cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Більше
Рекламні дописи
27 027
Підписники
-1024 години
-417 днів
-33130 днів
Час активного постингу

Триває завантаження даних...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Аналітика публікацій
ДописиПерегляди
Поширення
Динаміка переглядів
01
သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ ---------- စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများကို အဓိကမောင်းနှင်သူအဖြစ် လူသိများသည့် ဦးအောင်နိုင်ဦးကို ဝန်ကြီးရာထူးမှအနားပေးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင်ကြေညာခဲ့သည်။ ဦးအောင်နိုင်ဦးသည် “မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ” ရာထူးလည်း ရယူထားပြီး စစ်ကောင်စီအတွက်အခွန်ငွေအများပြားရှာပေးနေသည့် ရန်ကုန်သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စီးပွားရေးဇုန်များကိုကြီးကြပ်ရသူသည်။ ထိုရာထူးမှသူ့အားအနားပေးမပေးကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပါ။ https://www.facebook.com/myanmarnownews/posts/pfbid08w8zSXNtX9Z1UkRnuMZBQFe1GUDszAK39VpFpYGBFgGP29q844WuaBF2ca5RC5FMl
9586Loading...
02
❐ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်တဦး သရက်ခရိုင်အတွင်း ကျဆုံး။ မေ ၂၇၊ ၂၀၂၄။ ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်တဦးဖြစ်သူ ရဲဘော် Bee သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မေလ ၂၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ကျဆုံးသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။ ရဲဘော် Bee သည် မကွေးတိုင်း၊ သရက်ခရိုင်အတွင်း ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် အသက်ပေးလှူကျဆုံးခ့သည့်အတွက် တပ်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။ See more...
8691Loading...
03
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁ Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။ အလင်းခေတ် စည်းရုံးရေးမှူး သင်တန်းအပါတ်စဉ် ၁ တွင် 🔹Semester 1 (ဇူလိုင် - အောက်တိုဘာ ၊ ၂၀၂၄) ၁။ Nonviolence Principles and Internal Revolution - အကြမ်းမဖက်အခြေခံစံနှုန်းများနှင့် အတွင်းတော်လှန်ရေး ၂။ Political Ideology & Democracy - နိုင်ငံရေးအတွေးအခေါ်များနှင့် ဒီမိုကရေစီ ၃။ Debate Skills Training - ဒီဘိတ်အရည်အချင်း ၄။ Translation Skills Training - ဘာသာပြန်အရည်အချင်း 🔹Semester 2 (ဇန်နဝါရီ - မေ၊ ၂၀၂၅) ၅။ Communication - ဆက်သွယ်ပြောဆိုမှု ၆။ Critical Pedagogy - ဝေဖန်ဆန်းစစ် ပညာရေး ၇။ Nonviolence Mobilization - အကြမ်းမဖက် လှုံ့ဆော်စည်းရုံးခြင်း ၈။ Writing - စာရေးသားခြင်း များကို ထည့်သွင်းထားရန် စီစဉ်ထားပါသည်။ 📌သင်တန်းတက်ရောက်ရန် အခြေခံရှိရမည့် အရည်အချင်းများ ▪️အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို စိတ်ပါဝင်စား လေ့လာလိုသူ၊ လက်တွေ့အသုံးချလိုသူ ▪️လူ့အဖွဲ့အစည်းအပြောင်းအလဲများကို ပါဝင်ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြသူ ▪️ရေတိုခံပြင်းမှုကြောင့်သာမဟုတ်ဘဲ ရေရှည်အပြောင်းအလဲတွင် မိမိကိုယ်တိုင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လိုသူ ▪️စာဖတ်အားကောင်းသူ (အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်စွမ်းရှိရန် လိုအပ်သည်) 📌သင်တန်းအချိန် - အပါတ်စဉ် စနေ ၊ တနင်္ဂနွေ မနက် ၉ နာရီ - ၁၁ နာရီ (မြန်မာချိန်) 📌တပါတ်လေ့လာရမည့်အချိန် - နာရီ ၂၀ 📌သင်တန်းပြုလုပ်မည့်နေရာ - Zoom Online Meeting 📌သင်တန်းကြေး - ငါးသိန်းကျပ် (*သင်တန်းကြေး ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်) 🔹အလင်းခေတ် ကေဒါသင်တန်းနောက်ခံအယူအဆများနှင့် စီစဉ်ထားမှုကို လေ့လာရန် (သင်တန်း Concept Note) https://drive.google.com/file/d/1UrVyLIwqqBHs10w7dYQrh4q3_QDxXlOT/view?usp=sharing 🔹သင်တန်းလျှောက်ထားရန်ဖောင် - https://docs.google.com/forms/d/e/1FAIpQLSfznQHYaH6HXK0FKLO8xN0Y9_dcRwZyeyDsIrYSe9jHjoOI8Q/viewform?usp=sf_link ဖောင်ပိတ်ရက် - ဇွန် ၁၀ ရက်နေ့ ၊ ညနေ ငါးနာရီ မြန်မာချိန် ဆန်ကာတင်ရွေးချယ်ခြင်းခံရသူများကို ဇွန်လ ၁၅-၂၅ အကြားတွင် အင်တာဗျူးခေါ်ယူသွားမည်ဖြစ်သည်။ ☎️သင်တန်းနဲ့ပက်သက်ပြီး မေးမြန်းလိုသည်များရှိပါက Freedom Figther Page Message Box သို့မဟုတ် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ #FreedomFighter #AlinnKhit_CadreTraining
6902Loading...
04
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁
6100Loading...
05
မူဆယ်တွင် တရုတ်ငွေဈေးတက်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက် 27 May 2024 By MPA CJ 010 ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေ ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်ငွေဈေးမှာ ပြီးခဲ့သည့် ရက်ပိုင်းက ယွမ် ၁၀၀ လျှင် မြန်မာငွေ ၅၆,၀၀ ခန့်ရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၆၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5r35ufxk Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
8393Loading...
06
အင်မထီးကျေးရွာရှိ ပျူစောထီးများက ပုလဲဒေသခံ ၂၉ ဦးကို PDF အယောင်ဆောင်၍ ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ် 27 May 2024 By MPA CJ 001 စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို PDF အယောင်ဆောင်၍ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂ ၏ တပ်ထောက်တာ၀န်ခံ ကိုနေမင်းကဆိုသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က အကြောင်းမဲ့ဖမ်းဆီးကာ ယင်းနေ့မှာပင်ခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/s3ma7np3 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
9231Loading...
07
မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု သိရသည်။ IIMM အနေဖြင့် မကွေးတိုင်း မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးကို လက်နက်ကိုင်ထားသူများကကြိုးတုပ်၍ သစ်ပင်ပေါ်မှတွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့် အချက်အလက်တောင်းခံမှုကို စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် မြောက်ခင်ရန်းရွာဖြစ်စဥ်အတွက် အချက်အလက်မျှဝေပေးရန် စစ်ကောင်စီထံ ထပ်မံတောင်းဆိုကြောင်း သိရသည်။ အဆိုပါ လူငယ်နှစ်ဦးအားသတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး သတ်ဖြတ်ခံရသူများမှာ ဖိုးတေနှင့် သားထောင်ဟုသိရကာ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။ အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ အပါအဝင် ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စိစစ်သုံးသပ်နေပြီး စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့် တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သောအချက်အလက်များပေးရန် စစ်ကောင်စီအား တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တောင်းဆိုထားသည်။ ယန္တရားသည် စုဆောင်းရရှိသော အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့် တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဟုလည်း ဆိုသည်။ အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူများ အပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှု ရရှိလာစေရေးသည် IIMM ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ၄င်းတို့ စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့် ရာဇ၀တ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေပေးရန် စစ်ကောင်စီထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း စစ်ကောင်စီသည် ယနေ့အထိ တောင်းခံမှုများကို တစုံတရာ တုံ့ပြန်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ News : https://www.tachileik.net/mm/news/36081 #TachileikNewsAgency
8771Loading...
08
ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စစ်တပ်ကသတ်ဖြတ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်ရှေ့ရုပ်အလောင်း စွန့်ပစ်ထား အင်ကြင်း/People's Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် စစ်တပ်က ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၂၇ ရက်) နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ပြီးခဲ့သည့် ၂လခန့်က ဖမ်း​ဆီးခံရသော ကလေးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှစ်လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ "ကျောက်တံတားမှာ အဖမ်းခံရတာ။ ၁၈၊၁၉ တစ်ယောက်။ ၁၄၊၁၅ တစ်ယောက်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက PDF များဟု ဝါဒဖြန့်နေသည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကလည်း ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းများ၌ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် ရုပ်အလောင်းများ မျောပါလာဖူးကြောင်း ဒေသခံများက ပြောသည်။ ပုသိမ်ကြီးမြို့နယ်သည် စစ်ရေးပြင်းထန်နေသည့် မတ္တရာမြို့နယ်နှင့်ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
8030Loading...
09
လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မည် YouTube >>> https://youtu.be/BPFy8Vd9WIo
7710Loading...
10
စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ ပုလဲ၊ မေ ၂၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံပျူစောထီးတွေက ဖမ်းဆီးသွားတဲ့ ပြည်သူ ၂၃ ဦးအနက် ၄ ဦး အသတ်ခံလိုက်ရပြီး ကျန် ၁၉ ဦးကိုတော့ ငွေနဲ့ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။ အသတ်ခံရသူ ၄ ဦးမှာ တောင်ရွာသစ်ရွာက အသက် ၄၂ နှစ် အရွယ် ကိုကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး၊ အသက် ၃၀ နှစ်အရွယ် ကိုထွန်းလှိုင်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ဖြစ်ပြီး ၎င်းတို့ကို စစ်တပ်လက်အောက်ပျူစောထီးတွေက အင်မထီးရွာကို ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ အမျိုးသား ၄ ဦး သေဆုံးတဲ့ ရက်ကို မသိရသေးဘူး။ အလောင်းတွေတော့ ပြန်မရဘူး။ ပြန်လွတ်လာသူတွေကိုလည်း နည်းမျိုးစုံနဲ့နှိပ်စက်ထားတာ” လို့ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ထောက်တာဝန်ခံ ရဲဘော်နေမင်းက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်အုပ်စုဖမ်းသွားတဲ့ပြည်သူ၂၀ကျော်ထဲက_၄ဦးအသတ်ခံရပြီး_ကျန်လူတွေကိုငွေနဲ့ပြန်ရွေးရ
7730Loading...
11
ပခုက္ကူ၊ ဖလမ်အိုတပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်စီး၊ စစ်သား ၁၀ ဦးသေဆုံးဟုဆို 27 May 2024 By MPA CJ023 မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလမ်အိုကျေးရွာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးကြောင်းသိရသည်။ မေလ ၂၆ ရက်၊ နံနက် လေးနာရီဝန်းကျင်တွင် စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်ရှိသော ပခုက္ကူမြို့နယ်၊ဖလမ်အိုကျေးရွာ အထိုင်ချ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ABSDF Column -3 ထံကသိရ သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5dvb5b3n Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
7930Loading...
12
ရာသီဥတုပူပြင်းတဲ့အချိန်မှာ ကလေးတွေအတွက် သတိပြုဖို့လိုတဲ့ အစားအသောက်နဲ့ အနေအထိုင်တွေကို ဒီတပတ်မှာ သီးသန့် ဖော်ပြလိုက်ပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/24/05/2024/36606/
9161Loading...
13
စစ်ကောင်စီရဲ့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းကတော့ မြန်မာနိုင်ငံပြည်တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ လူသားချင်းစာနာမှု အကူအညီကိစ္စတွေ အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/27/05/2024/36717/
8591Loading...
14
စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-မုံရွာ သံလမ်းဆုံ)၌ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်းနှင့် ငွေတောင်းခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။ စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီကျော်တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ စစ်ကားတစ်စီး မိုင်းထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကိုင်းမြို့တွင်းမှ လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအား စစ်ကိုင်းမြို့နယ် ဇုန်(၄) ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သည့်အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News : https://www.tachileik.net/mm/news/36079 #TachileikNewsAgency
8000Loading...
15
❐ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားတဦး တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံး။ မေ ၂၇၊ ၂၀၂၄။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားတဦးသည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြောင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။ See more...
9081Loading...
16
ဆိုင်ကလုန်းမုန်တိုင်း REMAL UPDATE မေလ ၂၇ ရက် ညနေ ၅ နာရီ ========= ဆိုင်ကလုန်းမုန်တိုင်း REMAL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်အားလျော့လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင်ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်းဗဟိုသည် - ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ၏ အနောက်ဘက် မိုင်၆၀ ခန့်ကိုရောက်နေပြီး အရှေ့-အရှေ့မြောက်ဘက်ကို ဆက်ရွေ့လျှက်ရှိသည်။ ဒါကာမြို့ပေါ်မှ ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြတ်ကျော်စဉ် - လေတိုက်နှုန်း ၄၆ mph နှင့် ဗဟိုဖိအား 976 hPa ရှိနေမည်ဖြစ်ကြောင်း ECMWF ခန့်မှန်းချက်တွင်တွေ့ရသည်။ မေ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အိန္ဒိယနိုင်ငံ မက်ဟာလာယာပြည်နယ်နှင့် အာသံပြည်နယ်နယ်စပ်အရောက်၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့လာချိန်(လေတိုက်နှုန်း 34 mph, 983 hPa)မှာ အရှေ့-အရှေ့မြောက်ဘက်ကိုချိုးကွေ့ ရွေ့လျားမည်ဖြစ်ကြောင်း တွေ့ရသည်။ မေလ ၂၉ ရက် မနက် ပိုင်းတွင် မုန်တိုင်းအကြွင်းအကျန်များသည်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂတောင်တန်းများကိုဖြတ်ပြီး တနိုင်းမြို့တောင်ဘက်နားအထိရောက်လာနိုင်ကြောင်းတွေ့ရသည်၊ မုန်တိုင်းကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းသည် လေတိုက်နှုန်း 20mph ရှိပြီး၊ ဗဟိုဖိအား 997 hPa ရှိနိုင်ကြောင်းလည်း ECMWF က ခန့်မှန်းထားသည်။ ဤအခြေအနေကြောင့်ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်မိုးလေဝသအခြေအနေများ - မိုးသည်းထန်နိုင်ခြင်း၊ တောင်ကျရေရုတ်တရက်ကျဆင်းနိုင်ခြင်းနှင့် လေပြင်းတိုက်နိုင်တာတွေရှိနိုင်ပါမည်။ ကျန်တဲ့ ပြည်နယ်တိုင်းဒေသများအတွက် သတိထားသင့်တာတွေအရင်တင်ပေးတဲ့ post များအတိုင်းဖြစ်ပြီး၊ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ အားအသင့်အတင့်မှ အားကောင်းနေမည်ဆိုတာ မမေ့သင့်ပါ။ မိုးရာသီမိုး၊ မုတ်သုံမိုးများက စ နေပါပြီ။ အိန္ဒိယကရော မိုးဇလကရော မုတ်သုံဝင်တဲ့ အခြေအနေများကို တင်ပေးထားပါသည်။
8520Loading...
17
ဝိုင်းမော်မြို့သို့ စစ်ရှောင်လာသည့် အရပ်သားများ ပစ်ခတ်ခံရသဖြင့် ၂၆ ဦး ဒဏ်ရာရ 27 May 2024 By MPA CJ 003 ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်သို့ စစ်ရှောင်လာသည့် အရပ်သားများ ပစ်ခတ်ခံရပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်၊ ည ၁၁ နာရီခွဲတွင် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘီဘရာကျေးရွာမှ တစ်ရှူးငှက်ပျောခြံနှင့် ရွှေမှော်လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေကြသည့် အလုပ်သမား ၅၀ ခန့်မှာ ငှက်ပျောကားနှစ်စီး၊ သုံးဘီးဆိုင်ကယ်တစ်စီး၊ လေးလုံးထိုးယာဥ်တစ်စီးအပြင် ဟိုက်ဂျက်ကားတစ်စီးတို့ဖြင့် ဝိုင်းမော်မြို့ဘက်သို့ မောင်းနှင်လာသည့်အချိန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4tb7e7eh Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
8031Loading...
18
ကျေးရွာချင်း ကုန်ကူးသန်းခွင့်ပိတ်ထားလို့ အောင်လံမြို့နယ်က ရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေ အောင်လံ၊ မေ ၂၇၊ ၂၀၂၄။ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာကို ဝင်ထွက်ခွင့်ပိတ်လိုက်တာကြောင့် အဲ့ဒီရွာကနေ အဓိကစျေးဝယ်ယူနေရတဲ့ ကျေးရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၁၃ ရက်ကစတင်ကာ ရွှေပန်းတောကျေးရွာမှာရှိတဲ့ ကုန်တင်ကား ၁၀ စီးလောက်ကို ရွာကနေမထွက်ခိုင်းတဲ့အပြင် အခြားကျေးရွာကသူတွေကိုလည်း ရွာထဲကိုမဝင်ခိုင်းတော့ဘဲ စစ်ကောင်စီတပ်သားတွေက ရွာအဝင်အထွက်တွေမှာ ဂိတ်ချစစ်ဆေးတာတွေလုပ်နေတာလို့ ဆိုပါတယ်။ “ရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူတွေ ဆန်ပြတ်တဲ့ပြဿနာ စတွေ့နေရပါပြီ၊ ရွှေပန်းတောရွာက ကားတွေ ထွက်လို့မရသလို့ ရွှေပန်းတောကျေးရွာ၊ နတ်မောက်၊ ကံသာယာအစရှိတဲ့ ရွာတွေဘက်က ဘယ်ကားမှလည်းအလာမခံဘူး၊ ဆိုင်ကယ်တွေလည်း အလာမခံဘူး၊ လူတွေကိုပါ အလာမခံတော့တာပါ”လို့ အောင်လံမြို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကျေးရွာချင်းကုန်ကူးသန်းခွင့်ပိတ်ထားလို့_အောင်လံမြို့နယ်ကရွာ၁၀ရွာလောက်မှာ_ရိက္ခာပြတ်နေ
8270Loading...
19
ထားဝယ်မြို့ပေါ်က ကရပ်ပြင်၊ ဇရစ်၊ တလိုင်းမနဲ့ ကြက်စားပြင် စတဲ့ရပ်ကွက်တွေမှာ ရပ်ကွက်တစ်ခုကို အမျိုးသားသုံးဦးနှုန်းနဲ့ အခုတစ်ပတ်အတွင်းမှာ ဆင့်ခေါ်စာလိုက်ပို့နေတာပါ။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/27/05/2024/36703/
9621Loading...
20
‼️ အရေးပေါ်အခြေအနေများမှာ ကွန်ပြူတာတွေကို ဘယ်လို ရှင်းလင်းကြမလဲ??? (Tips & Tricks) အရေးပေါ် အခြေအနေကြုံလာလို့ ဖုန်းတွေ စစ်ဆေးခံရတော့မယ်ဆိုရင် .... ဖုန်းထဲက app တွေ Uninstall လုပ်တာ ဒေတာတွေရှင်းလင်းပြီး နောက်ဆုံးအခြေအနေမှာဖျက်ဆီးလိုက်တာမျိုးတွေကို အချိန်တိုတွင်းလုပ်လို့ရနိုင်ပေမယ့် ကွန်ပျုတာတွေ စစ်ဆေးခံရချိန်မှာတော့ ဖုန်းလောက်အချိန်တိုတွင်းရှင်းလင်းနိုင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကွန်ပျူတာတွေထဲမှာ အရေးကြီးဒေတာအချက်အလက်တွေထည့်ပြီး နေ့စဉ် အလုပ်လုပ်နေရတယ်ဆိုရင် ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် >>> https://www.facebook.com/share/p/txVGFxCoFjNovyud/?mibextid=oFDknk
10Loading...
21
စစ်ကောင်စီက ကျောင်းအပ်လက်ခံနေပြီး ကျောင်းသုံးပစ္စည်းတွေကို အပြည့်အစုံ မပေးနိုင်သေး ပေါင်းတည်၊ မေ ၂၇၊ ၂၀၂၄။ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာဦးစီးဌာနက ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသားတွေကို ကျောင်းအပ်လက်ခံနေပြီဖြစ်ပေမယ့် အခမဲ့ ထောက်ပံ့ပေးမယ့် စာရေးကိရိယာတွေနဲ့ ကျောင်းသုံးစာအုပ်တွေ အပြည့်အစုံမရသေးဘူးလို့ ကျောင်းသားမိဘတွေ ဆီက သိရပါတယ်။ “အလယ်တန်း‌ကျောင်းသားကို ကျောင်းသွားအပ်တာ ဘာစာအုပ်မှ မရခဲ့ဘူး။ ကျောင်းတက်မှ ရမယ်လို့ ပြော တယ်။ ပိုက်ဆံတောင်းတာမျိုးတော့ မရှိသေးဘူး။ ပုံနှိပ်အဟောင်းလေးတွေတော့ ကြိုစုထားလို့ တော်သေးတယ်” လို့ ပေါင်းတည်မြို့နယ် မင်းကွက်အထကမှာ ကျောင်းအပ်ခဲ့တဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျောင်းကထောက်ပံ့တဲ့ ဗလာစာအုပ် တဒါဇင်ရကာ အလယ်တန်းကျောင်းသား တဦးရဲ့ ပညာသင်နှစ် တနှစ်လုံးအတွက် ဗလာစာအုပ် ၄ ဒါဇင် ထပ်ဝယ်ဖြည့်ရတယ်လို့ သူက ဆက်ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်ကောင်စီကကျောင်းအပ်လက်ခံနေပြီး_ကျောင်းသုံးပစ္စည်းတွေကို_အပြည့်အစုံမပေးနိုင်သေး
9720Loading...
22
စစ်ကိုင်း ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းဆရာမ ထောင် ၄ နှစ်ချမှတ်ခံရ ဧရာဝတီ၊ မေ ၂၇၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ရှိ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ထားထားဦးကို မေလ ၂၄ ရက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ ဒေါ်ထားထားဦးကို စစ်ကိုင်းမြို့မရဲစခန်း၌ (ပ)၂၁၄/၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့် တရားစွဲပြီးနောက် ၉ လခန့်အကြာ စစ်ကိုင်းခရိုင် ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဟု သိရသည်။ မိသားစုဝင်နှင့် နီးစပ်သူတဦးက “CDM လုပ်ဖို့ တိုက်တွန်းတာ၊ NUG ရဲ့စာသင်ကြားရေးမှာ ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းခံခဲ့ရတာပေါ့၊ အမိန့်ချတာကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ပေါ့၊ သူ့ရဲ့နောက်ဆက်တွဲအခြေအနေကို ဘာမှ မသိရတာကနေ အမိန့်ချပြီးမှပဲ သိကြရတာ။ လူချင်းတွေ့လို့မရတော့ ကျန်းမာရေးအခြေအနေတော့ မသိရဘူး”ဟု ပြောသည်။ ဒေါ်ထားထားဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ တူမဖြစ်ပြီး ၂၀၂၃၊ စက်တင်ဘာလ ၂၁ ရက်ညပိုင်း နေအိမ်သို့ လာရောက်ဖမ်းဆီးချိန် အတူနေမိသားစုဝင် ၆ ဦးပါ ဖမ်းဆီးခံခဲ့ရကာ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် မိသားစုဝင်များအား ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါ်ထားထားဦးအား အမှုဖွင့်၍ ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ရှိ ရင်သွေးရတနာ ကိုယ်ပိုင် အထက်တန်း ကျောင်းကိုပါ ချိပ်ပိတ်ခဲ့သည်။ စစ်ကိုင်းမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသော မြို့နယ်တခုဖြစ်သောကြောင့် စစ်ကောင်စီက မြို့နယ်အတွင်းရှိ CDM ကျောင်းဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပါအဝင် ပြည်သူ ၂၀၀ ကျော်ကို PDF တပ်ဖွဲ့ဝင်များ၊ PDF ထောက်ပို့များ၊ CDM ပြုလုပ်ရန်တိုက်တွန်းနှိုးဆော်ခြင်း၊ NUG ၏ စာသင်ကြားရေးစနစ်တွင် ပါဝင်ခြင်းစသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
9920Loading...
Repost from Myanmar Now
Фото недоступнеДивитись в Telegram
သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ ---------- စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများကို အဓိကမောင်းနှင်သူအဖြစ် လူသိများသည့် ဦးအောင်နိုင်ဦးကို ဝန်ကြီးရာထူးမှအနားပေးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင်ကြေညာခဲ့သည်။ ဦးအောင်နိုင်ဦးသည် “မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ” ရာထူးလည်း ရယူထားပြီး စစ်ကောင်စီအတွက်အခွန်ငွေအများပြားရှာပေးနေသည့် ရန်ကုန်သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စီးပွားရေးဇုန်များကိုကြီးကြပ်ရသူသည်။ ထိုရာထူးမှသူ့အားအနားပေးမပေးကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပါ။ https://www.facebook.com/myanmarnownews/posts/pfbid08w8zSXNtX9Z1UkRnuMZBQFe1GUDszAK39VpFpYGBFgGP29q844WuaBF2ca5RC5FMl
Показати все...
👍 13🤣 3 2🖕 1
Фото недоступнеДивитись в Telegram
❐ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်တဦး သရက်ခရိုင်အတွင်း ကျဆုံး။
မေ ၂၇၊ ၂၀၂၄။ ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်တဦးဖြစ်သူ ရဲဘော် Bee သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မေလ ၂၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ကျဆုံးသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။ ရဲဘော် Bee သည် မကွေးတိုင်း၊ သရက်ခရိုင်အတွင်း ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် အသက်ပေးလှူကျဆုံးခ့သည့်အတွက် တပ်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။ See more...
Показати все...
😭 11😢 7👍 3
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁ Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။ အလင်းခေတ် စည်းရုံးရေးမှူး သင်တန်းအပါတ်စဉ် ၁ တွင် 🔹Semester 1 (ဇူလိုင် - အောက်တိုဘာ ၊ ၂၀၂၄) ၁။ Nonviolence Principles and Internal Revolution - အကြမ်းမဖက်အခြေခံစံနှုန်းများနှင့် အတွင်းတော်လှန်ရေး ၂။ Political Ideology & Democracy - နိုင်ငံရေးအတွေးအခေါ်များနှင့် ဒီမိုကရေစီ ၃။ Debate Skills Training - ဒီဘိတ်အရည်အချင်း ၄။ Translation Skills Training - ဘာသာပြန်အရည်အချင်း 🔹Semester 2 (ဇန်နဝါရီ - မေ၊ ၂၀၂၅) ၅။ Communication - ဆက်သွယ်ပြောဆိုမှု ၆။ Critical Pedagogy - ဝေဖန်ဆန်းစစ် ပညာရေး ၇။ Nonviolence Mobilization - အကြမ်းမဖက် လှုံ့ဆော်စည်းရုံးခြင်း ၈။ Writing - စာရေးသားခြင်း များကို ထည့်သွင်းထားရန် စီစဉ်ထားပါသည်။ 📌သင်တန်းတက်ရောက်ရန် အခြေခံရှိရမည့် အရည်အချင်းများ ▪️အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို စိတ်ပါဝင်စား လေ့လာလိုသူ၊ လက်တွေ့အသုံးချလိုသူ ▪️လူ့အဖွဲ့အစည်းအပြောင်းအလဲများကို ပါဝင်ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြသူ ▪️ရေတိုခံပြင်းမှုကြောင့်သာမဟုတ်ဘဲ ရေရှည်အပြောင်းအလဲတွင် မိမိကိုယ်တိုင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လိုသူ ▪️စာဖတ်အားကောင်းသူ (အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်စွမ်းရှိရန် လိုအပ်သည်) 📌သင်တန်းအချိန် - အပါတ်စဉ် စနေ ၊ တနင်္ဂနွေ မနက် ၉ နာရီ - ၁၁ နာရီ (မြန်မာချိန်) 📌တပါတ်လေ့လာရမည့်အချိန် - နာရီ ၂၀ 📌သင်တန်းပြုလုပ်မည့်နေရာ - Zoom Online Meeting 📌သင်တန်းကြေး - ငါးသိန်းကျပ် (*သင်တန်းကြေး ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်) 🔹အလင်းခေတ် ကေဒါသင်တန်းနောက်ခံအယူအဆများနှင့် စီစဉ်ထားမှုကို လေ့လာရန် (သင်တန်း Concept Note) https://drive.google.com/file/d/1UrVyLIwqqBHs10w7dYQrh4q3_QDxXlOT/view?usp=sharing 🔹သင်တန်းလျှောက်ထားရန်ဖောင် - https://docs.google.com/forms/d/e/1FAIpQLSfznQHYaH6HXK0FKLO8xN0Y9_dcRwZyeyDsIrYSe9jHjoOI8Q/viewform?usp=sf_link ဖောင်ပိတ်ရက် - ဇွန် ၁၀ ရက်နေ့ ၊ ညနေ ငါးနာရီ မြန်မာချိန် ဆန်ကာတင်ရွေးချယ်ခြင်းခံရသူများကို ဇွန်လ ၁၅-၂၅ အကြားတွင် အင်တာဗျူးခေါ်ယူသွားမည်ဖြစ်သည်။ ☎️သင်တန်းနဲ့ပက်သက်ပြီး မေးမြန်းလိုသည်များရှိပါက Freedom Figther Page Message Box သို့မဟုတ် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ #FreedomFighter #AlinnKhit_CadreTraining
Показати все...
Alinn Khit Cadre Training (Batch-1)

👍 2 2
Фото недоступнеДивитись в Telegram
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁
Показати все...
Repost from MPANews
Фото недоступнеДивитись в Telegram
မူဆယ်တွင် တရုတ်ငွေဈေးတက်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက် 27 May 2024 By MPA CJ 010 ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေ ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်ငွေဈေးမှာ ပြီးခဲ့သည့် ရက်ပိုင်းက ယွမ် ၁၀၀ လျှင် မြန်မာငွေ ၅၆,၀၀ ခန့်ရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၆၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5r35ufxk Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Показати все...
👍 5
Repost from MPANews
အင်မထီးကျေးရွာရှိ ပျူစောထီးများက ပုလဲဒေသခံ ၂၉ ဦးကို PDF အယောင်ဆောင်၍ ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ် 27 May 2024 By MPA CJ 001 စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို PDF အယောင်ဆောင်၍ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂ ၏ တပ်ထောက်တာ၀န်ခံ ကိုနေမင်းကဆိုသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က အကြောင်းမဲ့ဖမ်းဆီးကာ ယင်းနေ့မှာပင်ခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/s3ma7np3 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Показати все...
🤬 18👍 1😢 1
မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု သိရသည်။ IIMM အနေဖြင့် မကွေးတိုင်း မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးကို လက်နက်ကိုင်ထားသူများကကြိုးတုပ်၍ သစ်ပင်ပေါ်မှတွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့် အချက်အလက်တောင်းခံမှုကို စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် မြောက်ခင်ရန်းရွာဖြစ်စဥ်အတွက် အချက်အလက်မျှဝေပေးရန် စစ်ကောင်စီထံ ထပ်မံတောင်းဆိုကြောင်း သိရသည်။ အဆိုပါ လူငယ်နှစ်ဦးအားသတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး သတ်ဖြတ်ခံရသူများမှာ ဖိုးတေနှင့် သားထောင်ဟုသိရကာ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။ အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ အပါအဝင် ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စိစစ်သုံးသပ်နေပြီး စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့် တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သောအချက်အလက်များပေးရန် စစ်ကောင်စီအား တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တောင်းဆိုထားသည်။ ယန္တရားသည် စုဆောင်းရရှိသော အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့် တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဟုလည်း ဆိုသည်။ အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူများ အပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှု ရရှိလာစေရေးသည် IIMM ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ၄င်းတို့ စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့် ရာဇ၀တ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေပေးရန် စစ်ကောင်စီထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း စစ်ကောင်စီသည် ယနေ့အထိ တောင်းခံမှုများကို တစုံတရာ တုံ့ပြန်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ News : https://www.tachileik.net/mm/news/36081 #TachileikNewsAgency
Показати все...
မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန်

မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု သိရသည်။ IIMM အနေဖြင့် မကွေးတိုင်း မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးကို လက်နက်ကိုင်ထားသူများကကြိုးတုပ်၍ သစ်ပင်ပေါ်မှတွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့် အချက်အလက်တောင်းခံမှုကို စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် မြောက်ခင်ရန်းရွာဖြစ်စဥ်အတွက် အချက်အလက်မျှဝေပေးရန် စစ်ကောင်စီထံ ထပ်မံတောင်

👍 15 1
Repost from People's Spring
ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စစ်တပ်ကသတ်ဖြတ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်ရှေ့ရုပ်အလောင်း စွန့်ပစ်ထား အင်ကြင်း/People's Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် စစ်တပ်က ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၂၇ ရက်) နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ပြီးခဲ့သည့် ၂လခန့်က ဖမ်း​ဆီးခံရသော ကလေးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှစ်လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ "ကျောက်တံတားမှာ အဖမ်းခံရတာ။ ၁၈၊၁၉ တစ်ယောက်။ ၁၄၊၁၅ တစ်ယောက်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက PDF များဟု ဝါဒဖြန့်နေသည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကလည်း ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းများ၌ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် ရုပ်အလောင်းများ မျောပါလာဖူးကြောင်း ဒေသခံများက ပြောသည်။ ပုသိမ်ကြီးမြို့နယ်သည် စစ်ရေးပြင်းထန်နေသည့် မတ္တရာမြို့နယ်နှင့်ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
Показати все...
🤬 16👍 2😢 1
Repost from Dawei Watch
လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မည် YouTube >>> https://youtu.be/BPFy8Vd9WIo
Показати все...
လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မည်

လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မည် #DaweiWatch Telegram -

https://t.me/daweiwatch

Website - http://www.daweiwatch.com/ Facebook -

https://www.facebook.com/DaweiWatch

Instagram -

https://www.instagram.com/dawei_watch/

Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။

👍 9

🤬 13👍 4🔥 1😢 1