သတင်းအထူးတပ်ဖွဲ့ - PATHEIN
رفتن به کانال در Telegram
ပြည်သူ့အတွက် ပြည်သူနဲ့အတူ ရပ်တည်ပြီး သတင်းမှန်များကိုသာ ဖြန့် ဝေပေးသည့် channel ဖြစ်သည်။
نمایش بیشتر5 423
مشترکین
+324 ساعت
+157 روز
+2630 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+38
در 0 کانالها
اوت '26
+144
در 0 کانالها
Get PRO
ژوئیه '26
+227
در 0 کانالها
Get PRO
ژوئن '26
+193
در 0 کانالها
Get PRO
مه '26
+212
در 3 کانالها
Get PRO
آوریل '26
+183
در 1 کانالها
Get PRO
مارس '26
+226
در 1 کانالها
Get PRO
فوریه '26
+162
در 3 کانالها
Get PRO
ژانویه '26
+195
در 0 کانالها
Get PRO
دسامبر '25
+134
در 0 کانالها
Get PRO
نوامبر '25
+132
در 0 کانالها
Get PRO
اکتبر '25
+138
در 2 کانالها
Get PRO
سپتامبر '25
+121
در 3 کانالها
Get PRO
اوت '25
+210
در 3 کانالها
Get PRO
ژوئیه '25
+254
در 2 کانالها
Get PRO
ژوئن '25
+204
در 6 کانالها
Get PRO
مه '25
+255
در 4 کانالها
Get PRO
آوریل '25
+310
در 3 کانالها
Get PRO
مارس '25
+302
در 5 کانالها
Get PRO
فوریه '25
+354
در 2 کانالها
Get PRO
ژانویه '25
+861
در 8 کانالها
Get PRO
دسامبر '24
+475
در 0 کانالها
Get PRO
نوامبر '24
+128
در 2 کانالها
Get PRO
اکتبر '24
+267
در 2 کانالها
Get PRO
سپتامبر '24
+294
در 2 کانالها
Get PRO
اوت '24
+468
در 3 کانالها
Get PRO
ژوئیه '24
+188
در 2 کانالها
Get PRO
ژوئن '24
+268
در 2 کانالها
Get PRO
مه '24
+128
در 0 کانالها
Get PRO
آوریل '24
+199
در 0 کانالها
Get PRO
مارس '24
+203
در 1 کانالها
Get PRO
فوریه '24
+214
در 1 کانالها
Get PRO
ژانویه '24
+142
در 0 کانالها
Get PRO
دسامبر '23
+804
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 05 سپتامبر | +6 | |||
| 04 سپتامبر | +10 | |||
| 03 سپتامبر | +7 | |||
| 02 سپتامبر | +10 | |||
| 01 سپتامبر | +5 |
پستهای کانال
မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းကြေး မထည့်နိုင်သူ လူငယ်တစ်ဦးအား စစ်တပ်ခေါ်၍ ဖမ်းဆီးသွား၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကြေးအဓမ္မကောက်ခံမှုများ ပြုလုပ်နေ
စက်(၅)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၊ မြင့်ကကုန်းကျေးရွာအုပ်စုတွင် တရားမဝင် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေပြီး၊ သတ်မှတ်ထားသော စစ်မှုထမ်းကြေး မထည့်ဝင်နိုင်သည့် ဒေါင်းရေကျော်ကျေးရွာနေ လူငယ်တစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လအတွင်းက မြင့်ကကုန်းကျေးရွာအုပ်စု၊ ဒေါင်းရေကျော်ကျေးရွာနေ ကိုဘိုဘိုအောင်(ဘ)ဦးသန်းအောင်သည် အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားသည့် စစ်မှုထမ်းကြေး ငွေကျပ် ၁ သိန်း မထည့်ဝင်နိုင်ခဲ့ပေ။ ထိုသို့ မထည့်ဝင်နိုင်သည့်အတွက် အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ၎င်း၏တူဖြစ်သူ ရာအိမ်မှူး ပြည့်စုံ တို့က မဲပေါက်သည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်၍ အိမ်တိုင်ရာရောက် အဓမ္မ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
မြင့်ကကုန်းကျေးရွာအုပ်စုတွင် ကျေးရွာ (၆) ရွာ မြင့်ကကုန်းကျေးရွာ၊ဒေါင်းရေကျော်ကျေးရွာ၊အိမ်ယာချောင်းကျေးရွာ၊မရင်းချောင်းကျေးရွာ၊ပန်းမှောက်ခုံကျေးရွာ၊လင်းဇွဲလေးကျေးရွာပါဝင်ပြီး စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့် စာရင်းဝင်လူငယ် စုစုပေါင်း ၂၇၀ ဦးရှိပြီး စစ်မှုထမ်းကောက်ခံရရှိငွေ တစ်ပါတ်စဉ် သိန်း(၂၇၀)ခန့် ရရှိနေသော်လည်း ဖမ်းဆီးခံရသည့် ကိုဘိုဘိုအောင်၏ ကျန်ရစ်သူမိသားစုအား ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၁၀,၃၀,၀၀၀ (ဆယ်သိန်းသုံးသောင်းကျပ်) သာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးအဖွဲ့သည် စစ်မှုထမ်း စာရင်းဝင်တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း မဖြစ်မနေ ကောက်ခံသည့်အပြင် ကျန်ရှိသည့် အိမ်ထောင်စုများကိုပါ "သဒ္ဒါကြေး" ခေါင်းစဉ်ဖြင့် အဓမ္မငွေကြေး ကောက်ခံလျက်ရှိသည်။ သို့သော်လည်း ကောက်ခံရရှိသည့် ငွေကြေးများကို စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများထံ ပြည့်ဝစွာ ပေးအပ်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး သန်းနိုင်နှင့် တူဖြစ်သူ ရာအိမ်မှူး ပြည့်စုံတို့က ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ကာ ပြည်သူများအပေါ် အာဏာပြ အနိုင်ကျင့်နေကြောင်း ဒေသခံများက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် အစိုးရမဟုတ်သည့်အပြင် ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်းထားသော အဖွဲ့အစည်းဖြစ်သဖြင့် ၎င်းတို့ထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေနှင့် စစ်သစ်စုဆောင်းမှု သမျှသည် တရားဥပဒေအရ လုံးဝတရားမဝင်ကြောင်း လူ့အခွင့်အရေးနှင့် ဥပဒေကျွမ်းကျင်သူများက ထောက်ပြထားသည်။
ယခုလုပ်ရပ်သည် နိုင်ငံတော်ကို ပြည်ပကျူးကျော်မှုမှ ကာကွယ်သည့် စစ်ပွဲမဟုတ်ဘဲ စစ်ကောင်စီ၏ တရားမဝင် အာဏာတည်မြဲရေးအတွက် ပြည်သူအချင်းချင်း ပြန်လည်တိုက်ခိုက်ခိုင်းသည့် တရားမဝင် စစ်သစ်စုဆောင်းမှုသာဖြစ်သည်။ ဤသို့ အဓမ္မစစ်မှုထမ်းခေါ်ယူခြင်းသည် တိုင်းပြည်၏ အဓိကအင်အားဖြစ်သော လူငယ်များ၏ အနာဂတ်နှင့် အသက်ပေါင်းများစွာကို စတေးနေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် မိဘပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြလျက်ရှိသည်။
| 2 | بدون متن... | 320 |
| 3 | ရေကြည်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရေဘေးထောက်ပံ့ကြေးများနှင့် စစ်မှုထမ်းကြေးများ မတရားကောက်ခံ ခေါင်းပုံဖြတ်နေ
စက်(၅)ရက်၊၂၀၂၆
ရေကြည်မြို့နယ်၊ မီးသွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းမောင်သည် ပြင်ပအလှူရှင်များ လာရောက်လှူဒါန်းသည့် ရေဘေးထောက်ပံ့ငွေနှင့် ပစ္စည်းများကို မျှတစွာ ခွဲဝေခြင်းမရှိဘဲ ခေါင်းပုံဖြတ်ယူထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ဝင်းမောင်သည် မီးသွေးကုန်း၊ ကမွန်းချဉ်ကုန်း၊ မြချမ်းသာကုန်း၊ ရုပ်သေးကုန်းနှင့် တာကုန်း စသည့် ကျေးရွာများကို တာဝန်ယူအုပ်ချုပ်နေသူဖြစ်ပြီး ပြင်ပမှလာရောက်လှူဒါန်းသော ရေဘေးကူညီရေးပစ္စည်းများနှင့် ငွေကြေးများကို ကျေးရွာ အားလုံးသို့ မခွဲဝေဘဲ စာရင်းမှ ချန်လှစ်ထားခဲ့သည်။ ထို့အပြင် ရေဘေးထောက်ပံ့ရေး ပစ္စည်းများ သယ်ယူရာတွင်လည်း ပြည်သူများထံမှ သယ်ယူစရိတ်များကို အကြောင်းပြကာ မတရား တောင်းခံလျက်ရှိကြောင်း သိရသည်။
၎င်းသည် ၎င်းနေထိုင်ရာ မီးသွေးကုန်းရွာရှိ ဆွေမျိုးသားချင်းများကိုသာ ဦးစားပေးဝေငှပြီး အဓိက အလှူရှင်များလာရောက်ပါကလည်း မီးသွေးကုန်းနှင့် ကမွန်းချဉ်ကုန်းရွာနှစ်ရွာကိုသာ စာရင်းပြကာ ကျန်ကျေးရွာများကို စာရင်းဖျောက်ထားလေ့ရှိသည်။ ထို့အပြင် ရေဘေးကူညီရေးမှရရှိသော မိုးကာစများကိုပင် ပြည်သူများထံ မဝေဘဲ သိမ်းဆည်းထားကာ ၎င်း၏ တရားမဝင် (Without) မော်တော်ယာဉ်ကို နှစ်ထပ်မက ခြုံအုပ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ရေပြန်ကျသွားသော်လည်း ဒေသခံများမှာ အလုပ်အကိုင်မရှိဘဲ ရေဘေးထောက်ပံ့ကြေးများလည်း မရရှိကြသဖြင့် စားဝတ်နေရေးနှင့် သောက်သုံးရေ ရရှိရေးအတွက်ပါ အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။ "ကျနော်တို့က တနေ့လုပ်မှ တနေ့စားရတဲ့ နေ့စားသမားတွေပါ။ အခု ရေဘေးထောက်ပံ့ကြေးလည်း မရ၊ သယ်ခတွေလည်း တောင်း၊ အလုပ်လည်းမရှိတော့ အတော်လေး ဒုက္ခရောက်ပြီး ငတ်မွတ်နေကြရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် အုပ်ချုပ်ရေးမှူး ဝင်းမောင်သည် စစ်မှုထမ်းဥပဒေအတွက် အကျုံးဝင်သူတစ်ဦးလျှင် ငွေကျပ် ၅ သောင်း၊ နှစ်ဦးလျှင် ကျပ် ၁ သိန်းနှင့် ကျန်အိမ်ထောင်စုများကို ကျပ် ၂ သောင်းစီ မတရားကောက်ခံလျက်ရှိသည်။ ငွေကြေးမထည့်နိုင်သည့် အိမ်ထောင်စုများကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူကာ ရွာထိပ်၌ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခိုင်းခြင်းများ ပြုလုပ်နေသည့်အပြင် ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များမှာလည်း အရက်သေစာ သောက်စားမူးရူးကာ ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ | 504 |
| 4 | بدون متن... | 462 |
| 5 | بدون متن... | 1 |
| 6 | ♦️ယနေ့ မနက် (၁၀၂၀ ) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ကမ်းနားလမ်း တိုင်းစည်ပင်ရုံး တံတားနား၊ ညိုညိုစတိုးရှေ့ ၊ ငဝန်စားသောက်သောက်နားကား (၂)စီးရပ်ကာ တွင် အကြမ်းဖက် ဘဲဥများ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ကားများကို လိုင်စင်၊ ဦးထုတ်များကို စစ်ဆေးဖမ်းဆီး၍ ဖမ်းဆီးရမိသည့် ယာဉ်များကို ချလန်ဖြတ်ခိုင်း နေကြောင်း သိရသည်။♦️
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 525 |
| 7 | မြောင်းမြ-ပုသိမ် လမ်းမဘေး မြေကွက်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အချို့ ငွေယူ၍ တရားမဝင် ရောင်းစားနေ
စက်(၅)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှ မြောင်းမြ-ပုသိမ် လမ်းခွဲ (၅)မိုင်လမ်းစုံအထိ လမ်းမကြီး ဘေးဝဲယာ လမ်းပခုံးပေါ်တွင် ဈေးဆိုင်များနှင့် နေအိမ်များ ဆောက်လုပ်ခွင့်မပြုကြောင်း အာဏာပိုင်များက နှစ်စဉ် တားမြစ်ရှင်းလင်းလျက်ရှိသော်လည်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အချို့မှ လစဉ်ကြေး သို့မဟုတ် အပြီးအစီး ငွေကြေးကောက်ခံကာ တရားမဝင် ဈေးဆိုင်ဆောက်လုပ်ခွင့် ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လမ်းဘေးဝဲယာတွင် ဆိုင်ကယ်ပြင်ဆိုင်၊ စက်ဘီးပြင်ဆိုင်၊ အအေးဆိုင်၊ ကွမ်းယာဆိုင်နှင့် ကွမ်းသီးနု ပွဲရုံများအပါအဝင် ဈေးဆိုင် အမြောက်အမြားကို အခိုင်အမာ ဆောက်လုပ်ခွင့်ပြုထားသော်လည်း၊ ပုံမှန် ငွေကြေးမပေးနိုင်သည့် သာမန် လက်လုပ်လက်စား ပြည်သူများ ဆိုင်အမိုးပင် ထိုးခွင့်မရဘဲ လိုက်လံတားမြစ် ပိတ်ပင်ခံနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"လမ်းဘေးမှာ ဆိုင်မဆောက်ရဘူးဆိုပြီး အမြဲလာဖမ်းတယ်။ ရေနုတ်မြောင်း တစ်ဖက်ခြမ်းမှာ ရောင်းမယ်ဆိုရင်လည်း လယ်ပိုင်ရှင်ဆီမှာ ခွင့်ပြုချက်တောင်း၊ ချောင်းကူးတံတားထိုးဆိုတော့ လက်လုပ်လက်စားတွေအတွက် ရောင်းဖို့လမ်း မရှိတော့ဘူး။ ဒါပေမဲ့ အခု လမ်းမဘေးမှာ ဆိုင်တွေအများကြီး ပြန်ဆောက်ထားတာတွေ့လို့ သွားဆောက်တော့ ကွယ်လွယ်ကျေးရွာ ရာအိမ်မှူး နိုးတူး ဆိုသူက လာတားပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက (၅)မိုင်လမ်းစုံမှစ၍ ကျုံဝါးကျေးရွာ၊ ကြာဖူးငုံလက်ပံကျေးရွာနှင့် ဇီးပင်ကံလမ်းထိပ် စသည့် နေရာများရှိ လမ်းဘေးဆိုင်များကို လစဉ်ကြေး ကျပ် (၂)သောင်း သို့မဟုတ် အပြီးအစီး ကျပ် (၃)သိန်းအထိ ကောက်ခံကာ ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်ပြီး၊ မြို့အဝင်နှင့်နီးသည့် ကွယ်လွယ်ကျေးရွာ အပိုင်တွင်မူ အပြီးအစီး ကျပ် (၅)သိန်းအထိ တောင်းခံနေကြောင်း အဆိုပါ ရာအိမ်မှူး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံများက ပြောဆိုသည်။
အစိုးရပိုင် လမ်းပခုံး မြေနေရာများကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အချို့က ကိုယ်ကျိုးအတွက် ငွေကြေးကောက်ခံကာ တရားမဝင် ရောင်းစားနေသည့် လုပ်ရပ်များပေါ် မြို့နယ်အဆင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှု ရှိနေကြောင်းသိရသည်။
"မနာလိုလို့ မဟုတ်ပါဘူး။ ဥပဒေဆိုတာ အားလုံးအတွက် တန်းတူ ဖြစ်ရမယ်။ ဖျက်ခိုင်းရင်လည်း အကုန်လုံး ဖျက်ခိုင်းရမယ်၊ ဆောက်ခွင့်ပေးရင်လည်း အားလုံးကို မျှမျှတတ ဆောက်ခွင့်ပေးရမယ်။ အခုလို ပိုက်ဆံပေးနိုင်တဲ့သူကျ ဆောက်ခွင့်ရပြီး၊ မပေးနိုင်တဲ့သူကျ လိုက်ဖမ်းနေတာဟာ နင်းပြားတွေအပေါ် နည်းလမ်းမကျဘဲ အနိုင်ကျင့် မတရားလုပ်နေတာပါ" ဟု ဒေသခံများက ရင်ဖွင့်ပြောကြားခဲ့သည်။
| 565 |
| 8 | بدون متن... | 529 |
| 9 | 🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စက်တင်ဘာ ၅ ရက်၊၂၀၂၆ စနေနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸
📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။
💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏
# သတင်းအထူးတပ်ဖွဲ့-ပုသိမ် | 570 |
| 10 | စက်တင်ဘာ(၄)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းအုပ်စု၊ ကွမ်းသီးခြံကျေးရွာနှင့် တောင်မရိုးပင်ကျေးရွာတို့တွင် မြို့နယ်လျှပ်စစ်မီးလင်းရေး (EPC) ဝန်ထမ်းအမည်ကို အလွဲသုံးစားလုပ်၍ ကျေးရွာနေပြည်သူများထံမှ အဓမ္မ ငွေကြေးတောင်းခံခြိမ်းခြောက်နေသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ EPC ဝန်ထမ်းမဟုတ်ဘဲ EPC ဝန်ထမ်း ဖိုးချဲ ၏ အစ်ကိုဖြစ်သူ ဝင်စထိုက် ဆိုသူသည် ကျေးရွာအတွင်း လျှပ်စစ်မီတာမရှိသေးသည့် အိမ်ထောင်စုများကို လျှပ်စစ်မီး ခိုးယူသုံးစွဲသည်ဟု စွပ်စွဲကာ တစ်မိသားစုလျှင် ပျမ်းမျှ ငွေကျပ် (၈) သိန်းခန့်အထိ လိုက်လံတောင်းခံ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဝင်စထိုက် ဆိုသူသည် သာပေါင်းမြို့နယ် ရဲစခန်းနှင့် ပူးပေါင်း၍ ကျေးရွာအတွင်း ဖြစ်ပွားသည့် ခွေးကိုက်မှုအသေးစားမှစ၍ ကျေးရွာအမှုပွဲစားလုပ်ကာ ပြည်သူများထံမှ ငွေကြေးအမြတ်ထုတ် မတော်မတရား ပြုလုပ်လျက်ရှိသည်။
လွန်ခဲ့သည့် ဩဂုတ်လ (၂၉) ရက်နေ့ကလည်း တောင်မရိုးပင်ကျေးရွာတွင် သစ်ပင်လှဲသည့် အလုပ်သမားတစ်ဦးသည် အပင်လှဲစဉ် ဓာတ်ကြိုးအား မတော်တဆ အနည်းငယ်ထိမိသွားခဲ့ရာ အဆိုပါ ဝင်စထိုက် မိသားစုမှ အမှုဖွင့်မည်၊ ထောင်ချမည်ဟု အကြောက်တရားပြကာ ငွေကျပ် (၂၅) သိန်းအထိ အဓမ္မတောင်းခံခဲ့သည်။ ဓာတ်ကြိုးမှာ အနည်းငယ်မျှသာ ထိခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုကိုယ်တိုင် ခဏတာအတွင်း ပြန်လည်ပြင်ဆင်နိုင်ခဲ့သည့် ပျက်စီးမှုမျိုးဖြစ်သော်လည်း၊ တောသူတောင်သား အလုပ်သမားဖြစ်သူမှာ ဥပဒေကြောင်းအရ ကြောက်ရွံ့သွားသည့်အတွက် မိမိပိုင်ဆိုင်သည့် ခြံကွက်ကို ပေါင်နှံ၍ ငွေကျပ် (၂၅) သိန်း ပေးအပ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဝင်စထိုက် နှင့် EPC ဝန်ထမ်း ဖိုးချဲ တို့ ညီအစ်ကိုနှစ်ဦးသည် သာပေါင်းရဲစခန်း အမည်ကို အသုံးပြုကာ ကျေးရွာနေ တောသူတောင်သားများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူ၍ အနိုင်ကျင့် ငွေကြေးတောင်းခံနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် ဒေသခံများက လိုလားလျက်ရှိကြသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#
https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 690 |
| 11 | بدون متن... | 641 |
| 12 | 🛑ယနေ့ စက်တင်ဘာ (၄ )ရက် မနက် (၀၃၃၂)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပလခမှ Jet fighter (၁)စီး အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရှိရသည်။ 🛑
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 697 |
| 13 | အမှတ်(၁၄)ရပ်ကွက်တွင် စာမတတ်သူကို လိမ်လည်လက်မှတ်ထိုးခိုင်း၍ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွား
စက်(၄)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်တွင် နေထိုင်သည့် စာမတတ်သူ အမျိုးသားတစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရုံးသို့ ခဏလာရန် လိမ်လည်ခေါ်ယူကာ စစ်မှုထမ်းဆင့်ခေါ်စာ၌ လက်မှတ်ထိုးခိုင်းပြီး တပ်အတွင်းသို့ အဓမ္မပို့ဆောင်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ (၃၀) ရက်နေ့တွင် အမှတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေး၊ ရာအိမ်မှူးများဖြစ်ကြသည့် ဝဏ္ဏ၊ မြင့်ဆွေ၊ ထွန်းရွှေ နှင့် တက်ပု ဆိုသူတို့က ရပ်ကွက်အတွင်း (၉) လမ်းတွင် နေထိုင်သော ကိုသူရ (အဘ ဦးခင်ဝင်း) အား ရုံးသို့ ခဏလာခဲ့ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကိုသူရ၏ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူမှာ စာမတတ်သည့်အတွက် စာရွက်စာတမ်းများတွင် လက်မှတ်မထိုးရန် တားမြစ်ခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လက်မှတ်ထိုးပါက စစ်မှုထမ်းရန် မလိုတော့ကြောင်း လိမ်လည်ပြောဆို၍ လက်မှတ်ထိုးခိုင်းခဲ့သည်။
လက်မှတ်ထိုးပြီးသည်နှင့်တစ်ပြိုင်နက် ကိုသူရအား ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ထိုမှတဆင့် အမှတ် (၅ဝ၅) တပ်ရင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ကိုသူရမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန် လစဉ် စစ်မှုထမ်းကြေး ကျပ်တစ်သိန်း ပေးဆောင်နေရသည့်ကြားမှပင် စစ်မှုထမ်းရန် အရောင်းစားခံခဲ့ရခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ်အောက်မှ မရုန်းထွက်နိုင်သမျှ ကာလပတ်လုံး ပြည်သူများအနေဖြင့် ယခုကဲ့သို့ မတရားပြုကျင့် ဖမ်းဆီးရောင်းစားခံရသည့် ဖြစ်စဉ်မျိုးနှင့် ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#
https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 786 |
| 14 | بدون متن... | 679 |
| 15 |
မော်လမြိုင်ကျွန်းတွင် စရဖအရာရှိ ကျော်ဇေဖြိုးသည် ဒေသခံ တောင်သူ(၆)ဦး
ထံမှ ငွေကျပ် သိန်း ၅၀၀ အဓမ္မတောင်းကာ ဥပဒေမဲ့ ဖမ်းဆီထားမှု ဖြစ်ပွား
စက်(၄)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ကျော်ဇေဖြိုးဆိုသူသည် သူ၏တပည့်များနှင့်အတူ ဒေသခံပြည်သူများအား မတရားစွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ကာ ငွေကျပ် သိန်း (၅၀၀) ဆက်ကြေးတောင်းခံနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၆) ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများသည် လယ်ယာမြေ ထွန်ယက်စိုက်ပျိုးရန်အတွက် တရားဝင်သယ်ဆောင်လာသည့် စက်သုံးဆီ (၁၅) ပေပါအား စရဖ ဆရာ ကျော်ဇေဖြိုးနှင့် အဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် အဆိုပါ စက်သုံးဆီများကို PDF အဖွဲ့များထံ ပေးပို့ရန် တရားမဝင် သယ်ဆောင်လာခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲကာ ဒေသခံ တောင်သူ(၆)ဦးအား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရားဥပဒေအတိုင်း အမှုဖွင့်လှစ်ခြင်း မရှိဘဲ အမှတ်(၆)ရပ်ကွက်၊ေအာင်ဆန်းလမ်း ၎င်းတို့၏ စရဖ ရုံး၌ ဒေသခံ တောင်သူ(၆)ဦးအား ဥပဒေမဲ့ ဆက်လက်ချုပ်နှောင်ထားပြီး၊ လွှတ်ပေးရန်အတွက် ငွေကျပ် သိန်း (၅၀၀) တောင်းခံနေကြောင်း သိရသည်။ ငွေကြေးမပေးနိုင်သေးသဖြင့် အဆိုပါ ပြည်သူများမှာ ယနေ့ထက်ထိ တရားမဝင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။
ဒေသခံများ၏ ပြောကြားချက်အရ စရဖ ကျော်ဇေဖြိုးသည် ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်ပြီး၊ အငယ်အနှောင်း ထားရှိခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် ပိုက်ဆံ လိုအပ်လာပါက ဒေသခံများနှင့် လောင်းကစားသမားများအား ဖမ်းဆီးငွေတောင်းခြင်းစသည့် တာဝန်နှင့် မကင်းသည့် လုပ်ရပ်များကို ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။
၎င်းတို့အဖွဲ့၏ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ပြုမူဆောင်ရွက်နေမှုများကြောင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမှာ စိတ်အနှောင့်အယှက်ဖြစ်ရပြီး နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှု၊ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#
https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 759 |
| 16 | بدون متن... | 697 |
| 17 | လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်၏ အာဏာအလွဲသုံးစားမှုနှင့် ကျင့်ဝတ်သိက္ခာပျက်ပြားမှုများအပေါ် ဒေသခံများမကျေမနပ်ဖြစ်နေ
စက်(၄)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်သည် ရာထူးနှင့် အာဏာကို အလွဲသုံးစားပြု၍ ဝန်ထမ်းများနှင့် ဒေသခံ အမျိုးသမီးများအပေါ် မဖွယ်မရာပြုမူခြင်း၊ ကျင့်ဝတ်သိက္ခာ ပျက်ပြားစွာ ပြုမူနေထိုင်ခြင်းတို့ကြောင့် ၎င်းအား အမြန်ဆုံး အရေးယူဖယ်ရှားပေးရန် ဒေသခံများနှင့် တာဝန်သိပြည်သူများက လိုလားနေကြကြောင်းသိရသည်။
ရဲမှူးတင်မောင်သက်သည် တရားဝင်ဇနီးရှိပါလျက် မယားငယ်ဖြစ်သူအား နေအိမ်သို့ ခေါ်ယူနေထိုင်ခြင်း၊ မြို့အတွင်း ပေါ်ပေါ်တင်တင် တွဲသွားတွဲလာ ပြုလုပ်ခြင်းများအပြင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး(၂)ဦးနှင့်လည်း ဖောက်ပြန်ဆက်ဆံမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် ရဲစခန်းအတွင်းရှိ အမျိုးသမီးရဲဝန်ထမ်း (ရဲမေ) များအား ရာထူးနှင့် အာဏာကို အသုံးပြုကာ အချိန်အခါမဟုတ် နေအိမ်သို့ ခေါ်ယူ၍ မဖွယ်မရာ ပြုမူခြင်း၊ အိမ်ထောင်သည် ရဲဝန်ထမ်းများ၏ ဇနီးဖြစ်သူများကိုလည်း အကြောင်းအမျိုးမျိုးပြ ခေါ်ယူကာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်နေသည်။ ရဲမေများမှာလည်း အာဏာကို ကြောက်ရွံ့သဖြင့် မလွန်ဆန်နိုင်ဘဲ ဆိုးရွားစွာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံနေရကြောင်း သိရသည်။
"ပြည်သူကို စောင့်ရှောက်ရမယ့် ရဲအရာရှိတစ်ယောက်က ခုလို စားဖားကြီးလို ကျင့်ကြံနေတာဟာ မြို့ရဲ့ ဂုဏ်သိက္ခာရော၊ မိဘပြည်သူတွေနဲ့ သက်ဆိုင်ရာ ဌာနရဲ့ သိက္ခာကိုပါ ဆိုးရွားစွာ ကျဆင်းစေပါတယ်။ မိန်းမကောင်းတွေအတွက်လည်း အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်နေပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပြည်သူ့ဝန်ထမ်းကျင့်ဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အာဏာကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုနေသည့် ရဲမှူးတင်မောင်သက်အား လက်ရှိရာထူးမှ အပြီးတိုင် အမြန်ဆုံး ဖယ်ရှားပေးရန်နှင့် သက်ဆိုင်ရာ အထက်ဌာန အဆင့်ဆင့်မှ ထိရောက်စွာ စုံစမ်းစစ်ဆေး၍ စံနမူနာပြ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက ပြင်းထန်စွာ တောင်းဆိုထားကြသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#
https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 732 |
| 18 | بدون متن... | 671 |
| 19 | 🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စက်တင်ဘာ ၄ ရက်၊၂၀၂၆ သောကြာနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸
📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။
💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏
# သတင်းအထူးတပ်ဖွဲ့-ပုသိမ် | 730 |
| 20 | ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် စစ်မှုထမ်းရန်အတွက် လူကုန်ကူးရောင်းစားခြင်း အပါအဝင် တရားမဝင် ဒုစရိုက်လုပ်ငန်းပေါင်းစုံကို ဒေသခံအမျိုးသမီးတစ်ဦးက ဌာနဆိုင်ရာတာဝန်ရှိသူအချို့နှင့် ပူးပေါင်း၍ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဘုန်းကြီးလမ်းတွင် နေထိုင်ပြီး အသုတ်ဈေးအတွင်း ကြက်သားရောင်းချသူ ဒေါ်သက် ဆိုသူသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် ပူးပေါင်းကာ စစ်မှုထမ်းရန်အတွက် လူရောင်းစားသည့် လုပ်ငန်းကို အဓိကလုပ်ကိုင်နေကြောင်း သိရသည်။ ထို့ပြင် အဆိုပါအမျိုးသမီးသည် တရုတ်မယားရောင်းစားသည့် လူကုန်ကူးမှုများ၊ ပြည့်တန်ဆာခေါင်းလုပ်ငန်းနှင့် ၂ လုံး၊ ၃ လုံး ထီဒိုင်လုပ်ငန်းများကိုပါ ရဲရဲဝံ့ဝံ့ လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။
"မနက်ပိုင်းဆို ဈေးထဲမှာ ကြက်သားရောင်းတယ်။ နေ့လယ်နဲ့ ညနေပိုင်းတွေမှာကျတော့ မူးယစ်ဆေးဝါးပါ ရောင်းချနေတာ။ ဒုစရိုက်လုပ်ငန်းမျိုးစုံကို လိုင်စင်ရထားသလိုကို ပေါ်ပေါ်ထင်ထင် လုပ်နေတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေါ်သက် ဆိုသူသည် ဒေသဆိုင်ရာ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအတွက် လိုအပ်သည့် ငွေကြေးနှင့် အမျိုးသမီးများ ထောက်ပံ့ပေးနေသည့်အတွက် တိုင်ကြားမှုများ ရှိနေသော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိဘဲ အကာအကွယ်ပေးထားခြင်း ခံနေရကြောင်း သိရသည်။
ထိုသို့ တာဝန်ရှိသူအချို့၏ အကာအကွယ်ပေးမှုကြောင့် အဆိုပါ ဒုစရိုက်လုပ်ငန်းများမှာ ပိုမိုကျယ်ပြန့်လာပြီး ရပ်ကွက်နှင့် မြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူများအကြား စိုးရိမ်မကင်းမှုနှင့် မကျေနပ်မှုများ စည်းကမ်းမဲ့ ကြီးထွားလျက်ရှိကြောင်း သိရသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#
https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 771 |
