fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

စာအုပ်လင့်များ

စာအုပ်လင့်များ

رفتن به کانال در Telegram
5 711
مشترکین
-324 ساعت
-237 روز
-7730 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+3
در 0 کانال‌ها
سپتامبر '26
+66
در 0 کانال‌ها
Get PRO
اوت '26
+113
در 0 کانال‌ها
Get PRO
ژوئیه '26
+134
در 0 کانال‌ها
Get PRO
ژوئن '26
+145
در 0 کانال‌ها
Get PRO
مه '26
+161
در 0 کانال‌ها
Get PRO
آوریل '26
+102
در 0 کانال‌ها
Get PRO
مارس '26
+54
در 1 کانال‌ها
Get PRO
فوریه '26
+72
در 0 کانال‌ها
Get PRO
ژانویه '26
+80
در 0 کانال‌ها
Get PRO
دسامبر '25
+102
در 1 کانال‌ها
Get PRO
نوامبر '25
+80
در 0 کانال‌ها
Get PRO
اکتبر '25
+72
در 2 کانال‌ها
Get PRO
سپتامبر '25
+60
در 0 کانال‌ها
Get PRO
اوت '25
+75
در 1 کانال‌ها
Get PRO
ژوئیه '25
+79
در 1 کانال‌ها
Get PRO
ژوئن '25
+64
در 0 کانال‌ها
Get PRO
مه '25
+65
در 0 کانال‌ها
Get PRO
آوریل '25
+83
در 0 کانال‌ها
Get PRO
مارس '25
+70
در 0 کانال‌ها
Get PRO
فوریه '25
+71
در 0 کانال‌ها
Get PRO
ژانویه '25
+131
در 0 کانال‌ها
Get PRO
دسامبر '24
+157
در 1 کانال‌ها
Get PRO
نوامبر '24
+89
در 0 کانال‌ها
Get PRO
اکتبر '24
+107
در 0 کانال‌ها
Get PRO
سپتامبر '24
+213
در 1 کانال‌ها
Get PRO
اوت '24
+176
در 1 کانال‌ها
Get PRO
ژوئیه '24
+230
در 1 کانال‌ها
Get PRO
ژوئن '24
+240
در 1 کانال‌ها
Get PRO
مه '24
+230
در 2 کانال‌ها
Get PRO
آوریل '24
+163
در 1 کانال‌ها
Get PRO
مارس '24
+165
در 1 کانال‌ها
Get PRO
فوریه '24
+82
در 0 کانال‌ها
Get PRO
ژانویه '24
+115
در 0 کانال‌ها
Get PRO
دسامبر '23
+168
در 0 کانال‌ها
Get PRO
نوامبر '23
+35
در 0 کانال‌ها
Get PRO
اکتبر '23
+80
در 1 کانال‌ها
Get PRO
سپتامبر '23
+54
در 0 کانال‌ها
Get PRO
اوت '23
+186
در 0 کانال‌ها
Get PRO
ژوئیه '23
+284
در 0 کانال‌ها
Get PRO
ژوئن '23
+290
در 0 کانال‌ها
Get PRO
مه '23
+312
در 0 کانال‌ها
Get PRO
آوریل '23
+263
در 0 کانال‌ها
Get PRO
مارس '23
+376
در 0 کانال‌ها
Get PRO
فوریه '23
+326
در 0 کانال‌ها
Get PRO
ژانویه '23
+323
در 0 کانال‌ها
Get PRO
دسامبر '22
+409
در 0 کانال‌ها
Get PRO
نوامبر '22
+373
در 0 کانال‌ها
Get PRO
اکتبر '22
+381
در 0 کانال‌ها
Get PRO
سپتامبر '22
+533
در 0 کانال‌ها
Get PRO
اوت '22
+535
در 0 کانال‌ها
Get PRO
ژوئیه '22
+1 035
در 0 کانال‌ها
Get PRO
ژوئن '22
+220
در 0 کانال‌ها
Get PRO
مه '22
+133
در 0 کانال‌ها
Get PRO
آوریل '22
+133
در 0 کانال‌ها
Get PRO
مارس '22
+95
در 0 کانال‌ها
Get PRO
فوریه '22
+62
در 0 کانال‌ها
Get PRO
ژانویه '22
+87
در 0 کانال‌ها
Get PRO
دسامبر '21
+74
در 0 کانال‌ها
Get PRO
نوامبر '21
+89
در 0 کانال‌ها
Get PRO
اکتبر '21
+114
در 0 کانال‌ها
Get PRO
سپتامبر '21
+166
در 0 کانال‌ها
Get PRO
اوت '21
+362
در 0 کانال‌ها
Get PRO
ژوئیه '21
+408
در 0 کانال‌ها
Get PRO
ژوئن '21
+485
در 0 کانال‌ها
Get PRO
مه '21
+1 227
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
08 اکتبر0
07 اکتبر+1
06 اکتبر0
05 اکتبر0
04 اکتبر+1
03 اکتبر+1
02 اکتبر0
01 اکتبر0
پست‌های کانال
နည်းနည်းမဟုတ်ပါဘူး။ များများ လွဲနေတာပါ… အကြံတခုတော့ ပေးကြအုံး.. အခုပျက်သွားတဲ့ အဝတ်လျှော်စက်ကို တခြားနေရာ ထပ်ပြင်ကြည့်ရအုံးမလား.. အသစ်ဘဲ ဝယ်လိုက်ရမလား.. ဝယ်ရင် ဘယ်ဆိုင်မှာ ဘာဘရန်းတွေ ဝယ်သင့်လဲ.. ဝယ်လို့ ရနိုင်လဲ.. 🤔🤔🤔 #မောင်သိန်း

2
မဖြစ်ပါစေနဲ့.. မဖြစ်ပါစေနဲ့ လို့ အတန်တန် သတိထားနေတဲ့ကြားထဲက ဖြစ်သွားတယ်……. ပြီးခဲ့တဲ့လက အသိမိတ်ဆွေအကို တယောက်နဲ့ လဘက်ရည်သောက်ရင်း စကားစပ်မိကြတယ်။ အကိုက ရေခဲသေတ္တာ two door ရိုးရိုးလေး တလုံးလောက် လိုလို့ လိုက်ရှာတာ အတော်ရှာယူလိုက်ရတယ်ကွာ။ ရတော့လည်း စျေးက သိန်း လေးဆယ်ကျော် ငါးဆယ်နီးပါးပေးရတယ်။ အဲ့အမျိုးအစားက ယိုးဒယားမှာ ဘတ် တသောင်းအောက်ဘဲ ရှိတယ်ကွ။ မြန်မာပြည်နဲ့ စျေး သုံးဆလောက် ကွာနေတယ်လို့ သူက ထပ်ပြောတယ်။ ဒါပေမယ့် ဝယ်ရတာကိုဘဲ ကျေးဇူးတင်ရတာပါကွာ တဲ့.. သူမေးကြည့်တာတော့ သူတို့က အဲ့ပစ္စည်းတွေကို အခွံချွတ်ပြီး သယ်လာကြတာ။ အပြင်က ပုံးခွံတွေကို ဖြုတ်ထုတ်၊ wrapping လုပ်ပြီး အဟောင်းလို သွင်းလာရတာလို့လည်း ပြောတယ်။ အော် အဲ့လောက်တောင် ဖြစ်နေပြီလား လို့ ပြောလိုက်တော့ မင်း စုံးစမ်းကြည့်အုံး.. အဲ့လို ဖြစ်နေပြီ။ တဲ့ .. ကျနော်လည်း အစက ဒီပစ္စည်းတွေ ဒီလောက်ထိ ရှားပါးနေတယ်လို့ မထင်ထားမိဘူး။ သွင်းကုန်တွေကြပ်ထားတော့ အခက်အခဲဖြစ်နေတာတော့ သိတယ်ပေါ့။ အဲ့တာနဲ့ နည်းနည်းလေ့လာကြည့်တော့ ဟုတ်နေတာ တွေ့ရတယ်။ လိုအပ်နေသူက ပစ္စည်းဝယ်လို့ရတာကိုဘဲ ကျေးဇူးတင်နေရတယ်။ ရောင်းသူက တချို့ဆို တလုံးဘဲ ရမယ်နော်။ တဦးတည်းနဲ့ နှစ်လုံး မရောင်းပေးနိုင်ပါဘူး ခပ်မာမာ ရောင်းနေနိုင်တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်က FB မှာ ပို့စ်တခု ထပ်တွေ့လိုက်တယ်။ ခုနက ရေခဲသေတ္တာ two doors ကို (၆၈) သိန်းတဲ့.. တကယ့် အမေးဇင်း ဖြစ်သွားတယ်.. အဲ့ပို့စ်ထဲမှာ အဲ့ရေခဲသေတ္တာက ယိုးဒယား Big C မှာ ဘတ် (6000) ဘဲ ရှိတာ တွေ့ရတယ်.. တဲ့.. တကယ်ကို နှစ်ထပ်ကွမ်း အမေးဇင်း ထပ်ဖြစ်ရတယ်.. စျေးက ယိုးဒယားထက် ရှစ်ဆလောက် ကြီးနေတယ်။ တော်သေးတယ်။ အိမ်မှာ မိန်းမက ပစ္စည်းကို ရိုသေတယ်။ အိမ်မှာ သုံးနေတဲ့ ရေခဲသေတ္တာက sharp အမျိုးအစား၊ ဆယ်နှစ် ကျော်ပြီ။ အဝတ်လျှော်စက်က Beko, 12 Kg. သူက စောင်တွေ၊ အိပ်ယာခင်းတွေကအစ ခဏခဏ လျှော်တတ်သူမို့ နည်းနည်းကြီးတာ ဝယ်ထားတာ။ ရှစ်နှစ်ရှိပြီ သုံးနေတာ။ အိုကေနေတယ်။ ဒါပေမယ့် မိန်းမကိုတော့ သတိပေးဖြစ်တယ်။ “ လျပ်စစ်ပစ္စည်းတွေ အတော်ပြတ်နေတယ်။ ရှားနေတယ်။ ဝယ်ရရင်တောင် စျေးက မတန်တဆပေးရတာ။ ငါတို့ ပစ္စည်းလေးတွေလည်း သတိထားရမယ်ဟေ့” ..လို့…. ပြောပြီး ရက် သိပ်မကြာဘူး။ ဆုတောင်းမပြည့်ဘူး ပြောရမယ်.. မဖြစ်ပါစေနဲ့.. မပျက်ပါစေနဲ့ လို့ အတန်တန် သတိထားနေတဲ့ကြားထဲက ဖြစ်သွားတယ်……. အခုတော့ အဝတ်လျှော်စက် ပျက်သွားပြီ.. အသံဆူနေတယ် ပြောတယ်။ ကိုယ်လည်း အဝေးရောက်နေတော့ Beko service ကို ဖုန်းဆက်ခိုင်းလိုက်တယ်။ Service က လာစစ်တယ်။ မော်တာကကောင်းတယ်။ မော်တာနဲ့ Drum နဲ့ ချိတ်ထားတဲ့ ဂီယာက crack ဖြစ်ပြီး အသံထွက်နေတာ..တဲ့. အဲ့တာဆိုလည်း ပစ္စည်းလဲကွာဆိုတော့ spare parts မရှိဘူး ဖြစ်နေတယ်။ မှာလို့လည်း မရဘူးတဲ့။ မှာရင်လည်း အကြာကြီးကြာမှာ။ အကိုတို့ စောင့်နိုင်မှာ မဟုတ်ဘူး။ အသစ် တလုံး ရှာဝယ်တာ ကောင်းမယ်လို့ အကြံပေးတယ်။ အဲ့ Beko 12 Kg က 2018 တုန်းက ဝယ်ထားတာ။ တန်ဖိုးက လေးသိန်းခွဲနီးပါး၊ promotion discount နဲ့ ဆိုတော့ လေးသိန်း စွန်းစွန်းလေး ပေးရတယ်။ အခုတော့ နည်းနည်း လေ့လာကြည့်ရသလောက် အမျိုးအစားအားလုံး 12 Kg ဆို သိန်းလေးဆယ်နီးပါးတွေ ဖြစ်နေတယ်။ ဆယ်ဆနီးပါး ကွာသွားပြီ။ ဒါတောင် ပေါပေါသီသီ လိုက်ရွေးချယ်လို့ မရဘူး။ ရေခဲသေတ္တာတို့ အဝတ်လျှော်စက်တို့ဆိုတာ ဟိုး အရင်တုန်းကတော့ လူတန်းစားတရပ်သာ သုံးနိုင်တာဆိုပေမယ့် အခုအခါမှာတော့ လျှပ်စစ်မီးရတဲ့ အိမ်တိုင်းနီးပါး သုံးနေကြပါပြီ။ ဒါဟာ အိမ်ထောင်စုရဲ့ အခြေခံ Home Appliance လေးတွေပါ။ ဒီလောက် ခက်ခဲနေဖို့ မသင့်ဘူးပေါ့လေ.. မဝယ်နိုင်လို့ မဟုတ်ပါဘူး.. မတန်တဲ့စျေး ပေးဝယ်ရမှာကို နှမျှောတာ။ သိန်းလေးဆယ်ပေးဝယ်ရရင် သိန်းလေးဆယ်နဲ့ တန်တဲ့ quality ရချင်တာပါ။ အခုသိန်းလေးဆယ်တန်က သူများနိုင်ငံမှာ ဆယ်သိန်းနဲ့ရနေတာဆိုရင် အဲ့တာ ဆယ်သိန်းတန် quality ဘဲ ရတာ။ ကျနော်တို့လို သုံးစွဲသူတွေက ဆယ်သိန်းတန် quality ကို အပို သိန်းသုံးဆယ်ပေးပြီး သုံးနေရတာ။ ကျနော်တို့ အပို ပေးလိုက်ရတဲ့ သိန်းသုံးဆယ်က ဘယ်ရောက်သွားတာလဲ… စဉ်းစားကြည့်ရအောင်… အရောင်းဆိုင်တွေက ကြိတ်တာလား.. သူတို့လည်း အဲ့လောက်တော့ အမြတ်တင်ရောင်းလို့ရမယ် မထင်မိဘူး။ ဒါဆို.. သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့်လား… လမ်းခရီး ဂိတ်ကြေးတွေကြောင့်လား.. ပါမစ် ခွင့်ပြုချက်တွေကြောင့်လား ကုန်သွယ်ခွန်ကြောင့်လား သွင်းကုန်ပေါ်လစီတွေကြောင့်လား… နောက်တနည်း ကျနော်တို့ ပိုပေးလိုက်ရတဲ့ သိန်းသုံးဆယ်ထဲမှာရော နိုင်ငံ့ဘဏ္ဍာထဲ ဘယ်လောက်ရောက်သလဲ…(ရောက်စေချင်လို့ ပြောတာမဟုတ်ဘူး။ တရားဝင် ဘယ်လောက်ပေးရလဲ မေးတာ) ဒီခေတ်မှာ ဒီလောက်အခြေခံအသုံးအဆောင်လေးတွေတောင် အခွန်ထမ်းပြည်သူတွေအတွက် ခက်ခဲနေဖို့ မသင့်ဘူး။ ကျနော်တို့ ဝင်းသူဇာခေတ်ကို ပြန်ရောက်နေပြီလား။ ရေခဲသေတ္တာမရှိလို့ နေ့တိုင်းစျေးသွားနေရလောက်အောင်၊ တအိမ်လုံးစာ အဝတ်တွေကို လက်နဲ့ ထိုင်ဖွတ်နေရလောက်အောင် ကျနော်တို့ အမျိုးသမီးတွေ အဲ့လောက် မအားတော့ဘူး။ သားသမီးတွေ ပညာရေး၊ ကျန်းမာရေးအတွက် သူတို့ ဂရုစိုက်ပေးရမှာတွေ ရှိတယ်။ နည်းနည်းတော့ လွဲနေပြီ..
71
3
အေအေက ညှိ ဖို့ လမ်းကို မရွေးပဲ မုန်တိုင်းကို ဖြတ်မယ် လို့ ဆုံးဖြတ်ထားတဲ့ အတွက် နိုင်အောင်သာခံ ချ နှစ်ပေါင်း ၂၂၄ နှစ် အကြာ မှာ တခါရတဲ့ အခွင့်အရေး ရခိုင်တွေ မြန်မာကို ပြန် တီး နိင်တာ မြန်မာအချင်းချင်း ပြန်ချတဲ့ ဘုရင့်နောင် သားခေတ် နဲ့ ဒီ ခေတ်ပဲ ဗဒုံ မင်း လက်ထက် ကတည်းက ရခိုင် ကင်းဒမ်း ပျောက်ခဲ့တာ ဒီတခါ မနိုင်ရင် နောင်ဘုရားပွင့်တဲ့အထိ ထပ်စောင့်ရမယ် လူသားဒိုင်းချည်း စွတ် မလုပ်နဲ့ ဘုရင်ဆိုတာ ပြည်သူရှိမှ ဘုရင်လုပ်လို့ရတာ မဟုတ်ရင် တကိုယ်တည်း အပေါ် ဘုရင် အောက်ပြည်သူ ဖြစ်နေမယ် စစ်ပွဲကြားထဲက ဝဋ်ကြီးတဲ့ ပြည်သူတွေကိုပဲ သနားတယ် ပြည်ပက ရခိုင်တွေကတော့ ဗီယက်နမ်လို နို့ သောက် နဲ့ တုတ်ထောက် ပါ မကျန် တော်လှန်ကြတဲ့ ဗီယက်နမ် လို ရုရှားတွေ ဝင်မောင်းပေးတဲ့ လေယာဉ်ပျံရှိလား ဟောင်ဝစ်ဇာတွေ တင့်ကားတွေ ရှိလား မရိမ်းတပ်ကို တကိုယ်ချင်းဖိုက်မဲ့ ခပ် မိုက် မိုက် ခမောက်ဆောင်း အသားဖြူဖြူ ပေါင်တံဖြူ ဖြူ နို့ ကြီး ကြီး နဲ့ ဗီယက် ကောင်းမတွေ ရှိလား တဇောက်ကန်းမျိူးချစ်စိတ်က မျိူးဆက်တဆက်ကိုပျက်သုဉ်းစေတာပဲ ပြည်တွင်းစစ် အမြန်ပြီးပါစေ source:
50
4
ရခိုင် ထိုးစစ် တလ ပြည့် သုံးသပ်ချက် မောက်တို တွေရဲ့ ရခိုင် ‌ဒေသ ခံစစ် ကနေ ထိုးစစ် တလ ပြည့်ချိန် မှာ နေ ပြည် တော် ရဲ့ ရည်မှန်းချက်က စစ် နယ်ဝှမ်းအဆင့် တိုက်စစ် ဖွင့် တာ ပို ထင်ရှားလာတယ် တိုက်ပွဲတပွဲချင်းထက် နယ်မြေ အကုန် လုံး ဖြတ် တောက် ပြီး တခါတည်းပြန်သိမ်းတဲ့ ဗျူဟာ မျိူး ဒါကြောင့် ရမ်းဗြဲ မှာ အပ ကျန် မြိုအားလုံးက အေအေ စခန်း ထောက်ပို့ စုဖွဲ့ နေရာ အကုန် သတင်းရရင်ရသလို နေ့ည မရွေး ကြဲတာတွေ့ရတယ် ဘူးသီးတောင် မောင်တော ကို အာဆာက စစ်ဆိုင်ထားတယ် ရခိုင် တန် ပြန်ထိုးစစ်က လက်ရှိ သမတ ဦးစီး တိုက်ခဲ့တဲ့ တရုတ်ကြေးစား တွေပါပါတဲ့ ရှမ်းမြောက်ဒေသ လောက်ကိုင်က‌ နေ မုန်းကိုးထိ ကျယ်ပြန့်တဲ့ ဒုတိယ လောက် ကိုင် တိုက်ပွဲ နဲ့ တူတယ် တရုတ် စနိုက်ပါ နဲ့ မြန်မာ အ မြောက် တပ် တရုတ် လေကာ ဒုံးကျဉ်တွေ နဲ့ မြန်မာ့လေတပ် ထိပ်တိုက် ရင်ဆိုင် အချိန် ယူ တိုက်ခဲ့ရ ပြီး စနိုက်ပါ နေရာကို အမြောက်နဲ့ ပစ်ခွင်းတဲ့ အဆင့်ထိ မောက်တို အမြောက်တပ်က ထိုးထွင်းကြံဆ လက်စွမ်းပြခဲ့ ပြီး တပ်မတော် လေ ဟာ လေယာဉ်အစုတ် မောင်းတာတောင် ပခူံးထမ်းဒုံးကို ရှောင်ထွက် နိုင်ခဲ့တဲ့အထိ ကမာက အံ့အားသင့်ခဲ့ရတယ် တောင် မင်း ကို မြောက်မင်း မကယ် နိုင် ခု ရခိုင် စစ် တလ ကြာချိန် မှာ ရခိုင် တောင် ငပလီ သံတွဲ ဂွ ကျတလီ ဧရာဝတီတိုင်းက ရေကြည် ငါးသိုင်းချောင်း အမတ ၃၄၄ အကုန် အသံတိတ် ပြီး အေအေ ဟာ ထိူးစစ်ကနေ ခံစစ် ကို တမဟုတ်ချင်း ကျသွားတယ် မြောက်ပိုင်း ကလည်း ခေတ်သစ် နည်းပညာ စစ်ပွဲကြောင့် စိစိညက်ညက် ကြေအောင် ချေမှုန်းခံရပြီး အေအေကလည်း တကယ် အရိူးစည်းရိုးထိူးကာနေရတာ ကိုတွေ့ရတယ် ကျားမမရွေး၁၅ နှစ် ကအစ လေဖြတ်သူပါ မကျန် ပေါ်တာဆွဲ ထမင်းချက် ကျင်းတူး လေကြောင်း အကဲကြည့် အကုန်ခိုင်းရတာ အကုန် ခိုင်းပါတယ် ပြည်ပရောက် ရခိုင် အမျိုးတွေ လည်း အေအေ ပေါ်တာဆွဲခံထိလို့ အော်နေကြတဲ့ တဖွဲ့ နဲ့ ငါရို့မှာငါရို့ပဲရှိတယ် ဂုဏ်ယူပါတယ်ဆိုပြီး မြှောက်ပေးနေကြတာတဖွဲ့ နှစ် ဖွဲ့ကွဲနေကြပါပြီ ကာကင်းတွေ သိမ်း ဖမ်းမိ ဗီဒီယို တွေ ပြတာကတော့ အေအေ ထောက်ခံသူတွေ စိတ်အားမငယ်အောင် မိုတီယူနေရတဲ့အဆင့်ပါပဲ ကျားသနားမှ နွားချမ်းသာရ လေတပ်ရဲ့ ‌‌အေ အိုင် နည်းပညာပါတဲ့ ဂလိုက်ဒါဗုံးတွေဟာ အေအေ တံဆိပ်ပါတဲ့ စစ် ရှောင် ဆေးခန်းကအောက်ဆီဂျင်ဘူးထိပါ ဒဲ့မှန်တာကို တွေ့ရချင်း အားဖြင့် modern warfare လို့ ခေါ်တဲ့ နည်းပညာစစ်မှာ ဒါးဒါးချင်း တုတ်တုတ်ချင်း ဗန်တို ဗန်ရှည် ကျင် ကိုင် တတ် မျိူးချစ်စိတ် ဘယ်လောက် ရှိရှိ အသုံးမဝင်ပါဘူး နည်းပညာ ဟာ ခံစားချက် မဲ့ ပြီး ပြင်းထန်ရက်စက်ပါတယ် ကျားသနားမှ နွားချမ်းသာရမဲ့အဖြစ်ပါ ယနေ့ ဆို ပုဏားကျွန်း ကျောက်တော် ရသေ့တောင် ကားလမ်းကို ၂‌၄နာရီ လေကြောင်း နဲ့ အကုန် စိုးမိုးထားလိုက် တဲ့အတွင် သာမန် ခရီးသွားရော အေအေ ထောက်ပို့ လမ်းကြောင်းပါ ရပ်ဆိုင်းသွားပါ ပြီ ဒါဟာ အစပဲ ရှိသေးတယ် ရန်သူ မျိုး ၆ပါး အစမှာ တင် ရခိုင် တပြည်လုံးက အေအေထိန်းချုပ် နေရာ က ပြည်သူ အကုန် စစ်ဒဏ်ကို တိုက် ရိုက် သို့ သွယ်ဝိုက်ခံရပါတယ် အေအေ အပါ ရန်သူ မျိူး ၆ပါး တပြိုင်နက် ရင်ဆိုင်နေရတာပါ ‌အေအေ ကြောင့်စစ်ဒဏ် မခံရတာ အေအေ သိမ်းမရတဲ့ ကျောက်ဖြူ စိုက်တွေ မာန်အောင် နဲ့ ရမ်းဗြဲ ပဲ နဲ့ ပြည် နေ နဲ့ ပြည်ပရောက် ရခိုင် ပဲကျန်တယ် အချုပ် ပြောရရင် မောက်တိုတွေအတွက်က အချိန်တခု ပါပဲ အရင်စလို သိမ်းဖို့ ထက် သူပုန် အမြစ်ပြတ်ဖိို့က ဦးစားပေးပါ တပ်မ တွေ တတပ်ပြီး တတပ် ဝင်လာမယ် ပြန်နားမယ် တဗိုလ်ကျ လည်း ပိုဆိုးတဲ့ ကိုသာဆိူးတွေ အလှည့်ကျလာလိမ့်မယ် စစ်ကာလ ကြာမြင့်လာတာနဲ့အမျှ ရင်းမြစ် နဲ့ နည်းပညာသာသူက တဖြည်းဖြည်း အသာစီးရလာတာ သဘာဝပါပဲ အေအေသာ ဘယ်နှစ်လ တောင့်ခံ နိုင်မလဲဆိုတာပါပဲ ကျောက်ဖြူက မောက်တိုတွေက ၃နစ်တိတိ ခံစစ် နဲ့ နေခဲ့ သက်သေပြခဲ့ပြီးပြီခုက အေအေ အလှည့် မောက်တိုတွေဘာလုပ်လုပ် ပြည်သူ့မန်းဒိတ် ဆို ပြီး တရားဝင် ထောက်ခံမဲ့ လွတ်တော် ရှိနေ ပြီး အေအေ ကို အကြမ်းဖက် စစ်ဆင်ရေးဆို ပြီး ကြေငြာထားတာကိုက လုပ်ပိုင်ခွင့်အပြည့်အဝ ရအောင် ဖန်တီးပြီးမှ တန်ပြန်ထိူးစစ် စတဲ့ ချည်ပြီး တုပ်ပြီး အကွက် ဖြစ်တဲ့အတွက် ပါလိုက်စတိုင်း‌ တွေ လို ပဲ ဘယ်လို အော်အော် ဒီအကွက် ထဲက အသံ ကျော်ထွက် မလာပါဘူး ဆောင်ရန် ရှောင်ရန် ဒီအချိန် အေအေ လက်က ထွက်ပြေးဖို့မလွယ်တော့ပါဘူး မောက်တိုတွေရဲ့ ဝေဟင် စိုးမိုး နိုင်မှု နဲ့ ‌လေ ကြောင်းကင်းထောက်မှု နဲ့ ဖိုင်းယားပါဝါ ကြားမှာ အားလူံးဟာ ရှေ့တန်းဖြစ်နေတဲ့ အတွက် ပရိတ်ကြီးသာ နာနာရွတ် အေအေ နဲ့ ဝေးဝေးနေ စစ်ရှောင်တဲထဲ အေအေ ဝင်လာရင် တခြားနေရာ ထပ်ရှောင် အနည်းဆူံး ၃ကီလို မီတာလောက် အေအေ နဲ့ ဝေးတဲ့နေရာနေ အေအေ တံဆိပ် အလံ လက်ပတ် အကုန် ရှောင် လေတပ်က သူတို့ စကရင် က အေအိုင်မှာ အေအေ တံဆိပ် အလံ သေနတ် တွေ ‌အာပီဂျီတွေ ဒရုန်းတွေ ပေါ်လာတဲ့ နေရာ ကြဲမှာ ပြည်သူလား စစ်ရှောင်လား အေအေ လား ကျောင်းလား‌ ဆေးခန်း လား မေးနေမှာ မဟုတ် မုန်တိုင်းကြားကတကိုယ်တည်းတိုင်းပြည်
50
5
#ကုန်သွယ်မှုလိုငွေပြတယ် တဲ့ ။ အေးဆေးပါ ငါတို့အဘက ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်မယ် ပို့ကုန်ကုန်ကျစရိတ် လျှော့ချပေးမယ် နိုင်ငံခြားဈေးကွက်အသစ်တွေ ရှာဖွေပေးမယ် အခွင့်အရေးနဲ့ ငွေကြေးပံ့ပိုးမှု ပေးလိမ့်မယ် 😊 အဲ သွင်းကုန်တွေ ပိတ်လိုက်တယ် တဲ့ ။ ဆေးဝါးနဲ့ စားသုံးဆီတောင် မချန်ဘူးတဲ့ ။ #ရထားနဲ့ကား_တိုက်လို့ တဲ့ ။ အေးဆေးပါ ငါတို့အဘက အလိုအလျောက် barrier/gate + မီး/အသံ အချက်ပေးစနစ် တပ်ဆင်မယ် မီးရထားလမ်းနဲ့ ကားလမ်း ဆုံတဲ့နေရာတွေမှာ overpass/underpass တည်ဆောက်မယ် ယာဉ်မောင်းသူတွေကို စည်းကမ်းတင်းကြပ်ပြီး ပညာပေး ၊ ဒဏ်ကြေး ၊အရေးယူမှု ထိထိရောက်ရောက် လုပ်လိမ့်မယ် လွယ်လွယ်လေး 😊 အဲ ကားလမ်းကို အပြီးပိတ်ပစ်လိုက်တယ် တဲ့ ။ ကုန်ပစ္စည်းတွေ လူနဲ့ထမ်းပေရော့ တဲ့ ။ #စူပါအယ်လ်နီညို_အပူများမယ် တဲ့ ။ အေးဆေးပါ ငါတို့အဘက အိမ်တွင်း ပန်ကာ၊ အဲယားကွန်း၊ ရေခဲသေတ္တာတွေ အသုံးပြုနိုင်ဖို့ ရေတင်စက်နဲ့ အစားအစာသိုလှောင်ရေးစနစ်တွေ လည်ပတ်နိုင်ဖို့ ဖုန်း ၊ အင်တာနက် ၊ ဆေးရုံနှင့် အရေးပေါ်စနစ်တွေ မပြတ်တောက်စေဖို့ ဓာတ်အားပေးသင်္ဘောကြီးတွေ သဘာဝဓာတ်ငွေ့စက်ရုံကြီးတွေနဲ့ အရံလျှပ်စစ်မီးပေးစနစ်တွေ စီမံပေးလိမ့်မယ် ။ အဲ ၂ နာရီ လာ - ၆ နာရီ ပြတ် တဲ့ ။ မနက်ကတည်းကပြတ်တဲ့မီး ခုထိမလာဘူး တဲ့ ။ ဟီးးး ဒို့အဘရဲ့ ရွှေဉာဏ်ရှင် အကွက်တွေကို ဘဘုန်းလိုက်မမှီဘူး 😁 source:သိရိန္ဒ
50
6
စကားနားထောင်တဲ့တပည့်ကြီးအတွက် အစစ အရာရာကို Carry on ပေးနေပြီနော် တာကောကြီးက 😀 အခုကတည်းက အစစ အရာရာကိုစီမံပေးနေတာ နေရေး ထိုင်ရေးသာမက စီးပွားရေးလမ်းကြောင်းအတွက်ပါ Road map ချပေးနေတာ အထူးဒေသ (၁)ဆိုတာကိုမြင်ပြီးတဲ့နောက် အရင်ဆုံးလုပ်ရတာ မြန်မာငွေကနေ တရုတ်ငွေကိုပြောင်းရတာပဲတဲ့ 😀 တော်တော်တိုးတတ်လာပြီနော် မြန်မာပြည်ထဲ နိုင်ငံခြားငွေကိုစိတ်ကြိုက်သုံးစွဲနိုင်တော့လေ အရင်တုန်းကပြောခဲ့သလိုပေါ့ ကမ္ဘာကြီးကိုမြင်စေခဲ့တာက ခရိုင်းမီးယားဒေသထဲကရုရှားထောက်ခံသူလူမျိုးဆိုတဲ့အတိုင်း မြန်မာပြည်ထဲကတာကောထောက်ခံသူလူမျိုးဆိုတာကြီးကို ကမ္ဘာကြီးကမြင်သွားခဲ့ရင် ပလော်ပလန်တွေဖြစ်လာတော့မှာပေါ့ 😊 မတက်နိုင်ဘူးလေ ဒီလမ်းကိုကိုယ်တိုင်လျှောက်ခဲ့ကြတာပဲဟာ 😌 source:မိုးတိမ်
82
7
ပေးပါဟုပြောရခြင်းသည် ကျက်သရေမရှိ၊ ပေးလိုက်ပါဟုပြောရခြင်းသာ ကျက်သရေရှိလှစွာ၏။ (ဆန်းထွန်း မန်းတက္ကသိုလ်) source:ဦးဣန္ဒဝံသ
79
8
ခင်ညွန်ကလည်းTvမင်းသား သွားလေရာသူ#မိဘလောက်ရှိသူတွေကလက်အုပ်ချီရှစ်ခိုးခံ၊သူ့ကိုဖမ်းတော့ငါ့ခင်ပွန်းကပြော တယ်၊သူ့ကိုအပြစ်ပေးဖို့ပြည်သူလူထုစီကအကြံ ပြုချက်သာတင်ပြခိုင်းရင်၊ငါကတော့သူ့လက်ထဲ့၊နှစ်ခွတူတခုထည့်ပေးပြီးမြန်မာတနိုင်ငံလုံးမှာသူ့အမိန်နဲ့တတ်ထားတဲ့ဆိုင်းဘုတ်ပြားတွေကို ခြေလျင်ရှောက်ခိုင်းသူတယောက်တည်းကိုပြန်ဖြုတ်ခိုင်းရမယ်၊ထောင်ထဲ့ထားစရာကိုမလိုဘူး ဒင်းအသက်ထွက်သွားစေ့ရမယ်၊တဲ့၊ဘယ်နယ် ဗျာ၊ငါတို့လည်းစစ်သားလုပ်ခဲ့တာပဲ့စစ်ဗိုလ်တချို့လည်းဘုရားတည်ကျောင်းဆောက်လုပ်ခဲ့တာပဲ့၊စစ်ယူနီဖောင်းဆိုတာတာဝန်ထမ်းချိန်မှာသာဝတ်ကြတာ၊သူတို့လက်ထက်ကျမှဘုရားပေါ်စစ်ယူနီဖောင်းပေါ်မှာပိတ်ဖြူပတ်ပြီး၊ခါးမှာ ခရမ်းသီးထိုးထားသေး၊မယုံကြည့်နေ၊ခွေးကျကျလိမ့်မယ်တဲ့လေ၊ source:Nu Nu Tin
77
9
အတည် မပြုနိုင်တဲ့ ကောလဟာလ သတင်းတွေလည်း အများကြီးပါဘဲ ကျနော်နဲ့ ပတ်သတ်ဖူးတဲ့ ကက လှမ်း အသိုင်းအဝိုင်းက ဦးခင်ညွှန့်သည် ရန်ကုန်လေဆိပ် ရောက်ရင် သူ့ကို ဝိုင်းဖမ်းတော့မယ့် သတင်းကို ကြိုသိသွားပြီး လေယာဥ်မှူးကို ယိုးဒယား ကို ပျံသန်းဖို့ အမိန့်ပေးပေမယ့် လေယာဥ်မှူးကြီးက လေယာဥ်ဆီ မလောက်တော့တဲ့အကြောင်း တင်ပြတဲ့အခါ သူ ဘာမှ မတတ်နိုင်တော့ဘဲ စိတ်လျှော့လိုက်ရတယ် ပြောပါတယ် တခြား မြန်မာ့လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ သတင်းတွေကလည်း ဒီအချက် မှန်ကန်ကြောင်း ကြားသိရပါတယ် ဒီအချက်က မှန်ကောင်းမှန်နိုင်တယ်လို့ ကျနော်တော့ ယူဆတယ် အတည်တော့ မပြုနိုင်ဘူးပေါ့ source:Thet Soe Khaing
77
10
အဘ ဉီးခင်ညွန့် အင်မတန်တော်ပါတယ် သူ့ကိုယ်ကျိူးစီးပွါးကိုဉပက္ခါပြုပီအာဏာနဲ့လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားတာပါ။သူ့ရဲ့ပထမဆုံးအမှားက ၁။ ပညာမတက်၆တန်မအောင်တဲ့ရဲဘော်တပ်ကြပ်တွေကို ပခုံးပေါ်ငွေရောင်ဗားတင်ပေးပီး တပ်မတော်ကအရာရှိမှန်သမျ လူမထင်အောင်ရိုင်းဆိုင်းခွင့်ပြုထားခြင်း၊ပီးတော့တပ်ရင်းတရင်းမှာထောက်လှမ်းရေက တပ်ကြပ်တယောက်ထဲ့ပီသူလျှိုလုပ်ထားပီး တပ်ရင်းမှူူမှအဲ့ဒီတပ်ကြပ်ကို မျက်နှာသာပေးထားရခြင်၊အဲ့ဒီတပ်ကြပ်ကောင်တွေ လာရှိုးမှာအရာရှိငယ်တွေ စက်ဘီးဆီးနေရချိန် ဒင်တို့က Super roof ၅က၂စီဝယ်ပီးရန်ကုန်မှာထ/လသင်တန်လက်တက်ရင်းဝယ်စီးသုံးဖြုန်ခဲ့ကြတယ်ကိုယ်တိုင်မြင်တွေခဲ့ရတယ်ပညာက၆တန်းတောင်မအောင်ဘူး ဒီလိုပညာမဲ့တွေကဖိနပ်ဆိုင်မှာတောင်ထောက်လှန်းကဒ်ပြပီးဖိနပ်အလကားစီခဲ့ကြတာပါ။အဲ့လိုသူခိုးဂျပိုးတွေကို နေရာပေးခဲ့လို့အဘခင်ညွန့်ဘဝပျက်ခဲ့ရတာပါ။ထောက်လှန်းရေးတခုလုံးပျက်သုန်းသွားအောင်လုပ်တဲ့တရာခံက ရှမ်းမြောက်၁၀၅မိုင်မှာထိုင်တဲ့ သူတောင်းဇား တပ်ကြပ် ဇော်မင်း (ငွေရောင်၂ဗားတင်)ကြောင့်ပါတပ်စစ်သွားတဲ့ဗိုလ်ချုပ်ကို ကာပေါ်ကဆင်းခိုင်းပီးလမ်းဆင်းလျှောက်ခိုင်တာပါ။အဲ့တပ်ကြပ်ကိုဖမ်းမိတော့သူလက်ထဲမှာ Usဒေါ်လာတွေနဲ့အတူသူ့အိမ်မှာပိုက်ဆံတွေဆာလာအိတ်နဲ့ရှာဖွေဖမ်းဆီးမိတာပါ but အရာရှိတွေကပညာတတ်တော့စကားပြောကအစ ညက်တယ်လူတိုင်းအပေါ်ဖေါ်ရွေတယ်ကူညီတယ် အဘသာ အရည်ချင်ရှိပီးပညာတတ်တွေကိုရွေးချယ်ခဲ့မယ်ဆိုရင်နဲ့တပ်မတော်တခုလုံးအပေါ် မစုံစမ်းခဲ့ဘူးဆိုရင် ရာထားအာဏာတည်မြဲးခဲ့မှာပါ။ပထမ အမှားက#တပည့် ၊ ဒုတိယအမှားက #လိုအပ်သည်ထက်ပိုပီး သူတပါးရဲ့အကြောင်းကိုစုံစမ်းထောက်လှမ်းမိခြင်းပါ။ source:Nay Wonn Ni Nu
84
11
အဓိကကမိန်းမကြောက်ရတာဘဲ မိန်းမအလုပ်ထဲပါလာရင်သား/သမီးအတွက်ဆွေမျိုးအတွက် တဝမ်းကွဲအတွက်တူသားနောင်မယ်အတွက်နဲ့လုပ်ပိုင်ခွင့်တွေဝင်ယူရော ပထမလူကယူရင်ဒုတိယလူ/တတိယ /စတုတ္တအဆင့်အောက်ခြေအဆင့်ပါပျက်ရော မြန်မာပြည်မိန်းမမကြောက်တဲ့လူအုပ်ချုပ်မှကောင်းလာမာ source:Bagan Ko San Oo
72
12
ဒုက္ခ "မဟုတ်တာလုပ်ပြီဆိုလဲ အသေးအမွှားတော့မလုပ်နဲ့ ခပ်ကြီးကြီးဘဲလုပ် အဖမ်းအဆီးလွတ်တယ်"ဆိုတာမျိုးဖြစ်နေပြီ.. ချင်းမိုင်တဝိုက်မှာဖမ်းပြီဆီးပြီဟေ့ဆိုရင် ဘာမဟုတ်တဲ့နေ့စားအလုပ်သမား အလုပ်သမလေးတွေချည်းဘဲ.. ကျားဖြန့်တွေ မူးယစ်ဆေး/လက်နက်မှောင်ခိုတွေ တရားမဝင်အိမ်မြေပွဲစားတွေ ပွထနေတာကို ဖမ်းတယ်ဆိုတာမျိုးကတော့မေ့လောက်မှတခါတလေ.. ဗမာ/ရှမ်း/ပအိုဝ်တွေအနေများတဲ့ ချင်းမိုင် စန်စိုင်မြို့နယ်ထဲမှာ တနေ့က လဝကနဲ့ရဲတွေအထူးစစ်ဆင်ရေးလုပ်တော့ ဖမ်းမိတာက လမ်းဘေးခေါက်ဆွဲဆိုင် ဆိုင်အကူမြန်မာနိုင်ငံသူအမျိုးသမီးလေးတယောက်.. ထိုင်းဘတ်(အလုပ်လုပ်ခွင့်ကဒ်)ထဲမှာ အလုပ်ကြမ်းလုပ်သူအဖြစ်စာရင်းပေါက်ပေမဲ့ တကယ်တမ်းကတော့ခေါက်ဆွဲဆိုင်မှာလုပ်နေလို့တဲ့..😵‍💫 အဲဒီဆိုင်မှာလုပ်နေတာ ၃ နှစ်ကျော်ပြီ တနေ့ကို ဘတ် ၄၀၀ လောက်ရသတဲ့.. သူရော သူ့ကိုအလုပ်ပေးထားတဲ့ဆိုင်ရှင်ကိုပါဖမ်းပြီးတရားစွဲထားတယ်.. ထိုင်းရောက်မြန်မာတွေရဲ့ဒုက္ခတွေကမသေးလှဘူး😢 မြန်မာပြည်ကဒုက္ခတွေထက်စာရင်"တော်သေးတယ်"ထင်နေကြတော့လဲ "ထွက်လာနေကြဆဲတသဲသဲ".. စကားမစပ်.. သံရုံးအကျင့်ပျက်ဝန်ထမ်းတွေ မြန်မာ/ထိုင်းအလုပ်သမားအေဂျင်စီပွဲစားတွေပေါင်းရိုက်ပြီး CI ကဒ်ပြားဂွင်ဖန်ငွေရှာနေကြတာကလဲ ကျော်မကောင်းကြားမကောင်း.. တနေ့မှ ဘတ် ၄၀၀ လောက်ဝင်ငွေရှိတဲ့တရားမဝင်ပြည်ပထွက်ခွါအလုပ်သမားလေးတွေဆီက (ဝန်ဆောင်ခ/ပွဲစားခဆိုပြီး)ပျှမ်းမျှဘတ် ၆ ထောင် တသောင်းလောက်ရိတ်နေကြသတဲ့.. "တကယ့်အပူစာတွေ".. အပူစာတွေဆိုတာအရမ်းကြီးမစားကောင်းဘူးဗျို့ သတိထားကြ.. ပြီးခဲ့တဲ့အပါတ်တွေကတော့ ပြည်ပရောက်မြန်မာအလုပ်သမားအရေး အများဆုံးလုပ်ပေးနေရတဲ့ ထိုင်း မလေးရှား စင်္ကာပူ ကသံရုံးတွေမှာစစ်တာဆေးတာတွေလုပ်ပြီး အရေးယူတာတွေ အပြောင်းအရွှေ့တွေရှိခဲ့တယ်တော့ကြားရတယ်.. ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာ CDM တွေနဲ့ NUG ထဲကတချို့လူတွေတောင် ပွဲစားတွေကနေတဆင့် CI (နေထိုင်ခွင့်အသိအမှတ်ပြုကဒ်)တွေထုတ်ယူထားကြတယ်ဆိုဘဲ.. ဒါ့ကြောင့်ပွဲစားခတွေစျေးတက်ကုန်တာ.. သာမာန်ထိုင်းရောက်အလုပ်သမားလေးတွေကတော့ခံပြီးရင်းခံရ.. ဒုက္ခ... သန်းလွင်ထွန်း ၂ အောက်တိုဘာ ၂၀၂၆
99
13
၉၀ ခုလွန်နှစ်တွေ ကျောက်မြောင်း တောင်ညွန့်မှာ သဲဟာရှင်တို့ နံမည်ကြီးချိန် ကျနော် ဦးလေးရင်း က ကန်ထရိုက်တစ်ယောက်ရဲ့ဖားလုပ်ပြီး တိုက်ဆောက် အခန်းကြိုပွိင့်ရောင်း လုပ်ကြတယ် နောက်ဆုံးတော့ ဦးလေးလည်းသူပိုင်ငွေတွေ ကုန်တော့ သူ့ခေါင်းခံပြီး ငွေဆွဲ ခန်းရောင်း လုပ် ရှင်းမရချိန်သူတို့နှစ်ယောက် အင်းစိန်ရောက် တန်ပါတယ် လိန်ထားကြတဲ့ငွေတွေနဲ့စာရင် ထောင်ဒဏ်က နဲပါတယ် အာရကေရွှင်ရင် အထဲမှာ အစားအသောက် အနင်းအနှိပ် ကအစ ထိုခေတ် ဖိုးတွန်တိ ဖိုးအိုစစ်တွေ များပေမဲ့ မြေရှင်တွေကတော့ လွတ်အောင်နေကြသလို နောက်ဆုံးကန်ထရိုက်လစ်သွားရင်လည်း မြေရှင်နဲ့ ကြိုပွိင့် သမားတွေ ဝိုင်းစိုက် အပြီး ဖြက်ကြတာတွေရှိပါတယ် မြေရှင်ကလည်း မဖြက်လို့ မဖြစ်ဘူးလေ သူ့သားစဥ်မြေးဆက် ရှင်းမရတဲ့ အမူတန်းလန်းမထားခဲ့ခြင်လို့ သူပါရောဘုံပျောက်မှာကိုး ထား ခု စင်ထရယ်က ပိုရက်စက်သလို ရိုက်ချက်က ပြင်းလွန်းပါတယ် မြေပိုင်ရှင်ဆိုတာမရှိဘူး အစိုးရမြေကို နှစ်အကန့်အသတ်နဲ့အငှားယူတာ ခုကို ၁၅ နှစ်လောက် ကုန်သွားပြီ အချိန်စေ့ရင် ဂိမ်းအိုဗာ အမူလုပ်လည်း အိုကေ ကန်ထရိုက်ကရုံးချိန်းလေးတက်ပေး နောက် တောရဆောက် အနင်းအနှိပ်လေးခံ ဒါဘဲ ပြောချင်တာလာပြီ အစိုးရမြေကို ငှားပြီး ရိုက်စားလုပ်တာဖြစ်လို့ မုဆိုးတစ်ယောက်ထဲကွက်ဒဏ်ပေးလို့ မသင့် စငှားရန်းခွင့်ပြုခဲ့သည့် ကြံအစိုးရ သက်တန်းတစ်လျှောက်လုံးဆက်ခံပြီး ဘာကြပ်မတ်စစ်ဆေးမူမှ မလုပ်ခဲ့သည့် ငှက် အစိုးရတွေလည်း တာဝန်ရှိ အလိုတူအလိုပါ အစိုးရမြေပေါ်က လေထဲအခန်းတွေ ကြိုပွိုင့်နဲ့ ရိုက်သွားတာ နံမည်ကြီးမင်းသားမင်းသမီးကြော် ငြာတွေလည်းပါတာ အစိုးရ မသ်ိဘူးလုပ်မရ နောက်ဆုံးကြော်ငြာနဲ့ဝင်လုပ်တဲ့ မင်းသား မင်းသမီးတွေကိုလည်း အမူထဲ ထည့်ရပါမည် အစိုးရနှစ်ဆက်လုံးနဲ့ မင်းသားမင်းသမီးတွေ ကုန်မဏီ ဝန်ထမ်းတွေ အားလုံး အင်းစိန် ။ source:Phone Nyint Aung
77
14
AYA က မန်နေဂျာ အုပ်ချုပ်မှုအဖွဲ့ အကုန် KMT ဩဇာခံ တွေကြီးပဲ။ U20 အသင်းမှာ သူ့အဖေ ဦးကျော်တင့်ကို နည်းစနစ်အကြံပေး ဆိုပြီး လစာပေး ပြန်ခန့်ထားတယ်။ U20 အသင်းဆို Camp မှာ ဖျာ/စောင်/ခေါင်အုံး/အိပ်ယာခင်း တခုမှမပေးဘူး။ သူနဲ့သူ့မိန်းမ က ပြန်ရောင်းတယ်၊ တခါမှ မကြားဖူးဘူး၊ လုပ်ကွက်တွေကြီးပဲ။ KMT က မနှစ်က တစ်နှစ်ထဲမှာပဲ AYA က ရနေ သိန်းရာချီ အမြတ်ထုတ်သွားတယ်၊ ပိုပြီး အမြတ်ထုတ်လိုက်တာ က KMT က AYA ဆိုတဲ့ ကလပ်အသင်းပုံရိပ် ကို သုံးပြီး လူငယ်တွေကို ဆွဲဆောင်ပြီး ကိုယ်ပိုင်ဘောလုံးသင်တန်းဖွင့်လိုက်တာပါ။ ကလေးနဲ့မိဘတွေကို AYA အသင်းကို ပို့ပေးမယ်၊ အခွင့်အရေးရှိတယ် ဘာညာနဲ့ ဆွဲဆောင်တယ်၊ တလကို 100k (1 သိန်း) ယူတယ် သင်တန်းသား ရာကျော်ရှိတယ်၊ အခုအဲ့ကနေ အဖွဲ့ချုပ်က U15 league ပြိုင်ပွဲကို BH5 နာမည်နဲ့ ဝင်ပြိုင်လိုက်တာပါ။ အဲ့မှာ ဂွင်အကြီးကြီးတွေ ရပါတယ်။ ကစားသမားတွေက အကျီ ဂျာစီဖိုးက အစ အကုန်ပေးရတယ်၊ သူက လူခေါ်ကန်တယ်၊ ရှမ်းပြည် ညောင်ရွှေက ကောင်တွေ ခေါ်ကန်တယ်၊ အဲ့ကလေးတွေကို လည်း AYA အဆောင်မှာပဲ ထားတယ်၊ U15 ခြေစစ်ပွဲတုန်းက လက်ဖက်ထမင်းနဲ့ ကြက်ဥကြော် ဒါနဲ့ပဲ ကျွေးနေတာဖြစ်တယ်၊ U15 ခြေစစ်ပွဲမှာ KMT က MFF က ခု ပြိုင်ပွဲရေးပရေးတာဝန်ခံပေးထားတဲ့ ရဲဝင်းထွန်း နဲ့ ပေါင်းပြီး အသက်တွေလိမ်ပြီး ကစားသွားတယ်။ အဆိုးဆုံးက အုပ်စုနောက်ဆုံးပွဲမှာ PharSiMyay နဲ့ အရှုံးကစားပေးဖို့အတွက် ငွေယူလက်ခံပြီး အရံတွေ ထည့်ကစားပြီး 1-0 အရှုံးပေးလိုက်တာပါ။ အဲ့အသင်းမှာ နည်းပြတွေ အကုန်က AYA က လူတွေကြီးပဲ။ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ နှစ်သင်းခွလုပ်လို့မရပေမဲ့ ခင်မောင်ထွန်း က Mff ကို ပေါင်းပီး လုပ်နေတာဖြစ်ပါတယ်။ နောက်တစ်ခုက အဲ့ အသင်းမှာ သင်တန်းသားကလေးတွေထည့်ပြီး လစဉ်လစာတောင်းပြီး ကန်ခိုင်းနေတာပါ။ ခု ဒုတိယအကျော့မှာ YUFC U-15 ကို ပြောင်းသွားတဲ့ ကလေးလေးတစ်ယောက်ဆိုရင် သူ့အကြောင်းတွေပြောလို့ဆိုပီး line up out တယ်။ ခုအသင်းပြောင်းမယ်ဆိုတော့ 10သိန်းတောင်းတယ်၊ မပေးရင်ပေးမပြောင်းဘူးတဲ့။ နောက်ဆုံး ကလေးမိဘ က 10သိန်း ပေးလိုက်ရတယ်၊ လစဉ် သူတို့ကို လစာပေးနေတဲ့ ကလေးဆီက အသင်းပြောင်းရင် ပိုက်ဆံပေးဆိုပြီး မတရားတောင်းတာ စဉ်းစားကြည့်ပါ။ အဖွဲ့ချုပ်မှာ ကပ်ဖားပြီး ပြိုင်ပွဲကျင်းပရေး မှာ နေရာရနေတဲ့ ရဲဝင်းထွန်းဆိုတဲ့ ကောင်က အပေးယူလုပ်နေတာ တွေ အများကြီးပဲ၊ နာမည်တောင် ခင်မောင်ထွန်းလား အောင်ဟိန်းလတ်လား သေချာမသိ နှစ်ခုခွသုံးနေတာ ဘောလုံးလောက ရဲ့ ချဉ်ဖက်ပါပဲ။ ဒီပုတ်ထဲက ဒီပဲပါပဲ။ U15 League အကြောင်းနောက်တပို့စ်မှထပ်ရေးပါမယ်။ #MultiSportsInfoMyanmar
62
15
ဖြစ်ချင်တိုင်းဖြစ်နေတဲ့မြန်မာဘောလုံးလောက ရတနာပုံဘောလုံးအသင်းရဲ့ လီးဂျန့်ကြီးတယောက်အကြောင်းပါ။ မျိုးလှိုင်ဝင်းလုပ်ပွဲညှိကစားတုန်းက သူပါပါခဲ့ပါသေးတယ်။ အသံဖိုင်ကို page မှာတင်ပေးထားပြီးသားပါ။ Ayeyarwaddy United အသင်း GM ခင်မောင်ထွန်း (ယခင် ရတနာပုံ အသင်းခေါင်းဆောင်ဟောင်း) ဆိုတဲ့ ဘဲကြီးက Facebook နဲ့ TikTok မှာ တင်နေတာတွေ လူတွေနဲ့စကားပြောတဲ့အချိန်တွေမှာ စကားပြောအရမ်းကောင်းပါတယ်။ တော်ကီညက်တယ်။ မသိရင် သူဟာ မြန်မာ့ဘောလုံးလောကကြီးတိုးတက်ဖို့ လူငယ်တွေ အတွက် တကယ်အလုပ်လုပ်နေတဲ့ ပုံစံမျိုးတွေနဲ့ ကလေးတွေကို ပံ့ပိုးမှုကောင်းကောင်းတွေပေးပြီး ထောက်ပံ့ပေးနေတဲ့ သူတစ်ယောက်လို့ ထင်အောင်နေထိုင်နေတဲ့သူပါ။ သူဘယ်လောက် ကလိမ်ကကျစ် ကြလဲ ဆိုရင် ရတနာပုံဘောလုံးအသင်းက သူတို့လီဂျန်းကြီး “ခင်မောင်ထွန်း” ဆိုရင် အရိပ်တောင် ပေးမနင်းပါဘူး။ သူ Shan United မှာ ခဏလုပ်လိုက်သေးတယ်၊ ခိုးလို့မရဘူး ချယ်လှယ်လို့မရလို့ စောက်လုပ်မလုပ်ပဲ ထိုင်နေလို့မရဘူး။ ကစားသမားတွေဆီက လစာတွေ အများကြီး ဖြောင်လို့မရဘူး၊ ပြီးတော့ အထုတ်ခံလိုက်ရတယ်။ AYA ကို သူရောက်လာတယ်၊ နည်းပြချုပ်တွေ တော်တော်များများက သူနဲ့ဆို တနပ်စားပဲ။ သူ AYA မှာ ဘောလုံးသမားတွေအပေါ် ဘယ်လောက်ထိ ဂုတ်သွေးစုတ်နေလဲ ဆိုရင် ပင်ပင်ပန်းပန်းtraining လုပ်ရတဲ့ ဘောလုံးသမားတွေ အတွက် Nutrition လိုတယ်၊ AYA အကြီးအသင်း မှာ လူတစ်ယောက်ကို တနေ့ 6000/- နှုန်းနဲ့ ကျွေးပါတယ်။ 6000 နဲ့ ဘာစားလို့ရမလဲ။ မနှစ်က U21 ထမင်းတခါပြင် ထပ်ယူလို့မရဘူး၊ ဟင်းက ဘဲဥတစ်ခြမ်းနဲ့ ကျွေးတယ်၊ Complain လုပ်တော့ ဘဲဥ ၁လုံး ဆိုပီးဖြစ်သွားတယ်။ M 1 အကြီးသင်းမှာ ဟင်းမလောက် ထမင်းမလောက်နဲ့ ကျွေးတယ်။ အသားတုန်းအသေးလေး ၂တုန်းနဲ့ ကျွေးတယ်။ ထမင်းဖိုးစရိတ်တွေကို ဖြောင်တယ်၊ အဲ့မှာ ထမင်းချက်ဖို့ စားဖိုဆောင်ကို ခေါ်ထားတဲ့သူက သူအခု လုပ်နေတဲ့ သင်တန်းက သင်တန်းသားရဲ့ မိဘ ကို ခိုင်းထားတယ်။ အဲ့မှာ ချက်တဲ့ မိန်းမ ကလည်း ခိုးတယ်၊ ခင်မောင်ထွန်းက လည်း သူနဲ့ လုပ်လို့ရမဲ့သူကို ထည့်ထားတာဖြစ်တယ်။ အရင်နည်းပြတုန်းက ထမင်းဖိုးတွေ ခိုးတဲ့ ကိစ္စကို သိလို့ အဲ့ ထမင်းချက်ကို ထုတ်လိုက်တယ်။ ခု နောက်နည်းပြသစ် ရောက်လာတော့ အဲ့ ထမင်းချက်ကို ပြန်ခေါ်ထားတယ်။ သူလိုင်းပေါ်တင်ထားရင်တော့ ဘောလုံးသမားတွေကို တိုးတက်စေချင်ရင် ဟိုလိုကျွေးရတယ်၊ ဒီလိုကျွေးရတယ်၊ ကျနော် ကတော့ ဒီလိုပဲ ကျွေးတယ်ဘာညာနဲ့ ရေးထားပြီး လူမြင်ကောင်းအောင်လုပ်နေတာ။ AYA မှာ ပြီးခဲ့တဲ့ ရာသီ YUFC နဲ့ သရေကျတဲ့ပွဲအတွက် ဆုကြေးတွေကို တပြားတချပ်မှ မပေးဘဲ သူပဲဘုန်းလိုက်ပါတယ်။ ကစားသမားတွေ လစာကိုလည်း ဖြတ်စားလာဘ်စား ထားတယ်၊ စီနီယာကစားသမားတွေ လက်ရွေးစင်အဆင့် ကစားသမားတွေကိုတောင် 7သိန်းပဲ အများဆုံးပေးပါတယ်။ လူခေါ်ယူပေးတယ်ဆိုတာ မရှိဘူး။ အငယ်သင်းက ကစားသမားတွေ ဘယ်သူမှ မခေါ်တော့တဲ့ ကစားသမားတွေနဲ့ ကစားခိုင်းတယ်။ အဲ့တာမှ သူ့ကို မလှန်နိုင်မှာ လေ။ သူဘယ်လောက်ထိ ဂုတ်သွေးစုပ်နေလဲ ဆိုတာ AYA ကို တခါရောက်ဖူးတဲ့ လူတိုင်း သိတယ်။ မေးကြည့်နိုင်ပါတယ်၊ တလ နေလို့ ထရိန်နင်ကွင်းကို တခါမလာဘူး၊ AYA က ကစားသမားတစ်ယောက် ဒဏ်ရာရတော့ စာချုပ်သက်တမ်းကျန်နေပါရက်နဲ့ မကုပေးတဲ့အပြင် စာချုပ်ဖျက်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်။ ဒါ League 1 အဆင့်နော်။ ဖြစ်ချင်တိုင်းဖြစ် လုပ်ချင်တာလုပ်ပြီးတော့ ဒီနှစ်ရာသီဆိုလည်း ပြိုင်ပွဲနီးမှ ထရိန်နင် စတယ်။ မြန်မာပြည်ရဲ့ အမြင့်ဆုံး M1 ပြိုင်ပွဲဝင် အသင်းက ထမင်းစရိတ် နဲ့ ကစားသမား လစာတွေ အစောကြီး မပေးချင်လို့ တဲ့၊ Camp ပြန်မခေါ်ပါဘူး။ ပြိုင်ပွဲရှိတဲ့ကာလပဲ လစာရတာ Pro League လားဗျာ၊ သူတို့ပါးစပ်က ကြီးကြီးကျယ်ကျယ် တွေပြောနေတာ ကစားသမားတွေ နယ်ပွဲတွေပဲ ကန်နေကြတော့တာ ပြသနာ မဟုတ်တော့ပါဘူး။ နည်းပြချုပ်ကို အသင်းပြောင်းလို့ လျော်ကြေးတောင်းတယ်၊ လျော်ကြေးစာချုပ် လက်မှတ်ထိုးတော့ နည်းပြဖြစ်သူကိုပဲ ထိုးခိုင်းပြီး ဓာတ်ပုံရိုက်ခွင့်တောင် မပေးဘဲ ရပြီ ထားလိုက်ပါဆိုပြီး KMT က သူ့အိတ်ထဲ ထည့်သွားတယ်။
73
16
သည်ထက်ကောင်းတဲ့ ဖြစ်ရပ်မှန် အက်ရှင်ဇတ်ကြမ်း ဇတ်လမ်းကောင်းတွေ ရက်ပေါင်းတစ်ရာလောက် တစ်နေ့တစ်ပုဒ်ရေးပြချင်ပါတယ် ပြသနာမတက်ရင်ပေါ့ ယနေ့ညရေးပြမည့် ဇတ်လမ်းသည်လည်း မြန်မာနိုင်ငံရဲ့အကောင်း ဆုံးဇတ်လမ်းထဲကတစ်ခုပါ သည်ဇတ်လမ်းကို ၄ကြိမ်မြောက်ပြန်လည် ရေးသားတင်ဆက်ခြင်း ဖြစ်ပါတယ် ဇတ်လမ်းအစ ၂၀၁၉ခုနှစ် ကျွန်တော်ဘီဝမ်းနေအိမ် မှာရှိနေစဥ် လူတစ်ယောက် ဖုန်းဆက်လာတယ် မြဝတီမြို့ အမှတ်၂အောက်ဂျိုင့်မှာ ပြသနာတစ်ခုတက်နေကြောင်း ကြားသိရလို့ ကျွန်တော်ဘီဝမ်းသွားရောက် ခဲ့တယ် ပြသနာအစကသည်လိုပါ မြဝတီမြို့ ပတ္တမြားဆီဆိုင် အနောက်ဖက်ခြမ်း ဂိမ်းရုံမှာ အမျိုးသမီးတစ်ယောက် နေ့ချင်းပြန်ဂိမ်း စက်ကိုင်လုပ်တယ် တစ်နေ့ ထိုအမျိူးသမီး ကျန်းမာရေးမကောင်းသော ကြောင့် မြဝတီမြို့သို့ အလည်ရောက်ရှိလာသော ၁၅နှစ်သမီးလေးကို မိခင်ကိုယ်စား ဂိမ်းရုံမှာ အလုပ်သွင်းပေးလိုက်တယ် ထိုသို့ မ၁၅နှစ် အလုပ်လုပ်ကိုင်စဥ် မြန်မာစကားမပြောတတ်သော တရုတ်သူဌေးမှ မ၁၅နှစ်ကိုမြင်မြင်ချင်း သဘောကျတာကြောင့် သူဌေးမှ စကားပြန်အား မ၁၅နှစ်နဲ့တစ်ညအိပ်ချင် ကြောင်း ပြောဆိုပြောအခါ စကားပြန်မှ သူဌေးထံကနေ ငွေကျပ်သိန်း၂၀ရယူခဲ့ပြီးနောက် ထိုနေ့မှာပင်ကျန်အလုပ်သမား တွေကို လူကြီးလမ်းကြောင်း ရှိကြောင်းပြောဆိုကာ အလုပ်နားစေခဲ့တယ် ထိုနေ့တွင် စကားပြန်မှ မ၁၅နှစ်ကို အိမ်ပြန်လိုက်မပို့ သေးပဲ ည၁၁နာရီထိုးထိ အကြောင်းအမျိိုးမျိုးပြ အချိန်ဆွဲခဲ့တယ် ည၁၁နာရီခွဲသောအခါ စကားပြန်မှ မ၁၅နှစ်ကို သမီးဆိုင်ကယ်ပေါ်တက် သူဌေးက သူ့အိမ်လမ်းကြုံ လိုက်ချင်ကြောင်းပြောဆိုလို့ စကားပြန်မှအရှေ့ကမောင်း သူဌေးကအလည်နေ မ၁၅နှစ်က အနောက်က လိုက်စီးခဲ့တယ် ဘုရင့်နောင်စျေးမီးပှိုင့်နား အရောက်တွင် စကားပြန်မှ ဆိုင်ကယ်ဆီကုန်သွားလို့ သမီး သူဌေးအိမ်ခဏလိုက် သွားဟုပြောဆိုထွက်သွားခဲ့တယ် မ၁၅နှစ်မှာဟိုတယ်ကို သူဌေးအိမ်ထင်ပြီးလိုက်ဝင် သွားမိရာမှ နံနက်မိုးလင်းသည်ထိ မ၁၅နှစ်ကိုတစ်ရေးမှ မှမပေးအိပ်ပဲ သားမယား ၆ကြိမ်ပြုကျင့်ခဲ့တယ် နောက်တစ်နေ့နံနက် ၁၀နာရီထိုးသောအခါ စကားပြန်မှ သူဌေးနဲ့မ၁၅ နှစ်ကိုပြန်ပို့စဥ် စကားပြန်မှ မ၁၅နှစ်မိခင်အား ပြောဆိုရှင်းပြရာတွင် ညကနင့်သမီးကို သဌေးက ခေါ်အိပ်လိုက်မိတယ် တရုတ်ပြည်မှာသူ့မယားရှိသော်လည်း သူမြဝတီမြို့မှာ နေနေသ၍ သူနင့်သမီးကို အပျော်ပေါင်းသင်းချင်ကြောင်း နောက်နောင်ငွေကိုလည်း လိုသလောက်ထောက်ပ ပေးမှာဖြစ်ကြောင်း ညက သူဌေးသိန်း၂၀ တစ်ညအိပ်ခပေးကြောင်း ငါကတော့ပွဲစားခ၁၀သိန်း ယူထားလိုက်ကြောင်း စကားပြန်မှပြောဆိုချိန် အရက်သမားတစ်ယောက်မှ ဟိတ်ကောင် စကားပြန် မင်းသမီးငါနဲ့တစ်ညပေးအိပ် ငါ၁၀သိန်းပေးမယ်ဟုပြော စကားကြောင့် ရန်ဖြစ်စကား များချိန် ကျွန်တော်ဘီဝမ်း ရောက်ရှိသွားသဖြင့် ရဲစခန်းသို့တန်းခေါ်သွားကာ အမှူဖွင့်ခဲ့တယ် ထိုသို့ အကာကွယ်ရှိ အင်အားကြီး တရုတ်သူဌေးအား ကျွန်တော်ဘီဝမ်း တစ်ယောက်ထဲ စွမ်းနိုင်ပါမလား စိုးရိမ်စိတ်ဝင်ကာ မြဝတီမြို့ရှိ နိုင်ငံရေးပါတီများ တက်ကြွလုပ်ရှားသူများ ရဟန်းသံယာတော်များထံ ကျွန်တော်ဘီဝမ်းနဲ့ပူးပေါင်း ပါဝင်ပေးကြပါရန် လိုက်လံအကူညီတောင်းသော် လည်း ပူးပေါင်းပေးမည့်သူ တစ်ယောက်မှ မထွက်ပေါ်လာ ခဲ့ဘူး အချိန်တန်ရင် ပြန်လွတ်သွားမှာပဲ ရောကြေးယူလျှင်သာ ညှိနှိုင်း ပူးပေါင်းပေး နိုင်ကြောင်းပြောဆိုကြတယ် ဒါ​​ကြောင့် ကျွန်တော်ဘီဝမ်း ရင်ထဲအတွေးတစ်ခုဝင်တယ် အင်ငါတို့လူမျိူးတွေ တစ်ယောက်မှလဲ ငါနဲ့မပူးပေါင်းပေးကြပါလား ငါတစ်ယောက်ထဲ နောက်ဆုတ်လိုက်လျှင် တစ်ဘဝလုံး အများအကျိုး အတွက်ငါလုပ်ဆောင်လာခဲ့ တာတွေ သည်တစ်ကြိမ် ငါအရှက်ကွဲလိုက်မယ် ဟုတွေးပြီး မ၁၅နှစ်အမှူပြီးဆုံးချိန်ထိ ရှေ့နေမဌားပေးတော့ပဲ ရုံးချိန်တိုင်းမှာ မ၁၅နှစ်ဖက် ကနေ အမှူပြီးဆုံးချိန်ထိ အမှူကိစ္စများ သွားလာစရိတ်များကို ကျွန်တော်ဘီဝမ်းအိပ်စိုက်လိုက်လံကူညီပေးလိုက်ရတယ် တရားလို မ၁၅နှစ်ဖက်မှ ခရိုင်ဥပဒေအရာရှိ လိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး တရားခံ၂ဦးဖက်မှလည်း ရှေ့နေဌားပါတယ် နောက်ဆုံး အမိန့်ချချိန် တရုတ်သူဌေးနှင့်စကားပြန်ပါ ၂ဦးစလုံးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃”၃၆၆”၃၇၆ တို့နဲ့ ထောင်ဒဏ်၃၂နှစ်စီ အမိန့်ချမှတ်ခဲ့တယ် ကျွန်တော်ဘီဝမ်းအနေနဲ့ တရားခံ၂ဦးစလုံးကို သည်လောက်ထိပြစ်ဒဏ် ချမှတ်လိုက်မယ်မထင်ထားဘူး ထိုစဥ်က အမိန့်ချမှတ်ပေးသော ခရိုင်တရားသူကြီးကိုလည်း ကျွန်တော်ဘီဝမ်း အထူးကျေး ဇူတင်မိပါတယ်။ ..ဘီဝမ်း
119
17
အလွန်အန္တရာယ်များသော အခြေအနေတခုတွင် ဒဏ်ရာရတပ်သား၏ ရိုင်ဖယ်သေနတ်ကိုပင် ယူဆောင်ကာ သူ၏တပ်သားများနှင့်အတူ အသက်နှင့်ကိုယ်ကို ပူးတွဲစွန့်စားခဲ့သည်။ ထို့ကြောင့် အမှတ် (၈) ခြေလျင်တပ်ရင်းမှ တပ်သားများသည် သူနှင့်အတူ စိတ်တူကိုယ်တူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိခဲ့ကြသည်။ နောက်ဆုံးတွင် တပ်ရင်းတရင်းလုံး အပြည့်အစုံနှင့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။ ထိုအတွက် လူန်ဝီရဝပ်ယိုထင်ကို ပျက်စီးဆုံးရှုံးလုနီးပါးဖြစ်ခဲ့သော အမှတ် (၈) ခြေလျင်တပ်ရင်းကို ကယ်တင်ပြီး နိုင်ငံအတွက် ပြန်လည်တိုက်ပွဲဝင်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့သူအဖြစ် ဆောင်းပါးက ဖော်ပြထားသည်။ နိဂုံး ရှမ်းပြည်နယ်ရှိ ဒွိုင်မိုင်း၊ ကျိုင်းတုံနှင့် လွယ်မြစ် စစ်မျက်နှာများတွင် အမှတ် (၃) တပ်မ၊ မြောက်ပိုင်းတပ်မတော်အောက်ရှိ အမှတ် (၈) ခြေလျင်တပ်ရင်း၏ စစ်ဆင်ရေးများက တပ်ရင်းမှူး ဗိုလ်မှူးကြီး လူန်ဝီရဝပ်ယိုထင်၏ စွမ်းဆောင်ရည်ကို ထင်ရှားစွာ ဖော်ပြခဲ့သည်ဟု ဆောင်းပါးက သုံးသပ်ထားသည်။ သူသည် အဆင့်အတန်းမခွဲခြားပဲ တပ်သားများနှင့်အတူ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သည်။ မိမိကိုယ်တိုင် နာမကျန်းဖြစ်နေသော်လည်း တာဝန်ကို မလျှော့ဘဲ အားထုတ်ခဲ့သည်။ အထူးသဖြင့် လက်အောက်ခံတပ်သားများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို အလေးထားခဲ့သည်။ ပန်ကော်ရွာတိုက်ပွဲတွင်ပင် ဒဏ်ရာရတပ်သားကို မစွန့်ပစ်ပဲ မိမိကိုယ်တိုင် မြေကြီးပေါ်တွင် တွားသွားကာ ထမ်းစင်ကို ဆွဲယူခဲ့သည်။ ထို့အပြင် အခြေအနေကို သေချာစွာ သုံးသပ်ဆုံးဖြတ်ပြီး အလျင်စလို မလုပ်ပဲ ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် အမှတ် (၈) ခြေလျင်တပ်ရင်းသည် ကျိုင်းတုံမြို့ကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သလို၊ တပ်ရင်းတရင်းလုံး ပျက်စီးဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည့် အန္တရာယ်ရှိသော အခြေအနေတွင်လည်း တပ်များကို ဘေးကင်းရာသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး စစ်မျက်နှာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် လူန်ဝီရဝပ်ယိုထင်သည် နောက်တန်းရှိ တပ်ရင်းတရင်း၏ တပ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ၁၉၄၄–၁၉၄၅ ခုနှစ်များတွင် အမှတ် (၇) တပ်မနှင့် အမှတ် (၁) တပ်မတို့၏ တပ်မမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး တချိန်တည်းတွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံခဲ့ရသည်။ ထိုကာလသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနှစ်နှစ်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဂျပန်တပ်မတော်တို့အကြား အတွင်းရေးအခြေအနေမှာ တင်းမာလာခဲ့သည်။ အထူးသဖြင့် ဘန်ကောက်မြို့ရှိ အမှတ် (၁) တပ်မ၏ တပ်မမှူးအဖြစ် တာဝန်ယူချိန်တွင် ထိုင်းလွတ်လပ်ရေးလှုပ်ရှားမှု (เสรีไทย – Seri Thai) နှင့် မဟာမိတ်တပ်များဘက်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ပွဲအဆုံးသတ်သည့်အထိ ပါဝင်ခဲ့သည်။ ထိုအကြောင်းအရာကို ဆောင်းပါးရေးသားသူက နောင်တွင် သီးခြားအပိုင်းတစ်ခုအဖြစ် ဆက်လက်ဖော်ပြမည်ဟု ဆိုထားပြီး၊ ဤဆောင်းပါးတွင်မူ မြောက်ပိုင်းတပ်မတော်၏ စစ်ဆင်ရေးများကို အဓိကထားဖော်ပြထားသည်။ ကိုးကားအချက်အလက်များ ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၊ အင်္ဂါနေ့တွင် ဝပ်ဆိုမနတ်ဝိဟာရရှိ ထိုင်းတပ်မတော် မီးသင်္ဂြိုဟ်ရာ၌ ကျင်းပခဲ့သော ဗိုလ်ချုပ် လူန်ဝီရဝပ်ယိုထင် (ဝီရဝပ် ဝီရဝပ်ယိုထင်) ၏ တော်ဝင်မီးသင်္ဂြိုဟ်အခမ်းအနား အမှတ်တရစာအုပ်။ “ထိုင်းနိုင်ငံ၏ မဟာအရှေ့အာရှစစ်ပွဲ စစ်ရေးသမိုင်း” — ထိုင်းတပ်မတော် စစ်ပညာဦးစီးဌာန၊ အမြင့်ဆုံးတပ်မတော်ဌာနချုပ်၊ ၁၉၉၇ ခုနှစ်။ source:Ye Myint Aungn
204
18
ဒဏ်ရာရတပ်သားများကို နောက်တွင်မထားခဲ့ပဲ အမှတ် (၈) ခြေလျင်တပ်ရင်းကို ကယ်တင်ခဲ့သူ လူန်ဝီရဝပ်ယိုထင်သည် ချင်းရိုင်းတွင် ဆေးကုသနေစဉ် မြောက်ပိုင်းတပ်မတော်က ကျိုင်းတုံနှင့် မိုင်းယောင်းတို့ကို သိမ်းပိုက်ပြီးနောက် ထိုဒေသများကို ပိုမိုလုံခြုံစေရန် စစ်မျက်နှာကို လွယ်မြစ်ကမ်းအထိ တိုးချဲ့ရန် စီစဉ်ခဲ့သည်။ အမှတ် (၃) တပ်မအနေဖြင့် သိမ်းပိုက်ထားရမည့် အရေးကြီးသောနေရာများထဲတွင် တာပင်း–မိုင်းမ ဒေသလည်း ပါဝင်ခဲ့သည်။ အစပိုင်းတွင် ဒွိုင်မိုင်း–ကျိုင်းတုံ စစ်ဆင်ရေးတွင် နောက်မှလိုက်ပါခဲ့သော အမှတ် (၇) ခြေလျင်တပ်ရင်းကို ရှေ့တန်းတပ်ဖွဲ့အဖြစ် အသုံးပြုခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့တွင် အမှတ် (၇) တပ်ရင်းသည် တာပင်းရွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ နောက်တနေ့တွင် ထိုင်းတပ်များ ရှေ့ဆက်တိုးစဉ် ရန်သူဘက်မှ ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထိုင်းတပ်များသည် မြစ်ကို ဖြတ်ကျော်၍ ပန်ကော်ရွာအထိ ရောက်ရှိလာခဲ့ရာ တရုတ်တပ်ဖွဲ့များက အမြောက်နှင့် လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်ပြီး အမှတ် (၂၁) ခြေလျင်တပ်ရင်းကို ဝိုင်းပတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး တပ်ရင်းမှူးပင် ကျဆုံးခဲ့သည်။ အမှတ် (၈) ခြေလျင်တပ်ရင်းသည် ပန်ကော်ရွာရှိ အခြေအနေကို ကယ်တင်ထိန်းချုပ်နိုင်ခဲ့ပြီး ယူနန်နယ်စပ်ရှိ မိုင်းမမြို့ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် မကြာမီ ရန်သူက ပန်ကော်ရွာကို ထပ်မံဝိုင်းပတ်တိုက်ခိုက်လာခဲ့သည်။ ထိုအချိန်တွင် ခြေထောက်ဒဏ်ရာ အပြည့်အဝ မကျက်သေးသော်လည်း မြောက်ပိုင်းတပ်မတော်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျာရွန်း ရတ်တနကွန် ဆေရီရိန်ရစ်၏ အမိန့်အရ လူန်ဝီရဝပ်ယိုထင်သည် အမှတ် (၈) ခြေလျင်တပ်ရင်း၏ ရှေ့တန်းသို့ ပြန်လာခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့တွင် ပန်ကော်ရွာအနီး စစ်မျက်နှာသို့ ရောက်ရှိခဲ့ပြီး စစ်ဆင်ရေးကို ကြီးကြပ်ခဲ့သည်။ ဒဏ်ရာရတပ်သားများကို သွားရောက်ကြည့်ရှုကာ စစ်သားများအား အားပေးနှစ်သိမ့်ခဲ့သည်။ ထိုအချိန်တွင် ရန်သူဘက်မှ အဆက်မပြတ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့သည်။ တကြိမ်တွင် ရန်သူက အပြင်းအထန် ပစ်ခတ်သဖြင့် တပ်သားများအားလုံး ခိုလှုံရာနေရာများသို့ ဝင်ရောက်ပုန်းခိုခဲ့ကြသည်။ ထိုအချိန်တွင် ဒဏ်ရာရတပ်သားတဦး၏ ထမ်းစင်ကို ကျည်ဆန်ကျရာနေရာအလယ်တွင် ချန်ထားခဲ့မိကြသည်။ ထိုအခါ လူန်ဝီရဝပ်ယိုထင်ကိုယ်တိုင် မြေကြီးပေါ်တွင် တွားသွားကာ ထိုဒဏ်ရာရတပ်သား၏ ထမ်းစင်ကို ဆွဲယူလာခဲ့သည်။ နောက်ဆုံးတွင် အခြားတပ်သားများလည်း ထွက်လာပြီး ထမ်းစင်ကို ဝိုင်းဝန်းကူညီသယ်ယူခဲ့ကြသည်။ ပန်ကော်ရွာမှ ဆုတ်ခွာခြင်း လက်နက်အင်အား၊ လူအင်အားနှင့် မြေပြင်အနေအထားတို့ကို သုံးသပ်ကြည့်လျှင် ထိုင်းတပ်ဖွဲ့များသည် အားနည်းသော အနေအထားတွင် ရှိနေခဲ့သည်။ ပန်ကော်ရွာသည် ချိုင့်ဝှမ်းအတွင်း တည်ရှိပြီး ရန်သူက မြင့်သောနေရာများမှ အောက်ဘက်ရှိ ထိုင်းတပ်သားများကို လွယ်ကူစွာ ပစ်ခတ်နိုင်ခဲ့သည်။ အခြေအနေသည် အမှတ် (၈) ခြေလျင်တပ်ရင်းတစ်ရင်းလုံး ပျက်စီးသွားနိုင်သည့်အထိ အန္တရာယ်ရှိခဲ့သည်။ ထို့ကြောင့် လူန်ဝီရဝပ်ယိုထင်က အမှတ် (၃) တပ်မမှူးထံ တပ်များဆုတ်ခွာရန် ခွင့်တောင်းခဲ့ပြီး ခွင့်ပြုချက်ကို လျင်မြန်စွာ ရရှိခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့တွင် အမှတ် (၈) ခြေလျင်တပ်ရင်းသည် ပန်ကော်ရွာမှ လန်ရွာဘက်သို့ ဆုတ်ခွာခဲ့သည်။ ဆုတ်ခွာရာတွင် တပ်ဖွဲ့များ အဆက်အသွယ်ပြတ်တောက်နေသောကြောင့် အလွန်ခက်ခဲခဲ့သည်။ ထို့ကြောင့် လူန်ဝီရဝပ်ယိုထင်က ရန်သူကို တိုက်ခိုက်၍ ထိုင်းတပ်များ ဆုတ်ခွာရန် အချိန်ရရှိအောင် ပြုလုပ်ခဲ့သည်။ သို့သော် ရန်သူသည် မီတာ ၂၀၀ ခန့်သာ ဆုတ်ပြီးနောက် အမှတ် (၈) ခြေလျင်တပ်ရင်းကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့သည်။ ထိုအခါ စက်သေနတ်နှင့် လက်နက်ကြီးတပ်ဖွဲ့များကို မြင့်သောကုန်းပေါ်တွင် နေရာချထားပြီး ဆုတ်ခွာလာသော ထိုင်းတပ်များကို ပစ်ခတ်ကာ ကာကွယ်ပေးစေခဲ့သည်။ ထိုနည်းဖြင့် အမှတ် (၈) ခြေလျင်တပ်ရင်းသည် ဇွန်လ ၂၆ ရက်နေ့ တနေ့တည်းအတွင်း လန်ရွာသို့ အလွန်ခက်ခဲစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်။ သို့သော် လန်ရွာသည်လည်း ပန်ကော်ရွာကဲ့သို့ ချိုင့်ဝှမ်းထဲတွင် တည်ရှိနေသဖြင့် ရန်သူသည် မြင့်သောနေရာမှ ထိုင်းတပ်များကို လွယ်ကူစွာ စောင့်ကြည့်ပစ်ခတ်နိုင်ခဲ့သည်။ နောက်တနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ရန်သူတပ်များက နီးကပ်စွာ ဝင်ရောက်လာပြီး ဘေးပတ်ဝန်းကျင်မှ ဝိုင်းတိုက်မည့် အခြေအနေရှိလာသဖြင့် အမှတ် (၈) ခြေလျင်တပ်ရင်းသည် ထပ်မံဆုတ်ခွာကာ လွယ်မြစ်ကို ဖြတ်ပြီး မြစ်အနောက်ဘက်ကမ်းရှိ မိုင်းဝက်သို့ ရွှေ့ပြောင်းခဲ့သည်။ ထိုအချိန်တွင် မြောက်ပိုင်းတပ်မတော်က ယူနန်နယ်စပ်ရှိ မိုင်းမမြို့ကို ထိုးစစ်ဆင်ရန် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ရန်သူတပ်များသည် လွယ်မြစ်ကို ဖြတ်၍ ထပ်မံထိုးစစ်ဆင်လာခြင်း မရှိတော့ပေ။ နောက်ဆုံး ၁၉၄၃ ခုနှစ် ဇန်နဝါရီလတွင် မြောက်ပိုင်းတပ်မတော်က မိုင်းမမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ တပ်သားများကို မစွန့်ပစ်ခဲ့သော တပ်မှူး လူန်ဝီရဝပ်ယိုထင်သည် တပ်များ ဆုတ်ခွာရာတွင် ကိုယ်တိုင် နီးကပ်စွာ ကြီးကြပ်ခဲ့သည်။ ဒဏ်ရာရတပ်သားများကိုပင် ရန်သူလက်ထဲတွင် မထားခဲ့ပေ။
160
19
ထိုနေ့တွင် တနေ့လုံး မိုးရွာသွန်းနေသဖြင့် တပ်သားများအတွက် ခိုလှုံစရာနေရာမရှိပဲ မိုးရေစိုစွတ်စွာဖြင့် တနေ့လုံး ချီတက်ခဲ့ရသည်။ အဝတ်အစားများသာမက စားနပ်ရိက္ခာများပင် စိုစွတ်သွားခဲ့သည်။ သို့သော် ထိုင်းတပ်သားများသည် နေ့ဖြစ်စေ၊ ညဖြစ်စေ ဆက်လက်ချီတက်ခဲ့ကြသည်။ မေလ ၂၅ ရက်နေ့တွင် လူန်ဝီရဝပ်ယိုထင်က တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ အမှတ် (၁၈) ခြေလျင်တပ်ရင်းက ဒွိုင်မိုင်းရှိ ရန်သူကို တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ပြီး အမှတ် (၁၇) ခြေလျင်တပ်ရင်းက နောက်မှ လိုက်ပါခဲ့သည်။ လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်းကြောင့် ရန်သူတပ်ရင်းတရင်းသည် အလျင်အမြန် ပြိုကွဲဆုတ်ခွာသွားခဲ့သည်။ အမှတ် (၁၈) တပ်ရင်းသည် အချိန်မဆိုင်းပဲ ရန်သူနောက်သို့ ဆက်လက်လိုက်လံတိုက်ခိုက်ခဲ့သဖြင့် ရန်သူသည် ပြန်လည်စုစည်းရန် အခွင့်အရေးမရခဲ့ပေ။ ထို့ကြောင့် အမှတ် (၈) ခြေလျင်တပ်ရင်းသည် မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒွိုင်မိုင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ တချိန်တည်းတွင် အမှတ် (၃) တပ်မနှင့် အမှတ် (၇) ခြေလျင်တပ်ရင်းတို့ကလည်း အမှတ် (၈) ခြေလျင်တပ်ရင်း၏နောက်သို့ နီးကပ်စွာ လိုက်ပါလာခဲ့သည်။ အမှတ် (၉) ခြေလျင်တပ်ရင်းကတော့ မိုင်းဖြတ်မြို့အနီး တာကျောက်ရွာတွင် အရံတပ်ဖွဲ့အဖြစ် နေရာယူထားခဲ့သည်။ ကျိုင်းတုံမြို့ကို သိမ်းပိုက်ခြင်း အမှတ် (၈) ခြေလျင်တပ်ရင်း၏ အဓိကတပ်ဖွဲ့များက ဒွိုင်မိုင်းတွင် ရန်သူကို တိုက်ခိုက်နေချိန်တွင် အမှတ် (၅၂) ခြေလျင်တပ်ရင်းသည် ကျိုင်းတုံ–ဒွိုင်မိုင်း ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ဘေးပတ်ဝန်းကျင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကျိုင်းတုံနှင့် ဒွိုင်မိုင်းရှိ ရန်သူတပ်ဖွဲ့များ အပြန်အလှန် စစ်ကူမပေးနိုင်စေရန် ဖြစ်သည်။ ထို့နောက် အမှတ် (၅၂) တပ်ရင်းသည် ကျိုင်းတုံမြို့ဘက်သို့ ဆက်လက်ချီတက်ခဲ့ပြီး ကျိုင်းတုံမြို့အတွင်း ရန်သူတပ်သား ၄၀၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ ရန်သူဘက်မှ အနည်းငယ်သာ ခုခံပြီးနောက် ပြိုကွဲဆုတ်ခွာသွားခဲ့သည်။ နောက်ဆုံးတွင် အမှတ် (၅၂) ခြေလျင်တပ်ရင်း၊ အမှတ် (၈) ခြေလျင်တပ်ရင်းသည် မဟာအရှေ့အာရှစစ်ပွဲအတွင်း ကျိုင်းတုံမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သော ထိုင်းတပ်ဖွဲ့ဖြစ်လာခဲ့သည်။ ၁၉၄၂ ခုနှစ် မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ကျိုင်းတုံမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် အမှတ် (၈) ခြေလျင်တပ်ရင်း၏ အခြားတပ်ဖွဲ့များလည်း ကျိုင်းတုံမြို့အတွင်း ဝင်ရောက်လာခဲ့ကြသည်။ နောက်တနေ့ဖြစ်သော မေလ ၂၇ ရက်နေ့တွင် ထိုင်းတပ်ဖွဲ့များက သုံးရောင်ခြယ် ထိုင်းနိုင်ငံအလံကို တိုင်ထိပ်သို့ အခမ်းအနားဖြင့် လွှင့်တင်ခဲ့ကြသည်။ ထိုအချိန်တွင် ကျိုင်းတုံသည် ထိုင်းနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းအဖြစ် တရားဝင် ပါဝင်လာပြီဟု ထိုင်းဘက်က သတ်မှတ်ခဲ့သည်။ ထို့နောက် ဇွန်လ ၅ ရက်နေ့တွင် အမှတ် (၃) တပ်မမှူး ဗိုလ်ချုပ် ဖင် ချွန်ဟဝန်က ကျန်ရှိသော တပ်ဖွဲ့များကို ဦးဆောင်၍ ကျိုင်းတုံမြို့သို့ ဝင်ရောက်လာပြီး ကျိုင်းတုံစား ကျောက်ဘွန်ဝပ်ဆာနဝေါင်ဆာ (เจ้าบุญวาสน์วงศา ณ เชียงตุง) ထံမှ မြို့ကို လွှဲပြောင်းလက်ခံခဲ့သည်။ ဒွိုင်မိုင်း–ကျိုင်းတုံ စစ်ပွဲအတွင်း အမှတ် (၈) ခြေလျင်တပ်ရင်းသည် အချိန်တိုအတွင်း စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုင်းတပ်ဖွဲ့သည် စစ်သုံ့ပန်း ၃၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းဘက်တွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိကာ သေဆုံးသူမရှိခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ ခြေထောက်ဖြတ်ရမည့်အထိ ဒဏ်ရာပြင်းထန်သော်လည်း တပ်သားများနှင့် တာဝန်ကို မစွန့်ခဲ့သူ ရှမ်းပြည်နယ်သို့ ထိုးစစ်မစတင်မီကပင် ဗိုလ်မှူးကြီး လူန်ဝီရဝပ်ယိုထင်သည် အဆိပ်ရှိသော ပိုးကောင်တကောင်၏ ကိုက်ခြင်းကို ခြေထောက်တွင် ခံခဲ့ရသည်။ သို့သော် စစ်ချီတက်ချိန်မှ ကျိုင်းတုံမြို့ကို သိမ်းပိုက်နိုင်သည့်အချိန်အထိ ကိုယ်တိုင် ရှေ့တန်းတွင် စစ်ရေးကြီးကြပ်ခဲ့သည်။ မိုးရေထဲနှင့် ရွှံ့ဗွက်ထဲတွင် အဆက်မပြတ် စစ်ဆင်ရေးလုပ်ရသဖြင့် ဒဏ်ရာသည် ပိုမိုဆိုးရွားလာပြီး ခြေထောက်မှာ အလွန်ရောင်ရမ်းလာခဲ့သည်။ အဘယ်ကြောင့် ဆေးကုသမှု မခံယူသနည်းဟု မေးစရာရှိသော်လည်း ထိုအချိန်တွင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသဖြင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူရန်ပင် အခက်အခဲရှိခဲ့သည်။ နောက်ဆုံးတွင် စစ်မြေပြင်ဆရာဝန်များက ထိုဒဏ်ရာကို ဆက်လက်ထားရှိပါက ခြေထောက်ဖြတ်တောက်ရနိုင်သည့် အန္တရာယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် အမှတ် (၃) တပ်မမှူး ဗိုလ်ချုပ် ဖင် ချွန်ဟဝန်က လူန်ဝီရဝပ်ယိုထင်ကို ချင်းရိုင်ရှိ နောက်တန်းဆေးရုံသို့ ပြန်လည်ကုသရန် စေလွှတ်ခဲ့သည်။ ဤဖြစ်ရပ်သည် စစ်မြေပြင်ရှိ တပ်မှူးတဦး၏ ပြတ်သားသော စိတ်ဓာတ်နှင့် ရဲရင့်မှုကို ဖော်ပြနေသည်ဟု ဆောင်းပါးက ဆိုသည်။ တာဝန်ရရှိပါက အဆုံးတိုင် ထမ်းဆောင်ခြင်း၊ လက်အောက်ခံတပ်သားများနှင့် နီးကပ်စွာ လိုက်ပါနေခြင်းတို့သည် တပ်သားများအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့သည်။ ကိုယ်ခန္ဓာက အပြည့်အဝ မထောက်ပံ့နိုင်တော့သော်လည်း မိမိကိုယ်တိုင်၏ အဆင်ပြေမှုကို စွန့်လွှတ်ပြီး တပ်မတော်၏ အောင်မြင်မှုအတွက် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
120
20
လူန်ဝီရဝပ်ယိုထင်သည်ပင် တပ်ရင်းမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီး အမှတ် (၃) တပ်မအောက်တွင် ပါဝင်ခဲ့သည်။ အမှတ် (၃) တပ်မ၏ တပ်မမှူးမှာ ဗိုလ်ချုပ် ဖင် ချွန်ဟဝန် ဖြစ်သည်။ အမှတ် (၈) ခြေလျင်တပ်ရင်းတွင် တိုက်ရိုက်လက်အောက်ခံအဖြစ် အမှတ် (၁၇)၊ အမှတ် (၁၈) နှင့် အမှတ် (၅၂) ခြေလျင်တပ်ရင်းများ ပါဝင်ခဲ့သည်။ ထိုးစစ်စတင်ခြင်း ၁၉၄၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် အမှတ် (၃) တပ်မသည် ဆူရင်မှ ရထားဖြင့် မြောက်ပိုင်းဒေသသို့ ရွှေ့ပြောင်းခဲ့ပြီး ပထမအဆင့်တွင် ဖယောင်းမြို့၌ အခြေစိုက်ခဲ့သည်။ အမှတ် (၈) ခြေလျင်တပ်ရင်းကတော့ ချင်းရိုင်၌ အခြေစိုက်ကာ အမှတ် (၃) တပ်မ၏ ရှေ့တန်းတပ်ဖွဲ့အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မယ်ဆိုင်၌ ရှေ့ဆုံးတန်းတွင်ရှိသော အမှတ် (၄) တပ်မနှင့် အမှတ် (၃) တပ်မအကြား စစ်ရေးဆက်သွယ်မှုကို ထိန်းသိမ်းပေးခဲ့သည်။ မြောက်ပိုင်းတပ်မတော်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ထိုးစစ်ဆင်ရန် သုံးလခန့် စောင့်ဆိုင်းခဲ့ရသည်။ ၁၉၄၂ ခုနှစ် မေလတွင် အစီအစဉ်အရ အမှတ် (၄) တပ်မသည် ရှေ့တန်းတပ်ဖွဲ့အဖြစ် တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းဘက်သို့ ထိုးဖောက်သွားရမည်ဖြစ်ပြီး အမှတ် (၃) တပ်မက မိုင်းဖြတ်မှတဆင့် အဓိကထိုးစစ်ဆင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၏ အဓိကမြို့ဖြစ်သော ကျိုင်းတုံကို သိမ်းပိုက်ရန် တာဝန်ယူခဲ့သည်။ ဤစစ်ဆင်ရေးတွင် အမှတ် (၈) ခြေလျင်တပ်ရင်းသည် အမှတ် (၃) တပ်မ၏ ရှေ့တန်းတပ်ရင်းအဖြစ် တာဝန်ယူခဲ့ပြီး အမှတ် (၄) တပ်မနှင့် ဆက်စပ်နေသော ရှေ့တန်းကိုလည်း ထိန်းသိမ်းခဲ့ရသည်။ ထို့ကြောင့် အမှတ် (၄) တပ်မ၏နောက်သို့ နီးကပ်စွာ လိုက်ပါခဲ့ပြီး အားဖြည့်တပ်ဖွဲ့အဖြစ် အမှတ် (၂) မြင်းတပ်ရင်းနှင့် အမှတ် (၉) အမြောက်တပ်ရင်းတို့ကိုလည်း လက်ခံရရှိခဲ့သည်။ ၁၉၄၂ ခုနှစ် မေလ ၁၀ ရက် ၁၉၄၂ ခုနှစ် မေလ ၁၀ ရက်တွင် အမှတ် (၄) တပ်မက မယ်ဆိုင်မှ ထွက်ခွာထိုးစစ်ဆင်သည်နှင့် တပြိုင်နက် ဗိုလ်မှူးကြီး လူန်ဝီရဝပ်ယိုထင်က သူ၏လက်အောက်ရှိ အမှတ် (၅၂) ခြေလျင်တပ်ရင်းကို အမှတ် (၄) တပ်မ၏ ဘယ်ဘက်ခြမ်းနှင့်အပြိုင် ရွှေ့ပြောင်းစေခဲ့သည်။ အမှတ် (၈) ခြေလျင်တပ်ရင်း၏ အဓိကတပ်ဖွဲ့များက ချင်းရိုင်းမှ မယ်ဆိုင်သို့ ရွှေ့ပြောင်းလာခဲ့ပြီး အမှတ် (၃) တပ်မကလည်း နောက်မှ လိုက်လာခဲ့သည်။ အမှတ် (၄) တပ်မသည် တာချီလိတ်၊ မိုင်းလင်းနှင့် မိုင်းဖြတ်လမ်းကြောင်းအတိုင်း ရန်သူကို ထိုးစစ်ဆင်နေချိန်တွင် အမှတ် (၅၂) ခြေလျင်တပ်ရင်းသည် တပ်မနှင့်အပြိုင် ရွေ့လျားရင်း ပန်မိုင်းတောင်အနီးတွင် ရန်သူနှင့် ပထမဆုံး ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲသည် လက်နက်ချင်းကပ်၍ ရင်ဆိုင်တိုက်ခိုက်သည့်အထိ ပြင်းထန်ခဲ့သည်။ မိုင်းဖြတ်မြို့အနီးသို့ ရောက်လာချိန်တွင် ဗိုလ်မှူးကြီး လူန်ဝီရဝပ်ယိုထင်က အမှတ် (၈) ခြေလျင်တပ်ရင်းကို အရံတပ်ဖွဲ့အဖြစ် ထားရှိရန် ညွှန်ကြားခဲ့သည်။ ထို့နောက် အမှတ် (၄) တပ်မက မေလ ၂၀ ရက်နေ့တွင် မိုင်းဖြတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဝါးပြားများခင်း၍ ရွှံ့လမ်းပြဿနာကို ဖြေရှင်းခဲ့ခြင်း စစ်ချီတက်နေစဉ် မေလ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ လမ်းများသည် ရွှံ့ဗွက်များဖြစ်သွားပြီး မော်တော်ယာဉ်များ ရွှေ့၍မရတော့ပေ။ ထိုအခါ လူန်ဝီရဝပ်ယိုထင်က ဝါးဖြင့်ပြုလုပ်ထားသော အပြားများကို ပြုလုပ်ပြီး သစ်သားပြားများနှင့် ချိတ်ဆက်ကာ ကားတစီးချင်းစီတွင် သယ်ဆောင်စေခဲ့သည်။ ရွှံ့ဗွက်လမ်းတွေ့ပါက ထိုဝါးပြားများကို လမ်းအဖြစ် ခင်းပေးပြီး ကားများ ဆက်လက်ရွှေ့နိုင်အောင် စီမံခဲ့သည်။ ဒွိုင်မိုင်း — ကျိုင်းတုံမြို့၏ ရှေ့တန်းခံတပ် ဒွိုင်မိုင်း (Doi Mei) သည် ကျိုင်းတုံမြို့၏ အရှေ့ဘက်တွင် တည်ရှိသော တောင်ကုန်းဒေသဖြစ်ပြီး မြို့မှ ကီလိုမီတာ ၂၈ ခန့်အကွာတွင် ရှိသည်။ ပုံမှန်အချိန်များတွင် ဗြိတိသျှကိုလိုနီအရာရှိများ၏ အပန်းဖြေရာနေရာဖြစ်ခဲ့ပြီး ရွာများ၊ ဥယျာဉ်များ၊ တောင်ယာ/လှေကားထစ်လယ်များ၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ကျောင်းများပင် ရှိခဲ့သည်။ ထို့ကြောင့် ဒွိုင်မိုင်းသည် သေးငယ်သော လူနေအစုအဝေးတခုကဲ့သို့ ဖြစ်နေသည်။ စစ်ပွဲဖြစ်လာသောအခါ တရုတ်အမျိုးသားရေးတပ်မတော်မှ တပ်ရင်းတရင်းသည် ထိုနေရာကို ခံတပ်အဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ ထိုင်းမြေပြင်တပ်များက ဒွိုင်မိုင်း–ကျိုင်းတုံ စစ်ဆင်ရေး မစတင်မီ မေလ ၁၇ ရက်နေ့တွင် ထိုင်းလေတပ်၏ မြောက်ပိုင်းပေါင်းစပ်လေတပ်က ဒွိုင်မိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရန်သူဘက်တွင် ထိခိုက်ပျက်စီးမှု အတော်အတန် ဖြစ်ပေါ်ခဲ့သည်။ မေလ ၂၂ ရက်နေ့တွင် လူန်ဝီရဝပ်ယိုထင်က ရန်သူ၏ သတင်းအချက်အလက်များ ရယူရန်နှင့် မိုင်းဖြတ်–ကျိုင်းတုံ လမ်းကြောင်းကို လေ့လာရန် တပ်ရင်းမှ ကင်းထောက်တပ်စုတစုကို စေလွှတ်ခဲ့သည်။ နောက်တနေ့တွင် ထိုကင်းထောက်တပ်စုသည် ရန်သူတပ်စုတစုနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၃–၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ဆုံး ရန်သူဘက်မှ ဆုတ်ခွာသွားခဲ့ပြီး တာကျောက်ရွာကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒွိုင်မိုင်းကို သိမ်းပိုက်ခြင်း မေလ ၂၄ ရက်နေ့တွင် အမှတ် (၈) ခြေလျင်တပ်ရင်းသည် မိုင်းဖြတ်မှ ဒွိုင်မိုင်းသို့ ထိုးစစ်ဆင်ရန် ထွက်ခွာခဲ့သည်။
106