5 779
مشترکین
-324 ساعت
+67 روز
+6330 روز
آرشیو پست ها
5 778
အခုတလော ဘားမား မှာ လွှင့်နေတဲ့ ဇာတ်လမ်းတွဲတွေက မယားပြိုင်၊လင်ပြိုင် ကားတွေလေ။ အဲ့ဇာတ်လမ်းတွေ ထဲမှာ ဘယ်ဇာတ်ဝင်ခန်းမှာမှ တစ်မယားတစ်လင် ဥပဒေ နဲ့ ညိကြပါတယ်ဆိုပြီး ပညာမပေးထားဘူးရယ်။ အခုနောက်ပိုင်းလူတွေဆိုရင် တစ်လင်တစ်မယားဥပဒေ ရှိမှန်းတောင် မသိကြတော့လို့ ကိုယ်တွေ ရောက်လေရာ နေရာတွေမှာ အကျယ်တဝင့်၊ အကျဥ်းချူပ် ဒေသလိုအပ်ချက်ကိုကြည့်ပြီး ဟောပြောနေရတယ်။
Source:ko yan
5 778
🟢လားရှိုးက ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ယောက္ခမတို့က သေဆုံးတဲ့အထိ ရိုက်သတ်မှုမှာ ခရစ်ယာန်ဘာသာကူးမဝင်လို့ ရိုက်တာလို့ ဆို
https://shwepheemyay.org
ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ လားရှိုး
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ရှမ်းမြောက် လားရှိုးမြို့မှာ ချွေးမဖြစ်သူက ရိုက်နှက်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ဟာ ခရစ်ယာန်ဘာသာ မဝင်လို့ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်တာလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဟာ ရွှေရင်ကျော်ဂိုဏ်းဝင် ဖြစ်ပြီး ၎င်းရဲ့ ယောက္ခထီးဖြစ်သူ သင်းအုပ်ဆရာ ဦးယောဟန်က ခရစ်ယာန်ဘာသာဝင်ဖို့ ပြောရာကနေ မဝင်တာကြောင့် မိသားစုလိုက် အိမ်ထဲပိတ်ပြီး ဝိုင်းရိုက်ခဲ့တာလို့ သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
"သူ့ယောက်ျားအဖေက သင်းအုပ်ဆရာ ဦးယောဟန်။ ချွေးမဖြစ်သူကို ဘာသာရေးအရ စည်းရုံးမရတော့ အကြမ်းနည်းသုံးတာ။ ကလေးမက ရွှေရင်ကျော်ဂိုဏ်းဝင်ထားတယ်။ အိမ်သော့ခတ်ပြီး ၄ ယောက်က ၁ ယောက်ကို ဝိုင်းရိုက်တာ" လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး တအာင်းလူမျိုးဖြစ်ကာ ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းမှာ ကွဲအက်နေတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
"ဦးခေါင်းကို နံရံနဲ့ ဆောင့်တာနေမှာ။ ဦးခွံလေးနေရာ ကွဲတယ်။ လည်ပင်းရိုးလည်း ကျိုးသွားတယ်။ အချက်ပေါင်း ရာချီ ရိုက်ခံရတဲ့ ပုံစံပဲ" လို့ ဆိုပါတယ်။
လက်ရှိမှာ တရားခံ ဦးယောဟန်နဲ့ ၎င်းရဲ့ သားဖြစ်သူ အပါအဝင် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီရဲ့ ရဲတွေက ဖမ်းဆီးထားပြီး ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
source:
ရွှေဖီမြေ
5 778
နိုင်ငံခြားသားအများစု အထူးသဖြင့် ကျွန်မလက်ရှိနေထိုင်နေတဲ့ နိုင်ငံ မှာ ရှိနေတဲ့ နိုင်ငံ ပေါင်းစုံ ကအလုပ်လာလုပ်ကျတဲ့အာရှသား အများစုက မြန်မာ မိန်းကလေးများအပေါ်မှာ မြင်နေတဲ့ အမြင်နဲ့ ပတ်သက်ပီးစာလေးရေးချင်သွားလို့......
သွေးသားရင်းခြာတွေတောင် စိတ်ဓာတ်နဲ့ခံယူချက်တွေက မတူကွဲပြားတာတွေတောင်ရှိနိုင်သေးတော့
တခြားသူကို ဒီလိုမနေနဲ့ဒီလိုနေလို့တော့ သွားပြောပေးလို့မရဘူးဆိုတာသိပါတယ်......
ဒါပေမဲ့ ခုနောက်ပိုင်းကျ ကျမလက်ရှိနေထိုင်နေတဲ့ ဒူဘိုင်း မှာဆိုရင် ဘာလူမျိုးလဲမေးလို့ မြန်မာကလို့ ပြောရင် အာရှသားအများစုက သူ့ကိုလိုက်ရင်ရပါတယ်ဆိုတဲ့ စိတ်ကို ဝင်နေတော့တာ.,
သူတို့တွေက ဘာစကားက စပြောလဲသိလား "နင့်ကို အကုန်ထောက်ပံ့ပေးမယ်, နင့်မိဘရောက ပါသေးတယ်, သူတို့ သိနေတာက မြန်မာမိန်းကလေးတွေက အကုန်ထောက်ပံ့ပေးမယ် ပြောရင် ရနေတယ်ဆိုတဲ့အတွေး autoရနေတာ လက်ခံတဲ့သူတွေလဲရှိနေတော့......
ကိုယ်က မကြိုက်ဘူးလို့ ငြင်းလိုက်ရင် တခြားမြန်မာမိန်းကလေးတွေဆို ငါတို့ လူမျိုးနဲ့ပဲကြိုက်တာ နင်က ဘာဖြစ်နေတာလဲတဲ့ သူတို့ တစ်ဘဝလုံး သင်ကြားခံရလာပုံက မိန်းကလေးဆိုတာ ယောကျ်ားလေးကို အားကိုးရမယ် သူတို့ ထောက်ပံ့မှုမရှိရင် မရပ်တည်နိုင်ဘူး, သူတို့ ထောက်ပံ့မယ် ပြောတာနဲ့ ဝမ်းသာအားရ မိန်းကလေးကလက်ခံ မယ်ထင်တဲ့ ပတ်ဝန်းကျင်နဲ့ မိန်းကလေးဆိုတာ က
တန်ဖိုးနိမ့်ပီး ကလေးမွေးပေးယုံပဲလို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်မှာ အများစုက ကြီးပြင်းလာကျတာ..
ပီးတော့ မြန်မာမိန်းကလေးတွေကို ချစ်ပါတယ်သာပြောတာ တချို့ဆို သူတို့နိုင်ငံတွေမှာ လက်ထပ်ရမဲ့သူရှိပီးသား. တချို့ဆို မိန်းမနဲ့ကလေးတောင်ရှိကျတယ်, တကယ်ကောင်းမွန်တဲ့သူလဲရှိမှာပါ ဒါပေမဲ့ နည်းတယ်.....
မြန်မာမိန်းကလေးဆိုတာနဲ့ တန်ဖိုးမရှိသလို နှိမ်ပီးပြောချင်လာကျတယ် ...ကျွန်မကတော့ ကိုယ့်ရှေ့လာပြောနေရင် အမြဲပြန်ပြောဖြစ်တာက နိုင်ငံလူမျိုးတူတယ် ဒါပေမဲ့ ကြီးပြင်းပုံတွေ မိသားစုနောက်ခံတွေ ခံယူချက်တွေမတူဘူး မြန်မာလို့ ပြောတာနဲ့ ရနိုင်တယ်ဆိုတဲ့ အတွေးမတွေးပါနဲ့လို့ ပြောပစ်လိုက်တယ်
ဒီနေ့ Tiktok မှာတင်ထားတာတွေ့တာတစ်ခု ဆို မြန်မာရည်စားရှိတာဘယ်လိုဆိုပီး sexual ပိုင်းနဲ့ဆိုင်တဲ့ post တစ်ခုတင်ထားတယ် ဒါက သဘာဝပဲလို့ လာမပြောနဲ့ နားလည်တယ် post တင်ပီးပြောနေတာက မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်မှာလေ ကိုယ့်ဘဝကိုယ် ပိုင်တာမှန်ပေမဲ့ တခြားသော မိန်းကလေးတွေကိုပါ ထိခိုက်လာပီလေနော် အဓိက ပိုက်ဆံပေးရင်ရတယ်ဖြစ်လာတာ တချို့သော မိန်းကလေးတွေဆိုတာလဲ နိုင်ငံခြားသားနဲ့ တွဲပါတယ်ဆိုပီး ဂုဏ်တွေဆာပြနေတာ လဲ မြင်မကောင်းဘူး
ကိုယ့်ဘဝနဲ့ကိုယ် ကြိုက်တာလုပ်လို့ရတယ် ဒါပေမဲ့ ပိုက်ဆံ ထောက်ပံ့ပေးတာနဲ့ သူတို့က ပြန်ကြိုက်တာပါကွာ ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်ပုံတွေ မတူကျလို့ အတွေးတွေ မတူ ကျဘူးဆိုတာသိပါတယ်
Bad comment မျိုးတွေလာမပြောနဲ့နော် ကျွန်မ လဲရိုင်းစိုင်းတဲ့စကားမပါဘဲ နာအောင်ပြန်ပြောတတ်ပါတယ် ဒီစာက ကျွန်မ ကိုယ်ပိုင် အတွေးအမြင်နဲ့ ကျွန်မမြင်ရတဲ့ ဘက်ခြမ်းက ရေးသားထားခြင်းဖြစ်ပါတယ်ရှင်.....
စာဖတ်ရင်း အမောပြေအောင်ကျွန်မပုံလှလှလေးပါထည့်ပေးထားပါတယ်😊
#I'myourmoon🤍
5 778
မြောင်းတကာစက်မူဇုံ မြေကွက်အမှတ် ၅၂ ၅၃
သံရည်ကျိုစက်ရုံ မီးခိုးသုံးနေတာ
ကွန်ထရိုးစင်တာမှာပေါ်နေလို့ မြေပြင်စစ်
မီတာပြုပြင်ထားတာတွေ့ ရှိ
တန်ဖိုးငွေကျပ် သိန်းလေးသောင်းခွဲဖိုး
ဇွန် ၁၁ ရက်နေ့မှာ မှော်ဘီ ရဲစခန်းမှာ အမူဖွင့်
ထားကြောင်း လျှပ်ဝန်ကြီးဌာနက ဇွန် ၁၃ သတင်း
လျှပ်ဆိုတာ မိုးပေါ် ကကျလာတာမဟုတ်ဘူး
ခွဲရုံမီတာနဲ့ မြေပြင် အိမ် စက်ရုံ မီတာပေါင်း တိုက်
ကြည့်ရုံနဲ့ လတိုင်း သိတယ် ခုနည်းပညာအရ
တိကျတဲ့ ဒစ်ဂျစ်တယ် မီတာဆိုတာ ပေါများ
ဒါပေမဲ့ ဒါပေမဲ့ ရွှေသမင် ဘယ်ကထွက်ဆိုသလို
ဝထတွေက ဒီလိုဒီလို အသုံးကြမ်းတဲ့ဘောစိ
တွေကိုဘဲ လိုက်ရှာနေတာ သူတို့ အပိုင်းက
အိုကေ နိူးပရော်ဘလန်ဆို အာလုံးပုလင်းတူး ဗူးဆို့
ခွဲရုံတွေကနေ အဆင့်ဆင့် အွန်လိုင်း ယူနစ်ပေါင်း
နဲ့ မြေပြင်ဘေထွက် မီတာယူနစ်ပေါင်း တိုက်ကြည့်
မင်းကြီး နဲ့ ငတတ်ပြားတွေ ချက်ချင်းမိပါတယ်
လုပ်ငန်းရှင် တစ်ဦးထဲမဟုတ်ဘူး ဌာနအတွင်းလူ
ကြီး လတ် ငယ် အကုန်ဆွဲစိပါ သိန်းလေးသောင်း
ခွဲကို လုပ်ငန်းရှင်တစ်ဦးထဲဆိုရင် မတရားကျ
လူ ရော ပိုင်ဆိုင်မူ အားလုံး ဆွဲစိ ချိတ်ပိတ်
ဒါမျိုး အများကြီး အများကြီး ကျန်ပါသေးတယ်
မီတာတွေကပြင်လိုက်ရင် ဆီးလ်ကွာသွားလို့
တစ်ကယ်စစ်လိုက်ရင် ပြေးမလွတ်ပါဘူး။
source:Phone Myint Aung
5 778
လူနေအိမ်တွေဆိုလည်း တချို့တွေ EPC ဝန်ထမ်းတွေနဲဲ့ ပေါင်းပြီး လုပ်ထားကြတာ အများပြီး သင်ကန်းကျွန်း ဘောက်ထော် မိကျောင်းကန် ဖက်က အသိ ကိုယ်ပိုင်ခြံဝင်းနဲ့ အိမ်တွေလည်း မီတာတွေကို လျှော့ထားကြတာ အနှစ် ၃၀ လောက်တောင်ရှိနေပြီ လစဥ် ထောင်ဂဏန်းလောက်ဘဲ မီတာခ ကျသင့်တာ အဲယားကွန်း တချိန်လုံး စိတ်ကြိုက်ဖွင့်ဘဲ
source:Ko A Khaing
5 778
အဆောင်မီတာ လာဖတ်တဲ့သူက မီတာခ သိပ်မကျအောင် လုပ်ပေးမယ် ပြော ပြီးပိုက်ဆံတောင်းပါတယ်။အဆောင်တော်တော်များများ လုပ်ကြပါတယ်။မီတာတွေလဲတော့ အဲ့လို လုပ်တဲ့သူတွေကို ခေါ်တွေ့ပြီး အလုံရုံးချုပ်မှာ ခေါ်ပြီး မီတာကို မသမာမှု လုပ်ထားလို့ ခေါ်ပြပါတယ်။ဒဏ်ကြေးတပ်ပါတယ်။အပိုတွေ အများကြီး ကုန်ပါတယ်။ဝန်ထမ်းတွေကို ပါ အရေးယူမှ ရပါမယ်
source:Hlaing Win
5 778
မြောက်ဒဂုံ ရက်ကွက် အိမ်ယာ တွေဆို အများကြီး ဆယ် အိမ် ဆို တစ်အိမ်လောက် က EPC နဲ ပေါင်း ပီး ခိုးသုံး နေကျ တာ မရှက် မကြောက် ဂုဏ်ယူ ပီး ပြော နေ ကျ သေးတယ် အဲယားကွန်း သုံးလေးလုံး သုံးတာ တစ်သောင်း တောင် မကျ ဘူးတဲ့ နားထဲ ကြားရတာ အော်ဂလီဆန် အကျင့်ပျက် ဝန်ထမ်း ရယ် နိုင်ငံကြီးသား မပီသ တဲ လူမျိုး တွေ ကြောင် လည်း တိုင်းပြည့်လည်း အခွန်မရ
source:Ye Win
5 778
2023-2026အထိက FIFA Forwards 3.0 ကနေ $ 8 သန်းကျော် ရပါတယ်၊ တနှစ်ကို 2 သန်းကျော်ပေါ့။ ဒီကြားထဲ လူငယ်ပြိုင်ပွဲတွေလုပ်ဖို့ စာရင်းတင်ရင် ပြိုင်ပွဲတပွဲလုံးစာအတွက် $ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိရပါတယ်။ AFC နဲ့UEFA ASSIST ကနေ $ 1 သန်းကျော် နှစ်တိုင်းရပါတယ်။ 2026 ကုန်ရင် နောက် project တွေ ထပ်လာမှာပါ။
အဲ့ဒီတော့ စပွန်ဆာတွေရယ် FIFA AFC UEFA ASSIST ထောက်ပံ့ကြေးတွေရယ်အကုန်ပေါင်းရင် $ 4-5 သန်းကြားထဲရပါတယ်။ လက်ရှိနှစ်တွေမှာဆိုရင် ပိုတောင်ရဦးမှာပါ။
ဒါကတော့သူတို့ထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းခံခဲ့ရတဲ့ 2021 ခုနှစ်ရဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘက်ဂျက်စာရင်းထဲမှာ စပွန်ဆာကနေရတဲ့ ငွေက သိန်း ၈၂၀၀ ကျော်ရပါတယ်။ FIFA AFC UEFA Assist တွေကနေ သိန်း ပေါင်း ၄သောင်း၉ထောင်၅၀၀နီးပါး ရပါတယ်။
အုပ်ကြီးပိုင်ကုမ္ပဏီတွေကနေပေးတာက သိန်း ၆၆၅၀ ကျော်။ ကျန်တာက goal hotel က ရတာတွေရှိတာမလို့ အဲ့ဒါတွေက သိန်း ၁၅၀၀ ကျော်ပါတယ်။ goal hotel ရဲ့အပေါ်ဆုံးအထပ်မှာဖွင့်ထားတဲ့ ဟာနဲ့တင် တရက်ဝင်ငွေမနည်းပါဘူး။
အုပ်ကြီးပေးတဲ့ဟာနဲ့ ကျန်ရငွေတွေကို ထည့်မတွက်ပဲ အပေါ်က စပွန်ဆာနဲ့ FIFA AFC UEFA Assistကရတာကိုပဲ ထည့်ပြောရင် သိန်းပေါင်း ၅သောင်း၇ထောင်၇ရာ ကျော်ရှိပါတယ်။ ဒေါ်လာနဲ့က ၂သန်းကျော်ပါတယ်။ လက်ရှိမြန်မာငွေနဲ့ဆိုရင်ဒီထက်ပိုများပါမယ်။
(၂၀၂၁ကမလို့ အဲ့တုန်းကမြန်မာငွေနဲ့ပဲထည့်တွက်ကြတာပါ) ပြည်ပနည်းပြအတွက်လစာအပါအဝင် စုစုပေါင်း ကုန်ကျငွေက သိန်း ၇၅၀၀ရှိပါတယ်။ (အရင်နှစ်တွေတုန်းကဆိုရင် လျော်ကြေးပေးရရင် မနည်းပါဘူး)
ပြည်တွင်းနည်းပြအတွက်က သိန်း ၂၃၁၀ ကျော်ပါတယ်။ လက်ရွေးစင်ဘောလုံးသမားတွေအတွက် လစာလို့ရေးထားပါတယ်၊ ထောက်ပံ့ကြေး ပေးရတာက သိန်းပေါင်း ၁၆၂၀ ကျော်ပါတယ်(ကြားထဲဘယ်လောက်ဖြတ်စားလဲတော့မသိဘူး။)။
အဲ့ကြားထဲက ထူးခြားတာက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာလုပ်နေတဲ့ ဝန်ထမ်းတွေအတွက် လစာက မြန်မာငွေသိန်းပေါင်း ၁ သောင်းကျော်ကုန်ပါတယ်။ ဘယ်သူတွေကိုဘယ်လောက်တောင်ပေးထားလဲမသိပါဘူး။
ကျန်ငွေက သိန်းပေါင်း ၃သောင်းခြောက်ထောင်ကျော်။ အဲ့ဒါတွေကို (ဘောလုံးတိုးတက်ရေးလုပ်တာနဲ့မဆိုင်ပဲ general & administrative expenseထဲ ထည့်ထားတာမလို့ ထည့်မရေးပါ) စာရင်းထဲထည့်ပြထားတာတွေတွေ့ပါတယ်၊ နမူနာပြောရရင် ဒီပိုက်ဆံတွေ မြန်မာငွေ သိန်းပေါင်၃.၆ဘီလီယံကျော်က ဘောချုပ်ရုံးခန်း (MFF ရုံးချုပ်) ရဲ့ ယန္တရားကြီး လည်ပတ်ဖို့ သက်သက် သုံးတာပါ။
၂၀၂၁ ခုနှစ်စာရင်းချုပ်တာမှာ ထူးခြားတာက လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် သုံးတာ လုံးဝမတွေ့ခဲ့ပါဘူး။
source:
#MultiSportsInfoMyanmar
5 778
ဒါဆို သူတို့ရဲ့ သူလျှိုလုပ်ငန်း ဘယ်လိုဖော်ထုတ်လာသလဲဆိုတော့ တခြားအမှုရဲ့ အတွေ့အကြုံအရ ပြောရင် အများစုက တရုတ်ဘက်မှာ လျှို့ဝှက်အချက်အလက် ယိုထွက်သွားတာကို တွေ့ပြီး အတွင်းပိုင်းမှာ ဒီလျှို့ဝှက်အချက်အလက်ကို ထိတွေ့နိုင်တဲ့ လူတွေကို လျှို့ဝှက်စွာ စစ်ဆေးလေ့ရှိတယ်။ အတွင်းပိုင်းသူလျှိုကို ဖော်ထုတ်လာပြီးမှ တစ်ဆင့်ဆင့်စစ်ဆေးပြီး ပြည်ပသူလျှိုက ဘယ်သူလဲဆိုတာကို သိလာနိုင်ပါတယ်။
ပြည်ပသူလျှိုကို ဖမ်းတဲ့အခါ ပြည်တွင်းသူလျှိုကို ဖမ်းလိုက်ပြီ၊ သို့မဟုတ် မဖမ်းပေမဲ့ အမျိုးသားလုံခြုံရေးဌာနရဲ့ မြင်ကွင်းမှာ ရှိနေပြီ။ မဖမ်းတာက ပြည်ပ သူလျှိုကို စောင့်မျှားတာပါ။ ဒါကြောင့် ကိုမင်းဇင်က တရုတ်ပြည်ကို အကြောင်းမဲ့ ဝင်တာ မဟုတ်ဘူး။ တရုတ်ပြည် အမျိုးသားလုံခြုံရေးဌာနကလည်း သူ့ကို အကြောင်းမဲ့ ဖမ်းတာ မဟုတ်ဘူး။
လူတချို့က ကိုမင်းဇင်အဖမ်းခံရလို့ နောက်မှာ မီဒီသမားတွေ တရုတ်ပြည်ကို ဝင်ဖို့ကြောက်တယ် ဘာညာပြောတယ်။ ကျွန်မပြောချင်တာက လူရဲ့ စိတ်ထဲမှာ တစ္ဆေရှိတယ်ဆိုရင် နေရောင်အောက်မှာ လမ်းလျှောက်တဲ့အခါမှာတောင် ငရဲကြောက်တတ်တယ်။ တရုတ်ပြည်အပေါ် မတရား လုပ်ရပ်တွေ အလွန်အကျွံလုပ်နေလျက် တရုတ်ကို ဝင်ရင် ကြောက်မှာပေါ့။
source:Zhao Jin
5 778
#သူလျှိုလုပ်ငန်းကြောင့် အဖမ်းခံတဲ့ ကိုမင်းဇင်ကိစ္စက တရုတ်မြန်မာဆက်ဆံရေးနဲ့ တရုတ်အမေရိကန်ဆက်ဆံရေး ရှိနိုင်သလား?
မနေ့က ကိုမင်းဇင် တရုတ်ပြည်မှာ အဖမ်းခံတဲ့ ကိစ္စကို မြန်မာဆိုရှယ်မီဒီယာမှာ တော်တော်စည်စည်ကားကား ဆွေးနွေးကြတာ တွေ့ရတယ်။
တချို့က သူအဖမ်းခံတာကြောင့် တရုတ်မြန်မာဆက်ဆံရေးအတွက် သက်ရောက်မှုရှိမယ်လို့၊ တချို့က သူအဖမ်းခံတာကြောင့် တရုတ်အမေရိကန် ဆက်ဆံရေး အတွက် သက်ရောက်မှု ရှိမယ်လို့ အမျိုးမျိုးပြောတယ်။
တကယ်တော့ သူအဖမ်းခံတာကြောင့် တရုတ်မြန်မာဆက်ဆံရေးအတွက် ဘာမှ သက်ရောက်မှု မရှိဘူး။ သူက အမေရိကန်နိုင်ငံသားတစ်ယောက်ပါ။ အမေရိကန်ရဲ့ အစေခံပြီး သူလျှိုလုပ်ပြီး သူ့လုပ်ရပ်ခံရတဲ့ တရုတ်နိုင်ငံက သူ့ကိုဖမ်းတာ မြန်မာနိုင်ငံနဲ့ ဘာဆိုင်သလဲ။ တရုတ်မြန်မာဆက်ဆံရေးကို ဘာထိခိုက်မှု ရှိနိုင်မလဲ။ သူတကယ်ထောင်ဒဏ်ချခံရတယ်ဆိုရင် ထောင်ဒဏ်ခံပြီးနောက် တရုတ်ကနေ သူ့သခင်နိုင်ငံဖြစ်တဲ့ အမေရိကန်ကို နှင်ထုတ်ခံရမှာပါ။ နောက်မှာ သူမြန်မာပြည်ကို သွားချင်ရင်တောင် ပြည်ဝင်ခွင့်ရမလားဆိုတာကို မြန်မာအစိုးရရဲ့ သဘောကို မူတည်မယ်။
တရုတ်အမေရိကန်ဆက်ဆံရေးအတွက် ဘာသက်ရောက်မှုရှိသလဲသိချင်ရင် အခြေခံအဆင့် ကြေးစားအစေခံ အာရှသား သူလျှိုတစ်ယောက်အနေနဲ့ တရုတ်အမေရိကန်ဆက်ဆံရေးမှာ ဘယ်နှစ်ပြားတန်သလဲဆိုတာကို ကိုယ်ဟာကိုယ်တွက်ကြည့်ပါ။ အမေရိကန်ဆိုရှယ်မီဒီယာမှာ သူအဖမ်းခံတဲ့ ကိစ္စဟာ နေရာကွက်ကလေးတစ်ခုလောက် ရရှိသလား အရင်ကြည့်ပါအုံး။ ကြေးစားအစေခံဟာ ဘယ်နိုင်ငံမှာမဆို အထင်းကြီးမခံဘူး။
ကိုမင်းဇင်က တရုတ်ဆန့်ကျင်ရေး၊ တရုတ်အိုးမည်းသုတ်ရေးလုပ်ခြင်းကြောင့် အဖမ်းခံတာ မဟုတ်ဘူး။ ကျွန်မ မနေ့က ရှင်းပြခဲ့ပြီးပြီ။ တကယ်တော့ ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ USAID ရဲ့ ထောက်ပံ့ငွေများစွာလျှော့ချပြီးနောက် ISP က တရုတ်ကို အိုးမည်းသုတ်တဲ့ဆောင်းပါးတွေရေးတာ နည်းသွားပြီ။ သူက တရုတ်ပြည်ရဲ့ တရားဥပဒေကို ချိုးဖောက်လို့ အဖမ်းခံတာပါ။ နိုင်ငံရေး၊ ဒီမိုကရေစီးအရေးနဲ့ ဘာမှ မဆိုင်ဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ သူက တရုတ်နိုင်ငံရဲ့ “အမျိုးသားလုံခြုံရေးဥပဒေ”ကို ချိုးဖောက်တာပါ။ ဒါကြောင့်သူ့ကို ဖမ်းတာက အမျိုးသားလုံခြုံရေးဌာန国家安全局 ဖမ်းတာပါ၊ ပြည်သူ့လုံခြုံရေးဌာန公安局 ဖမ်းတာမဟုတ်ဘူး။ အမျိုးသားလုံခြုံရေးဌာနက နိုင်ငံခြားသားတစ်ယောက်ကို ဖမ်းတဲ့ အခါ သက်သေခိုင်ခိုင်မာမာ မရှိရင် ဖမ်းမှာ မဟုတ်ဘူး။ 90% ထက် ခိုင်မာတဲ့ သက်သေရှိမှ ဖမ်းမှာပါ။
“အမျိုးသားလုံခြုံရေးဥပဒေ”ကို ချိုးဖောက်တာ သာမန်တရုတ်နိုင်ငံသားအပေါ် ရာဇဝတ်မှု ကျူးလွန်တာမဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် ရာဇဝတ်မှု ကျူးလွန်တာပါ။
“အမျိုးသားလုံခြုံရေးဥပဒေ”ကို ချိုးဖောက်တဲ့ အဓိကလုပ်ချက်တွေကဘာလဲဆိုတော့ တရုတ်ပြည်ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ခိုးပြီး တရုတ်ပြည်ရဲ့ လုံခြုံရေးကို အန္တရာယ်ပေးတာပါ။
အဲဒါကို ကိုမင်းဇင် တကယ်လုပ်နိုင်ခြေရှိသလား။
သူလုပ်နိုင်ခြေ အလွန်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်မြန်မာနယ်စပ်ဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA ရဲ့ အဓိက စခန်းတစ်ခုပါ။ ကိုမင်းဇင်လို အသက်ငယ်ကတည်းက နိုင်ငံရေးလုပ်တာ စိတ်ဝင်စားသူငယ်တွေကို အမေရိကန်က အစောကြီးကတည်းက ရည်ရွယ်ချက်ရှိရှိ မွေးထုတ်ခဲ့ပြီ။ ပေးသမျှအားလုံး အလကားပေးတာ မဟုတ်ဘူး။
ဒါဆို တရုတ်ပြည်ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ဘယ်လိုခိုးသလဲ။ အမျိုးသားလုံခြုံရေးဌာ နှစ်စဉ် ဖွင့်ပြတဲ့ အမှုတွေအရ နိုင်ငံခြားသားတွေ ကိုယ်တိုင် တရုတ်ပြည်ကို ဝင်ပြီး ခိုးတာရှိတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ဝင်မခိုးဘဲ တရုတ်ပြည်မှာ သူတို့နဲ့ ပူးပေါင်းနိုင်တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ယောက်ကို နည်းမျိုးစုံနဲ့ ထိန်းချုပ်ပြီး ခိုးခိုင်းတာ ပိုများပါတယ်။
ကိုမင်းဇင် ဘယ်လိုခိုးသလဲတော့ အခု သေချာ မသိဘူး။ ကျွန်မခန့်မှန်းတာကတော့ တရုတ်ပြည်မှာ သူနဲ့ ပူးပေါင်းသူတစ်ယောက်ယောက်ကို ခိုးခိုင်းဖို့ များပါတယ်။ သူက ပညာရှင်ပုံစံနဲ့၊ အိမ်နီးချင်း မြန်မာနိုင်ငံက မြန်မာလူမျိုးလည်းဖြစ်လို့ တရုတ်ပညာရှင်တွေရဲ့ ယုံကြည်မှုရဖို့ ပိုလွယ်တယ်။ သူနဲ့ ပူးပေါင်းသူက တရုတ်ပြည်ရဲ့ think tank, သုတေသနဌာန၊ NGO ကဂ္ဂိုလ်တွေ၊ သို့မဟုတ် တက္ကသိုလ်ကျောင်းက ဆရာဆရာမတို့ ဖြစ်ဖို့များပါတယ်။
သူလျှိုတွေ ဘာအချက်အလက်တွေခိုးသလဲဆိုတော့ထိပ်တန်းအကျဆုံးက နိုင်ငံရေးနဲ့ စစ်ရေး လျှို့ဝှက်အချက်အလက်၊ ဒုတိယအဆင့်က သိပ္ပံနည်းပညာလျှို့ဝှက်အချက်အလက်၊ တတိယအဆင့်က စီးပွားရေး လျှို့ဝှက်အချက်အလက်တွေ ဖြစ်ပါတယ်။ ခိုးတဲ့ အချက်အလက်အဆင့်အတန်းနဲ့ ဖြစ်ပေါ်စေတဲ့ ဆုံးရှုံးမှုကို မူတည်ပြီး အရေးယူပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေး ထိပ်တန်း လျှို့ဝှက်အချက်အလက်တွေးခိုးသူ တချို့က သေဒဏ်ချခံနိုင်ပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေး လျှို့ဝှက်အချက်အလက်ကို ခိုးတဲ့ Australia သစ္စာခံ တရုတ်အမျိုးသမီးတစ်ယောက်က ၁၅ နှစ်လောက် ထောင်ဒဏ်ချခံခဲ့ပါတယ်။
5 778
“ဒီနိုင်ငံမှာလက်ရှိလုပ်နေတဲ့စလော့ဂိမ်းတွေက နိုင်ငံခြားမှာ အခြေစိုက်တဲ့ ဂိမ်းတွေကို ပြန်ဝယ်ရတယ်။ ကုမ္ပဏီတွေရှိတယ်။ ဂိမ်းကုမ္ပဏီတွေပေါ့။ Pragmatic Play တို့။အဲဒီဂိမ်းကုမ္ပဏီတွေအောက်မှာ ဂိမ်းအမျိုးအစားတွေအများကြီးထည့်ပေးထားတာ။ ကျွဲတွေဘာတွေဆိုတာလည်း အဲဒီအောက်မှာသွားတဲ့ဟာတွေပေါ့။ တခြားကုမ္ပဏီတွေလည်းရှိတယ်။ သူတို့ကို ရာခိုင်နှုန်းပေးရတယ်။ သူတို့ကလည်း ဘာလုပ်ပေးလည်းဆိုရင် ပေးတဲ့နှုန်းတွေဘာတွေချိန်ပေးတယ်။ လူစိတ်ဝင်စားမယ့်ဂိမ်းသစ်တွေထွက်တယ်။ သူတို့ဂိမ်းကိုလူများများဆော့အောင်လုပ်ပေးတယ်။ သူတို့ဂိမ်းကိုလူများများဆော့လေ ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းပေးရတာပေါ့လေ။ ကျားဖြန့်နဲ့တော့ မတူဘူး။ စလော့က Systematically အရ ပိုက်ဆံယူတာ။ သူ့မှာ ဒိုင်က အမြတ်ရှိပြီးသား။ ရှုံးစရာမရှိဘူး”လို့ IT ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တစ်ရက်ထက်တစ်ရက် လောင်းကစားစလော့ဂိမ်းတွေကြောင့် ဘဝပျက်သွားတဲ့သူတွေ အများအပြားရှိနေပါတယ်။ တချို့ဆိုရင် စီးပွားရေးလုပ်ငန်းအရင်းအနှီးတွေပါ ကုန်ပြီးတော့ အကြွေးပတ်လည်ဝိုင်းသွားတာတွေ အများကြီးပါပဲ။
၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ လောင်းကစားဥဒေမှာတော့ ပုဒ်မအလိုက် ပြစ်ဒဏ်ချမှတ်ခံရမယ့်အခြေအနေကို ဖော်ပြထားပြီးတော့ အနည်းဆံး ထောင်ဒဏ်တစ်လကနေ ခြောက်လအထိ၊ ထောင်ဒဏ် တစ်နှစ်ကနေ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်ပြီးတော့ ပြစ်မှုနဲ့ အကျုံးဝင်တဲ့ ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ၂၀၂၅ ခုနှစ်ဇူလိုင်လမှာ အာဏာတည်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမှာတော့ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ထောင်မယ်ဆိုရင် ထောင်ဒဏ်ခြောက်လကနေ တစ်နှစ်အထိ၊ ဒဏ်ငွေကိုတော့ ငါးသိန်းကနေ သိန်း၂ဝအထိ၊ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်မယ်ဆိုရင် ကျပ် သိန်း ၂၀ ဒဏ်ငွေအပြင် လောင်းကစားခြင်းကနေရရှိတဲ့ အကျိုးအမြတ်အားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်ပြီး ငွေကြေးခဝါခမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ဆက်စပ်ပြီး အရေးယူနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျွဲဖမ်းမယ်လို့ဆိုလိုက် တာနဲ့ စလော့ဂိမ်းဆော့မယ်ဆိုတာကို လူ တိုင်းနီးပါး သိရှိနေကြပါတယ်။ အရင်တုန်းကတော့ အွန်လိုင်းအသုံးပြုသူတွေကြားထဲမှာပဲ သိရှိကြပေမယ့် အခုချိန်မှာတော့ အခြေခံ လူတန်းစားတွေရဲ့ကြားထဲမှာလည်း တော် တော်များများပျံ့နှံ့နေကြပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေမှာလည်း ကျွဲဝှေ့ခံနေရပါတယ်။ ကျွဲဝှေ့ခံရတဲ့အတွက် စီးပွားရေး၊ လူမှုရေးထိခိုက်မှု အများအပြားလည်း ရှိလာပါပြီ။ ဒီပြသာနာ ဒီထက်ပိုမကြီးထွားအောင် ကာယကံရှင်တွေမှာလည်း တာဝန်ရှိသလို သက်ဆိုင်ရာ အာဏာပိုင်တာဝန်ရှိသူတွေအနေနဲ့လည်း ထိန်းသိမ်းကြပ်မတ်ရမယ့် အခြေအနေမှာလည်း ရှိနေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။
source:Eleven
5 778
■ ကျွဲဝှေ့ခံရခြင်း (သို့မဟုတ်) ကျယ်ပြန့်လာတဲ့ စလော့ဂိမ်းပြသနာ
Written by Sithu
"ဘုံဆိုင်လေးထဲမှာ ကျွဲလေးတွေ ဖမ်းနေတယ်"
ရန်ကုန်မြို့ရဲ့ ဈေးတစ်ခုမှာ ဈေးသည်တစ်ဦးက ဆိုညည်းသွားတဲ့ အသံဖြစ်ပါတယ်။
စလော့ဂိမ်းဆော့နေတဲ့ ဈေးသည်တစ်ဦးကို ရည်ရွယ်ပြီး ၎င်းတို့ လုပ်ဖော်ကိုင်ဖက်ချင်း ဖြတ်သွားဖြတ်လာ စနောက်သွားခြင်းဖြစ်ပါတယ်။
သဟာအောင်ရေးသားပြီး သားဂန်းသီဆိုထားတဲ့ 'အရှုံးသမားတို့ဖော်တဲ့ဆေး'ဆိုသောသီချင်းထဲက 'ဘုံဆိုင်လေးထဲမှာ အသည်းလေးတွေကွဲနေတယ်' ဆိုတဲ့ စာသားကို ပြန်လည်ပြင်ဆင်ပြီး အချင်းချင်း ကျီစားသွားခြင်းဖြစ်ပါတယ်။
စနောက်သူက စနောက်ခဲ့ပေမဲ့ ဂိမ်းဆော့နေသူကတော့ ဘယ်လောက်နိုင်ပြီး ဘယ်လောက်ရှုံးတာကို သူပဲသိပါလိမ့်မယ်။
"ဈေးရောင်းမကောင်းချိန်ဆို ဂိမ်းလေးပေါက်တော့လည်း ဝင်ငွေရတာပေါ့။ မပေါက်တော့လည်း ငါးထောင်၊ တစ်သောင်း ပါသွားတာပေါ့။ ဈေးရင်းရသလိုပါပဲ"လို့ ဂိမ်းဆော့သူ ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒီစလော့ဂိမ်းတွေဟာ မြန်မာနိုင်ငံမှာ ရှိနေခဲ့တာ ကြာပြီဆိုရမယ်။ ဒါပေမဲ့ အခုလောက်ထိတော့ အခြေခံလူတန်းစားတွေဆီ မရောက်ရှိခဲ့ဘူး။
လက်ရှိအချိန်မှာတော့ နဂိုရှိပြီးသား လောင်းကစားတွေဖြစ်တဲ့ 2D၊3D အပြင် စလော့ဂိမ်းတွေကိုပါ အခြေခံလူတန်းစားတွေ လုပ်ဆောင်လာကြတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနောက်မှာ သမာအာဇီဝဘောင်ကျဉ်းလာတော့ လောင်းကစားဘောင်ကျယ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။
"အလုပ်ကရတဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှ မကိုက်ဘူး။ ဒါတောင် ကြားပေါက် အလုပ်တွေလုပ်သေးတယ်။ စားဝတ်နေရေး အဆင်ပြေကောင်းရဲ့ဆိုပြီး လောင်းကစားလေးတွေလုပ်ကြည့်တာပေါ့။ အရင်က နှစ်လုံးသုံးလုံးထိုးတယ်။ အခု စလော့ဂိမ်းဆော့ကြည့်တယ်။ လောင်းကစားကတော့ လောင်းကစားပါပဲ”လို့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။
အခုချိန်မှာတော့ စလော့ဂိမ်းပေ့ချ်တွေ၊ အက်ပလီကေးရှင်တွေက အခုအချိန်မှာ မာကတ်တင်းဆင်းတာ တော်တော်များများ မြင်လာရပါတယ်။
သူတို့ရဲ့ နည်းလမ်းတွေကတော့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် ဖုန်းအသုံးပြုသူတွေဆီကို မက်ဆေ့ပို့ပြီး လှုံ့ဆော်ပါတယ်။
ဒါ့အပြင့် မိုဘိုင်းဖုန်း အပလီကေးရှင်းများမှာ ဂိမ်းကြော်ငြာများကို စိတ်အနှောက်ယှက်ဖြစ်လောက်အောင် ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။
"တော်တော်တော့ စိတ်အနှောက်ယှက်ဖြစ်ရတယ်။ ကိုယ်လည်း စိတ်မဝင်စားဘဲ လာလာပေါ်နေတာ။ မက်ဆေ့တွေကလည်း လာပို့တယ်။ မက်ဆေ့မပို့ဖို့ပြောမလို့ သူတို့ဖုန်းတွေကို ဆက်တော့လည်း ဆက်မရဘူး။ သက်ဆိုင်ရာ အော်ပရေတာတွေက တစ်ခုခုတော့ လုပ်သင့်တယ်"လို့ စလော့ဂိမ်းကြော်ငြာ မက်ဆေ့များ ပေးပို့ခံရသူတစ်ဦးကပြောပါတယ်။
စလော့ဂိမ်းကြော်ငြာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို နည်းမျိုးစုံသော စာသားများကို အသုံးပြုပြီး ပေးပို့နေကြပါတယ်။
မက်လုံးပေး၍တစ်နည်း၊ ဆွဲဆောင်သောနည်းဖြင့်တစ်ဖုံ၊ မိန်းကလေးတစ်ယောက်အသွင်နဲ့ တစ်မျိုး နည်းမျိုးစုံစွာ စိတ်အခွင့်အရေး ချိုးဖောက်နေကြပါတယ်။
သို့ပေမဲ့ အခြေခံလူတန်းစားများအတွက် စလော့ဂိမ်းကလည်း ဂယ်ပေါက်တစ်ခုလည်း ဖြစ်နေပြန်တယ်။ စလော့ဂိမ်းနဲ့ ပိုက်ဆံရဖူးသူတွေ ရှိပါတယ်။
နည်းနည်းလေး ရတာမဟုတ်။ များများစားစား ရသူတွေပင် ရှိလေတယ်။ လစာကောင်းတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ တစ်လစာကို နာရီပိုင်းအတွင်း ရရှိသွားခြင်းမျိုးပင်။
ဒီလိုရခြင်းကပဲ ခဏခဏ ဂိမ်းဆော့ချင်စိတ်နဲဲ့ဂိမ်းအပေါ် မစွန့်လွတ်နိုင်ခြင်းကို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။
"ကျွန်တော်အရင်က စလော့ဂိမ်းမဆော့ဘူး။ ကြားဖူးတယ်။ ဒါဆော့ရင် မွဲလိမ့်မယ်ပေါ့။ ဒါကြောင့် မဆော့ဘူး။ အခုက လူတိုင်းနီးပါး ဆော့လာတယ်။ အဲဒါနဲ့ စမ်းကြည့်တာ။ ဂိမ်းစကားနဲ့ပြောရင် ပေါက်တယ်ပေါ့။ ပေးတယ်ပေါ့။ နာရီပိုင်းအတွင်း ခုနှစ်သိန်း နှစ်ခါ ရဖူးတယ်။ တကယ့်ကို နာရီပိုင်းပဲ။ ရဖူးထားတော့ ဘာဖြစ်လဲဆိုတော့။ ရတော့ ထုတ်ထားတယ်။ နောက်ပိုင်းကျတော့ ထပ်ထည့်ပြီးဆော့တယ်။ ပေးမှာပဲ ပေါက်မှာပဲဆိုပြီး တစ်ခါကုန် တစ်ခါထပ်ထည့်။ ဟုတ်တယ်။ ပေးတဲ့အချိန်တော့ ပေးတယ်။ နောက်ဆက်တွဲက ထပ်ပေးမလား ထပ်ပေးမလားဆိုပြီး ရထားတဲ့နီးပါးလောက် ပြန်ထည့်ရတယ်။ ဒါတောင် လောဘမကြီးလို့။ ရထားတယ်ဆိုပြီး ထပ်လိုက်သူတွေ ကုန်တာပဲ။ ရဖူးသူတွေ ပိုကုန်လိမ့်မယ်။ ရဖူးထားတာကိုး။ အတောမသတ်နိုင်ရင်မလွယ်ဘူး။ ပိုက်ဆံလိုအပ်နေချိန် ဂိမ်းပေါက်ရင်တော့ ကောင်းတာပေါ့"လို့ စလော့ဂိမ်းဆော့သူ တစ်ဦးက ပြောပါတယ်။
စလော့ဂိမ်းအများစုဟာ ပြည်ပမှာ အခြေစိုက်တာဖြစ်ပြီး အဲဒါကို ပြည်တွင်းကနေ ကုမ္ပဏီအဖြစ် ပြန်လည်ဝယ်ယူခြင်းဖြစ်ပါတယ်။
ကုမ္ပဏီအမည်ရဲ့အောက်မှာ ဂိမ်းအမျိုးအစားမျိုးစုံထည့်သွင်းပြီးတော့ လည်ပတ်နေခြင်းဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
သေချာတာတစ်ခုကတော့ စလော့ဂိမ်းတွေမှာ ထိုးသားနဲ့ ဒိုင်ပဲရှိပြီးတော့ ဒိုင်ကအရှုံးမရှိတဲ့ တစ်ဖက်သတ် ကြေးဖွင့်လောင်းကစားပဲဖြစ်ပါတယ်။
5 778
မယုံမရှိနဲ့
မြောက်ဒဂုံ
အရှေ့ဒဂုံ
အချို့သော
အစိုးရကျောင်းကျောင်း
ကိုယ်ပိုင်ကျောင်းကျောင်း
တချို့
ကျောင်းသားတွေရော
ကျောင်းသူတွေရော
အရမ်းအရမ်းလက်ကုန်
မိုက်ရိုင်းကြတယ်
ပိုက်ဆံအနဲငယ်ရှိသူတွေပါတယ်
ပိုက်ဆံအများကြီးရှိသူတွေရဲ့သားသမီး တွေ
အထူးအထူးပါတယ်
ကိုယ်တွေ့ပါ
တချို့မိဘတွေလည်း
ကြားကြသိကြပါတယ်
မိန်းခလေးတွေလည်း
အုပ်စုလိုက်မိုက်ကြေးခွဲ
အမနာပတွေဆဲကြဆိုကြ
ဆရာ//ဆရာမကိုလည်းမကြောက်
ကြ
ဒီအသက်အရွယ်လေးးနဲ့
လင်လုကြ။ဖိုက်ကြ
ယောင်္ကျားလေးတွေက
ကျောင်းခန်းထဲ အိမ်သာထဲ
ဆေးလိပ်ကိုယ်စီခဲကိုက်သောက်ကြ
အုပ်စုလိုက်မယားလုကြ
သက်သက်မဲ့
အနေအေးသူကို
အုပ်စုလိုက်
အနိုင်ကျင့်ကြ
ကျောင်းသားနဲ့
ကျောင်းသူနဲ့
ဟိုတယ်သွားကြ
ဒါက တချို့ကိုယ်ပိုင်ကျောင်း
အများစုမှာအဖြစ်များတာတွေပါ
တချို့ဆရာမတွေလည်း
ငါးစိမ်းသယ်ထက်ဆိုးတယ်
စရိုက်ကျတာ
ကျောင်းသူတွေကိုဘက်လိုက်
တာတွေ တကယ်ရှိတယ်
တချို့သော
အရှေ့ဒဂုံကအစိုးရကျောင်းက
ဆရာမတွေကတော့တကယ့်ကိုစေတနာရှိတာတွေလည်း
တွေ့ရပါတယ်
ဘယ်သူ့ကိုအပြစ်ပြောပြီး
ဘယ်သူ့ကိုတိုင်ရမှာလဲ
တကယ့်အဖြစ်အပျက်တွေပါ
တချို့မိဘတော်တော်များများ
ကျွန်မပြောတာ
မှန်မမှန်သိကြပါတယ်
တချို့မိဘတွေ ကျောင်းထိလိုက်ပြီး
ဆရာဆရာမတွေကို
ပြသနာလိုက်ရှာတာ
ကျောင်းသူကျောင်းသားတွေကိုလည်း ကျောင်းထိလိုက်လာပြီး
ငါ့ချမ်းသာတယ်ဆိုပြီး
လိုက်အနိုင်ကျင့်တာ
အဲ့လိုမိဘဆိုးတွေလည်းအမြဲတွေရတယ် ကဲကဲဆတ်မိဘတွေ
source:Zin July
5 778
Club နဲ့ Bar ,KTV တွေက အရင်လိုမှမဟုတ်တော့တာ ငါတို့ 2008 လောက်က Pioneer သွားတုန်းကဆို လူသန့်သလို့ လာတဲ့လူတွေကလဲ အေးဆေး Relax လုပ်ဖို့အတွက်လာကြတာ ဟိုလို ဇယားတွေလဲ ပေါသော်မနေဘူး အခုက Club တွေ Bar တွေမှာ မူးယစ်ဆေး K,E,Happy တခြားသောဟာတွေသုံးဖို့ လာတဲ့လူတွေက 100 မှာ 90 လောက်က အဲ့လိုဟာတွေဖြစ်နေကြတာ အခုအဲ့လိုနေရာတွေက ပေါ်တင် မူးယစ်ဆေးသုံးလို့ရတဲ့နေရာဖြစ်နေပြီ မိန်းမတွေလဲ ဆေးလေးအလကားချချင်ယုံနဲ့ တွေ့သမျှကောင်တွေနဲ့ ပတ်အိပ်နေကြတာတွေ ပျက်စီးနေကြတဲ့မိန်းမတွေပိုပိုများလာတယ် ငါတို့ဆို Club မသွားတော့တာ 10 နစ်ကျော်ပြီ အဲ့လိုမျိုးဇယားတွေများလာတော့ ငါတို့လိုအေးဆေး မိတ်ဆွေအပေါင်းသင်းနဲ့ပျော်ချင်တဲ့လူတွေအတွက်က အဲ့လိုနေရာတွေက အဆင်မပြေတော့ဘူး ငါတို့ဆို လုပ်ငန်းကအကြီးအကဲတွေ သူဌေးတွေနဲ့ တစ်ခါတစ်လေ သွားချင်ရင်တောင် Bar လောက်ခနသွားထိုင်ကြတော့တာ ဒါတောင် unplugged မရှိတဲ့နေ့တွေပဲသွားထိုင်တာ တစ်ချို့တွေက အပျော်နဲ့အပျက်နဲ့မခွဲခြားနိင်ကြဘူး အဲ့လိုနဲ့ ဘဝပျက်သွားတဲ့ မိန်းမတွေယောကျားတွေအများကြီး တစ်ချို့မိန်းကလေးတွေဆို အသက်တောင်မပြည့်ဘူး F** ဖြစ်ကုန်တယ် တစ်ချို့ဆို လူမူရေး စီးပွားရေး အိမ်ထောင်ရေး ပျက်စီးကုန်တဲ့ဘဝတွေအများကြီးပဲ .... DJ သမားတွေကိုတော့ မပြစ်မဆိုပါဘူး မင်းတို့လဲ အဲ့ပညာနဲ့လုပ်စားနေကြတာဆိုတော့ ဒါပေမဲ့ တစ်ချို့အရာတွေက ဒီတစ်နည်းမရရင် နောက်တစ်နည်းနဲ့ ကြိုးစားရှာဖွေပါ အခက်ခဲကတော့ လူတိုင်းမှာရှိပါတယ် တစ်ချို့ဆို ထမင်းတစ်နပ်စာဖို့တောင် မတက်နိင်တဲ့ဘဝတွေရှိတယ်... Bar ,Club ,KTV မှာလုပ်တဲ့ ဝန်ထမ်းအများစုက လစာကောင်းတယ် ဘာလို့ဆို သူတို့က မုန့်ဖိုးရကြတာများ Tips Money မရတဲ့လူဆိုတာမရှိသလောက်ပါပဲ တစ်ချို့က အဲ့တာတွေလိုချင်လို့ အဲ့နေရာကိုရွေးချယ်ကြတာ တစ်ချို့ကြ အဲ့တာကိုလုပ်ချင်လို့ကို ရွေးချယ်ကြတာလဲပါတယ် အရည်အချင်းရှိတဲ့လူတစ်ယောက်ဆို ထမင်းမငတ်ပါဘူး ရှာဖွေစားသောက်လို့ရတယ် အဓိကက ကိုယ်တိုင် ကြိုးစားဖို့လိုတယ် ဒီဟာမှမရှိရင် မလုပ်တက်ဘူးဆိုတာမဖြစ်အောင် လုပ်နိင်ဖို့ကြိုးစားကြည့်ပါ
Source:Min Htaike
5 778
လူတွေကို နိုင်ငံတွေကပို့ပြီး ပိုချမ်းသာနိုင်သလား
.
ခင်မောင်ညို (ဘောဂဗေဒ)
.
အိန္ဒိယပြည်နယ်တစ်ခုက ကုန်ပစ္စည်းပို့ကုန် မဟုတ်ပဲ လူတွေကို နိုင်ငံခြား အထူးသဖြင့် ပင်လယ်ကွေ့ဒေသကိုသွားအလုပ်လုပ်စေပြီး ပြန်ပို့တဲ့ ငွေ နဲ့ စီးပွားရေးတိုးတက်လာတယ်။
.
ဒါပေမယ့် ဒီနည်းလမ်းက ရေရှည်အတွက် မလုံလောက်ဘူး။
အိန္ဒိယတောင်ပိုင်းမှာရှိပြီး သဘာဝလှပတဲ့နေရာလေးတခုမှာပါ။ ဒါပေမယ့် သူတို့ရဲ့ စီးပွားရေးတိုးတက်မှုအများစုဟာ ပင်လယ်ကွေ့နိုင်ငံတွေမှာ ကာယအားကိုးပြီး သွားအလုပ်လုပ်နေတဲ့ လူတွေက ပြန်ပို့တဲ့ငွေကြောင့် ဖြစ်ပါတယ်။
.
လူဦးရေ ၁.၇ သန်းခန့်ပင်လယ်ကွေ့မှာ အလုပ်လုပ်နေ
.
ဒါဟာ ဒေသ လူဦးရေရဲ့ ၅% ဝန်းကျင်ဖြစ်ပါတယ်။ပြန်ပို့တဲ့ငွေက ထွက်ကုန်ရဲ့ ၂၅%ပါ။ဒီငွေကြောင့် လူနေမှုအဆင့်မြင့်လာတယ်။ဆင်းရဲနွမ်းပါးမှု မရှိသလောက် ဖြစ်လာတယ်။ချမ်းသာတဲ့လူနေမှုအဆင့်အတန်းကို ဖန်တီးပေးနိုင်တယ်။
.
အရင်တုန်းက ဥရောပ၊ ဂျပန် ၊တောင်ကိုရီးယား နဲ့တရုတ်တို့က စက်မှုလုပ်ငန်း ပို့ကုန်နဲ့ ချမ်းသာလာခဲ့တယ်။ဒါပေမယ့် ကနေ့ခေတ်မှာ စျေးကွက်ကပြည့်နေပြီး တရုတ်လို နိုင်ငံတွေကို ယှဉ်ဖို့ ခက်လာတယ်။
.
ဒါကြောင့် လူတွေကပြင်ပထွက်လုပ်တာကို တခြားနည်းလမ်းတစ်ခုအဖြစ် စဉ်းစားလာကြတယ်။
.
ကမ္ဘာတဝှမ်းမှာ နီပေါ ဟွန်ဒူရပ်စ် လက်ဘနွန် တို့မှာ နိုင်ငံဝင်ငွေရဲ့ ၂၀% ကျော်ဟာ ပြန်ပို့တဲ့ငွေတွေပါ။နီပေါမှာ ဆင်းရဲနွမ်းပါးမှုမှု ၄၀% လောက် လျော့ကျခဲ့တယ်။မက္ကဆီကိုမှာ ကလေးသေဆုံးမှု လျော့တယ်။
ဒါပေမယ့် စီးပွားရေးတိုးစေတဲ့အကျိုးသက်ရောက်မှုက အရမ်းနည်းပါတယ်။ခိုင်မာတဲ့ စီးပွားရေးအဆောက်အအုံကို မဖန်တီးနိုင်ဘူး။
တချို့နေရာတွေမှာ လူတွေ ထွက်သွားတာက အကျိုးရှိနိုင်တယ်။ ဥပမာ - အိန္ဒိယ နည်းပညာ လုပ်သားတွေ
.
အမေရိကန် ဆီလီကွန်ဗယ်လေး ကို သွားချင်တဲ့သူတွေ တချို့သာ အောင်မြင်ပြီး ထွက်နိုင်တယ်။နည်းပညာနဲ့ အဆက်အသွယ်တွေရလာကြတယ်။ အများစုက နိုင်ငံထဲမှာနေပြီး သတင်းအချက်အလက်နည်းပညာစက်မှုလုပ်ငန်းစုတွေ တည်ဆောက်ကြတယ်။
.
ဒါကြောင့် အခု အိန္ဒိယ သတင်းအချက်အလက်ပို့ကုန် ဒေါ်လာ၂၂၀ဘီလျံပို့နိုင်လို့ ပြင်ပထွက်သွားတဲ့သူတွေက ပြန်ပို့တဲ့ ဒေါ်လာ ၂၂၀ဘီလျံထက် ဒေါ်လာ ၁၃၅ဘီလျံ ပိုများတယ်။
.
အိန္ဒိယတောင်ပိုင်းမှာတော့ ပြန်ပိုတဲ့ငွေကြောင့် အကျိုးရှိပေမယ့် စီးပွားရေးလုပ်ငန်းစုအသစ်တွေ ဖြစ်မလာဘူး။
.
လုပ်ခမြင့်တယ်။အလုပ်သမားသမဂ္ဂတွေအားကြီးတယ်။စီးပွားရေးလုပ်ငန်းတွေကို မလိုလားတဲ့ မူဝါဒတွေချတယ်။
.
လုပ်ငန်းရှင်တွေက တမီလ်နာဒူးလို တခြားနေရာတွေကို သွားတည်ဆောက်ကြတယ်။အပြင်ကရလာတဲ့ငွေကို အိမ်ဆောက် ကားဝယ်တို့လောက်ပဲ သုံးကြတယ်။
.
နိုင်ငံတွင်းကို ပြန်လာတဲ့အခါ နည်းပညာသစ်တွေ ပါမလာဘဲ ငွေပဲပါလာတာမျိုး ဖြစ်တတ်ပါတယ်။
.
ထုတ်လုပ်မှုစွမ်းအား တိုးမလာဘူး။
.
အဆိုးဆုံးအန္တရာယ်က ကိုယ်မထိန်းချုပ်နိုင်တဲ့ အချက်တွေကို အားထားရတာပါ။
.
ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ဘဲ သူတပါးအခြေအနေပေါ် မူတည်နေရတာပါ။ပင်လယ်ကွေ့နိုင်ငံတွေက မူဝါဒတွေ ပြောင်းလဲတာ၊အလုပ်အကိုင်တွေကို ဒေသခံနိုင်ငံသား တွေကိုသာပေးတာမျိုးတွေပါ။
.
အခုဆို အီရန်နဲ့ ပဋိပက္ခဖြစ်နေတဲ့အခါ ပြန်ပို့တဲ့ငွေတွေ၂၀%လောက် လျော့နိုင်တယ်။
.
လူတွေကို နိုင်ငံခြားပို့ပြီး ဝင်ငွေရှာတာက လူတစ်ဦးချင်းနဲ့ မိသားစုအတွက် ကောင်းတယ်
.
ဒါပေမယ့် နိုင်ငံတစ်ခုလုံး စီးပွားရေးတိုးတက်ဖို့ အတွက် မလုံလောက်ဘူး။ရေရှည်မှာ အန္တရာယ်များတယ်။အပြင်ထွက်အလုပ်လုပ်ကြတာနဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတိုးတက်ဖွိံ့ဖြိုးရေးကို ပေါင်းစပ်ဖို့လိုပါတယ်။
.
ညွှန်း အီကောနောမစ် အေပြီ၃၀၊၂၀၂၆
.
.
“လူတွေကို နိုင်ငံတွေကပို့ပြီး ပိုချမ်းသာနိုင်သလား” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားပေးပို့ပေးပါသော ဆရာ ခင်မောင်ညို - ဘောဂဗေဒ (ဥူးရေဝတ) ကို အသင်းကိုယ်စားအထူးကျေးဇူးတင်ပါတယ် ...
.
ဒစ်ဂျစ်တယ်နှင့်ပုံနှိပ်ကော်မတီ
မြန်မာနိုင်ငံဘောဂဗေဒအသင်း
.
.
စာမူများဖိတ်ခေါ်ခြင်း
.
စီးပွားရေးဆိုင်ရာ ဘာသာပြန်နှင့်မူရင်းရေးသားထားသော ဆောင်းပါးများကို PDF/e-book ပုံစံဖြင့် အသင်းဝက်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြခြင်း၊ အသင်း၏ ဆိုရှယ်မီဒီယာ (Facebook, YouTube) မှတစ်ဆင့် ဖြန့်ဝေခြင်း တို့ကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသဖြင့် ဝိုင်းဝန်းရေးသားနိုင်ရန် ဖိတ်ခေါ််အပ်ပါသည် ...
5 778
၂၀၂၂-ခုနှစ်လောက်က ဦးတေဇ (ပုသိမ်ကြီး)ရဲ့ သဲထိတ်ရင်ဖိုစရာကောင်းတဲ့ အဖြစ်အပျက်လေးပါ။တက္ကသိုလ်ပိတ်တဲ့အခါ မန္တလေးမြို့ထဲက သူရဲ့အသိ ဆရာတော်ဆီ သွားနေတယ်။ ကျောင်းထိုင် ဆရာတော်က အဆောက်အဦ တည်ဆောက်ဖို့ရာ ကျောင်းထဲက သစ်တမ်းရင့် သစ်ပင်ကြီးတွေကို ကျောင်းသားတစ်ယောက်အား ခုတ်လဲခိုင်းပါတယ်။
သစ်ပင်တွေ ခုတ်တဲ့အခါ ဆရာတော်က “ဒါက ငါ့ကျောင်းပဲ၊ ငါသဘောမတူရင် ဒီသစ်ပင်မှာ နေကြတဲ့ ပုဂ္ဂိုလ်အားလုံး နေခွင့်မရှိတော့ဘူး”လို့ နှင်ထုတ်ပါတယ်။
မကြာခင်ပဲ သစ်ပင်ခုတ်တဲ့ ကျောင်းသားလဲ နေထိုင်မကောင်းဖြစ်လာပြီး ဆေးရုံတက်ရပါတယ်။ ဆရာတော်ကတော့ အေးဆေးပါပဲ။ ဒါပေမဲ့ ၁-ပတ်အကြာ ညနေပိုင်းလောက် ကိုရင်လေးက အိမ်သာသွားတက်ပါတယ်။ အိမ်သာပေါ်ကနေ မဲမဲအရာကြီးတစ်ခုက သူ့အပေါ်ခုန်အုပ်တာကို ခံလိုက်ရတယ်။
နာနာဘာဝက ကိုရင်ကို ဝင်ပူးပြီးနောက် ကျောင်း ထဲကို ဝင်လာပါတယ်။ အပြင်ကလူတွေ ဝင်လာလို့မရအောင် ကျောင်းတံခါးတွေကို လိုက်ပိတ်ပါတယ်။ ပြီးနောက် သစ်ပင်ခုတ်တုန်းက အသုံးပြုခဲ့တဲ့ ဓားကြီးကို ယူလာပြီးနောက် ဆရာတော်ကို ဝင်ခုတ်ပါတယ်။
ဆရာတော်ကလဲ လက်နဲ့ကာရင်း ကိုရင်ကို ဝင်လုံးပါတယ်။ ကိုရင်က အသက်က ၁၃-နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဝင်ပူးခံနေရတော့ ခွန်အားချင်းမမျှပဲ ဆရာတော်ပဲ အလူးအလဲ ခံနေရတယ်။ နောက်ဆုံးတော့ ကိုရင်က ဆရာတော်ရဲ့ လည်ပင်းကို ညှစ် သတ်ပါတယ်။ ဆရာတော်ကလဲ အင်အားရှိသရွေ့ ပြန်လည်ခုခံနေပါတယ်။
ဆူညံသံတွေကို ကြားတဲ့အခါ ဦးတေဇကြီးက သူရဲ့ အခန်းထဲက ပြေးထွက်လာပြီး ဆရာတော်အခန်းထဲ ဝင်လိုက်ပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက ကြောက်စရာကြီး။ ဆရာတော်ရဲ့ ခြေထောက်တွေ၊ လက်တွေဟာ ဓားဒဏ်ရာတွေနဲ့ မြင်မကောင်းအောင်ဖြစ်နေတယ်။ ခေါင်းတစ်ခြမ်းလဲ ဓားနဲ့ အခုတ်ခံထားရလို့ ဟက်တက်ကြီးကွဲနေတယ်။
ဦးတေဇကြီးလဲ ကျောင်းတံခါးတွေဖွင့်ပြီး ပတ် ဝန်းကျင်ကို အကူအညီတောင်းပါတယ်။ ကပ္ပိယကြီး ၂-ယောက်တို့ အပြေးအလွှားရောက်လာပြီး ကိုရင်ကို ဝင်လုံးကြပါတယ်။ ၄-ယောက် ၁-ယောက်ဖြစ်နေပေမဲ့ ကိုရင်ကို မနိုင်ကြဘူး။
ဒါနဲ့ ကပ္ပိယရဲ့ အကြံပေးချက်အရ သိမ်ဝင်ပုတီးနဲ့ ကိုရင်ရဲ့ လည်ပင်းကို စွပ်လိုက်ကြတယ်။ အဲဒီအခါမှ ကိုရင်လဲ မလှုပ်နိုင်တော့ဘဲ ငြိမ်ကျသွားပါတယ်။ ပရိတ်ရေနဲ့ ဖျန်းလိုက်တဲ့အခါ အရမ်းပူလို့ သူ့ကို သနားကြပါလို့ တောင်းပန်လာတယ်။
ဒါနဲ့ ဦးတေဇတို့လဲ ဆရာတော်ရော ကိုရင်ပါ ခေါ်ပြီး ဆေးရုံကို ပြေးကြပါတယ်။ ဆေးရုံရောက်တဲ့အခါ ဆရာတော်ကို အရေးပေါ်ခန်းထဲ ထားလိုက်ရတယ်။ အခြေအနေကတော့ မကောင်းလှဘူး။ နာနာဘာဝကတော့ သူ့ကို လွတ်ပေးဖို့ပဲ တောင်းပန်နေတယ်။
ဦးတေဇတို့လဲ “ဆရာတော်ကို ဘာကြောင့် အခုလို လုပ်ရတာလဲ”လို့ မေးကြပါတယ်။ နာနာဘာဝက “ဆရာတော်က သစ်ပင်တွေ ခုတ်လိုက်တော့ သူတို့မှာ နေထိုင်စရာဘုံဗိမာန် မရှိတော့ဘူး၊ သားလေးက သစ်ငုတ်ပေါ်မှာ ထိုင်ပြီး အမြဲငိုနေတော့ သူ မခံစားနိုင်တော့ဘူး၊ ဒါကြောင့် ဆရာတော်ကို လက်စားချေရတာ”လို့ ပြောပါတယ်။
“မကျေနပ်ရင် သစ်ပင်တွေ ခုတ်တဲ့ကတည်းက ဘာလို့ လက်စားမချေတာလဲ”
“ကျောင်းထဲကို ဝင်ချင်ပေမဲ့ ကျောင်းစောင့်နတ်က ဝင်ခွင့်မပေးဘူး၊ ကျောင်းထဲကို ဝင်ခွင့်ရဖို့ ၃-ရက် ဥပုသ်စောင့်ခိုင်းတယ်၊ ပြီးမှ ဝင်ခွင့်ပေးတယ်။ ဒါကြောင့် အခုမှ အခွင့်အရေးရလို့ လက်စားချေရတာ"
“အခု မင်းဘာဖြစ်ချင်တာလဲ”
“သူ့အတွက် သစ်ပင်တစ်ပင် စိုက်ပေးစေချင်ပါတယ်”
“မင်းအတွက် စိုက်ပေးမယ်၊ ဒါပေမဲ့ နောက်ထပ် မနှောက်ယှက်ပါဘူးလို့ သစ္စာရေသောက်ရမယ်”
“တပည့်တော် သစ္စာရေသောက်ပါမယ်”
ဦးတေဇတို့လဲ ညတွင်းချင်း ကျောင်းအပြင်ဘက်မှာ သစ်ပင်တစ်ပင်စိုက်ပြီး သူ့အတွက် စီစဉ်ပေးလိုက်ကြတယ်။ နာနာဘာဝက သူ့လည်ပင်းမှာ စွပ်ထားတဲ့ ပုတီးကြီးကို ဖယ်ရှားပေးဖို့ တောင်းပန်နေရှာတယ်။
သစ္စာရေတိုက်ပြီး ပုတီးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကိုရင်လဲ ပျော့ခွဲသွားပြီး လဲကျသွားပါတယ်။ သတိရလာတော့ သူ့ကြောင့် ဆရာတော်အခုလို ဖြစ်ရတာဆိုပြီး ဝမ်းနည်းငိုကြွေးနေရှာတယ်။
ဘုရားရှင်လက်ထက်ကလဲ အာဠဝီပြည်သား ရဟန်းတစ်ပါးက ကျောင်းဆောက်ဖို့ရာ သစ်ပင်တွေကို ခုတ်လှဲပါတယ်။ သစ်ပင်နေ နတ်သမီးက သူ့ရဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ရဟန်းက နားမထောင်ဘဲ သစ်ပင်ကို ခုတ်ဖြတ်လိုက်ရာ နတ်သမီး၏ ကလေးရဲ့ လက်မောင်းကို ခုတ်မိသွားပါတယ်။
နတ်သမီးက ရဟန်းကို သတ်ပစ်ဖို့ရာ စိတ်ကူးပေမဲ့ မသင့်လျော်ဘူးလို့ တွေးပြီးနောက် ဘုရားရှင်ကို သွားရောက်တိုင်ကြားပါတယ်။ ဒါကြောင့် ဘုရားရှင်က ရဟန်းတော်တွေကို သစ်ပင်ကို မဖျက်ဆီးရလို့ ဥပဒေပညတ်ပါတယ်။ ဒါကြောင့် သစ်ပင်ကြီးတွေကို ခုတ်လှဲတဲ့အခါ သတိထားပြီး ခုတ်လှဲသင့်ပါကြောင်း...။
source:
အရှင်စန္ဒိမာ (ပေါက်)
(န.ပ.သ-မန်း) အဆောင်- ၂၀-မှူး
9.6.2026
5 778
ပြီးခဲ့တဲ့ (၃) လပိုင်းတုန်းက စက်ရုံမှာရှိတဲ့ ကိုရီးယား၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ အားလုံးစုပြီး ဘောလုံးကွင်းထဲမှာ ပျော်စရာဂိမ်းတွေ ဆော့ကြ
နောက်ဆုံး Main Event အနေနဲ့ ဘောလုံးအသင်းနှစ်သင်း ခွဲပြီး ဗိုလ်လုပွဲကန်ကြတယ်။
ကိုယ်တွေဘက်မှာ ကန်တတ်တဲ့လူများလို့ နိုင်မယ်ထင်ထားပေမယ့် တကယ်ကန်တဲ့အခါ အဘိုးကြီးတွေ များနေတော့ ပထမပိုင်းမှာ (၁-၀) နဲ့ ရှုံးနေတယ်။
ဒုတိယပိုင်း စစချင်းမှာပဲ နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရလို့ (၂-၀) ဖြစ်သွားတယ်။
ဒုတိယပိုင်း အလယ်လောက်ရောက်တော့ မကန်တတ်ဘူးလို့ ပြောတဲ့ မြန်မာနှစ်ယောက် လူစားလဲဝင်လာပြီးနောက်တန်းငြိမ်သွားမှ အသင်းက ပြန်ဖိကစားလာနိုင်တယ်
အဲဒီလိုနဲ့ တစ်ဖက်ဂိုးဧရိယာထဲ လူတွေရှုပ်နေတဲ့ကြားက ကိုယ့်ရှေ့ကို မြေထောက်ဘောကျလာလို့ ကန်ခွင့်ရပြီး (၂-၁) ချေပဂိုးရ⚽..
သိပ်မကြာခင်မှာပဲ ရှေ့တန်းကစားသမားကို ဧရိယာထဲမှာ လူချလိုက်လို့ ဒိုင်လူကြီးက ဝီစီမှုတ်ပြီး ပင်နယ်တီ သတ်မှတ်ပေးတယ်။
အဲဒီအချိန်က Injoy အဖြစ်ဆုံးအချိန်ပဲ။
“ဒီပွဲတော့ မရှုံးတော့ဘူး” ဆိုတဲ့ ခံစားချက်"
ဂိုးသမားရဲ့ ဘယ်ဘက်?ထောင့်ကို ဘယ်လိုကန်မယ်ဆိုတာ စက္ကန့်ပိုင်းအတွင်း အပိုင်တွက်ထားပြီးသား
အသင်းဖော် ကိုရီးယားသားနဲ့ တရုတ်တွေကိုလည်း “ကျနော်ကန်မယ်” လို့ ပြောလိုက်တယ်
မြန်မာညီအစ်ကိုတွေကလည်း မငြင်းဘူး၊
ဘောလုံးကိုယူပြီး ပင်နယ်တီစပေါ့မှာ တည်လိုက်တယ်။ ဧရိယာထဲက လူတွေအကုန်အပြင်ထွက် ဒိုင်လူကြီးရဲ့ ဝီစီသံကို စောင့်| Ready ဖြစ်နေကြောင်း ဒိုင်ဘက် တစ်ချက်လှည့်ကြည့်လိုက်တယ် '
ကွင်းဘေးကနေ လက်ခုပ်တီးရင်း ကိုယ့်နာမည်ကို ဝိုင်းအော်နေကြတဲ့အသံကိုလည်း တိုးတိုးကြားရတယ်
ဂိုးပေါက်နဲ့ ဘောလုံးကိုပဲ သေချာအာရုံစိုက်ထားတယ်"
ဝီစီသံကြားပြီ…
နှစ်စက္ကန့်လောက်အကြာမှာ ပြေးကန်လိုက်တယ်
ကိုယ်တွေးထားသလိုပဲ ဂိုးလ် ⚽
၂-၂)
ခဏအကြာမှာ ပွဲပြီးသွားပြီး အဆုံးအဖြတ် ပင်နယ်တီ (၅) လုံးစီ ကန်ကြတယ်။
ဟိုဘက်အသင်းက (၅) လုံးမှာ (၃) ဂိုးဝင်တယ်
ကိုယ့်အသင်းက (၄) လုံးမှာ (၂) ဂိုးပဲ ဝင်ထားတယ်။
(၅) လုံးမြောက် ပင်နယ်တီရောက်တော့
ပွဲချိန်အတွင်း ကန်ခဲ့တဲ့ဘက်နဲ့
ဆန့်ကျင်ဘက်ကို ကန်ပြီး ဂိုး ⚽
သရေကျသွားပြန်တယ်။
နောက်ထပ်နှစ်ယောက်စီ ထပ်ကန်တဲ့အခါမှာတော့ ကိုယ့်အသင်း ရှုံးသွားခဲ့တယ်။
ဟိုဘက်အသင်းက နိုင်လို့အောင်ပွဲခံနေချိန်
ကိုယ့်အသင်းသားတွေကို ကြည့်ရင်း
သတိရလိုက်မိတာ ..
" အာဆင်နယ်ပဲ"
နှစ်သင်းတည်း ခွဲကန်တာတောင် (ဒုတိယ)ရတယ်လို့ |😁
source: Zaw Min Tun
5 778
ဒီ mobilising activities တွေထဲမှာ ထင်ရှားတဲ့ဘုန်းကြီးကျောင်းတွေကို ပုံမှန်သွားရောက်တာ၊ သွေးလွန်တုပ်ကွေးကာကွယ်ဖို့ ခြင်ဆေးဖြန်းပေးတာ၊ ဆန်အိတ်၊ ဆီ၊ ကြက်သွန်၊ ငရုတ်၊ ဆား စတာတွေ လှူဒါန်းတာတွေ ပါဝင်ပါတယ်။ ထိပ်တန်းဆရာတော်ကြီးတွေကို ကြံ့ခိုင်ရေးရုံးတွေကို ပင့်ဖိတ်ပြီး တရားဟောစေတာ၊ ဩဝါဒပေးစေတာတွေလည်း ပါဝင်ပါတယ်။ ဒီနည်းလမ်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ၊ ထိပ်တန်းသံဃာတော်တွေကြား သုံးပွင့်ဆိုင် ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စစ်တပ်ဦးဆောင်တဲ့ ကြံ့ခိုင်ရေး cadre တွေက သံဃာ့ကွန်ရက်အတွင်း ပါဝင်မှုကို လျော့ချနိုင်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ကျနော့်စာတမ်းထဲပါတဲ့ ဓာတ်ပုံတစ်ပုံမှာ ၂၀၀၉ ခုနှစ်ကာလမှာ ရန်ကုန်တိုင်းအတွင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေက ဆရာ-ဒကာစီမံကိန်းအောက်မှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းဆောင်တာ တွေကို ဇယားနဲ့အသေးစိတ်ဖော်ပြထားတဲ့ဟာပါတယ်။ ဒီအထောက်အထားက ဆရာ-ဒကာစီမံချက်ဟာ သန်းရွှေ သို့မဟုတ် ခင်ညွန့်တို့လို စစ်ခေါင်းဆောင်တွေက တခါတည်း ထွက်ပေါ်လာတဲ့ အမိန့်တခုသက်သက်မဟုတ်ဘဲ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အဆက်ဆက် အကောင်အထည်ဖော်ခဲ့တဲ့ စနစ်တကျစီမံချက်တစ်ခုဖြစ်ကြောင်း ပြပါတယ်။
အကျဉ်းချုပ်ပြောရရင် ဆရာ-ဒကာစီမံချက်ဟာ မြန်မာစစ်အစိုးရအတွက် ဗုဒ္ဓဘာသာသံဃာ့ အဖွဲ့အစည်းကို co-opt လုပ်ဖို့၊ ထိန်းချုပ်ဖို့ အရေးကြီးတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီစီမံချက်ကြောင့် သံဃာတော်တွေ စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်နိုင်စွမ်း ကန့်သတ်ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း စစ်တပ်က သံဃာ့အဖွဲ့အစည်းထဲ informants တွေ ထည့်ခဲ့တယ်၊ ဆရာ-ဒကာစီမံကိန်းကို ပြန်လည်အသက်သွင်းခဲ့တယ်၊ တနိုင်ငံလုံးကအရေးပါတဲ့ ဘုန်းကြီးကျောင်း ၁၇၅ ကျောင်းအတွင်း သံဃာ၊ သီလရှင်နဲ့ lay attendants တွေကို စောင့်ကြည့်ဖို့ ရဲတပ်ဖွဲ့ကို တာဝန်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တခုမှာ အတိအလင်း ဆိုထားပါတယ်။
၂၀၁၁ နောက်ပိုင်း ဗုဒ္ဓဘာသာကာကွယ်ရေးအဖွဲ့တွေ ပေါ်လာတာကိုလည်း ဆရာ-ဒကာစီမံချက်ရဲ့ extension တခုအဖြစ် မြင်နိုင်ပါတယ်။ သို့သော် ဒီလို သံဃာ့ mobilization တွေအားလုံးကို စစ်တပ်ကဖန်တီးတာပဲလို့ လျှော့ချပြောလိုက်ရင်လည်း မပြည့်စုံပါဘူး။ ၂၀၁၁ ကနေ ၂၀၁၆ အတွင်း ဗုဒ္ဓဘာသာကာကွယ်ရေး mobilization တွေဖြစ်လာတာဟာ နိုင်ငံရေးနဲ့ စီးပွားရေး liberalisation အလျင်အမြန်ဖြစ်လာမှုကြောင့် လူတွေကြုံတွေ့လာတဲ့ ontological insecurities တွေကြောင့်လည်း ဖြစ်ပါတယ်။ သို့သော် သေချာတာက ဒီလိုဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ semi-civilian အစိုးရကာလမှာ အကာအကွယ်အောက်မှာ အားကောင်းလာခဲ့တာပါ။ နောက်ရက်မှာ ဆက်ပြောပါရစေခင်ဗျာ။
Photo credit to Myay Latt Athan (2024)
source:Phyo Wai
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
