5 801
订阅者
-624 小时
+17 天
-2130 天
数据加载中...
吸引订阅者
九月 '26
九月 '26
+22
在0个频道中
八月 '26
+113
在0个频道中
Get PRO
七月 '26
+134
在0个频道中
Get PRO
六月 '26
+145
在0个频道中
Get PRO
五月 '26
+161
在0个频道中
Get PRO
四月 '26
+102
在0个频道中
Get PRO
三月 '26
+54
在1个频道中
Get PRO
二月 '26
+72
在0个频道中
Get PRO
一月 '26
+80
在0个频道中
Get PRO
十二月 '25
+102
在1个频道中
Get PRO
十一月 '25
+80
在0个频道中
Get PRO
十月 '25
+72
在2个频道中
Get PRO
九月 '25
+60
在0个频道中
Get PRO
八月 '25
+75
在1个频道中
Get PRO
七月 '25
+79
在1个频道中
Get PRO
六月 '25
+64
在0个频道中
Get PRO
五月 '25
+65
在0个频道中
Get PRO
四月 '25
+83
在0个频道中
Get PRO
三月 '25
+70
在0个频道中
Get PRO
二月 '25
+71
在0个频道中
Get PRO
一月 '25
+131
在0个频道中
Get PRO
十二月 '24
+157
在1个频道中
Get PRO
十一月 '24
+89
在0个频道中
Get PRO
十月 '24
+107
在0个频道中
Get PRO
九月 '24
+213
在1个频道中
Get PRO
八月 '24
+176
在1个频道中
Get PRO
七月 '24
+230
在1个频道中
Get PRO
六月 '24
+240
在1个频道中
Get PRO
五月 '24
+230
在2个频道中
Get PRO
四月 '24
+163
在1个频道中
Get PRO
三月 '24
+165
在1个频道中
Get PRO
二月 '24
+82
在0个频道中
Get PRO
一月 '24
+115
在0个频道中
Get PRO
十二月 '23
+168
在0个频道中
Get PRO
十一月 '23
+35
在0个频道中
Get PRO
十月 '23
+80
在1个频道中
Get PRO
九月 '23
+54
在0个频道中
Get PRO
八月 '23
+186
在0个频道中
Get PRO
七月 '23
+284
在0个频道中
Get PRO
六月 '23
+290
在0个频道中
Get PRO
五月 '23
+312
在0个频道中
Get PRO
四月 '23
+263
在0个频道中
Get PRO
三月 '23
+376
在0个频道中
Get PRO
二月 '23
+326
在0个频道中
Get PRO
一月 '23
+323
在0个频道中
Get PRO
十二月 '22
+409
在0个频道中
Get PRO
十一月 '22
+373
在0个频道中
Get PRO
十月 '22
+381
在0个频道中
Get PRO
九月 '22
+533
在0个频道中
Get PRO
八月 '22
+535
在0个频道中
Get PRO
七月 '22
+1 035
在0个频道中
Get PRO
六月 '22
+220
在0个频道中
Get PRO
五月 '22
+133
在0个频道中
Get PRO
四月 '22
+133
在0个频道中
Get PRO
三月 '22
+95
在0个频道中
Get PRO
二月 '22
+62
在0个频道中
Get PRO
一月 '22
+87
在0个频道中
Get PRO
十二月 '21
+74
在0个频道中
Get PRO
十一月 '21
+89
在0个频道中
Get PRO
十月 '21
+114
在0个频道中
Get PRO
九月 '21
+166
在0个频道中
Get PRO
八月 '21
+362
在0个频道中
Get PRO
七月 '21
+408
在0个频道中
Get PRO
六月 '21
+485
在0个频道中
Get PRO
五月 '21
+1 227
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 05 九月 | 0 | |||
| 04 九月 | 0 | |||
| 03 九月 | +4 | |||
| 02 九月 | +12 | |||
| 01 九月 | +6 |
频道帖子
ကျားဖြန့် Message တွေကို ပြန်ဆဲလိုက်လို့ ကိုယ့်ကိုကိုဟုတ်လှပြီထင်နေလား ?
တစ်ဖက်မှာ ကိုယ်ဆဲတာကို ဖတ်နေပြီး စိတ်ဆိုးနေတဲ့သူတယောက်မှမရှိပါဘူး။ဒါပေမယ့်ကိုယ် Reply ပြန်လိုက်တဲ့ တစ်ချက်ကြောင့် ဒီဖုန်းနံပါတ်က Active ဖြစ်တယ်ဆိုတဲ့ Signal တစ်ခု သူတို့ System ဘက်မှာ ရသွားနိုင်တယ်။
အခုတလော Viber, Telegram မှာ Scam Message တွေ Scam Link တွေ တော်တော်များများလိုက်ပို့နေကြတယ်။ပို့လာတဲ့ Account တွေကိုကြည့်ရင်လည်း +66, +1 စတဲ့ နိုင်ငံခြား Country Code တွေနဲ့ Account တွေအများဆုံးတွေ့ရတတ်တယ်။နိုင်ငံခြားဖုန်းနံပတ်နဲ့ Viber , Telegram အကောင့်တခုဖွင့်ဖို့ဆိုတာလည်း $1 , $2 လောက်ပေးလိုက်တာနဲ့ One-time OTP ဝယ်ပြီးဖွင့်လို့ရတဲ့ SMS Verification Service တွေ အများကြီးရှိတာကြောင့် Country Code တစ်ခုတည်းနဲ့ Account ပိုင်ရှင်ရဲ့ တကယ့် Location ဒါမှမဟုတ် Identity ကို အတည်ပြုလို့မရပါဘူး။
နောက်ပြီး ဒီလို Message တွေအားလုံးကို လူတွေက ဖုန်းတစ်လုံးစီကိုင်ပြီး တစ်ယောက်ချင်း လိုက်ပို့နေတာလုံးဝမဟုတ်ဘဲနောက်ကွယ်မှာ Automation, Bot System တွေအများကြီးထားပြီး အလုပ်လုပ်ထားလို့ရပါတယ်။
နားလည်လွယ်အောင်ပြောရရင် သူတို့မှာ ဖုန်းနံပါတ် List တစ်ခုရှိတယ်ဆိုပါစို့။နံပတ် 1000 လည်း ဖြစ်နိုင်တယ်။10000 လည်း ဖြစ်နိုင်တယ်။အဲ့ဒီ List ကို System ထဲထည့်ထားလိုက်တာနဲ့ Bot က သူတို့သတ်မှတ်ထားတဲ့ Link တွေစပြီးပို့ပါပြီ။ဒါဆို လူတစ်ယောက်ယောက် က Viber ဖွင့်၊ Number ရိုက်၊ စာပို့ နောက် Number တစ်ခုထပ်ရှာ။အဲ့လို တစ်ယောက်ချင်း လုပ်နေတာ လုံးဝမလိုတော့ဘဲ System က သတ်မှတ်ထားတဲ့ Flow အတိုင်း အလုပ်လုပ်သွားမှာဘဲဖြစ်တယ်။ဒါကို ကိုယ်ကမသိဘဲ Reply ပြန်လိုက်တာနဲ့ နောက်တစ်ဆင့် Conversation ကို Bot က ဆက်ကိုင်ပြီး ကြိုရေးထားတဲ့ စာတွေကို Condition ပေါ်မူတည်ပြီး ပြန်ပါပြီ။ တချို့ System တွေဆို Ai တွေနဲ့ပါ ချိတ်ထားကြတော့ ကိုယ်ပြန်လိုက်တဲ့ Reply ပေါ်မူတည်ပြီးအဆင်ပြေမယ့် Reply မျိုးတွေကိုလူတယောက်စကားပြောနေတဲ့အတိုင်းကို ပြန်နိုင်ပါတယ်။
AI ပါလာရင် User ရေးလိုက်တဲ့စာက ဘာကိုဆိုလိုတာလဲဆိုတာ ခွဲပြီး အဲ့ဒီအကြောင်းအရာနဲ့ ဆိုင်တဲ့ Response ကို အလိုအလျောက် ပြန်ထုတ်နိုင်တာကြောင့် စာပြန်တာမြန်တယ်၊ ကိုယ်မေးတာနဲ့လည်း အနည်းနဲ့အများ ဆက်စပ်နေတယ်ဆိုပြီး ဟိုဘက်မှာလူအစစ်ရှိနေတာပဲ ဆိုပြီးမထင်ပါနဲ့။
ဒီထက်ပိုသတိထားရမှာက AI Deepfake နဲ့ Voice Cloning ပါ။ဒီနေ့ခေတ် AI က စာပြန်ပေးနိုင်တဲ့အဆင့်တင် မဟုတ်တော့ဘူး။လူတစ်ယောက်ရဲ့ မျက်နှာကို Real-time ပြောင်းတာ၊ အသံကိုတုပြီး ပြောတာမျိုးတွေအထိ လုပ်နိုင်လာပြီ။ဒါကြောင့် Target တစ်ယောက်နဲ့ စကားပြောရင်း ယုံကြည်မှုရလာတဲ့အချိန် Video Call ခေါ်ပြတာမျိုးတွေ ကိုယ့်မိတ်ဆွေအယောက်ဆောင်ပြီး Voice ပို့ Video Call ခေါ်ပြီးပိုက်ဆံချေးတာမျိုးတွေ ဆိုရင်တောင် ယုံလို့မရနိုင်ဘူး။Deepfake ဆိုလို့ TikTok Effect လို မျက်နှာရွေ့တာနဲ့ Effect ပျက်သွားတဲ့အရာမျိုးပဲ မထင်နဲ့။လက်ရှိ Real-time Face Swap နည်းပညာတွေက အရင်ကထက် အများကြီးကောင်းလာပြီ။ Lighting၊ လှုပ်ရှားမှု၊ မျက်နှာရှေ့မှာ တစ်ခုခုကွယ်သွားတဲ့အခြေအနေတွေကိုပါ ပိုကောင်းကောင်း Handle လုပ်နိုင်လာကြတယ်။
အဓိကပြောချင်တာက —
စာနဲ့ပြောလို့လည်း မယုံနဲ့။ Voice Message ပို့ပြလို့လည်း မယုံနဲ့။ Video Call ခေါ်ပြလို့လည်း Identity ကို အဲ့ဒါတစ်ခုတည်းနဲ့ အတည်မပြုနဲ့။
ဒါဆို ဖုန်းနံပါတ်တွေ ဘယ်ကရလဲဆိုတာကလည်း မေးစရာရှိတယ်။အကြောင်းရင်းတစ်မျိုးတည်း သတ်မှတ်လို့မရဘူး။
အရင် Data Leak တွေက ဖြစ်နိုင်တယ်။Online မှာ Public တင်ထားဖူးတဲ့ Contact Number ဒါမှမဟုတ် Marketing , Contact List တစ်ခုခုက ဖြစ်နိုင်တယ်။ဒါမှမဟုတ်အရင် Campaign တစ်ခုက စုထားတဲ့ Number တွေလည်းဖြစ်နိုင်တယ်။အဲ့တော့ ကိုယ့်ဘက်ကလည်းကာကွယ်တဲ့အနေနဲ့ ကိုယ့်ရဲ့ Personal နံပတ်တွေကို Public မှာမလိုအပ်ဘဲမပေးတာအကောင်းဆုံးပါ။
ဒါကြောင့် သံသယဖြစ်စရာ Message ဝင်လာရင် Reply မပြန်တာ Link နှိပ်တာတွေ လုံးဝမလုပ်ဘဲ Block, Report တန်း လုပ်ပါ။ကိုယ်က လူတစ်ယောက်နဲ့ စကားပြောနေတယ်ထင်နေပေမယ့် တစ်ဖက်မှာ ကိုယ့် Reply ကို စောင့်နေတဲ့ လူတစ်ယောက်တောင် ရှိချင်မှရှိမယ်ဆိုတာသိထားပါ။
ဒီ Post ကနည်းပညာနဲ့မရင်းနှီးတဲ့သူတွေအတွက်အဓိကရည်ရွယ်တာဖစ်ပြီး အလိမ်မခံရအောင် ကိုယ့်မိသားစုဝင်တွေနဲ့ မသိသေးတဲ့သူတွေကိုတစ်ဆင့်ပြန်မျှဝေပေးထားကြဖို့အကြုံပြုပါတယ်။
— ရာဇာမင်းခန့်
3 September 2026
| 2 | လေယျာဉ်တင်သင်္ဘောပေါ်မှာ ကြာလာရင် ဂေါက်လာတယ်။ စိတ်အလိုမကျ။ ရန်ဖြစ်။ လုပ်ငန်းမတွင်။ စတဲ့စိတ်ရောဂါတွေဖြစ်တယ်။ ပတ်တရာမှာ အမေရိကန်စစ်သားတွေရောက်နေတာ ဒီရောဂါကိုကုဖို့။ ဖာချမယ်၊ ဆေးချမယ်။ နှစ်ပတ်လောက်နားပြီးရင် အိမ်ပြန်မယ်။
မိုင်းမှာ ၁၄ ရက်တိတိလုပ်ပြီးတိုင်း ၁-ရက်အနားပေးရတယ်။ ဒါဥပဒေ။ ဆက်လုပ်ရင် လုပ်ငန်းခွင်နဲ့သူ့အတွက် အသက်အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် ၁၄ ရက်ဆက်တိုက်ပြီးတာနဲ့နား။ နားရက်အတွက် လစာပေးရတယ်။ Rest and Day Off (RDO) လို့ခေါ်တယ်။
အမေရိကန်စစ်သားနဲ့ မိုင်းအလုပ်သမားတွေကို မြန်မာစစ်သားနဲ့ယှဉ်ကြည့်။ မြန်မာစစ်သားက ပိုကြမ်းတယ်။ ကြမ်းတာမှ ရက်ရက်စက်စက်ဘဝ။ လစာလေးကနည်း၊ ပတ်တရာမှာ ဖာချဖို့မရှိ၊ ဒီကြားထဲ စစ်ခွေးလို့အဆဲခံရ။ တောထဲမှာ နှစ်ပေါက်အောင်နေလည်း RDO မရှိ။ စစ်သားဘဝအတွေ့အကြုံရှိရင် ကျန်တဲ့အလုပ်က အပျော့ပေါ့။
တခါက အူဘာမောင်းတဲ့အချိန်။ အမေရိကန် လေယျာဉ်တင်သင်္ဘောက အနောက်ဖက်ဆိပ်ကမ်း (Fremantle) နားမှာဆိုက်နေတယ်။ ပတ်တရာမှာလို ခဏလာနားတာပါ။ သူတို့ကိုလိုက်ပို့တဲ့အခေါက်မှာ မေးကြည့်တယ်။ ဒါပြီးရင် ဒီသင်္ဘောက ဘယ်သွားမလဲပေါ့။ မသိဘူးလို့ဖြေတယ်။ စစ်သားတွေကိုကြည့်ရတာ မပျော်ကြတဲ့ပုံ။ အရမ်းပင်ပန်းနေကြတဲ့ရုပ်။
ဩဇီအနောက်ဖက်ကမ်းခြေက ပတ်တရာလောက်မစုံဘူး။ သေးသေးလေး။ ပတ်တရာက ပိုပျော်ဖို့ကောင်းတယ်။
source;Thant Zin Htay | 199 |
| 3 | 没有文字... | 209 |
| 4 | စာချုပ်တစ်စောင်ထဲမှာ
သူတို့သမီးနှစ်ယောက်ထည့်
စာချုပ်မှာ တစ်ပြိုင်နက်ထဲ
ထည့်ချုပ်ပါ
source:Minmoezaw Minmoezaw | 196 |
| 5 | ဗန်းမော်ရောက်သွားပြီ
သေချာတာကတော့ စစ်တပ်ဘက်ကသင်္ဘောတွေ ဒီနေ့မနက်ဗန်းမော်ရောက်သွားပြီ.. ဒီသင်္ဘောတွေနဲ့အတူ စားနပ်ရိက္ခာဆေးဝါးတွေအပြင်ဘာတွေသယ်သွားလဲတော့သူတို့ဘဲသိမယ်.. အန္တရာယ်တွေအကြားကရောက်အောင်ချီခဲ့တဲ့မြစ်ကြောင်းခရီး..
မနေ့ကပြောတဲ့"အလံဖြူထောင်တယ်"တို့ "လက်နက်ချတယ်"တို့ဆိုတာတွေကိုတော့ပြည်ပအတိုက်အခံ/မီဒီယာတွေကရေးနေတုန်းဘဲ.. "အလံဖြူလေးတွေပါတဲ့ဓါတ်ပုံပါပြနိုင်ရင်ကောင်းတာပေါ့".. ဓါတ်ပုံအဟောင်းကြီးတွေ ရွှေမျောလုပ်သားမိသားစုတွေထွက်ပြေးလာပုံတွေနဲ့ရောထွေးပြီးဝါဒဖြန့်နေတာကတော့မသင့်တော်ဘူး..
တပ်ကတော့ထုံးစံအတိုင်းအထိအခိုက်အကျအဆုံးစာရင်းအတိအကျထုတ်ပြန်လေ့မရှိပါဘူး.. ဇင်ဘုံနဲ့စင်ခန်းမှာတိုက်ပွဲပြင်းထန်ခဲ့တာတော့အမှန်ဘဲ.. တိုက်ပွဲဖြစ်ရင်အကျအဆုံး/ထွက်ပြေးသူ/ပျောက်ဆုံးသူ/အဖမ်းခံရသူစတာတွေကတော့ရှိမှာသေချာပေမဲ့သတင်းမထုတ်တော့မသိရဘူး.. ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အများပြည်သူသိသင့်သိထိုက်တဲ့သတင်းမှန်တွေကိုတတ်နိုင်သလောက်ထုတ်ပြန်ပေးဘို့တော့လိုလိမ့်မယ်.. နို့မို့ရင် မှားမှန်ရောထွေးသတင်းအတုတွေရဲ့ဒဏ်ကိုအားလုံးလှိမ့်ခံနေကြရမှာ..
ကဲ.. ဗန်းမော်ရောက်ပြီးဘာဆက်လုပ်ဦးမှာလဲ.. သန်းလွင်ထွန်း ၃ စက်တင်ဘာ ၂၀၂၆ | 180 |
| 6 | 没有文字... | 163 |
| 7 | ဝေဠုဝန်ဆရာတော်ကြီးကတော့ ဒီအကြောင်းကို ဟာသဉာဏ်နဲ့ပါ ဆက်ပြောပါတယ်။ လူတစ်ယောက် သေသွားမှ ရေးထုတ်တဲ့ အတ္ထုပ္ပတ္တိတွေက များတယ်။ ဒါပေမယ့် သေသွားတဲ့သူက ကိုယ့်ဘဝအမှန်ကို ကိုယ်ပြန်မပြောနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်တိုင်ရေးနိုင်ရင် ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကောင်းတာ၊ မကောင်းတာ၊ ခံစားခဲ့ရတာ၊ စားခဲ့သောက်ခဲ့ရတာ၊ လုပ်ခဲ့တာတွေကို အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆုံးမပါတယ်။
အဲဒီနောက် ဆရာတော်ကြီးရဲ့ စကားဝိုင်းက ပြောရင်းနဲ့ ပိုပြီး ရယ်မော သွက်လက် လာပါတယ်။
ဦးဩဘာဆရာတော်က “တပည့်တော်တို့ ထမင်းတော့ ခိုးမစားပါဘူးဘုရား” လို့ လျှောက်လိုက်တဲ့အခါ ဝေဠုဝန်ဆရာတော်ကြီးက “ဒါဖြင့် ခေါက်ဆွဲနဲ့ ပလာတာတော့ ခိုးစားခဲ့ပေါ့” လို့ ကြားဖြတ်မိန့်လိုက်ပါတယ်။
ဆရာတော်ကြီးတွေ အားရဝမ်းမြောက်စွာ ရယ်မောကြပါတယ်။
နောက်ပြီး ဦးဩဘာဆရာတော်ရဲ့ ငယ်ဘဝအဖြစ်အပျက်တွေထဲက တစ်ခုကိုလည်း ပြန်ပြောကြပါတယ်။ ညဘက် စာပြန်နေတဲ့ ကိုရင်၊ ဦးပဉ္စင်းတွေ နေတဲ့ လေးထပ်တိုက်ကနေ ခေါက်ဆွဲထုပ်ကို ကြိုးနဲ့ ဆွဲချရင်း အောက်ထပ်က စာပြန်နေသူရဲ့ မျက်နှာကို ခေါက်ဆွဲထုပ်ကြီးက ဝင်တိုက်မိလို့ တစ္ဆေကြီးတွေ့သလို အော်ဟစ်ပြီး အခန်းထဲ ပြေးဝင်ကြတာ၊ တစ်ကျောင်းလုံး ဆူညံသွားတာမျိုးကိုပါ ရယ်မောပြောဆိုကြပါတယ်။
“ဦးဩဘာလည်း ဒီအထုပ်ကြီးထဲ ပါနေဦးမယ်နော်” လို့တောင် ချစ်ခင်စွာ စနောက်ကြပါတယ်။
ဦးဩဘာကလည်း သူ့ဘဝမှာ အဲဒီလိုအရာတွေ ရှိခဲ့ကြောင်း ဝန်ခံပါတယ်။ ညဘက် ကျောက်ကျော၊ ရှာလပတ်ရည် စတာတွေ ဝယ်ခိုင်းတဲ့ကိစ္စမှာ နှစ်ကျိပ်ရှစ်ဆူဆရာတော်ကြီး သိသွားလို့ ဝယ်လာသူကျောင်းသားကို စစ်မေးရာကနေ မူလလက်သည်က သူဖြစ်ကြောင်း ပေါ်သွားပြီး ဒဏ်ထမ်းခဲ့ရတာ၊ နောက်ပြီး စာချဆရာကလည်း တပည့်မကောင်း ဆရာ့ခေါင်းဆိုပြီး ဒဏ်တပ်တာကြောင့် ဒဏ်နှစ်ခါ ထမ်းခဲ့ရတဲ့အကြောင်းကိုပါ ရယ်ရယ်မောမော ပြန်ပြောပါတယ်။
ဦးဩဘာဆရာတော်က ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဘားနတ်ရှောရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေအပေါ် သဘောထားကိုပါ ဆွေးနွေးပါတယ်။ ဘားနတ်ရှောပြောတဲ့ သူများအတ္ထုပ္ပတ္တိကို မဖတ်ချင်တာက ဖတ်တိုင်း လူတွေရဲ့ လိမ်ညာဝါကြွားမှုတွေကို ခံနေရလွန်းလို့ဆိုတဲ့သဘောပါ။
ဝေဠုဝန်ဆရာတော်ကြီးကလည်း ဒီအချက်ကို ထောက်ခံပါတယ်။
အတ္ထုပ္ပတ္တိတစ်စောင်မှာ သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာကောင်းတာတွေချည်း မိုးမွှန်အောင် ရေးနေဖို့ မလိုဘူး။ ဘဝမှာ မကောင်းတာတွေ ရှိခဲ့ရင် ရှိခဲ့တယ်လို့ ရေးရမယ်။ ဘုရားအလောင်းတော်ဘဝတွေမှာတောင် မကောင်းမှုအဖြစ်အပျက်တွေ ပါဝင်ခဲ့တာ ပိဋကတ်တော်မှာ တွေ့ရသေးတာပဲလို့ ဆိုပါတယ်။
အဲဒီအယူအဆကို ဦးဩဘာဆရာတော်က နောက်ဆုံးမှာ လက်ခံပါတယ်။
သူ့အတ္ထုပ္ပတ္တိကို သူကိုယ်တိုင်ရေးတဲ့အတွက် သူ့ဘဝမှာ ဖြစ်ခဲ့တာတွေကို သူ့ထက်ပိုသိသူ မရှိဘူး။ ဒါကြောင့် ဆရာတော်ကြီးတွေရဲ့ အမိန့်အတိုင်း ဒုတိယအကြိမ်ပုံနှိပ်မူမှာ ကိုယ့်ဘဝဖြစ်စဉ်ကို ကိုယ်တိုင် အမှန်အတိုင်း ဖွင့်ဟရေးမယ်လို့ သဘောတူပါတယ်။
ဒီအကြောင်းမှာပဲ ဦးဩဘာဆရာတော်ရဲ့ အထုပ္ပတ္တိရေးဟန်ဟာ ထူးခြားလာပါတယ်။
ဆဋ္ဌသင်္ဂါယနာကာလမှာ တာဝန်ယူနေစဉ် ဆေးလိပ်အလွန်ကြိုက်လို့ ပါးစပ်က ဆေးလိပ်နံ့နံပြီး ဆရာတော်ကြီးတစ်ပါးရဲ့ အပြစ်တင်ခြင်းခံရတာ၊ ပိုက်ဆံ အလိမ်ခံခဲ့ရတာ၊ မိန်းမကိစ္စနဲ့ စွပ်စွဲခံရတာ၊ ငယ်စဉ် ဘုန်းကြီးကျောင်းသားဘဝမှာ သူများလက်မောင်းကို ဓားနဲ့ လှီးခဲ့တာ၊ ဘောလုံးပွဲ ခိုးကြည့်တာ၊ ရုပ်ရှင် ခိုးကြည့်တာ၊ ငယ်စဉ်က ပိုက်ဆံခိုးခဲ့တာ၊ စတဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက် မထည့်ချင်လောက်တဲ့ အကြောင်းတွေကိုတောင် ဖုံးကွယ်မထားဘဲ ထည့်ရေးထားပါတယ်။
အဲဒါကြောင့်ပဲ အခြားဓမ္မကထိကဆရာတော်တွေက ဆရာတော်ဟာ ကိုယ့်အတ္ထုပ္ပတ္တိကို ကိုယ်ရေးရတာဖြစ်ပေမယ့် အမှန်တရားကို ဖုံးမထားရဲတဲ့ သတ္တိရှိသူ၊ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ပါးလို့ သဘောထားကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဆရာတော် ဦးဩဘာရဲ့ အတ္ထုပ္ပတ္တိဟာ “ကိုယ့်ကိုယ်ကို ချီးကျူးဖို့ရေးတဲ့ အတ္ထုပ္ပတ္တိ” မဟုတ်ပါဘူး။ “ကိုယ့်ဘဝကို ကိုယ်တိုင် သက်သေခံပေးတဲ့ မှတ်တမ်း” တစ်ခုနဲ့ ပိုတူပါတယ်။ သိချင်တဲ့စိတ်နဲ့ သိပ်အားမရတဲ့ အပိုင်းတော့ရှိပါတယ်။ ဦးဥက္ကဌနဲ့ လူသေလူဖြစ်ကိစ္စ ဖြစ်ရပ်တွေ အပြီး ကျားကျောင်း (ကမာရွတ်)မှာ တွေ့ကြတော့ အပြန်အလှန်မေးကြတဲ့အခန်းပါ။ လူသေ လူဖြစ် ကိုဘယ်လိုသဘောနဲ့ ရေးထုတ်ရတာလည်းလို့ မေးတော့ ၊ ဦးဥက္ကဌကနေ .. ကိုယ်တော်ရော လည်လည်ပတ်ပတ် ဖတ်ခဲ့ဘူးလို့လား လို့ ပြန်မေးပါတယ်။ ဆရာတော်က အစိုးရက အကုန်သိမ်းထားတာ ရှာဝယ်လို့မှ မရဘူး၊ ဘယ်လိုစိတ်ကူးနဲ့ရေးတာလည်း ဆိုပြီးထပ်မေးပါတယ်။ ဦးဥက္ကဌက လူသေရင် လူမဖြစ်ကောင်းဘူးလားဆိုပြီး ထပ်မေးပြန်ပါရော။ ကျမ်းတတ်စာတတ်တွေ ပီပီ တပါးအမှား တပါးစောင့်ရင်း အမေးနဲ့ပဲ စကားလျောပြီး အဖြေဆီမရောက်ခဲ့တဲ့အပိုင်းတော့ မချင့်မရဲ ဖြစ်ခဲ့မိရပါတယ်။ | 143 |
| 8 | နောက်တအုပ်ဖြစ်တဲ့ “သုတေသနသရုပ်ပြအဘိဓာန်” ရဲ့ နောက်ခံ စာအုပ်သမိုင်းကလည်း ထပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။ ပထမအကြိမ်ကို ၁၉၅၅- မှာ ပညာနန္ဒပုံနှိပ်တိုက်က သုံးတွဲမူ ထုတ်ခဲ့ပါတယ်။ အဲ့ဒီမူက ကျွန်တော့်မှာတော့ တအုပ်ပဲ ရှိပါတယ်။ ၁၉၇၅ ခုနှစ်မှာ သုဓမ္မဝတီပုံနှိပ်တိုက်ကနေ ဒုတိယအကြိမ် ပေါင်းချုပ် ထုတ်ဝေခဲ့ပါတယ် ( ပုံ တွင်မြင်ရသည့် သားရေဖုံးအမည်း နှင့်စာအုပ်) ။ အဲ့ဒီမူက ထူးခြားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆရာတော်ရဲ့ သက်တော် ၇၀ ပြည့် ထေရုပ္ပတ္တိကထာ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ နောက်ပိုင်း သာသနာရေးပုံနှိပ်တိုက်တွေကနေ အစဉ်အဆက် ထုတ်ဝေခဲ့တာ တွေ့ရပေမယ့် ထူးခြားတာတစ်ခုကတော့ အဲဒီ ထေရုပ္ပတ္တိကထာဟာ နောက်ပိုင်းမူတွေမှာ မပါတော့တာပါပဲ။ ဘာကြောင့်ဖြုတ်ထားတယ်ဆိုတာတော့ အတိအကျ မသိရပါ။
ကျွန်တော့်အမြင်နဲ့ဆိုရင် အဲဒီထေရုပ္ပတ္တိကထာကို စာအုပ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ မကြည့်ဘဲ သီးခြားတန်ဖိုးရှိတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ကြည့်သင့်ပါတယ်။ အကြောင်းကတော့ ဆရာတော်က ကိုယ့်ဘဝကို ကိုယ်ပြန်ရေးတဲ့အခါ အခြား ဆရာတော်တွေရဲ့ ထေရုပ္ပတ္တိရေးလေ့ရှိသလို ကိုယ့်ကိုယ်ကို အကောင်းချည်း ရွေးထုတ်ပြီး ရေးထားတာ မဟုတ်လို့ပါပဲ။ လူပုဂ္ဂိုလ်မှာဆို ဘဝအကြောင်းမခြွင်းမချန် တင်ပြထားတဲ့ ဆရာကြီး ရွှေဥဒေါင်းလို ပုဂ္ဂိုလ်လို့ ဆိုလို့ရပါတယ်။ ဘာကြောင့် ခေါ်ဆိုလို့ ရသလည်းဆိုတာရယ်၊ အထုပ္ပတ္ထိ ရေးဟန်အတွက် ဘယ်လောက် ဘယ်မျှ အထိ ရိုးသားဖို့လို ကြောင်းနဲ့ စာတွေမှာ ကျမ်းအကိုးအကားဟာ အလွန်အရေးကြီးကြောင်း ကို ဆရာတော်ကြီးများ စုပေါင်းပြီး ဆွေးနွေးပြောဆိုကြတဲ့ အခန်းကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
ဆရာတော်ကြီးတွေ စကားဝိုင်းဖွဲ့ရင်းနဲ့ .....
ဦးဩဘာရေးပြုစီရင်တဲ့ အဘိဓာန်ကျမ်းဟာ အလွန်ကောင်းတယ်၊ ကျောင်းထိုင်ဘုန်းကြီးတိုင်း၊ ကျောင်းဆရာတိုင်း၊ သူတစ်ပါးတို့ရဲ့ အမေးအမြန်းကို မကြာခဏ ခံယူဖြေကြားနေရတဲ့ စာပေပညာရှိတိုင်း အိတ်ဆောင်ထားထိုက်တဲ့ အဘိဓာန်ကြီးဖြစ်တယ်လို့ ဆရာတော်ကြီးများက ချီးကျူးကြပါတယ်။
“တစ်ခုခု မသိတာရှိရင် ဒီသုတေသနအဘိဓာန်ကို လှန်ကြည့်လိုက်တာပဲ” ဆိုတဲ့သဘောမျိုးအထိ အသုံးဝင်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အားနည်းချက်တစ်ခုကိုတော့ ထောက်ပြကြပါတယ်။ မူရင်းကျမ်းညွှန်းတွေ မပါတာပါ။
ဒေဝသာဂရ သိမ်ကုန်းဆရာတော်ကြီးက ကြားဖြတ်ပြီး “ဦးဩဘာသ၊ ကျမ်းညွှန်းကို ဘာဖြစ်လို့ ဖော်ပြမပေးတာလဲ။ ကျမ်းရင်းမူကို သိချင်တဲ့လူကျတော့ အတော်ခက်နေပြီ။ အခုဘဲ ‘ခင်ပွန်းကြီးဆယ်ပါး’ ရဲ့ ကျမ်းရင်းကို သိချင်တာ အရှာရခက်နေပြီ” ဆိုတဲ့သဘောနဲ့ မေးမြန်းပါတယ်။
ဦးဩဘာဆရာတော်ကလည်း အကြောင်းပြချက်ကို ရိုးရိုးသားသား ပြန်လည်ဝန်ခံပါတယ်။
ကျမ်းကြီးကို ရေးပြုစီရင်စဉ်က မိမိဟာ အသက်အရွယ် ပျိုလွင်သေးတာကြောင့် “ငါရေးပြုစီရင်တဲ့ ကျမ်းစာကို ငါ့ကိုယုံကြည်ရင် ဖတ်၊ မှတ်ယူကြပေါ့။ မယုံကြည်ရင် မမှတ်ယူဘဲ နေကြရုံပေါ့” ဆိုတဲ့ မာန်စိတ်မျိုး ရှိနေခဲ့တယ်။ ဒါကြောင့် ဘယ်ကျမ်းကနေ ရလာတာလဲဆိုတဲ့ ကျမ်းညွှန်း၊ သက်သေ၊ သာဓကတွေကို နေရာတကာ မထည့်ခဲ့မိဘူးလို့ ဝန်ခံပါတယ်။
အဲဒီအခါ ဆရာတော်ကြီးတွေက “ဒါကတော့ စာရေးဆရာ၊ ကျမ်းပြုသူတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် မာန်စိတ်မျိုးပဲ။ အဓိမာနလို့ ခေါ်တယ်။ မကောင်းဘူး၊ စာပေသုခမိန်တွေ မထားသင့်ဘူး” လို့ ဆုံးမကြပါတယ်။
အဲဒီစကားက အဘိဓာန်ကျမ်းတစ်စောင်ရဲ့ ကျမ်းညွှန်းအကြောင်းသာ မဟုတ်တော့ပါဘူး။ စာပေသမားတစ်ယောက်အနေနဲ့ “ကိုယ်သိတာကို ကိုယ်သိတယ်ဆိုပြီး ရေးတာ” နဲ့ “ကိုယ်သိတာ ဘယ်ကရလာတယ်ဆိုတာပါ ပြန်လည်ပြသနိုင်တာ” ဘယ်လောက်ကွာခြားသလဲဆိုတာကို ပြောနေခြင်းလည်း ဖြစ်ပါတယ်။
နောက်ထပ် ဆွေးနွေးကြတာက အတ္ထုပ္ပတ္တိရေးနည်းပါ။
အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတစ်ပါးက ကိုယ့်ဘဝဇာတ်လမ်းကို ကိုယ်တိုင်ရေးတဲ့အခါ ကောင်းတာရော ဆိုးတာရော ပြတ်ပြတ်သားသား ရေးဖို့လိုကြောင်း မိန့်ပါတယ်။
လူဆိုတာ ဘဝတစ်လျှောက်လုံးမှာ ကောင်းတာချည်းပဲ လုပ်ခဲ့တာမဟုတ်သလို ဆိုးတာချည်းပဲ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ချီးမွမ်းစရာရှိသလို ကဲ့ရဲ့စရာလည်း ရှိမှာပဲ။ ဒါပေမယ့် အတ္ထုပ္ပတ္တိတွေထဲမှာတော့ အကောင်းတွေကို ရွေးထုတ်ပြီး ကိုယ်ရည်သွေးရေးကြတာ များတတ်ပါတယ်။ မကောင်းတာတွေကိုတော့ ချန်ထားတတ်ကြပါတယ်။
ဒေဝသာဂရ သိမ်ကုန်းဆရာတော်ကြီးကလည်း သူငယ်ချင်းဆရာတော်တစ်ပါး ပျံတော်မူသွားပြီးနောက် တပည့်တွေက ရေးထုတ်တဲ့ ထေရုပ္ပတ္တိတစ်စောင်ကို ဖတ်ဖူးကြောင်း ပြောပါတယ်။ အဲဒီဆရာတော်ရဲ့ ကိုရင်ဘဝတုန်းက ညထမင်းခိုးစားတာတွေ၊ အလုပ်ခိုင်းတဲ့အခါ မကြိုးစားဘဲ ဟိုကပ်ဒီခိုနေတာတွေ၊ စကားအနိုင်ကျင့်ပြောတာတွေ၊ ဆွမ်းမှန်မှန်မခံဘဲ သူများဆီ ကပ်ပါးစားတာတွေက အတ္ထုပ္ပတ္တိထဲမှာ ဘာတစ်ခုမှ မပါဘူးတဲ့။ အကောင်းတွေချည်း ရွေးရေးထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ | 64 |
| 9 | "မိမိရဲ့ ထေရုပ္ပတ္တိရေးတဲ့နေရာမှာ ဦးသန့်ရှင်းကြီး မဖြစ်ချင်ဘူးဆိုသည့် ဖျာပုံတိုက်သစ် ဆရာတော် ”
...........................................................
စာအုပ်တွေကို လှန်လှောကြည့်ရင်းနဲ့ တခါတလေ စာအုပ်တစ်အုပ်ထက် စာအုပ်နောက်ကွယ်က ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ဘဝဇာတ်ကြောင်းက ပိုပြီး စိတ်ဝင်စားစရာကောင်းတာမျိုး သွားတွေ့ရတယ်။ အထူးသဖြင့် အဘိဓာန်လို စာပေကျမ်းကြီးတစ်စောင်ကို ပြုစုရေးသားခဲ့သူတစ်ယောက်ရဲ့ နောက်ကြောင်းကို လိုက်ကြည့်မိတဲ့အခါ စာလုံးတွေ၊ ဝေါဟာရတွေ နောက်မှာ မမြင်ရတဲ့ ဇွဲ၊ အပင်ပန်းခံမှု၊ ဆုံးရှုံးမှုနဲ့ ပြန်လည်ထူထောင်နိုင်တဲ့ စိတ်ဓာတ်တွေ ရှိနေတတ်ပါတယ်။ ဒီလိုပြောရမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဖျာပုံတိုက်သစ် ဆရာတော် ဦးဩဘာသဘိဝံသကိုလည်း ထည့်ပြောရမယ်ထင်ပါတယ်။
ဆရာတော်က “သုတေသနသရုပ်ပြအဘိဓာန်”၊ “သမ္မာမဂ္ဂင်္ဂပဉှာကျမ်း”၊ “စံပြအဘိဓာန်ကျမ်း”၊ “ယောဂီလက်စွဲကျမ်း” စတဲ့ ကျမ်းတွေကို ပြုစုခဲ့သူပါ။ အဲဒီကျမ်းတွေထဲမှာ “သုတေသနသရုပ်ပြအဘိဓာန်” ကတော့ မြန်မာအဘိဓာန်သမိုင်းမှာ ထူးခြားတဲ့နေရာတစ်ခု ရှိတယ်လို့ ပြောလို့ရပါတယ်။ အဘိဓာန်ကို ဝေါဟာရတွေကို တစ်စုတည်း တန်းစီထားတဲ့ပုံစံမျိုးမဟုတ်ဘဲ နှစ်ပါးစု၊ သုံးပါးစု စသဖြင့် အပေါင်းအစုအလိုက် ခွဲခြားပြုစုထားတဲ့ပုံစံက ထူးခြားပါတယ်။
ဒါပေမယ့် ဒီလိုကျမ်းကြီးတစ်စောင် ဖြစ်လာဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။
ဆရာတော်ကိုယ်တိုင် ပြန်ပြောပြထားတဲ့အတိုင်းဆိုရင် “သုတေသနသရုပ်ပြအဘိဓာန်” ကို စတင်ရေးဖြစ်တာဟာ ဦးဖိုးလတ်တို့လို ပညာရှင်တွေက အဘိယာစကပြု တောင်းပန်ကြလို့လည်း ပါပါတယ်။ စာမူဖြစ်လာအောင် ပြုစုရတာ၊ အချက်အလက်တွေ စုဆောင်းရတာ၊ ပြန်စစ်ရတာတွေက တစ်နေ့တစ်ရက်နဲ့ ပြီးသွားတာ မဟုတ်ပါဘူး။
အဲဒီအလုပ်ရဲ့ နောက်ကွယ်မှာ ဆရာတော်ရဲ့ ဇွဲကို အထင်ရှားဆုံး တွေ့ရတာက “စံပြမြန်မာအဘိဓာန်” စာအုပ် ရဲ့ နောက်ကြောင်းသမိုင်းပါ။ ဒီအုပ်အတွက် စပြုစုခဲ့တော့ ဝေါဟာရပေါင်း ကိုးသောင်းခန့် စုဆောင်းပြီးတဲ့အချိန် ၁၉၄၂ ခုနှစ်မှာ ပညာမင်းကြီးရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ စစ်ဖြစ်လာတာကြောင့် စာမူဟာ စစ်ပြေးအစိုးရလက်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားရတဲ့ အလုပ်ဟာ တစ်ခဏအတွင်း ပျောက်သွားခဲ့တာပါ။
၁၉၄၃ ခုနှစ် အဓိပတိဒေါက်တာဘမော် အစိုးရလက်ထက်မှာ ထပ်ပြီး ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။ ဂျပန်ခေတ် မြန်မာစာပေအသင်း ဥက္ကဋ္ဌ သူရိယ ဦးသိန်းမောင်နဲ့လည်း အဘိဓာန်ထုတ်ဝေရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ မြန်မာစာအဘိဓာန်ကော်မတီတွေ ဖွဲ့စည်းပြီး ထုတ်ဝေဖို့အထိ ရောက်လာခဲ့ပေမယ့် အလုပ်မစမီမှာပဲ အသင်းအဖွဲ့ ပျက်စီးသွားခဲ့ပြန်ပါတယ်။
ဒီနေရာမှာ ဆရာတော်ရဲ့ စိတ်နေစိတ်ထားကို ပြသနေတဲ့ ဖြစ်ရပ်လေးတစ်ခုလည်း ရှိပါတယ်။ အဘိဓာန်ကော်မတီဖွဲ့စည်းတဲ့အခါ ဆရာတော်လည်း ပါဝင်ခဲ့ပါတယ်။ လူပုဂ္ဂိုလ် သုံးဆယ်ခန့် ပါဝင်တဲ့အဖွဲ့မှာ ဆရာတော်က ရဟန်းတစ်ပါးတည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နေ့ ဒါရိုက်တာ ဆရာမြင့် ရောက်လာပြီး အဖွဲ့စာရင်းမှာ ဆရာတော်ကို နောက်ဆုံးမှာ ထားထားတာဟာ မသင့်တော်ကြောင်း လာလျှောက်ပါတယ်။ ဆရာတော်ကတော့ အဲဒီကိစ္စကို စိတ်မဝင်စားပါဘူး။
“သူတို့က ပမာဒလေခ ရေးမိတာနေမှာပေါ့၊ အဘိဓာန်ထွက်ရေးသာ အဓိကပါ” ဆိုတဲ့သဘောမျိုးနဲ့ ပြန်မိန့်တော်မူပါတယ်။
ဒါပေမယ့် ဒါရိုက်တာ ဆရာမြင့်ကတော့ မကျေမချမ်းနဲ့ ပြန်သွားတယ်လို့ ဆိုပါတယ်။ မကြာခင်မှာပဲ အသင်းအဖွဲ့က ပျက်စီးသွားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ မှတ်သားစရာတစ်ခု ဖြစ်တယ်လို့ ဆရာတော်က သတိတရအမိန့် ရှိပါတယ်။
အဘိဓာန်ထုတ်ဝေရေးအတွက် ရန်ပုံငွေ ၄၈၀၀ ကို ဖျာပုံက ဘုရားဒကာ ဦးကျော်ရှင်ထံ အပ်နှံထားရာကနေ ဓားပြတိုက်ခံရတာလည်း ရှိပြန်ပါတယ်။ စံပြ မြန်မာအဘိဓါန် စာမူအကြမ်းတွေကို ပိုက်ဆံထုပ်တွေနဲ့ အမှတ်မှားပြီး အဲဒီစာမူတွေပါ ဓားပြတိုက်ယူဆောင်သွားခံရတာကြောင့် တစ်ဖန် ပြန်လည်စုစည်းခဲ့ရတာလည်း ရှိပါတယ်။ တစ်ခါ ပျောက်၊ တစ်ခါ ပျက်၊ တစ်ခါ လုယူခံရနဲ့ အခက်အခဲတွေက မနည်းပါဘူး။ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကပဲ “စံပြမြန်မာအဘိဓာန်” နှစ်တွဲဟာ နောက်ဆုံးမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ "မြန်မာစာပေ ကြီးပွားရေးအသင်းက " ပထမတွဲကို လွတ်လပ်ရေးအမီ ပုံနှိပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၄၈ မှာ ဒုတိယ အုပ်ကို ပုံနှိပ်နိုင်ခဲ့ပါတယ်။ | 47 |
| 10 | ထိုင်းထဲက တရုတ်နိုင်ငံသားတွေကိစ္စ ပုံကြီးမချဲ့ဘို့တရုတ်ကထိုင်းကိုသတိပေးတယ်ဆိုတဲ့သတင်းဖတ်ရတယ်။
ဒီအခါ မနေ့တုန်းက ဖတ်ရတဲ့သတင်း တစ်ခုကိုသွားသတိရတယ်။ ဒါကဘာလဲဆိုတော့ တရုတ်နိုင်ငံသားတွေဟာ ခုဆိုရင် ထိုင်းနိုင်ငံသားတွေအပေါ် Online ကနေလိမ်တာ၊ စျေးဝယ်ကတ်တွေကတဆင့်ငွေတွေခိုးယူတဲ့အဆင့်တောင် မဟုတ်ကြတော့ဘဲ လူကိုယ်တိုင် သွားရောက်ကြပြီး၊
ချမ်းသာတဲ့ထိုင်းသူဋ္ဌေးတွေအိမ်ကနေ တန်ဖိုးရှိပစ္စည်းနဲ့ငွေသားတွေကို လူကိုယ်တိုင်ခိုးယူနေကြတဲ့အပေါ် ပြန်အထွက် လေဆိပ်မှာ ဖမ်းမိတာဘဲ ဖြစ်တယ်။
ထိုင်းသတင်းအဆိုအရ သူတို့ဟာအဖွဲ့လိုက်နဲ့ ယခင်ကလည်းအလားတူခိုးယူကြပြီး ဘန်ကောက်ကနေ ပတ္တရားကိုသွားကာ ရောင်းချတာ၊ဘတ်
ကနေ ယွမ်လဲလှယ်တာလုပ်ပြီး တရုတ်ကိုပြန်သွားကာ စားသောက်နေထိုင်ကြပြီး၊ နောက်ပြန်လာခိုးကြတယ်လို့ဆိုတယ်။
ဒါ့အပြင်တရုတ်နိုင်ငံသားတွေ ဟာ ထိုင်းနိုင်ငံတွင်းမှာတရားမဝင်လုပ်ငန်းတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်ရောက်လုပ်ကိုင်နေကြပြီး
ထိုင်းအမျိုးသမီးတွေကိုဟန်ပြယူတာ၊အမည်ခံခိုင်းတာ လုပ်ပြီး ဟန်ပြကုမ္ပဏီတွေထူထောင်ပြီး ငွေမဲတွေကို ဝင်ငွေရလမ်းတစ်ခုခုပြကာ ငွေဖြူလုပ်(ငွေလျော်ဖွတ်တယ်လို့ခေါ်) ကွန်ဒိုများစွာဝယ်ထားကြတာ၊ပိုင်ဆိုင်မှုတွေများနေတာကိုဖမ်းဆီးရမိတဲ့သတင်းလည်းမြင်မိတယ်။
ထိုင်းထဲက တရုတ်နိုင်ငံသားတွေနဲ့ပတ်သတ်လို့အခြားသတင်းတွေမှာဆိုရင်လည်း လူအများထဲမှာသေနတ်ပစ်ဖောက်တာ၊ရိုင်းပြတာတွေ ဖြစ်လာတဲ့အပေါ်အရေးယူဘို့လက်တွန့်နေကြတယ်ဆိုတာလည်းတွေ့ရတယ်။
မနေ့ကသတင်းတစ်ခုမှာဆိုရင် တရုတ်နိုင်ငံသားတွေဟာ မလေးရှားထဲအထိဝင်ပြီးကျားဖြန့်လုပ်နေကြတဲ့အပေါ် လူ၃၀၀ ကျော်လောက် ဖမ်းမိတာလည်း တွေ့ရတယ်၊ထိုအထဲမှာ မြန်မာက ၃ယောက်လည်းပါတယ်။
ဆိုတော့ ဒီလို အမှုကိစ္စတွေကိုကြည့်ရင် တရုတ်နိုင်ငံသားတွေဟာ တစ်စတစနဲ့ ဒီနိုင်ငံအပါ၊ ထိုင်း၊မလေး၊လာအို၊ခမာနဲ့ဗီယက်နမ့်တွေထဲမှာ ဒုစရိုက်လုပ်ငန်းမျိုးစုံလုပ်ကာ ကျင်လည်ကျက်စားလာနေတာတွေ့ရတယ်။
ဆိုတော့ ဒီအပေါ် ထိုင်းကတော့ ပွင့်လင်းမြင်သာစွာ ဖမ်းမိရင်ဖမ်းမိကြောင်းထုတ်ပြန်တဲ့အပေါ် တာကော က ရွှေစိတ်တော်ညိုးတယ်။
ငြိုငြင်ပြီး၊ ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက " ဒီကိစ္စကို ပုံကြီးချဲ့ ပြောဆိုတာဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်" လို့ သတိပေးခဲ့တယ်။
ဆိုတော့...
ထိုင်းဖက်ကိုကြည့်ပြန်တော့လည်း အနုတင်အစိုးရဟာ နိုင်ငံရေး၊စစ်ရေးအရသာတဖက်က အမေရိကန်နဲ့ပေါ
င်းနေရပေမယ့်လည်း စီးပွားရေးအရဆိုရင် တရုတ်ကိုမှီခိုနေရသလိုဖြစ်နေတယ်။
တရုတ်ထံက ရင်းနှီးမြုပ်နှံသူတွေနဲ့ တရုတ်ခရီးသွားတွေဟာ သူ့စီးပွားရေးရဲ့ဒေါက်တိုင်တွေဘဲ ဖြစ်တယ်။
ဒိအတွက်သိသလောက်ဆိုရင် ထိုင်းဟာလည်း တရုတ်နဲ့ပတ်သတ်လာရင် အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိလုပ်သလို၊တရုတ်နိုင်ငံသားတွေဆိုရင် ညှာတယ်။
ဒါက ထိုင်းတစ်ခုတည်းမှ မဟုတ်ဘဲ ဒီနိုင်ငံအပါ အပေါ်ကဆိုခဲ့တဲ့အိမ်နီးချင်းနိုင်ငံအားလုံးကဒီအတိုင်းပါဘဲ။
ဒါပေမယ့် တကယ်တမ်းမှာတော့ တရုတ်နိုင်ငံသားအချို့ဟာ သူ့နိုင်ငံသူ့အစိုးရနဲ့ သူတို့ဥပဒေက လွှဲပြီး ကျန်နိုင်ငံတွေကို လူ မထင်ဘူး၊ နိုင်ငံတစ်ခုထဲဝင်ပြီး တရားမဝင်တာတစ်ခုခုလုပ်မယ်ဆိုတာနဲ့ ဒေသဆိုင်ရာအာဏာပိုင်ထံဝင်ကြပြီး နောက် စိတ်ထင်တိုင်းပြုကြတာ Open secret တွေပါ။
ဒီနိုင်ငံထဲမှာ ခုတွင်ကျယ်နေတဲ့ မာဆတ်တို့၊KTV တို့ဆိုတာ တရုတ်တွေက စလာလုပ်ကြရင်း၊ခုတော့ တရားဝင်ဖြစ်နေကြပြီ။
ဆိုရရင်၊တရုတ်နိုင်ငံသားအားလုံးကိုမဆိုလို၊ အချို့အပေါ် (အမုန်းစိတ်အရင်းမခံဘဲ) ချုပ်ကြည့်ရရင် သူတို့ဟာ သူတို့နိုင်ငံထဲမှာ ဥပဒေနဲ့တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ လုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်လုပ်ကြတယ်။
နောက်ဒီကရလာတဲ့အကျိုးအမြတ်တွေကို အိမ်နီးချင်းမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေအထဲမှာဘဲတိုက်တာအိမ်ခြံမြေနဲ့ရွှေတွေကို (ငွေမဲကိုငွေဖြူလျော်ဖွတ်ကာ) ဝယ်ယူကြသလို၊
အချို့ငွေကြေးတွေဟာ တရုတ်ပြည်ထဲ ပြန်စီးဆင်းသွားတယ်၊ဒါကို သူတို့အစိုးရရဲ့ငွေကြေးပေါ်လစီနဲ့ ပိုင်ဆိုင့်မှုထိမ်းချုပ်ရေး၊နိုင်ငံခြားငွေကြီးကြပ်ကန့်သတ်ရေးနဲ့ ဝင်ငွေရလမ်းပြနိုင်ရေး၊ဘဏ်အကောင့်ဖုန်းနံပတ်နဲ့ဝင်ငွေစောင့်ကြည့်ရေး၊အခွန်ဆောင်နိုင်ရေးစတဲ့ လုပ်ငန်းတွေမှာ ခေတ်မီနည်လမ်းသုံးနေတဲ့ တရုတ် အစိုးရကမသိဘဲ မနေလောက်ဘူး။
ဒါပေမယ့်လည်း ဒီပြည်ပကဝင်လာတဲ့ငွေတွေကို တရုတ်အစိုးရဟာ မသိကျိုးနွံပြုရင်း အခွန်အခများစွာကဲ့ယူနေခဲ့တယ်။
ဒိအတွက်ဒီလုပ်ငန်းတွေမှာ တရုတ်အစိုးရကလည်းပတ်သတ်ပါဝင်နေတယ်လို့ဆိုနိုင်တယ်။
ဆိုတော့.. ချုပ်ကြည့်ရင် ဒိရှေ့မှာတိုးတက်လာတဲ့နည်းပညာအရရော၊လိမ်နည်းညာနည်းခိုးယူနည်းတစ်ကုဋေ အရပါ..လိမ်လည်ယူကြမယ့် အလုပ်ဟာ...
သူတို့နဲ့သူတို့နဲ့ပူးပေါင်းပါဝင်လုပ်ကိုင်ကြသူတွေအတွက်တော့ မိရိုးဖလာလုပ်ငန်း၊ ရိုးရိုးကျင့်မြင့်မြင့်ကြံလုပ်ငန်း၊တရားဝင်
အခွန်ဆောင်ကာ ငွေဖြူဖြစ်စေတဲ့လုပ်ငန်း သဘောမျိုး ဖြစ်လာတာမို့ အရာရာ သတိထားကြပါ၊ တုတ်တွေဆိုရင် ဝေါင်ဝေါင်ဆွေးပါလို့သာ။
#chinese #thailand #scam #follower
source:Than Phyo Naing | 53 |
| 11 | မယုံမရှိနဲ့
မြောက်ဒဂုံ
အရှေ့ဒဂုံ
အချို့သော
အစိုးရကျောင်းကျောင်း
ကိုယ်ပိုင်ကျောင်းကျောင်း
တချို့
ကျောင်းသားတွေရော
ကျောင်းသူတွေရော
အရမ်းအရမ်းလက်ကုန်
မိုက်ရိုင်းကြတယ်
ပိုက်ဆံအနဲငယ်ရှိသူတွေပါတယ်
ပိုက်ဆံအများကြီးရှိသူတွေရဲ့သားသမီး တွေ
အထူးအထူးပါတယ်
ကိုယ်တွေ့ပါ
တချို့မိဘတွေလည်း
ကြားကြသိကြပါတယ်
မိန်းခလေးတွေလည်း
အုပ်စုလိုက်မိုက်ကြေးခွဲ
အမနာပတွေဆဲကြဆိုကြ
ဆရာ//ဆရာမကိုလည်းမကြောက်
ကြ
ဒီအသက်အရွယ်လေးးနဲ့
လင်လုကြ။ဖိုက်ကြ
ယောင်္ကျားလေးတွေက
ကျောင်းခန်းထဲ အိမ်သာထဲ
ဆေးလိပ်ကိုယ်စီခဲကိုက်သောက်ကြ
အုပ်စုလိုက်မယားလုကြ
သက်သက်မဲ့
အနေအေးသူကို
အုပ်စုလိုက်
အနိုင်ကျင့်ကြ
ကျောင်းသားနဲ့
ကျောင်းသူနဲ့
ဟိုတယ်သွားကြ
ဒါက တချို့ကိုယ်ပိုင်ကျောင်း
အများစုမှာအဖြစ်များတာတွေပါ
တချို့ဆရာမတွေလည်း
ငါးစိမ်းသယ်ထက်ဆိုးတယ်
စရိုက်ကျတာ
ကျောင်းသူတွေကိုဘက်လိုက်
တာတွေ တကယ်ရှိတယ်
တချို့သော
အရှေ့ဒဂုံကအစိုးရကျောင်းက
ဆရာမတွေကတော့တကယ့်ကိုစေတနာရှိတာတွေလည်း
တွေ့ရပါတယ်
ဘယ်သူ့ကိုအပြစ်ပြောပြီး
ဘယ်သူ့ကိုတိုင်ရမှာလဲ
တကယ့်အဖြစ်အပျက်တွေပါ
တချို့မိဘတော်တော်များများ
ကျွန်မပြောတာ
မှန်မမှန်သိကြပါတယ်
တချို့မိဘတွေ ကျောင်းထိလိုက်ပြီး
ဆရာဆရာမတွေကို
ပြသနာလိုက်ရှာတာ
ကျောင်းသူကျောင်းသားတွေကိုလည်း ကျောင်းထိလိုက်လာပြီး
ငါ့ချမ်းသာတယ်ဆိုပြီး
လိုက်အနိုင်ကျင့်တာ
အဲ့လိုမိဘဆိုးတွေလည်းအမြဲတွေရတယ် ကဲကဲဆတ်မိဘတွေ
source:Zin July | 47 |
| 12 | ကျတော်သာ ဦးခင်ရီနေရာမှာဆိုရင် ကိုယ်စားလှယ်လောင်းတင်ထားရင် သွားပြန်နှုတ်ထွက်မိမှာ ဘယ်နဲ့ ကိုယ်ကိုင်ခဲ့တဲ့ ဌာန က ကိုယ်တာ၀န်ယူချိန်က အချိုးတွေ အရေအအတွက်မရှိတဲ့ ဟာတွေကို မသိရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ရှက်ပြီး နှုတ်ထွက်မိမှာဗျ .... သူတော့ ကျုပ်လို စိတ်ရှိမရှိ ကျုပ်မသိဘူး 😢😢😢
#ထူးဉာဏ်
1.11.2025 | 40 |
| 13 | FATF ရဲ့ 19 June 2026 Myanmar statement မှာ fraud နဲ့ cyber-scam activities တွေ မြန်မာနိုင်ငံမှာ extensive ဖြစ်နေဆဲဖြစ်ပြီး significant illicit-finance risks ဖြစ်စေတယ် လို့ တိုက်ရိုက်ဖော်ပြထားပါတယ်။
အဲတာတွေက အစိုးရလုပ်တာမဟုတ်ဘူး နိင်ငံရေး အခြေနေနဲ့ National Secuirty အရ ထိန်းမရတဲ့ နယ်ပယ်တွေမှာ ဖြစ်တဲ့ ကိစ္စ တွေ ဒီတော့ လက်ရှိ အစိုးရလဲ ဘက်မှ မတတ်နိင်ဘူး
ဒါပေမယ့်
Cyber scam၊ drug trafficking၊ border-area illicit economy တွေကို 100% ထိန်းချုပ်ဖို့ အလွန်ခက်တာ မှန်ပါတယ်။
ဒါပေမယ့် FATF က တောင်းဆိုနေတာက—
“ရာဇဝတ်မှုအားလုံးကို အမြစ်ဖြတ်ပါ”
ဆိုတာ မဟုတ်ပါဘူး။
FIU intelligence analysis
ML investigation/prosecution
transnational cooperation
freeze/seize/confiscate criminal proceeds
beneficial ownership transparency
စတာတွေကို လုပ်နိုင်ဖို့ တောင်းဆိုတာပါ။
အထူးသဖြင့် 2026 FATF က Myanmar အတွက် FIU ရဲ့ operational analysis/dissemination နဲ့ money-laundering investigation/prosecution တွေမှာ အရေးတကြီး တိုးတက်ဖို့ လိုနေသေးတယ်လို့ ပြောထားပါတယ်။
အခု လက်ရှိအစိုးရ က FESC ကော်မတီကြီးကို ဖွဲ့ပြီး Export ကရတာတွေကို Import ပြန်သွင်း အရေးကြီးကုန်စည်တွေ စက်သုံးဆီ ကိစ္စ ရပ်တွေကိုသာ မပိတ်ရအောင် သွင်းကုန်တွေ အကုန်ပိတ်ပြီး FATF ကိစ္စ ရပ်တွေမှာ ညိမှာဆိုလို့ သူ့လုပ်ပိုင်ခွင့်ဘောင်က နေထိန်းနေလို့ နိင်ငံခြားငွေ မလောက်င မှုတောင်ဖြစ် လိုင်စင်မရလို့ မှောင်ခိုတောင် အဖြစ်ခံပြီး အနာခံပြီးလုပ်နေလို့ ကျနော်တောင် စိတ်ပျက်ပြီးတော့ ဘာဖြစ်ချင်တာလဲ ဆိုပြီး မေးခွန်းထုတ်ရတယ်
သူမှာလဲ မူးယစ်ဆေးတွေ စံချိန်တင်ဖမ်းဆီးပြ မြဝတီနယ်စပ်က ကျားဖြန့်ကိစ္စ နိင်ငံတကာနဲ့ ပူးပေါင်းပြီး နှိမ်နင်းပြ မှောင်ခိုကိစ္စတွေ သူ့လူတွေ ပါမကျန်အရေးယူအပြစ်ပေးနေတာလဲ မြင်ရတော့ FATF ရဲ့ ကြိုးဆွဲရာမှာ တတ်နိင်သလောက် က ပေးနေတာကို မြင်ရတယ် သူနိင်သလောက် သူထိန်းတာပေါ့လေ သူ့လက်ထက်မှာ FATF Black List မဖြစ်မရေး နာမည်မပျက်ရေးအတွက် အသဲအသန်ကြိုးစားနေတယ်
ဒါပေမယ့် လက်ရှိ ဦးဆောင်သူတွေကို ပြောချင်တာက ဘယ်လောက်ကြိိုးစားပါစေ သူတို့မှာ Agenda ရှိရင် သူတို့လုပ်မှာပါ Iran လို Northkorea လို Global Finance System က နေ ထုတ်လိုက်ရင်တောင်မှ ကိုယ်ဟာကိုယ်ရပ်တည်လို့ရတယ် နည်းလမ်းရှိတယ် Down တော့ဆင်းမယ် ခက်တော့ခက်ခဲမှာပေါ့လေ
မြန်မာစကားပုံအရဆို ပေါက်တဲ့ နှဖူး မထူးတော့ဘူးဆိုသလိုပေါ့ FX ကိုပဲ Control လုပ်ရပါမယ် တတ်စွမ်းသလောက်တော့ ကြိုးစားခဲ့တာပဲလေ မြောက်ကိုရီယားအီရန် လမ်းစဥ်က မကောင်းပေမယ့် တွန်းပို့နေတော့လဲ ဒီလမ်းပဲပေါ့ လောလောဆယ် အာဆီယံ ဆက်ဆံရေး အိမ်နီးချင်းတရုတ် နဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရမှာပေါ့ တကမ္ဘာလုံးနဲ့ကုန်သွယ်တာမှ မဟုတ်တာ ကုန်သွယ်မှု ဆက်ဆံဘက်နိင်ငံတွေကို စျေးလျော့ပေးတာတို့ Promotion ပေးတာတို့ လုပ်ပြီး ဝင်ရမှာပေါ့
တကယ်တော့ ဒီကိစ္စရပ်ကို ကုန်သည်အသင်းတွေ နဲ့ စီးပွားရေး အင်အားစုတွေကို အသိပေးပြီး Brain Strom Forum နဲ့ Risk ကိုဘယ်လိုကျော်မလဲဆိုပြီး ဆွေးနွေးပွဲတွေလုပ်ရမှာပါ အစိုးရတရပ်ထဲ ထိုင်ရှင်းနေတော့ တခုခုဆိုရင် အစိုးရကြောင့် ဖြစ်မှာပေါ့ Risk ကို ယူတဲ့နေရာမှာ Goverment တခုထဲမဟုတ်ဘဲ တကယ်ထိခိုက်မယ့် Business Sector ကလူတွေလဲ တွဲယူသင့်တယ်.. ဖျက်လိုဖိက်စီး လုပ်သူရှိသလို ကူညီပေးနိင်တဲ့ သူတွေလဲ ရှိပါတယ် စီးပွားရေးသမားတွေမှာကြတော့ ညဏ်နီညဏ်နက် နဲ့ လုပ်တတ်ကိုင်တတ်ရှိကြတယ် သီအိုရီ သမားတွေနဲ့ ကွာပါတယ်
FATF ကိုကြောက်ပြီး စီးပွားရေးကို အတွင်းဘက်ကပဲ ချုပ်ထားမယ့်အစား၊ FATF risk ကိုလည်း လျှော့ပြီး legitimate trade ကိုလည်း မသတ်ဘဲ business sector ပါဝင်တဲ့ strategy တစ်ခုလိုတယ်
ဒီထွက်ပေါက်ကို ရှာလို့ရနိင်တယ်
တီးလုံးအတိုင်း ကကွက်ဆင်ရတယ်ဆိုပေမယ့် ကကွက်ပြောင်းလို့ရတယ် တီးလုံးနဲ့ ကိုက်ရင်ပြီးတာပဲလေ
နေစေး | 47 |
| 14 | မြန်မာ့စီးပွားရေး Import & Export လုပ်ငန်းတွေ ကိုနောက်ထက် ထိုးနှက်လာမယ့် FATF ရဲ့ ကိစ္စရပ်..
ဒီကိစ္စ ဖြစ်ပေါ်လာပုံကတော့
၂၀၂၆ ဇွန် ၁၉ ရက် FATF ထုတ်ပြန်ချက် မှာ
မြန်မာကို High-Risk Jurisdiction / Call for Action အဖြစ် ဆက်လက်ထားသော်လည်း “enhanced due diligence — not countermeasures” လို့ တိတိကျကျ ဖော်ပြထားပါတယ်။ ၂၀၂၆ အောက်တိုဘာအထိ ထပ်မံတိုးတက်မှုမရှိရင် countermeasures ကို စဉ်းစားမယ် လို့ ဆိုထားပါတယ်
အခုအချိန်မှာ ..ပြသနာက
“လာမယ့် အောက်တိုဘာမှာ FATF က Countermeasures ချမှတ်မလားဆိုတာ အရေးကြီးတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ” ဖြစ်ပါတယ်။
....
ပြန်ကောက်ရရင်
APG ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ပထမဆုံး Mutual Evaluation ခံခဲ့ပြီး၊ ၂၀၁၀ ကနေ follow-up process ထဲဝင်ခဲ့ပါတယ်။ ၂၀၁၆ မှာ အဲဒီ follow-up process ကနေ ထွက်ခဲ့ပြီး ၂၀၁၈ evaluation အသစ်ကို ပြန်စခဲ့ပါတယ်။ ၂၀၁၈ evaluation ပြီးနောက် မြန်မာနိုင်ငံက AML/CFT စနစ်မှာ အားနည်းချက်တွေရှိနေခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီမှာ FATF နဲ့ ပူးပေါင်းပြီး ပြုပြင်မယ့် Action Plan ကို လက်ခံခဲ့ပါတယ်။ ၂၀၂၀ မှာ Myanmar ဟာ FATF ရဲ့ Increased Monitoring — Grey List ထဲဝင်ခဲ့ပါတယ်။ .
အခုကြုံနေရတဲ့ ကိစ္စရပ်ကတော့ အဲဒီနောက် ၂၀၂၂ အောက်တိုဘာ ၂၁ မှာ FATF က Myanmar ကို Grey List အဆင့်ကနေ ပိုမိုပြင်းထန်တဲ့ High-Risk Jurisdiction / Call for Action အဆင့်ကို တင်ခဲ့ပါတယ်။
အခုအဲတာကို ထပ်ပြီး အဆင့်မြင့်မယ် Countermeasures တွေ Black List တွေပေါ့လေ ဒီကိစ္စ တွေ က ဖြစ်နိင်လားဆိုရင် ဖြစ်လာနိင်ပါတယ် အခုလက်ရှိ Myanmar အတွက် FATF က ပြောထားတာက— Enhanced Due Diligence — NOT Countermeasures ပဲရှိပါသေးတယ် ဒါက လာမယ့် လ OCT မှာ အဖြေထွက်မယ်
FATF Black List ထဲမှာ အီရန် တို့ မြောက်ကိုရီးယားတို့ရှိပါတယ် နောက် Gray List မှာဆိုရင် နိင်ငံပေါင်း ၂၂ နိင်ငံ Vietnam တို့ Nepal တို့လဲပါတယ်..
ဒီတော့ Risk ကိုလေ့လာကြည့်ရအောင်
ကဲဟုတ်ပြီ
အခု High-Risk Jurisdiction / Call for Action အဆင့်မှာတင် တရားဝင်နိင်ငံခြားငွေ လွဲပြောင်းမှု Global Finicing International Payment တွေမှာ ခက်ခဲနေပါပြီ
FATF countermeasures ဖြစ်လာရင်တော့
Exporters / Importers / Banks / Remittance / Trade finance / Correspondent banking တွေမှာ friction ပိုတက်နိုင်ပါတယ်။
ဒါတွေက နိင်ငံတကာက Bank စနစ်တွေက မြန်မာနိင်ငံက International Banking ကိစ္စရပ်တွေမှာ Risk ရှိတယ်သတိထားကြပါလို့ သတ်မှတ်တဲ့သဘော စာရွက်စာတမ်းတွေ ပိုစစ်တာ တို့ ငွေအဝင် ကြာတာတို့ ဘာတို့ပေါ့လေ “Global financial system ထဲက access တွေလျော့ ချမှာပေါ့လေ
တကယ်တော့ FATF ကို “ငွေကြေးစနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းကမ်းထိန်းသူ” လို့ ခေါ်ကြတယ် နားလည်ကြတယ်ပေါ့လေ သူက မြန်မာဘဏ်တွေ ကို ပိတ်လို့တော့မရဘူး Sanction လဲ ချလို့မရဘူး ဗဟိုဘဏ် ကိုလဲ အမိန့်ပေးလို့မရဘူး ဒါပေမယ့် FATF က “ဒီနိုင်ငံမှာ financial crime risk မြင့်တယ်” လို့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို signal ပေးနိုင်တယ်။ နိင်ငံတကာ ဘဏ်တွေမှာ အချင်းချင်းငွေလွဲတဲ့ အခါ Alram ပေးတဲ့ သဘောမျိုးဆိုတော့ လုပ်ရကိုင်ရ ခက်တယ်ပေါ့လေ ၂၀၀၁ ခုနှစ်မှာ FATF က Terrorist Financing ကို mandate ထဲ ထည့်လိုက်ပါတယ်။ AML = Anti-Money Laundering , CFT = Countering Financing of Terrorism ဆိုတာတွေ ကို ထိန်းချုပ်ဖို့လုပ်လိုက်တယ်
အကြောင်းအချက်
တကယ်တော့ ငွေမည်းတွေ ခဝါချတာတို့ အကြမ်းဖျက်ငွေကြေးတွေကို မြန်မာနိင်ငံ အစိုးရက စီမံနေတာတော့မဟုတ်ဘူး ဒီနေရာမှာ “မြန်မာက ငွေမည်း/အကြမ်းဖက်ငွေကြေးကို ဘယ်လိုသုံးနေလဲ” ဆိုတာကို နိုင်ငံတစ်နိုင်ငံလုံး၊ အစိုးရတစ်ခုလုံးက တမင်သုံးနေတာမဟုတ်ဘူး
((( FATF/APG က စိုးရိမ်တာက မြန်မာ့ဘဏ္ဍာရေးစနစ်၊ စီးပွားရေးစနစ်ထဲကို ရာဇဝတ်မှုကရတဲ့ငွေတွေ ဝင်လာပြီး ပြန်လည်လည်ပတ်နိုင်တဲ့ လမ်းကြောင်းတွေ ရှိနေခြင်း ))) ဆိုတာပါ
အထင်သာမြင်သာရှိတဲ့ လမ်းကြောင်းတွေကို ပြောရရင်—
၁။ မူးယစ်ဆေးဝါး → ငွေ → စီးပွားရေးထဲဝင်
ဥပမာ—
မူးယစ်ဆေးရောင်းငွေ
→ ဟွန်ဒီ/Underground banking
→ ငွေသား
→ ကုမ္ပဏီ/ပိုင်ဆိုင်မှု/အိမ်ခြံမြေ
→ တရားဝင်စီးပွားရေးငွေလို ဖြစ်သွားခြင်း
APG ရဲ့ 2018 Myanmar assessment မှာ မူးယစ်ဆေးဝါးကနေ ရရှိတဲ့ငွေတွေကို မြန်မာ့ပြည်တွင်းစီးပွားရေးထဲ ရင်းနှီးမြှုပ်နှံခဲ့တဲ့ သမိုင်းကြောင်းရှိကြောင်း၊ ဘဏ်တွေ၊ ဥပဒေရေးရာ entities၊ precious metals/stones နဲ့ FX dealers တွေမှာ ML risk ရှိကြောင်း ဖော်ပြထားပါတယ်။
နောက်တချက် အခုကျားဖျန့်ကိစ္စတွေ
Cyber Scam → Underground Banking → နိုင်ငံခြားငွေ
ဒါက FATF က 2026 မှာ အထူးပြောထားတဲ့အချက် ပါ။
ဥပမာ—
Online scam
→ လူတွေထံက ငွေခိုး
→ Crypto / bank account / mule account
→ Hundi / underground banking
→ နိုင်ငံခြားသို့ရွှေ့
→ ပြန်လည်ရင်းနှီးမြှုပ်နှံ | 63 |
| 15 | ကျားဖြန့်တွေရဲ့ နည်းလမ်းတစ်ခု....
Online ကနေ ပစ္စည်းတစ်ခုခု မှာလိုက်တယ်။
ပစ္စည်းက မှာလိုက်တဲ့အတိုင်း အမှန်အကန်ပဲ
ရောက်လာတယ်။ ရက်လည်း အတိအကျပဲ။
တန်ဘိုးလည်းမှန်တယ်။ Payment မှာလည်း
ဘာမှ မှားယွင်းတာ မရှိဘူး....
ဒါပေမယ့် ထူးခြားတာတစ်ခုရှိတယ်။ မှာလိုက်တဲ့
ပစ္စည်းနဲ့အတူ Qr code ကူပွန်လေးတစ်ခု အဆစ်
ပါလာတယ်။ ဗလာမပါ ကံစမ်းမဲဆိုပြီး....
ပစ္စည်းမှာသူက ဗလာမပါ ကံစမ်းမဲလို့ဆိုတော့
ဝမ်းသာအားရနဲ့ ပါလာတဲ့ QR code ကို Scan
လုပ်ကြည့်လိုက်တယ်....
ဘာကံစမ်းမဲမှ မပေါက်ဘဲ Scan ဖတ်လိုက်တဲ့
ဖုန်းထဲက အချက်အလက်တွေ အားလုံးလိုလို
ပါသွားတယ်။ Banking data တွေပါ ယူနိုင်တဲ့
အခြေအနေရှိတယ်....
သတိထားလို့ရအောင်ပါ....
😪😪😪
source:အသုပ်စုံ | 96 |
| 16 | ပူတာအို လက်ရှိဈေး
ပုံပါငှါး ၇၀၀,၀၀၀
(7 သိန်း)
ဆန်တစ်အိတ် ပူတာအို ၁၆၀၀၀၀
ကျွန်တော် မွေးရပ်မြေ ရွာ မှာ ဆန်အိတ်လျော့ တစ်အိတ်
၁,၁၀၀,၀၀၀( 11 သိန်း)
source:Sanlu Ram Seng | 117 |
| 17 | ကိုယ့်ထမင်းကျွေးခဲ့တဲ့ သူငယ်ချင်းရဲ့မိန်းမကို တစ်ညလောက်ပေးအိပ်ဖို့ တောင်းဆိုရဲတဲ့ အော့နှလုံးနာဖွယ်ရာ သူငယ်ချင်းယုတ်
ကိုယ့်အိမ်မှာ ခေါ်ထား၊ ခေါ်ကျွေးပြီး ညီအစ်ကိုလို ဆက်ဆံခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်က အိမ်ပေါ်မှာတင် မူးယစ်ဆေးတွေသုံး၊ ဗီဇတွေပြနေလို့ မခံနိုင်တော့ဘဲ အိမ်ပေါ်ကနေ နှင်ချလိုက်ရတာဗျာ။ ဒါကို ကျေးဇူးမသိဘဲ အိမ်ပေါ်ကဆင်းသွားပြီးမှ "မင်းမိန်းမက လှတယ်ကွာ၊ ငါ့ကို တစ်ညလောက် ပေးအိပ်ပါလား" လို့ ပြောင်ပြောင်တင်းတင်း လာစော်ကားတာဗျ။ အဲဒီတင်တင် ရပ်လားဆိုတော့ မဟုတ်ဘူး၊ ဖုန်းထဲကနေပါ တန်ရဲ့ဇနီးကို နှာဘူးစာတွေ၊ ညစ်ညမ်းစာတွေ ထပ်ခါတလဲလဲ ပို့ပြီး ကြာကူလီလိုက်လုပ်နေတဲ့ စော်ကားမော်ကား လုပ်ရပ်တွေကို ဆက်လုပ်နေတာဗျာ။
ယောက်ျားတစ်ယောက်အနေနဲ့ သေချင်သေရမယ်၊ ဒီလိုအရှက်မျိုး၊ ဒီလိုသိက္ခာအစော်ကားခံရမှုမျိုးကတော့ ဘယ်လိုမှ သည်းခံလို့မရဘူး။ အဲဒါကြောင့် စစ်တပ်က တပ်ကြပ်ကြီး တန် ကလည်း လင်ယောက်ျားသိက္ခာအတွက် ဒေါသအရှိန်မထိန်းနိုင်ဘဲ ဂျေဆာဒါဗိုဒင် တံတားအောက်မှာတင် စည်းကမ်း ၃ ချက် ချမှတ်ပြီး "မင်းနဲ့ငါ တစ်ယောက်ချင်းစီ လက်သီးချင်းလဲပြီး အပြတ်ရှင်းမယ်" ဆိုပြီး ဒိုင်ခံ စိန်ခေါ်ထိုးနှက်ခဲ့တာဗျာ။အဲဒီတုန်းက ချထားတဲ့ စည်းကမ်းချက် ၃ ချက်ကတော့—
၁။ ရဲစခန်းမှာ လုံးဝအမှုသွားမတိုင်ရ၊
၂။ ဘယ်သူပဲနာနာ မိမိအစီအစဉ်နဲ့မိမိ ဆေးကုရမယ်၊
၃။ တစ်ဖက်လူ လက်မြှောက်အရှုံးမပေးမချင်း အပြတ်ထိုးရမယ် ဆိုပြီး သတ်မှတ်ခဲ့ကြတာဗျာ။ အဲဒီပွဲမှာ ယောက်ျားချင်း တစ်ယောက်ချင်း ထိုးကြတော့ အက်ဖ်က တန်ရဲ့ ခိုင်မာတဲ့ လက်သီးချက်တွေအောက်မှာ လုံး၀မှောက်သွားပြီး လက်မြောက်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီလို တစ်ယောက်ချင်း ထိုးပြီး သိက္ခာချ ဆုံးမထားတာကိုတောင် အက်ဖ်က အသိတရားမ၀င်သေးဘဲ၊ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုပါ ချိုးဖောက်ပြီး ရဲစခန်းမှာ ခိုးကြောင်ခိုးဝှက် သွားရောက်အမှုဖွင့်ခဲ့သေးတယ်ဗျာ။
အဲဒီလိုနဲ့ မပြီးပြတ်နိုင်သေးဘဲ နောက်ဆုံးအခင်းဖြစ်ပွားတဲ့နေ့မှာတော့ အက်ဖ်က လမ်းမှာတွေ့လို့ တန်ကို ထပ်ပြီး စော်ကားဆဲဆိုတာတွေ လုပ်လာပြန်ရော။ အဲဒီမှာတင် တန်လည်း စိတ်မထိန်းနိုင်တော့ဘဲ သူ့ရဲ့တပည့် ၂ ယောက်နဲ့အတူ မော်တော်ဆိုင်ကယ်နဲ့ လိုက်လံပိတ်ဆို့ပြီး လမ်းမပေါ်မှာတင် အုပ်စုလိုက် ဝိုင်းရိုက်ပြီး အပြတ်ဆုံးမပစ်လိုက်ရတာ ဖြစ်ပါတယ်ဗျာ။ အဲဒီလို လမ်းပေါ်မှာ အုပ်စုလိုက်စုပြီး ဝိုင်းရိုက်ပြီးသွားမှပဲ တန်က ရဲစခန်းမှာ ပြဿနာတွေ ကျေအေးသွားအောင်ဆိုပြီး ဆေးဖိုး ဘတ် ၃,၀၀၀ နဲ့အတူ အက်ဖ်ရဲ့ ဆိုင်ကယ်ပြင်ခတွေကိုပါ လျော်ပေးခဲ့တယ်ဗျာ။
သူ့မိန်းမကိုယ်တိုင်ကလည်း "ဒီလိုကြာကူလီကောင်မျိုး အရိုက်ခံရတာ အားရတယ်၊ နည်းတောင်နည်းသေးတယ်" ဆိုပြီး လင်ဖြစ်သူရဲ့ ဗီဇဆိုးတွေကို အကုန်ဖွင့်ချပစ်တာ။ တပ်ကြပ်ကြီး တန်ကတော့ "ကိုယ့်မိန်းမသိက္ခာအတွက် ယောက်ျားချင်း အပြတ်ရှင်းခဲ့တာမို့ ဥပဒေအရ ဘာပဲရင်ဆိုင်ရရဲရဲ ဝံဝံ ရင်ဆိုင်မယ်" လို့ မီဒီယာတွေရှေ့မှာ ယောက်ျားပီပီ ပြောသွားတယ်ဗျာ။
အခု အဲဒီကောင် အက်ဖ် (F) ရဲ့ လက်ရှိအခြေအနေကတော့ တကယ်ပဲ ဘဝပျက်မယ့် လမ်းကြောင်းပေါ် ရောက်သွားပြီဗျာ။ တပ်ကြပ်ကြီး တန် ဆီကနေ လမ်းမပေါ်မှာ ဝိုင်းရိုက်ခံရလို့ ဒဏ်ရာရထားတဲ့အပြင်၊ အခုဆို သူ့ရဲ့ ကြာကူလီစရိုက်ဆိုးတွေ လူသိရှင်ကြား ပေါက်ကြားကုန်လို့ တစ်နိုင်ငံလုံးက ဝိုင်းဝန်းကဲ့ရဲ့ ရှုတ်ချတာကို ခံနေရတာ။ အထူးသဖြင့် သူ့မိန်းမကိုယ်တိုင်က "ဒီလိုလင်မျိုး အရိုက်ခံရတာ ကောင်းတယ်၊ သနားဖို့မပြောနဲ့" ဆိုပြီး အိမ်ထောင်ရေးဖောက်ပြန်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ တရားဝင် ကွာရှင်းပြတ်စဲဖို့ ပြင်ဆင်နေပြီဗျ။ ဒါတင်မကသေးဘူး၊ အက်ဖ်ဟာ တန်အိမ်မှာတင် ဆေးချတာတင်မကဘဲ အပြင်မှာပါ တရားမဝင် မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်နေတယ်ဆိုတာ ပေါ်သွားလို့ ရဲတပ်ဖွဲ့က နောက်ကြောင်းပြန် စုံစမ်းနေပြီမို့ မကြာခင် ထောင်ထဲဝင်ရဖို့ သေချာသလောက် ရှိနေတယ်ဗျာ။ အတိုချုပ်ပြောရရင်တော့ အက်ဖ်ဟာ မိန်းမကလည်း စွန့်ပစ်၊ လူမှုပတ်ဝန်းကျင်ကလည်း အော့နှလုံးနာ၊ ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်ဖို့ လုပ်နေတာမို့ လုံးဝကို ဘဝပျက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်ဗျာ။
source:Khun Maung Pan | 129 |
| 18 | ကျတော်က ပွဲတွေဆို တော်ရုံတက်လေ့မရှိဘူး ဖိတ်လည်း မသွားဖြစ်တာများတယ်
ဒါပေမဲ့
ကျတော်စိတ်ဝင်စားတဲ့ပွဲဆို မဖိတ်လည်း
မရောက် ရောက်အောင်သွားတယ်
အခု MIU နဲ့ FOXတို့ရဲ့ စပွန်ဆာချုပ်ဆိုပွဲကို စိတ်ဝင်စားလို့ သွားတက်ဖြစ်တယ်
ဖိတ်တဲ့ညီလေး ကိုလည်း အရမ်းကျေးဇူးတင်တယ်
သူနဲ့စကားတွေပြောဖြစ်တော့
ဝတ်စုံစပွန်ဆာအပြင် ငွေကြေးပါပေးမှာအကိုတဲ့။
ဒီစကားက ကျတော့်ကို စိတ်ဝင်စားစေတယ်
ဘာလို့ဆို
ကျတော့်တို့ဆီမှာ အားကစားပစ္စည်းရောင်းတဲ့လုပ်ငန်းရှင်တွေက
ဝတ်စုံပဲ ထောက်ပံ့တာများတယ် ငွေကြေးပေးလေ့ပေးထ မရှိဘူး
အခု FOXက ဝတ်စုံအပြင် ငွေကြေးပါ ပေးမယ်ဆိုတော့ ဒါက အရွေ့တစ်ခုရဲ့အစ။
အမှန်တိုင်းပြောရရင် ဒီလိုထောက်ပံ့မူမျိုးကို အရမ်းမျှော်လင့်မိတယ်
ပွဲရောက်တော့ တာဝန်ရှိသူတွေရဲ့ စကားတွေကို ကြားရတယ်
#FOXက ငါးနှစ်စာ #သိန်းတစ်ထောင်။
တစ်နှစ်ကို #သိန်းနှစ်ရာနဲ့
နှစ်ရှည် စာချုပ်ချုပ်တယ်
ကလပ်အသင်းတွေအတွက်တော့
အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်
ကျတော် အရမ်းသဘောကျတယ်
ဒီလိုစပွန်ဆာမျိုးပေးမယ့် အားကစားပစ္စည်းရောင်းချတဲ့ လုပ်ငန်းရှင်တွေ
များများပေါ်ထွန်းလာပါစေလို့လည်း ဆုတောင်းပါတယ်
source:အလင်းဖြူ | 124 |
| 19 | နောက်ပိုင်းဆရာတော်က သူပြုစုပြီး ပုံနှိပ်မည့်ဆဲဆဲ ဝေါဟာရလေးသောင်းကျော်မျှ ရှိတဲ့ (ပင့်,ရစ် အသတ်ထူး အဘိဓါန်) ကျမ်းကို ၁၉၇၂ -ခုမှာ ဒေါတ်တာ ညီညီကတဆင့် နိုင်ငံတော်ကို လှူဒါန်းခဲ့ပါတယ်။ အဲ့အချိန် မဆလ ခေတ်မှာ မြန်မာစာ ကော်မရှင်အဖွဲ့ ဖွဲ့ပြီးပါပြီ။ တော်လှန်ရေးကောင်စီက သတ်ပုံ သတ်ညွှန်း အစရှိတဲ့ မြန်မာစာအဘိဓါန်ကျမ်းတွေကို အခြားတိုက်ကနေ အထုတ်မခံတော့ပဲ နိုင်ငံတော်ကနေ ထုတ်မယ်ဆိုတာကြောင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းေအာင်ဗလက လုပ်သားပြည်သူ့နေ့စဉ်ဆောင်းပါးမှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။
(Odyssey )
#ဖျာပုံတိုက်သစ်ဆရာတော် #ဦးဩဘာသဘိဝံသ #မြန်မာအဘိဓာန်သမိုင်း #သုတေသနသရုပ်ပြအဘိဓာန် #စာပေသမိုင်း #အတ္ထုပ္ပတ္တိအမှန်တရား #မြန်မာ့စာပေအမွေအနှစ် | 118 |
| 20 | နောက်ပိုင်းဆရာတော်က သူပြုစုပြီး ပုံနှိပ်မည့်ဆဲဆဲ ဝေါဟာရလေးသောင်းကျော်မျှ ရှိတဲ့ (ပင့်,ရစ် အသတ်ထူး အဘိဓါန်) ကျမ်းကို ၁၉၇၂ -ခုမှာ ဒေါတ်တာ ညီညီကတဆင့် နိုင်ငံတော်ကို လှူဒါန်းခဲ့ပါတယ်။ အဲ့အချိန် မဆလ ခေတ်မှာ မြန်မာစာ ကော်မရှင်အဖွဲ့ ဖွဲ့ပြီးပါပြီ။ တော်လှန်ရေးကောင်စီက သတ်ပုံ သတ်ညွှန်း အစရှိတဲ့ မြန်မာစာအဘိဓါန်ကျမ်းတွေကို အခြားတိုက်ကနေ အထုတ်မခံတော့ပဲ နိုင်ငံတော်ကနေ ထုတ်မယ်ဆိုတာကြောင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းေအာင်ဗလက လုပ်သားပြည်သူ့နေ့စဉ်ဆောင်းပါးမှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။
(Odyssey )
#ဖျာပုံတိုက်သစ်ဆရာတော် #ဦးဩဘာသဘိဝံသ #မြန်မာအဘိဓာန်သမိုင်း #သုတေသနသရုပ်ပြအဘိဓာန် #စာပေသမိုင်း #အတ္ထုပ္ပတ္တိအမှန်တရား #မြန်မာ့စာပေအမွေအနှစ် | 151 |
