5 793
Subscribers
-324 hours
+27 days
-4630 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+23
in 0 channels
August '26
+113
in 0 channels
Get PRO
July '26
+134
in 0 channels
Get PRO
June '26
+145
in 0 channels
Get PRO
May '26
+161
in 0 channels
Get PRO
April '26
+102
in 0 channels
Get PRO
March '26
+54
in 1 channels
Get PRO
February '26
+72
in 0 channels
Get PRO
January '26
+80
in 0 channels
Get PRO
December '25
+102
in 1 channels
Get PRO
November '25
+80
in 0 channels
Get PRO
October '25
+72
in 2 channels
Get PRO
September '25
+60
in 0 channels
Get PRO
August '25
+75
in 1 channels
Get PRO
July '25
+79
in 1 channels
Get PRO
June '25
+64
in 0 channels
Get PRO
May '25
+65
in 0 channels
Get PRO
April '25
+83
in 0 channels
Get PRO
March '25
+70
in 0 channels
Get PRO
February '25
+71
in 0 channels
Get PRO
January '25
+131
in 0 channels
Get PRO
December '24
+157
in 1 channels
Get PRO
November '24
+89
in 0 channels
Get PRO
October '24
+107
in 0 channels
Get PRO
September '24
+213
in 1 channels
Get PRO
August '24
+176
in 1 channels
Get PRO
July '24
+230
in 1 channels
Get PRO
June '24
+240
in 1 channels
Get PRO
May '24
+230
in 2 channels
Get PRO
April '24
+163
in 1 channels
Get PRO
March '24
+165
in 1 channels
Get PRO
February '24
+82
in 0 channels
Get PRO
January '24
+115
in 0 channels
Get PRO
December '23
+168
in 0 channels
Get PRO
November '23
+35
in 0 channels
Get PRO
October '23
+80
in 1 channels
Get PRO
September '23
+54
in 0 channels
Get PRO
August '23
+186
in 0 channels
Get PRO
July '23
+284
in 0 channels
Get PRO
June '23
+290
in 0 channels
Get PRO
May '23
+312
in 0 channels
Get PRO
April '23
+263
in 0 channels
Get PRO
March '23
+376
in 0 channels
Get PRO
February '23
+326
in 0 channels
Get PRO
January '23
+323
in 0 channels
Get PRO
December '22
+409
in 0 channels
Get PRO
November '22
+373
in 0 channels
Get PRO
October '22
+381
in 0 channels
Get PRO
September '22
+533
in 0 channels
Get PRO
August '22
+535
in 0 channels
Get PRO
July '22
+1 035
in 0 channels
Get PRO
June '22
+220
in 0 channels
Get PRO
May '22
+133
in 0 channels
Get PRO
April '22
+133
in 0 channels
Get PRO
March '22
+95
in 0 channels
Get PRO
February '22
+62
in 0 channels
Get PRO
January '22
+87
in 0 channels
Get PRO
December '21
+74
in 0 channels
Get PRO
November '21
+89
in 0 channels
Get PRO
October '21
+114
in 0 channels
Get PRO
September '21
+166
in 0 channels
Get PRO
August '21
+362
in 0 channels
Get PRO
July '21
+408
in 0 channels
Get PRO
June '21
+485
in 0 channels
Get PRO
May '21
+1 227
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 07 September | 0 | |||
| 06 September | +1 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | +4 | |||
| 02 September | +12 | |||
| 01 September | +6 |
Channel Posts
သား၂ ယောက် စစ်သားဖြစ်နေသည့်တိုင် နောက်တစ်ယောက်ကိုပါ စစ်မှုထမ်းထဲ ထည့်သဖြင့် မိခင်ဖြစ်သူ Live လွှင့် အကူအညီတောင်း
4 Sep 2026 By MPA
သား၂ ယောက် စစ်သားဖြစ်နေသည့်တိုင် နောက်ထပ်တစ်ယောက်ကိုပါ စစ်မှုထမ်းထဲသို့ အဓမ္မ သွတ်သွင်းခြင်းခံရသဖြင့် မိခင်ဖြစ်သူက Tiktok လူမှုကွန်ရက်ပေါ် Live လွှင့်ကာ အကူအညီ တောင်းခံခဲ့သည်။
နေပြည်တော်၊လယ်ဝေးမြို့၊ နယ်မြေ၁၀၊ အမှတ်၁ရပ်ကွက်နေ ဒေါ်ခင်ဌေးမြင့်(ခ)ဒေါ်ဌေးက ၎င်း၏ သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို ၂၀၃၀တပ်ရင်းက ဗိုလ်မှူးအောင်မင်းကိုယ်တိုင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲသွားရုံတင်မက ၎င်းတို့သားအမိအား ပစ်သတ်မည်ဟုလည်း ခြိမ်းခြောက်သွားကြောင်း ဆို သည်။
“ကျမချွေးမလေးကလည်း မွေးခါနီးနေပါပြီရှင်။ နေ့စေ့လစေ့ဖြစ်နေပါပြီ။ ဒါကို မညှာမတာနဲ့ပါ။ ကျမ မှာ သား၃ယောက်ရှိပါတယ်။ ၂ယောက်ကလည်း စစ်တပ်ထဲမှာပါရှင်။ အဲဒါကိုလေ ဒီတစ်ယောက် လေးကိုလည်း ဇွတ်ထည့်တာပါရှင်”ဟု ဒေါ်ဌေးက ရုပ်သံဖိုင်ထဲ၌ ပြောသည်။
သားမွေးထားသည့် အမျိုးသမီးများအနေနှင့် ကိုယ့်သားကိုယ် ဖွက်ထားကြရန်လည်း ဒေါ်ဌေး က အကြံပြုသည်။
ယခုလို ပေါ်တာဆွဲခံရခြင်းနှင့်ပတ်သက်ပြီး မည်သို့မည်ပုံ ပြုလုပ်ရမည်ကို မသိသဖြင့် အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း ဒေါ်ဌေးက ငို၍ ပြောသည်။
#စစ်မှုထမ်း #အကူအညီတောင်း #MPA
| 2 | ဟိုနဂိုက သင်္ဘောသားတွေ စလုံးရောက်ယင်၊
ဖားRိုက်တယ် ဆိုတဲ့ စကားရှိတယ်။
ဖိလစ်ပိုင်မ တွေကို ဖား. လို့ ခေါ်ကြတာကို။
အခုတော့ စလုံးက ဘကုန်းရပ်ကွက်တွေထဲမှာ..
မ..ရိုက်မလား လို့ ပြောရတဲ့ ခေတ်ရောက်နေပြီ
အရာရာဟာ ပြောင်းလဲနေတာပါ
Source:နျူမန်မိုးတား | 68 |
| 3 | အကူအညီမရှိတဲ့ အခါ တရုတ်ကုမ္ပဏီက မတတ်သာပဲ အနှောက်အယှက်ပေးတဲ့ ဆိုင်ရှင်တွေကို ပိုက်ဆံပေးပြီး ပြဿနာဖြေရှင်းတာ။ နောက်ဆုံးတော့ လုပ်ငန်းလည်း အချိန်မီ မပြီးနိုင်၊ အမြတ်လည်း ရသင့်သလောက်မရနိုင်။
ဖြစ်ရပ်နောက်တစ်ခုက အားလုံးသိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းပါ။ အဲဒီဆိပ်ကမ်း စာချုပ်ချုပ်ပြီး ၁၀ နှစ်ကျော်ပြီ။ တရုတ် CITIC ကုမ္ပဏီဝင်ပြီး ၁၀ နှစ်ကျော်ပြီ။ ဘာမှ မလုပ်ဖြစ်ဘူး။ ဝင်ငွေ ၁ ပြားမှ မရဘူး။ နှစ်တိုင်း ဒေါ်လာ သန်း ၃၀ ထုတ်ပြီး ရခိုင်မှာ လူမှုရေးတာဝန်လုပ်ငန်းလုပ်သေးတယ်။ လုပ်ရင်းအဆဲခံရင်း။ အရင်တုန်းက ကျောက်ဖြူခရိုင်ရှိ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးရဲ့ ပို့စ်ကို ကျွန်ဖတ်ဖူးတယ်။ သူ ဘာပြောသလဲဆိုတော့ “တရုတ်တွေ ဝင်ဝင်ချင်း ငါတို့ချမ်းသာလာမယ်လို့ ပြောပေမဲ့ အခု တရုတ်တွေဝင်လာပြီ။ ငါတို့မချမ်းသာသေးဘူး။ ဒါကြောင့် ငါတို့ ဆန့်ကျင့်မယ်။ ကန့်ကွက်မယ်။” တရုတ်ကုမ္ပဏီတွေ ဝင်ဝင်ချင်း သူတို့ အလိုအလျောက် ချမ်းသာရတယ်လို့ သူတို့ ယူဆတာ။ ဒါပေမဲ့ ကြက်ဥစားချင်ရင်တောင် ကြက်ကို အရင်ကျွေးမွေးရတယ်ဆိုတာ သူတို့ နားမလည်ဘူး။ ကြက်ကို တွေ့တွေ့ချင်း ကြက်ဥနိုင်စွမ်းရှိတာမရှိတာတောင် မစဉ်းစားဘဲ ကြက်သားကို တိုက်ရိုက်စားချင်တယ်။
ဖြစ်ရပ်နောက်တစ်ခုက တရုတ်လုပ်ငန်းရှင်တွေ ဘာကြောင့် မြန်မာပြည်ကို သွားသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။
၂၀၁၇ လောက်က သူများရဲ့ မိတ်ဆက်ခြင်းနဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်က ကျွန်မကို လာတွေ့ပြီး မြန်မာပြည်အကြောင်းကို စုံစမ်းတယ်။ သူက စင်ကာပူနိုင်ငံသားခံတဲ့ တရုတ်လူမျိုးပါ။ သူတို့ မိသားစုက တရုတ်ပြည်မှာ သံမဏိထုတ်လုပ်ရေးနဲ့ အရမ်းချမ်းသာလာတယ်။ ရန်ကန်အနားမှာ သံမဏိစက်ရုံတစ်ခု ရှိတယ်။ ဒီစက်ရုံပိုင်ရှင်က မြန်မာလူမျိုးပါ။ စက်ရုံကို ၁၀နှစ် လောက်ဆောက်တာ မပြီးသေးဘူး။ 90%လောက်ဆောက်ပြီးပြီ။ နည်းပညာမရှိ ရင်းနှီးငွေမရှိလို့ အပြီးမဆောက်နိုင်ဘူး။ မလည်ပတ်တတ်ဘူး။ ဒါကြောင့် ဒီအမျိုးသမီးတို့ကို သွားတွေ့ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ခေါ်တယ်။
ကျွန်မက မြန်မာပြည်မှာ စက်ရုံဖွင့်ဖို့ ရင်ဆိုင်နိုင်မည့် စိန်ခေါ်မှု အားလုံးကို သူ့ကို ရှင်းပြပေးတယ်။ သူ နှစ်ဝက်လောက်စဉ်းစားပြီး လုပ်မယ်လို့ ဆုံးဖြတ်တယ်။ သူဘယ်လိုစဉ်းစားသလဲဆိုတော့ သူတို့ရဲ့ အတွေ့အကြုံအရ ဒီစက်ရုံကို ဆောက်ပြီး အမြတ်မရှိနိုင်တဲ့ အကြောင်း မရှိဘူး။ ဒီလိုမျိုး သံမဏိစက်ရုံကို သူတို့ဆောက်ရင် အများဆုံး တစ်နှစ်ပဲလိုတယ်။ သုံးနှစ်လောက်လည်ပတ်ပြီးရင် အမြတ်ကောင်းကောင်းရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဈေးကွက်လိုအပ်ချက်ရှိ ပေမဲ့ သံမဏိစက်ရုံ မရှိဘူး။ ဈေးကွက်မှာရောင်းနေတဲ့ သံမဏိပစ္စည်းက ဈေးနှုန်းအဆမတန်ကြီးတဲ့ အပြင် တချို့သံမဏိပစ္စည်းက အဟောင်းတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကမြန်မာပြည်ကို ဝင်ပြီး ဟိုသံမဏိစက်ရုံဆောက်တယ်။
၂၀၂၃ မှာ သူက ကျွန်မနဲ့ ဆက်သွယ်တယ်။ ဘာသာပြန်ခေါ်ချင်လို့ ကူညီတောင်းတယ်။ ကျွန်မက သူ့ကို မေးတယ်။ စက်ရုံအခြေအနေဘယ်လိုလဲ။ အဆင်ပြေလား။
သူက ထုတ်လုပ်ရေးတော့ အဆင်ပြေပါတယ်။ ဈေးကွက်အဆင်မပြေဘူးလို့ ပြောတယ်။ ဘာဖြစ်သလဲဆိုတော့ သူတို့က မြန်မာပြည်ရှိ လက်ကားကုန်သည်တွေကို ရောင်းပေးတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အခြေအနေက တရုတ်နဲ့ လုံးဝ မတူဘူး။ တရုတ်ပြည်ရဲ့ လက်ကားကုန်သည်တွေက လက်ငင်းငွေနဲ့ စက်ရုံကနေ ပစ္စည်းဝယ်တယ်။ အကြွေးနဲ့ မဝယ်ဘူး။ သူတို့ တရုတ်ပြည်မှာ အောင်မြင်လာတဲ့ အဓိကအကြောင်းရင်းက လက်ငင်းငွေနဲ့ ဝယ်တဲ့ ပုံစံပါ။ မြန်မာပြည်မှာကတော့ လက်ကားသမားတွေက လက်ငင်းငွေ တစ်ပြားမှ မပေးဘူး။ အကြွေးနဲ့ ပစ္စည်းယူပြီး ပြန်ရောင်းတာ။ တစ်လမှာ တစ်တန်ရောင်းထွက်ရင် တစ်တန်ဖိုးပေးတယ်။ ၂ တန်ရောင်းထွက်ရင် ၂ တန်ဖိုးပေးတယ်။ ဒီပုံစံက စက်ရုံအတွက်အန္တရာယ် အရမ်းကြီးတယ်။ စက်ရုံလည်ပတ်ဖို့ ငွေကြေးလိုအပ်တယ်။ ပစ္စည်းထုတ်ပြီး ဝင်ငွေမရဘဲ အကြွေးပဲရှိရင် စက်ရုံလည်ပတ်ဖို့ ငွေကြေးမရှိတော့ဘူး။ သူတို့မတတ်သာပဲ ကိုယ်စုထားတဲ့ ငွေနဲ့ ထပ်စိုက်ရတယ်။ ပြီးတော့ မြန်မာငွေရဲ့ တန်ဖိုးလည်း အဆက်မပြတ်ထိုးကျနေလို့ သူတို့အရမ်းစိတ်ပူးနေတယ်တဲ့။
ကျွန်မသိတဲ့ case က အများကြီးပဲ။ ရေးလို့ မကုန်နိုင်ဘူး။ မြန်မာပြည်မှာ စီးပွားရေးလုပ်ပြီး ချမ်းသာလာတဲ့ တရုတ်စီးပွားရေးသမားတွေလည်းရှိပါတယ်။ လွယ်လွယ်ကူကူ ချမ်းသာလာတာတော့မဟုတ်ဘူး။ အင်မတန်စွန့်စားခံရတယ်။
source:Zhao Jin | 60 |
| 4 | အမြတ်မရှိရင် တရုတ်လုပ်ငန်းရှင်တွေ ဘာကြောင့် မြန်မာပြည်ကို ဝင်သလဲ။
မနေ့က ကျွန်မရဲ့ ပို့စ်မှာ ရေးထားတယ်။ အမြတ်မရှိရင် တရုတ်လုပ်ငန်းရှင်တွေ ဘာကြောင့် မြန်မာပြည်ကို ဝင်သလဲ လို့ မြန်မာတွေ မေးလေ့ရှိတယ်။ ကျွန်မလည်းမေးဖူးတယ်။ မြန်မာပြည်မှာ စီးပွားရေး နှစ် ၃၀ ကျော်လုပ်ခဲ့တဲ့ ကျွန်မရဲ မိတ်ဆွေကောင်းကို မေးဖူးတယ်။
တရုတ်-မြန်မာနှစ် နိုင်ငံအကြား စီးပွားရေးလုပ်တာ အမြတ်မရှိတာ မဟုတ်ဘူး။ တရုတ်မြန်မာကုန်သွယ်ရေးလုပ်ပြီး သူဌေးဖြစ်လာတဲ့ မြန်မာလူမျိုး အများကြီးရှိတယ်။ အခုလည်း အခွင့်အရေး အများကြီးရှိတာပဲ။ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်ဖွင့်လာပြီးတော့ အမြော်အမြင်ရှိပြီး ပြင်ဆင်မှုရှိတဲ့ လူတွေက သူဌေးနောက်တစ်သုတ်ဖြစ်လာမှာပါ။
ကျွန်မရဲ့ မြန်မာမိတ်ဆွေတစ်ယောက်က ကျွန်မထက် ၃ နှစ်ငယ်တယ်။ မြန်မာပြည်ဖွားတရုတ်ပါ။ တက္ကသိုလ်ကျောင်းအောင်ပြီးတော့ မန္တလေးကို သွားပြီးတရုတ်ဘာသာသင်တယ်။ ဟိုတုန်းက တရုတ်ဘာသာသင်ဖို့ စဉ်းစားသူတောင်တော်တော်နည်းတယ်။ ရန်ကုန်မှာ တရုတ်ဘာသာ ကောင်းကောင်းသင်တဲ့ ကျောင်းတောင် မရှိဘူး။ သူက တရုတ်ဘာသာသင်ဖို့ မန္တလေးမှာ ညတိုင်း ခြင်ကိုက်ခံ ပင်ပန်းခံ စာကြက်တယ်။ တရုတ်ဘာသာသင်ပြီးနောက် တရုတ်ပြည်ကိုလာပြီးလေ့လာတယ်။ နောက်ပြီးတော့ တရုတ်ပြည်ကနေ လိုက်ကာဝယ်ပြီး မြန်မာပြည်မှာ ရောင်းတယ်။ မြန်မာပြည်မှာ အကြီးဆုံး လိုက်ကာရောင်းတဲ့ ကုန်သည်ကြီး ဖြစ်သွားတယ်။
ဒါပေမဲ့ မြန်မာပြည်ကို သွားပြီး စီးပွားရေးလုပ်တာက အခြေအနေနောက်တစ်မျိုးဖြစ်သွားမည်။
၂၀၂၂ ခုနှစ်မှာ မြန်မာပြည်ရဲ့ အခြေအနေက အရမ်းဆိုးတယ်။ ကိုဗစ်အခြေအနေရော၊ နိုင်ငံရေးအခြေအနေရော အရမ်းဆိုးတယ်။ မြန်မာပြည်မှာရှိတဲ့ တရုတ်လုပ်ငန်းရှင် အများစုက မြန်မာပြည်မှာ နေတာ အန္တရာယ်ရှိတာ သိလျက်နဲ့ တရုတ်ပြည်မပြန်ဘူး။ ကျွန်မက မြန်မာပြည်မှာ စီးပွားရေး နှစ် ၃၀ ကျော်လုပ်ခဲ့တဲ့ ကျွန်မရဲ မိတ်ဆွေကောင်းကို မေးတယ်။ သူတို့ ဘာကြောင့် တရုတ်ကို မပြန်တာလဲ။
သူကဘာဖြေသလဲဆိုတော့ “မပြန်ရင် စက်ရုံရှိသေးတယ်။ အမြတ်ရှိရှိ မရှိရှိ စက်ရုံရှိသေးတယ်။ မျှော်လင့်ချက်ရှိသေးတယ်။ ပြန်ရင် စက်ရုံး ပျောက်သွားမှာ သေချာပါတယ်။ ပြည်တွင်းရှိသမျှ အိမ်တွေတိုက်တွေရောင်းပြီး လာစိုက်တဲ့ လုပ်ငန်း လုံးဝ ပျောက်သွားမယ်။ ဒါကြောင့် ဘယ်လောက်ခက်ခဲခက်ခဲ မပြန်နိုင်ဘူး။”
တရုတ်လုပ်ငန်းရှင်တချို့က ရှိသမျှငွေကြေးနဲ့ မြန်မာပြည်ကို သွားပြီး စီးပွားရေးလုပ်တာ မကဘူး။ ပြည်တွင်းမှာ ရှိတဲ့ အိမ်တွေ တိုက်တွေတောင် ရောင်းပြီး လုပ်တယ်။ ဘာကြောင့်လဲ။
စီးပွားရေးသမားတွေက စီးပွားရေးလုပ်ငန်းတစ်ခုခုကို လုပ်ချင်ရင် မလုပ်ခင် သေချာတွက်တတ်တယ်။ ပုံမှန်အားဖြင့် တစ်ခုခုလုပ်ရင် ပထမ ၃ နှစ်မှာ အမြတ်မရှိဘူး။ ၃ နှစ်ကြာလည်ပတ်ပြီးမှ ပုံမှန် အမြတ်ရှိလာနိုင်တယ်။ အရင်းငွေတဖြည်းဖြည်း ပြန်ရရှိပြီး အမြတ်တဖြည်းဖြည်း ပေါ်လာတယ်။
ဒီလုပ်ငန်းရှင်တွေက မြန်မာပြည်ကို မဝင်ခင် အဲလို့ပဲတွက်တတ်တယ်။ မြန်မာပြည်ကို ဝင်ပြီးမှ မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မကောင်းလို့ ၅-၆ နှစ် အရှုံးခံရမယ်။ အနည်းဆုံး ၅ နှစ်ခံပြီးမှ ပုံမှန်အမြတ်ရှိလာမယ်ဆိုတာ သိလာတဲ့အခါ ဆုတ်လို့မရတော့ဘူး။ မူလက ပြင်ဆင်တဲ့ ရင်းနှီးငွေမလုံလောက်လို့ ပြည်တွင်းမှာရှိတဲ့ အိမ်တွေတိုက်တွေရောင်းပြီး ထပ်စိုက်ရတယ်။
မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်မကောင်းတာက အခြေခံအဆောက်အအုံမကောင်းတာ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ ထောက်ပံ့မှုမရှိတာ၊ နိုင်ငံရေးတည်ငြိမ်မှုမရှိတာတို့ ပါဝင်ပါတယ်။ ဥပမာ ဘိလပ်မြေစက်ရုံတစ်ခု ဆောက်ရင် စက်ရုံပိုင်ရှင်ကိုယ့်ဟာကိုယ် လမ်းဆောက်ရတယ်၊ လျှပ်စစ်စက်ရုံငယ်ဆောက်ရတယ်။ အလုပ်သမားတွေကို နည်းပညာသင်ပေးရတယ်။
အစိုးရက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအတွက် ပေးသင့်တဲ့ ထောက်ပံ့မှု မပေးဘူးဆိုတာ ကျွန်မ ဖြစ်ရပ်တစ်ခုနဲ့ ရှင်းပြမယ်။ NLD ခေတ်တုန်းက( ၂၀၁၆-၂၀၁၇ လောက်) ရန်ကုန်မြို့ရဲ့ မီးပွိုင့်စနစ်ထူထောင်ခြင်း စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက ကန်ထရိုက်ရရှိပြီး လုပ်တာ။ ဒီကုမ္ပဏီက ဇွန်လပိုင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်ကို လာလည်တုန်းက သွားလေ့လာဖူးတဲ့ CRCC လက်အောက်က ကုမ္ပဏီတစ်ခုပါ။
သူတို့မီးပွိုင့်တပ်ဆင်တဲ့အခါမှာ အခက်အခဲခဏခဏတွေ့တယ်။ ဥပမာ လမ်းဘေးမှာ တိုင်တစ်လုံး ထောင်လိုတဲ့အခါ ဘေးနားက ဆိုင်ရှင် လုပ်မပေးဘူး။ သူတို့ရဲ့နေရာတဲ့၊ ငွေပေးရတယ်တဲ့။ အဲလိုမျိုးအနှောက်အယှက်ဖြစ်တဲ့အခါ ဒီကုမ္ပဏီက ရန်ကန်အစိုးကို ကူညီသွားတောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက မြို့ပြတည်ဆောင်ရေးစီမံကိန်းပါ။ တရုတ်ပြည်မှာဆိုရင် အဲလိုမျိုးစီမံကိန်းမှာ အစိုးရက ဘာမဆို စီစဉ်ပေးလိုက်ပြီ။ ဖော်ဆောင်တဲ့ ကုမ္ပဏီတွေက အနှောက်အယှက်မရှိ လျင်လျင်မြန်မြန် လုပ်နိုင်ပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့အစိုးရရော၊ ရန်ကုန်တိုင်းအစိုးရရော ဘာမှ ကူညီမှု မပေးဘူး။ ဟိုနိုင်ငံရေးသမားတွေရဲ့ ဦးနှောက်ထဲမှာ မဲရတာက အသက်ပဲ။ “ပြည်သူ”တွေရဲ့ ဆန္ဒကို ဖီဆန်ပြီး လုပ်ငန်းဖော်ဆောင်တာက သူတို့ရဲ့ တာဝန်မဟုတ်ဘူး။ | 37 |
| 5 | No text... | 33 |
| 6 | မလေးရှားနိုင်ငံသားတွေ လက်ထပ်ယူတဲ့ နိုင်ငံခြားသားဇနီးမယားတွေထဲမှာ မြန်မာအမျိုးသမီးတွေက အဆင့် ၈ နေရာအထိ ရောက်လာပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမို့ အခုဆိုရင် အဆင့်ပိုကောင်းနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်ကတောင် မြန်မာမ ၂၁၀၅ ယောက်ကို လက်ထပ်ခဲ့သတဲ့။ ဘုရားဒကာခေတ်မှာ တိုးတက်နေမှုကြီးက မဘသတွေအဖို့ ဂုဏ်ယူစရာအဖြစ်ပါပဲ။ မမြင်မှာစိုးလို့ သာဓုခေါ်ရအောင် လက်တို့ပြောလိုက်ကြပါအုံး။ 😁
@ZA | 39 |
| 7 | တရုတ်အစ်မကြီးကို ပြောချင်တာက မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို အပြစ်တင်မနေဘဲ ကိုယ့်တရုတ်လုပ်ငန်းရှင်တွေကို ဒေသခံဥပဒေလေး ဘာလေး လေးစားဖို့ရယ်၊ အကျင့်လေးပြင်ဖို့ရယ် အရင်ဆုံး သင်တန်းပေးလိုက်ပါဦး။
Source:Pyae Linn | 49 |
| 8 | မြန်မာပြည်မှာ လာဖွင့်နေတဲ့ တရုတ်စက်ရုံပိုင်ရှင်တွေဆိုတာနဲ့ ရှန်ဟိုင်းတို့၊ ပေကျင်းတို့က Corporate အကြီးကြီးတွေဆီက လာတယ် မထင်လိုက်နဲ့။ ရှယ်ဟိုင်းတို့ ပေကျင်းတို့က တကယ်ဥပဒေကောင်းတယ်။ ဒီလာတဲ့ တရုတ်တွေက တကယ်တမ်းကျ ဥပဒေဆိုတာ ဘာမှန်းမသိ၊ ပိုက်ဆံလေးနည်းနည်းရှိတာနဲ့ လူလာခိုင်းတဲ့ ခေတ်သစ်ငွေရှင်ပေါက်စတွေက များတယ်။ (ခေတ်အခေါ်နဲ့ ပြောရရင်တော့ တောသားပေါ့)
မြန်မာစကား သုံးလေးခွန်းလောက် တတ်လာပြီဆိုတာနဲ့ သူတို့လောက် ကျေးဇူးရှင်မရှိတော့ဘူး။ အရှုံးခံပြီး ကျွေးထားရတာတို့၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတို့နဲ့ အဘိဓာန်လှန်ပြီးကို ပြောတော့တာ။ တကယ်တမ်း ပြဿနာဖြစ်လို့ သွားကြည့်လိုက်ရင် အဲ့ဒီတရုတ်က ဆဲတာရယ်၊ ပိုက်ဆံမပေးတာရယ်၊ ဥပဒေနားမလည်ဘဲ ဌာနကလူတွေကို ပြောချင်တာပြော လုပ်ချင်တာလုပ်မယ် ဆိုတာတွေချည်းပဲ။ အဲ့ဒီတော့ တချို့နေရာတွေမှာ အလုပ်သမားသမဂ္ဂတွေ ပေါ်လာတာလည်း ကောင်းတယ်။ သူ့သမိုင်းကိုက တစ်ဦးတစ်ယောက်တည်း တောင်းဆိုရင် အလုပ်ဖြုတ်ပစ်မှာကိုး။ ဒါကြောင့် သမဂ္ဂနဲ့ တောင်းဆိုကြရတယ်။ (သမဂ္ဂဆိုတာကလည်း သိတဲ့အတိုင်းပဲလေ၊ ကိုယ့်လူ မှားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ တော်တော် အံဝင်ခွင်ကျဖြစ်တဲ့ Relationship တွေပါ)။
ထားပါတော့... ဒီနေရာမှာ သမဂ္ဂတွေအကြောင်း ပြောမလို့ မဟုတ်ဘူး။ တရုတ်အလုပ်ရှင်တွေအကြောင်းပဲ နည်းနည်းဆက်ပြောမှာ။ အဲ့ဒီမှာ စကားပြန်နဲ့ HR ဆိုတာ ရှိသေးတယ်။ သူတို့နှစ်ယောက်က ကြားထဲက တင်းမာတာ လျှော့ရမယ့်အစား မလျှော့ဘူး။ တရုတ်က “ဒီအလုပ်ကို မြန်မြန်ပြီးအောင်လုပ်” လို့ ရိုးရိုးပြောရင် စကားပြန်က “နင်တို့ အသုံးမကျဘူး၊ ဖင်လေးနေလား၊ အလုပ်လုပ်တာ စားပေါက်ချောင်ဖို့လောက်ပဲ သိတယ်” ဆိုပြီး အပိုဆုက ထည့်ပေးသေးတာ။ HR ကလည်း အလုပ်ရှင်အကြိုက် အလွယ်တကူ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာ၊ အလုပ်ထုတ်ဖို့ပဲ ချောင်းနေတာမျိုးတွေပေါ့။ Teamwork မိနေတာ၊ ထားပါတော့ ... ဒါလည်း ဆက်မပြောချင်သေးဘူး။
တရုတ်စက်ရုံတွေက အမြတ်ဘယ်လောက်မှ မကျန်ဘူးသာ ပြောနေတာ၊ အလုပ်သမား ၆၀၀ ကျော်ရှိတဲ့ စက်ရုံတစ်ရုံကို တစ်လလုံး လစာရှင်းမှ သိန်း ၁၅၀၀ မကျော်ဘူး။ သွင်းတဲ့ ကုန်ကြမ်းကွန်တိန်နာတစ်လုံးစာရဲ့ အပုံ ၂၀ ပုံ ၁ ပုံ တောင် မရှိဘူး။ ဒါပေမဲ့ ကပ်စေးနည်းတဲ့ တရုတ်က နည်းကိုနည်းတာပဲ။ ဥပဒေအရ ပေးရမယ့်ပိုက်ဆံကို မပေးချင်ဘူး၊ အခွင့်အရေးကို မပေးချင်ဘူး။ အလုပ်သမားတွေ သောက်ဖို့ ရေသန့်ဘူးလေး သေချာထားပေးရမှာ၊ နောက်ကျရင် ဝေးရင် ဖယ်ရီကား စီစဉ်ပေးရမှာ၊ အလုပ်ခွင် ဘေးကင်းဖို့ Mask လေး၊ လက်အိတ်လေး ပေးရမှာကိုတောင် နှမြောနေတာမျိုး ရှိတယ်။ ဥပဒေအရ ဌာနက လာစစ်ရင်လည်း ဌာနကပဲ အနိုင်ကျင့်သလိုလို ဘာလိုလိုနဲ့ မျက်ရည်ခံထိုးချင်သေးတယ်။
တရုတ်တွေက မြန်မာနိုင်ငံကို သံယောဇဉ်ရှိလို့ လာလုပ်နေကြတာ မဟုတ်ဘူး။ လုပ်အားခ ပေါတယ်၊ လုပ်သားများတယ်၊ အခွန်ကင်းလွတ်ခွင့်တွေရတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂ (EU) က ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံတွေကို ပေးတဲ့ အခွန်ကင်းလွတ်ခွင့်စနစ် (GSP / Everything But Arms - EBA) ရချင်လို့ လာကြတာ။ ဥပဒေကျူးလွန်မိရင်လည်း ဌာနတွေက တတ်နိုင်သမျှ လျှော့ပေးပြီး လိုက်ညှိပေးတယ်။ ဒီလိုအချက်တွေကြောင့် လာပြီး Invest လုပ်နေကြတာ။ ဌာနတွေက လျှော့ပေးတယ်ဆိုတာကလည်း “အော်... ငါ့နိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံတာပဲ၊ အခြေခံအလုပ်သမားတွေ ဒုက္ခမရောက်ဘူးဆိုတဲ့ စိတ်၊ တတ်နိုင်သမျှတော့ စောင့်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်” တွေနဲ့ လုပ်ပေးကြတာကိုး။
တကယ်တော့ တရုတ်တွေ ကြောက်တာ မြန်မာ့ဥပဒေမဟုတ်ဘူး၊ Buyer (ဝယ်လက်) ပဲ ရှိတယ်။ သူတို့ရဲ့ အဓိက Buyer က ဥရောပဘက်ကလေ။ ဥရောပဘက်က ဝယ်လက်တွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ လိုက်နာရဲ့လား၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လားလို့ လာစစ်ရင် ဟန်ဆောင်အရမ်းကောင်းတယ်။ တချို့ Buyer တွေက ကုမ္ပဏီမှာ အိပ်ပြီး စားပြီးကို လာစစ်တာ။ အဲ့ဒီ Buyer တွေ ပြန်သွားပြီဆိုတာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပါပဲ။ (ဒါပေမဲ့ စက်ရုံတိုင်းကိုတော့ မဆိုလိုပါဘူး။ အဲ့ဒီအထဲမှာ စနစ်တကျနဲ့ ကောင်းတဲ့စက်ရုံတွေလည်း ရှိပါတယ်)။
ဟို... တရုတ်လော်ဘီမကြီး ပြောသလို “တရုတ်နဲ့ မြန်မာ တရားရုံးပြိုင်တက်၊ တရုတ်ပဲ ရှုံးတယ်” တဲ့။ ရှုံးမှာပေါ့... ကိုယ်လုပ်ချင်တိုင်း လုပ်နေတာကိုး။ တက်တဲ့အမှုတွေကလည်း ဆရာ, မနိုင် နှစ်ဆောင်ပြိုင် အမှုတွေချည်းပဲလေ။ ဌာနက တတ်နိုင်သမျှ လိုက်လျောပေးနေရက်သားနဲ့ နောက်ဆုံး ဘယ်လိုမှ ညှိမရတော့မှ တရားစွဲရတာ။ ဌာနကိုယ်တိုင်က တရားစွဲခွင့်ပေးရပြီဆိုရင် ဘယ်လောက်တောင် ဆိုးနေလို့လဲဆိုတာ စဉ်းစားသာကြည့်။ ဥပဒေချိုးဖောက်တိုင်းသာ တရားစွဲရမယ်ဆိုရင် မြန်မာပြည်မှာ တရုတ်စက်ရုံ ရှိတောင်ရှိတော့မှာ မဟုတ်ဘူး။
တကယ်တော့ ဌာနက ကြိုပြောသားပဲ... “ဒါမျိုး မလုပ်နဲ့၊ လုပ်ရင် ခင်ဗျား တရားစွဲခံရမယ်၊ ပြည်တွင်း ပြည်ပ ခရီးသွားလာခွင့် ပိတ်ခံရမယ်၊ စက်ရုံရဲ့ စီးပွားရေးတွေ ချုပ်ခံရမယ်” လို့။ အဲ့ဒါကို ဂရုမှမစိုက်ကြတာ။
အဲ့ဒီတော့ ဟို... | 55 |
| 9 | မြို့လည်ခေါင်လူစည်ကားတဲ့နေရာ
ပေါ်တာဆွဲတယ်တို့ စစ်မူ့ထမ်းအတွက် တွေ့တဲ့လူငယ်ဖမ်းတယ်တို့
ကောလဟလတွေ ဆိုပြီးမယုံခဲ့ပါဘူး..
ကိုယ်လည်းစစ်သားသားသမီးတပ်ထဲ
ကြိးခဲ့တဲ့သူ.စစ်တပ်ကဒါမျိူးတေ့ာ မလုပ်ဘူးလို့ အမြဲယုံကြည်ထားတာနော်..
ဘူတာတို့အဝေးပြေးကားဂိတ်တို့မှာ
လာဆွယ်တာက တပိုင်း..ကိုယ်တောင်
လေလွင့်နေချိန် လာဆွယ် သေးတာ..
ဒါပေမဲ့ မနက်က ကိုယ် ကွမ်းထွက်ဝယ်ချိန် 7နာရီဝန်းကျင်ရှိဦးမယ်..အရပ်ကား
Lite truck နဲ့ မြောက်ဒဂုံ ကပရမှတ်တိုင်
သခင်ဗစိန်လမ်းမှာ ပန်းရံသမားလေး
တွေလို့ယူဆရတဲ့ လူငယ်လေးနှစ်ယောက်ကို အတင်း ကားပေါ်တင်သွား
တာပဲ..အရပ်ဝတ် အချို့ ရယ်ရဲတွေပါ..စစ်သားမပါဘူး..တခြား ပြစ်မူ့နဲ့ဖမ်းတာဆိုလက်ခံပါတယ်..စစ်မူ့ထမ်းအတွက်ဒါမျိူးလုပ်တာဆိုရင်တော့လက်မခံပါဘူး..
ပြန်လည်သုံးသပ်သင့်နေပါပြီ..ပါတ်ဝန်း
ကျင်က လူတွေကတော့စစ်မူ့ထမ်းအတွက် အတင်းအဓ္ဓမ ဖမ်းသွားတယ်ပဲပြောနေကြပါတယ်..
ဖုန်းမပါလို့ သာ ဘာ record မယူနိုင်ခဲ့တာပါ..ဖြစ်စဉ်ကအမှန်ပါ..
Source:Nanda Latt | 139 |
| 10 | ကျတော်တို့ဆီမှာ အားကစားကွင်းတွေရှားသလောက် အရက်ဘီယာဆိုင်တွေပေါများလွန်းတယ်..ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အားကစားကွင်းတွေ
ရှိချင်မှ ရှိမယ်..အရက်ဘီယာဆိုင်တွေကလက်ညှိုးထိုးမလွယ်ဘူး...
အရက်ဘီယာက စျေးမကြီးဘူး.ဒါပေမဲ့
အားကစားနဲ့ဆက်စပ်ပစ္စည်းတွေက
စျေးကြီးတယ်...ဒီတော့တော်ရုံလူတွေဟာ အားကစားကွင်းဘက်မလာကြတော့ဘူး..အရက်ဘီယာဆိုင်ထဲရောက်ကုန်တယ်..ဥပမာ ဝါသနာပါလို့ ဘောလုံး
ကစားချင်ရင် ကိုယ့်လက်ထဲမှာ
အနည်းဆုံး20000လောက်မှ ဖြစ်မယ်
မြက်ခင်းတုလိုကွင်းမှာကန်ချင်ရင်
တစ်ယောက်7000လောက်ကျမယ်
လမ်းစရိတ်ရှိမယ်..စားစရိတ်ရှိမယ်
အောက်ထစ်20000ပဲ။
စျေးသက်သာတဲ့ကွင်းမှာကန်ရင်
1000လောက်ရှိတယ်
ဒါတောင် လိုင်းကားတိုးစီးမှ
တက္ကစီနဲ့ဆို 50000လောက်မှရမယ်
ဒါကြောင့်တော်ရုံဝါသနာနဲ့
အပတ်စဉ် ကစားဖို့ဆိုတာ မလွယ်ဘူး
ဝါသနာကြီးလွန်းတဲ့သူတွေ ပိုက်ဆံတက်
နိုင်တဲ့သူတွေလောက်ပဲ ကန်ကြတယ်
ဒီတော့ လူအများစုက ဘောလုံးကွင်း
ထက် အရက်ဆိုင်ကိုပိုသွားကြတယ်
တစ်ယောက်တစ်သောင်းလောက်စု
သောက်ရင် မူးလိုရတယ် ကဲလို့ရတယ်
မြန်မာပြည်က လူတွေအားကစားမလုပ်
ကြတဲ့အထဲမှာ ပိုက်ဆံပိုကုန်တာရယ်
အသိမရှိတာရယ်ကြောင့်ပဲ
ကျတော်တို့ဆီမှာ လူအများစုလက်ခံ
ထားတာက အားကစားဆိုတာ
အားလပ်တဲ့သူတွေ ကစားကြတာလို့
ခံယူထားကြတယ်
ကျန်းမာရေးအတွက် အားကစားလုပ်ရမယ်ဆိုတဲ့အသိပညာမျိုးလူတိုင်းမှာ
မရှိဘူး..ကျောင်းတွေမှာတောင် ဒီအသိမရှိဘူး..အားကစားလုပ်ချင်တဲ့ကလေးက
စာမလုပ်ချင်လို့ဆိုတဲ့အတွေးမျိုး
ဆရာ ဆရာမတွေဆီမှာရှိတယ်
အားကစားလုပ်နိုင်တဲ့ပတ်ဝန်းကျင်မျိုး
မတည်ဆောက်ပေးထားဘူး
ဒီတော့ မြန်မာလူမျိုးအများစုက
ဝါသနာအရမဟုတ်ရင်တောင် ကျန်းမာရေးအတွက် အားကစားလုပ်ရမယ်ဆိုတဲ့ အသိမျိုးမရှိကြသလို
အားကစားကွင်းတွေရှားပါးခြင်းကလည်း..လူတွေကိုအားကစားမလုပ်ချင်အောင်တွန်းပို့နေသလိုပါပဲ
source:အလင်းဖြူ | 121 |
| 11 | 3 IDIOTS ထဲက တကယ့်အရှုံးသမားက CHATUR လို့ ထင်နေသေးလား?
September 5th… Remember this date.
ဒီနေ့ရောက်တိုင်း 3 Idiots ကြည့်ဖူးတဲ့သူတွေက ဒီစကားကို မှတ်မိကြမှာပါ။
ဒါပေမယ့် ဒီနေ့တော့ Rancho ရဲ့ “All is Well” အကြောင်း မပြောချင်ဘူး။
ကျွန်တော်အကြိုက်ဆုံး အရှုံးသမား တစ်ယောက်အကြောင်း ပြောချင်တယ်။
Chatur Ramalingam သို့မဟုတ် Silencer.
ဟုတ်တယ်…
အဲ့ဒီ Speech ကြီးနဲ့ တစ်ကျောင်းလုံးရှေ့မှာ အရှက်ကွဲခဲ့တဲ့ Chatur။ 😂
Rancho နဲ့ ပြိုင်တိုင်း ခံရတဲ့ Chatur။
ဆယ်နှစ်ကြာရင် ဘယ်သူပိုအောင်မြင်လဲ ပြန်တွေ့မယ်ဆိုပြီး September 5th ကို Challenge လုပ်ခဲ့တဲ့ Chatur။
ဒါပေမယ့်…
Chatur ကို ကျွန်တော် ဘယ်တုန်းကမှ အရှုံးသမားလို့ မမြင်ခဲ့ဘူး။
သေချာပြန်ကြည့်ရင် သူက မညံ့ဘူး။
ကျောင်းမှာ Rancho ပြီးရင် No.2။
No.1 ဖြစ်ချင်လို့ သူတကယ်ကြိုးစားခဲ့တယ်။
အိပ်ချိန်လျှော့တယ်။ စာကျက်တယ်။ ပြိုင်တယ်။
သူယုံကြည်တဲ့နည်းလမ်းနဲ့ သူ့အနာဂတ်အတွက် အစွမ်းကုန်လုပ်ခဲ့တယ်။
တကယ်တော့ Rancho နဲ့ Chatur နှစ်ယောက်စလုံးက အရမ်းကြိုးစားတဲ့လူတွေ ပဲ။
ကွာတာက သူတို့လိုချင်တဲ့အရာ။
Rancho က ပညာကိုချစ်တယ်။
Chatur က အောင်မြင်မှုကိုချစ်တယ်။
Rancho အတွက် Rank က အဓိကမဟုတ်ဘူး။
Chatur အတွက် Rank က သူ့တန်ဖိုးကို သက်သေပြတဲ့အရာဖြစ်နေတယ်။
ဒီနေရာမှာပဲ 3 Idiots က Chatur ကို ဟာသ Character တစ်ယောက်ထက် ပိုပြီးကောင်းအောင် ရေးထားတယ်လို့ ကျွန်တော်ထင်တယ်။
ဘာလို့လဲဆိုတော့…
ကျွန်တော်တို့ထဲမှာ Rancho ထက် Chatur ပိုများလို့ပဲ။
ငယ်ငယ်တုန်းကတော့ Rancho ဖြစ်ချင်ခဲ့ကြတယ်။
“All is Well” လို့ပြောပြီး
ဝါသနာနောက်လိုက်မယ်၊
အမှတ်တွေကို ဂရုမစိုက်ဘူး၊
ကိုယ်ချစ်တာလုပ်ရင်း Excellence ရောက်အောင်သွားမယ်ပေါ့။
ဒါပေမယ့် တကယ့်ဘဝထဲရောက်လာတော့…
Salary ကိုကြည့်ရတယ်။
Position ကိုကြည့်ရတယ်။
တခြားလူတွေ ဘယ်လောက်ရှေ့ရောက်သွားပြီလဲ ကြည့်မိတယ်။
သူများအောင်မြင်တာမြင်ရင် ကိုယ်နောက်ကျနေပြီလားလို့ တွေးမိတယ်။
မသိမသာနဲ့ ကျွန်တော်တို့ Chatur ဖြစ်လာကြတယ်။
ဒါပေမယ့် Chatur ဖြစ်နေတာက မှားတာလား?
ကျွန်တော်တော့ မထင်ဘူး။
ဆယ်နှစ်အကြာမှာ Chatur ဟာ ဘဝပျက်နေတဲ့လူတစ်ယောက် မဟုတ်ဘူး။
Career ရှိတယ်။
ပိုက်ဆံရှိတယ်။
သူလိုချင်ခဲ့တဲ့ Success ကိုလည်း အတိုင်းအတာတစ်ခုအထိ ရခဲ့တယ်။
သူ့ပြဿနာက မအောင်မြင်တာမဟုတ်ဘူး။
သူ့အောင်မြင်မှုကို Rancho နဲ့ တိုင်းတာနေခဲ့တာ။
ဒါက Chatur ရဲ့ အကြီးဆုံးရှုံးနိမ့်မှုလို့ ကျွန်တော်မြင်တယ်။
Farhan က ကိုယ့်အိပ်မက်ကို ရွေးဖို့ သင်ပေးတယ်။
Raju က ကြောက်ရွံ့မှုတွေအောက်မှာ ဘဝမရှင်သန်ဖို့ ပြတယ်။
Joy Lobo က Rank နဲ့ Deadline တွေကြားမှာ လူတစ်ယောက်ရဲ့ဘဝကို မေ့သွားတဲ့ System ရဲ့ရက်စက်မှုကို ပြတယ်။
Rancho ကတော့
“Success ကို မလိုက်နဲ့။ Excellence ကိုလိုက်။ Success က နောက်ကလိုက်လာလိမ့်မယ်” ဆိုတဲ့အရာကို ကိုယ်စားပြုတယ်။
Chatur ကရော?
Chatur က တခြား Lesson တစ်ခုပေးခဲ့တယ်။
ကိုယ်အရမ်းကြိုးစားခဲ့တာတောင် ကိုယ့်ထက်ပိုတော်တဲ့သူ ရှိနေနိုင်တယ်။
အဲ့ဒါဟာ ကိုယ်ရှုံးသွားတာ မဟုတ်ဘူး။
No.2 ဖြစ်တာက Failure မဟုတ်ဘူး။
ကိုယ့်ဘဝမှာ ရထားသမျှအောင်မြင်မှုတွေကို မမြင်တော့ဘဲ
တစ်ယောက်ယောက်ရဲ့ No.1 နဲ့ ကိုယ့် No.2 ကို နှိုင်းယှဉ်နေမိတာကမှ တကယ့်ရှုံးနိမ့်မှု ဖြစ်နိုင်တယ်။
ဒါကြောင့် နှစ်တွေကြာပြီး 3 Idiots ကို ပြန်ကြည့်တဲ့အခါ ဒီကားက ပိုကောင်းလာတယ်။
ငယ်ငယ်တုန်းက Chatur Speech မှာ ရယ်ခဲ့တယ်။
Rancho ကို Hero လို့မြင်ခဲ့တယ်။
“All is Well” ကို Quote လုပ်ခဲ့တယ်။
အသက်နည်းနည်းကြီးလာတော့ Farhan ကို နားလည်လာတယ်။
Raju ရဲ့အကြောက်တရားကို ခံစားတတ်လာတယ်။
ပြီးတော့…
Chatur ကိုလည်း အရင်လောက် မရယ်နိုင်တော့ဘူး။
ဘာလို့လဲဆိုတော့ သူ့ထဲမှာ
ကိုယ့်ကိုယ်ကို နည်းနည်းပြန်မြင်လာလို့ပဲ။
ဒီနေ့ September 5th။
ဆယ်နှစ်အကြာ ဘယ်သူပိုအောင်မြင်မလဲ ပြန်တွေ့ကြမယ်ဆိုပြီး Chatur ချိန်းခဲ့တဲ့နေ့။
အဆုံးမှာ Rancho ကိုတော့ သူ မကျော်နိုင်ခဲ့ဘူး။
ဒါပေမယ့်…
Chatur က မရှုံးခဲ့ဘူး။
သူ့ရှေ့မှာ Rancho ရှိနေခဲ့တာပဲ။
တကယ်တော့ ဘဝမှာလည်း
No.1 မဖြစ်ခဲ့ရုံနဲ့ Loser ဖြစ်သွားတာမဟုတ်ဘူး။
September 5th. Remember this date.
#3idits
#5september
source:Mr.Friday | 93 |
| 12 | အခုရေးတဲ့စာကတော့ ကိုယ့်ကို နိုင်ငံခြားမှာ မနေပဲ မြန်မာနိုင်ငံ ပြန်နေလို့ အချို့က ရေးလာလို့ မြန်မာနိုင်ငံမှာ နေထိုင်ပါကြောင်း တုံ့ပြန်ရေးတဲ့စာ ဖြစ်ပါတယ်... အောင်အောင် IR | 54 |
| 13 | မနေ့က ကျွန်တော်တင်ခဲ့တဲ့ပို့စ်တစ်ခုနဲ့ ပတ်သက်ပြီး အချို့က အဲဒီလောက် မြန်မာနိုင်ငံကို ချစ်နေရင်လည်း နိုင်ငံခြားမှာ မနေနဲ့.... မြန်မာနိုင်ငံသာ ပြန်နေဆိုပြီး ရေးကြတာ ရှိပါတယ်... ရေးတဲ့သူတွေက ကျွန်တော် ဘယ်မှာနေလဲ သိပုံ မရပါဘူး... ကျွန်တော်က ရန်ကုန် ဗိုလ်တစ်ထောင်မှာ နေတဲ့သူပါ... မွေးကတည်းက အခုထိ ဗိုလ်တစ်ထောင်မှာပဲ နေတာပါ.... နိုင်ငံခြားသွားကျောင်းတက်... အလုပ်လုပ်တာကလွဲရင် အချိန်တန်ရင် အိမ်အမြဲ ပြန်လာတဲ့သူပါ... အခုအချိန်ထိလည်း ဝင်လိုက် ထွက်လိုက်ပါပဲ...
ဂျပန်မှာ ပထမဆုံးအကြိမ် ကျောင်းတက်ခဲ့တုံးက ၂၀၀၄-၂၀၀၅ ပေါ့... လွန်ခဲ့တဲ့ နှစ် ၂၀ ပေါ့... အဲဒီတုံးက အဲဒီရောက်မှ ခင်တဲ့ မြန်မာနိုင်ငံသားအချို့က ကျောင်းပြီးရင် မြန်မာနိုင်ငံ မပြန်ပဲ ဂျပန်မှာ ဒုက္ခသည်အဖြစ် ဆက်နေလို့ရတဲ့ နည်းလမ်း ပေးတယ်.... အဲဒါက တိုကျိုက (ကျွန်တော့်ကျောင်းက နာဂိုယာမှာပါ) မြန်မာသံရုံးရှေ့မှာ အပတ်စဥ် စစ်အစိုးရဆန္ဒပြပွဲ ရှိတယ်... ၃, ၄ ကြိမ်လောက် ဆန္ဒဝင်ပြပါ...သူတို့က အဝေးကနေ ဓါတ်ပုံရိုက်ထားမယ်... ပြီးရင် လူ့အခွင့်အရေး ရှေ့နေနဲ့ အဲဒီပုံကို ကိုင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ ဒုက္ခသည်လျောက်လို့ ရတယ်ပေါ့... ကျောင်းပြီးတော့ မြန်မာနိုင်ငံပဲ ပြန်လာခဲ့ပါတယ်...
နောက်တစ်နှစ် ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ကိုရီးယားနိင်ငံမှာ ကျောင်းတက်ခွင့် ရပြန်ပါတယ်... အဲဒီမှာလည်း ဂျပန်တုံးကလိုပဲ ခင်တဲ့ မြန်မာနိုင်ငံသားအချို့က တနဂ်နွေနေ့တိုင်း ဆိုးလ်က မြန်မာသံရုံးရှေ့မှာ စစ်အစိုးရဆန္ဒပြပွဲ ရှိတယ်... ၃, ၄ ခါလောက် ဝင်ပါပြီး မြန်မာနိုင်ငံပြန်ရင် အသက်အန္တရာယ် ရှိပါတယ်ဆိုပြီး ကိုရီးယားက UN ရုံးမှာ ဒုက္ခသည်လျောက်လို့ ရတယ်ပေါ့... အဲဒီအချိန်မှာ ကျွန်တော်က ဆိုးလ်မှာ နိုင်ငံတကာဆက်ဆံရေးကို မဟာဘွဲ့ လေ့လာနေတာ ဖြစ်ပါတယ်... UN တို့၊ ဒုက္ခသည် ခိုလှုံခွင့်တို့ဆိုတာ စာထဲမှာကို ထည့်သင်နေရတာပါ... ကျောင်းပြီးတော့ မြန်မာနိုင်ငံပဲ ပြန်လာခဲ့ပါတယ်...
နောက် ၂၀၀၉-၂၀၁၁ မှာ အမေရိကန်မှာ ကျောင်းတက်ခွင့် ထပ်ကြုံပြန်ပါတယ်... အဲဒီမှာကျတော့ နွေရာသီ ၃ လမှာ အလုပ်သင်အဖြစ် အမေရိကန် ဒုက္ခသည် အကူအညီပေးရေးအေဂျင်စီတစ်ခုနဲ့ နယူးယော့ပြည်နယ်၊ ဆီရာကျူ့စ်မြို့ (Syracuse) မှာ အလုပ်လုပ်ရပါတယ်... အဲဒီမြို့မှာ ထိုင်း-မြန်မာနယ်စပ်ကနေ အမေရိကန်ကို ပြောင်းလာတဲ့ မြန်မာဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ရှိပါတယ်.. သူတို့ကို အကူအညီပေးရပါတယ်... လူ့အခွင့်အရေးရှေ့နေတွေ....မြန်မာဒုက္ခသည်တွေနဲ့ ကျွန်တော် အတူတူအလုပ်လုပ်ပြီး အမေရိကန်အစိုးရရုံးတွေဆီ ဘာသာပြန်သူ အဖြစ်လိုက်ပါပေးရပါတယ်... နောက်ကျောင်းပြီးတာနဲ့ မြန်မာနိုင်ငံ ချက်ခြင်း ပြန်လာခဲ့ပါတယ်... အဲဒီတုံးက ကိုယ်နဲ့အတူ ပညာသင်ဆု အတူ ရတဲ့ အခြားနိုင်ငံတွေက ကျောင်းသား ၈ ယောက်က အမေရိကန်မှာ ဆက်နေပြီး (ကျောင်းပြီး ဘွဲ့ရရင် အလုပ်လုပ်ဖို့ အမေရိကန်မှာ တစ်နှစ်ဆက်နေခွင့်ပေးပါတယ်)...ကိုယ်က ကျောင်းပြီးတာနဲ့ တစ်ပတ်တောင် မနေပဲ မြန်မာနိုင်ငံ ပြန်တာဆိုတော့ အဲဒီတုံးက ပညာသင်ဆုပေးတဲ့ အသိုင်းအဝန်းမှာ ပြောစမှတ် ဖြစ်ခဲ့ပါတယ်... ရန်ကုန်ပြန်ရောက်ပြီး တစ်လ မကြာဘူး... ရန်ကုန်က UNHCR ရုံးနဲ့ အလုပ်ရပါတယ်...
နောက်ပိုင်း အလုပ်ကိစ္စနဲ့ သုတေသနကိစ္စနဲ့ ဥရောပနိုင်ငံတွေလည်း မကြာခဏ ရောက်ပါတယ်... အချိန်တန်ရင် အိမ်ပြန်လာတာပါပဲ... ရန်ကုန်က အီးယူသံရုံးမှာ နိုင်ငံရေးအရာရှိ ၆ နှစ်နီးပါး လုပ်ခဲ့ပါတယ်... ၂၀၁၉ ထဲမှာ ဆိုရှယ်မီဒီယာမှာ ကိုယ့်အပေါ် ခြိမ်းခြောက်မှုတစ်ခု ရှိလာလို့ အဲဒီတုံးက သံရုံးနိုင်ငံခြားသား လုံခြုံရေးအရာရှိက သံရုံးမှာ အချိန်မရွေး လာရောက်ခိုလှုံနိုင်ကြောင်း အသိပေးပါတယ်... ကျေးဇူးတင်ကြောင်းနဲ့ မလုံခြုံဘူးလို့ မခံစားရကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်... အဲဒါတွေ အားလုံး 'အီးယူနဲ့ ကျွန်တော်' စာအုပ်မှာ အသေးစိတ် ရေးသားထားပြီး ဖြစ်ပါတယ်...
ပြောချင်တာ ကိုယ်သာ ပြည်ပမှာနေချင်ရင် နည်းလမ်း အကုန်သိပါတယ်... မျက်ရည်ကျပြလို့ ရပါတယ်... ကိုယ်တိုင် လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း ဖြစ်ပါတယ်... မြန်မာနိုင်ငံ ဆင်းရဲ အဆင်မပြေဖြစ်နေချိန် မြန်မာပြည်သူတွေနဲ့ အတူ ရှိနေသင့်တယ်လို့ ခံစားစိတ်ရှိလို့သာ မြန်မာနိုင်ငံ ပြန်လာတာ ဖြစ်ပါတယ်... ဒါဟာ အခြေခံ မျိုးချစ်စိတ်လည်း ဖြစ်ပါတယ်... ဒီလိုရေးလို့ ပြည်ပမှာ နေတဲ့ မြန်မာနိုင်ငံသားတွေကို မျိုးချစ်စိတ်မရှိဘူးလို့ မဆိုလိုပါဘူး... အားလုံးဟာ သူ့သဘောနဲ့ သူပါ.... မြန်မာ့နိုင်ငံရေးကို အပြင်က လူတွေ နားလည်တာထက် ကျွန်တော် ပိုနားလည်ပါတယ်... ဒီမိုကရေစီ...လူ့အခွင့်အရေးကို အခြားသူတွေ လိုချင်တာထက် ကျွန်တော်က ပိုလိုချင်ပါတယ်...
အိမ်ထောင်မရှိတဲ့သူကို ဘယ်တော့ အိမ်ထောင်ပြုမှာလဲလို့ မေးလာရင် တစ်ခါ နှစ်ခါက အကြောင်း မဟုတ်ပါဘူး... မကြာမကြာမေးလာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်...ဒီလိုပဲ နိုင်ငံခြား ထွက်မသွားတဲ့သူကို (ဆရာ့ပညာအရည်အချင်းနဲ့) ဘာလို့ နိုင်ငံခြားမှာ မနေတာလဲလို့ မကြာမကြာ မေးလာရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်... | 103 |
| 14 | ကျားဖြန့် Message တွေကို ပြန်ဆဲလိုက်လို့ ကိုယ့်ကိုကိုဟုတ်လှပြီထင်နေလား ?
တစ်ဖက်မှာ ကိုယ်ဆဲတာကို ဖတ်နေပြီး စိတ်ဆိုးနေတဲ့သူတယောက်မှမရှိပါဘူး။ဒါပေမယ့်ကိုယ် Reply ပြန်လိုက်တဲ့ တစ်ချက်ကြောင့် ဒီဖုန်းနံပါတ်က Active ဖြစ်တယ်ဆိုတဲ့ Signal တစ်ခု သူတို့ System ဘက်မှာ ရသွားနိုင်တယ်။
အခုတလော Viber, Telegram မှာ Scam Message တွေ Scam Link တွေ တော်တော်များများလိုက်ပို့နေကြတယ်။ပို့လာတဲ့ Account တွေကိုကြည့်ရင်လည်း +66, +1 စတဲ့ နိုင်ငံခြား Country Code တွေနဲ့ Account တွေအများဆုံးတွေ့ရတတ်တယ်။နိုင်ငံခြားဖုန်းနံပတ်နဲ့ Viber , Telegram အကောင့်တခုဖွင့်ဖို့ဆိုတာလည်း $1 , $2 လောက်ပေးလိုက်တာနဲ့ One-time OTP ဝယ်ပြီးဖွင့်လို့ရတဲ့ SMS Verification Service တွေ အများကြီးရှိတာကြောင့် Country Code တစ်ခုတည်းနဲ့ Account ပိုင်ရှင်ရဲ့ တကယ့် Location ဒါမှမဟုတ် Identity ကို အတည်ပြုလို့မရပါဘူး။
နောက်ပြီး ဒီလို Message တွေအားလုံးကို လူတွေက ဖုန်းတစ်လုံးစီကိုင်ပြီး တစ်ယောက်ချင်း လိုက်ပို့နေတာလုံးဝမဟုတ်ဘဲနောက်ကွယ်မှာ Automation, Bot System တွေအများကြီးထားပြီး အလုပ်လုပ်ထားလို့ရပါတယ်။
နားလည်လွယ်အောင်ပြောရရင် သူတို့မှာ ဖုန်းနံပါတ် List တစ်ခုရှိတယ်ဆိုပါစို့။နံပတ် 1000 လည်း ဖြစ်နိုင်တယ်။10000 လည်း ဖြစ်နိုင်တယ်။အဲ့ဒီ List ကို System ထဲထည့်ထားလိုက်တာနဲ့ Bot က သူတို့သတ်မှတ်ထားတဲ့ Link တွေစပြီးပို့ပါပြီ။ဒါဆို လူတစ်ယောက်ယောက် က Viber ဖွင့်၊ Number ရိုက်၊ စာပို့ နောက် Number တစ်ခုထပ်ရှာ။အဲ့လို တစ်ယောက်ချင်း လုပ်နေတာ လုံးဝမလိုတော့ဘဲ System က သတ်မှတ်ထားတဲ့ Flow အတိုင်း အလုပ်လုပ်သွားမှာဘဲဖြစ်တယ်။ဒါကို ကိုယ်ကမသိဘဲ Reply ပြန်လိုက်တာနဲ့ နောက်တစ်ဆင့် Conversation ကို Bot က ဆက်ကိုင်ပြီး ကြိုရေးထားတဲ့ စာတွေကို Condition ပေါ်မူတည်ပြီး ပြန်ပါပြီ။ တချို့ System တွေဆို Ai တွေနဲ့ပါ ချိတ်ထားကြတော့ ကိုယ်ပြန်လိုက်တဲ့ Reply ပေါ်မူတည်ပြီးအဆင်ပြေမယ့် Reply မျိုးတွေကိုလူတယောက်စကားပြောနေတဲ့အတိုင်းကို ပြန်နိုင်ပါတယ်။
AI ပါလာရင် User ရေးလိုက်တဲ့စာက ဘာကိုဆိုလိုတာလဲဆိုတာ ခွဲပြီး အဲ့ဒီအကြောင်းအရာနဲ့ ဆိုင်တဲ့ Response ကို အလိုအလျောက် ပြန်ထုတ်နိုင်တာကြောင့် စာပြန်တာမြန်တယ်၊ ကိုယ်မေးတာနဲ့လည်း အနည်းနဲ့အများ ဆက်စပ်နေတယ်ဆိုပြီး ဟိုဘက်မှာလူအစစ်ရှိနေတာပဲ ဆိုပြီးမထင်ပါနဲ့။
ဒီထက်ပိုသတိထားရမှာက AI Deepfake နဲ့ Voice Cloning ပါ။ဒီနေ့ခေတ် AI က စာပြန်ပေးနိုင်တဲ့အဆင့်တင် မဟုတ်တော့ဘူး။လူတစ်ယောက်ရဲ့ မျက်နှာကို Real-time ပြောင်းတာ၊ အသံကိုတုပြီး ပြောတာမျိုးတွေအထိ လုပ်နိုင်လာပြီ။ဒါကြောင့် Target တစ်ယောက်နဲ့ စကားပြောရင်း ယုံကြည်မှုရလာတဲ့အချိန် Video Call ခေါ်ပြတာမျိုးတွေ ကိုယ့်မိတ်ဆွေအယောက်ဆောင်ပြီး Voice ပို့ Video Call ခေါ်ပြီးပိုက်ဆံချေးတာမျိုးတွေ ဆိုရင်တောင် ယုံလို့မရနိုင်ဘူး။Deepfake ဆိုလို့ TikTok Effect လို မျက်နှာရွေ့တာနဲ့ Effect ပျက်သွားတဲ့အရာမျိုးပဲ မထင်နဲ့။လက်ရှိ Real-time Face Swap နည်းပညာတွေက အရင်ကထက် အများကြီးကောင်းလာပြီ။ Lighting၊ လှုပ်ရှားမှု၊ မျက်နှာရှေ့မှာ တစ်ခုခုကွယ်သွားတဲ့အခြေအနေတွေကိုပါ ပိုကောင်းကောင်း Handle လုပ်နိုင်လာကြတယ်။
အဓိကပြောချင်တာက —
စာနဲ့ပြောလို့လည်း မယုံနဲ့။ Voice Message ပို့ပြလို့လည်း မယုံနဲ့။ Video Call ခေါ်ပြလို့လည်း Identity ကို အဲ့ဒါတစ်ခုတည်းနဲ့ အတည်မပြုနဲ့။
ဒါဆို ဖုန်းနံပါတ်တွေ ဘယ်ကရလဲဆိုတာကလည်း မေးစရာရှိတယ်။အကြောင်းရင်းတစ်မျိုးတည်း သတ်မှတ်လို့မရဘူး။
အရင် Data Leak တွေက ဖြစ်နိုင်တယ်။Online မှာ Public တင်ထားဖူးတဲ့ Contact Number ဒါမှမဟုတ် Marketing , Contact List တစ်ခုခုက ဖြစ်နိုင်တယ်။ဒါမှမဟုတ်အရင် Campaign တစ်ခုက စုထားတဲ့ Number တွေလည်းဖြစ်နိုင်တယ်။အဲ့တော့ ကိုယ့်ဘက်ကလည်းကာကွယ်တဲ့အနေနဲ့ ကိုယ့်ရဲ့ Personal နံပတ်တွေကို Public မှာမလိုအပ်ဘဲမပေးတာအကောင်းဆုံးပါ။
ဒါကြောင့် သံသယဖြစ်စရာ Message ဝင်လာရင် Reply မပြန်တာ Link နှိပ်တာတွေ လုံးဝမလုပ်ဘဲ Block, Report တန်း လုပ်ပါ။ကိုယ်က လူတစ်ယောက်နဲ့ စကားပြောနေတယ်ထင်နေပေမယ့် တစ်ဖက်မှာ ကိုယ့် Reply ကို စောင့်နေတဲ့ လူတစ်ယောက်တောင် ရှိချင်မှရှိမယ်ဆိုတာသိထားပါ။
ဒီ Post ကနည်းပညာနဲ့မရင်းနှီးတဲ့သူတွေအတွက်အဓိကရည်ရွယ်တာဖစ်ပြီး အလိမ်မခံရအောင် ကိုယ့်မိသားစုဝင်တွေနဲ့ မသိသေးတဲ့သူတွေကိုတစ်ဆင့်ပြန်မျှဝေပေးထားကြဖို့အကြုံပြုပါတယ်။
— ရာဇာမင်းခန့်
3 September 2026 | 230 |
| 15 | လေယျာဉ်တင်သင်္ဘောပေါ်မှာ ကြာလာရင် ဂေါက်လာတယ်။ စိတ်အလိုမကျ။ ရန်ဖြစ်။ လုပ်ငန်းမတွင်။ စတဲ့စိတ်ရောဂါတွေဖြစ်တယ်။ ပတ်တရာမှာ အမေရိကန်စစ်သားတွေရောက်နေတာ ဒီရောဂါကိုကုဖို့။ ဖာချမယ်၊ ဆေးချမယ်။ နှစ်ပတ်လောက်နားပြီးရင် အိမ်ပြန်မယ်။
မိုင်းမှာ ၁၄ ရက်တိတိလုပ်ပြီးတိုင်း ၁-ရက်အနားပေးရတယ်။ ဒါဥပဒေ။ ဆက်လုပ်ရင် လုပ်ငန်းခွင်နဲ့သူ့အတွက် အသက်အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် ၁၄ ရက်ဆက်တိုက်ပြီးတာနဲ့နား။ နားရက်အတွက် လစာပေးရတယ်။ Rest and Day Off (RDO) လို့ခေါ်တယ်။
အမေရိကန်စစ်သားနဲ့ မိုင်းအလုပ်သမားတွေကို မြန်မာစစ်သားနဲ့ယှဉ်ကြည့်။ မြန်မာစစ်သားက ပိုကြမ်းတယ်။ ကြမ်းတာမှ ရက်ရက်စက်စက်ဘဝ။ လစာလေးကနည်း၊ ပတ်တရာမှာ ဖာချဖို့မရှိ၊ ဒီကြားထဲ စစ်ခွေးလို့အဆဲခံရ။ တောထဲမှာ နှစ်ပေါက်အောင်နေလည်း RDO မရှိ။ စစ်သားဘဝအတွေ့အကြုံရှိရင် ကျန်တဲ့အလုပ်က အပျော့ပေါ့။
တခါက အူဘာမောင်းတဲ့အချိန်။ အမေရိကန် လေယျာဉ်တင်သင်္ဘောက အနောက်ဖက်ဆိပ်ကမ်း (Fremantle) နားမှာဆိုက်နေတယ်။ ပတ်တရာမှာလို ခဏလာနားတာပါ။ သူတို့ကိုလိုက်ပို့တဲ့အခေါက်မှာ မေးကြည့်တယ်။ ဒါပြီးရင် ဒီသင်္ဘောက ဘယ်သွားမလဲပေါ့။ မသိဘူးလို့ဖြေတယ်။ စစ်သားတွေကိုကြည့်ရတာ မပျော်ကြတဲ့ပုံ။ အရမ်းပင်ပန်းနေကြတဲ့ရုပ်။
ဩဇီအနောက်ဖက်ကမ်းခြေက ပတ်တရာလောက်မစုံဘူး။ သေးသေးလေး။ ပတ်တရာက ပိုပျော်ဖို့ကောင်းတယ်။
source;Thant Zin Htay | 229 |
| 16 | No text... | 240 |
| 17 | စာချုပ်တစ်စောင်ထဲမှာ
သူတို့သမီးနှစ်ယောက်ထည့်
စာချုပ်မှာ တစ်ပြိုင်နက်ထဲ
ထည့်ချုပ်ပါ
source:Minmoezaw Minmoezaw | 228 |
| 18 | ဗန်းမော်ရောက်သွားပြီ
သေချာတာကတော့ စစ်တပ်ဘက်ကသင်္ဘောတွေ ဒီနေ့မနက်ဗန်းမော်ရောက်သွားပြီ.. ဒီသင်္ဘောတွေနဲ့အတူ စားနပ်ရိက္ခာဆေးဝါးတွေအပြင်ဘာတွေသယ်သွားလဲတော့သူတို့ဘဲသိမယ်.. အန္တရာယ်တွေအကြားကရောက်အောင်ချီခဲ့တဲ့မြစ်ကြောင်းခရီး..
မနေ့ကပြောတဲ့"အလံဖြူထောင်တယ်"တို့ "လက်နက်ချတယ်"တို့ဆိုတာတွေကိုတော့ပြည်ပအတိုက်အခံ/မီဒီယာတွေကရေးနေတုန်းဘဲ.. "အလံဖြူလေးတွေပါတဲ့ဓါတ်ပုံပါပြနိုင်ရင်ကောင်းတာပေါ့".. ဓါတ်ပုံအဟောင်းကြီးတွေ ရွှေမျောလုပ်သားမိသားစုတွေထွက်ပြေးလာပုံတွေနဲ့ရောထွေးပြီးဝါဒဖြန့်နေတာကတော့မသင့်တော်ဘူး..
တပ်ကတော့ထုံးစံအတိုင်းအထိအခိုက်အကျအဆုံးစာရင်းအတိအကျထုတ်ပြန်လေ့မရှိပါဘူး.. ဇင်ဘုံနဲ့စင်ခန်းမှာတိုက်ပွဲပြင်းထန်ခဲ့တာတော့အမှန်ဘဲ.. တိုက်ပွဲဖြစ်ရင်အကျအဆုံး/ထွက်ပြေးသူ/ပျောက်ဆုံးသူ/အဖမ်းခံရသူစတာတွေကတော့ရှိမှာသေချာပေမဲ့သတင်းမထုတ်တော့မသိရဘူး.. ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အများပြည်သူသိသင့်သိထိုက်တဲ့သတင်းမှန်တွေကိုတတ်နိုင်သလောက်ထုတ်ပြန်ပေးဘို့တော့လိုလိမ့်မယ်.. နို့မို့ရင် မှားမှန်ရောထွေးသတင်းအတုတွေရဲ့ဒဏ်ကိုအားလုံးလှိမ့်ခံနေကြရမှာ..
ကဲ.. ဗန်းမော်ရောက်ပြီးဘာဆက်လုပ်ဦးမှာလဲ.. သန်းလွင်ထွန်း ၃ စက်တင်ဘာ ၂၀၂၆ | 214 |
| 19 | No text... | 203 |
| 20 | ဝေဠုဝန်ဆရာတော်ကြီးကတော့ ဒီအကြောင်းကို ဟာသဉာဏ်နဲ့ပါ ဆက်ပြောပါတယ်။ လူတစ်ယောက် သေသွားမှ ရေးထုတ်တဲ့ အတ္ထုပ္ပတ္တိတွေက များတယ်။ ဒါပေမယ့် သေသွားတဲ့သူက ကိုယ့်ဘဝအမှန်ကို ကိုယ်ပြန်မပြောနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်တိုင်ရေးနိုင်ရင် ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကောင်းတာ၊ မကောင်းတာ၊ ခံစားခဲ့ရတာ၊ စားခဲ့သောက်ခဲ့ရတာ၊ လုပ်ခဲ့တာတွေကို အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆုံးမပါတယ်။
အဲဒီနောက် ဆရာတော်ကြီးရဲ့ စကားဝိုင်းက ပြောရင်းနဲ့ ပိုပြီး ရယ်မော သွက်လက် လာပါတယ်။
ဦးဩဘာဆရာတော်က “တပည့်တော်တို့ ထမင်းတော့ ခိုးမစားပါဘူးဘုရား” လို့ လျှောက်လိုက်တဲ့အခါ ဝေဠုဝန်ဆရာတော်ကြီးက “ဒါဖြင့် ခေါက်ဆွဲနဲ့ ပလာတာတော့ ခိုးစားခဲ့ပေါ့” လို့ ကြားဖြတ်မိန့်လိုက်ပါတယ်။
ဆရာတော်ကြီးတွေ အားရဝမ်းမြောက်စွာ ရယ်မောကြပါတယ်။
နောက်ပြီး ဦးဩဘာဆရာတော်ရဲ့ ငယ်ဘဝအဖြစ်အပျက်တွေထဲက တစ်ခုကိုလည်း ပြန်ပြောကြပါတယ်။ ညဘက် စာပြန်နေတဲ့ ကိုရင်၊ ဦးပဉ္စင်းတွေ နေတဲ့ လေးထပ်တိုက်ကနေ ခေါက်ဆွဲထုပ်ကို ကြိုးနဲ့ ဆွဲချရင်း အောက်ထပ်က စာပြန်နေသူရဲ့ မျက်နှာကို ခေါက်ဆွဲထုပ်ကြီးက ဝင်တိုက်မိလို့ တစ္ဆေကြီးတွေ့သလို အော်ဟစ်ပြီး အခန်းထဲ ပြေးဝင်ကြတာ၊ တစ်ကျောင်းလုံး ဆူညံသွားတာမျိုးကိုပါ ရယ်မောပြောဆိုကြပါတယ်။
“ဦးဩဘာလည်း ဒီအထုပ်ကြီးထဲ ပါနေဦးမယ်နော်” လို့တောင် ချစ်ခင်စွာ စနောက်ကြပါတယ်။
ဦးဩဘာကလည်း သူ့ဘဝမှာ အဲဒီလိုအရာတွေ ရှိခဲ့ကြောင်း ဝန်ခံပါတယ်။ ညဘက် ကျောက်ကျော၊ ရှာလပတ်ရည် စတာတွေ ဝယ်ခိုင်းတဲ့ကိစ္စမှာ နှစ်ကျိပ်ရှစ်ဆူဆရာတော်ကြီး သိသွားလို့ ဝယ်လာသူကျောင်းသားကို စစ်မေးရာကနေ မူလလက်သည်က သူဖြစ်ကြောင်း ပေါ်သွားပြီး ဒဏ်ထမ်းခဲ့ရတာ၊ နောက်ပြီး စာချဆရာကလည်း တပည့်မကောင်း ဆရာ့ခေါင်းဆိုပြီး ဒဏ်တပ်တာကြောင့် ဒဏ်နှစ်ခါ ထမ်းခဲ့ရတဲ့အကြောင်းကိုပါ ရယ်ရယ်မောမော ပြန်ပြောပါတယ်။
ဦးဩဘာဆရာတော်က ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဘားနတ်ရှောရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေအပေါ် သဘောထားကိုပါ ဆွေးနွေးပါတယ်။ ဘားနတ်ရှောပြောတဲ့ သူများအတ္ထုပ္ပတ္တိကို မဖတ်ချင်တာက ဖတ်တိုင်း လူတွေရဲ့ လိမ်ညာဝါကြွားမှုတွေကို ခံနေရလွန်းလို့ဆိုတဲ့သဘောပါ။
ဝေဠုဝန်ဆရာတော်ကြီးကလည်း ဒီအချက်ကို ထောက်ခံပါတယ်။
အတ္ထုပ္ပတ္တိတစ်စောင်မှာ သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာကောင်းတာတွေချည်း မိုးမွှန်အောင် ရေးနေဖို့ မလိုဘူး။ ဘဝမှာ မကောင်းတာတွေ ရှိခဲ့ရင် ရှိခဲ့တယ်လို့ ရေးရမယ်။ ဘုရားအလောင်းတော်ဘဝတွေမှာတောင် မကောင်းမှုအဖြစ်အပျက်တွေ ပါဝင်ခဲ့တာ ပိဋကတ်တော်မှာ တွေ့ရသေးတာပဲလို့ ဆိုပါတယ်။
အဲဒီအယူအဆကို ဦးဩဘာဆရာတော်က နောက်ဆုံးမှာ လက်ခံပါတယ်။
သူ့အတ္ထုပ္ပတ္တိကို သူကိုယ်တိုင်ရေးတဲ့အတွက် သူ့ဘဝမှာ ဖြစ်ခဲ့တာတွေကို သူ့ထက်ပိုသိသူ မရှိဘူး။ ဒါကြောင့် ဆရာတော်ကြီးတွေရဲ့ အမိန့်အတိုင်း ဒုတိယအကြိမ်ပုံနှိပ်မူမှာ ကိုယ့်ဘဝဖြစ်စဉ်ကို ကိုယ်တိုင် အမှန်အတိုင်း ဖွင့်ဟရေးမယ်လို့ သဘောတူပါတယ်။
ဒီအကြောင်းမှာပဲ ဦးဩဘာဆရာတော်ရဲ့ အထုပ္ပတ္တိရေးဟန်ဟာ ထူးခြားလာပါတယ်။
ဆဋ္ဌသင်္ဂါယနာကာလမှာ တာဝန်ယူနေစဉ် ဆေးလိပ်အလွန်ကြိုက်လို့ ပါးစပ်က ဆေးလိပ်နံ့နံပြီး ဆရာတော်ကြီးတစ်ပါးရဲ့ အပြစ်တင်ခြင်းခံရတာ၊ ပိုက်ဆံ အလိမ်ခံခဲ့ရတာ၊ မိန်းမကိစ္စနဲ့ စွပ်စွဲခံရတာ၊ ငယ်စဉ် ဘုန်းကြီးကျောင်းသားဘဝမှာ သူများလက်မောင်းကို ဓားနဲ့ လှီးခဲ့တာ၊ ဘောလုံးပွဲ ခိုးကြည့်တာ၊ ရုပ်ရှင် ခိုးကြည့်တာ၊ ငယ်စဉ်က ပိုက်ဆံခိုးခဲ့တာ၊ စတဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက် မထည့်ချင်လောက်တဲ့ အကြောင်းတွေကိုတောင် ဖုံးကွယ်မထားဘဲ ထည့်ရေးထားပါတယ်။
အဲဒါကြောင့်ပဲ အခြားဓမ္မကထိကဆရာတော်တွေက ဆရာတော်ဟာ ကိုယ့်အတ္ထုပ္ပတ္တိကို ကိုယ်ရေးရတာဖြစ်ပေမယ့် အမှန်တရားကို ဖုံးမထားရဲတဲ့ သတ္တိရှိသူ၊ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ပါးလို့ သဘောထားကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဆရာတော် ဦးဩဘာရဲ့ အတ္ထုပ္ပတ္တိဟာ “ကိုယ့်ကိုယ်ကို ချီးကျူးဖို့ရေးတဲ့ အတ္ထုပ္ပတ္တိ” မဟုတ်ပါဘူး။ “ကိုယ့်ဘဝကို ကိုယ်တိုင် သက်သေခံပေးတဲ့ မှတ်တမ်း” တစ်ခုနဲ့ ပိုတူပါတယ်။ သိချင်တဲ့စိတ်နဲ့ သိပ်အားမရတဲ့ အပိုင်းတော့ရှိပါတယ်။ ဦးဥက္ကဌနဲ့ လူသေလူဖြစ်ကိစ္စ ဖြစ်ရပ်တွေ အပြီး ကျားကျောင်း (ကမာရွတ်)မှာ တွေ့ကြတော့ အပြန်အလှန်မေးကြတဲ့အခန်းပါ။ လူသေ လူဖြစ် ကိုဘယ်လိုသဘောနဲ့ ရေးထုတ်ရတာလည်းလို့ မေးတော့ ၊ ဦးဥက္ကဌကနေ .. ကိုယ်တော်ရော လည်လည်ပတ်ပတ် ဖတ်ခဲ့ဘူးလို့လား လို့ ပြန်မေးပါတယ်။ ဆရာတော်က အစိုးရက အကုန်သိမ်းထားတာ ရှာဝယ်လို့မှ မရဘူး၊ ဘယ်လိုစိတ်ကူးနဲ့ရေးတာလည်း ဆိုပြီးထပ်မေးပါတယ်။ ဦးဥက္ကဌက လူသေရင် လူမဖြစ်ကောင်းဘူးလားဆိုပြီး ထပ်မေးပြန်ပါရော။ ကျမ်းတတ်စာတတ်တွေ ပီပီ တပါးအမှား တပါးစောင့်ရင်း အမေးနဲ့ပဲ စကားလျောပြီး အဖြေဆီမရောက်ခဲ့တဲ့အပိုင်းတော့ မချင့်မရဲ ဖြစ်ခဲ့မိရပါတယ်။ | 166 |
