326
مشترکین
-224 ساعت
-67 روز
-1230 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئن '26
ژوئن '26
+1
در 0 کانالها
مه '26
+2
در 0 کانالها
Get PRO
آوریل '26
+4
در 0 کانالها
Get PRO
مارس '26
+2
در 0 کانالها
Get PRO
فوریه '26
+1
در 0 کانالها
Get PRO
ژانویه '26
+1
در 0 کانالها
Get PRO
دسامبر '25
+1
در 0 کانالها
Get PRO
نوامبر '25
+2
در 0 کانالها
Get PRO
اکتبر '25
+2
در 0 کانالها
Get PRO
سپتامبر '25
+4
در 0 کانالها
Get PRO
اوت '25
+6
در 0 کانالها
Get PRO
ژوئیه '25
+3
در 0 کانالها
Get PRO
ژوئن '25
+8
در 0 کانالها
Get PRO
مه '25
+6
در 0 کانالها
Get PRO
آوریل '25
+11
در 0 کانالها
Get PRO
مارس '25
+4
در 0 کانالها
Get PRO
فوریه '25
+4
در 0 کانالها
Get PRO
ژانویه '25
+7
در 0 کانالها
Get PRO
دسامبر '24
+56
در 0 کانالها
Get PRO
نوامبر '24
+20
در 0 کانالها
Get PRO
اکتبر '24
+9
در 0 کانالها
Get PRO
سپتامبر '24
+27
در 0 کانالها
Get PRO
اوت '24
+26
در 0 کانالها
Get PRO
ژوئیه '24
+57
در 0 کانالها
Get PRO
ژوئن '24
+35
در 0 کانالها
Get PRO
مه '24
+24
در 0 کانالها
Get PRO
آوریل '24
+114
در 0 کانالها
Get PRO
مارس '24
+106
در 0 کانالها
Get PRO
فوریه '24
+347
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 29 ژوئن | 0 | |||
| 28 ژوئن | 0 | |||
| 27 ژوئن | 0 | |||
| 26 ژوئن | 0 | |||
| 25 ژوئن | 0 | |||
| 24 ژوئن | 0 | |||
| 23 ژوئن | 0 | |||
| 22 ژوئن | 0 | |||
| 21 ژوئن | 0 | |||
| 20 ژوئن | 0 | |||
| 19 ژوئن | 0 | |||
| 18 ژوئن | 0 | |||
| 17 ژوئن | 0 | |||
| 16 ژوئن | 0 | |||
| 15 ژوئن | 0 | |||
| 14 ژوئن | +1 | |||
| 13 ژوئن | 0 | |||
| 12 ژوئن | 0 | |||
| 11 ژوئن | 0 | |||
| 10 ژوئن | 0 | |||
| 09 ژوئن | 0 | |||
| 08 ژوئن | 0 | |||
| 07 ژوئن | 0 | |||
| 06 ژوئن | 0 | |||
| 05 ژوئن | 0 | |||
| 04 ژوئن | 0 | |||
| 03 ژوئن | 0 | |||
| 02 ژوئن | 0 | |||
| 01 ژوئن | 0 |
پستهای کانال
| 2 | ရေဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးခဲ့သူများအား ထိထိရောက်ရောက် အရေးယူမည်
ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့လယ်ခေါင်ရှိ ပြည်သူလူထု ငွေကြေးဖြင့် တည်ဆောက်ထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဖျက်ဆီးခဲ့သူများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက် မြို့မရဲစခန်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အကြမ်းဖက် စစ်တပ်၊ ထွေအုပ်နှင့် Non CDM စည်ပင်ဝန်ထမ်းများက ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူအချို့ကို သိရှိထားကြောင်း၊ ထိုသို့ ဖျက်ဆီးခဲ့သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“စစ်တပ် ၊ ထွေအုပ်နဲ့ စည်ပင်ပေါင်းပြီး ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ ပါဝင်ပတ်သတ်သက်သူအချို့ကိုတော့ သိရှိထားပါတယ်။ အရေးယူနိုင်တဲ့အခြေအနေမှာ သေသေချာချာစစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကိုပဲ ဖျက်ဆီးလို့ရမယ်။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းနဲ့ ပြည်သူလူထုက သူ့အပေါ်ထားတဲ့ တန်ဖိုးထားလေးစားချစ်ခင်မှုကိုတော့ စစ်အုပ်စုအနေနဲ့ ဘယ်လိုမှ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာမဟုတ်ပါဘူး” ဟု ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ရေဦးမြို့ပေါ်မှ ပြည်သူလူထု၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၈ ရက် ညအချိန်တွင် ဖြိုချဖျက်ဆီးခဲ့သည်။
ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က “ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုများကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးနေခြင်းသည် ပြည်သူလူထု၏ သမိုင်းအမွေအနှစ်နှင့် အမျိုးသားဂုဏ် သိက္ခာကို မလေးစားသည့် လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးများကိုပါ ထိခိုက်စေသည့်အတွက် ပြင်းထန်စွာ ရှုံ့ချအပ်ပါသည်။ သမိုင်းကို ဖျက်ဆီးခြင်းဖြင့် အမှန်တရားကို ဖျောက်ဖျက်နိုင်မည်မဟုတ်ကြောင်းလည်း အလေးအနက် သတိပေးလိုပါသည်” ဟု ကြေညာချက် ထုတ်ပြန်သည်။
အကြမ်းဖက် စစ်တပ်က နိုင်ငံတစ်ဝန်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဆက်တိုက် ဖယ်ရှား ဖြိုချမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
အလားတူ ၂၀၂၆ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် စစ်တပ်နှင့် စည်ပင်တို့က တောင်ငူမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်ကားများဖြင့် လာရောက်ဖျက်ဆီး သယ်ဆောင် ဖယ်ရှားခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းနှင့် ဇော်ဂျီလမ်းအကြား၊ ပုဗ္ဗဈေးအနီးတွင် ထားရှိထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ကရိန်ကားများ၊ ဘက်ဖိုးကားများဖြင့် ဖယ်ရှားသွားခဲ့ပြီး ရုပ်တုထားရှိသော စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ပုသိမ်မြို့၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းတွင် တည်ရှိနေ သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေးတင်းကျပ်စွာချ၍ ဘက်ဖိုး ၂ စီးဖြင့် ဖျက်ဆီးခဲ့သည်။
ထို့အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်ကလည်း မန္တလေးတိုင်း၊ သာစည် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားသော ဗိုလ်ချုပ်ရင်ပြင်ကို မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို စစ်တပ်က ခမရ ၄၁၉ ထဲသို့ သယ်ဆောင်သွားခဲ့သည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 5 |
| 3 | بدون متن... | 4 |
| 4 | မိုးကောင်းမြို့တွင် ပြည်သူက ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသည့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးအား နေပြည်တော်တိုင်းစစ်ဌာနချုပ်အမိန့်ဖြင့် ဝင်ရောက် ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၃၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ပြည်သူက ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသည့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးအား နေပြည်တော် တိုင်းစစ်ဌာနချုပ် အမိန့်ဖြင့် စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၅ ရက်နေ့က မိုးကောင်းမြို့၊ ပြည်ထောင်စုလမ်းကြီးဘေးရှိ ကျွန်းတောရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူ၏ ဇနီးဖြစ်သူ ဒေါ်ထွေးထွေးနှင့် ရပ်ကွက်အတွင်း နေထိုင်ပြီး ရပ်ကွက်၏ သာရေး၊ နာရေးမှအစ လူမှုရေးလုပ်ဆောင်ပေးနေသူ အသက် ၅၈ နှစ်အရွယ် ဦးစိန်ကျော်လှိုင်တို့ ဝင်ရောက်ရွေးချယ်ခံခဲ့ကြရာ ရပ်ကွက်နေသူပြည်သူများက ရပ် ကွက်အကျိုးသယ်ပိုးနေသူ ဦးကျော်စိန်လှိုင်ကို ထောက်ခံမဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အနိုင်ရရှိမှုကို မကျေနပ်သည့် ဒေါ်ထွေးထွေး၏ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးက ဦးကျော်စိန်လှိုင်၏ နေအိမ်အတွင်းသို့ ဇွန်လ ၂၆ ရက် ည ၁ နာရီအချိန်တွင် လူအင်အားဖြင့် ဝင်ရောက်စီးနင်းပြီး နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ဦးကျော်စိန်လှိုင်ကိုလည်း ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးနှင့် ဇနီးဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနချုပ်အမိန့်ဖြင့် ခရိုင်စစ်တပ်က ဇွန်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ ဇနီးဖြစ်သူ ဒေါ်ထွေထွေးမှာ ဇွန်လ ၂၉ ရက်နေ့တွင် အာမခံဖြင့် ပြန်လွတ်လာသော်လည်း တင်မိုးမှာ ဆက်လက်ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သိရသည်။
“သူတို့အဖွဲ့အစည်းတွေကို နာမည်ဖျက်တယ်ဆိုပြီး နေပြည်တော်ကနေ အကြီးအမှူးတွေ ဆင်းလာပြီး လင်မယားနှစ်ယောက်စလုံးကို လာဖမ်းသွားတာ၊ ဒေါ်ထွေးကိုတော့ အရင်အုပ်ကြီးဟောင်း ခင်အောင်က အာမခံနဲ့ ခေါ်ထုတ်ပေးထားတယ်။ သူက အရင် သက်သက်ခိုင်ရဲ့ ပါတီဝင်သေးတာ၊ ၁၉၉၃ လောက်က ကြံခိုင်ရေးပါတီဝင် ရပ်ကျေးလူကြီး။ အမှုအခင်းမှာ ဒေါ်ထွေးထွေး မပါဝင်ဘူး။ သူ့အမျိုးသားနဲ့အဖွဲ့ပဲ လုပ်တာဆိုပြီး အာမခံရသွားတဲ့သဘောပါ။ အုပ်ကြီးဟောင်း ခင်အောင်ကလည်း သူ့တပည့်ရင်းဆိုတော့ လိုက်အာမခံပေးတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူ့စစ်လုပ်ဆောင်မှုကြောင့် ၂၀၂၂ ခုနှစ်တွင် KIA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရဖူးပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 4 |
| 5 | بدون متن... | 2 |
| 6 | အထူးသဖြင့် သွင်းကုန်လိုင်စင်ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူ လုပ်နေရာတွင် စီးပွား/ကူးသန်းဒုတိယဝန်ကြီး မင်းမင်း၏ လက်ရင်းတပည့်ဖြစ်သူ ညွှန်ကြားရေးမှူး မျိုးခိုင်ဝင်းဆိုသူသည် ပို့ကုန်/သွင်းကုန် အေးဂျင့် (Agent) များထံမှ လိုင်စင်တစ်စောင်လျှင် ငွေသိန်းပေါင်းများစွာကို လာဘ်ငွေအဖြစ် ဗြောင်ကျကျ တောင်းခံကာ ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများကိုသာ အပတ်စဉ် သွင်းကုန်လိုင်စင်များ ချထားပေးနေကြောင်း စီးပွားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 2 |
| 7 | အထူးသဖြင့် သွင်းကုန်လိုင်စင်ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူ လုပ်နေရာတွင် စီးပွား/ကူးသန်းဒုတိယဝန်ကြီး မင်းမင်း၏ လက်ရင်းတပည့်ဖြစ်သူ ညွှန်ကြားရေးမှူး မျိုးခိုင်ဝင်းဆိုသူသည် ပို့ကုန်/သွင်းကုန် အေးဂျင့် (Agent) များထံမှ လိုင်စင်တစ်စောင်လျှင် ငွေသိန်းပေါင်းများစွာကို လာဘ်ငွေအဖြစ် ဗြောင်ကျကျ တောင်းခံကာ ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများကိုသာ အပတ်စဉ် သွင်းကုန်လိုင်စင်များ ချထားပေးနေကြောင်း စီးပွားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 1 |
| 8 | မင်းအောင်လှိုင်၏ အလွန်တင်းကျပ်သော သွင်းကုန်မူဝါဒ ဖြေလျှော့ပေးရန် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တချို့က စုပေါင်းတောင်းဆိုကြသော်လည်း ပယ်ချခံရ
ရန်ကုန်၊ ဇွန် ၃၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလွန်တင်းကျပ်လှသော သွင်းကုန်မူဝါဒများကို ဖြေလျှော့ပေးရန် ၎င်းနှင့် နီးစပ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တချို့က စုပေါင်း၍ သွားရောက်တင်ပြ တောင်းဆိုခဲ့ကြသော်လည်း မင်းအောင်လှိုင်က သဘောမတူဘဲ လုံးဝပယ်ချခဲ့ကြောင်း UMFCCI သတင်းရင်းမြစ်ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများနှင့် ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ရှိ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ ရရှိစေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များက ယခုကဲ့သို့ သွားရောက်တင်ပြခဲ့ကြခြင်းဖြစ်သည်။
“ကုန်ကြမ်းတွေသွင်းမယ့် ဒေါ်လာကို ဗဟိုဘဏ်ကနေ ချထားပေးစရာမလိုဘူး။ ကိုယ့်ဟာကိုယ် ပြင်ပစျေးကွက်ကနေ ဝယ်ယူပြီးတော့ ကိုယ့်ငွေနဲ့ကိုယ် သွင်းပါ့မယ်။ သွင်းကုန်လိုင်စင်ကို ဖြေလျှော့ပေးဖို့ တင်ပြကြတယ်။ သူပြန်ပြောတာက အဲဒီလိုခွင့်ပြုလိုက်လို့ ဒေါ်လာ Demand များလာရင် ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုး ကျလာမယ်။ ငွေလဲနှုန်း မတည်မငြိမ်ဖြစ်မယ်ပေါ့။ ဖြစ်နိုင်ရင်တော့ ပြည်တွင်းကုန်ကြမ်းတွေနဲ့ပဲ ရအောင် လုပ်ပါဆိုပြီး ခိုင်းတယ်” ဟု UMFCCI သတင်းရင်းမြစ်က ကုန်သည်ကြီးများ၏ တင်ပြချက်နှင့် ပယ်ချခံရပုံကို ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်း၊ နိုင်ငံခြားငွေ ပြတ်လပ်ခြင်းတို့ကြောင့် စစ်ကောင်စီက သွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းကုန်ကြမ်းအခြေပြု သွင်းကုန်အစားထိုးရေးကိုသာ ဇွတ်မှိတ်တွန်းအားပေးနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အခမ်းအနားတွင်လည်း ပြည်ပမှ သွင်းကုန်တင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုသာ ကုန်ကြမ်းအဖြစ် အပြည့်အဝ အသုံးချရန် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်တပ်က နိုင်ငံခြားငွေချွေတာရေးနှင့် သွင်းကုန်ထိန်းချုပ်ရေး ရက် ၁၀၀ စီမံချက်အရ ပြည်တွင်း၌ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများမှအပ ကျန်သွင်းကုန်များကို လိုင်စင်ချမပေးဘဲ ပိတ်ပင်ထားသည့်အပြင် ထိုင်းနှင့် တရုတ်နယ်စပ်မှ ဝင်ရောက်လာသော သွင်းကုန်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိသည်။
ထို့ပြင် ယခုဇွန်လအတွင်းမှစတင်၍ စက်သုံးဆီ တင်သွင်းမှုများကိုပါ လျှော့ချလိုက်ပြီး ဆီဆိုင်များသို့ ချထားပေးသည့် ဆီခွဲတမ်းများကိုပါ လျှော့ချလိုက်သဖြင့် စက်သုံးဆီကဏ္ဍပါ ထိခိုက်လာနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မင်းအောင်လှိုင်၏ တင်းကျပ်သော သွင်းကုန်ထိန်းချုပ်မှု အကျိုးဆက်ကြောင့် လက်ရှိတွင် သီလဝါဇုန် အပါအဝင် ပြည်တွင်းစက်မှုဇုန်များမှ စက်ရုံ ၇၀ ရာခိုင်နှုန်းခန့်မှာ သွင်းကုန်လိုင်စင်ရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေ မရရှိခြင်းတို့ကြောင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းလုနီးပါး ရင်ဆိုင်နေရသည်။
အခြားတစ်ဖက်တွင်လည်း ပြည်တွင်းမှ ဒေါ်လာကို လုံးဝသုံးစွဲခြင်းမရှိဘဲ အထည်ချုပ်လက်ခစားစနစ်ဖြင့်သာ လည်ပတ်နေသည့် CMP အထည်ချုပ်လုပ်ငန်းများကိုပါ ဇွန်လ ၈ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားပြီးမှသာ ကုန်ကြမ်းတင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက အရေးပေါ်အမိန့် ထုတ်ပြန် တင်းကျပ်ခဲ့သည်။
အဆိုပါ လုပ်ထုံးလုပ်နည်း ရုတ်တရက်ပြောင်းလဲမှုကြောင့် ဇွန်လ ၈ ရက်နေ့မတိုင်မီကတည်းက မှာယူထားပြီး ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် အထည်ချုပ်ကုန်ကြမ်းများကို ထုတ်ယူ၍ မရတော့ဘဲ စက်ရုံများ အခက်အခဲဖြစ်နေရကြောင်း၊ CMP ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်လျှောက်ထားသော်လည်း အလွယ်တကူချမပေးသဖြင့် အထည်ချုပ်လုပ်ငန်းများ နှေးကွေးရပ်ဆိုင်းလုနီးပါးဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တချို့က ပြောဆိုသည်။
လှိုင်သာယာမှ အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက “ဇွန် ၁၀ ရက်နေ့လောက်ကတည်းက တင်ထားတဲ့ ကုန်ကြမ်းသွင်းကုန်လိုင်စင်က မနေ့ကအထိ မကျလာဘူး။ အထည်အော်ဒါတွေ ရနေပေမဲ့လည်း ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်မရတော့ လုပ်ငန်းလည်ပတ်ဖို့ ခက်နေတယ်” ဟု လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် အခြေအနေကို ရှင်းပြသည်။
ယခုကဲ့သို့ သွင်းကုန်လိုင်စင်များ တင်းကျပ်ထားသော်လည်း အရေးပေါ် ကုန်ကြမ်းသွင်းရန် လိုအပ်နေသည့် လုပ်ငန်းရှင်များသည် သွင်းကုန်လိုင်စင်ရရှိရေးအတွက် ငွေကျပ်သိန်းရာထောင်ချီ အသုံးပြုကာ စစ်ကောင်စီအရာရှိကြီးများနှင့် ချိတ်ဆက်၍ လာဘ်ပေးနေရကြောင်း သိရသည်။
ဒုသမ္မတ ညိုစော၊ စီးပွားကူးသန်းဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ ဆွေမျိုးသားချင်းများနှင့် ခရိုနီအုပ်စုများသာ သွင်းကုန်လိုင်စင် ရရှိရေး အဆင်ပြေနေကြပြီး အမှန်တကယ် လိုအပ်နေသည့် စက်ရုံများမှာမူ ပိတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ | 2 |
| 9 | بدون متن... | 2 |
| 10 | ထိုင်းနိုင်ငံ အရက်မူး၍ ဆူညံမှုဖြင့် မြန်မာလုပ်သား ၃ ဦး ပစ်သတ်ခံရမှု ကျေးရွာလုံခြုံရေးအဖွဲ့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပစ်ခတ်ခဲ့ဟု ထွက်ဆို၊ ထိုင်းရဲတပ်ဖွဲ့ကလည်း အရေးယူရန် ရှိ၊မရှိ ထုတ်မပြော
ရန်ကုန်၊ ဇွန် ၂၉
ထိုင်းနိုင်ငံ၊ ချာချောင်ဆောင် (Chachoengsao) ပြည်နယ်၊ ဖနွမ်ဆာရာခမ် (Phanom Sarakham) ခရိုင်တွင် အရက်သောက်၍ ဆူညံနေသည်ဟုဆိုသော မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ကျေးရွာလုံခြုံရေးအဖွဲ့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က Koh Khanun ကျေးရွာအုပ်စု၊ Ban Nong Nam Dam ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ ကိုယ်ခန္ဓာတွင် သေနတ်ဒဏ်ရာ အများအပြား တွေ့ရှိခဲ့ရသော်လည်း လက်ရှိအချိန်အထိ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် Pichai Daphantha အမည်ရှိ ထိုင်းနိုင်ငံသားတစ်ဦးမှာလည်း ဘယ်ဘက်ကိုယ်ခန္ဓာတွင် ဓားဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မရောက်ရှိမီ Phanom Sarakham ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာမှ ၉ မီလီမီတာ ကျည်ခွံ ၁၆ ခုကျော်၊ သေနတ်တစ်လက်နှင့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာများကို ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ် ကျေးရွာလုံခြုံရေးစေတနာ့ဝန်ထမ်း Theerapat Nopthao ဖြစ်ကြောင်း သိရပြီး ၎င်း၏ ထွက်ဆိုချက်အရ ၎င်းနှင့် သူငယ်ချင်းတစ်ဦးတို့သည် လူနေရပ်ကွက်အနီး အရက်သောက်ကာ အသံကျယ်ကျယ်ဖြင့် သီချင်းဖွင့်နေသည့် ရွှေ့ပြောင်းလုပ်သားအုပ်စုများကို သွားရောက်သတိပေးခဲ့ရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်း၏ သူငယ်ချင်းမှာ ပုလင်းဖြင့် ရိုက်နှက်ခံရပြီး မြေပြင်ပေါ်လဲကျချိန်တွင် ဓားဖြင့် ထပ်မံထိုးခံခဲ့ရကြောင်း၊ ထို့နောက် ဓားကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ၎င်းထံသို့ ပြေးဝင်လာသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Theerapat Nopthao က ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။
လက်ရှိတွင် ထိုင်းမှုခင်းဆိုင်ရာ ကျွမ်းကျင်စစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားရာနေရာတွင် သက်သေအထောက်အထားများကို ဆက်လက်စုဆောင်းစစ်ဆေးနေပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်မှုကျူးလွန်သူအား မည်သည့်ပုဒ်မများဖြင့် အရေးယူမည် သို့မဟုတ် အမှုဖွင့်အရေးယူထားခြင်း ရှိ၊ မရှိကို ထိုင်းရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 2 |
| 11 | بدون متن... | 2 |
| 12 | ရဲဘော် ပုလဲမောင် ပစ်ခတ်သတ်ခံရမှုအတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၊ သတ်ဖြတ်သူ ရဲဘော် ငဖြိုး အပါအဝင် တာဝန်ရှိသူတချို့ကို စစ်ရုံးချုပ်သို့ ဖမ်းဆီးခေါ်ဆောင်
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော် ပုလဲမောင် ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၊ ပစ်ခတ်မှုကျူးလွန်သူ ရဲဘော် ငဖြိုးနှင့် ခရိုင်တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်းသိမ်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်သို့ ခေါ်ဆောင်စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၊ ပစ်ခတ်မှုကျူးလွန်သူ ရဲဘော် ငဖြိုးနှင့် ခရိုင်တာဝန်ရှိသူအချို့ကို စစ်ရုံးချုပ်အမိန့်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံး၌ ပြုလုပ်သည့် အစည်းအဝေးအတွင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ လက်အောက်ခံ ရဲဘော် ငဖြိုးက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော် ပုလဲမောင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲဘော်ပုလဲမောင်မှာ နေရာတွင်ပင် ကျဆုံးခဲ့ကြောင်း သိရသည်။
"ဖမ်းဆီးခေါ်ဆောင်လာတာ မှန်ပါတယ်။ အမှုကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် စစ်ဆေးပြီး ကျူးလွန်သူနဲ့ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဥပဒေနဲ့အညီ အရေးယူဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအမှုကို အထက်က တိုက်ရိုက် ဦးစီးကိုင်တွယ်နေပါတယ်။ ခေါ်ဆောင်လာသူတွေရဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်တွေကိုလည်း အကုန်ဆိုင်းငံ့ထားပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ရှင်းပြသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရဲဘော် ပုလဲမောင်ကို ပစ်ခတ်သတ်ဖြတ်မှုအတွက် စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 2 |
| 13 | بدون متن... | 5 |
| 14 | ဘုံရန်သူ စစ်အုပ်စုကိုသာ ဦးတည်တိုက်ခိုက်ရန်နှင့် တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းရန် အဖွဲ့ပေါင်း ၁၀၀ ကျော် တိုက်တွန်းနှိုးဆော်
ရန်ကုန်၊ ဇွန် ၂၉
နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုများကို လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်း မပြုကြဘဲ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ကိုသာ စည်းလုံးညီညွတ်စွာ ဦးတည်တိုက်ခိုက်ကြရန် ပြည်တွင်းပြည်ပရှိ တော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်သည်။
ယနေ့ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီးဖြစ်ကြောင်း၊ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ အချင်းချင်းကြား သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း ယင်းပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် တော်လှန်ရေးအရှိန်အဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားသည်။
တော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများနှင့် အပြန်အလှန်လေးစားအသိအမှတ်ပြုမှုများကို တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကို လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားကြရန် ဆက်လက်တိုက်တွန်းထားသည်။
ထို့ပြင် “ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဟူသော ကမ်ပိန်းလှုပ်ရှားမှုတွင် အပြုသဘောဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။
တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် အချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုများကို ဝိုင်းဝန်းတားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန် နှိုးဆော်ထားသည်။
ပြည်သူတစ်ရပ်လုံးအနေဖြင့် ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် ဤလှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်လည်း ဆက်လက်နှိုးဆော်ထားသည်။
ယခုလှုပ်ရှားမှုသည် မည်သူ့ကိုမျှ အပြစ်တင်ရန်မဟုတ်ဘဲ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ”၊ “ဘုံရန်သူကို ထိုးနှက်၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်” နှင့် “ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်” ဟူသော ကြွေးကြော်သံများနှင့်အတူ စည်းလုံးညီညွတ်စွာ ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ရန်ဖြစ်ကြောင်း ဆော်ဩထားသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 6 |
| 15 | بدون متن... | 4 |
| 16 | ငြိမ်းချမ်းရေးအတွက် ကြိုတင်သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူ ၆ ချက်ကို ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထား
ရန်ကုန်၊ ဇွန် ၂၉
ငြိမ်းချမ်းရေးအတွက် ကြိုတင်သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံစည်းမျဉ်းများအဖြစ် သတ်မှတ်ကာ ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထားဆဲဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ငြိမ်းချမ်းရေးအတွက် မည်သည့်ကြိုတင်သတ်မှတ်ချက်မှမထားဘဲ ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ယခင်ကတည်းက ချမှတ်ထားသော စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ဆက်လက်ဆုပ်ကိုင်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
"အခု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တပ်မတော် မူဝါဒ ၆ ချက်ဆိုတာရှိတယ်။ အရင်ကတည်း ရှိနေတဲ့ မူဝါဒဖြစ်ပါတယ်။ အဲဒီမူဝါဒ ၆ ချက်ကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို လက်ကိုင်ထားရမယ် ဆိုတာက ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်က နှုတ်မိန့်ရော စာရော ရှိနေဆဲဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးမူ ၆ ချက်က တပ်မတော်ရဲ့ နောက်ဆုံး Red Lines တွေ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် ဆန္ဒအမှန် ရှိရမည်၊ သဘောတူစာချုပ်ကတိကဝတ်များကို မဖောက်ဖျက်ရ၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရန်တို့ဖြစ်သည်။
မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် "ကျွန်တော်တို့အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
အကြမ်းဖက် စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အလွတ်သဘော ဆွေးနွေးပွဲများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အဖွဲ့နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လိုက်လံ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - Agency
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 4 |
| 17 | بدون متن... | 5 |
| 18 | မိုးဗြဲတွင် စစ်တပ်စစ်ကြောင်းနှင့် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၂၉
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပြင်သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက် နံနက် ၄ နာရီခွဲက မိုးဗြဲမြို့အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က မြို့ပြင်သို့ စစ်ကြောင်းထိုးလာသဖြင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်များက တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ အလားတူ မိုးဗြဲမြို့ပြင်ရှိ စစ်တပ် ကာကင်းစခန်း ၃ ခုကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်တပ် ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသော စစ်သားများထဲတွင် စစ်ကောင်စီတပ် လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ် အများအပြား ပါဝင်ကြောင်း သိရသည်။
“စခတွေဘက်က ကျဆုံးတာက ထုံးစံအတိုင်းပဲ ပစနဲ့ PNO တွေများပါတယ်၊ အရေအတွက်တော့ အတိအကျမသိရဘူး။ နောက်ဆုံး အတည်ပြုချက်အရတော့ စခ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်ဘက်က သိမ်းယူထားပါတယ်။ ရှေ့တိုးလာတိုင်း စခတွေ ပြုတ်ပါတယ်။ ပြုတ်မှန်းသိပေမဲ့ ပစတွေကို လူလှိုင်းအဖြစ် ထိုးကျွေးနေတာပါ၊ စစ်ကြောင်းလိုက်လာရင် စစ်ကြောင်းလိုက်ပြုတ်မှာပါ၊ တိုက်ပွဲတွေက မြို့နဲ့အနီးဆုံးနေရာမှာပဲ ဖြစ်နေတာပါ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသော စစ်မှုထမ်းတပ်သားများ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ကောက်ယူသင်္ဂြိုလ်ခြင်းမပြုပဲ စွန့်ပစ်ထားသဖြင့် မိုးဗြဲမြို့တစ်ခုလုံး အပုပ်နံ့များ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေကြောင်း၊ ထိုသို့ စွန့်ပစ်ထားခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့ထဲသို့ ဝင်ရောက်မလာနိုင်စေရန်နှင့် ရှေ့တန်းကာကင်းစခန်းများ သိမ်းပိုက်မိပါကလည်း ကြာရှည်စခန်းနေထိုင်နိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“စခတွေက မိုးဗြဲမြို့အနီးက ရှေ့တန်းကာကင်းစခန်းတွေမှာ ကျဆုံးတဲ့ စခတွေရဲ့ အလောင်းတွေကို ကောက်ပြီး မသင်္ဂြိုလ်လို့ အပုပ်နံ့တွေက မြို့ထဲအထိ နံဟောင်နေပြီ။ စခတွေက တမင်ရည်ရွယ်ချက်ရှိရှိ အလောင်းတွေကို မကောက်တာပါ။ တော်လှန်ရေးဘက်က ရှေ့တိုးမလာနိုင်အောင် လုပ်တာပါ။ အလောင်းတွေရဲ့ အပုပ်နံ့တွေက နံလွန်းတာကြောင့် တော်လှန်ရေးဘက်က ကာကင်းစခန်းတွေ ရသွားခဲ့ရင်တောင် အပုပ်နံ့ကြောင့် ကြာကြာမနေနိုင်အောင် လုပ်ထားတဲ့သဘောပါ။ အဲဒီအပုပ်နံ့တွေ မခံနိုင်လို့ ရထားတဲ့ ကာကင်းစခန်းအချို့ကနေ တော်လှန်ရေးရဲဘော်တွေ ပြန်ဆုတ်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
မိုးဗြဲမြို့အတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် အချိန်တိုင်း ကြောက်ရွံ့နေကြရပြီး ကင်းထောက်ဒရုန်းများဖြင့် မြို့ပြင်ကို ကင်းထောက်ခြင်း၊ ကင်းထောက်လေယာဉ်ဖြင့် ကင်းထောက်ခြင်းတို့ လုပ်ဆောင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် အနီးအနားပတ်ဝန်းကျင်ကို ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသနေပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က လွိုင်ကော်မြို့ အနောက်မြောက်ဘက်ရှိ စစ်ကောင်စီတပ်မှ ကာကင်းစခန်းအဖြစ် နေရာယူထားသော ဘုရားနီကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ခဲ့သေးကြောင်း သိရသည်။
ဓာတ်ပုံ - မိုးဗြဲမြို့တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 4 |
| 19 | بدون متن... | 2 |
| 20 | စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ်ဝင်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီး
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တပ်မ ၃၃ ဌာနချုပ်ဝင်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ် ဝင်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုအခြေအနေကို လက်ရှိအချိန်အထိ သီးခြားအတည်မပြုနိုင်သေးသော်လည်း စစ်သား ၁၀ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်တွင်းရှိ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“သေဆုံးတဲ့စာရင်းကို ကျနော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် တပ်မ (၃၃) ထဲမှာ စစ်သားတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းထားပြီး အဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ စစ်သား ၁၀ ယောက်တော့ အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လက်ရှိအချိန်အထိ တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်စုံစမ်းမေးမြန်းလျက်ရှိကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်သတင်းရင်းမြစ်ကလည်း စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။
ဓာတ်ပုံ - ပုံအဟောင်းကို အသုံးပြုထားပါသည်။
Source - Khit Thit Media
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4
𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe | 3 |
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
