en
Feedback
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

Open in Telegram

Come in Get it.

Show more
311
Subscribers
No data24 hours
+17 days
+130 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 0 channels
August '26
+7
in 0 channels
Get PRO
July '26
+2
in 0 channels
Get PRO
June '26
+1
in 0 channels
Get PRO
May '26
+2
in 0 channels
Get PRO
April '26
+4
in 0 channels
Get PRO
March '26
+2
in 0 channels
Get PRO
February '26
+1
in 0 channels
Get PRO
January '26
+1
in 0 channels
Get PRO
December '25
+1
in 0 channels
Get PRO
November '25
+2
in 0 channels
Get PRO
October '25
+2
in 0 channels
Get PRO
September '25
+4
in 0 channels
Get PRO
August '25
+6
in 0 channels
Get PRO
July '25
+3
in 0 channels
Get PRO
June '25
+8
in 0 channels
Get PRO
May '25
+6
in 0 channels
Get PRO
April '25
+11
in 0 channels
Get PRO
March '25
+4
in 0 channels
Get PRO
February '25
+4
in 0 channels
Get PRO
January '25
+7
in 0 channels
Get PRO
December '24
+56
in 0 channels
Get PRO
November '24
+20
in 0 channels
Get PRO
October '24
+9
in 0 channels
Get PRO
September '24
+27
in 0 channels
Get PRO
August '24
+26
in 0 channels
Get PRO
July '24
+57
in 0 channels
Get PRO
June '24
+35
in 0 channels
Get PRO
May '24
+24
in 0 channels
Get PRO
April '24
+114
in 0 channels
Get PRO
March '24
+106
in 0 channels
Get PRO
February '24
+347
in 0 channels
Date
Subscriber Growth
Mentions
Channels
07 September0
06 September0
05 September+1
04 September+1
03 September0
02 September0
01 September0
Channel Posts
2
လှိုင်သာယာမြို့နယ်တွင် လူမိုက်မဲကြီးနှင့် အဖွဲ့က ရဲများနှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်ကာ စစ်မှုထမ်းလူအစားထိုးအဖြစ် ရောင်းစား သောင်းကျန်းနေ ရန်ကုန်၊ စက်တင်ဘာ ၇ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူမိုက် “မဲကြီး” နှင့် ၎င်း၏အဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲသကဲ့သို့ လိုက်လံဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် ငွေမပေးနိုင်သူများကို စစ်မှုထမ်းအစားထိုးအဖြစ် ရောင်းစားပို့ဆောင်ခြင်းများ လုပ်ဆောင်နေသော်လည်း အာဏာပိုင်များက အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ လှိုင်သာယာမြို့နယ်အတွင်း ဒဂုံဧရာအဝေးပြေးကားဝင်းအနီး၊ လှိုင်သာယာတပ်ထိပ်နှင့် ဗိုလ်ချုပ်လမ်းဆုံအနီးတို့တွင် အဆိုပါအဖွဲ့က လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲလိုက်လံဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါအဖွဲ့သည် လမ်းပေါ်သွားလာနေသည့် လူငယ်များသာမက YBS ဘတ်စ်ကားများပေါ်အထိ တက်ရောက်ကာ လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ရာဇဝတ်သားများကို ဖမ်းဆီးသကဲ့သို့ လည်ပင်းချုပ်၍ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြသည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် လူငယ်တစ်ဦး YBS ဘတ်စ်ကားပေါ်မှ ဆင်းလာစဉ် အဆိုပါအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။ ဖမ်းဆီးခံရပြီးနောက် အဆိုပါလူငယ်၏ မိုဘိုင်းဖုန်းကို သိမ်းဆည်းစစ်ဆေးခဲ့ပြီး ဖုန်းအတွင်း ဂိမ်းဆော့ဖ်ဝဲများရှိသည်ဟုဆိုကာ မိသားစုထံ ငွေကျပ်သိန်း ၃၀ တောင်းခံခဲ့ကြောင်း အဆိုပါလူငယ်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။ မိသားစုက ငွေကြေးပမာဏကို ညှိနှိုင်းခဲ့ပြီးနောက် ငွေကျပ်သိန်း ၂၀ ပေးဆောင်ခဲ့ရကာ ယင်းလူငယ်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် အဆိုပါလူငယ်နှင့်အတူ တစ်ချိန်တည်း ဖမ်းဆီးခံခဲ့ရသည့် အခြားလူငယ် ၃ ဦးကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ကားတစ်စီးပေါ်သို့ တင်ဆောင်ကာ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ “မဲကြီးအဖွဲ့” ဟု လူသိများသည့် အဆိုပါအဖွဲ့သည် လှိုင်သာယာအဝေးပြေးကားဝင်းပတ်ဝန်းကျင်တွင် လူငယ်များကို ဖမ်းဆီးကာ မိသားစုများထံမှ ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ထံ စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ရောင်းစားနေကြောင်း သိရှိရသည်။ ယင်းကဲ့သို့ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ခြင်းများသည် လှိုင်သာယာမြို့နယ်အတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။ လှိုင်သာယာမြို့နယ်အတွင်း လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံလူငယ်များအနေဖြင့် နေ့စဉ်သွားလာရေးအတွက်ပင် စိုးရိမ်ကြောက်ရွံ့နေရပြီး YBS ဘတ်စ်ကားစီး၍ သွားလာသူများအထိ ဖမ်းဆီးခံရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဓာတ်ပုံ - ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်း လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံရစဉ် Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
10
3
No text...
8
4
ပေါင်းတည်မြို့တွင် ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး (ခ) ကိုကျော်အောင်ဇော်ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ရန်ကုန်၊ စက်တင်ဘာ ၇ ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ကိုဘိုတူး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖမ်းဆီးခံရသူ ကိုဘိုတူး (ခ) ကိုကျော်အောင်ဇော်သည် ပေါင်းတည်မြို့ပေါ်၊ ဟင်္သာကန်ရပ်ကွက်၊ ၂၈ လမ်းတွင် နေထိုင်ပြီး ဩဂုတ်လနှောင်းပိုင်း ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့တွင် လိုက်ထရပ်ကား မောင်းနှင်နေစဉ် တားဆီးစစ်ဆေးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ကိုဘိုတူးကို ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့် ပျူစောထီးအဖွဲ့ဝင် အန္တရာယ်ကျော်ကြီး (ခ) ကျော်ကြီးတို့က စစ်တပ်နှင့်အတူ သတင်းပေး ဖမ်းဆီးခဲ့ကြောင်း၊ ကိုဘိုတူးသည် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ဘိုတူးသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရရာမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်က မိသားစုထံသို့ ဆက်သွယ်ကာ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့သော်လည်း မိသားစုက ပေးနိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်း အဖြစ် ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။ ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့်အဖွဲ့က ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်များကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ မကြာသေးမီရက်ပိုင်းအတွင်း ဟင်္သာကန်ရပ်ကွက်၊ ၃၁ လမ်းတွင် နေထိုင်သည့် မောင်နေထက်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံလိုက်ရသော မောင်နေထက်ဦး၏ အစ်ကိုဖြစ်သူ မောင်အာနိုးမှာလည်း စစ်မှုထမ်း အဖြစ် ဖမ်းဆီးခံရပြီးနောက် ငဖဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
8
5
No text...
4
6
ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ အလွန် ဆိုးရွားလာနေ၊ မရမ်းကုန်းတွင် မောင်ဝဏ္ဏဖြိုး နေ့ခင်းဘက် မုန့်ဝယ်ထွက်ရာမှ ပျောက်ဆုံးနေ ရန်ကုန်၊ စက်တင်ဘာ ၅ ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်များကို လမ်းပေါ်တွင် တွေ့ရာမြင်ရာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပေါ်တာဆွဲမှုများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများက ပြောဆိုကြသည်။ စက်တင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းက မြောက်ဒဂုံမြို့နယ်၊ ကပရမှတ်တိုင်အနီး သခင်ဗစိန်လမ်းပေါ်တွင် လူငယ် ၂ ဦးကို အရပ်သားကားနှင့် အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားထားသည်။ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် Lite Truck အမျိုးအစား အရပ်သားကားတစ်စီးဖြင့် ရောက်ရှိလာသူများက ပန်းရံအလုပ်သမားများဟု ယူဆရသည့် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းတင်ဆောင်ခေါ်သွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သူများထဲတွင် အရပ်ဝတ်ဝတ်ဆင်ထားသူများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်နေသော်လည်း စစ်သားများကို မတွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူက ဆိုသည်။ “မြို့လယ်ခေါင် လူစည်ကားတဲ့နေရာတွေမှာ စစ်မှုထမ်းအတွက် တွေ့တဲ့လူငယ်တွေကို ဖမ်းတယ်ဆိုတာ ကောလာဟလလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါ အခြေအနေက တကယ်ဆိုးနေပြီဆိုတာ သိရတယ်” ဟု မျက်မြင်တွေ့ရှိသူက ရေးသားထားသည်။ အလားတူ ရန်ကုန်မြို့၏ အခြားမြို့နယ်များတွင်လည်း လူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင် ကလေး ၃ ဦး၏ ဖခင် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို တံတားဖြူမှတ်တိုင်မှ အင်းဝကားမှတ်တိုင်အနီးတွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂) တွင် ကားများဖြင့် ရောက်ရှိလာသူများက လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးတင်ဆောင်သွားမှုများရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၄ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင်လည်း တောင်ဒဂုံမြို့နယ်၊ မင်းရဲကောင်းပုံလမ်း၊ ၆၉ ရပ်ကွက်တွင် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းတောင်းပန်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ တောင်ဒဂုံမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်များကို ဖမ်းဆီးမှုများအပြင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ယဉ်ကျေးမှုလမ်းနှင့် လျှော်ကားလမ်း၊ မင်းရဲကောင်းပုံလမ်းတစ်ဝိုက်တွင် စစ်တပ်၊ ပျူစောထီးနှင့် ရဲများ ပါဝင်သော ဌာနပေါင်းစုံအဖွဲ့များက ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများက ပြောဆိုကြသည်။ တစ်ဖက်တွင်လည်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လူငယ်တစ်ဦးသည် မုန့်ဝယ်ရန် အိမ်မှထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ယနေ့အချိန်အထိ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက ကူညီရှာဖွေပေးရန် မေတ္တာရပ်ခံထားသည်။ ပျောက်ဆုံးနေသူမှာ မရမ်းကုန်းမြို့နယ်၊ မြဝတ်ရည် (၅) လမ်း၊ အိမ်အမှတ် (၁၈) တွင် နေထိုင်သည့် ဦးနေလင်းအောင်၏ သား မောင်ဝဏ္ဏဖြိုးဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် လမ်းထိပ်သို့ မုန့်ဝယ်ရန် ထွက်ခွာသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ပျောက်ဆုံးပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရရှိတော့သည့်အပြင် ယနေ့အချိန်အထိ သတင်းအစအန တစ်စုံတစ်ရာ မရရှိသေးကြောင်း၊ မောင်ဝဏ္ဏဖြိုးကို တွေ့ရှိသူများ သို့မဟုတ် ၎င်း၏သတင်းအချက်အလက် တစ်စုံ တစ်ရာ သိရှိသူများအနေဖြင့် မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတွက် လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်းနေပြီး လမ်းပေါ်တွင် သွားလာနေသည့် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုများ များပြားလာနေကြောင်း သိရှိရသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
5
7
No text...
1
8
စစ်တပ်အတွင်း သတင်းလုံခြုံရေး ကျိုးပေါက်မှုများကို ပြင်းထန်စွာ အရေးယူခဲ့ရဟု ဒုစစ်ခေါင်းဆောင် ကျော်စွာလင်း သတိပေး ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက် စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ဒုတိယစစ်ခေါင်းဆောင် ကျော်စွာလင်းက သတိပေးပြောဆိုလိုက်သည်။ စက်တင်ဘာလ ၄ ရက်နေ့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း စစ်အရာရှိများနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက စစ်တပ်အတွင်း သတင်းလုံခြုံရေးအတွက် ယင်းသို့ အထူးသတိပေးလာခြင်းဖြစ်သည်။ ကျော်စွာလင်းက စစ်အရာရှိများအနေဖြင့် မိမိတို့၏ ပေါ့ဆမှုကြောင့် သတင်းအချက်အလက်နှင့် လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပွားစေရေး အထူးဂရုပြု ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောဆိုသည်။ သတင်းလုံခြုံရေး ကျိုးပေါက်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ထုတ်ဖော်သတိပေးခဲ့သည်။ စစ်တပ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပေါက်ကြားမှုများနှင့် တပ်တွင်းအခြေအနေများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့မှုများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက သတင်းလုံခြုံရေး ကျိုးပေါက်မှုများအတွက် ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ယခုကဲ့သို့ ထုတ်ဖော်သတိပေးလာခြင်းဖြစ်သည်။ စစ်တပ်က စစ်ဘက်လျှို့ဝှက်ချက်များကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးပို့ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် စစ်ဘက်လျှို့ဝှက်ချက်များ ကာကွယ်ရေးဥပဒေ (Military Secrets Protection Law) ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲသည်။ စစ်ကောင်စီထုတ်ပြန်သော အဆိုပါဥပဒေအရ “စစ်ဘက်လျှို့ဝှက်ချက်များ” ဆိုသည်မှာ စစ်ရေးမဟာဗျူဟာများ၊ စစ်ရေးနည်းဗျူဟာများ၊ စစ်ရေးနည်းစနစ်များနှင့် စစ်သင်တန်းဆိုင်ရာ အချက်အလက်များအပြင် တပ်မတော်အသုံးပြု ရေတပ်သင်္ဘောများ၊ လေယာဉ်များ၊ အခြားယာဉ်များ၊ စက်ယန္တရားများ၊ လက်နက်ခဲယမ်းများနှင့် စစ်ဘက်သုံးပစ္စည်းများ၏ နည်းပညာနှင့် နည်းပညာစနစ်များကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် စစ်ဘက်သုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ နည်းပညာများ၊ စစ်ဘက်နည်းပညာ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များအပြင် သက်ဆိုင်ရာဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ စစ်ဘက်လျှို့ဝှက်ချက်အဖြစ် တရားဝင်သတ်မှတ်ကြေညာသည့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဥပဒေတွင် လက်ရှိ သို့မဟုတ် ယခင်က တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များသည် စစ်ဘက်လျှို့ဝှက်ချက်များကို မျှဝေခြင်းဖြင့် တရားမဝင်အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများတွင် ပါဝင်ခြင်း၊ သင်တန်းပေးခြင်းတို့ကို တားမြစ်ထားသည်။ အဆိုပါဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်ခံရနိုင်သည် ဟု ဖော်ပြထားသည်။ စစ်ကောင်စီ၏ ပြောဆိုချက်အရ ယင်းဥပဒေပြဋ္ဌာန်းရခြင်းမှာ စစ်ဘက်လျှို့ဝှက်ချက်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားစစ်ဘက်အဖွဲ့အစည်းများ၊ စစ်ဘက်မဟုတ်သည့် နိုင်ငံခြားအဖွဲ့အစည်းများ၊ ခွင့်ပြုချက်မရှိသော လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် အခြားပုဂ္ဂိုလ်များထံ စစ်ဘက်လျှို့ဝှက်ချက်များကို အသုံးပြုရန် သင်တန်းပေးခြင်း၊ အကူအညီပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းနှင့် လျှို့ဝှက်ချက်များ ဖလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းများကို တားဆီးရန်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ - AP Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
1
9
No text...
12
10
𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
12
11
သံတွဲနှင့် ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်၊ မိုးဗြဲဒေသတွင်လည်း တိုက်ပွဲများအပြီး အရပ်သားများ နေထိုင်ရာ နေရာများကို စစ်လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် ရန်ကုန်၊ စက်တင်ဘာ ၇ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှစတင်ကာ သံတွဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့အတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ ၈ နာရီဝန်းကျင်အထိ ပုဏ္ဏားကျွန်းမြို့ရှိ နေရာအချို့ကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း AA က ပြောဆိုသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လက်ရှိအချိန်အထိ အသေးစိတ် မသိရှိရသေးပေ။ အခြားတစ်ဖက်တွင် ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေတွင်လည်း စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာကာ ဆုတ်ခွာရပြီးနောက် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ်ခန့်တွင် ဂျက်ဖိုက်တာအသုံးပြု၍ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။ အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၁၂ မိနစ်ခန့်တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ လွိုင်ကော်မြို့နှင့် လွိုင်လင်လေးကြားရှိ ဆင်စခန်းအနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “မိုးဗြဲ၊ လွယ်ယင်းတောင်ခြေမှာ တိုက်ပွဲက နေ့စဉ်ရက်ဆက်လိုပဲ ဖြစ်နေတယ်။ စစ်တပ်က အထိနာပြီး ပြန်ဆုတ်ရတဲ့အခါတိုင်း လေယာဉ်နဲ့ လာကျဲတယ်။ သူတို့က အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုပဲ လိုက်ကျဲနေတာ။ လွိုင်ကော်ဘက်ကနေ မိုးဗြဲဘက်ကို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တယ်။ ကင်းထောက်ဒရုန်းတွေလည်း နေ့တိုင်းပျံနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကရင်နီပြည်၊ ရှားတောမြို့နယ်၊ နောင်ပလုကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးများကြဲချကာ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၈ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် နေအိမ် ၄ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် လွိုင်လင်လေးဒေသရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ရွာအတွင်းသို့ စစ်ကော်မရှင်တပ်က အသေခံဒရုန်းတစ်စီးဖြင့် မီးလောင်ဗုံး ကြဲချခဲ့ရာ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ စက်တင်ဘာလ ၁ ရက်နေ့တွင် မော်ချီးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးအဖွဲ့အစည်းများက စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရ အထိနာခြင်း သို့မဟုတ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်ဟု ပြောဆိုထားသည်။ ထို့ကြောင့် စစ်ရေးအခြေအနေ တင်းမာနေသည့် ဒေသများရှိ ပြည်သူများအနေဖြင့် စစ်ရေးသတင်းအချက်အလက်များကို အမြဲနားစွင့်ထားပြီး လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအခြေအနေများကို အထူးဂရုပြုကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။ ဓာတ်ပုံ - စက်တင်ဘာလ ၅ ရက်နေ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို ​စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့၍ ဘုရားပုထိုးစေတီများ ပျက်စီးခဲ့စဉ် Photo - ဝေဟင်အောင် Source - Khit Thit Media
12
12
+2
No text...
8
13
စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်နေ၍ ပြည်သူများ အချိန်ပြည့်သတိရှိကြရန် AA သတိပေး ရန်ကုန်၊ စက်တင်ဘာ ၅ အာရက္ခဒေသအတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီး ကျောင်းကဲ့သို့သော ဘာသာရေးအဆောက်အအုံများနှင့် လူထူထပ်ရာနေရာများကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က သတိပေးချက်ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်းသာမက စက်တင်ဘာလဆန်းပိုင်းမှစတင်၍လည်း စစ်ကောင်စီက အာရက္ခဒေသအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို ပစ်မှတ်ထားကာ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်ခန့်မှစတင်၍ အာရက္ခဒေသ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနှင့် စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ-ကျိန္တလီ ကမ်းခြေတစ်လျှောက်ကို ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့တွင်ပင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ် ၃ မြို့နယ်အစပ် ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်သည့် ကွမ်းတောင်ရွာ၊ ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနှင့် မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီးရှိ မွတ်ဆလင်နှင့် ရခိုင်ရွာများအတွင်းသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် မိနစ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ULA/AA က ဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးအထိုင်စခန်း အနည်းဆုံး ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနှင့် စစ်တွေအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသော စစ်သင်္ဘောအချို့မှ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်များရှိ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင်လည်း ဂွကမ်းခြေနှင့် ငပလီကမ်းခြေဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကမ်းခြေ၊ ချောင်းကမ်းနံဘေးဒေသများ အပါအဝင် မြို့ရွာအသီးသီးတွင် နေထိုင်ကြသည့် အာရက္ခဒေသခံပြည်သူများအနေဖြင့် လက်ရှိ စစ်ရေးလှုပ်ရှားမှုအခြေအနေများကို သုံးသပ်ကြည့်ပါက စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်လာနိုင်သဖြင့် အထူးသတိထားကြရန် ULA/AA က တိုက်တွန်းထားသည်။ ထို့အပြင် လေကြောင်းအန္တရာယ် အချက်ပြမှုများကို အမြဲသတိထားစောင့်ကြည့်ရန်၊ နိုးနိုးကြားကြားရှိပြီး အချင်းချင်း သတိပေးကြရန်နှင့် လက်နက်ကြီးရန်၊ လေကြောင်းရန်အန္တရာယ်များကို အထူးသတိထားကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ထပ်မံအသိပေးတိုက်တွန်းထားသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် အပြင် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကိုပါ အပြည့်အဝ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေမြို့၊ ကျောက်ဖြူမြို့ နှင့် မာန်အောင်မြို့ ၃ ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။ ဓာတ်ပုံ - အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးပျက်စီးမှုများ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
8
14

15
No text...
6
16
စစ်တပ်အတွင်း သတင်းလုံခြုံရေး ကျိုးပေါက်မှုများကို ပြင်းထန်စွာ အရေးယူခဲ့ရဟု ဒုစစ်ခေါင်းဆောင် ကျော်စွာလင်း သတိပေး ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက် စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ဒုတိယစစ်ခေါင်းဆောင် ကျော်စွာလင်းက သတိပေးပြောဆိုလိုက်သည်။ စက်တင်ဘာလ ၄ ရက်နေ့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း စစ်အရာရှိများနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက စစ်တပ်အတွင်း သတင်းလုံခြုံရေးအတွက် ယင်းသို့ အထူးသတိပေးလာခြင်းဖြစ်သည်။ ကျော်စွာလင်းက စစ်အရာရှိများအနေဖြင့် မိမိတို့၏ ပေါ့ဆမှုကြောင့် သတင်းအချက်အလက်နှင့် လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပွားစေရေး အထူးဂရုပြု ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောဆိုသည်။ သတင်းလုံခြုံရေး ကျိုးပေါက်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ထုတ်ဖော်သတိပေးခဲ့သည်။ စစ်တပ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပေါက်ကြားမှုများနှင့် တပ်တွင်းအခြေအနေများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့မှုများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက သတင်းလုံခြုံရေး ကျိုးပေါက်မှုများအတွက် ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ယခုကဲ့သို့ ထုတ်ဖော်သတိပေးလာခြင်းဖြစ်သည်။ စစ်တပ်က စစ်ဘက်လျှို့ဝှက်ချက်များကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးပို့ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် စစ်ဘက်လျှို့ဝှက်ချက်များ ကာကွယ်ရေးဥပဒေ (Military Secrets Protection Law) ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲသည်။ စစ်ကောင်စီထုတ်ပြန်သော အဆိုပါဥပဒေအရ “စစ်ဘက်လျှို့ဝှက်ချက်များ” ဆိုသည်မှာ စစ်ရေးမဟာဗျူဟာများ၊ စစ်ရေးနည်းဗျူဟာများ၊ စစ်ရေးနည်းစနစ်များနှင့် စစ်သင်တန်းဆိုင်ရာ အချက်အလက်များအပြင် တပ်မတော်အသုံးပြု ရေတပ်သင်္ဘောများ၊ လေယာဉ်များ၊ အခြားယာဉ်များ၊ စက်ယန္တရားများ၊ လက်နက်ခဲယမ်းများနှင့် စစ်ဘက်သုံးပစ္စည်းများ၏ နည်းပညာနှင့် နည်းပညာစနစ်များကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် စစ်ဘက်သုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ နည်းပညာများ၊ စစ်ဘက်နည်းပညာ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များအပြင် သက်ဆိုင်ရာဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ စစ်ဘက်လျှို့ဝှက်ချက်အဖြစ် တရားဝင်သတ်မှတ်ကြေညာသည့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဥပဒေတွင် လက်ရှိ သို့မဟုတ် ယခင်က တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များသည် စစ်ဘက်လျှို့ဝှက်ချက်များကို မျှဝေခြင်းဖြင့် တရားမဝင်အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများတွင် ပါဝင်ခြင်း၊ သင်တန်းပေးခြင်းတို့ကို တားမြစ်ထားသည်။ အဆိုပါဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်ခံရနိုင်သည် ဟု ဖော်ပြထားသည်။ စစ်ကောင်စီ၏ ပြောဆိုချက်အရ ယင်းဥပဒေပြဋ္ဌာန်းရခြင်းမှာ စစ်ဘက်လျှို့ဝှက်ချက်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားစစ်ဘက်အဖွဲ့အစည်းများ၊ စစ်ဘက်မဟုတ်သည့် နိုင်ငံခြားအဖွဲ့အစည်းများ၊ ခွင့်ပြုချက်မရှိသော လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် အခြားပုဂ္ဂိုလ်များထံ စစ်ဘက်လျှို့ဝှက်ချက်များကို အသုံးပြုရန် သင်တန်းပေးခြင်း၊ အကူအညီပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းနှင့် လျှို့ဝှက်ချက်များ ဖလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းများကို တားဆီးရန်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ - AP Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
8
17
No text...
15
18
မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မိသားစုတွေ့ဆုံခွင့်ရရှိရေး “FREE HER” လှုပ်ရှားမှု စတင်ကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ကြေညာ ရန်ကုန်၊ စက်တင်ဘာ ၇ အကြမ်းဖက် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို စိုးရိမ်နေရဆဲဖြစ်ပြီး မိခင်ဖြစ်သူ၏ အခြေခံအခွင့်အရေးများ၊ မိသားစုနှင့် တွေ့ဆုံခွင့်နှင့် ခြွင်းချက်မရှိ လွတ်မြောက်ခွင့်တို့အတွက် “FREE HER” လှုပ်ရှားမှုကို စတင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ All In One Peace Movement အဖွဲ့ကိုယ်စား ကင်မ်အဲရစ်က ထုတ်ပြန်သည့် ပန်ကြားစာတွင် ၎င်း၏ မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ပေးခဲ့ကြသူများအား ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။ “မိခင် အသက်ရှင်နေသေးသလားဆိုတာကိုတောင် မသေချာခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်။ အဖြေတွေကို ရှာဖွေဖို့ ကျွန်တော့်အသံကို အသုံးပြုခဲ့ရပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေ ပံ့ပိုးပေးခဲ့တာကြောင့် ကျွန်တော် ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ” ဟု ကင်မ်အဲရစ်က ပြောဆိုသည်။ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၏ သွားရောက်တွေ့ဆုံမှုကြောင့် မိခင်၏ အခြေအနေနှင့် ပတ်သက်၍ အနည်းငယ် စိတ်သက်သာရာရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိ အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကို အတိအကျ မသိရသေးသလို သားဖြစ်သူအနေဖြင့် မိခင်နှင့် တွေ့ဆုံခွင့်၊ စကားပြောခွင့် မရရှိသေးကြောင်းလည်း ကင်မ်အဲရစ်က ထုတ်ဖော်ပြောကြားသည်။ “အခုတော့ နောက်တစ်ဆင့်ကို လှမ်းရတော့မှာပါ။ Proof of Life လှုပ်ရှားမှုဟာ အစပဲရှိပါသေးတယ်။ အခု မိခင်ရဲ့ လွတ်မြောက်ခွင့်ကို တောင်းဆိုရတော့မယ်” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံလူ့အခွင့်အရေးများ ရရှိရေး၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိရေးနှင့် ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေးအတွက် “FREE HER” ကမ်ပိန်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။ ကင်မ်အဲရစ်က ယခင်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆက်လက်ရပ်တည်ပေးကြရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ မိမိတို့၏အသံများကို ထပ်မံပေးကြရန်လည်း ပန်ကြားထားသည်။ “အမေ့ အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်နဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကို စတင်နေပါတယ်။ ဒီနောက်တစ်ဆင့်မှာလည်း ကျွန်တော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ဆက်လက်ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုထားသည်။ အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ကာ မတရားသော ဥပဒေ ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
15
19
No text...
14
20
ယင်းကဲ့သို့ အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးဝင်ရောက်မှုကို အထူးအလေးထား တိုက်ဖျက်ရန် ဆောင်ရွက်နေချိန်တွင် အိန္ဒိယနိုင်ငံ၊ အာရုဏာချယ်လ်ပရာဒေးရှ်ပြည်နယ်၊ Changlang ခရိုင်အတွင်း မြန်မာနိုင်ငံသား ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး Nokwang Taikhe (၃၅ နှစ်)၊ Wenchak Taikhe (၂၁ နှစ်)၊ Chaksang Taikhe (၁၆ နှစ်)၊ Wennaw Tuchi (၁၂ နှစ်) နှင့် Dungeon Kachik (၁၅ နှစ်) တို့ဖြစ်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့ကို ဆက်လက်စစ်ဆေးမေးမြန်းခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။ Changlang ခရိုင်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အများအပြား ထိစပ်နေသည့် ဒေသတစ်ခုဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုများအတွက် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလာနေကြောင်း အိန္ဒိယအာဏာပိုင်များက သတိပေးထားသည်။ မကြာသေးမီကလည်း Assam Rifles တပ်ဖွဲ့နှင့် အာရုဏာချယ်လ်ပရာဒေးရှ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ Changlang ခရိုင်၊ Nampong ရဲစခန်းနယ်မြေအတွင်းရှိ Nongkey ကျေးရွာအနီးတွင် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းဖမ်းဆီးမှုတွင် နိုင်ငံတကာမူးယစ်ဆေးဝါးဈေးကွက်၌ အိန္ဒိယရူပီး ၂၆ သိန်းခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၃၀ ဒသမ ၀၉ ဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe
14