ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

Guide4U

Guide4U

Открыть в Telegram
2 351
Подписчики
Нет данных24 часа
-47 дней
-2330 дней
Архив постов
Guide4U
2 351
#EnergyIndustryGuide
#EnergyIndustryGuide

Guide4U
2 351
#TravelerGuide
#TravelerGuide

Guide4U
2 351
ပြိုင်ဘက်တို့၏ စက်ရုံများကို လှည့်လည်ကြည့်ရှုရာမှာ စိတ်တိုင်းကျ ပြုလုပ်ထားသည့် စက်ပစ္စည်းများ သိပ်မတွေ့ရကြောင်း ထောက်ပြခဲ့ပြီး သူ့ကုမ္ပဏီများသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် အတွေ့အကြုံများ အများကြီးရှိထားကြောင်း မတ်စ်က ပြောကြားသည်။ ချစ်ပ်များကို မည်သူထက်မဆို ပိုကောင်းအောင် လုပ်နိုင်မည် ဖြစ်သော်လည်း "အဲဒါလုပ်ဖို့ ကျွန်တော်တို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။ နှစ်အတော်ကြာ ကြာနိုင်ပါတယ်" ဟု မတ်စ်က ပြောကြားသည်။ အလုပ်အကိုင် ၃၀၀၀ ဖန်တီးပေးမည်ဟု မျှော်လင့်ရသော Terrafab စက်ရုံစီမံကိန်းသည် ကြမ်းခင်းဧရိယာ စတုရန်းပေ သန်း ၁၀၀ ရှိသော စက်ရုံကို မြေဧက ၃၀၀၀ ခန့်တွင် အဆင့်လိုက် တည်ဆောက်သွားမည်ဖြစ်သည်။  #ICTIndustryGuide

Guide4U
2 351
ကမ္ဘာ့ပထမဆုံး ထရီလီယံနာ အီလွန် မတ်စ်သည် ၎င်း၏ကုမ္ပဏီများဖြစ်သော Tesla နှင့် SpaceX တို့ကို အမေရိကန် ချစ်ပ်လုပ်ငန်း Intel Corp
ကမ္ဘာ့ပထမဆုံး ထရီလီယံနာ အီလွန် မတ်စ်သည် ၎င်း၏ကုမ္ပဏီများဖြစ်သော Tesla နှင့် SpaceX တို့ကို အမေရိကန် ချစ်ပ်လုပ်ငန်း Intel Corp နှင့် ပူးပေါင်း၍ လုပ်ကိုင်သည့် ဖက်စပ်လုပ်ငန်းမှတစ်ဆင့် တက္ကဆက်ပြည်နယ်၊ ဂရိုင်းမ်စ်တွင် ချစ်ပ်များ ထုတ်လုပ်မည့် Terrafab စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေပြီး ကနဦးရင်းနှီးမြှုပ်နှံမှုမှာကန်ဒေါ်လာ ၁၅ ဘီလီယံကျော် (ဒေါ်လာ ၁၉.၁၉ ဘီလီယံ) ရှိသည်။ မတ်စ်က သူ့ကုမ္ပဏီတို့သည် စိတ်တိုင်းကျ‌အောင် ပြုလုပ်ထားသည့် စက်ပစ္စည်းများ ဖန်တီးရာမှာ ၎င်း တို့၏ ကျွမ်းကျင်မှုများဖြင့် ချစ်ပ်များကို မည်သူထက်မဆို ပိုကောင်းအောင် မည်သို့လုပ်ရမည်ဆိုသည်ကို နည်းလမ်းများ ရှာတွေ့နိုင်လိမ့်မည်ဟု သူ ထင်မြင်ကြောင်း ပြောကြားသည်။ တက္ကဆက်ပြည်နယ်၊ အော်စတင်မှာ တည်ရှိသည့် Tesla Inc ၏ ဂီဂါစက်ရုံအပြင်ဘက်မှာ  ဖောက်သည်များ၊ ရင်းနှီးမြှုပ်နှံသူများ စုဝေးပွဲတွင် မတ်စ်က လက်ရှိမှာ "မိုက်ခရိုချစ်ပ်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ မသိပေမယ့် ကျွန်တော်တို့ နည်းလမ်းရှာပါမယ်" ဟု မတ်စ်က ပြောကြားသည်။ . .

Guide4U
2 351
သြစတြေးလျနိုင်ငံသည် ရုရှားထံမှ လောင်စာဆီဝယ်ယူရန် မလိုအပ်ကြောင်း၊ ယူကရိန်းကို ကျူးကျော်ခြင်းအတွက် အကျိုးကျေးဇူး မရရှိစေရန် ရုရ
သြစတြေးလျနိုင်ငံသည် ရုရှားထံမှ လောင်စာဆီဝယ်ယူရန် မလိုအပ်ကြောင်း၊ ယူကရိန်းကို ကျူးကျော်ခြင်းအတွက် အကျိုးကျေးဇူး မရရှိစေရန် ရုရှားနိုင်ငံမှ ဝယ်ယူမှုများကို ပိတ်ပင်ထားဆဲဖြစ်ကြောင်း သြစတြေးလျ ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်ဝန်ကြီး ခရစ်စ်ဘိုဝင်က စနေနေ့တွင် အနောက်ဆစ်ဒနီ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ "သြစတြေးလျက ရုရှားလောင်စာဆီ မလိုအပ်သလို လိုလည်း မလိုချင်ပါ။ အရှေ့အလယ်ပိုင်းစစ်ပွဲ‌ကြောင့် ဗလာဒီမာပူတင် အကျိုးကျေးဇူးရရှိမှာကို ကျွန်‌တော်တို့ မလိုလားပါ။ အမေရိကန်ပြည်ထောင်စု လုပ်ဆောင်တာက ၎င်းတို့အတွက်သာဖြစ်ပြီးး ကျွန်တော်တို့က ပြောင်းလဲမှာ မဟုတ်ပါ”ဟု ၎င်းက ပြောကြားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားဒီဇယ် စုစုပေါင်း စည်ပေါင်း ၁၃.၅ သန်းခန့်ကို ယခုလမှ စ၍ တင်ပို့မည်ဟု ပြောကြားခဲ့သည်။ ယခင်တင်ပြချက် https://t.me/Guid4U/62769 https://t.me/Guid4U/62770 သြစတြေးလျတွင် ၄၃ ရက်စာ ဓာတ်ဆီရှိပြီး ဒီဇယ်သိုလှောင်မှုများမှာ ၃၁ ရက်စာရှိကြောင်း Bowen က ပြောကြားသည်။ #EnergyIndustryGuide

Guide4U
2 351
ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသရှိ ကားထုတ်လုပ်သူများသည် ကားအပိုပစ္စည်းများ ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေခဲ့သော ပြင်းထန်သော
ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသရှိ ကားထုတ်လုပ်သူများသည် ကားအပိုပစ္စည်းများ ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေခဲ့သော ပြင်းထန်သောရေကြီးမှုများအပြီးတွင် အောက်တိုဘာ ၁၄ ရက်တွင် ထုတ်လုပ်မှုကို ပြန်လည်စတင်ရန် စီစဉ်ထားသည်။  ချွန်ဘူရီရှိ အမတာစီးတီးစက်မှုဇုန်မှ စက်ရုံအများစုသည် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ယာဉ်ပစ္စည်း အစိတ်အပိုင်းများ အဓိကပေးသွင်းသူများသည် လုပ်ငန်းများပြန်လည်စတင်ရန်နှင့် လက်ကျန်အလုပ်များကို ရှင်းလင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI)က ပြောကြားသည်။  လတ်တလော ပျက်စီးခဲ့ရသည်တို့ကို စီမံခန့်ခွဲနိုင်သည်ဟု အကဲဖြတ်ထားသည်။ ပြည်တွင်းရောင်းအားနှင့် ပြည်ပတင်ပို့မှု နှစ်မျိုးလုံးအတွက် ဝယ်လိုအား တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာမည်ဟု ကားလုပ်ငန်းကဏ္ဍက မျှော်လင့်ထားပြီး ယခုနှစ် တနှစ်တာ ထုတ်လုပ်မှုကို အစီးရေ ၁.၅ သန်း  ရည်မှန်းထားသည်။ Source bangkokpost  #AutomobileIndustryGuide 

Guide4U
2 351
CTS ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းညွှန်းကိန်းသည် သြဂုတ်လတွင် ဇူလိုင်လထက် နှစ်မှတ်တက်လာခဲ့ပြီး ၁၁၇ သို့ ရောက်ရှိသည်။ ပင်လယ်နီ-စူ
CTS ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းညွှန်းကိန်းသည် သြဂုတ်လတွင် ဇူလိုင်လထက် နှစ်မှတ်တက်လာခဲ့ပြီး ၁၁၇ သို့ ရောက်ရှိသည်။ ပင်လယ်နီ-စူးအက် ရေလမ်းကြောင်းတွင် ယီမင်မှ ဟူသီစစ်သွေးကြွတို့၏ အနှောင့်အယှက် ပေးခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။ အညွှန်းကိန်းသည် ဇန်နဝါရီလအဆင့်ထက် ၅၀% ခန့် ပိုများပြီး ၂၀၂၅ ခုနှစ် သြဂုတ်လထက် ၄၄% ပိုများသည်။ #LogisticsIndustryGuide 

Guide4U
2 351
ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ပမာဏသည် သြဂုတ်လတွင် စံချိန်တင် TEU ၁၇.၄၆ သန်းသို့ ရောက်ရှိခဲ့သည်။ ကုန်စည်ပို့ဆေ
ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ပမာဏသည် သြဂုတ်လတွင် စံချိန်တင် TEU ၁၇.၄၆ သန်းသို့ ရောက်ရှိခဲ့သည်။ ကုန်စည်ပို့ဆောင်ခ ဈေးနှုန်းသည် နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ကြောင်း Container Trades Statistics မှ  အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သြဂုတ်လ သယ်ယူပို့ဆောင်ရေးပမာဏသည် ဇူလိုင်လတွင် တင်ဆောင်ခဲ့သော ယခင်စံချိန်ထက် ကျော်လွန်ခဲ့သည်။ ၂၀၂၅ ခုနှစ် သြဂုတ်လထက် ၃.၇% မြင့်တက်လာခဲ့သည်။  ၂၀၂၆ ခုနှစ်၏ ပထမရှစ်လအတွင်း ကမ္ဘာလုံးဆိုင်ရာ ပမာဏသည် ယခင်နှစ်ထက် ၄.၇% မြင့်တက်လာခဲ့သည်။ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ အရှေ့အလယ်ပိုင်းတွင် အနှောင့်အယှက်ဖြစ်ခြင်း၊ ပနားမားတူးမြောင်း ကန့်သတ်ချက်များနှင့် အကောက်ခွန် အခြေအနေများ ပြောင်းလဲနေသော်လည်း ကွန်တိန်နာ ကုန်သွယ်မှုတွင် ကိန်းဂဏန်းများက ဆက်လက်ကြီးထွားမှုကို ပြသနေသည်။  ၂၀၂၆ သြဂုတ်လ ပမာဏသည် ၂၀၂၄ ခုနှစ် အလားတူလထက် ၇.၂% မြင့်မားပြီး ၂၀၂၃ ခုနှစ် သြဂုတ်လထက် ၁၂.၉% မြင့်မားသည်။ ကွန်တိန်နာ ပမာဏ ကြီးထွားခြင်းနှင့်အတူ ပို့ဆောင်ခ ဈေးနှုန်းများလည်း မြင့်တက်လာသည်။ . .

Guide4U
2 351
ဂျာမန်အိမ်စီးပြိုင်ကားထုတ်လုပ်သူ Porsche က ယခုနှစ် ၂၀၂၆ ပထမကိုးလအတွင်း ကမ္ဘာ့ရောင်းအား အစီးရေသည် ယမန်နှစ်ကထက် ၁၆% လျော့ကျခဲ့က
ဂျာမန်အိမ်စီးပြိုင်ကားထုတ်လုပ်သူ Porsche က  ယခုနှစ် ၂၀၂၆ ပထမကိုးလအတွင်း ကမ္ဘာ့ရောင်းအား အစီးရေသည် ယမန်နှစ်ကထက် ၁၆% လျော့ကျခဲ့ကြောင်း ပြောကြားသည်။ တရုတ်နိုင်ငံတွင် ဝယ်လိုအား နည်းပါးခြင်း၊ 718 မော်ဒယ်လိုင်းကို ရပ်ဆိုင်းခြင်းနှင့် အရေအတွက်ထက် အမှတ်တံဆိပ်တန်ဖိုးကို အာရုံစိုက်ခြင်းတို့ကြောင့် ရောင်းအားလျော့ကျသည်ဟု Porsche က ပြောကြားသည်။  စက်တင်ဘာလအထိ ကိုးလအတွင်း တရုတ်နိုင်ငံတွင် ရောင်းအား ၃၃% ကျဆင်းသည်။ Porsche ၏ အကြီးဆုံး အရောင်းဒေသဖြစ်သော မြောက်အမေရိကတွင် အရောင်းပမာဏ ၁၃% ကျဆင်းခဲ့ပြီး ဂျာမနီမှလွဲ၍ ဥရောပတွင် ၁၁% ကျဆင်းသည်။ တတိယသုံးလပတ် ပို့ဆောင်မှုများသည် ယခုနှစ် ပထမနှစ်ဝက်တွင် မြင်တွေ့ခဲ့ရသော ခေတ်ရေစီးကြောင်းများနှင့် ကိုက်ညီကြောင်း Porsche က ပြောကြားသည်။ စုစုပေါင်းရောင်းအား ကျဆင်းသွားသော်လည်း အထင်ကရ 911 မော်ဒယ်အတွက် ဝယ်လိုအားမှာ ခိုင်မာနေဆဲဖြစ်ပြီး ကိုးလတာ ရောင်းအားသည် ၁၂% မြင့်တက်ကာ ကမ္ဘာတစ်ဝှမ်းတွင်  ၄၂,၂၁၇ စီး ရောင်းချခဲ့သည်။   Source reuters  #AutomobileIndustryGuide

Guide4U
2 351
မလေးရှားနိုင်ငံ ဂျိုဟောဘာရူးတွင် Chery Omoda 5 သည် နောက်ဘက်ဝင်ရိုး အုံလိုက် တအုံလုံး လုံးဝပြုတ်ထွက်ခဲ့သည်ကို Guide4U တွင် တင်ပြခဲ့သည်။ ယခင်တင်ပြချက် https://t.me/Guid4U/62621 လွန်ခဲ့သည့် ၂ နှစ်ကလည်း Omoda 5 နောက်ဘက်ဝင်ရိုး ကျိုးသွားခဲ့ဖူးသည်။ ယခင်တင်ပြချက် https://t.me/Guid4U/62622 ယခုအခါ မလေးရှား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန road transport department (JPJ) မှ Chery Omoda 5 ၏ ယာဉ်အမျိုးအစားအတည်ပြုချက် vehicle type approval  (VTA) ကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာထားသည်။ နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြီးဆုံးပြီး ဘေးကင်းရေးအန္တရာယ်များကို ဖော်ထုတ်နိုင်သည်အထိ Omoda 5 မော်ဒယ် ကား ကနဦးမှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းထားသည်။ ပြင်ဆင်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်များအားလုံးကို အပြည့်အဝအကောင်အထည်ဖော်ပြီးစီးပြီးလျှင် JPJ မှ ဘေးကင်းရေးအန္တရာယ်အားလုံးကို လုံလောက်စွာကိုင်တွယ်ဖြေရှင်းပြီးဖြစ်ကြောင်း နည်းပညာဆိုင်ရာအတည်ပြုချက်ကို ရရှိပြီးမှသာ ယာယီ ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းမည်ဖြစ်သည်။ JPJ သည် မလေးရှားရှိ Chery Omoda 5 တပ်ဆင်ထုတ်လုပ်သည့် ကားစက်ရုံတွင် ထုတ်လုပ်မှုနှင့် တပ်ဆင်ရေးလိုင်းတို့ကို ကွင်းဆင်းစစ်ဆေးမည်။ ဝင်ရိုးအစိတ်အပိုင်း ပေးသွင်းသူ၏ စက်ရုံတွင်လည်း စစ်ဆေးမည်။ ကောင်းမွန်သော ထုတ်လုပ်မှုလုပ်ငန်းစဉ် Good Manufacturing Practice (GMP)၊ အရည်အသွေးထိန်းချုပ်မှုစနစ်များ၊ ဂဟေဆက်စစ်ဆေးမှုလုပ်ထုံးလုပ်နည်းများ လိုက်နာခြင်း ရှိမရှိ၊ အသုံးပြုထားသော အစိတ်အပိုင်းများသည် ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိတို့ကို စစ်ဆေးမည်ဖြစ်သည်။ Source paultan #AutomobileIndustryGuide

Guide4U
2 351
၁၀ - ၁၀ - ၂၀၂၆ အမြင့်ဆုံး နေ့အပူချိန်များ #HealthIndustryGuide@Guid4U
၁၀ - ၁၀ - ၂၀၂၆ အမြင့်ဆုံး နေ့အပူချိန်များ #HealthIndustryGuide@Guid4U

Guide4U
2 351
၁၀ - ၁၀ - ၂၀၂၆ အမြင့်ဆုံး နေ့အပူချိန်များ #HealthIndustryGuide

"ကျွန်ုပ်တို့၏အက်ပ်များမှ လူများကို ဆွဲထုတ်ရယူရန် ရည်မှန်းချက်ရှိသော ပြိုင်ဘက်တစ်ဦးထံမှ ကြော်ငြာများကို ကျွန်ုပ်တို့ ပြသရန် မလိုအပ်ပါ" ဟု Meta က ပြောကြားခဲ့သည်။ "ပြိုင်ဘက်တစ်ဦးထံ ပရိုမိုးရှင်းဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းသည် လုပ်ငန်းကဏ္ဍများအားလုံးတွင် ပုံမှန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ထုတ်ကုန်အရည်အသွေးနှင့် အသုံးပြုသူအတွေ့အကြုံတွင် ဆက်လက်ယှဉ်ပြိုင်သွားပါမည်"ဟု Meta က ပြောကြားခဲ့သည်။ #AdvertisingIndustryGuide@Guid4U

Guide4U
2 351
Facebook နှင့် Instagram ပိုင်ရှင် Meta သည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance ၏ ကြော်ငြာများကို အမေရိကန်၊ ကနေဒါ၊ အီဂျစ်၊ အ
Facebook နှင့် Instagram ပိုင်ရှင် Meta သည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance ၏ ကြော်ငြာများကို အမေရိကန်၊ ကနေဒါ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်တို့၌ ၎င်း၏ပလက်ဖောင်းများတွင် ဖော်ပြခြင်း မပြုရန် ပိတ်ပင်ထားသည်။ ဗီဒီယိုမျှဝေသည့်အက်ပ် TikTok သည် အသုံးပြုသူပါဝင်မှု၊ ဖန်တီးသူများနှင့် ကြော်ငြာဒေါ်လာများအတွက် Meta ၏ အပြင်းထန်ဆုံးပြိုင်ဘက်များထဲမှ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက် ဤလုပ်ရပ်သည် Meta နှင့် ByteDance အကြား ကာလရှည်ကြာ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းဖြစ်သည်။ Meta ၏ ပိတ်ပင်မှုသည် ချက်ချင်းအကျိုးသက်ရောက်ပြီး TikTok နှင့် ၎င်းနိုင်ငံများရှိ အခြား ByteDance ပိုင်ဆိုင်မှုများထံ ချိတ်ဆက်ထားသော ကမ်ပိန်းများကို လုပ်ဆောင်နေသော ပြင်ပကြော်ငြာရှင်များအထိ တိုးချဲ့သွားမည်ဟု Meta က ပြောကြားခဲ့သည်။ . ၊

Guide4U
2 351
နောက်ဆက်တွဲ စစ်ဆေးမှုများအရ တူးမြောင်း၏ ပစိဖိတ်ဘက်ခြမ်းရှိ ရုံးအဆောက်အအုံလေးခုတွင် အနည်းငယ်ပျက်စီးမှုနှင့် Colón ရှိ Monte Esperanza ရေသန့်စင်စက်ရုံရှိ ရေကန်များ၏ ဖွဲ့စည်းပုံဆိုင်ရာပျက်စီးမှုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။  ACP က ပျက်စီးဆုံးရှုံးမှုများသည် သင်္ဘောများ၏ လှုပ်ရှားမှုကို အနှောင့်အယှက်မဖြစ်စေကြောင်း အလေးပေးပြောကြားခဲ့သည်။ Agua Clara neopanamax ရေကာတာများရှိ ဂိတ်တစ်ခု ပြိုကျသွားသည်ဟူသော ပြည်တွင်းတွင် ပျံ့နှံ့နေသော ကောလာဟလများကိုလည်း ACP က ငြင်းပယ်ခဲ့သည်။ ငလျင်ကြောင့် ပနားမားစီးတီးရှိ အဆောက်အအုံများမှ လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး ဗဟိုအမေရိက၏ ပစိဖိတ်ကမ်းရိုးတန်းဒေသအချို့တွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ သတိပေးချက်များကို နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့သည်။  ကနဦးငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင် ၄၀ ကျော် ထပ်မံလှုပ်ခတ်ခဲ့ပြီး ပြည်နယ်အတော်များများတွင် လမ်းများ၊ အိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့သည်။ #LogisticsIndustryGuide

Guide4U
2 351
သောကြာနေ့ (အောက်တိုဘာ ၉)တွင် ပနားမားကို လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အလယ်အမေရိကနိုင်ငံ ပနားမားတစ်ဝှမ်း နေရာအတော်မျ
သောကြာနေ့ (အောက်တိုဘာ ၉)တွင် ပနားမားကို လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အလယ်အမေရိကနိုင်ငံ ပနားမားတစ်ဝှမ်း နေရာအတော်များများမှာ ပျက်စီးမှုများ ရှိခဲ့သော်လည်း ပနားမားတူးမြောင်း ထိခိုက်မှု မရှိသလောက်ဖြစ်ပြီး သင်္ဘောများ ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းလျက် ရှိသည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန အဆိုအရ ပြင်းအား ၇.၇ ရှိသည့် ငလျင်ကြီးသည် ဒေသစံတော်ချိန် နေ့လည် ၁၂:၅၆ နာရီတွဂ် ပနားမားစီးတီးမှ ကီလိုမီတာ ၂၀၀ ခန့်အကွာ ပနားမားတောင်ပိုင်းမှာ ဗဟိုပြုပြီး မြေအောက် ၁၂.၆ ကီလိုမီတာအနက်မှာ လှုပ်ခတ်ခဲ့သည်။ ပနားမားတူးမြောင်းအာဏာပိုင် Panama Canal Authority (ACP) က အရေးပေါ်လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခဲ့ပြီး ရေကာတာများနှင့် အခြားအရေးကြီးသော အခြေခံအဆောက်အအုံများကို စစ်ဆေးရန် နည်းပညာအဖွဲ့များကို စေလွှတ်ခဲ့သည်။ ထို့နောက်တွင် စစ်ဆေး‌တွေ့ရှိချက်အရ သင်္ဘောသွားလာသည့် အပိုင်းကဏ္ဍများကို ထိခိုက်မှု မရှိကြောင်း အတည်ပြုခဲ့သည်။  . .

Guide4U
2 351
အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီ စစ်တပ်က ခန့်အပ်ထားသော အစိုးရကို ထောက်ခံမှုဖြင့် စွပ်စွဲခံရသော မြန်မာစီးပွားရေးသမား ဦးသိန်းဝင်းဇော်၏ သမီး ဒေါ်သိန်းဝင်းထက်အပေါ် ပိတ်ဆို့အရေးယူသည့် အထူးသတ်မှတ်ထားသော နိုင်ငံသားများနှင့် ပိတ်ဆို့ထားသော ပုဂ္ဂိုလ်များစာရင်း (SDN စာရင်း)မှ သောကြာနေ့ (အောက်တိုဘာ ၉)တွင် ပယ်ဖျက်လိုက်သည်။ ထိုသို့ပယ်ဖျက်ပေးခဲ့ပြီးသည့်နောက်တွင် အမေရိကန်ဘဏ္ဍာရေးဌာနကို ဒေါ်သိန်းဝင်းထက်က ဇူလိုင်လတွင် ထပ်မံတရားစွဲဆိုထားသည်ကို ဒေါ်သိန်းဝင်းထက်၏ ရှေ့နေဖြစ်သု ဝါရှင်တန်ဒီစီအခြေစိုက် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကျွမ်းကျင်သူ အဲရစ် ဖာရာရီသည် တရားစွဲဆိုမှုကို မိမိဆန္ဒအလျောက် ပယ်ဖျက်ရန် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု မြို့တော်ရှိ ဖက်ဒရယ်တရားရုံးသို့ အကြောင်းကြားစာ တင်သွင်းခဲ့သည်။ ဘိုင်ဒန်အစိုးရသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် စစ်ဘက်အရာရှိများနှင့် ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဘဏ္ဍာရေးဌာနသည် ဒေါ်သိန်းဝင်းထက်၏ဖခင် ဦးသိန်းဝင်းဇော်နှင့် ၎င်း၏မိသားစုတို့မှ တည်ထောင်ခဲ့သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို ပစ်မှတ်ထားခဲ့သည်။ ထိုကုမ္ပဏီသည် စစ်တပ်သို့ လောင်စာဆီထောက်ပံ့ပေးပြီး စစ်တပ်ခေါင်းဆောင်များနှင့် နီးကပ်သောဆက်ဆံရေးရှိသော ကုမ္ပဏီ အနည်းဆုံး ၂၀ ခု ပိုင်ဆိုင်ကြောင်း ဌာနက ပြောကြားခဲ့သည်။ ဘိုင်ဒင်အစိုးရကို တရားစွဲဆိုမှုတွင် ဒေါ်သိန်းဝင်းထက်သည် SDN စာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအမှုကို ပြီးခဲ့သည့်နှစ် ၂၀၂၅ ဖေဖော်ဝါရီလက ပယ်ချခဲ့သည်။ ထို့နောက် ဇူလိုင်လတွင် သူမသည် ဖခင်၏လုပ်ငန်းတွင် သူမ ပါဝင်ပတ်သက်မှု မရှိဘဲ ပိတ်ဆို့အရေးယူခံထားရသည်ကို ဒုတိယအကြိမ် တရားစွံဆိုခဲ့သည်။။ ပိတ်ဆို့မှုများက သူမ၏ အမေရိကန်ခရက်ဒစ်ကတ်များကို ပိတ်ဆို့ထားပြီး သူမ၏ နိုင်ငံခြားဘဏ်အကောင့်များကို ကန့်သတ်ခြင်း၊ အကောင့်ဖွင့်ရန် ငြင်းပယ်ခံရခြင်း၊ အကောင့်ပိတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။ ပိတ်ဆို့မှုများကြောင့် အမေရိကန်တွင် ပညာသင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ နယူးယောက်တက္ကသိုလ်တွင် ဘွဲ့တစ်ခုရရှိခဲ့ပြီးနောက် ကိုလံဘီယာတက္ကသိုလ်တွင် မဟာဘွဲ့အတွက် စာရင်းသွင်းခဲ့သည်ကို စွန့်လွှတ်လိုက်ရသည်။ ယခုအခါ သူမသည် ယမန်နှစ်က အမေရိကန်၏ ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားခံခဲ့ရသော သူမ၏မိခင်နှင့်အတူ ထိုင်းနိုင်ငံတွင် နေထိုင်သည်။ အမေရိကန်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အခြား မြန်မာနိုင်ငံသား အများအပြားနှင့် စစ်တပ်ကို အကူအညီပေးသည်ဟု စွပ်စွဲခံရသော ကုမ္ပဏီတစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခဲ့သည်။ Source aljazeera #Guide4U