CRPH Myanmar
📈 تحلیل کانال تلگرام CRPH Myanmar
کانال CRPH Myanmar (@crphmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 14 416 مشترک است و جایگاه 3 784 را در دسته سیاست و رتبه 9 091 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 14 416 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 03 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -281 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 4.28% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 2.29% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 617 بازدید دریافت میکند. در اولین روز معمولاً 330 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 17 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Committee Representing Pyidaungsu Hluttaw”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 04 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 04 سپتامبر | 0 | |||
| 03 سپتامبر | 0 | |||
| 02 سپتامبر | 0 | |||
| 01 سپتامبر | 0 |
| 2 | بدون متن... | 469 |
| 3 | ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်
၁။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့သည့်အတွက် ဦးအောင်ဆန်းမြင့်၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့်တကွ ကရင်နီပြည်သူပြည်သားအားလုံးနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရပါသည်။
၂။ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်သည် ကရင်နီပြည်သူများ၏ တန်းတူရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုင်ပွဲဝင်ခဲ့ရုံမျှမက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် နွေဦးတော်လှန်ရေးအောင်မြင်ရေးတို့ အတွက် မဟာမိတ်အင်အားစုများနှင့်လက်တွဲကာ ကြိုးပမ်းအားထုတ်ခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။
၃။ အာဏာရှင်စနစ်ဆန့်ကျင်ရေး အကူးအပြောင်းကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသော ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီပြည်သူများအတွက်သာမက တော်လှန်ရေးအင်အားစုတစ်ရပ်လုံးအတွက်ပါ ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်ပါသည်။ မိမိတို့အနေဖြင့် မိမိတို့အားလုံး၏ ဘုံရည်မှန်းချက်များ အောင်မြင်သည်အထိ မဟာမိတ် အင်အားစုအားလုံးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိပြုလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ညှိုးငယ်စွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ | 491 |
| 4 | بدون متن... | 573 |
| 5 | (၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်
၁။ ယနေ့တွင် (၇၉)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော မွန်တော်လှန်ရေးနေ့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ မွန်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့၏ ဦးဆောင်မှုနှင့် အတူ မွန်မျိုးချစ်လူငယ် (၂၇) ဦးတို့က “ခေတ်သစ် မွန်လက်နက်ကိုင်တပ်” ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၆း၃၀) (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့် နေ့) တွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းအား စတင်တိုက်ခိုက် တော်လှန်ခဲ့သည့်နေ့ ကို မွန်တော်လှန်ရေးနေ့အဖြစ် နှစ်စဉ် ဂုဏ်ယူစွာ ကျင်းပခဲ့ကြပါသည်။
၂။ မွန်တိုင်းရင်းသားတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တန်းတူညီမျှခွင့်တို့ ဆုံးရှုံးခဲ့ကြရသည့်အတွက် အမျိုးသားအခွင့်အရေးများ အပြည့်အဝပြန်လည်ရရှိနိုင်ရေး၊ ဘိုးဘွားပိုင်နယ်မြေများအား ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့ကြပါသည်။ (၇၉) နှစ်တာ မွန်တော်လှန်ရေးသမိုင်းကြောင်းတွင် မြင့်မြတ်စွာ ပေးဆပ်၍ တိုက်ပွဲဝင်ကျဆုံးခဲ့ကြရသော မွန်တော်လှန်ရေးခေါင်းဆောင်ကြီးများနှင့်တကွ မွန်တိုင်းရင်းသားရဲဘော်ရဲဘက်များအား ဤသဝဏ်လွှာမှတစ်ဆင့် မိမိတို့အနေဖြင့် လေးနက်တည်ကြည်စွာ ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။
၃။ လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝှမ်းတွင် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်တိုးမြှင့်ကျူးလွန်လျက် တစ်ဖက်တွင်လည်း အကြမ်းဖက်အစိုးရအတုအား တရားဝင်မှုရရှိနိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများအား စဉ်ဆက်မပြတ် စောင့်ကြည့်သတိထားကာ စည်းလုံးညီညွတ်မှု၊ စုစည်းခိုင်မာမှုအင်အားဖြင့် ရည်မှန်းရာ ပန်းတိုင်ဆီသို့ ရောက်ရှိနိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းလိုပါသည်။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်သူတို့၏ တရားဝင် လွှတ်တော်တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာဆက်လက်ရပ်တည်လျက် မွန်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်သာမက အခြားသော ညီနောင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ တော်လှန်ရေးတာဝန်များအား ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံရေးသစ္စာဖြင့် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ | 578 |
| 6 | English Version ⬇️
https://crphmyanmar.org/publications/press-release-on-human-rights-violation-against-mps/ | 527 |
| 7 | بدون متن... | 623 |
| 8 | သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်
အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ တရားမဝင် ရယူထားသည့် အာဏာအား ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိတိုင် အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းခြင်း၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းခြင်း၊ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေစေနိုင်လောက်အောင် ညှင်းပန်းနှိပ်စက်ခြင်း၊ လုံလောက်သော ဆေးကုသခွင့်မပေးခြင်း၊ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို စနစ်တကျ လုပ်ဆောင်နေဆဲဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၅-၈-၂၀၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၈,၃၀၀) ကျော် သေဆုံးခဲ့ရပြီး (၁၄,၇၀၀) ကျော်သည် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားစွာ ပြုမူဆက်ဆံခြင်းနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ရပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
ယနေ့ထိတိုင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၃၃) ဦးသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နောက်ဆုံးကောက်ယူထားသည့်အချက်အလက်များအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးတို့သည် ၂၀၂၆ ခုနှစ်အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် များစွာသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်ကြောင့် ပြည်တွင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် အခြားသောနိုင်ငံများသို့ တိမ်းရှောင်နေရဆဲ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ယင်းကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုများ၊ ခြိမ်းခြောက်မှုများကြားမှပင် အုပ်ချုပ်ရေးယန္တရားများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ပါသည်။ ထို့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် အင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်လျက် ရှိပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၂၁၆) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေး၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်ရပ်တည်ပေးရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးရန်၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကြိုးပမ်းချက်များအပေါ် ပံ့ပိုးကူညီပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များကို ထပ်လောင်းတောင်းဆိုပါသည်။
မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ တရားဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကလည်း မိမိတို့အား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် အသိအမှတ်ပြုထားပါသည်။
ထို့ကြောင့် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ အဆုံးသတ်နိုင်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ထိရောက်ပြီး လက်တွေ့ကျသော အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် တောင်းဆိုပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ | 599 |
| 9 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြေညာချက်အမှတ် (၄/၂၀၂၆)
၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ကြေညာခြင်း
ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အတည်ပြုပြဋ္ဌာန်း၍ လွတ်လပ်သော ကော်မရှင်တစ်ရပ်အဖြစ်ဖွဲ့စည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၃-၅-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းထားရှိ သော အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အား ဖျက်သိမ်း ကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် | 1 177 |
| 10 | https://crphmyanmar.org/publications/announcement-on-dissolution-of-the-moh/ | 684 |
| 11 | بدون متن... | 792 |
| 12 | ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့၏ ဂျပန်နိုင်ငံခရီးစဉ် အောင်မြင်စွာပြီးဆုံး
၂၀ ဩဂုတ် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ (၄) ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဩဂုတ်လ (၁၂) ရက်နေ့တွင် ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်တွင် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာ၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် နဲနယ်ပလိုး၊ စောနီးမရော့ဒ်၊ ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ SCEF ဘဏ္ဍာရေးရာအဖွဲ့ဝင် ဦးတင်ထွန်းနိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း တို့ ပါဝင်ခဲ့ကြပြီး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ တိုင်းရင်းသားပြည်သူများ နှင့် တွေ့ဆုံကာ SCEF အကြောင်းမိတ်ဆက်ခြင်း၊ လက်ရှိတော်လှန်ရေး၏ အရွေ့နှင့် SCEF၏ ရှေ့လုပ်ငန်း အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ကချင်အာဇာနည်နေ့ နှင့် ကရင်အာဇာနည်နေ့ အခမ်းအနားများသို့လည်း တက်ရောက်ခဲ့ကြပါသည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများ နှင့် တွေ့ဆုံသော သတင်းစာရှင်းလင်းပွဲကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် တိုကျိုမြို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
#SCEF | 744 |
| 13 | بدون متن... | 869 |
| 14 | ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေး ဖက်ဒရယ်ယူနစ်လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး
၁၇ ဩဂုတ် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆း၀၀) နာရီတွင် အွန်လိုင်း (Online)မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် SCEF ၏ အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်က နှုတ်ခွန်းဆက်စကား ပြောကြားကာ SCEF ၏စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြကာ အပြုသဘောဆွေးနွေးခဲ့ကြပြီး ကျန်ရှိနေသေးသော အသေးစိတ်အချက်အလက်များကို တတိယအကြိမ်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန်သဘောတူညီဆုံးဖြတ်ခဲ့ကြပါသည်။
ထို့နောက် မကွေးဖက်ဒရယ်ယူနစ်ဘက်မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် နှင့် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့က နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
#SCEF #IMFUG #MFUH | 812 |
| 15 | بدون متن... | 637 |
| 16 | (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်
၁။ (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် ခေတ်အဆက်ဆက်တော် လှန်ရေးဖြစ်စဉ် များ၌ ကာယအား ဉာဏအားတို့ ရင်းနှီးပေးဆပ်ကာ အသက်ခန္ဓာများ ဆုံးရှုံးခဲ့ကြရပြီး တာဝန် ကျေပွန်ခဲ့ကြသော ကရင်နီတိုင်းရင်းသား အာဇာနည်သူရဲကောင်းများနှင့်တကွ လက်ရှိ နွေဦး တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားနေကြသော ရဲဘော်ရဲဘက်များ၏ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စွန့်လွှတ်စွန့်စားမှုသူရသတ္တိတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးလေးနက်နက် အောက်မေ့သတိရလျက် ချီးကျူးဂုဏ်ပြုအပ်ပါသည်။
၂။ ကရင်နီတိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ကရင်နီတပ်မတော်အား ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကရင်နီပြည်၏ လွတ်လပ်မှုအတွက် အုတ်မြစ်ခိုင်မာစွာ စနစ်တကျ စုဖွဲ့တည်ထောင်နိုင်ခဲ့ကြသည်မှာ ကရင်နီတိုင်းရင်းသားတို့အတွက် ကြီးမားသော ခွန်အားတစ်ရပ် အဖြစ် ယနေ့ထိတိုင် တည်တံ့နေဆဲဖြစ်ပါသည်။ ကရင်နီတပ်မတော်သည် တော်လှန်ရေးသမိုင်း ဂုဏ်ရောင်ထွန်းပြောင်သည့် တပ်မတော်တစ်ခုအဖြစ် ကရင်နီပြည်သူအားလုံး၏ ရင်ထဲတွင် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။
၃။ ကရင်နီတပ်မတော်သည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင်လည်း ကရင်နီတစ်မျိုးသားလုံးနှင့်အတူတကွ ဆက်လက်ပါဝင်ထမ်းရွက်သွားနိုင်မည်ကို ယုံကြည်ပါကြောင်း ဖော်ပြလျက် ဤ (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာအား ဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ | 627 |
| 17 | https://crphmyanmar.org/publications/delegation-of-the-crph-meets-with-thai-mps/ | 388 |
| 18 | بدون متن... | 573 |
| 19 | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် Mr. Anusorn Tamajai၊ Mr. Chonlathan "Ice" Supphaiboonlerd နှင့် Mr. Krokiat Korsoongsak တို့အား ၁၄-၈-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် အောက်လွှတ်တော်ကိုယ်စားလှယ် Mr. Anusorn Tamajai အား ၎င်း၏ မကြာသေးမီက ထုတ်ဖော်ပြောကြားမှုများနှင့် ရပ်တည်ချက်တို့အတွက် ကိုယ်စားလှယ်အဖွဲ့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကျေးဇူးတင်ကြောင်း စာအား ပေးအပ်ခဲ့ပါသည်။
ယခုခရီးစဉ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေ့ရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများ ပညာဆက်လက်သင်ကြားနိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုများရရှိရေးအတွက် အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
[English Version]
Delegation of the Committee Representing Pyidaungsu Hluttaw Meets with Thailand's Parliamentarians
16 August 2026
A delegation of the Committee Representing Pyidaungsu Hluttaw (CRPH), led by Secretary Member Daw Phyu Phyu Thin, met with parliamentarians of House of Representatives of the Kingdom of Thailand _ Mr. Anusorn Tamajai, Mr. Chonlathan "Ice" Supphaiboonlerd, and Mr. Krokiat Korsoongsak at the House of Representatives in Bangkok, Thailand, on August 14, 2026.
During the meeting, both sides exchanged views on political developments in Myanmar and potential avenues for future cooperation. Furthermore, the delegation expressed gratitude to Member of the House of Representatives Mr. Anusorn Tamajai for his recent speaking out and principled stance, presenting him with an official letter of appreciation from the CRPH.
Throughout this visit, the CRPH delegation also met with an international aid organization to secure assistance and support for internally displaced persons (IDPs) within Myanmar and along the borders, members of the People's Defense Force (PDF) with disabilities, and migrant workers along with their children to ensure their continued access to education.
The Committee Representing Pyidaungsu Hluttaw | 513 |
| 20 | بدون متن... | 291 |
