cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Guide4U

Guides4U

Больше
Рекламные посты
1 928
Подписчики
Нет данных24 часа
+217 дней
+5730 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

(၂) ဝူက အိမ်ရာတိုက်ခန်း အတူနေသူများကို သူ့လိုမဖြစ်အောင် သတိမူနိုင်ရန် ဇူလိုင် ၅ ရက်တွင် လက်ကမ်းစာရွက် အရွက်တရာ ပရင့်အောက် ထုတ်ပြီး ဝေသည်။ လူအများ မြင်သာသည့် နေရာတွင်လည်း စာကပ်သည်။ အိမ်အကူ၏ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ် နံပါတ်အပါအဝင် ကိုယ်ရေးအချက်အလက်များ၊ ဖြစ်ရပ် အကျဉ်းချုပ်၊ အိမ်အကူ လံကြုတ်ဇာတ်ခင်းလျှင် မယုံရန်၊ ငွေမချေးရန် စသည်တို့ကို စာရွက်မှာ ဖော်ပြထားသည်။ #Jobboard
Показать все...
Фото недоступноПоказать в Telegram
စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတဦးက မြန်မာနိုင်ငံတွင် ဖခင်ဖြစ်သူ သတ်သေသဖြင့် အိမ်ချက်ချင်းပြန်လိုကြောင်း အသက် ၈၂ နှစ်ရှိ အလုပ်ရှင် Wu Yaman (အမည်လွှဲ)ကို ပြောရာ ဝူက MIA လေယာဉ်လက်မှတ် အသွားအပြန် S$500 ဖြင့် ဝယ်ပေးသည်။ အာမခံ‌ကြေးအတွက် S$200 ပေးသွင်းသည်။ လေဆိပ်သို့ ကားငှားသွားရန် S$50 ပေးသည်။ အိမ်အကူက အသုဘစရိတ်အတွက် S$2,000ချေးသည်ကိုလည်း ထုတ်ချေးလိုက်သည်။ အလုပ်ပြန်ဝင်သည့်အခါ လစာထဲမှ အရစ်ကျ ပြန်ဆပ်စေမည်ဟု စိတ်ကူးထားသည်။ သူ့ဆီမှာ လုပ်ကိုင်နေသည်မှာ ၄နှစ် ကျော်ပြီ။ ပြီးခဲ့သည့် မတ်လက မိသားစုထံ ခေတ္တပြန်ရန် ၆ ပတ်ကြာ ခွင့်ယူခဲ့ဖူးသည်။ သူမထံ ပြန်လာခဲ့သဖြင့် ယခုအခါ သံသယ မဖြစ်မိချေ။ ဇွန်လ ၆ ရက်တွင် မြန်မာပြည် ပြန်ရောက်သွားပြီး ဝူထံ ကောင်းမွန်စွာ ရောက်ရှိကြောင်း အွန်လိုင်းမှ မက်ဆေ့ပို့သည်။ ဇွန်လ ၁၁ ရက်မှစ၍ အဆက်အသွယ် မရတော့ချေ။ "ဇွန် ၂၁ မှာ ပြန်ရောက်လာရမှာ အခုထိ ပေါ်မလာဘူး"ဟု ဝူက Shin Min မီဒီယာကို ပြောပြသည်။ ဝူက လိမ်လည်မှုဖြင့် ရဲစခန်းမှာ အမှုဖွင့်ထားသည်။
Показать все...
Samsung Myanmar နှင့် အနုပညာရှင် အိန္ဒြာကျော်ဇင်တို့ အတူပူးပေါင်း၍ ဖန်တီးထုတ်လုပ်ထားသည့် Limited Edition Bag များကို အသစ်ထွက် Galaxy Z Fold6, Z Flip6 ကြိုတင်မှာယူသူ (Pre-Order) များအတွက် ကံစမ်းရယူခွင့်ပေးသွားမည်ဖြစ်သည်။ ရဲရင့်သည့် Girl Boss အသွင် Inspiration ရယူထားသည့် Galaxy Z Fold Series Limited Edition Bag နှင့် လန်းဆန်းတက်ကြွသည့် Y2K အသွင်ကို မှီငြမ်းထားသည့် Galaxy Z Flip6 Series Limited Edition Bag များအား ဖုန်းနှင့် Galaxy Buds ထည့်သွင်းနိုင်စေရန် ဖန်တီးပေးထားသည့်အပြင် မိမိနှင့်တစ်ပါတည်း ယူဆောင်သွားလိုသည့် ပစ္စည်းများ ချိတ်ဆွဲနိုင်ရန်အတွက်လည်း ပြုလုပ်ပေးထားသည်။ အိတ်ကြိုးတွင် ချိတ်ဆွဲနိုင်စေရန် မှာယူသည့်သူ၏ နာမည်အစ စာလုံးအားလည်း customize ပြုလုပ်ကာ ထည့်သွင်းပေးထားမည်ဖြစ်သည့်အတွက် တမူထူးခြားသည့် အိတ်ဖြစ်သည် https://shorturl.at/g0g3h 👆👆👆 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
Показать все...
Фото недоступноПоказать в Telegram
နည်းပညာ ဘီလီယံနာ အီလွန်မတ်စ်က ရီပတ်ဘလီကန်ပါတီမှ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်သည့် ဒေါ်နယ်ထရမ့်ကို ထောက်ပံ့သည့် ရန်ပုံငွေအသစ်အတွက် လစဉ် အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ပေးအပ်ရန် အစီအစဉ်ရှိကြောင်း Wall Street Journal က သတင်း ဖော်ပြခဲ့သည်။ မတ်စ်၏ လှူဒါန်းငွေများသည် ဒေါ်နယ်ထရမ့်ကို ထောက်ကူသည့် America PAC ဟု အမည်ပေးထားသည့် နိုင်ငံရေးအဖွဲ့က ရရှိမည်ဖြစ်သည်။ America PAC သည် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် swing ပြည်နယ်များတွင် နေထိုင်သူများ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ စာတိုက်မှတဆင့် ကြိုတင်မဲပေးပို့ခြင်းတို့ကို အာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။ swing ပြည်နယ်များသည် အဓိကပါတီကြီး ၂ ခုတို့တွင် မဲဆန္ဒရှင်များအကြား ထောက်ခံမှု ရေချိန် တူနေသော ပြည်နယ်များဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံး အဆုံးအဖြတ်အတွက် အရေးပါသည်။ ထရမ့် သေနတ်ဖြင့် ပစ်ခံရပြီးနောက် X တွင် မတ်စ်က ထရမ့်ကို အပြည့်အဝ ထောက်ခံကြောင်း ပို့စ်တခု တင်ခဲ့သည်။ Source wsj #Guide4U
Показать все...
Фото недоступноПоказать в Telegram
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှပြည်သူများထံသို့ တိုက်ရိုက် ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ စတင်၍ အပတ်စဥ်တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ဆေးဝါးများ ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများအား အဆိုပါဆေး ရောင်းချပွဲတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ပါသည်။
Показать все...
Фото недоступноПоказать в Telegram
မော်လမြိုင် ကုန်စည်ဒိုင် ကုန်စည်ဈေးနှုန်းများ #FoodIndustryGuide
Показать все...
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ #FoodIndustryGuide ● ကုန်စည်များ၏ လက်ကားတစ်ပိဿာဈေးနှုန်း ဖြစ်ပါသည်။ ● ပြည်ပပို့ကုန် (Ready Cargo) များမှာ ၁ မက်ထရစ်တန်ဈေးနှုန်း ဖြစ်ပါသည်။ .
Показать все...
မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း ပြောင်းစေ့ စျေးနှုန်းများ #FoodIndustryGuide မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း ပဲမျိုးစုံ စျေးနှုန်းများ #FoodIndustryGuide မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း ဆီထွက်သီးနှံ စျေးနှုန်းများ #FoodIndustryGuide
Показать все...
Фото недоступноПоказать в Telegram
ရုရှားမှ ဗိုင်းရပ်စ်ချေမှုန်းရေး ဆော့ဖ်ဝဲလုပ်ငန်း Kaspersky Labs သည် ဇူလိုင်လ ၂၀ ရက်မှစ၍ အမေရိကန်မှ လုပ်ငန်းကဏ္ဍကို အဆင့်ဆင့် ရုပ်သိမ်းသွားတော့မည်ဟု ဇူလိုင် ၁၅ ရက်တွင် ပြောကြားသည်။ လွန်ခဲ့သော တလခန့်က Kaspersky Labs ကို အမေရိကန်တွင် ရောင်းချခြင်း ပိတ်ပင်မည့် အစီအစဉ်ကို အမေရိကန်အစိုးရက ကြေညာခဲ့သည် ထိုသို့ ကြေညာခဲ့ပြီးနောက် Kaspersky ဝဘ်ဆိုက်တွင် အမေရိကန်အတွက် အရောင်းရပ်ထားလိုက်သည်။ အမေရိကန် ဖောက်သည်များ ဝယ်ယူရန် မရနိုင်ပါဟု စာတန်း ဖော်ပြသည်။ Kaspersky မှ ထိပ်ပိုင်းအကြီးတန်း ဦးစီးများကိုလည်း အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူသည့် စာရင်းထဲ ထည့်သွင်းထားသည်။ Source AFP #ICTIndustryGuide
Показать все...
အူတာပရာဒက်ရှ်ပြည်နယ်အစိုးရက ဟိုက်ဘရစ်ကားများအပေါ် စည်းကြပ်သည့် အခွန်အချို့ကို ဇူလိုင်လ ၆ ရက်တွင် ဖြေလျော့ပေးလိုက်သည်။ ဟိုက်ဘရစ်ကားများသည် ဘီးများကို လှည့်ပေးရန် လျှပ်စစ်မော်တာနှင့် အင်ဂျင် နှစ်မျိုးစလုံးအသုံးပြုပြီး ဆီစား သက်သာစေသည်။ သို့ဖြစ်ရာ လူကြိုက်များနေသည်။ အိန္ဒိယတွင် ကားစီးရေ အများဆုံး ထုတ်လုပ်ရောင်းချသည့် Maruti Suzuki သည် တိုယိုတာနှင့် လက်တွဲပြီး ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရောင်းချခဲ့ရာ ရောင်းအား ၅% မြင့်တက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကားရောင်း၏ ၁၀% သည် အူတာပရာဒက်ရှ်ပြည်နယ်၏ ရောင်းအား ဖြစ်သည်။ ဟိုက်ဘရစ်ကားများကို အခွန်လျော့ပေါ့ပေးခြင်းဖြင့် အူတာပရာဒက်ရှ်ပြည်နယ်၏ ရောင်းအား ပိုကောင်းသွားစေမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဟိုက်ဘရစ်ကားဈေးကွက်တွင် တိုယိုတာက ဈေးကွက်ဝေစု ၈၅% ရရှိထားသည်။ Hycross နှင့် Hyryder SUV ဟိုက်ဘရစ်ကားမော်ဒယ်များ အရောင်းသွက်နေသည်။ Honda Motor သည် အိန္ဒိယတွင် အင်ဂျင်-မော်တာ ဟိုက်ဘရစ်မော်ဒယ် City ဆီဒင်ကို ရောင်းချလျက်ရှိရာ လူကြိုက်များသည့် မော်ဒယ်တခု ဖြစ်သည်။ Hyundai Motor သည် အိန္ဒိယတွင် ဟိုက်ဘရစ်မော်ဒယ် ထုတ်လုပ်ခြင်း မရှိသေးသော်လည်း ထုတ်လုပ်ရန် စီစဉ်လျက်ရှိရာ ၂၀၂၆ တွင် စတင်ထုတ်လုပ်ရန် လျာထားသည်။ Source cnbc #BankingIndustryGuide
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.