2 363
Suscriptores
Sin datos24 horas
-87 días
-3430 días
Archivo de publicaciones
2 363
ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအနေဖြင့်ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြုမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့မှ Telematics စနစ် တပ်ဆင်စေ၍ သွားလာခွင့်ပြုထားပါသည်။ Telematics စက်တပ်ဆင်၍ အမြန်လမ်းအသုံးပြုမည့် ယာဉ်များအနေဖြင့် မိမိယာဉ်၏ တာယာပန်း ၊ဘရိတ်၊ဆိုင်းထိန်းစနစ် (Suspension System)၊ ဟွန်း၊ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်(Lighting / Electric System)များကောင်းမွန်ရန်လိုအပ်ပြီး ယာဉ်၏ ကိုယ်ထည် (Coach) နှင့် ဖရိန်များကြံ့ခိုင်၍ကိုယ်ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာလျှင် စာရင်းသွင်းကာ တပ်ဆင်/သက်တမ်းတိုး ခွင့်ပြုမည်ဖြစ်ပြီး ဖော်ပြပါအချက်များ မပြည့်စုံပါက စက်တပ်ဆင်ရန်ငြင်းပယ်ခံရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှု/တောက်ပသစ်လွင်မှုကို အမြဲစစ်ဆေးပြုပြင်နေရန်လိုအပ်ပါသည်။ ကြံ့ခိုင်မှုအားနည်းသောခရီးသည်တင်နှင့်ကုန်တင်ယာဥ်ကြီးများ ကြောင့် အမြန်လမ်းမကြီးပေါ်တွင် 100km/hr နှုန်းဖြင့် မောင်းနှင်နေသောလူစီးယာဉ်ငယ်များ အနှောင့် အယှက် ဖြစ်ခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ခြင်း ၊ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း စသဖြင့် မလိုလားအပ်သော ပြဿနာ/ထိခိုက်မှုများ မဖြစ်ပွားစေရန်အတွက် ယာဥ်အား ပုံမှန်စစ်ဆေး ပြုပြင်ကြရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းဖြစ်သော မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာ မောင်းနှင်ကြပါရန် သတိပေးအပ်ပါသည်။
>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့<<<<
#LogisticsIndustryGuide
2 363
ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင် မုံရွာမြို့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ထုတ်ဝေသည့် ကုန်ပေါက်ဈေးနှုန်း
#FoodIndustryGuide
2 363
လေဖိအားနည်းရပ်ဝန်းအခြေအနေ
=
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၇၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးဇလ
#Guide4U
2 363
Tesla က ဂျပန်မှာ Model Y ဈေးနှုန်းကို ယန်း ၅.၆ သန်း သတ်မှတ်ထားပါတယ်။
တိုကျိုတွင် နေထိုင်သော ဝယ်ယူသူတစ်ဦးသည် အမျိုးသားနှင့် မြို့တော် ထောက်ပံ့ငွေများတွင် အများဆုံး ယန်း ၂ သန်းခန့် ရရှိတာကြောင့် ယန်း ၃.၆ သန်း (ဒေါ်လာ ၂၂,၈၈၉) ဖြင့် Model Y ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Model 3 ကို ယန်း ၃.၃ သန်းဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ တရုတ်နိုင်ငံမှာ Model Y တစ်စီးရဲ့ ဈေးနှုန်းက ယွမ် ၂၆၃,၅၀၀ (ဒေါ်လာ ၃၉,၃၄၄) ဝန်းကျင်ကနေ စတင်ပါတယ်။ တိုကျိုဈေးနှုန်းက သိသိသာသာ သက်သာနေပါတယ်။
Source japantimes
#AutomobileIndustryGuide
2 363
အမေရိကန် အီးဗီထုတ်လုပ်သူ Tesla ရဲ့ အရောင်းရဆုံး လျှပ်စစ်ကားမော်ဒယ် Model Y ဟာ ကမ္ဘာပေါ်မှာ တခြားနေရာတွေထက် တိုကျိုမှာ ဈေးပိုသက်သာနေပါတယ်။
ကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ယန်းငွေတန်ဖိုး အားနည်းတာ၊ ဒီနှစ်မှာ မိတ်ဆက်ခဲ့တဲ့ အစိုးရရဲ့ ရက်ရောတဲ့ ထောက်ပံ့ကြေးတွေကြောင့် Model Y ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၂၃၀၀၀ အောက်ကို ကျဆင်းသွားပါတယ်။
Tesla ဟာ ပြည်တွင်းအမှတ်တံဆိပ်တွေ လွှမ်းမိုးထားတဲ့ ဈေးကွက်ထဲမှာ အီးဗီ ဝယ်ယူမယ့်သူတွေကို စည်းရုံးသိမ်းသွင်းဖို့ ဂျပန်နိုင်ငံက ကြော်ငြာတွေမှာ ရနိုင်မယ့် အစိုးရ ထောက်ပံ့ကြေးတွေကို မီးမောင်းထိုးပြထားပါတယ်။
Model Y ဟာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဂျပန်နိုင်ငံမှာ အစီးရေ အများဆုံး တင်သွင်းတဲ့ မော်ဒယ် ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလညိး ဂျပန်မှာ အမေရိကန်ကားများ ပိုမိုရောင်းချရန် တွန်းအားပေးနေပါတယ်။
Tesla က အမေရိကန် ကားကုမ္ပဏီ ဖြစ်ပေမဲ့ ဂျပန်မှာ ရောင်းချတဲ့ ကားတွေက တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ Tesla ရဲ့ ကားစက်ရုံမှာ ထုတ်လုပ်တဲ့ Model Y တွေကို ဂျပန်သို့ တင်ပို့ပြီး ရောင်းချနေတာဖြစ်ပါတယ်။
.
.
2 363
“Taobao Shangou ဝတ်စုံဒီဇိုင်းက ပို့ဆောင်ရေးဝန်ထမ်းဝတ်စုံကို လူသိများတဲ့ ပရော်ဖက်ရှင်နယ်ဝတ်စုံအဖြစ် ပြောင်းလဲပေးလိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်၊ လူ့အဖွဲ့အစည်းက ဒီအရေးကြီးတဲ့ အလုပ်အကိုင်ကို ဘယ်လိုမြင်လဲဆိုတာကို ပြန်လည်ပုံဖော်ပေးပါလိမ့်မယ်” လို့ ဆုပေးပွဲစီစဉ်ရေးကော်မတီဥက္ကဋ္ဌ Dario Olivero က ပြောပါတယ်။
ယူနီဖောင်းကို ဒီဇိုင်းထုတ်ခဲ့တဲ့အဖွဲ့အတွက် ဒီအကြံအစည်ဟာ Alibaba Group Holding ရဲ့ တည်ထောင်သူ Jack Ma နဲ့ ပြီးခဲ့တဲ့နှစ်က ဆွေးနွေးမှုကနေ စတင်ခဲ့တာလို့ ပို့ဆောင်ရေး ဝန်ထမ်းဝတ်စုံတွေရဲ့ ဦးဆောင်ဒီဇိုင်နာ Yang Tao က ပြောပါတယ်။
“မော်တော်ဆိုင်ကယ်နဲ့ ပစ္စည်း ပို့ဆောင်ပေးနေသူတွေဟာ တရုတ်နိုင်ငံမှာ အရေးပါတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ဖြစ်လာပါပြီ။ စားဖိုမှူးတွေက ယူနီဖောင်းတွေ ဝတ်ဆင်ကြပြီး လေယာဉ်အမှုထမ်းတွေက ယူနီဖောင်းတွေ ဝတ်ဆင်ကြပါတယ်။ ဒါဆို ဘာလို့ စီးနင်းသူတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ပရော်ဖက်ရှင်နယ်ယူနီဖောင်း မရှိရတာလဲ” လို့ Yang က ဆုလက်ခံရယူရင်း ပြောပါတယ်။
ယူနီဖောင်းအတွက် သူ့ရဲ့ဒီဇိုင်းအဖွဲ့မှာ ပရော်ဖက်ရှင်နယ်ဒီဇိုင်နာတွေ မပါဝင်ဘဲ စားသောက်ဆိုင်ပိုင်ရှင်နဲ့ အကသမားဟောင်းတစ်ဦးတို့ပဲ ပါဝင်ပါတယ်။
ဒီဇိုင်းဖန်တီးတဲ့ လုပ်ငန်းစဉ်မှာ ဒီဇိုင်းထုတ်သူတို့က တူညီဝတ်စုံရဲ့ စတိုင်ကို လက်တွေ့ကျသောကိစ္စရပ်များနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကြားမှာ ဆိုင်ကယ် စီးနင်းသူကို မြင်သာစေမယ့် အရောင်များ ရွေးချယ်ခဲ့ကြပါတယ်။
အထည်သားကိုလည်း ချွေးနဲ့မိုးရေ နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိတဲ့ အထည်သားကို ရွေးချယ်ပါတယ်။
“ကျွန်တော်တို့ ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲဆိုတော့ ယူနီဖောင်းက ယူရို ၂၀ ကျော်တန်ပါတယ်။ အခြားအပြင်ဝတ် ယူနီဖောင်းထည်တွေထက် အဆပေါင်းများစွာ ပိုဈေးကြီးပါတယ်” လို့ ဒီဇိုင်းလုပ်ငန်းစဉ်မှာ အတော်လေးပါဝင်ပတ်သက်ခဲ့ပြီး အဝတ်အစားတွေကို စမ်းသပ်ဝတ်ဆင်ခဲ့တဲ့အပြင် အထည်အလိပ်တွေကို စမ်းသပ်ခဲ့တဲ့ Alibaba ထူထောင်သူ Jack Ma ကို ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။
Taobao Shangou ဝတ်စုံများကို ၂၀၂၅ ခုနှစ် ဩဂုတ်လမှစ၍ ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ရေး ဝန်ထမ်း တစ်သန်းကျော်ထံ အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလမှာ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) CPC ဗဟိုကော်မတီ အထွေထွေရုံးနဲ့ တရုတ်နိုင်ငံတော်ကောင်စီ State Council of China တို့က လမ်းတွေ ပေါ်မှာ ဆိုင်ကယ်တွေနဲ့ ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် အချက် ၁၂ ချက်ပါ ပြည့်စုံသော မူဝါဒမူဘောင်တစ်ခုကို ပူးတွဲထုတ်ပြန်ခဲ့တာမှာရာသီဥတုဆိုးရွားတဲ့အချိန်မှာ အလုပ်သမားကာကွယ်မှုတွေ ပိုမိုအားကောင်းလာခြင်း၊ လုပ်ခလစာကို လျင်မြန်စွာနဲ့ တရားမျှတစွာပေးချေမှုနဲ့ ပိုမိုခိုင်မာတဲ့ လူမှုဖူလုံရေးစနစ်တွေ ပါဝင်ပါတယ်။
ကျယ်ပြန့်သော အမိန့်ဟာ အလုပ်သမားအလေ့အထများကို စံသတ်မှတ်ရန်နဲ့ နိုင်ငံရဲ့ ကြုံရာကျပန်း အလုပ်သမား ၂၀၀ သန်းခန့် (၎င်းတို့ကို ခြုံငုံ၍ "အလုပ်အကိုင်အဖွဲ့အသစ်များ" လို့ ရည်ညွှန်းသုံးနှုန်းထားပါတယ်) တို့ရဲ့ ကောင်းကျိုးချမ်းသာကို တိုးတက်စေရန် ရည်ရွယ်ပြီး အဓိကအားဖြင့် ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် အစားအသောက်၊ ပစ္စည်း ပို့ဆောင်သူများကို ရည်ရွယ်ပါတယ်။
Taobao Shangou ဝတ်စုံများကို ၂၀၂၅ ခုနှစ် ဩဂုတ်လမှစ၍ ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ရေး ဝန်ဆောင်မှု ဝန်ထမ်း တစ်သန်းကျော်ထံ အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။
#FashionIndustryGuide@Guid4U
2 363
+1
တရုတ်မှာ အီးကောမတ်စ် လုပ်ငန်းကြီး Alibaba ရဲ့ တရုတ်မှာ Taobao Shangou (Taobao Flash Sale)လို့ လူသိများတဲ့ အချိန်မရွေး အိမ်တိုင်ရာရောက် ပို့ဆောင်ရေးဝန်ဆောင်မှု Taobao Instant Commerce ဟာ စနေနေ့ (စက်တင်ဘာ ၁၉)မှာ ၎င်းရဲ့ "City Knight" လို့ အမည်ပေးထားတဲ့ ပို့ဆောင်ရေးဝန်ထမ်း တူညီဝတ်စုံအတွက် ပြင်သစ်ဒီဇိုင်းဆု အမြင့်ဆုံးဆုကို ရယူခဲ့ပါတယ်။
လမ်းပေါ်မှာ ရှေ့ထွက်ပြီး လုပ်ကိုင်ရတဲ့ ဝန်ထမ်းအမျိုးအစားအတွက် ပထမဆုံးအကြိမ် ဒီဇိုင်းဆု ချီးမြှင့်ခံရခြင်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပတဲ့ 2026 French Design Awards ဆုပေးပွဲ အခမ်းအနားမှာ ရွှေဆု ချိးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
.
.
2 363
နေ့အပူချိန် မြင့်မားခဲ့သောစခန်းများ၏ ၁၉-၉-၂၀၂၆ ရက်နေ့ အမြင့်ဆုံးနေ့အပူချိန်များ
#HealthIndustryGuide@Guid4U
2 363
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ဘွဲ့လွန်အနုပညာဒီပလိုမာ (၁)နှစ် သင်တန်းများအတွက် သင်တန်းသားခေါ်ယူ
#EducationIndustryGuide@Guid4U
2 363
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာလတက္ကသိုလ်(မန္တလေး)
၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်
ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ
#EducationIndustryGuide@Guid4U
2 363
ပိုးသတ်ဆေးဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရှိလိုက်နာစေရေးအသိပေးကြေညာ
#FoodIndustryGuide
2 363
System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်
#EnergyIndustryGuide@Guid4U
2 363
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်။
နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊
နောက် ၇၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။
အနောက် - အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၉၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးဇလ
#Guide4U
2 363
TikTok မိခင်ကုမ္ပဏီ ByteDance ရဲ့ တည်ထောင်သူ Zhang Yiming ဟာ အိန္ဒိယလုပ်ငန်းရှင်ကြီး Gautam Adani ကိုကျော်ဖြတ်ပြီး အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်လို့ Bloomberg က ဖော်ပြခဲ့ပြီး လက်ရှိမှာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၄.၈ ဘီလီယံ ရှိပါတယ်။
ByteDance ရဲ့ရှယ်ယာ ၂၁% လောက်ကို ပိုင်ဆိုင်တဲ့ Zhang ဟာ ဒီလတစ်လတည်းမှာပဲ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၂ ဘီလီယံအထိ မြင့်တက်ခဲ့ပါတယ်။
#Guide4U
2 363
ဒိန်းမတ် ကွန်တိန်နာသင်္ဘောလိုင်း Maersk သည် ကွန်တိန်နာသင်္ဘောအကြီးစား ၂၆ စင်း အသစ်တည်ဆောက်ရန် အမှာစာ ပေးထားကြောင်း အတည်ပြုခဲ့ပြီး အမှာစာပေးထားသည့် သင်္ဘောကျင်းများကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။
အဆိုပါ ကွန်တိန်နာသင်္ဘော ၂၆ စင်း၏ စုစုပေါင်း တင်ဆောင်နိုင်စွမ်းသည် 18,600 teu ရှ်သည်။ သင်္ဘောအားလုံးသည် LNG ဖြင့်လည်း ခုတ်မောင်းနိုင်သည်။
သင်္ဘောများကို ၂၀၂၉ နှင့် ၂၀၃၀ တွင် ရရှိမည်။
Source Splash
#LogisticsIndustryGuide
2 363
ဗီယက်နမ် အီးဗီထုတ်လုပ်သူ VinFast ၏ ၎င်း၏ ပထမဆုံးပစ်ကပ်မော်ဒယ် Wild အတွက် အမှာစာ စတင်လက်ခံသည်။
ခရီးတာ 1,000 km ကျော် ရသည့် ဘက်ထရီနှင့် ဓာတ်ဆီ ခရီးတာ တိုးချဲ့ ဟိုက်ဘရစ် အီးဗီ range-extended electric vehicle REEV ဖြစ်ပြီး ခန့်မှန်းရောင်းဈေးမှာ ဒေါင် သန်း ၈၀၀ (US$30,800) ဖြစ်သည်။
REEV တွင် ဓာတ်ဆီအင်ဂျင်သည် ဘက်ထရီအားသွင်းရန်နှင့် မော်တာကို ဓာတ်အားပေးရန် သုံးသည့် ဂျင်နရေတာ အတွက်သာ ဖြစ်သည်။ ဘီးများကို မော်တာဖြင့်သာ လှည့်ပေးသည်။
အောက်တိုဘာ ဒုတိယလဝက်တွင် ကားများ စတင်ပေးအပ်မည်။
Wild သည် ဖရိန်ပေါ် ကိုယ်ထည် ထိုင်ထားသည့် ပစ်ကပ်အမျိုးအစား မဟုတ်ဘဲ ဖရိန်မပါ ကိုယ်ထည်ချည်းသက်သက် ပစ်ကပ်အမျိုးအစား ဖြစ်သည်။
#AutomobileIndustryGuide
2 363
တိုကျိုမြို့ Adachi Ward ရှိ Benny စူပါမားကတ်ရဲ့ Sano အရောင်းဆိုင်မှာ နော်ဝေမှ ဆားနယ်မက်ကရယ်ငါးကို ကြာမြင့်စွာကတည်းက ရောင်းချခဲ့ပါတယ်။
ပြီးခဲ့တဲ့ လေးငါးနှစ်ခန့်က အရိုးထွင်ပြီးသား ငါးအပြားတစ်ချပ် ဈေးနှုန်းဟာ ယန်း ၃၀၀ (ဒေါ်လာ ၂ ခန့်) မှ ယခုနှစ် သြဂုတ်လကုန်မှာ ယန်း ၅၀၀ (ဒေါ်လာ ၃.၃၀ ခန့်) အထိ မြင့်တက်လာခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကုန်သွယ်မှုစာရင်းအင်းများအရ ယခုနှစ် မေလမှာ အေးခဲထားတဲ့ နော်ဝေ မက်ကရယ်ငါး တင်သွင်းဈေးနှုန်းဟာ တစ်ကီလိုဂရမ် ယန်း ၈၈၅ (ဒေါ်လာ ၅.၈၀ ခန့်) အထိ ရောက်ရှိခဲ့ပါတယ်။
ယခင်နှစ် မေလတုန်းက ဈေးနှုန်းထက် ၁.၅ ဆ မြင့်မားပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကထက် သုံးဆကျော် မြင့်မားပါတယ်။
"ဈေးနှုန်းတွေ ဒီလောက်မြန်မြန်တက်လာတာကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပါ"လို့ နှစ်ပေါင်း ၂၀ ကျော်ကြာ ပြည်ပမှ တင်သွင်းလာတဲ့ မက်ကရယ်ငါးများကို ဝယ်ယူခဲ့တဲ့ ပင်လယ်စာကုမ္ပဏီကြီး Umios Corp. ဒုတိယဌာနမန်နေဂျာ Yohei Inami က ပြောပါတယ်။
ဂျပန်မှာ စားသုံးကြတဲ့ မက်ကရယ်ငါးများရဲ့ ထက်ဝက်ကျော်ဟာ နော်ဝေမှ လာပါတယ်။
မက်ကရယ်ငါးများ ရှားပါးလာတာကို စီမံခန့်ခွဲရန်အတွက် နော်ဝေအစိုးရက ငါးဖမ်းခွဲတမ်းများကို လျှော့ချနေပါတယ်။
နော်ဝေရဲ့ ၂၀၂၅ ခုနှစ်အတွက် ငါးဖမ်းခွဲတမ်းမှာ မက်ထရစ်တန်ချိန် ၁၆၅,၀၀၀ ခန့်ရှိပြီး ၂၀၂၄ ထက် ၂၈% လျှော့ချထားပါတယ်။
ယခုနှစ် ၂၀၂၆ မှာတော့ ၂၀၂၅ ခုနှစ် ခွဲတမ်းရဲ့ ထက်ဝက်အောက် မက်ထရစ်တန်ချိန် ၇၉,၀၀၀ ခန့်အထိ လျှော့ချပါမယ်။
ကမ္ဘာ့ဈေးကွက်မှာ တောင်ကိုရီးယား၊ အရှေ့ဥရောပ၊ အာဖရိကတိာ့မှ ဝယ်ယူသူများဟာ မက်ကရယ်ငါး ဝယ်ယူရရှိဖို့အတွက် ဂျပန်နဲ့ ယှဉ်ပြိုင်နေကြပါတယ်။
ပစိဖိတ်ရေပြင်မှာ ဂျပန်ရဲ့ မက်ကရယ်ငါး ဖမ်းမိတဲ့ ပမာဏဟာလည်း မကြာသေးမီနှစ်များအတွင်း ကျဆင်းလာခဲ့ပါတယ်။
ဂျပန်နိုင်ငံ ငါးလုပ်ငန်းအေဂျင်စီ အဆိုအရ ၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၀၂၀ ဇူလိုင်လမှ ၂၀၂၁ ဇွန်လအထိ ငါးဖမ်းရာသီအတွင်း ဖမ်းဆီးရမိမှုမှာ မက်ထရစ်တန်ချိန် ၃၇၀,၀၀၀ ခန့် ရှိခဲ့ပါတယ်။
၂၀၂၄ ဘဏ္ဍာနှစ်မှာ မက်ထရစ်တန်ချိန် ၈၀,၀၀၀ ခန့်သာ ရှိပါတယ်။
ဂျပန်မှ မက်ကရယ်ငါး စည်သွတ်ဘူး ထုတ်လုပ်သူများက ကုန်ကြမ်း မက်ကရယ်ငါး ဈေးကြီးလာတာကြောင့် ယခုနှစ် ဇွန် ဇူလိုင်မှာ ဈေးနှုန်းများ မြှင့်တင်ခဲ့ကြရပါတယ်။
Source mainichi
#FoodIndustryGuide
2 363
+2
ကင်၍ ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားသုံးကြတဲ့ မက်ကရယ်ငါးဟာ ဂျပန်နိုင်ငံမှာ နေ့စဉ်အစားအစာများထဲမှ အဓိကအစားအစာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အစကတည်းက ပြည်ပက တင်သွင်းတဲ့ မက်ကရယ်ငါးဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ မက်ကရယ်ငါးဟာ ဈေးကြီးလွန်းတာကြောင့် သာမန်စားသုံးသူတွေအတွက် နေ့စဉ်စားသုံးနိုင်တဲ့ ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘူးလို့ ညည်းညူခဲ့ကြရပါတယ်။
နော်ဝေအပါအဝင် မက်ကရယ်ငါး အဓိကထုတ်လုပ်သူတွေဟာ ဖမ်းဆီးမှုကန့်သတ်ချက်တွေကို ပိုမိုတင်းကျပ်လာခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မက်ကရယ်ငါး ရှားပါးမှု ပိုမိုထင်ရှားလာချိန်မှာ ယန်းငွေတန်ဖိုး ကျဆင်းလာတာကြောင့် တင်သွင်းမှုကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်နေစေပါတယ်။
..
.
