ့ဆုံပြီးသေတာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26637/

စစ်ဆင်ရေးသွားတဲ့ ပလဖ တပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခံရလို့ ၃ ဦးကျဆုံး မုံရွာ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့န
စစ်ဆင်ရေးသွားတဲ့ ပလဖ တပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခံရလို့ ၃ ဦးကျဆုံး မုံရွာ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာလမ်းခွဲအနီးမှာ စစ်ဆင်ရေးသွားတဲ့ ပလဖတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်မနက် ၁၁ နာရီခန့်မှာ ဇလုတ်ကျေးရွာအုပ်ချုပ်ရေးမှုးကို ဖမ်းဆီးဖို့သွားတဲ့ တိုက်နယ် ၅ ပလဖ အဖွဲ့ဝင်တွေဟာ ဖြစ်စဥ်နေရာအရောက်မှာ စစ်တပ်ရဲ့ စောင့်ကြိုတိုက်ခိုက်မှုကိုခံရတာလို့ ဆိုပါတယ်။ "အုပ်ကြီးကို တက်ဖမ်းတာ။ စကစဘက်က သိနေလို့ ကြိုတင်စောင့်ဖမ်းတဲ့ သဘောရှိတယ်။ ဖြစ်ဖြစ်ချင်းက တယောက်သေတယ်။ နှစ်ယောက်ဖမ်းခံရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကိုလည်း ပစ်သတ်လိုက်တာလို့သိရတယ်" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26634/

စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အဆုံးစီရင်သွား ■ စစ်တပ်ကတပ်စွဲထားချိန် သေဆုံးမှုအပေါ် တပည့်တကာတွေ သ
စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အဆုံးစီရင်သွား ■ စစ်တပ်ကတပ်စွဲထားချိန် သေဆုံးမှုအပေါ် တပည့်တကာတွေ သံသယရှိ လက်ပံတန်း၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ် ယာယီတပ်စွဲထားတဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချအဆုံးစီရင်ပြီး ပျံလွန်တော်မူသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ လက်ပံတန်းမြို့နယ်အရှေ့ဘက် ဖိုးခေါင်စုရွာ လယ်ပြင်ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၀ နှစ်ဝန်းကျင်ရှိ ကျောင်းထိုင်ဆရာတော် ဥူးသုမနဖြစ်ပြီး အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်မှာ အခန်းတွင်းမှာ သေဆုံးနေတာလို့ ပြောပါတယ်။ “ဆွမ်းဒကာမက ဆွမ်းချက်နေရင်း ဆီကုန်လို့ ဆရာတော်ဆီကိုသွားတာ အခန်းထဲမှာ ဆရာတော်က လည်ပင်းကြိုးတန်းလန်းနဲ့ ကြမ်းပြင်နဲ့ထိပြီး ဒူးကွေးပြီးပျံလွန်တော်မူနေတာကို သွားတွေ့တာတဲ့။ ရွာသားတွေ ကြိတ်မနိုင်ခဲမရဖြစ်နေတာ ၇ ရက်ကြာရင် သင်္ဂြိုဟ်မယ်လို့လည်းကြားတယ်" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26630/

စစ်တပ်က တနေ့တည်း လေကြောင်းက (၂) ကြိမ်ဗုံးကြဲလို့ ကလေး(၂) ဦးအပါ (၃) ဦးသေဆုံး ပေါင်းတည်၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်
+3
စစ်တပ်က တနေ့တည်း လေကြောင်းက (၂) ကြိမ်ဗုံးကြဲလို့ ကလေး(၂) ဦးအပါ (၃) ဦးသေဆုံး ပေါင်းတည်၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်တပ်က တနေ့တည်းလေကြောင်းက (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် (၂) ဦးနဲ့ အမျိုးသား (၁) ဦးအပါ (၃) ဦးသေဆုံးခဲ့သလို နေအိမ် (၄) လုံးလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ (၁၅) ရက် နံနက် (၁၁) နာရီဝန်းကျင်က ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာနဲ့ ကြာနီကန်အုပ်စုအပိုင် ခုတ်ကြီးရွာကို ညနေ (၃) နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ တောင်ခမောက်ရွာနဲ့ ပေါက်ပင်ကွင်းရွာအနီးကို ဂျက်လေယာဉ်နဲ့ဗုံးကြဲခဲ့သလို စက်လတ်နဲ့ပါပစ်ခတ်လို့ တောင်ခမောက်ရွာက နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26624/

ချောင်းဦးမြို့မရဲစခန်းအနီး လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး ချောင်းဦး၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိ
ချောင်းဦးမြို့မရဲစခန်းအနီး လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး ချောင်းဦး၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်းဦးတောင်ရပ်ကွက်မှာ လင်မယား (၂) ဦးပစ်သတ်ခံရတယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။ ပစ်သတ်ခံရသူတွေက အသက် (၃၅) နှစ်အရွယ် ကိုအေးမင်းထွန်း၊ ဇနီးဖြစ်သူ အသက် (၂၈) နှစ်အရွယ် မခိုင်ဇင်ဖြိုးတို့ဖြစ်ပြီး အောက်တိုဘာလ (၁၄) ရက်နေ့ညပိုင်း သူတို့နေအိမ်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ "ရှင်းလင်းခံရတဲ့ ဖြစ်စဥ်ရှိလို့ အဲ့ဒီည** တွေခြေရှုပ်နေတယ်လို့တော့ သိရတယ်။ ဘယ်အဖွဲ့တွေလုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ မြို​ပေါ်မှာက ပျူနဲ့** တွေက စိုးမိုးထားပြီး ခြေရှုပ်နေကြတာဆိုတော့" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26621/

DEMU ရထားလာချိန် လမ်းဖြတ်ကူးသူ သက်ကြီး ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရ ◾️ ပဲခူးတိုင်းအတွင်း ရထားလမ်းဖြတ်ကူးသူတွေကို ဆက်တိုက်ဖမ်းဆီး
+3
DEMU ရထားလာချိန် လမ်းဖြတ်ကူးသူ သက်ကြီး ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရ ◾️ ပဲခူးတိုင်းအတွင်း ရထားလမ်းဖြတ်ကူးသူတွေကို ဆက်တိုက်ဖမ်းဆီးနေ အုတ်တွင်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ သခင်မြလမ်းရှိ မီးရထားသံလမ်းကူးဂိတ်မှာ DEMU ရထားလာချိန် လမ်းဖြတ်ကူးသူ သက်ကြီး ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဖမ်းဆီးအမှုဖွင့်ခံရသူတွေကတော့ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ အသက် (၅၆) နှစ်အရွယ် ဒေါ်ဝင်းရွှေနဲ့ ပဲခူးလမ်းရပ်ကွက်နေ အသက် (၆၃) နှစ် အရွယ် ဦးလေးကြည် တို့ဖြစ်ပြီး အောက်တိုဘာလ (၁၅) ရက်နေ့ မနက် (၁၁) နာရီကျော်ခန့်မှာ ရထားလမ်းဖြတ်ကူးလို့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ "ရထားလာချိန် သံလမ်းဂုံးပိတ်ထားတာ။ အလံပြကလည်း အလံပြပြီး ပိတ်ထားတာ။ ရထားကလည်းလာနေပြီ စက်ဘီးဆိုတော့ ကာထားတဲ့ အောက်ကနေ စောင်းသွင်းပြီး ဖြတ်တာ။ ချက်ချင်းဖမ်းပြီး အမှုဖွင့်တာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26615/

⁨စစ်တပ်အရာရှိ ဖခင်ဆီက ဆေးဝါးပစ္စည်းတွေ တွေ့လို့ စစ်တပ်က ဖမ်းဆီးထား ဇီးကုန်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီး
⁨စစ်တပ်အရာရှိ ဖခင်ဆီက ဆေးဝါးပစ္စည်းတွေ တွေ့လို့ စစ်တပ်က ဖမ်းဆီးထား ဇီးကုန်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့မှာ စစ်တပ်ကဗိုလ်ကြီးတဦးရဲ့ဖခင်ကို တားဆီးရှာဖွေစစ်ဆေးရာ ဆေးဝါးပစ္စည်းတွေ တွေ့ရှိခဲ့လို့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ ဇီးကုန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ကြားစုကျေးရွာက အသက် ၆၀ နှစ်ဝန်းကျင် ဦးစိုးသိန်းကို ဇီးကုန်းမြို့ အမှတ် (၁)ရပ်ကွက်၊ ဂုံးလမ်း မြို့ဦးဘုန်းတော်ကြီးကျောင်းအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်ပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ "ဦးစိုးသိန်းကို လမ်းမှာဖမ်းတော့ သူ့ဆီက ဂလူးကို့စ်ပုလင်းတွေနဲ့ အခြားဆေးဝါးပစ္စည်းတွေ သိမ်းရတယ်လို့ သတင်းကြားတယ်။ စပြီးဖမ်းသွားကတည်းက ပြည်ကမင်းကြီးတောင်ပေါ် စစ်ကြောရေးကို ခေါ်သွားတာ။ အရင်နေ့ (အောက်တိုဘာ ၁၃) ညနေကတော့ ဇီးကုန်းရဲစခန်းကို ပြန်ရောက်တယ်ကြားတယ်။ သူ့သားက စစ်တပ်က ဗိုလ်ကြီး ခြေလျင်တပ်ကဆိုတာတော့ တမြို့လုံးသိတယ် ဘယ်တပ်ကဆိုတာတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26612/

လက်နက်ခဲယမ်း ရောင်းဝယ်ပါက ပစ်ခတ်ဖမ်းဆီးပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ချမယ်လို့ မြင်းခြံခရိုင်စစ်ဌာနစာထုတ် မြင်းခြံ၊ အောက်တိုဘာ ၁၅၊ ၂
လက်နက်ခဲယမ်း ရောင်းဝယ်ပါက ပစ်ခတ်ဖမ်းဆီးပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ချမယ်လို့ မြင်းခြံခရိုင်စစ်ဌာနစာထုတ် မြင်းခြံ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာ လက်နက်ခဲယမ်းရောင်းဝယ်မှု ပြုလုပ်သူတွေကို ပစ်ခတ်ဖမ်းဆီးကာ ကြီးလေးတဲ့ ပြစ်ဒဏ်ချမယ်လို့ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ တားမြစ်စာထုတ်ပြန်ရခြင်းမှာ မြင်းခြံခရိုင်းအတွင်း လက်နက်ခဲယမ်းရောင်းဝယ်မှုတွေကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတားမြစ်ဖို့နဲ့ မသက်ဆိုင်သူတွေလက်ထဲ လက်နက်ခဲယမ်းတွေ မရောက်သွားစေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ရတာလို့ ဆိုပါတယ်။ "တပ်တွေမှာရှိနေတဲ့ ကျည်တွေကို တပ်တွေမှာပဲ ထိန်းသိမ်းထားပြီး တိုက်ပွဲဖော်ဆောင်နိုင်ဖို့ပါ။ ရောင်းဝယ်ဖောက်ကားမှူလုပ်တဲ့နေရာမှာ တပ်ဖွဲ့မှူးတွေ သိတာဖြစ်စေ မသိတာဖြစ်စေ ပြင်ပကို ထုတ်ရောင်းတာမျိုး မလုပ်နိုင်အောင်ပါ။ အမိန့်ဆိုတာက မဖြစ်ခင်ကြိုထုတ်တဲ့ သဘောမျိုးပါ။ ကျည်တွေသာ မသမာသူတွေလက်ထဲရောက်သွားရင် ဓားပြမှု၊ ပြန်ပေးမှုတွေဖြစ်လာနိုင်လို့ပါ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26609/

ယင်းမာပင်မှာ စစ်ကြောင်းထိုးပြီး ရွာသားပိုင် ကား ၂ စီး၊ ဆိုင်ကယ်အစီး ၂၀ ကျော်နဲ့ ရိက္ခာတွေ ယူသွား ယင်းမာပင်၊ အောက်တိုဘာ ၁၅၊ ၂၀
ယင်းမာပင်မှာ စစ်ကြောင်းထိုးပြီး ရွာသားပိုင် ကား ၂ စီး၊ ဆိုင်ကယ်အစီး ၂၀ ကျော်နဲ့ ရိက္ခာတွေ ယူသွား ယင်းမာပင်၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တံခါးရင်းကျေးရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်၊ ကား ၂ စီးနဲ့ ရိက္ခာတွေ ယူဆောင်သွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ တာဝန်ရှိသူတွေထံက သိရပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်က ပုလဲမြို့ကနေ ထွက်လာတဲ့ အင်အား ၅၀ ပါစစ်ကြောင်းဟာ တံခါးရင်းကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။ "သူတို့ ဝင်လာတော့ ရှောင်တဲ့သူက ရှောင်ကြတယ်။ လူရှိတဲ့ အိမ်တွေကကျတော့ မယူဘူး။ လူမရှိတဲ့အိမ်က ပစ္စည်းတွေကိုတော့ ယူသွားကြတာ။ သူတို့လိုတဲ့ပစ္စည်းတွေ ကြိုက်တဲ့ပစ္စည်းတွေယူသွားကြတာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26605/

မြိုင်နယ်မှာ လေယာဥ် ၆ စီးနဲ့ ဗုံးပတ်ကြဲနေလို့ ပြည်သူ ၁,၀၀၀ ကျော် ပြေးနေရ မြိုင်၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။ မကွေးတိုင်း၊ မြိုင်မြို
မြိုင်နယ်မှာ လေယာဥ် ၆ စီးနဲ့ ဗုံးပတ်ကြဲနေလို့ ပြည်သူ ၁,၀၀၀ ကျော် ပြေးနေရ မြိုင်၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကျော်ကို စစ်တပ်က လေယာဥ် ၆ စီးနဲ့ ဗုံးပတ်ကြဲနေလို့ ပြည်သူ ထောင်ချီပြေးနေရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း မြိုင်တာဝန်ရှိသူတွေထံက သိရပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်ကစတင်ပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စီး၊ Mi-17 ၂ စီး၊ Y-12 နှစ်စီးနဲ့ ဆိတ်သတ်၊ ဝကြီးတော၊ ကုန်းရွာ၊ ဘူကင်းချိုင်၊ ဝက်ပုတ်နဲ့ သာကောင်း စတဲ့ကျေးရွာတွေထဲနဲ့ ရွာအနီးတွေကို ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။ "ကုန်းရွာက အဓိက ထိတယ်။ အိမ်တွေထိတယ်။ သာကောင်းဘက်မှာလည်း ထိတယ်။ လေယာဥ် ၆ စီးလောက်နဲ့ကြဲနေတာ။ ချတာ Mi-17 နှစ်စီး အောက်နိမ့်ဆင်းပြီးပစ်ပြီး ကျန်တာက ပတ်ကြဲနေတာ" သတင်းအပြည့်အစုံ - https://myaelattathan.com/news/26602/