uk
Feedback
Guide4U

Guide4U

Відкрити в Telegram
2 362
Підписники
Немає даних24 години
-87 днів
-3430 днів
Архів дописів
Guide4U
2 360
နေ့အပူချိန်မြင့်မားခဲ့သော စခန်းများ၏ ၂၀-၉-၂၀၂၆ ရက်နေ့ အမြင့်ဆုံးနေ့အပူချိန်များ #HealthIndustryGuide
နေ့အပူချိန်မြင့်မားခဲ့သော စခန်းများ၏ ၂၀-၉-၂၀၂၆ ရက်နေ့ အမြင့်ဆုံးနေ့အပူချိန်များ #HealthIndustryGuide

Guide4U
2 360
မြို့တော်နှင့် ပြည်နယ်လျှပ်စစ်အာဏာပိုင်များသည် စမတ်မီတာများ တပ်ဆင်ခြင်း၊ စမတ်ဓာတ်အားလိုင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်အားလိုင်းများ တိုးချဲ့ခြင်းနှင့် ဘက်ထရီစွမ်းအင်သိုလှောင်မှုစနစ်များ တပ်ဆင်ခြင်း အပါအဝင် အဓိကအခြေခံအဆောက်အအုံ အဆင့်မြှင့်တင်မှုကိုလည်း ပြင်ဆင်နေကြသည်။ ဤအစီအစဉ်သည် အိမ်ထောင်စုများအတွက် ဝင်ငွေရှာဖွေပေးရုံသာမက အလုပ်အကိုင်များဖန်တီးရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းများကို ပံ့ပိုးပေးရန်လည်း ရည်ရွယ်ကြောင်း Mr Ekniti က ပြောကြားသည်။ ထိုင်းအစိုးရသည် ဆိုလာပြား အစိတ်အပိုင်းအချို့ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ ထိုင်းနိုင်ငံသည် အများပြည်သူတိာ့၏ နေရောင်ခြည်စွမ်းအင်စီမံကိန်းကို ၅ ဂိုင်ဂါဝပ်မှ ၁၀ ဂိုင်ဂါဝပ်သို့ နှစ်ဆတိုးမြှင့်ထားသည်။ #EnergyIndustryGuide

Guide4U
2 360
အစိုးရ၏ အချက်အလက်များအရ ယခုနှစ် ၂၀၂၆ ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံမှာ ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း၏ ၁၀% ခန့် ရှိသည်။ ဓာတ်ငွေ့ဖြင့် ဓာတ်အား ထုတ်လုပ်မှုသည် ၆၀% ကျော်ရှိသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် အသုံးပြုသော ဓာတ်ငွေ့၏ လေးပုံတစ်ပုံကျော်ကို တင်သွင်းသည်။ တင်သွင်းသည့် ပမာဏ၏ ထက်ဝက်ကို လက်ငင်းဈေးကွက်တွင် ကာလပေါက်ဈေးဖြင့် ဝယ်ယူသည်။ သို့ဖြစ်ရာ အီရန်စစ်ပွဲကြောင့် LNG ဈေးနှုန်းများ မြင့်တက်လာခြင်းကဲ့သို့သော ဂယက်များကို ခုခံကာကွယ်နိုင်ခြင်း မရှိချေ။ အိမ်ခေါင်မိုးပေါ် သို့မဟုတ် မြေပြင် သို့မဟုတ် ရေပြင်ပေါ်တွင် တပ်ဆင်နိုင်ပြီး ဆိုလာတပ်ဆင်မှုများအတွက် အိမ်ထောင်စုတစ်စုလျှင် ဘတ် ၅၀,၀၀၀ ထောက်ပံ့ကြေးကို အစိုးရက ပေးမည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် ကနဦးတွင် အိမ်ထောင်စု ၁ သန်းအထိ ရှိလာရန် မျှော်လင့်ထားပြီး ပြည်ထဲရေးဝန်ကြီးဌာနက ရည်မှန်းချက်ကို ၁.၅ သန်းအထိ တိုးချဲ့ရန် စဉ်းစားထားသည်။ အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ လျှပ်စစ်သုံးစွဲသူများမှ လျှပ်စစ်ထုတ်လုပ်သူများအဖြစ်သို့ ပြောင်းလဲပေးပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အားကို ဓာတ်အားလိုင်းသို့ ပြန်လည်ရောင်းချနိုင်စေရန်ဖြစ်ကြောင်း Mr Ekniti က ပြောကြားသည်။ ထိုင်းဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန Thailand Development Research Institute (TDRI) မှ စွမ်းအင်မူဝါဒကျွမ်းကျင်သူ Areeporn Asawinpongphan ၏ အဆိုအရ ထိုင်းအစိုးရ၏ စွမ်းအင်အသွင်ကူးပြောင်းရေး အစီအမံများ၊ အထူးသဖြင့် အိမ်သုံးခေါင်မိုးပေါ် ဆိုလာတပ်ဆင်မှုများကို မြှင့်တင်ခြင်းသည် ထိုင်းနိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်သို့ ပြောင်းလဲရန် ကောင်းမွန်သော အစပြုချက်တစ်ခု ဖြစ်သည်။ ဆိုလာစွမ်းအင်တပ်ဆင်မှု ကုန်ကျစရိတ်သည် ခေါင်မိုး ဆိုလာစနစ်များအတွက်သာမက ဆိုလာခြံများအတွက်ပါ သိသိသာသာ ကျဆင်းသွားသောကြောင့် အစိုးရ၏ ကြိုးပမ်းမှုများသည် နိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းရေးကို အမှန်တကယ် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သူမက မှတ်ချက်ပြုသည်။ ထိုင်းနိုင်ငံသည် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်လျှင် ပြည်ပမှ လောင်စာဆီ၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့ ရည်(LNG) တင်သွင်းရန် လိုအပ်ချက်ကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စွမ်းအင်အသွင်ကူးပြောင်းမှုကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး စွမ်းအင်ဖူလုံရေးကိုလည်း အားကောင်းစေမည်ဖြစ်သည်။ နေ့ခင်းဘက်တွင် လျှပ်စစ်ဓာတ်အား အများအပြားသုံးစွဲသော အိမ်ထောင်စုများအတွက် အသင့်တော်ဆုံးဖြစ်သည်။ အိမ်ထောင်စုတိုင်းအတွက် သင့်တော်မည်မဟုတ်။ နေ့ခင်းဘက်တွင် လျှပ်စစ်ဓာတ်အား အနည်းငယ်သာသုံးစွဲပြီး ညဘက်တွင် ပိုမိုသုံးစွဲသော အိမ်ထောင်စုများအတွက် ဘက်ထရီ သိုလှောင်မှုစနစ် မပါလျှင် ခေါင်မိုးဆိုလာစနစ် တပ်ဆင်ခြင်းသည် အကျိုးကျေးဇူး အလွန်နည်းပါးမည်ဟု Ms Areeporn က ပြောကြားသည်။ “ရင်းနှီးမြှုပ်နှံဖို့ ငွေတစ်လုံးတစ်ခဲတည်းမရှိတဲ့သူတွေ စိတ်ပူစရာမလိုပါဘူး။ အစပိုင်းရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးရန်အတွက် အစိုးရငွေစုဘဏ်၊ အစိုးရအိမ်ရာဘဏ်နှင့် စိုက်ပျိုးရေးနှင့် သမဝါယမဘဏ် အပါအဝင် နိုင်ငံပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းများကို ချေးငွေ ထုတ်ချေးပေးမယ့် အစီအစဉ်မှာ ထည့်သွင်းသွားပါမယ်။ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို လျှပ်စစ်အာဏာပိုင်က ဝယ်ယူပါမယ်။ လျှပ်စစ်ဓာတ်အားပြန်လည်ရောင်းချခြင်းမှ ရရှိလာတဲ့ဝင်ငွေ  ကို ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ ပြန်ဆပ်ရန်ငွေမှ ခုနှိမ်ပေးသွားပါမယ်" Mr Ekniti က ပြောကြားသည်။ သို့ဖြစ်ရာ အမိုးဆိုလာတွင် ရင်းနှီးမြှုပ်ရန်အတွက် အိမ်ထောင်စုအနေဖြင့် ငွေကြေး စိုက်ထုတ်ကျခံရန် မလိုချေ။ Mr Ekniti က ကနဦးခန့်မှန်းချက်များအရ ၅ ကီလိုဝပ်စနစ်ကို တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အား အနည်းငယ်သာ အသုံးပြုသော အိမ်ထောင်စုသည် ပိုလျှံသော လျှပ်စစ်ဓာတ်အားကို လျှပ်စစ်ဓာတ်အားပေးရေးဌာနများသို့ ရောင်းချခြင်းဖြင့် တစ်လလျှင် ဘတ် ၁၀၀၀ ခန့် ရရှိနိုင်သည်ဟု ပြောကြားသည်။ အိမ်ထောင်စုများသည် ၎င်းတို့ထုတ်လုပ်သော ဓာတ်အားကို အသုံးပြုပြီးနောက် ပိုလျှံသော ဓာတ်အားကို တစ်ကီလိုဝပ်နာရီလျှင် ဘတ် ၂.၂၀ (ဒေါ်လာ ၀.၀၆၆၁) နှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ပြီး ထုတ်လုပ်ရောင်းချခွင့် ရှိသည့် အများဆုံး ပမာဏကို လျှပ်စစ်မီတာတလုံးလျှင် ၅ ကီလိုဝပ်ဟု ကန့်သတ်ထားသည်။ ဤစနစ်သည် ဆိုလာပြားများ၏ သက်တမ်း ၂၅ နှစ်မှ ၃၀ နှစ်အထိ ဝင်ငွေရှာဖွေပေးနိုင်သည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်မားသော အိမ်ထောင်စုများအတွက် ခေါင်မိုးဆိုလာ တပ်ဆင်ခြင်းသည် လျှပ်စစ်ဓာတ်အားခများကို သိသိသာသာ သက်သာစေနိုင်သည်ဟု ၎င်းက ပြောကြားသည်။ ပါဝင်ရန် အဓိကအချက်မှာ ထောက်ပံ့မှု ရပိုင်ခွင့်တစ်ခုလျှင် လျှပ်စစ်မီတာပိုင်ရှင်တစ်ဦး ရှိရမည်။ လိမ်လည်မှုနှင့် မမှန်မကန် တောင်းခံရယူမှုများကို ကာကွယ်ရန်အတွက် လျှပ်စစ်အာဏာပိုင်များက စနစ်ချိတ်ဆက်မှု ပြီးစီးပြီးနောက်မှသာ ထောက်ပံ့ကြေးကို ပေးချေမည်ဖြစ်သည်။

Guide4U
2 360
ထိုင်းအစိုးရ၏ ခေါင်မိုးပေါ် ဆိုလာပြားများ တပ်ဆင်သည့်သူများအား ဘတ် ၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၅၂ ဘီလီယံ) ထောက်ပံ့ပေးမည့် အစီအစဉ်သည
+2
ထိုင်းအစိုးရ၏ ခေါင်မိုးပေါ် ဆိုလာပြားများ တပ်ဆင်သည့်သူများအား ဘတ် ၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၅၂ ဘီလီယံ) ထောက်ပံ့ပေးမည့် အစီအစဉ်သည် အောက်တိုဘာလလယ်တွင် စတင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က ပြောကြားသည်။ အောက်တိုဘာလလယ်တွင် တပ်ဆင်မှုတစ်ခုလျှင် ဘတ် ၅၀,၀၀၀ အထိ ထောက်ပံ့ကြေးပေးမည့် ဆိုလာခေါင်မိုးစီမံကိန်းအတွက် မှတ်ပုံတင်ခြင်းကို စတင်မည်ဖြစ်ပြီး ကနဦးတွင် အိမ်ထောင်စု ၁ သန်းကို ရည်မှန်းထားသည်။ ဘဏ္ဍာရေးဝန်ကြီးက အစီအစဉ်အတွက် ဘတ် ၅၀ ဘီလီယံသည် စွမ်းအင်အသွင်ကူးပြောင်းရေးစီမံကိန်းများအတွက် သတ်မှတ်ထားသော ရန်ပုံငွေ ဘတ် ၂၀၀ ဘီလီယံမှ ရရှိမည်ဖြစ်ကြောင်း ‌၎င်းက ပြောကြားသည်။ ဆိုလာတပ်ဆင်မှု ၏ထောက်ပံ့ကြေးသည် မြင့်တက်လာသော စွမ်းအင်ကုန်ကျစရိတ်များကြားတွင် အိမ်ထောင်စုများ၏ မီတာခအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်နှင့် ပထဝီနိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျ၏ သက်ရောက်မှုကို လျှော့ချရန် ရည်ရွယ်ကြောင်း  Mr Ekniti က ပြောကြားသည်။ . .

Guide4U
2 360
ဆီစားသက်သာမှုကို မြှင့်တင်ရန်နှင့် ဆွဲနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒီဇိုင်းထုတ်ထားသည့် ၃.၀ လီတာ ဒီဇယ်အင်ဂျင်ကို အသုံးပြုထားသည့်အပြင် ဆီတိုင်ကီကို ပိုကြီးပေးထားသဖြင့် ဆီအပြည့် ဖြည့်ထားပြီးလျှင် အဝေးပြေးလမ်းမကြီးတွင် ခရီးတာ မိုင် ၉၀၀ ကျော် မောင်းနှင်နိုင်မည်ဖြစ်သည်။ GM ၏ အပေါ့စားပစ်ကပ်ထရပ်ကားများတွင် အဓိကပြိုင်ဘက်များဖြစ်သည့် Ford နှင့် Ram ထုတ်လုပ်သူ Stellantis တို့သည် ၎င်းတို့၏ ပစ်ကပ်များ ဆီစားသက်သာမှု အမြင့်ဆုံးရရှိစေရန် ဟိုက်ဘရစ်ကားများကို အားကိုးနေကြသည်။ ယခုဆယ်စုနှစ်အစောပိုင်းတွင် Ford သည် ၎င်း၏ F-150 တွင် ဒီဇယ်အင်ဂျင်ကို ရပ်ဆိုင်းလိုက်ပြီး ဟိုက်ဘရစ်မော်ဒယ်ကို အစားထိုးခဲ့သည်။ ၂၀၂၈ ခုနှစ်မှာ F-150 နောက်မျိုးဆက်ကို ထုတ်လုပ်ရန် ရည်မှန်းထားသည်။ GM သည် နှစ်အတန်ကြာ ကတည်းက ဟိုက်ဘရစ်ကားများကို အများအားဖြင့် လက်ရှောင်ထားခဲ့သည်။ GM၊ Ford နှင့် Stellantis တို့သည် အမေရိကန်ဈေးကွက်ရှိ ကြီးမားသော ပစ်ကပ်ကားများ ရောင်းအား၏ ၉၀% ကျော်ကို ရရှိထားသည်။ ဆီစားသက်သာခြင်းနှင့် ဆွဲနိုင်စွမ်းမြင့်မားခြင်းတို့ဖြင့် ယှဉ်ပြိုင်နေကြသည်။ ဒီဇယ်အင်ဂျင်များသည် ဓာတ်ဆီအင်ဂျင်များထက် အဝေးပြေးလမ်းမကြီးပေါ်တွင် ဆီစားသက်သာသည်။ နောက်တွဲ ဆွဲနိုင်စွမ်း မြင့်မားခြင်း၊ ဝန် ကြီးမားသော ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်ခြင်းနှင့် တောင်တက်လမ်းတွင် ရုန်းအားပိုကောင်းခြင်း စသည့် အားသာချက်များ ရရှိသည်။ သို့ဖြစ်ရာ ကုန်တင်ထရပ်ကားကြီးများသည် ဒီဇယ်အင်ဂျင်များကို အသုံးပြုလေ့ရှိသည်။ Ford ၏ Super Duty နှင့် Ram 2500 အပါအဝင် ပိုကြီးမားသော ပစ်ကပ်ကားများတွင် ဒီဇယ်အင်ဂျင်များကို သုံးထားသည်။  အပေါ့စားထရပ်ကားများတွင် ဟိုက်ဘရစ်ကို သုံးကြသည်။ Ford ၏ လေးဘီးယက် ဟိုက်ဘရစ်သည် ပျမ်းမျှအားဖြင့် တစ်ဂါလံလျှင် ခရီးတာ ၂၃ မိုင် ရရှိသည်။  GM ၏ လက်ရှိ Silverado နှင့် Sierra ၏ လေးဘီးယက် ဒီဇယ်ဗားရှင်းများသည် တစ်ဂါလံလျှင် ၂၄ မိုင် ရရှိသည်။  Ram တွင် ခရီးတာတိုးချဲ့ ဟိုက်ဘရစ် ပစ်ကပ်ထရပ်ကား ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ GM ၏ ပြန်လည်ဒီဇိုင်းထုတ်ထားသည့် Silverado နှင့် Sierra ပစ်ကပ်ထရပ်ကားများတွင် ယခင်ကထက် ပိုကြီးပြီး ပိုအားကောင်းသည့် V-8 အင်ဂျင်အသစ် အသုံးပြုမည် ဖြစ်သည်။   Source reuters  #AutomobileIndustryGuide

Guide4U
2 360
General Motors GM သည် ဆီစားသက်သာမှု အမြင့်ဆုံးရရှိစေရန် ဒီဇယ်အင်ဂျင်ကို အသုံးပြုထားသော နောက်မျိုးဆက် ပစ်ကပ်ထရပ်ကားကို ထုတ်လုပ
+2
General Motors GM သည် ဆီစားသက်သာမှု အမြင့်ဆုံးရရှိစေရန် ဒီဇယ်အင်ဂျင်ကို အသုံးပြုထားသော နောက်မျိုးဆက် ပစ်ကပ်ထရပ်ကားကို ထုတ်လုပ်မည်။ ပြိုင်ဘက်များက ဆီစားသက်သာသော ဟိုက်ဘရစ်ကားများ ထုတ်လုပ်ကြသည့် လမ်းကြောင်းနှင့် တမူထူးခြား ကွဲပြားသည့် မဟာဗျူဟာ ဖြစ်သည်။ GM သည် ကုမ္ပဏီ၏ အမြတ်အများစုကို ရရှိနေသည့် ပစ်ကပ်များဖြစ်ပြီး GM ၏ မော်ဒယ်များအနက် ကမ္ဘာတစ်ဝှမ်းတွင် အရောင်းရဆုံး မော်ဒယ်များဖြစ်သည့် Chevrolet Silverado နှင့် GMC Sierra တို့ကို အင်ဂျင်ဒီဇိုင်းအသစ်ဖြင့် ယခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အင်ဂျင်ဒီဇိုင်း အကြီးစား ပြောင်းလဲမှု ဖြစ်သည်။ . .

Guide4U
2 360
#EnergyIndustryGuide
#EnergyIndustryGuide

Guide4U
2 360
System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေး မေတ္တာရပ်ခံခြင်း
+5
System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေး မေတ္တာရပ်ခံခြင်း

Guide4U
2 360
ပိတ်ပင်သည့် စာရင်းတွင် လူကြိုက်များသော အမှတ်တံဆိပ်များ ဖြစ်သည့် Old Monk ရမ်အမှတ်တံဆိပ်၏ The Legend၊ Gold Reserve နှင့် XXX Matured Rum မျိုးကွဲသုံးမျိုးအပြင် McDowell’s No 1 Rum၊ Bagpiper Deluxe Whisky၊ Old Cask Deluxe Rum နှင့် Royal Challenge Whisky တို့ ပါဝင်သည်။ အိန္ဒိယ အရက်ချက်စက်ရုံများတွင် အားလုံးနီးပါးသည် တင်လဲရည်ကို အချဉ်ဖောက်ပြီး အရသာမရှိ၊ အရောင်မရှိ၊ အပြင်းစား အရက်ကို ပေါင်းခံပြီး ထုတ်လုပ်ကြသည်။ ၎င်းအရက်ကို Extra Neutral Alcohol ENA ဟု ခေါ်တွင်သည်။ တင်လဲရည် (Molasses) (သကာရည်)သည် ကြံမှ သကြားထုတ်ယူပြီးနောက် ကျန်ရှိလာသော ပျစ်ချွဲညိုမည်းသည့် အရည်တစ်မျိုးဖြစ်ပြီး အရက်ချက်ရန် ဈေးပေါပေါဖြင့် ရနိုင်သည့် ကုန်ကြမ်းဖြစ်ပါသည်။ ရမ်ကို တင်လဲရည်ဖြင့် ချက်နိုင်သည်။ သို့သော် Old Monk က အရက်ပုလင်းပေါ်တွင် ၇ နှစ် သက်တမ်းရှိ ရမ် ရောနှောထားသည့် “7 years old blended” ရမ်ဖြစ်ကြောင်း ဖော်ပြထားသည်။ အကယ်စင်စစ် သာမန်အရက်ကို အနံ့အရသာနှင့် အရောင်တို့ ထည့်ပေးပြီး ရမ်အတု ထုတ်လုပ်ထားခြင်းသာ ဖြစ်နေသည့်အပြင် သက်တမ်း ၇ နှစ်ရှိ ရမ် ပါဝင်နှုန်းသည် ၅% အောက်၌သာ ရှိသည်။ သို့ဖြစ်ရာ မဆိုစလောက်သာ ရောထည့်ပေးထားခြင်း ဖြစ်သည်။ တင်လဲရည်ဖြင့် ချက်ထားသည့် မည်သည့အရက်ကို မဆို ဝီစကီ မဟုတ်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ "လူတွေက အိန္ဒိယအမှတ်တံဆိပ်တွေကို မယုံကြည်ကြဘူး၊ သူတို့ကို အပြစ်မတင်သင့်ဘူး။ တင်လဲရည် သုံးရင် ရမ်ပဲ။ ဝီစကီလို့ ခေါ်လို့မရဘူး။ ဝီစကီပုလင်းထဲမှာ တင်လဲရည်ရဲ့ အခန်းကဏ္ဍ မရှိဘူး"ဟု ကျွမ်းကျင်သူ တဦးက မှတ်ချက်ပြုသည်။ အိန္ဒိယတွင် ရောင်းချနေသည့် ဝီစကီများတွင် ၉၀% သည် တင်လဲရည်ဖြင့် ချက်ထားသည့် အရက်များ ဖြစ်သည်။ အိန္ဒိယတွင် စစ်မှန်သော ပရီမီယံ IMFL  (Indian Made Foreign Liquor) (အိန္ဒိယလုပ် နိုင်ငံခြားအရက်) အမှတ်တံဆိပ်များလည်း ရှိသည်။ ဂိုအာရှိ John Distilleries တွင် အိန္ဒိယမုယောစပါး ၁၀၀% ဖြင့် အရက်ချက်ထားသော ဝီစကီ စစ်စစ်ကို ထုတ်လုပ်သည်။ Camikara ကဲ့သို့သော ရမ်အသစ်များကိုမူ လတ်ဆတ်သော ကြံရည်မှ ပေါင်းခံချက်လုပ်ထားသည်။ ၂၀၀၂ ခုနှစ်တွင် ဥရောပသမဂ္ဂက အိန္ဒိယအား ၎င်း၏ တင်လဲရည်အခြေခံ ဝီစကီကို ဥရောပတွင် ရောင်းချနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဝီစကီမဟုတ်ဘဲ ရမ်အဖြစ်ဖြင့်သာ ရောင်းချနိုင်ကြောင်း ပြောကြားခဲ့သည်။ တစ်နှစ်အကြာတွင် အီးယူသည်  အိန္ဒိယဝီစကီများ  အီးယူဈေးကွက်သို့ ပိုမိုဝင်ရောက်ခွင့်အတွက် အိန္ဒိယ၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး တင်လဲရည်မှရရှိသော အရက်သည် ဝီစကီ အရည်အချင်း မပြည့်မီဟု ဆိုကာ ပယ်ချခဲ့သည်။ #FoodIndustryGuide

Guide4U
2 360
အိန္ဒိယနိုင်ငံ အစားအသောက်ဘေးကင်းရေးနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့ Food Safety and Standards Authority of India FSSAI သည်
+4
အိန္ဒိယနိုင်ငံ အစားအသောက်ဘေးကင်းရေးနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့ Food Safety and Standards Authority of India FSSAI သည် McDowell’s No 1 Rum၊ Bagpiper Deluxe Whisky နှင့် Old Monk မျိုးကွဲသုံးမျိုး အပါအဝင် လူကြိုက်များသော IMFL  (Indian Made Foreign Liquor) (အိန္ဒိယလုပ် နိုင်ငံခြားအရက်) အမှတ်တံဆိပ်များ ရောင်းချခြင်းကို တားမြစ်ထားသည်။ အိန္ဒိယ အရက်လုပ်ငန်းကဏ္ဍတွင် ဈေးပေါပေါဖြင့်ရသည့် တင်လဲရည်ကို သတ်သတ်မှတ်မှတ် အနံ့အရသာ အရောင် မရှိသည့် သာမန် အရက်အဖြစ် ပေါင်းခံထုတ်လုပ်ပြီးနောက် အနံ့အရသာ၊ အရောင်ကို ထည့်ပြီး ဝီစကီနှင့် ရမ်အဖြစ် ပုလင်းသွတ် တံဆိပ်ကပ်ပြီး ရောင်းချကြသည်။ FSSAI သည် ဓာတ်ခွဲခန်း စမ်းသပ်မှုများအရ သာမန် အယ်လ်ကိုဟော အသုံးပြုထားပြီး အရသာအစစ်အမှန်ကို တုပရန် အနံ့အရသာနှင့် အရောင်ထည့်သွင်းထားကြောင်း တွေ့ရှိခဲ့ရသဖြင့် ရမ်နှင့် ဝီစကီ တံဆိပ်အချို့ကို ရောင်းချခြင်း မပြုရန် ၂၀၂၆ စက်တင်ဘာလဆန်းပိုင်းတွင် ပိတ်ပင်လိုက်သည်။ အရေးယူနိုင်ရန် တရားစွဲဆိုထားသည်။ . .

Guide4U
2 360
ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့အများဆုံး တင်သွင်းသူ အိန္ဒိယသည် စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်နေခြင် ထိန်းချုပ်ရန် ဟင်းသီးဟင်းရွ
ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့အများဆုံး တင်သွင်းသူ အိန္ဒိယသည် စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်နေခြင် ထိန်းချုပ်ရန် ဟင်းသီးဟင်းရွက်ဆီများအပေါ် သွင်းကုန်အခွန်များ လျှော့ချရန် စဉ်းစားနေသည်။ အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ထက် ၂၀% နီးပါး မြင့်တက်လာခဲ့သည်။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ အိမ်ထောင်စုများသည် ပွဲတော်များကို သကြားလုံးများ၊ မုန့်များနှင့် အကြော်များဖြင့် ကျင်းပသောကြောင့် ဟင်းသီးဟင်းရွက်ဆီ သုံးစွဲမှု မြင့်မားနေလေ့ရှိသည်။  ယခုအခါ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအား အမြင့်ဆုံးသို့ ရောက်ရှိသည့် ပွဲတော်ရာသီ စတင်နေချိန် ဖြစ်သည်။ အိန္ဒိယသည်  ဟင်းသီးဟင်းရွက်ဆီ လိုအပ်ချက်၏ သုံးပုံနှစ်ပုံနီးပါးကို မလေးရှား၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ ရုရှားနှင့် ယူကရိန်းတို့မှ အဓိကအားဖြင့် စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီတို့ တင်သွင်းပြီး ဖြည့်ဆည်းပေးပါသည်။ အိန္ဒိယက စားအုန်းဆီကြမ်းနှင့်ပဲပုပ်ဆီကြမ်းတို့၏ သွင်းကုန်ခွန် လျှော့ချသည့်အခါ ၎င်းဆီနှစ်မျိုး၏ ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်သွားလေ့ရှိပါသည်။ #FoodIndustryGuide 

Guide4U
2 360
သဘောတူညီချက်အသစ်အရ Aito သည် Seres Auto၏ အမှတ်တံဆိပ်ခွဲ တခုအဖြစ်သို့ အပြည့်အဝ ရောက်ရှိသွားသည်။  HIMA လုပ်ကိုင်သည့် ပုံစံမှာ Huawei သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စျေးကွက်ရှာဖွေရေးကို ဦးဆောင်သည့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်။  မိတ်ဖက် မော်တော်ကားထုတ်လုပ်သူ(Chery၊ BAIC၊ JAC နှင့် SAIC) သည် ထုတ်လုပ်ရေးအတွက်သာ အဓိက တာဝန်ရှိသည်။ Huawei ၏ အရောင်းဆိုင်များတွင် ရောင်းချသည်။ ယခုအခါ Aito သည် လက်လီအရောင်းဆိုင်များ ထားရှိပြီး ရောင်းချရမည် ဖြစ်သည်။  Source: Weibo – HIMA, WeChat – Che Shi Du Ping (Auto Market Independent Review) #AutomobileIndustryGuide

Guide4U
2 360
Seres Auto က Huawei နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည့် ကားအမှတ်တံဆိပ် Aito သည် ယခုနှစ် ၂၀၂၆ ပထမနှစ်ဝက်၌ အမြတ်ရရှိမှု ကျဆင်းန
Seres Auto က Huawei နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည့် ကားအမှတ်တံဆိပ် Aito သည် ယခုနှစ် ၂၀၂၆ ပထမနှစ်ဝက်၌ အမြတ်ရရှိမှု ကျဆင်းနေချိန်တွင် ယခင်သဘောတူညီချက်အရ Huawei ကို ကားတစ်စီး ရောင်းချရတိုင်း ကန်ဒေါ်လာ ၇၅၀၀ ပေးနေရသဖြင့် သဘောတူညီချက် အသစ်ရယူကာ Huawei ပါဝင်သည့် အခန်းကဏ္ဍကို လျှော့ချလိုက်ပြီး Aito ကို ထိန်းချုပ်လိုက်သည်။ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei သည် Seres Auto နှင့် Aito ပူးပေါင်းဆောင်ရွက်မှုတွင် စည်းကမ်းချက်အသစ်များကို ကြေညာသည်။ Seres Auto သည် မော်ဒယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ရောင်းချပြီးနောက်လုပ်ငန်းကဏ္ဍများကို ကိုင်တွယ်မည်။ Huawei သည် ပူးပေါင်းဆောင်ရွက်မှု စစချင်းကာလကအတိုင်း နည်းပညာပံ့ပိုးပေးသူ အခန်းကဏ္ဍသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။  Aito သည် Huawei ၏ Harmony Intelligent Mobility Alliance (HIMA) ထီးရိပ်အောက်တွင် ဆက်ရှိနေမည်။    HIMA က ကားအမှတ်တံဆိပ် Aito တခုတည်းကိုသာ သီးခြား လွတ်လပ်စွာ ရပ်တည်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ Luxeed, Stelato, Maextro, SAIC (Shangjie) အစရှိသည့် ကျန်ကားအမှတ်တံဆိပ်များသည် Huawei ၏ ဦးဆောင်မှု ‌အောက်တွင် ဆက်ရှိနေကြောင်း ကြေညာချက် ထုတ်ပြန်သည်။ . .

Guide4U
2 360
အစားအသောက်ဆိုင်ရာ သိပ္ပံပညာရပ် (Food Science)၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) နှင့် အစားအသောက် အရည်အသွေး ထိ
+2
အစားအသောက်ဆိုင်ရာ သိပ္ပံပညာရပ် (Food Science)၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) နှင့် အစားအသောက် အရည်အသွေး ထိန်းချုပ်စီမံမှု (Food Management)အစရှိသည့် စိတ်ဝင်စားစရာ ပညာရပ်များကို လူတိုင်း အလွယ်တကူ လေ့လာခွင့်ရစေရန် ရည်ရွယ်ကာ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐢𝐧 𝐅𝐨𝐨𝐝 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐒𝐚𝐟𝐞𝐭𝐲 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ဖွင့်လှစ်ထားပါသည်။ စိတ်ပါ၀င်စားသူများ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။ Online Learning Program ပြီးဆုံးပါက အထောက်အထားလက်မှတ် (Certificate) ပေးအပ်မည် ဖြစ်ပါသည်။ အရည်အချင်း - စိတ်ဝင်စားသူများ မည်သူမဆို လျှောက်ထားနိုင်ပါသည်။  ကာလ - ၁၆-၁၁-၂၀၂၆ မှ ၁၆-၁-၂၀၂၇ ထိ အချိန် - Online Email Course (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်ပါသည်။) သင်တန်းကြေး - ၂၂၃၀၀ ကျပ် (မိမိအဆင်ပြေရာ Pay ဖြင့် ပေးသွင်းနိုင်ပါသည်၊၊) လျှောက်ထားရန် Link - http://tiny.cc/FSSM-apply ပါဝင်မည့် Course Topics များနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက - https://m.me/FoodSSMO တွင် မေးမြန်းစုံစမ်းနိုင်ပါသည်။ #FoodIndustryGuide

Guide4U
2 360
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ FoodIndustryGuide 20 . 9 . 2026 ( Sunday ) 12:00 PM ကောက်ပဲသီးနှံဈေးနှုန်းများ ဂျုံစေ့ - ၆၀ ပိဿာ တောင်ဘက်/ငါန်းဇွန် /မြို့သာ - (သစ်) 265000/ 270000/ မုံရွာ/ဘုတလင်/ရွှေဘို - (သစ်) 265000/ 270000 မြင်းမူ/မြောင် - (သစ်)265000/ 270000 ကလေး - (သစ်)- 190000/ 200000 ရှမ်း - (သစ်) 210000/ 220000 ထွက်တိုး - (သစ်)220000 225000 ပန်ဆိုင်း/ကြူကုတ် - (သစ်)- 185000/200000 ဂျုံဖွဲ - ၁ ပိဿာ - 2000/ 2100/ 2200 ကုလားပဲလုံး V2 - ၅၇.၂၅ ပိဿာ - (သစ်) V7 - ၅၇.၂၅ ပိဿာ - (သစ်) ကုလားပဲခြမ်း - (၁ပိဿာ) V2ခြမ်း - (သစ်) 5550/5600 V7ခြမ်း - (သစ်) - 5500/5550/ V9ခြမ်း - TWခြမ်း - (သစ်)- 6050/ 6100 929 ခြမ်း - (သစ်) 5950/ 6000 ပဲစင်းငုံ - ၆၀ ပိဿာ ပဲစင်းငုံ (နီ) -( သစ်) 335000/ 340000 ပဲစင်းငုံ (ဖြူ) - (သစ်)310000/ ပဲယင်း - ၆၀ ပိဿာ ပဲယင်း(ကြီး)- 235000/ 238000/ ယင်း(လတ် / သေး)-225000 230000/ 235000 ပဲယင်းနီ -(ညာ)- 260000/ 265000/ 270000 ပဲတီစိမ်း ၅၆.၂၅ ပိဿာ ပဲတီစိမ်း - (ညာ) (သစ်)-220000/ 225000/ 230000/ 237000 ခွဲပဲ -195000/ 200000/ 205000/ ပဲလွန်း ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ - (သစ်)- 165000/ 170000/ ပဲကြီး - ၅၅.၂၅ပိဿာ ပဲကြီး (က) - (သစ်) (ကျောက်တွင်း)- 770000/780000/ 790000 ပဲကြီး (လ) - (သစ်)745000/ 750000 ပဲကြီး (သ) - (သစ်)725000/ 730000 ပဲကြီး(သေး) (မိုးမိတ်) - (သစ်)730000/ 745000/ ပဲရာဇာ (လုံး) - ၃တင်း= ၆၁.၂၅ ပိဿာ ပဲရာဇာ (ခြမ်း) - ၁ ပိဿာ -12200 ပဲထောပတ် - ၅၆.၂၅ ပိဿာ ထောပတ်ပဲ (ဂေါက်) - (သစ်) 420000/ 450000 ထောပတ်ပဲ (က) - (သစ်) 350000/400000 ထောပတ်ပဲ (လ) - (သစ်) 270000/ 290000 ထောပတ်ပဲ (သေး) - (သစ်) (ညာ)220000/ 225000 ထောပတ်ပဲ (သေး) - (ယော) ပဲကြား - ၅၆.၂၅ ပိဿာ - (သစ်) 480000/ 500000 ပဲနီပြား - ၅၅.၂၅ ပိဿာ - (သစ်)(တံတားဦး)520000/ 530000/575000 (ကျွန်း)500000/ 520000/ 550000/ 585000/ 600000/ 635000 ပဲဇီးကွက် - ၅၈.၂၅ ပိဿာ - (သစ်) 370000/ 375000 စွန်တာပြာ ၅၈.၂၅ ပိဿာ- ( သစ်) ပဲပုပ်  ( ၅၃ . ၂၅ ) ပိဿာ ပဲပုပ် ၅၃. ၂၅ ပိဿာ(စက်ပဲ) 2600000/ 280000/ 300000/ ပဲပုပ် ( ဗမာ) ၅၃. ၂၅ ပိဿာ - 415000 ပဲပုပ် (ရှမ်း) ၅၃. ၂၅ ပိဿာ - (သစ်)350000/ 360000/370000 ပဲပုပ် (မိုးညှင်း) ၅၃. ၂၅ ပိဿာ - (ဟ)38000/ 385000/ မြေထောက်ပဲ - ၅၄ ပိဿာ (ညာ) - (သစ်) 360000/ 37000/ 375000/ 380000 မတ်ပဲ - ၆၀ ပိဿာ (ကျောက်ရစ်) - 300000/ 305000/ စားတော် - ၅၉.၂၅ ပိဿာ ကနေဒါ -(သစ်) -370000/ 380000/ 410000/ ယူကရိန်း - ကျွန်း - (သစ်)-750000/ 770000/ စားတော်ခြမ်း - ၁ ပိဿာ - ပဲချဉ်ပေါင် - ၆၀ ပိဿာ -175000/ 180000 ချဉ်ပေါင်စေ့/ ဘိလပ်စေ့ - ၄၅ ပိဿာ - ပြောင်း ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - (သစ်)- ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ-86000/ 87000 ပြောင်းဖူး (CP) - ၅၄ ပိဿာ - ပြောင်းဖူး (လှော်) - ၅၄ ပိဿာ -83000/ 84000 နံနံစေ့ - (၁)တင်း - (သစ်) -160000/ 170000 မုန်ညှင်းစေ့ - ၁ ပိဿာ - 8200/ 8300 စမုံနက် - ၁ ပိဿာ - 15000/ 15500/ စမုံစပါး - ၁ ပိဿာ -(သစ်)9300/ 9500 ကြက်ဆူ -၃၆ ပိဿာ - - 155000 နှမ်း - ၄၅ ပိဿာ- နှမ်းနက် (စမုန်) - (သစ်)- (မလွတ်)46500/ 485000/ 500000/ (AV) 530000/ 540000/ 550000/ နှမ်းဖြူ (JP) - 480000/ 485000/ နှမ်းဖြူ (ဗမာ) - 455000/ 460000 နှမ်းဖြူ ( ခြုံကျော်) - နှမ်းညို - (သစ်) 470000/ 475000/ 480000/ (ထောင်)490000/ နှမ်းနီ - 470000 ပန်းနှမ်း -345000/ 348000 ဆီနေကြာ -၂၇ ပိဿာ- 215000/ 217000/ မြေပဲဆံ - ၁ ပိဿာဈေးနှုန်း S1လုံးဆံ -(သစ်) 12200/ 12300/ 12400 S1ဆီဆံ - -(သစ်) 11300/ 11600/ (တပေါက်ကျ)- 11700/ 11900 / (နွားထိုး)12200/12400 အနီလုံးဆံ - 12200/ 12300 အနီဆီဆံ -11500 / 11800/ ဆီနှင့် အဖတ် ပဲဆီ - ၁ ပိဿာ -21000/ 22000 ပဲဖတ်- ၁ ပိဿာ -7050/ 7100/ နှမ်းဆီ - ၁ပိဿာ - 18000/ 18500 နှမျးဖတ် - ၁ ပိဿာ - (သစ်)5100/ 5200/ နေကြာဖတ် - ၁ပိဿာ - 4200/ 4300/ 4400 မုန့်ညှင်းဆီ - ၁ ပိဿာ - မုန့်ညှင်းဖတ် - ၁ ပိဿာ - 4500 မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ #FoodIndustryGuide

Guide4U
2 360
ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအနေဖြင့်ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြုမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့မှ  Telematics စနစ် တပ်ဆင်စေ၍ သွားလာခွင့်ပြုထားပါသည်။  Telematics စက်တပ်ဆင်၍ အမြန်လမ်းအသုံးပြုမည့် ယာဉ်များအနေဖြင့် မိမိယာဉ်၏ တာယာပန်း ၊ဘရိတ်၊ဆိုင်းထိန်းစနစ် (Suspension System)၊ ဟွန်း၊ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်(Lighting / Electric System)များကောင်းမွန်ရန်လိုအပ်ပြီး ယာဉ်၏ ကိုယ်ထည် (Coach) နှင့် ဖရိန်များကြံ့ခိုင်၍ကိုယ်ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာလျှင် စာရင်းသွင်းကာ တပ်ဆင်/သက်တမ်းတိုး ခွင့်ပြုမည်ဖြစ်ပြီး  ဖော်ပြပါအချက်များ မပြည့်စုံပါက စက်တပ်ဆင်ရန်ငြင်းပယ်ခံရမည်ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှု/တောက်ပသစ်လွင်မှုကို အမြဲစစ်ဆေးပြုပြင်နေရန်လိုအပ်ပါသည်။ ကြံ့ခိုင်မှုအားနည်းသောခရီးသည်တင်နှင့်ကုန်တင်ယာဥ်ကြီးများ ကြောင့် အမြန်လမ်းမကြီးပေါ်တွင် 100km/hr နှုန်းဖြင့်  မောင်းနှင်နေသောလူစီးယာဉ်ငယ်များ အနှောင့် အယှက် ဖြစ်ခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ခြင်း ၊ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း စသဖြင့် မလိုလားအပ်သော ပြဿနာ/ထိခိုက်မှုများ မဖြစ်ပွားစေရန်အတွက် ယာဥ်အား ပုံမှန်စစ်ဆေး ပြုပြင်ကြရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းဖြစ်သော မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာ မောင်းနှင်ကြပါရန် သတိပေးအပ်ပါသည်။ >>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့<<<< #LogisticsIndustryGuide

Guide4U
2 360
ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင် မုံရွာမြို့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ထုတ်ဝေသည့် ကုန်ပေါက်ဈေ
ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင် မုံရွာမြို့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ထုတ်ဝေသည့် ကုန်ပေါက်ဈေးနှုန်း #FoodIndustryGuide 

Guide4U
2 360
လေဖိအားနည်းရပ်ဝန်းအခြေအနေ = ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်
လေဖိအားနည်းရပ်ဝန်းအခြေအနေ = ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၇၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ မိုးဇလ #Guide4U

Guide4U
2 360
Tesla က ဂျပန်မှာ Model Y ဈေးနှုန်းကို ယန်း ၅.၆ သန်း သတ်မှတ်ထားပါတယ်။ တိုကျိုတွင် နေထိုင်သော ဝယ်ယူသူတစ်ဦးသည် အမျိုးသားနှင့် မြို့တော် ထောက်ပံ့ငွေများတွင် အများဆုံး ယန်း ၂ သန်းခန့် ရရှိတာကြောင့် ယန်း ၃.၆ သန်း (ဒေါ်လာ ၂၂,၈၈၉) ဖြင့် Model Y ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Model 3 ကို ယန်း ၃.၃ သန်းဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ တရုတ်နိုင်ငံမှာ Model Y တစ်စီးရဲ့ ဈေးနှုန်းက ယွမ် ၂၆၃,၅၀၀ (ဒေါ်လာ ၃၉,၃၄၄) ဝန်းကျင်ကနေ စတင်ပါတယ်။  တိုကျိုဈေးနှုန်းက သိသိသာသာ သက်သာနေပါတယ်။  Source japantimes  #AutomobileIndustryGuide

Guide4U
2 360
အမေရိကန် အီးဗီထုတ်လုပ်သူ Tesla ရဲ့ အရောင်းရဆုံး လျှပ်စစ်ကားမော်ဒယ် Model Y ဟာ ကမ္ဘာပေါ်မှာ တခြားနေရာတွေထက် တိုကျိုမှာ ဈေးပိုသ
အမေရိကန် အီးဗီထုတ်လုပ်သူ Tesla ရဲ့ အရောင်းရဆုံး လျှပ်စစ်ကားမော်ဒယ် Model Y ဟာ ကမ္ဘာပေါ်မှာ တခြားနေရာတွေထက် တိုကျိုမှာ ဈေးပိုသက်သာနေပါတယ်။ ကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ယန်းငွေတန်ဖိုး အားနည်းတာ၊ ဒီနှစ်မှာ မိတ်ဆက်ခဲ့တဲ့ အစိုးရရဲ့ ရက်ရောတဲ့ ထောက်ပံ့ကြေးတွေကြောင့် Model Y ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၂၃၀၀၀ အောက်ကို ကျဆင်းသွားပါတယ်။  Tesla ဟာ ပြည်တွင်းအမှတ်တံဆိပ်တွေ လွှမ်းမိုးထားတဲ့ ဈေးကွက်ထဲမှာ အီးဗီ ဝယ်ယူမယ့်သူတွေကို စည်းရုံးသိမ်းသွင်းဖို့ ဂျပန်နိုင်ငံက ကြော်ငြာတွေမှာ ရနိုင်မယ့် အစိုးရ ထောက်ပံ့ကြေးတွေကို မီးမောင်းထိုးပြထားပါတယ်။ Model Y ဟာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဂျပန်နိုင်ငံမှာ အစီးရေ အများဆုံး တင်သွင်းတဲ့ မော်ဒယ် ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလညိး ဂျပန်မှာ အမေရိကန်ကားများ ပိုမိုရောင်းချရန် တွန်းအားပေးနေပါတယ်။ Tesla က အမေရိကန် ကားကုမ္ပဏီ ဖြစ်ပေမဲ့ ဂျပန်မှာ ရောင်းချတဲ့ ကားတွေက တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ Tesla ရဲ့ ကားစက်ရုံမှာ ထုတ်လုပ်တဲ့ Model Y တွေကို ဂျပန်သို့ တင်ပို့ပြီး ရောင်းချနေတာဖြစ်ပါတယ်။ . .