cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Ayeyarwaddy Times

For Freedom Justice & Peace

نمایش بیشتر
پست‌های تبلیغاتی
23 866
مشترکین
+8724 ساعت
+1 0007 روز
+3 96330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
👍 3
နယ်သာလန်က ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မှု မကြာမီ စတင်မယ် ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် နယ်သာလန်နိုင်ငံဟာ ယူကရိန်းသို့ ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ် ကို မကြာမီ ပေးပို့မယ်လို့ ဒတ်ချ်အစိုးရအဖွဲ့က ပြောပါတယ်။ ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ရေးအတွက် လိုအပ်သော ခွင့်ပြုချက်တွေ တ ရားဝင်ခွင့်ပြုပြီးဖြစ်တယ်လို့ ပြီးခဲ့နှစ် ရွေးကောက်ပွဲအပြီး လနဲ့ချီကြာအောင် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ စည်းပြီးနောက် လွှတ်တော်သို့ပေးပို့ခဲ့တဲ့ စာတစ်စောင်အတွင်း ကာကွယ်ရေးဝန်ကြီး ကတ်ဂျ်ဆာအော် လွန်ဂရမ်က ပြောပါတယ်။ ပထမအသုတ်မှာ F-16 ဂျက်တိုက်လေယာဉ် ဘယ်နှစ်စင်းပေးပို့ပြီး ဘယ်အချိန်မှာ ယူကရိန်းသို့ ရောက်ရှိမယ်ဆိုတာကို လုံခြုံရေးအခြေအနေတွေကြောင့် ထုတ်ဖော်ပြောဆိုဖို့ သူက ငြင်းဆန်ခဲ့ပါတယ်။ ရုရှားတိုက်ခိုက်မှုကို ကာကွယ်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်တင်ဖို့ ယူ ကရိန်းသို့ စစ်လက်နက်တွေထောက်ပံ့တဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့နောက်မှာ နယ်သာလန်နိုင်ငံက အဓိကမောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပါတယ်။ နယ်သာလန်နိုင်ငံက အစောပိုင်းမှာ ရိုမေးနီးယားနိုင်ငံရှိ လေ့ကျင့်ရေးစခန်းတစ်ခုသို့ F-16 ဂျက် တိုက်လေယာဉ်တွေ ပေးပို့ခဲ့ပါတယ်။ အဆိုပါလေ့ကျင့်ရေးစခန်းမှာ ယူကရိန်းလေယာဉ်မှူးတွေနဲ့ မြေပြင်ဝန်ထမ်းတွေ စစ်မြေပြင်မှာ F-16 ဂျက် တိုက်လေယာဉ်တွေကို ဘယ်လိုပျံသန်း၊ ထိန်းသိမ်းရတာဆိုတာကို သင်ကြားပေးနေပါတယ်။ လအနည်းငယ်အတွင်း ဒိန်းမတ်၊ နယ်သာလန်နဲ့ အမေရိကန်နိုင်ငံတွေက ယူကရိန်းသို့ ကတိပြု ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မှုစတင်မယ်လို့ မျှော်မှန်းကြောင်း ကတ်ဂျ်ဆာအော်လွန်ဂ ရမ်က ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။ ကိုးကား - Reuters Ref; Netherlands to start F-16 deliveries to Ukraine soon, government says #Ayeyarwaddy_Times
نمایش همه...
👍 6
မြစ်ကြီးနားမြို့ မြစ်ရေ ၆ လက်မခန့် လျော့ကျသွားသော်လည်း စိုးရိမ်ရေအမှတ် ၄ပေခွဲခန့်ရှိနေပြီး ဒေသခံများကူညီကယ်ဆယ်ရေးလိုအပ် ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ရေကြီးပြီး မြို့ အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ဒေသခံသောင်းချီ ရေဘေးရှောင်နေရပြီး ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် စိုးရိမ်ရေမှတ် ခြောက်လက်မခန့်ထိသာ ကျဆင်းခဲ့ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျှက် ရှိနေကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၂ ရက်နေ့ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန (မိုး/ဇလ)၏ နံနက် ၇ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့်(၁၃၅ စင်တီမီတာ)ကျော် လွန်ရောက်ရှိနေကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၁ ရက်နေ့ နေ့လယ် ၂ နာရီ၃၀မိနစ် တိုင်းထွာချက်သည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်(၁၅၂ စင်တီမီတာ)ကျော်လွန်နေသည်ဟု ထုတ်ပြန်ထားရာ ယနေ့တွင် စိုးရိမ်ရေမှတ်မှာ ၆ လက်မခန့် ကျဆင်းသွားကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ မြို့အတွင်းရေကျဆင်းမှုရှိသော်လည်း ရပ်ကွက်အတွင်းသို့ ဒေသခံပြည်သူများ ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ရေနစ်မြုပ်မှုရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။ "မြို့ထဲရေတွေဝင်လာပေမယ့် တချို့တွေက နေလို့‌ရသေးတဲ့ အထပ်မြင့်တိုက်တွေပေါ်တက်နေကြတယ်။ ရေမဝင်သေးတဲ့ ရပ်ကွက်တွေကိုလည်း ပြောင်းနေကြတဲ့ သူတွေရှိတယ်။ ရေလည်းနည်းနည်းပြန်ကျတော့ မနေ့ကပိတ်မိနေတဲ့သူတွေ အမြင့်ပိုင်းတွေကို ပြောင်းလာနေကြတယ်။ ကယ်ဆယ်ရေးအသင်းတွေက ဆက်သွယ်လို့မရဘူး။ ဖုန်းလိုင်းတွေပြတ်နေတယ်"ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အနိမ့်ပိုင်းနေရာများဖြစ်သည့် ရမ်ပူ၊ ရှမ်းစုတောင်/ မြောက်၊ မြို့မ၊ မင်းရပ်၊ မြို့သစ်၊ ရွှေဆက်၊ တပ်ကုန်း၊ ဧရာရပ်ကွပ်များမှာ ရေကြီးနစ်မြုပ်မှု ပိုမိုပြင်းထန်ကြောင်း သိရသည်။ ရေဘေးရှောင်‌လာသည့်ဒေသခံများကို မြေမြင့်ရပ်ကွက်နှင့် အခြားအမြင့်ပိုင်းရပ်ကွက်များရှိ ဘုန်းကြီး ကျောင်းများနှင့် လူမှုကယ်ဆယ်ရေးရုံးမျာတွင် ကူညီကယ်ဆယ်ထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့အတွင်း ကူညီကယ်ဆယ်ရေးပြုလုပ် နေသည့် လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် ဖုန်းလိုင်းများမှာ လက်ရှိတွင် ဆက်သွယ်၍မရဘဲ ပြတ်တောက်နေ‌သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။ မြို့အတွင်း အထပ်မြင့်အဆောက်အဦများတွင် ရေဘေးရှောင်ရန် တက်ရောက်နေထိုင်သူများမှာ အောက်သို့ဆင်းမရဘဲ အစားအသောက်နှင့် ဆေးဝါးအကူအညီ လိုအပ်ချက်မှုများ ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်အတွင်း လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာကျေးရွာများသို့လည်း မြစ်ရေဝင်ရောက်၍ရေကြီးနစ်မြုပ်မှုဖြစ်ကာ မိုးအဆက်မပြတ်သည်း ထန်စွာရွာသွန်းလျက်ရှိကြောင်း သိရသည်။ ပုံစာ-မြစ်ကြီးနားမြို့ပေါ် ရေကြီး ရေလျှံမှုမြင်ကွင်း #ကချင် #မြစ်ကြီးနား #မြစ်ရေကြီး #မိုးသည်းထန် #ဒေသခံများ #အကူအညီလိုအပ် #Ayeyarwaddy_Times
نمایش همه...
👍 6
Photo unavailableShow in Telegram
👍 9
ဂျပန်-ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား အပြင်းအထန် ရှုတ်ချ ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပမာဏကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ် ခုကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ယင်းသို့သောလုပ်ရပ်က သေစေနိုင်သော အကျိုးဆက်တွေ ဖြစ်လာ နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အဆိုပါသုံးနိုင်ငံဟာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ပါဝင်သော “Freedom Edge” လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အရှေ့ တရုတ်ပင်လယ်အတွင်း ပြုလုပ်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ ဒုံးကျည်ကာကွယ်ရေးနဲ့ ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ရေး အပါအဝင် စစ်ရေးလေ့ ကျင့်မှု အမျိုးအစား ၇ ခုကို ပြုလုပ်ခဲ့ပါတယ်။ ရန်စသော စစ်ရေးလေ့ကျင့်မှုကြောင့် အဆိုပါ ၃ နိုင်ငံကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံ ခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းဌာန KCNA မှတစ်ဆင့် ပြောပါတယ်။ အဆိုပါ ၃ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အာရှပုံစံ နေတိုးအဖွဲ့လို့ မြောက်ကို ရီးယားက ခေါ်ဆိုလိုက်ပါတယ်။ ရုရှားနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ရန်သူတပ်ဖွဲ့တွေရဲ့ စုပေါင်းစစ်ရေးစွက် ဖက်မှုကို ဟန့်တားမယ့်လုပ်ရပ်ကို လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စနေနေ့က အာဏာရ အလုပ်သမားပါတီရဲ့ မျက် နှာစုံညီ အစည်းအဝေးမှာ အရေးပါသော မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ကင်ဂျုံအန်က ၅ နှစ်ကြာ ကာကွယ်ရေးစီမံချက် စတုတ္ထနှစ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီး ယားနဲ့ ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်တွေကို ပြောကြားခဲ့ခြင်း ရှိ မရှိကို စောင့်ကြည့်နေကြပါ တယ်။ ကိုးကား - NHK Ref; North Korea denounces Japan-US-South Korea joint military exercises #Ayeyarwaddy_Times
نمایش همه...
Ayeyarwaddy Times

ဂျပန်-ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား အပြင်းအထန် ရှုတ်ချ ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပမာဏကြီးမားသော...

👍 5
👍 28 6
မတ္တရာရှိ စစ်ကောင်စီ၏ Alpha ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းအပါအဝင် တပ်စခန်း ၈ ခုကို MDY-PDF သိမ်းပိုက် ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် မန္တလေး၊ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သည့် မြေနီတောင် တပ်စခန်းအပါအဝင် စစ်ကောင်စီ၏တပ်စခန်း ရှစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှစ၍ ယနေ့ ဇူလိုင် ၂ ရက်နေ့အထိ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ်တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သည့် မြေနီတောင်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိကြောင်း MDY-PDF ကထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၆၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်း ဥပဒေနှင့်အညီ ထိန်း သိမ်းထားရှိထားကြောင်း သိရသည်။ ထို့အပြင် လက်နက်ချအညံ့ခံ အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်မိသားစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေး သူငယ်များစုစုပေါင်း ၁၁၇ ဦးကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း MDY-PDF ကဆိုသည်။ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်း ဆင်နွှဲနေသည့်တိုက်ပွဲများတွင် MDY-PDF နှင့်အတူ ဒေသခံအဖွဲ့ အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။ လက်ရှိတွင် MDY-PDF အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ- MDY-PDF #မန္တလေး #မတ္တရာ #စစ်ကောင်စီ #တပ်စခန်း၈ခု #Alphaဘိလပ်မြေစက်ရုံ #MDYPDF #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times
نمایش همه...
👍 22 3🔥 2
Photo unavailableShow in Telegram
👎 11
မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ အာဆီယံဉက္ကဌ လာအိုနိုင်ငံ ပြော ဧရာဝတီတိုင်းမ် ဇူလိုင် ၂ ရက် အာဆီယံအဖွဲ့က ဆက်လက်ပြီး အင်အားကြီးမားနေတာကြောင့် အိန္ဒိယနိုင်ငံက အာဆီယံအဖွဲ့ ရဲ့ တန်ဖိုးထားသော မိတ်ဖက်တစ်ဉီးဖြစ်တယ်လို့ လာအို၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဉီး စီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ချာတူလောင်က ပြောပါတယ်။ အာဆီယံအဖွဲ့ရဲ့ အရေးကြီးသော အချက်တစ်ချက်မှာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသော အခြေအ နေဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော်တို့ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့ပြီး အထူးကိုယ်စား လှယ်တစ်ဉီး ခန်အပ်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ခံရပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်” လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်အနေနဲ့ အိန္ဒိယနိုင်ငံက အရေးပါသော အခန်းကဏ္ဍမှပါဝင် နေလို့ အိန္ဒိယနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်ခြင်းက အာဆီယံအဖွဲ့နဲ့ လာအိုနိုင်ငံအတွက် အလွန် အ ရေးကြီးတယ်လို့ ၎င်းက ပြောပါတယ်။ အိန္ဒိယနိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ECEP) ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ အာဆီယံအဖွဲ့က မျှော်လင့်နေတယ်လို့ သူက ဆိုပါတယ်။ RCEP ဆိုတာ မြန်မာအပါအဝင် အာရှနဲ့ ပစိဖိတ်ဒေသမှ တိုင်းပြည်တွေကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ဖြစ်ပါတယ်။ ကိုးကား - ANI Ref; India remains valued partner of ASEAN: Director-General ASEAN Dept in Laos Foreign Ministry #Ayeyarwaddy_Times
نمایش همه...
👍 11👎 7
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.