သတင်းအထူးတပ်ဖွဲ့ - PATHEIN
Open in Telegram
ပြည်သူ့အတွက် ပြည်သူနဲ့အတူ ရပ်တည်ပြီး သတင်းမှန်များကိုသာ ဖြန့် ဝေပေးသည့် channel ဖြစ်သည်။
Show more5 426
Subscribers
+224 hours
+187 days
+2830 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+57
in 0 channels
August '26
+144
in 0 channels
Get PRO
July '26
+227
in 0 channels
Get PRO
June '26
+193
in 0 channels
Get PRO
May '26
+212
in 3 channels
Get PRO
April '26
+183
in 1 channels
Get PRO
March '26
+226
in 1 channels
Get PRO
February '26
+162
in 3 channels
Get PRO
January '26
+195
in 0 channels
Get PRO
December '25
+134
in 0 channels
Get PRO
November '25
+132
in 0 channels
Get PRO
October '25
+138
in 2 channels
Get PRO
September '25
+121
in 3 channels
Get PRO
August '25
+210
in 3 channels
Get PRO
July '25
+254
in 2 channels
Get PRO
June '25
+204
in 6 channels
Get PRO
May '25
+255
in 4 channels
Get PRO
April '25
+310
in 3 channels
Get PRO
March '25
+302
in 5 channels
Get PRO
February '25
+354
in 2 channels
Get PRO
January '25
+861
in 8 channels
Get PRO
December '24
+475
in 0 channels
Get PRO
November '24
+128
in 2 channels
Get PRO
October '24
+267
in 2 channels
Get PRO
September '24
+294
in 2 channels
Get PRO
August '24
+468
in 3 channels
Get PRO
July '24
+188
in 2 channels
Get PRO
June '24
+268
in 2 channels
Get PRO
May '24
+128
in 0 channels
Get PRO
April '24
+199
in 0 channels
Get PRO
March '24
+203
in 1 channels
Get PRO
February '24
+214
in 1 channels
Get PRO
January '24
+142
in 0 channels
Get PRO
December '23
+804
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 08 September | +2 | |||
| 07 September | +12 | |||
| 06 September | +4 | |||
| 05 September | +7 | |||
| 04 September | +10 | |||
| 03 September | +7 | |||
| 02 September | +10 | |||
| 01 September | +5 |
Channel Posts
အာရက္ခပြည်၊ သံတွဲ နှင့် ဂွမြို့တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်
အာရက္ခပြည်၊ သံတွဲ နှင့် ဂွ မြို့တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ နံနက် (၁၀) နာရီ (၂၇) မိနစ်အချိန်မှစ၍ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် သံတွဲမြို့ကို ယမန်နေ့ နံနက် (၁၀) နာရီ (၂၇) မိနစ်အချိန်တွင် ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးသီးများမှာ သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်းရပ်ကွက်တွင် နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူ ဒေါ်သန်းသန်းကြွယ် (၈၃ နှစ်) မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မမို့မို့မြင့်အောင် (၂၈ နှစ်)၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နှင့် ကိုရန်နောင်ထက် (၂၈ နှစ်) တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။ ထို့အပြင် ပြည်သူများ၏ နေအိမ် (၈) လုံးပျက်စီး ဆုံးရှုံးခဲ့ရသည်။
ဂွ နှင့် သံတွဲ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှလည်း နံနက် (၁၁) နာရီ ( ၂၆) မိနစ် အချိန်မှ မွန်းတည့် (၁၂) နာရီအချိန်အထိ ကမ်းခြေတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကို လေကြောင်းတိုက်ခိုက်မှုအပြီး ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ နေ့လယ် (၂) နာရီ (၅၂) မိနစ်အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာနှင့် စပါးကြီးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ထပ်မံ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူနေအိမ် (၈) လုံးမှာ လုံးဝပျက်စီး ဆုံးရှုံးခဲ့သည်။
ထို့အတူ ယမန်နေ့၊ စက်တင်ဘာလ (၇) ရက်၊ နံနက် (၉) နာရီခွဲအချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျ ကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ၏ နေအိမ် (၄) လုံး ပျက်စီး ဆုံးရှုံးခဲ့သည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် သံတွဲ နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့ကို ဖက်ဆက် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သား သေဆုံးမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံအချို့
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
| 2 | No text... | 172 |
| 3 |
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူ၏ မသမာမှုများကြောင့် ဒေသခံပြည်သူများ မကျေမနပ်ဖြစ်နေ
စက်(၈)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊လေးမျက်နှာမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စံသိန်းနှင့် ဇနီးဖြစ်သူတို့၏ ဘက်လိုက်ဆောင်ရွက်မှု၊ ထောက်ပံ့ကြေးများ မသမာပြုလုပ်မှုနှင့် ပြည်သူများအပေါ် ရိုင်းစိုင်းစွာ ပြုမူမှုများကြောင့် ဒေသခံပြည်သူများ အခက်အခဲနှင့် မကျေမနပ်ဖြစ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စံသိန်းသည် ရေကြီးရေလျှံမှုကြုံတွေ့ရချိန်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူအားလုံးကို မျှမျှတတ ကူညီစောင့်ရှောက်ရမည် ဖြစ်သော်လည်း၊ နိုင်ငံတော်မှ ပေးဝေသော ဆန်၊ ဆီ အပါအဝင် အကူအညီများကို ရပ်ကွက်နေပြည်သူများထံ မဝေငှဘဲ လေးမျက်နှာ အနောက်ချမ်းမှ စစ်ဘေးရှောင်များထဲတွင် ပါဝင်သည့် ၎င်း၏ မိသားစုဝင်များနှင့် ဆွေမျိုးများကိုသာ ဦးစားပေး ခွဲဝေပေးနေကြောင်းသိရသည်။
ရေဘေး အကူအညီနှင့် နိုင်ငံတော်မှ ထောက်ပံ့သည့် ဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ငွေများတွင် အမှန်တကယ် ဒုက္ခရောက်နေသော ရပ်ကွက်နေ ပြည်သူများကို စာရင်းမှ လျှစ်လျူရှုထားပြီး ၎င်း၏ မိသားစု၊ ဆွေမျိုးများနှင့် အိမ်တွင် အမှန်တကယ် မရှိသူများကိုသာ စာရင်းသွင်း၍ ကိုယ်ကျိုးအတွက် အသုံးပြုနေသည်။
အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစနစ်များတွင် သက်ဆိုင်ခြင်းမရှိသည့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှဲ့လှဲ့ခိုင်မှ ဝင်ရောက်စွက်ဖက်ပြီး ပြည်သူများအပေါ် ရိုင်းစိုင်းစွာ အော်ဟောက် ပြုမူလျက်ရှိကြောင်း၊ မတရားမှုကို သွားရောက်ပြောဆို ထောက်ပြသည့် ပြည်သူများကိုလည်း "ငါက ရပ်ကျေးအုပ်ကြီး ဖြစ်တယ်၊ ငါ့ကို ဘာမှလာမပြောနဲ့" ဟုဆိုကာ ရိုင်းစိုင်းစွာ အော်ဟောက်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး စံသိန်းနှင့် ဇနီးဖြစ်သူ လဲ့လဲ့ခိုင်တို့၏ မတရား ပြုမူဆောင်ရွက်မှုများ၊ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှုများနှင့် ပတ်သက်၍ မကျေနပ်ကြကြောင်း ဒေသခံများက ပြောဆိုထားသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 439 |
| 4 | No text... | 413 |
| 5 | 🛑ယနေ့ စက် (၈ )ရက် မနက် (၁၁၅၆ )အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ပလခမှ Y-12 (၁)စီး အနောက် မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရှိရသည်။ 🛑
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 526 |
| 6 | ပလုံကောက်ရင်း ပျောက်ဆုံးသွားခဲ့ရသူ လူငယ်နှစ်ဦး ကယားပြည်နယ်မှ စစ်မှုထမ်းရင်း မိသားစုထံ ဆက်သွယ်လာ
စက် (၈)ရက် ၂၀၂၆
ဧရာဝတီတိုင်း၊ဝါးခယ်မမြို့နယ်သား လူငယ်(၂)ဦး ရွှေပြည်သာမြို့နယ်တွင် ပလုံကောက်သည့် အလုပ်ဖြင့် ဝမ်းစာရှာဖွေနေစဉ် ပျောက်ဆုံးသွားခဲ့သည့် အဆိုပါလူငယ်နှစ်ဦးသည် စစ်မှုထမ်းရန်အတွက် ကယားပြည်နယ်သို့ ရောင်းစားခံထားရကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် မိသားစုထံ ပြန်လည်ဆက်သွယ် အကြောင်းကြားလာသည်ဟု သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ လက်ပံတောင်ကျေးရွာမှ ရွှေပြည်သာမြို့နယ် ဝါးတရာသို့ ပြောင်းရွှေ့နေထိုင်သူ မောင်သန်းဝင်းအောင် (၂၅ နှစ်) နှင့် ယောက်ဖတော်စပ်သူမောင်လှမင်းထိုက် (၂၁ နှစ်) တို့နှစ်ဦးသည် လွန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် အလုပ်လုပ်ရန် ထွက်ခွာသွားစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက စိုးရိမ်တကြီး ရှာဖွေခဲ့ကြသည်။ မောင်သန်းဝင်းအောင်တွင် ဇနီးဖြစ်သူနှင့်အတူ ၁ နှစ်နှင့် ၃ လအရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
"သူတို့ ပလုံကောက်ရင်း ပျောက်သွားခဲ့တာပါ။ အခု စက်တင်ဘာ ၇ ရက်နေ့မှ မိသားစုဆီ ဖုန်းဆက်လာပြီး ကယားပြည်နယ်ဘက်မှာ စစ်မှုထမ်းဖို့ ရောင်းစားခံထားရတယ်လို့ ပြောပါတယ်" ဟု မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူငယ်များကို လမ်းပေါ်မှ အဓမ္မ ဖမ်းဆီးခြင်းနှင့် စစ်မှုထမ်း အစားထိုးရန်အတွက် ငွေကြေးဖြင့် အရောင်းအဝယ်ပြုလုပ်သည့် အောက်လမ်းဈေးကွက်များ ကျယ်ပြန့်စွာ ပေါ်ပေါက်နေကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြထားကြသည်။
စစ်မှုထမ်း မဲပေါက်သူများ သို့မဟုတ် ငွေကြေး တတ်နိုင်သူများထံမှ ရွေးတုအစိုးရ အုပ်ချုပ်ရေးပိုင်းနှင့် ပွဲစားများက အစားထိုးကြေး ငွေကျပ် သိန်းဂဏန်း ရယူကာ ဆင်းရဲနွမ်းပါးသူများ၊ အကာအကွယ်မဲ့သည့် လမ်းဘေး အလုပ်လုပ်သူများကို အဓမ္မ ဖမ်းဆီး၍ စစ်သင်တန်းကျောင်းများသို့ လူစားထိုး ရောင်းစားနေကြခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါ အရောင်းအဝယ်ပြုလုပ်ခံရသူများနှင့် အဓမ္မ ဖမ်းဆီးခံရသည့် လူငယ်များကို သင်တန်းရက်တိုပေးပြီးနောက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသော ကယား (ကရင်နီ) ပြည်နယ်ကဲ့သို့သော ရှေ့တန်းစစ်မျက်နှာပြင်များသို့ အင်အားဖြည့်တင်းရန် စေလွှတ်နေကြောင်း သိရသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
#https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 511 |
| 7 | No text... | 487 |
| 8 | 🛑ယနေ့ စက်တင်ဘာ (၇ )ရက် မနက် (၁၀၃၁ )အချိန် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပလခမှ Jet fighter (၁)စီး အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရှိရသည်။ 🛑
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 512 |
| 9 | 🛑ယနေ့ စက် (၈ )ရက် မနက် (၁၀၁၉ )အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ပလခမှ Y-12 (၁)စီး အနောက် မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရှိရသည်။ 🛑
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 497 |
| 10 | အုပ်ချုပ်ရေးမှူးညွန့်လှိုင်သည် ရပ်ကွက်အတွင်းလူငယ်များအား ဖမ်းဆီ၍ စစ်မှုထမ်းအတွက် အခြားကျေရွာအုပ်စုများသို့ လူစားထိုးရောင်းစားနေ
စက်(၈)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊မြောင်းမြမြို့၊ မြရတနာရပ်ကွက် အုပ်ချုပ်ရေးမှူး ညွန့်လှိုင် ဆိုသူသည် ဩဂုတ်လ (၂၉) ရက်နေ့တွင် ရပ်ကွက်အတွင်း အပြစ်မဲ့ပြည်သူတစ်ဦးအား မတရားဖမ်းဆီးကာ အခြားကျေးရွာတစ်ခုအတွက် စစ်မှုထမ်း လူစားထိုးအဖြစ် ငွေကြေးရယူ ရောင်းစားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြရတနာရပ်ကွက်၊ (၄) လမ်းတွင် နေထိုင်သည့် အောင်ကျော်စိုး(ဘ) ဦးကျော်ဝင်းခိုင် အား အုပ်ချုပ်ရေးမှူး ညွန့်လှိုင်က ဩဂုတ်လ (၂၉) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မြောင်းမြမြို့နယ် ငှက်ပျောတောကျေးရွာအတွက် စစ်မှုထမ်းရန် လူစားထိုးအဖြစ် ရောင်းစားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်မှုထမ်း လူစားထိုး ရောင်းစားမှုတွင် ငွေကျပ် (၁၇၀) သိန်း ရရှိခဲ့ပြီး ခတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ရာဇာထွန်း အား သိန်း (၃၀) ကျော် ခွဲဝေပေးခဲ့ရကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး ညွန့်လှိုင်သည် ဤကဲ့သို့ စစ်မှုထမ်းရန် ပြည်သူများအား မတရားဖမ်းဆီး ရောင်းစားနေသည်မှာ လူဦးရေ (၁၀) ဦးထက်မကတော့ကြောင်း မြို့ခံများထံမှ သိရသည်။
ခတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ရာဇာထွန်း သည် စစ်မှုထမ်း မတရားရောင်းစားရာမှ ရရှိသည့် ငွေကြေးဝေစုများ ပုံမှန်ရရှိနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စစ်မှုထမ်းရန်အတွက် ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းနှင့် လူစားထိုး ရောင်းစားခြင်းများကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ပေးထားပြီး အကာအကွယ်ပေးထားကြောင်းလည်း ဒေသခံများက ပြင်းထန်စွာ ဝေဖန်ထောက်ပြနေကြသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 529 |
| 11 | No text... | 522 |
| 12 | 🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စက်တင်ဘာ ၈ ရက်၊၂၀၂၆ အင်္ဂါနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸
📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။
💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏
# သတင်းအထူးတပ်ဖွဲ့-ပုသိမ် | 586 |
| 13 | ညောင်တုန်းမြို့နယ် ၊ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် MARK ll ယာဉ် လမ်းချော်၍ သစ်ပင်အား ဝင်တိုက်မိရာ အမျိုးသား(၂)ဦး သေဆုံး
စက်(၇)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူ (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော TOYOTA MARK II (အဖြူရောင်) ယာဉ်သည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာအနီး၊ ရန်ကုန်-ပုသိမ်လမ်းမကြီး မိုင်တိုင်အမှတ် (၃၄/၀) နှင့် (၃၄/၁) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ ဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၂) ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းအား "သစ္စာရှင်" လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 780 |
| 14 | No text... | 742 |
| 15 | စက်(၇)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ နကုန်းကျေးရွာအုပ်စု၊ ထောပုဃားကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးအောက်၌ စစ်မှုထမ်းစနစ်ကို အကြောင်းပြကာ ဒေသခံများထံမှ ငွေကြေးများကို နည်းမျိုးစုံဖြင့် အဓမ္မကောက်ခံနေသည့်အပြင် စစ်ကောင်စီနှင့် အာဏာပိုင်များ၏ လွှတ်ထားမှုကြောင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ သောင်းကျန်း ပေါများလာပြီး ဒေသတွင်း သာယာဝပြောမှုများ လုံးဝပျက်စီးယိုယွင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထောပုဃားကျေးရွာတွင် ယခင်အုပ်ချုပ်ရေးမှူး ခင်ဝင်း နှင့် ရာအိမ်မှူး မြင့်ဦး တို့လက်ထက်ကတည်းက စစ်မှုထမ်းရန်အကြောင်းပြ၍ တစ်အိမ်လျှင် ပထမအရစ် ကျပ် ၅၀,၀၀၀ နှင့် ငွေကြေးမလောက်ဟုဆိုကာ ဒုတိယအရစ် ကျပ် ၃၀,၀၀၀ အထိ အဓမ္မကောက်ခံခဲ့သည်။ ထိုသို့ ပြည်သူများအပေါ် ခေါင်းပုံဖြတ် ငွေကြေးကောက်ခံခဲ့မှုကြောင့် ဒေသခံများ၏ ပြင်းထန်သော မကျေနပ်မှုများကြောင့် အဆိုပါအုပ်ချုပ်ရေးမှူးမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။
သို့သော်လည်း နောက်ထပ် အသစ်တက်လာသည့် အုပ်ချုပ်ရေးမှူး သိန်းဝင်း ကလည်း ယခင်နည်းတူပင် ပအကြိမ် ကျပ် ၃၀,၀၀၀၊ဒုအကြိမ်ကျပ် ၃၀,၀၀၀၊ယခုကျပ် ၁၅,၀၀၀၊အသီးသီး ထပ်မံကောက်ခံလျက်ရှိသဖြင့် ရွာသားများမှာ "ယခင်ဘုန်းကြီးက တစ်ချက်ခေါက်၊ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်" ဆိုသကဲ့သို့ အုပ်ချုပ်ရေးမှူးအကူးအပြောင်းတိုင်းတွင် ငွေကြေးထပ်မံပေးဆောင်နေရပြီး မီးအေးနှစ်ခါနာ ဖြစ်နေကြရသည်။ ထို့ပြင် ငွေကြေးမထည့်ဝင်ပါက "တပ်ထဲသို့ စောက်မြစ်ကပ်မှုဖြင့် ထည့်ပစ်မည်" ဟု အာဏာပြ ခြိမ်းခြောက်ပြောဆိုနေသဖြင့် ဒေသခံများမှာ အလွန်ထိတ်လန့် ကြောက်ရွံ့နေကြရသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေချိန်တွင် ထောပုဃားကျေးရွာနှင့် နကုန်းအုပ်စုအတွင်း၌ မူးယစ်ဆေးဝါးနှင့် တရားမဝင် လောင်းကစားဝိုင်းများမှာ ပေါ်ပေါ်ထင်ထင် သောင်းကျန်းလျက်ရှိသည်။
နကုန်းကျေးရွာအုပ်စုမှ ဝက်ကြီး (ခ) ဝက်ကြီးဆေးဘူး၊ ကျော်ကျော်ဦး နှင့် မျိုးဝင်း ဆိုသူတို့က ဝက်ကြီး၏ နေအိမ်တွင် ၅ ရက်လျှင် တစ်ကြိမ် ပုံမှန် ဖဲဝိုင်း/လောင်းကစားဝိုင်းများကို အတားအဆီးမရှိ ရဲရဲတင်းတင်း ပြုလုပ်လျက်ရှိသည်။
အဆိုပါ လောင်းကစားဝိုင်းပြုလုပ်သူ ဝက်ကြီး၏ သားဖြစ်သူ မင်းမင်း ဆိုသူက "အထက်လူကြီး၊ ရဲစခန်း၊ နယ်ထိန်းနှင့် စစ်တပ်ကို ပိုင်ဆိုင်ထားသဖြင့် မည်သူ့ကိုမျှ ဂရုစိုက်စရာမလို" ဟု ကြိမ်းဝါးကာ ၅ ရက်လျှင် လိုင်းကြေး ကျပ် ၁၀ သိန်း ပေးဆောင်၍ တရားမဝင် စီးပွားရှာနေကြခြင်းဖြစ်သည်။
ထိုသို့ မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ ပေါများလာမှုကြောင့် ကျေးရွာအတွင်း လူငယ်များ လမ်းမှားရောက်ခြင်း၊ ခိုးဆိုးလုနှိုက်မှုများ ပေါများလာခြင်း၊ မိသားစုစီးပွားရေးနှင့် လူမှုရေး အဆင်မပြေမှုများ ဖြစ်ပေါ်ကာ ဒေသတွင်း ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိတွင် ထောပုဃားကျေးရွာမှာ နှစ်ပိုင်းကွဲလျက်ရှိပြီး အာဏာပိုင်များနှင့် ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေးပိုင်း၏ အာဏာအလွဲသုံးစားလုပ်ကာ ငွေကြေးကောက်ခံမှု၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ မသမာသူများ လက်ဝါးကြီးအုပ် ရဲရဲတင်းတင်း ပြုလုပ်နေမှုတို့ကြောင့် ဒေသခံပြည်သူများ၏ ဘဝမှာ စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် ဖိနှိပ်ခံနေကြရကြောင်း သိရသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 794 |
| 16 | No text... | 720 |
| 17 | လပွတ္တာမြို့နယ်၌ စားသုံးသူရေးရာ ဦးစီးမှူးနှင့် စားသုံးဆီကိုယ်စလှယ်တို့ ပူးပေါင်း၍ စက်မှုလုပ်ငန်းသုံးဆီ မသမာမှုပြုလုပ်နေမှုကြောင့် ဒေသခံပြည်သူများ စားသုံးဆီ ဈေးကြီးပေးဝယ်ယူနေရ
စက်(၇)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှင့် စားသုံးဆီ လက်ကားကိုယ်စားလှယ်တို့ ပူးပေါင်းကာ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်၍ စက်မှုလုပ်ငန်းသုံးဆီများကို မှောင်ခိုဈေးဖြင့် ထုတ်ရောင်းနေသဖြင့် ဒေသခံပြည်သူများနှင့် အသေးစား မုန့်ကြော်၊ ထမင်းဆိုင် လုပ်ငန်းရှင်များ စားဆီကို ပုံမှန်ထက် ဈေးနှုန်းအဆမတန် ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးမှူး မြင့်ဌေး (ခ)မည်းကြီး ဆိုသူသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက လုပ်သက်ပင်စင် ခွင့်ယူထားသူ ဖြစ်သော်လည်း စားသုံးဆီ လက်ကားကိုယ်စားလှယ် ဇော်လေး ဆိုသူနှင့် ပူးပေါင်းကာ စက်မှုလုပ်ငန်းသုံးဆီ ကိုယ်စားလှယ်အဖြစ် ပုဂ္ဂလိကအကျိုးအမြတ်အတွက် ဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ စက်မှုလုပ်ငန်းသုံးဆီ ကိုယ်စားလှယ်အမည်ကို အခြားသူများ မသိရှိအောင် အသိမပေးဘဲ ဇော်လေး၏ ဇနီးဖြစ်သူ ခင်စိုးစိုးကျော် အမည်ဖြင့် တိုင်းဒေသကြီးရုံးတွင် စာရင်းတင်ပြ ထုတ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။
ယင်းသို့ တိုင်းဒေသကြီးမှ ထုတ်ယူရရှိသည့် စက်မှုလုပ်ငန်းသုံးဆီများကို မြို့ပေါ်ရှိ အကြော်ဆိုင်၊ မုန့်ဆိုင်များသို့ စနစ်တကျ ထုတ်ပေးခြင်းမရှိဘဲ ဇော်လေးနှင့် နီးစပ်သည့် ဆိုင် (၄) ဆိုင်သို့သာ ပြင်ပ ပေါက်ဈေးဖြင့် လွှဲပြောင်းရောင်းချနေသည်။ ထို့အပြင် မိုးလေဝသအခြေအနေကြောင့် မြို့ပေါ်သို့ အချိန်မီ လာရောက်မထုတ်ယူနိုင်သည့် အဝေးရောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထုတ်ဆီများကိုလည်း ရက်လွန်သည်ဟု အကြောင်းပြကာ ရက်ကျော်ထုတ်ပေးခြင်းမရှိဘဲ ယင်းဆိုင် (၄) ဆိုင်သို့ပင် မှောင်ခိုဈေးဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်။
အစိုးရမှ သတ်မှတ်ထားသည့် ထုတ်ဈေးမှာ စားသုံးဆီ တစ်ပုံးလျှင် ၇၇,၈၅၀ ကျပ် ဖြစ်သော်လည်း ကိုယ်စားလှယ် ဇော်လေးသည် မှောင်ခိုဈေး ၁၆၀,၀၀၀ ကျပ်ဖြင့် ရောင်းချနေသဖြင့် ပြင်ပဈေးကွက်အတွင်း စားသုံးဆီတစ်ပုံးလျှင် ၁၉၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ဈေးနှုန်း အဆမတန် မြင့်တက်နေရသည်။
မြို့နယ်အတွင်းရှိ စျေးသည်တစ်ဦးက "အဒေါ်တို့စျေးဆိုင်ဆို ဆီမရတာ ၂ လလောက်ရှိပြီ။ ဆီမရှိတော့ စျေးရောင်းအားလည်း ကျတယ်။ ပါကင်ဆီတွေကျပြန်တော့ စျေးကတအားကြီးတော့ ရပ်ကွက်ကသူတွေက ဝယ်မစားနိုင်ကြဘူး။ ဆီကိုယ်စားလှယ်နဲ့ သူအမျိုးတွေ၊ သူနဲ့ရင်းနှီးတဲ့ဆိုင်တွေကတော့ ညနေဆို ဆီပုံးလေးတွေ သယ်လာပြီး မနက်ဆို ရောင်းကြတယ်" ဟု ဒေသတွင်း အခြေအနေကို ပြောကြားသည်။
ယခုကဲ့သို့ စားသုံးဆီ ကိုယ်စားလှယ်နှင့် စားသုံးသူရေးရာ ဝန်ထမ်းတို့၏ ဝန်ထမ်းကျင့်ဝတ်နှင့် မညီဘဲ ကိုယ်ကျိုးရှာ မသမာမှုများ လုပ်ဆောင်နေခြင်းကြောင့် လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူများ၊ ထမင်းဆိုင်နှင့် မုန့်ကြော်ဆိုင်များ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဆင်မပြေမှုများကို မသိချင်ယောင်ဆောင်မနေဘဲ ဇော်လေးနှင့် မြင့်ဌေး (ခ)မည်းကြီးတို့အား စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။
# @specialnewspt007(သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/@newsspecialforces123 (YouTube Link)
# https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h
(TikTok link) | 816 |
| 18 | No text... | 740 |
| 19 | တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် ဖမ်းဆီးခံရသူနှစ်ဦး အာမခံမရဘဲ ချုပ်ရက်လွန်ကာ ငွေကြေးတောင်းခံနေရမှု အသုတ်နှင့် ကျောင်းကုန်းတွင်ဖြစ်ပွားနေ
စက်(၇)ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အသုတ်နှင့် ကျောင်းကုန်းမြို့နယ်အစပ်၊ ကျုံးဖားရိုးကျေးရွာနေ မောင်ကျော်မင်းဦး နှင့် မနော်အေးအေးနွယ် တို့နှစ်ဦးသည် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် တိုင်ကြားခံရပြီးနောက် တရားဥပဒေပါ သတ်မှတ်ချုပ်ရက်ထက် ကျော်လွန်၍ အချုပ်ထဲတွင် လနှင့်ချီ ထိန်းသိမ်းခံထားရသည့်အပြင် အမှုစစ်ရဲများနှင့် တိုင်ကြားသူ မယားကြီးဖြစ်သူတို့ ပူးပေါင်းကာ ငွေကြေးအမြောက်အမြား တောင်းခံနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်ကျော်မင်းဦးသည် မယားကြီးဖြစ်သူ မချိုဇင်ထက်နှင့် အဆင်မပြေဖြစ်ကာ နောက်အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မယားကြီး မချိုဇင်ထက်က အသုတ်ရဲစခန်းတွင် တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် မောင်ကျော်မင်းဦး နှင့် မနော်အေးအေးနွယ် တို့နှစ်ဦးအား အသုတ်ရဲစခန်းမှ ဒုရဲအုပ် ဝေလင်းစိုး က ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ အသုတ်ရဲစခန်းအချုပ်တွင် ၁ လကျော်ကြာ ချုပ်နှောင်ထားစဉ်အတွင်း အမှုကို ပိတ်ပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံယူခဲ့သော်လည်း အမှုမှာ ပြီးပြတ်ခြင်းမရှိခဲ့ပေ။
ထို့နောက် အဆိုပါအမှုကို ကျောင်းကုန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်ဟုဆိုကာ တရားခံနှစ်ဦးအား ဒေါင့်ကြီးအချုပ်သို့ ပြောင်းရွှေ့ခဲ့ပြီး ကျောင်းကုန်းရဲစခန်းမှ အမှုစစ် ဒုရဲအုပ် သင်းသင်းဦး က အမှုကို အစမှပြန်စမည်ဟုဆိုကာ ချုပ်ရမံ (၁၅) ရက် ထပ်မံယူ၍ ဆက်လက်ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အသုတ်ရဲစခန်း၌ ၁ လကျော်နှင့် ဒေါင့်ကြီးအချုပ်၌ ၁ လနီးပါး၊ စုစုပေါင်း ၂ လနီးပါးကြာ တရားဥပဒေမဲ့ ဆက်လက်ချုပ်နှောင်ထားခြင်းဖြစ်သည်။ ဥပဒေပညာရှင်များ၏ အကြံပြုချက်အရ ရဲစခန်းအချုပ်တွင် ရက်ပေါင်း (၃၀) ထက် ပိုမိုချုပ်နှောင်ခွင့်မရှိဘဲ စခန်းလွှဲပြောင်းပါက အာမခံပေးရမည်ဖြစ်သော်လည်း ကျောင်းကုန်းအမှုစစ်ရဲက အာမခံမပေးဘဲ ထပ်မံချုပ်နှောင်ထားသည်။ လက်ရှိတွင် မယားကြီး မချိုဇင်ထက် နှင့် အမှုစစ်ရဲတို့ ပူးပေါင်းကာ တရားရုံးတွင် အမှုပိတ်ပေးမည်ဟုဆိုလျက် သိန်းဆယ်ချီ၊ ရာချီအထိ လျော်ကြေးနှင့် အမှုပိတ်ခ ငွေကြေးများ မပေးမချင်း အချုပ်မှ လွှတ်မပေးဘဲ ကြိမ်းမောင်းတောင်းခံနေကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် မောင်ကျော်မင်းဦး၏ မိဘများနှင့် ဆွေမျိုးများမှာ ငွေကြေးတတ်နိုင်သူများမဟုတ်သည့်အတွက် ဒုက္ခရောက်နေကြရပြီး၊ ဥပဒေမဲ့ အချုပ်ရက်လွန် ချုပ်နှောင်ထားမှုနှင့် ငွေကြေးခြိမ်းခြောက်တောင်းခံနေမှုများကြောင့် အခက်အခဲ့ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ | 779 |
| 20 | No text... | 755 |
