2 350
订阅者
无数据24 小时
-57 天
-2130 天
帖子存档
2 350
၄% လျှော့ချခြင်းကြောင့် တရုတ်ကားထုတ်လုပ်သူများ၏ ပြည်ပရောင်းအားမှ ရရှိသည့် အမြတ်အစွန်းများကို လျော့ကျစေမည် ဖြစ်သည်။
Deutsche Bank ၏ တွက်ချက်ခန့်မှန်းချက်အရ BYD ၏ အသားတင်အမြတ်သည် ပြည်ပသို့ တင်ပို့သည့် ကားတစီးလျှင် ယွမ် ၅၀၀၀ ခန့် ($743) လျော့နည်းသွားမည်။
Chery, Geely Auto, SAIC Motor, GWM, Changan Automobile, Leapmotor, GAC Group, Xpeng တို့သည်လည်း အလားတူပင် အသားတင်အမြတ် လျော့ကျကြမည် ဖြစ်သည်။
နှုန်းထားပြင်ဆင်ချက်တွင် ဘက်ထရီလျှပ်စစ်နှင့် ပလပ်အင် ဟိုက်ဘရစ်ခရီးသည်တင်ယာဉ်များအပြင် လျှပ်စစ်ဘတ်စ်ကားများနှင့် လျှပ်စစ်ထရပ်ကားများလည်း ပါဝင်သည်။
#AutomobileIndustryGuide
2 350
တရုတ်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင် ထုတ်ကုန်များအတွက် ပို့ကုန်အခွန်ပြန်အမ်းငွေမူဝါဒများကို ပိုမိုတင်းကျပ်လာခဲ့သည်။
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ဘက်ထရီထုတ်ကုန်များအတွက် ပို့ကုန်အခွန်ပြန်အမ်းငွေ လျှော့ချခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် နေရောင်ခြည်စွမ်းအင်သုံး ဖိုတိုဗို့အားထုတ်ကုန်များအတွက် ပို့ကုန် VAT ပြန်အမ်းငွေကို ဖျက်သိမ်းခဲ့ပြီး ဘက်ထရီထုတ်ကုန်များအတွက် နှုန်းထားကို ၉% မှ ၆% သို့ လျှော့ချခဲ့သည်။ ယခင်က ကြေညာခဲ့သော အစီအစဉ်များအရ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဘက်ထရီအတွက် ပို့ကုန်အခွန် ပြန်အမ်းငွေများကို ဖျက်သိမ်းမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ စွမ်းအင်သစ်သုံးယာဉ်များ (NEVs) အတွက် ပို့ကုန် တန်ဖိုးဖြည့်ထည့်အခွန် value-added tax (VAT) ပြန်အမ်းငွေနှုန်းကို ၁၃% မှ ၉% သို့ လျှော့ချမည်။
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော် အခွန်ကောက်ခံမှု စီမံခန့်ခွဲရေးဌာနတို့သည် တနင်္လာနေ့(အောက်တိုဘာ ၁၂)တွင် အဆိုပါ နှုန်းထား ပြောင်းလဲမှုကို ကြေညာသည်။
.
.
2 350
“ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နက်တွင် ဖြစ်ပွားနေသည့် အနှောင့်အယှက်များသည် ရာသီဥတုပြောင်းလဲမှုများနှင့် ပေါင်းဆုံပြီး စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အဓိကအစားအစာကုန်စည်များအပေါ် ထိခိုက်လာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးနှုန်းများ စဉ်ဆက်မပြတ်နှင့် ပိုမိုကျယ်ပြန့်စွာ မြင့်တက်လာနေသည်ကို ကျွန်ုပ်တို့ တွေ့မြင်နေရသည်” ဟု FAO ၏ အကြီးအကဲ စီးပွားရေးပညာရှင် Maximo Torero က ပြောကြားခဲသည်။
“ယင်းအခြေအနေများ ဆက်လက်တည်ရှိနေပါက ၎င်းထိခိုက်မှုများသည် မကြာမီတွင် စားသုံးသူအစားအစာဈေးနှုန်းများ၊ အထူးသဖြင့် အစားအစာနှင့် စွမ်းအင် တင်သွင်းမှုအပေါ် မှီခိုနေရသော နိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်” ဟု FAO က ကြေညာချက်တွင် ပြောကြားထားသည်။
FAO ၏ သကြားဈေးနှုန်းညွှန်းကိန်းသည် စက်တင်ဘာလတွင် သြဂုတ်လထက် ၆.၁% မြင့်တက်ခဲ့သည်။ တလထက်တလ မြင့်တက်လာနေသည်မှာ ၃ လ ဆက်တိုက် ရှိပြီ ဖြစ်သည်။
သကြား အဓိက ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သော ဘရာဇီးနှင့် အိန္ဒိယတို့တွင် သကြား ထုတ်လုပ်မှု ထိခိုက်နေသည်။
ယခင်တင်ပြချက်
https://t.me/Guid4U/62715
အမေရိကန်ပြောင်းအတွက် အထွက်နှုန်းအလားအလာ လျော့ကျလာခြင်းနှင့် ပင်လယ်နက် ကုန်သွာ်ရေကြောင်း ကောက်ပဲသီးနှံ ပို့ဆောင်မှု အနှောင့်အယှက် ရှိနေခြင်းတို့ကြောင့် FAO ၏ ကောက်ပဲသီးနှံဈေးနှုန်းညွှန်းကိန်းသည် စက်တင်ဘာတွင် ဩဂုတ်ထက် ၅.၁% မြင့်တက်ခဲ့သည်။
ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများသည် ၀.၉% မြင့်တက်ခဲ့သည်။
အရှေ့တောင်အာရှတွင် အယ်လ်နီညိုနှင့်ဆက်စပ်သော ဆီအုန်းထုတ်လုပ်မှု ထိခိုက်မည့်အရေးများအပေါ် စိုးရိမ်မှုများကြောင့် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
FAO ၏ အသားအညွှန်းကိန်းသည် ကြက်ငှက်ဈေးနှုန်းများ ကျဆင်းမှုကြောင့် ၁.၁% ကျဆင်းခဲ့သည်။
ဥရောပသမဂ္ဂ၏ တင်သွင်းမှုစည်းမျဉ်းအသစ်များ အသက်ဝင်လာသည့်အတွက် ကြက်ငှက်အသား တင်ပို့မှု ထိခိုက်သဖြင့် ဈေးကျဆင်းသည်။
FAO သည် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ကောက်ပဲသီးနှံထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၂.၉၇၉ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
Source fao. reuters
#FoodIndustryGuide
2 350
+1
စက်တင်ဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည် ထောက်ပံ့ပို့ဆောင်ရေး အနှောင့်အယှက်များနှင့် ရာသီဥတုဆိုင်ရာ စိုးရိမ်မှုများကြောင့် လေးနှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization FAO က ပြောကြားသည်။
ပြင်းထန်သော အယ်လ်နီညို ရာသီဥတုပုံစံနှင့်ပတ်သက်သည့် စိုးရိမ်မှုများကြောင့် နိုင်ငံတကာ သကြားဈေးနှုန်းများသည် ၁၈ လအတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။
ဂျုံတင်ပို့မှု အများဆုံးနိုင်ငံများတွင် ပါဝင်သည့် ရုရှားနှင့်ယူကရိန်းတို့အကြား ဆင်နွှဲနေသည့် စစ်ပွဲကြောင့် ဂျုံတင်ပို့သည့် ပင်လယ်နက်ကုန်သွယ်ရေး ပြိုလဲသဖြင့် စက်တင်ဘာလ အစောပိုင်းတွင် ဂျုံဈေးနှုန်းများသည် သုံးနှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။
အစားအသောက်ကုန်စည်များ၏ နိုင်ငံတကာဈေးနှုန်းများ၏ လစဉ်ပြောင်းလဲမှုများကို ခြေရာခံသည့် FAO အစားအသောက်ဈေးနှုန်းညွှန်းကိန်း Food Price Index သည် သြဂုတ်လတွင် ၁၃၄.၀ ရှိခဲ့ရာမှ စက်တင်ဘာလတွင် ၁၃၆.၀ မှတ်အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။
.
.
2 350
တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည် ပြင်သစ်နိုင်ငံတွင် စက်ရုံတစ်ခုတည်ဆောက်ရန် ဖြစ်နိုင်ခြေကို အနီးကပ်လေ့လာနေကြောင်း BYD၏အမှုဆောင်ဒုတိယဥက္ကဋ္ဌ Stella Li က တနင်္လာနေ့တွင် BFM ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။
BYD သည် ဟန်ဂေရီတွင် ကားများထုတ်လုပ်မည်ဟု ကြေညာပြီးဖြစ်ပြီး ယခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ရောင်းချမည်ဟု မျှော်လင့်ရသည်။
ဥရောပတွင် စက်ရုံနှစ်ရုံ ထပ်မံတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊ ပြင်သစ်သည် ဖြစ်နိုင်ချေရှိသော နေရာတစ်ခု ဖြစ်နိုင်ကြောင်း Li က ပြောကြားသည်။
ပြင်သစ်တွင် စွမ်းအင်ဈေးနှုန်း သက်သာသောကြောင့် ပြင်သစ်သည် စက်ရုံတည်နေရာအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်သည်ဟု Li က ပြောကြားသည်။
Source reuters
#AutomobileIndustryGuide
2 350
မြန်မာနိုင်ငံမှ ကွမ်းသီးခြောက်များကို အိန္ဒိယ မီဇိုရမ်သို့ နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုတင်သွင်းမှုကြောင့် အကောက်ခွန် ရူပီး ၄၀၈.၉၀ ကုဋေ ဆုံးရှုံးခဲ့ရကြောင်း၊ ကွမ်းသီးခြောက် မှောင်ခိုအမှုတစ်ခုကို စုံစမ်းစစ်ဆေးနေသော Enforcement Directorate (ED) က ထုတ်ဖော်ပြောကြားသည်။
ED ၏ စုံစမ်းစစ်ဆေးမှုတွင် မြန်မာပေးသွင်းသူများသည် Tiau မြစ်နှင့် မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်ရှိ Zokhawthar မြို့အနီးရှိ ခြံစည်းရိုးမဲ့ နယ်စပ်ဒေသများမှတစ်ဆင့် အိန္ဒိယသို့ ကွမ်းသီးခြောက်များ မှောင်ခိုတင်သွင်းသည့် စနစ်တကျဖွဲ့စည်းထားသော ကွန်ရက်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဒေသခံ အထောက်အကူပြုသူများသည် မှောင်ခိုတင်သွင်းလာသော ကွမ်းသီးခြောက်များကို ဝယ်ယူပြီး သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးကြသည်။ မြန်မာကွမ်းသီးခြောက်များကို အာသံနှင့် အခြားနေရာများသို့ ဆက်လက်ပို့ဆောင်ရန် အထောက်အကူပြုပေးကြသည်။
ED စုံစမ်းစစ်ဆေးမှုတွင် ကွမ်းသီးခြောက် ၃,၁၀၃ တန်ခန့် မှောင်ခိုတင်သွင်းခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ရူပီး ၁၀၂၂.၂၅ ကုဋေခန့် ရှိသည်။ အနည်းဆုံးအနေဖြင့် အကောက်ခွန် ရူပီး ၄၀၈.၉၀ ကုဋေ ဆုံးရှုံးခဲ့ရသည်။
#FoodIndustryGuide
2 350
Stellantis သည် ဥရောပတွင် နှစ်အတန်ကြာ ဈေးကွက်ဝေစု ကျဆင်းနေခဲ့ပြီး ရောင်းအား အားနည်းနေသည်ကို တန်ဖိုးနည်း EV မော်ဒယ်များဖြင့် ဦးပြန်မော့လာနိုင်ရန် ရည်မှန်းထားသည်။
Source reuters
#AutomobileIndustryGuide
2 350
+3
ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားထုတ်လုပ်သူဖြစ်သည့် ဥရောပ ကားလုပ်ငန်းစုကြီး Stellantis သည် အောက်တိုဘာ ၁၂ မှ ၁၈ ရက်အထိ ကျင်းပမည့် Paris Motor Show အကြိုနေ့ဖြစ်သော တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၁)တွင် Stellantis ၏ စီအီးအို Antonio Filosa က ပါရီသို့ Stellantis ယူဆောင်လာမည့် concept ကား ကိုးစီးအနက် ခြောက်စီးကို မိတ်ဆက်ခဲ့သည်။
၎င်းတို့တွင် ဈေးနှုန်းသက်သာသော တရုတ်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် ဈေးသက်သာသော EV ကားများ အပါအဝင် မော်ဒယ်အမျိုးမျိုး ပါဝင်သည်။
Stellantis ၏ ကားအမှတ်တံဆိပ်တခု ဖြစ်သော Citroen ၏ 2CV မော်ဒယ်သည် ခေတ်ဟောင်းပုံစံဖြစ်ပြီး Stellantis ၏ ဥရောပအတွက် "e-car" အမျိုးအစားအသစ်အတွက် ပထမဆုံးမော်ဒယ် ဖြစ်လာမည်။ ဥရောပလုပ် တန်ဖိုးနည်း EV ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားသည်။
မိတ်ဆက်ပွဲတွင် DS7, Fiat Grizzly, Lancia Gamma, Opel Corsa GSE မော်ဒယ်များကို ပွဲထုတ်ပြသခဲ့သည်။ ထို့ပြင် Stellantis ၏ မိတ်ဖက်ဖြစ်သော တရုတ်ကားထုတ်လုပ်သူ Leapmotor ၏ B03 နှင့် D19 မော်ဒယ်တို့ကိုလည်း ပြသသည်။
2CV ကို ယူရို ၁၅,၀၀၀($16,800) ဝန်းကျင်ဖြင့် ရောင်းချမည်။
.
.
2 350
၁၂-၁၀-၂၀၂၆
မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ်ပါ အချက်အလက်များနှင့် မိမိတို သွားရောက်လုပ်ကိုင်မည့် အချက်အလက်များ မှန်ကန်မှုရှိစေရေး OWIC အသစ်လဲလှယ်၍ ပြည်ပထွက်ခွာခွင့်ပြုသည့်စာရင်းဖြစ်ပါသည်။
OWIC လဲလှယ်ရမည့်ရက်နှင့် ပြည်ပထွက်ခွာခွင့်ပြုသည့်ရက်အား ပူးတွဲဇယားတွင် ဖော်ပြထားပါသည်။
မှတ်ချက်။ ဤစာရင်းတွင်ပါဝင်သော်လည်း OWIC ထုတ်ပေးရေးတာဝန်ခံမှ လူကိုယ်တိုင် လူတွေ့စစ်ဆေးခြင်း စာရွက်စာတမ်းများကိုမှန်ကန်မှုရှိမရှိ စိစစ်ခြင်းတိုဆောင်ရွက်ရာတွင် မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက OWIC ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် သတ်မှတ်ရက်တွင် OWIC ကတ် လက်ဝယ်ကိုင်ဆောင်၍ မဖြစ်မနေထွက်ခွာရန် လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာရက်ပြောင်းလဲခဲ့ပါက ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Source safemigration
#Jobboard
2 350
+1
၁၂-၁၀-၂၀၂၆
OWIC ပြုလုပ်ခွင့်နှင့် ပြည်ပ
ထွက်ခွာခွင့်
မိမိအစီအစဥ်ဖြင့် ထွက်ခွာမည့်သူ၏ OWIC ပြုလုပ်ခွင့်နှင့် ပြည်ပထွက်ခွာ
ခွင့်ပြုသည့်စာရင်း ဖြစ်ပါသည်။
OWIC ပြုလုပ်ရမည့်နေ့ရက်အား ပူးတွဲပါဇယားတွင် ဖော်ပြထားပြီး သတ်မှတ်နေ့ရက်အတွင်း OWIC ပြုလုပ်နိုင်ခြင်းမရှိပါက သတ်မှတ်စာရွက်စာတမ်းအပြည့်အစုံဖြင့် ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။ OWIC ရရှိပြီးသူများအနေဖြင့် သတ်မှတ်ရက်များတွင် ပြည်ပထွက်ခွာရန်ဖြစ်ပါသည်။
မှတ်ချက်။ ဤစာရင်းတွင်ပါဝင်သော်လည်း OWIC ထုတ်ပေးရေးတာဝန်ခံမှ လူကိုယ်တိုင် လူတွေ့စစ်ဆေးခြင်း စာရွက်စာတမ်းများကိုမှန်ကန်မှုရှိမရှိ စိစစ်ခြင်းတိုဆောင်ရွက်ရာတွင် မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက OWIC ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် OWIC ကတ်ပြုလုပ်ပြီးမှသာ မိမိတို တင်ပြထားသည့်ရက်များတွင် ပြည်ပထွက်ခွာနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Source safemigration
#Jobboard
2 350
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)၏ (12.10.2026) ရက်နေ့ FOB ဈေးနှုန်းစာရင်း
#FoodIndustryGuide
2 350
+1
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)၏ 12.10.2026 ရက်နေ့ Local Price စျေးနှုန်းစာရင်း။
မတ်ပဲ (FAQ/RC) (2026 Crop) 3,794,000/-MT
မတ်ပဲ (SQ/RC) (2026 Crop) 4,104,000/-MT
ပဲစဉ်းငုံ(Red/RC) (2026 Crop) 4,119,000/- MT
တို့ဖြစ်ပါသည်။
ဈေးနှုန်းများသည် အချိန်နှင့် တစ်ပြေးညီပြောင်းလဲနေပါသည်။
#FoodIndustryGuide
2 350
Chery သည် မလေးရှားတွင် Omoda 5 (C5 နှင့် O5 ဟုလည်း လူသိများသော) SUV အစီးရေ ၉၀၀၀ နီးပါးကို နောက်ဘက်ဝင်ရိုး ချို့ယွင်းမှု ရှိမရှိ စစ်ဆေးရန် ခေါ်ယူကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ယခင်တင်ပြချက်
https://t.me/Guid4U/62621
ယခုအခါ မလေးရှားနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးဌာနက Omoda 5 ၏ ယာဉ်အမျိုးအစား အတည်ပြုချက်ကို ရပ်ဆိုင်းလိုက်သည်။ သို့ဖြစ်ရာ Omoda 5 မော်ဒယ် ကားအသစ် ကနဦး မှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းထားသည်။
ယခင်တင်ပြချက်
https://t.me/Guid4U/62800
Chery မှ တာဝန်ရှိသူများက နောက်ဝင်ရိုး အုံလိုက် ကျွတ်ထွက်သည့် ကားမှာ Omoda 5 ၂၀၂၃ မော်ဒယ်နှစ်ဖြစ်ကြောင်း၊ မလေးရှားလမ်းပန်းဆက်သွယ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးမှုချက်ချင်းစတင်ခဲ့ကြောင်း ပြောကြားသည်။
နောက်ဘက်ဝင်ရိုး နောက်ပြန်လက်မောင်းများရှိ ဂဟေဆက်သည့် နေရာအချို့တွင် လုံလောက်သော ခိုင်ခံ့မှု မရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ အလွန်ဆိုးရွားသော အခြေအနေများတွင် ဂဟေပြုတ်ထွက်သွားနိုင်ကြောင်း၊ ၎င်းဂဟေဆက်ဒီဇိုင်းသုံးထားသည့် မော်ဒယ်များကို ဆင်လက်ထုတ်လုပ်ခြင်း မရှိတော့ကြောင်း Chery က ပြောကြားသည်။
Omoda 5 SUV ၈၈၇၈ စီးကို စစ်ဆေးရန် ခေါ်ယူထားသည်။ အစိတ်အပိုင်းများကို စစ်ဆေးပြီး လိုအပ်ပါက အစားထိုး လဲလှယ် တပ်ဆင်ပေးမည်ဖြစ်ပြီး ပစ္စည်းဖိုး၊ လက်ခ အခမဲ့ ဖြစ်သည်။
၂၀၂၃ မော်ဒယ်နှစ် Omoda များကို မလေးရှား၌သာမက အခြားနိုင်ငံများတွင်လည်း အလားတူ စစ်ဆေးမှုများ စတင်ခဲ့ကြောင်း Chery က ပြောကြားသည်။
#AutomobileIndustryGuide
2 350
Volkswagen သည် တရုတ်ဈေးကွက်တွင် ဝယ်လိုအား ထပ်မံကျဆင်းမှုကြောင့် တတိယသုံးလပတ်တွင် ကမ္ဘာ့ရောင်းအားသည် ယမန်နှစ်ကထက် ၁၄.၃% ကျဆင်းသွားခဲ့ပြီး အစီးရေ ၁.၈၉ သန်းရှိကြောင်း တနင်္လာနေ့ (အောက်တိုဘာ ၁၂)တွင် အစီရင်ခံစာ ထုတ်ပြန်သည်။
Volkswagen ၏ အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံမှာ ရောင်းအားသည် တတိယသုံးလပတ်အတွင်း ၃၈.၅% ကျဆင်းခဲ့သည်။
မြောက်အမေရိကမှာ ၅.၈%၊ အနောက်ဥရောပမှာ ၂.၈% ကျဆင်းခဲ့သည်။
အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဥရောပမှာ ၁.၄% မြင့်တက်ခဲ့သည်။
#AutomobileIndustryGuide
2 350
+2
(၁၈.၁၀.၂၀၂၆) ရက်နေ့ (၀၀:၀၀:၀၁) နာရီမှ (၂၄.၁၀.၂၀၂၆) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ
#LogisticsIndustryGuide
2 350
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း စျေးနှုန်းများ
#FoodIndustryGuide
2 350
+1
SALES & CASHIER LEADER
Retail/Supermarket လုပ်ငန်းမှာ အတွေ့အကြုံရှိပြီး Team ကို ဦးဆောင်နိုင်တဲ့သူ၊ Customer Service နဲ့ Sales ပိုင်းမှာ ထူးချွန်ချင်တဲ့သူ ဆိုရင် ဒီအခွင့်အရေးက သင့်အတွက်ပါ! 💪
Benefits
Basic Salary + Sales Incentive
Daily Allowance
Everyday 2 Hours OT
Attendance Bonus
OT Payment
Uniform
အတွေ့အကြုံနှင့် Performance အပေါ်မူတည်၍ Career Growth အခွင့်အရေး
အလုပ်ဆင်းရမည့်နေရာ
အမှတ် ၁၆၄၊ လှော်ကားလမ်းမပေါ်၊ ၅၅ ရပ်ကွက်၊ ၅၅/၅၆ လမ်းဆုံအနီး၊ တောင်ဒဂုံမြို့နယ
#Jobboard
2 350
ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင် မုံရွာမြို့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ထုတ်ဝေသည့် ကုန်ပေါက်ဈေးနှုန်း
#FoodIndustryGuide
2 350
+3
လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိ
Source customs
#AutomobileIndustryGuide
2 350
+9
လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိ
Source customs
#AutomobileIndustryGuide
