ကိုထင် (ခ) လင်းမြတ်
رفتن به کانال در Telegram
4 016
مشترکین
-324 ساعت
-197 روز
-5830 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+7
در 0 کانالها
سپتامبر '26
+14
در 0 کانالها
Get PRO
اوت '26
+15
در 0 کانالها
Get PRO
ژوئیه '26
+10
در 0 کانالها
Get PRO
ژوئن '26
+15
در 0 کانالها
Get PRO
مه '26
+6
در 0 کانالها
Get PRO
آوریل '26
+11
در 1 کانالها
Get PRO
مارس '26
+4
در 1 کانالها
Get PRO
فوریه '26
+16
در 1 کانالها
Get PRO
ژانویه '26
+14
در 0 کانالها
Get PRO
دسامبر '25
+5
در 0 کانالها
Get PRO
نوامبر '25
+19
در 1 کانالها
Get PRO
اکتبر '25
+4
در 0 کانالها
Get PRO
سپتامبر '25
+9
در 0 کانالها
Get PRO
اوت '25
+12
در 0 کانالها
Get PRO
ژوئیه '25
+13
در 0 کانالها
Get PRO
ژوئن '25
+6
در 0 کانالها
Get PRO
مه '25
+18
در 0 کانالها
Get PRO
آوریل '25
+20
در 0 کانالها
Get PRO
مارس '25
+8
در 1 کانالها
Get PRO
فوریه '25
+21
در 0 کانالها
Get PRO
ژانویه '25
+30
در 0 کانالها
Get PRO
دسامبر '24
+192
در 1 کانالها
Get PRO
نوامبر '24
+26
در 0 کانالها
Get PRO
اکتبر '24
+51
در 0 کانالها
Get PRO
سپتامبر '24
+58
در 1 کانالها
Get PRO
اوت '24
+164
در 0 کانالها
Get PRO
ژوئیه '24
+71
در 0 کانالها
Get PRO
ژوئن '24
+89
در 2 کانالها
Get PRO
مه '24
+43
در 2 کانالها
Get PRO
آوریل '24
+327
در 1 کانالها
Get PRO
مارس '24
+44
در 0 کانالها
Get PRO
فوریه '24
+57
در 2 کانالها
Get PRO
ژانویه '24
+57
در 0 کانالها
Get PRO
دسامبر '23
+202
در 0 کانالها
Get PRO
نوامبر '23
+25
در 0 کانالها
Get PRO
اکتبر '23
+21
در 0 کانالها
Get PRO
سپتامبر '23
+26
در 0 کانالها
Get PRO
اوت '23
+17
در 0 کانالها
Get PRO
ژوئیه '23
+59
در 0 کانالها
Get PRO
ژوئن '23
+62
در 0 کانالها
Get PRO
مه '23
+123
در 0 کانالها
Get PRO
آوریل '23
+32
در 0 کانالها
Get PRO
مارس '23
+40
در 0 کانالها
Get PRO
فوریه '23
+50
در 0 کانالها
Get PRO
ژانویه '23
+727
در 0 کانالها
Get PRO
دسامبر '22
+42
در 0 کانالها
Get PRO
نوامبر '22
+36
در 0 کانالها
Get PRO
اکتبر '22
+32
در 0 کانالها
Get PRO
سپتامبر '22
+26
در 0 کانالها
Get PRO
اوت '22
+43
در 0 کانالها
Get PRO
ژوئیه '22
+162
در 0 کانالها
Get PRO
ژوئن '22
+69
در 0 کانالها
Get PRO
مه '22
+62
در 0 کانالها
Get PRO
آوریل '22
+50
در 0 کانالها
Get PRO
مارس '22
+29
در 0 کانالها
Get PRO
فوریه '22
+31
در 0 کانالها
Get PRO
ژانویه '22
+411
در 0 کانالها
Get PRO
دسامبر '21
+384
در 0 کانالها
Get PRO
نوامبر '21
+806
در 0 کانالها
Get PRO
اکتبر '21
+718
در 0 کانالها
Get PRO
سپتامبر '21
+1 853
در 0 کانالها
Get PRO
اوت '21
+1 840
در 0 کانالها
Get PRO
ژوئیه '21
+1 145
در 0 کانالها
Get PRO
ژوئن '21
+4 570
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 20 اکتبر | 0 | |||
| 19 اکتبر | 0 | |||
| 18 اکتبر | 0 | |||
| 17 اکتبر | 0 | |||
| 16 اکتبر | 0 | |||
| 15 اکتبر | +2 | |||
| 14 اکتبر | 0 | |||
| 13 اکتبر | +1 | |||
| 12 اکتبر | 0 | |||
| 11 اکتبر | 0 | |||
| 10 اکتبر | 0 | |||
| 09 اکتبر | +2 | |||
| 08 اکتبر | +1 | |||
| 07 اکتبر | 0 | |||
| 06 اکتبر | 0 | |||
| 05 اکتبر | 0 | |||
| 04 اکتبر | 0 | |||
| 03 اکتبر | 0 | |||
| 02 اکتبر | 0 | |||
| 01 اکتبر | +1 |
پستهای کانال
| 2 | ခြေလှမ်း
****
ခုရက်ပိုင်းထွမ့်အစိုးရရဲ့ကိုယ်စားလှယ်လာပြီး ထာဝရမဧဠိုးအဖွဲ့နဲ့လာတွေ့ကြောင်း သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တယ်။ ဒီအတွက်လည်း “ကန်ဟာဗမာပြည်အပေါ်ထားတဲ့ပေါ်လစီပြောင်းပြီလား” ဆိုပြီး စိုးရိမ်ကြတာ၊ အားငယ်ကြတာ၊ မခံမရပ်နိုင်ဖြစ်ကြတာတွေပါဆက်ခဲ့ရတယ်။ ထာဝရမဧဠိုးတို့တအုပ်ကိုလက်ခံပြီး တရားဝင်မှုကိုအသိအမှတ်ပြုပေးလိုက်ရင် အမှန်တရားအတွက်ဆင်နွဲနေကြတဲ့ နွေဦးတော်လှန်ရေး အကြီးအကျယ်ထိခိုက်သွားမှာကိုလည်းတွေးပူကြတယ်ပေါ့။ “လက်တွေ့မှာ အဲသလိုဖြစ်နိုင်သလား?” ဆိုပြီး တကိုယ်စာစဉ်းစားခန်းဝင်မိတဲ့အတွေးကို ဒီစာစုမှာဖော်ပြပါရစေ။
ကန်နဲ့ဆက်ဆံရေး - ကန်ရဲ့အကွက်တွေကိုခန့်မှန်းနိုင်ဖို့ ကန်ရဲ့ပေါ်လစီကိုအရင်သိဖို့လိုအပ်လှပါတယ်၊ “Bottom Line” လို့ဆိုရမှာပေါ့လေ။ “ကန်ဟာ ဒီမိုကရေစီဝါဒရဲ့ရှေ့ဆောင်၊ လူ့အခွင့်အရေးရဲ့မီးရှူး၊ ကမ္ဘာ့လုံခြုံရေးရဲ့အိပ်ဖန်စောင့်၊ တရားမျှတမှုများရဲ့သင်္ကေတ” လို့ စာဖတ်သူမိတ်ဆွေယုံကြည်နေပြီဆိုရင်တော့ ဟောလိဝုဒ်ရုပ်ရှင်များရဲ့ဝါဒဖြန့်ချီရေး အလွန်တရာထိရောက်လှတယ်လို့သာ အကျဉ်းချုပ်ဆိုပါရစေ။ ဒါဖြင့် “ကန်ဟာအဲသလိုတိုင်းပြည် လုံးဝ မဟုတ်ဘူးလား?” လို့မေးခဲ့ရင်တော့ “ရာခိုင်နှုန်းတချို့သာမှန်တယ်” လို့ဆိုရမှာပါ။ တကယ်တော့ ကန်ဟာ “ဘဏ္ဍာရေးမဟာအင်အားကြီးလူဖြူအသင်းအပင်းတစုရဲ့ အကျိုးစီးပွါးပဓါနဝါဒကျင့်သုံးရာမြေ” လို့အတိုမှတ်ထားရင်ရပါပြီ။ အဆိုပါအုပ်စုဟာသခင်တွေဖြစ်ကြပြီး စနစ်တခုလုံးကိုဝိုင်းထမ်းထားသောတဦးတယောက်ချင်းစီတိုင်းကတော့ ကျွန်များပါဘဲ။ အန်ကယ်ဆမ်ရဲ့ကျွန်တိုင်းကျွန်တိုင်းဟာ Ceiling တခုရောက်သည်အထိ ကြီးပွါးတိုးတက်ခွင့်ရှိကြတာကြောင့် ဒီအချက်ကိုဘဲ “American Dream” လို့ပျော်ပျော်ကြီးခံယူကြခြင်းမှာ ဘဝရည်မှန်းချက်အဆုံးသတ်ကြပါတယ်။ စနစ်ရဲ့ကောင်းခြင်း-ဆိုးခြင်းကို ဒီပိုစ့်မှဆွေးနွေးစရာမရှိပါဘူး၊ ဆက်မှမဆက်စပ်ဘဲလေ။ “အမေရီကန်ပြည်ထောင်စုဟာ ဘာ” ဆိုတာကို ကိုယ့်အမြင်နဲ့ကိုယ်ဖော်ပြရခြင်းပါ။ အထက်ကဖော်ပြခဲ့တဲ့ဝါဒတည်မြဲဖို့ ကန်ဟာ သူ့အကျိုးစီးပွါးအတွက် ဘာမဆိုလုပ်ပါတယ်။ ထာဝရမဧဠိုးပြောတဲ့ “ဘာမဆိုလုပ်ရဲတယ်” ဆိုတာမျိုးကို ကန်လုပ်လာတာအနှစ် ၂၅၀ တောင်ပြည့်ခဲ့ပါပြီ။
“ကန်ဆိုတာဘာ” ဆိုပြီးသိမြင်တဲ့နောက် ကန်ကိုယ်စားလှယ်ဗမာပြည်လာတဲ့ကိစ္စကိုဆက်ပါ့မယ်။ ကန်အတွက် ဗမာပြည်ကနေလောက်လောက်လားလားရစရာ ဘာမှမရှိပါဘူး၊ သူကချည်းပေးရမှာမျိုးပါ။ ဒါမျိုးကိစ္စကို ကန်စိတ်မဝင်စားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သေသေ-ရှင်ရှင်၊ ဗမာတပြည်လုံးပြာကျကျ-မကျကျ သူ့ကိစ္စမဟုတ်ပါ။ ဒါဖြင့် “သံရုံးကနေထုတ်ပြန်တာတွေ၊ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုတို့ပြောတာတွေကရော ဘယ်လိုတုန်း?” လို့မေးလာရင် “လူကြားကောင်းအောင်လုပ်တဲ့အကွက်တွေပါ” လို့ဖြေရမှာပါ။ ကချင်ဒေသကမြေရှားထွက်လို့ဗမာပြည်ကိုမျက်စိကျတယ်ဆိုတဲ့ကိစ္စကလည်း အရာမရောက်လှပါဘူး။ ကန်ဟာအဲသလိုခက်ခက်ခဲခဲရှုပ်ရှုပ်ထွေးထွေးနည်းနဲ့မှရမယ့် မြေရှားပမာဏနည်းနည်းကိုအာရုံမလာပါ။ ဒါဖြင့်ဘာလာလုပ်တာတုန်းဆိုရင် မွှေစရာအစတခုလာချခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အချက် (၅) ချက်တောင်းတယ်ဆိုတဲ့ဇာတ်လမ်းဖြစ်လာခြင်းပါ။ သေသေချာချာဖတ်ကြည့်ရင် ထာဝရမဧဠိုးအနေနဲ့ တောင်းဆိုချက် (၅) ချက်စလုံး ကန်ဖြစ်ချင်သလိုအောင်မြင်စွာဆောင်ကြဉ်းပေးနိုင်စရာမရှိပါဘူး။ ကန်အစိုးရနဲ့ကိုယ်စားလှယ်အဖွဲ့ဟာလည်း နွားတွေမဟုတ်ကြတဲ့အတွက်ဖြစ်မလာနိုင်မှန်းသိပြီးသားပါလေ။
ဘောမ တွေနဲ့ထာဝရမဧဠိုးရဲ့ဘက်တော်သားတွေ ခနခနကိုးကားကြတဲ့ ဝါဒဖြန့်ချီရေးစာသားတခုရှိပါတယ်။ အဲဒါကတော့ “ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြားက ပထဝီနိုင်ငံရေးအချက်အခြာ” ဆိုတဲ့အလုံးပါ။ စိတ်ချ၊ အချက်အခြာသာတကယ်ကျရင် အမေရီကန်ကတိုက်သိမ်းပြီးပါပြီ၊ ပနားမားတောင်တရုတ်လက်ထဲကပြန်လုတာကြည့်ပါ။ တိုက်မသိမ်းတာဟာ အမွန်းတင်ကြသလောက် သုံးစားမရလို့ပါ။ ဒါပေမယ့် အခုအကွက်ကတော့ ဗမာပြည်အတွက်မဟုတ်ပါဘူး။ ရန်သူတော်စိနရယ်၊ ကန်နဲ့သိပ်ပြီးအစေးမကပ်တဲ့အပ္ပနားရယ်၊ ထာဝရမဧဠိုးသွားပင့်လာတဲ့ငပူတင်းရယ်တို့ကိုမွှေချင်လို့ဆင်တဲ့အကွက်သာဖြစ်ပါတယ်။ ဗမာပြည်ဟာ စာမတတ်ပေမတတ်တွေ၊ အောက်တန်းစားတွေ၊ အချောင်သမားတွေအင်မတန်များလာလို့ ကိုယ့်အားကိုယ်ကိုးတဲ့တော်လှန်ရေးမအောင်မြင်ဘဲ အမေရီကန်ကပါဝင်မွှေလို့ကတော့ အီရတ်၊ အာဖဂန်၊ လစ်ဗျားတို့လိုမျိုး ဖြစ်လာတော့မယ်လို့ ထင်မြင်မိပါကြောင်းဗျာ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 709 |
| 3 | သွေးမအေးကြေး
************
ဒြုန်းတွေပျံကာဝဲ
ရန်သူ့ Cell တွေထဲထိရောက်
ပေါက်တဲ့ကောက်ပေါက်ပွင့်တဲ့ကောင်ပွင့်
ထာဝရမဧဠိုးတို့ လွင့်စင်လို့ပျောက်ခါဆုံး
အာဏာကိုမမုန်းတမ်းဆုပ်ကိုင်ထားခဲ့တဲ့
ဒင်းတို့လက်တွေကြေမွပျက်သုဉ်းလေမှ
တမလွန်ကငါတို့ရဲဘော်တွေ ရင်အေးရပေလိမ့် ….. ။
ကြိုးနဲ့စွန် - အမှတ် (၂) ကိုအင်တိုက်အားတိုက်ပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းပါရစေ။ Activists Burma အနေနဲ့လည်း ဒီကမ်ပိန်းမှာ “သိန်းသုံးရာ” ပံ့ပိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ Activists များအားလုံးကိုလည်း အထူးဆော်ဩရပါကြောင်းဗျာ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma | 1 675 |
| 4 | အချိန်
***
တလ နဲ့ သုံးရက်အတွင်း ဝိုင်းဝန်းကြပါစို့။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 521 |
| 5 | ဝိုင်းကြဝန်းကြ
*********
ငါးကင် ငှက်ကင်တွေကိုကြည့်ပြီး ခွန်အားဖြစ်ကြမှာပါ။ ဒါဆိုရင် ဒြုန်းတွေပိုတပ်ဆင်ပေးနိုင်ဖို့လိုတယ်ဆိုတာကိုလည်း သဘောပေါက်ကြမယ်ထင်ပါတယ်။
“ကြိုးနဲ့စွန် အမှတ် (၂)” လာတော့မတဲ့။ ဝိုင်းကြဝန်းကြပါဗျာ့။ Activists Burma ကတော့ ပိုက်ဆံစပြီးစုနေပါပြီ။ ဘယ် Channel ကသွားသွား တော်လှန်ရေးအဖွဲ့တွေလက်ထဲ ပစ္စည်းတွေရောက်ဖို့ ပဓါနပါဘဲလေ။
ရုန်းကြဦးစို့ရဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
မှတ်ချက်။ ။ ပုံကတော့အဟောင်းပါ။ | 1 710 |
| 6 | بدون متن... | 1 506 |
| 7 | အရေခြုံလျက်တက်လမ်းရှာပေအံ့
***************************
စားပွဲဝိုင်းပေါ်မယ် အားပါးတရမေထုန်မှီဝှဲနေခဲ့တဲ့ CCTV မှတ်တမ်းနဲ့ ဘတ်သန်းရာပေါင်းများစွာတန်အလွဲသုံးစားမှုကိုအကြောင်းပြုပြီး ထိုင်းဘုန်းကြီး ဖရာဝါချီရာရန်တယောက် ၂၀၂၆ စက်တန်ဘာ (၁၀) မှာအဖမ်းခံလိုက်ရပါပြီ။ ဒီကိစ္စဟာ ထိုင်းတနိုင်ငံထဲတင်သာမက တကမ္ဘာလုံးကိုပါအရှိန်အဟုန်နဲ့ပြန့်နှံ့သွားတဲ့သတင်းမို့ Newsfeed အတော်များများမှာ ကျော်ကိုပစ်ရလောက်အောင်ဗွက်ထနေခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမယ့်လည်း “သူ့စရိတ်နဲ့သူသွားမှာပေါ့” တို့၊ “အကုသိုလ်ဝင်မယူနဲ့” တို့၊ “ကိုယ့်အလုပ်ကိုယ်လုပ်” တို့၊ “ဘုန်းကြီးကမိန်းမနဲ့ဖက်အိပ်နေလည်းသွားမပြောနဲ့” တို့ အစရှိတဲ့ ဖာသံ၊ ကာသံ၊ Brainwash လုပ်၊ မှိုင်းတိုက်မှုတွေ လုံးဝ အားမကောင်းလာခြင်းကိုတော့ ကောင်းစွာသတိထားမိလိုက်ရပါတယ်။ ဗမာပြည်မှာဆိုရင်ရော ???
ဗမာပြည်မှာထွန်းကားတဲ့ထေရဝါဒဗုဒ္ဓဘာသာအရ ရဟန်းဟာ မေထုန်မှီဝဲခြင်း၊ ခိုးခြင်း၊ လူသတ်(ကိုယ်ဝန်ကျဆေးပေး)ခြင်း၊ မဂ်ဖိုလ်တရားထူးမရဘဲရတယ်လို့ဝန်ခံခြင်းဖြစ်ခဲ့ရင် “ရဟန်းမဟုတ်တော့” ရယ်လို့အတိအလင်းသတ်မှတ်ထားပြီးသားပါ၊ စာအလိုကတော့ “ပါရာဇိကသိက္ခာပုဒ်များ” ပေါ့။ ဒါဖြင့် ဗမာပြည်မယ်ထိုင်းဘုန်းကြီးလိုမျိုး ရဟန်းဝတ်ကြီးနဲ့မေထုန်မှီဝဲသူ၊ ပါရာဇိကကျူးလွန်ကြသူတွေမရှိကြဘူးလား ??? သိပ်ရှိတာပေါ့။ ကျိုကြားကျိုကြားထွက်ပေါ်နေတဲ့ဗီဒျိုဖိုင်တွေ၊ သတင်းတွေ၊ ဖြစ်ရပ်မှန်တွေ မမြင်ချင်မှအဆုံးပါ။ နယ်ကလာပြီးမြို့ပေါ်ဘုန်းကြီးကျောင်းတွေရောက်ပြီးမှဗိုက်ရကုန်တဲ့မိန်းကလေးတွေ၊ ရဟန်းအစ်မ-ကျောင်းအစ်မ-အလှူ့အစ်မတွေနဲ့ ပါရာဇိကကျကုန်တဲ့ဖြစ်ရပ်တွေ၊ မိဘမဲ့တွေမွေးစားရင်း ကုတင်ပေါ်နိဋ္ဌိတံသွားတဲ့ဖြစ်ရပ်တွေ၊ လူအဝတ်ဝတ်ပြီးဖွန်ထွက်ကြောင်ရင်း Living together ဖြစ်ကုန်ကြတဲ့ဇာတ်လမ်းတွေ၊ ထိုင်းဘုန်းကြီးလိုမျိုး အမ်းရင်းဆွဲစားတဲ့ အရင်းစိုက်အရင်းသွင်းကိစ္စတွေ၊ စသဖြင့် ပြောမဆုံးပေါင်တောသုံးတောင်ပါဘဲ။ ဗမာပြည်မှာက မဟနရော၊ အစိုးရယန္တယားရောဟာ “Rule of Law” ကိုနားလည်နိုင်တဲ့ဉာဏ်ရည်မရှိခြင်း သို့တည်းမဟုတ် “Rule of Law” ကိုကျင့်သုံးရလောက်အောင် ခိုင်ကျည်တဲ့စာရိတ္တမဏ္ဍိုင်မရှိခြင်းတို့ကြောင့် အဆိုပါဒုစရိုက်တွေဟာ တရားစီရင်ရေးမီးရောင်အောက်ကို ရောက်မလာရခြင်းဖြစ်ပါတယ်။ ဒီအနေအထားနဲ့တောင် သာသနာရေးရုံးမှာ ဘုန်းကြီးနဲ့လူ၊ ဘုန်းကြီးနဲ့ဘုန်းကြီး၊ ဘုန်းကြီးနဲ့အဖွဲ့အစည်း ဖြစ်ပွါးနေဆဲတရားမမှုတွေ သောင်းချီရှိပါသတဲ့။ ဒါဟာ ဗမာပြည်ဗုဒ္ဓသာသနာရဲ့ တကယ့် Dark Side အစစ်အမှန်ပါဘဲ။ ဒီလိုပြောလို့ သကျသာကီဝင် ဂေါတမမည်ရမြတ်ဗုဒ္ဓရဲ့သာသနာဟာ ဗမာပြည်မှာဖြူခါပြာခါကျနေပြီလားဆိုပြန်တော့လည်း မဟုတ်သေးပါဘူး။ တကယ်ဖြူစင် တကယ်အားထုတ်နေသူများလည်း တကယ်ရှိနေဆဲပါ။ အဲ … အချိုးအဆကတော့ “မများလှပါ” လို့သာဆိုရမှာပါ။
ကမ္ဘာပေါ်ကကြိုက်တဲ့တိုင်းပြည်ကိုကြည့်၊ နိုင်ငံရေး-စီးပွါးရေး-လူမှုရေးအားနည်းရင် ဘာသာရေးအားကောင်းပြီသာမှတ်။ ကမ္ဘာ့ကိုးကွယ်ရာဘာသာအားလုံးမှာ သက်သေပြမရ၊ စိစစ်မရ၊ စုံစမ်းမရတဲ့ Grey area အများကြီးရှိနေတာပါ။ အချောင်သမား၊ အောက်တန်းစား နဲ့ လူလိမ်အမြောက်အများဟာ အဆိုပါ Grey Area အောက်ဝင်ပြီး ထင်တိုင်းကြဲတတ်ကြပါတယ်။ အချို့က သူများမှိုင်းတိုက်လို့ထလုပ်ကြတယ်၊ အချို့ကတော့ ကိုယ့်မှိုင်းကိုယ်တိုက်ပြီးထလုပ်ကြတယ်ပေါ့။ “လိမ်လည်မှု” နဲ့ တရားဥပဒေ၊ လူ့ပါတ်ဝန်းကျင်တို့ကမစီရင်နိုင်မချင်း အတောမသတ်အောင်လိမ်စားကြတော့တာပါဘဲ။ တကယ်က ဘယ်နိုင်ငံမဆို ခိုင်မာတဲ့တရားစီရင်ရေးနဲ့တရားဥပဒေစိုးမိုးမှုမရှိခဲ့ရင် ဘာသာရေးခေါင်းစဉ်ဟာ ရာဇဝတ်သားအားလုံးရဲ့ ညစ်ပေနေသောလက်မည်းများကို ဝင်ရောက်လျှော်ဖွပ်စရာ အကောင်းဆုံးခဝါရုံဖြစ်နေပါတော့တယ်။ ဗမာပြည်မှာတော့ ခရိုနီဂတုံးများနဲ့လက်သွေးစွန်းသောစစ်ဗိုလ်စစ်သား ရာဇဝတ်သားအပေါင်းတို့ဟာ ဖွတ်နှစ်ကောင်အမြီးချင်းချည်ထားသလို တမြေထဲနေ တရေထဲသောက် တခရီးထဲသွားချည်းပါဘဲ။ သူတို့အန္တိမရည်ရွယ်ချက်ကိုက လာဘ၊ သက္ကာရ၊ သိလောက တွေမို့။ ဒါကြောင့် ဗမာပြည်မယ်တော့ ဖရာဝါချီရာရန်အမှုအခင်းလိုမျိုး ပေါ်စရာမရှိနိုင်ပါဘူးလေ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 380 |
| 8 | بدون متن... | 847 |
| 9 | အစွန်းနှစ်ဘက်တွင် …..
*****************
စက်တန်ဘာ (၉) ရက်နေ့က ရန်ကုန်မြို့မှာ ဘိုးတော်အောင်မင်းခေါင်အတွက်လုပ်ပေးတဲ့အထင်ကရအခမ်းအနားမှာ လူငါးထောင်ကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြားပစ္စည်းတွေထည့်ထုပ်ထားတဲ့အိတ်တလုံးစီ လက်ဆောင်ပေးသတဲ့။ ဒီနေ့လိုထမင်းစားချိန်မှပေးမယ့်ဟာကို မနေ့ကမနက်လိုအချိန်ကတည်းကလာပြီးတန်းစီကြသတဲ့၊ (၂၄) နာရီကျော်စောင့်ရတဲ့သဘောပေါ့။ ဝေဇယန္တာလမ်းပေါ်ကို လှည်းကူးတို့၊ ခရမ်းသုံးခွတို့ အစရှိတဲ့နေရာတွေကပါလာပြီး တန်းစီတိုးယူကြသူတွေရှိသတဲ့။ ဒါကတော့ “ဧဝံ မေ သုတံ” ပေါ့လေ။
ဒီဇာတ်လမ်းကို ကြားရ၊ သိရပြီးတဲ့အခါမှာ အောက်ဖော်ပြပါအတိုင်း အတွေးနယ်ချဲ့မိပါတော့တယ်။
၁။
ဆန်တပြည်နှစ်ပြည်တောင်မှ ဝယ်မစားနိုင်တော့သူတွေ ရန်ကုန်တိုင်းထဲအဆမတန်များပြားနေပြီ။ ဝယ်စားနေနိုင်ရင် ဘယ်သူကမှဝေးလံခေါင်သီအရပ်ဆီကနေလာပြီးတန်းမစီဘူး၊ (၂၄) နာရီကျော်အချိန်တွေမသုံးဘူး။ ရန်ကုန်တောင်ဒီလောက်ဆိုးနေရင် နယ်တွေ၊ စစ်မက်ဖြစ်ပွါးနေတဲ့အရပ်တွေဆိုရင် Living Hell ပေါ့လေ။
၂။
အသုံးမခံပေမယ့် ငွေဟာရှာရအလွန်အမင်းခက်ခဲတဲ့အရာတခု ဖြစ်သွားခဲ့ပြီ။ ဒီတပတ်ထဲမှာဘဲ ထန်းတပင်မှာရုံးစိုက်တဲ့ Teng Hui အမည်ရ တရုတ်အထည်ချုပ်စက်ရုံပိတ်သွားသတဲ့။ အဲဒီစက်ရုံတခုထဲတင်လုပ်သား ၃၀၀၀ ကျော်ရှိတယ်လို့ဆိုတယ်။ တယောက်ဝင်ငွေကို မိသားစုသုံးယောက်ပျှမ်းမျှစားတယ်ဘဲတွက်၊ လူတသောင်းလောက် ထမင်းအိုးကွဲသွားခဲ့ပြီ။ ၂၀၂၁ ဖေ (၁) နောက်ပိုင်း FDI တွေဆုတ်ကုန်လို့ ပိတ်လိုက်ရတဲ့လုပ်ငန်းတွေရာထောင်ချီတယ်။ ငတ်သွားမယ့်ပါးစပ်ပေါက်တွေ တွေးသာကြည့်ပေတော့။
၃။
တမြို့တနယ်တရပ်ထဲသားအချင်းချင်း ဆန်တပြည်နှစ်ပြည်၊ ဆီနှစ်ဆယ်သားအစိတ်သားကိုတောင် နီးရာစပ်ရာမဝေမျှနိုင်တဲ့အခြေအနေကြီးက အလွန်အမင်းကျယ်ပြန့်သွားခဲ့ပြီ။ ဝေစရာမျှစရာနဲ့ ဝေလိုစိတ်မျှလိုစိတ်သာရှိနေသေးရင် ဒီလူအုပ်ကြီးဖြစ်ပေါ်လာစရာမရှိ။ ဒီဖြစ်ရပ်ဟာ ရန်ကုန်တခုထဲမဟုတ်၊ ရန်ကုန်သည် ‘Tip of the iceberg’ သာဖြစ်စရာရှိတယ်။ ဒီချုပ်ခေတ်ကိုဗစ်ကာလတုန်းမှာတောင် “Sharing is caring” သံတွေကျယ်လောင်ခဲ့ကြတာ ဘာမှကြာသေးတာမှမဟုတ်တာ။
၄။
ဇိမ်ခံကားစီး၊ Aircon ခန်းထဲဟန်ကျ၊ နဝကမ္မသိန်းရာချီရတဲ့သင်္ကန်းပတ်ဂတုံးတွေကို ဘိုးတော်မယ်တော်တွေက “ဒါဘဲ !!!” လို့လှန်ပြလိုက်ခြင်းပါဘဲ။ အသက်ငင်နေရှာတဲ့ ဗမာပြည်ဗုဒ္ဓသာသနာဟာ ဘိုးတော်မယ်တော်များရဲ့ရိုက်ချက်ပြင်းပြင်းအောက်မှာ အသံတချက်မှမထွက်နိုင်ဘဲလည်စင်းခံနေရရှာပေါ့။ ထမင်းနပ်မမှန်တဲ့စာသင်သားရဟန်းတွေကတော့ သီဟိုဠ်သူပုန်ဘေးလို ကြုံနေကြရမှာဧကန်။
၅။
အခုလိုခေတ်ကြပ်ကြီးမှာ လူငါးထောင်ကိုပေးတာလှူတာ ဝမ်းမသာစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်သူတွေ၊ ဘယ်ကရတဲ့ဝင်ငွေများနဲ့လှူတာပါလိမ့်ဆိုတာကိုတော့ ခေါင်းတချက်ထောင်ကြည့်မိတယ်။ ‘ရွှေသံလွင်’ ဆိုတဲ့နာမည်ကိုလည်း ကြားလိုက်မိပါသေး။ Check & Balance ကောင်းတဲ့တိုင်းပြည်များမှာတော့ ကိုယ့်ငွေဖြူကိုယ်လှူပစ်ခြင်းအပေါ် ဘယ်သူကမှလာမပိတ်ပင်ကြပါဘူး။ ဘီလျံချီတဲ့ပါမစ်ရလို့အစွန်းထွက်လှူတာမျိုးကိုတော့ Philanthropy လို့မခေါ်ထိုက်ဘူးပေါ့။
အဲ …
ငတ်တဲ့သူတွေ (၂၄) နာရီကျော်နေပူစပ်ခါးဒဏ်ကိုအံ့တုရင်းထမင်းတလုတ်အတွက်ချွေးမြေကျနေချိန်မှာတော့ “မန်းလေးက ဘစိုင်းရှိုးကို လူထောင်ပေါင်းများစွာတက်ရောက်ကြ၏” ဆိုလား။ ဤကား အနှီဗမာပြည်တွင်း၌ တချိန်ထဲတွေ့နိုင်ပေသော အဖြူနှင့်အမည်းပြကွက်ပေတည်း ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 185 |
| 10 | بدون متن... | 1 436 |
| 11 | အမြစ်နက်တတ်သောမိစ္ဆာဒိဋ္ဌိ
***********************
ဂျာမဏီမှာနာဇီပါတီထွန်းတောက်စဉ်က Joseph Goebbels ဆိုတဲ့နာဇီနိုင်ငံရေးသမားတယောက်ရှိခဲ့သတဲ့။ စာလုံးပေါင်းအရ “ဂျိုးဇက် ဂိုဘဲလ်” လို့ဖတ်ချင်စရာကောင်းပေမယ့်၊ ဂျာမန်အသံထွက် (လေ့လာမိသမျှ) အမှန်ကတော့ “ယိုစက်ဖ် ဂပ်ဘာလ်” ဖြစ်ပါတယ်တဲ့။ သူ့ကို ၁၈၉၇ မှာမွေးခဲ့ပြီး ၁၉၂၂ မှာ Ph.D တောင်ရသည်အထိထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ ၁၉၃၃ ကနေ ၁၉၄၅ ကတော့ သူ့ဘဝရဲ့အတောက်ပဆုံးကာလပါဘဲ။ နာဇီဂျာမနီရဲ့ အကြီးကျယ်ဆုံးဝါဒဖြန့်ချီရေးမှူး (အရေးပါသောဝန်ကြီးတပါး)၊ ဟစ်တလာ့ရဲ့လက်ရုံးတဆူဖြစ်ခဲ့တယ်ပေါ့။ “နာဇီ”၊ “ဟစ်တလာ” စတဲ့စကားလုံးတွေကိုဖယ်ကြည့်လိုက်ရင် သူ့မှာလူအများကအားကျရမယ့် ပညာရေး၊ ကျော်ဇောကိတ္တိ၊ အခွင့်အာဏာ၊ အစရှိတာတွေကိုမြင်ကြရမှာပါ။
Promising Fortune ကိုပိုင်ဆိုင်ထားသူ Joseph Goebbles တယောက်ဘယ်လိုမျိုးပုံစံနဲ့ဘဝနိဂုံးချုပ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။ Goebbles မှာကလေးခြောက်ယောက်ရှိပြီး ဟစ်တလာ (Hitler) ကိုဂုဏ်ပြုသောအားဖြင့် သူတို့နာမည်အားလုံးကို “H” နဲ့အစပျိုးမှည့်ခေါ်သည်အထိ အစွန်းရောက်ခဲ့ပါသတဲ့။ ဟစ်တလာကိုအကြွင်းမဲ့သစ္စာရှိခြင်းကိုပေါ်လွင်စေတဲ့အပြုအမူတခုပေါ့လေ။ Goebbles ဟာ “Lunatic” သို့တည်းမဟုတ် “အစွန်းရောက်မိုက်ကန်းရူးသွပ်သူ” ရယ်လို့ သမိုင်းပညာရှင်အမြောက်အများရဲ့တညီတညွတ်ထဲသတ်မှတ်ခြင်းခံခဲ့ရတဲ့ဟစ်တလာကိုပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းသက်ဝင်ခဲ့သူလည်းဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မဟာမိတ်တပ်များ မြို့တော်ဘာလင်ကိုစတင်သိမ်းပိုက်ထိုးဖောက်ချိန်၊ ၁၉၄၅ မေ (၁) ရက်နေ့မှာ သူကိုယ်တိုင်ရဲ့ကလေးခြောက်ယောက်စလုံးရော၊ သူ့မိန်းမ Magda ရော၊ သူရောဟာ ဆိုင်ယန်နိုက်အဆိပ်သောက်သုံးပြီးသေပွဲဝင်ခဲ့ကြပါတယ်တဲ့။
Goebbels တယောက် ဘဝတလျှောက်လုံးမှာ ဝါဒဖြန့်ချီရေးတွေတွင်တွင်လုပ်ရင်း ကိုယ်ဖြန့်ချီထားတဲ့ဝါဒကို ကိုယ်ပြန်ပြီးသက်ဝင်သွားတဲ့သဘောပါဘဲ။ အစွန်းရောက်သစ္စာခံခြင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းဆိုတာမျိုးတွေဟာ ဆင်ခြင်တုန်တရားကင်းမဲ့သူတွေအတွက် ရှောင်လွှဲမရတဲ့ဖြစ်တန်စွမ်းများဖြစ်ကြကြောင်း စိတ္တဗေဒပညာရှင်များကမှတ်တမ်းတင်ကြပါတယ်။ Goebbels ရဲ့ IQ နဲ့ အပေါက်မြောက်ဆုံး Doctorate Title ပညာရေးတို့ဟာ သူ့ရဲ့ဆင်ခြင်တုံတရားနဲ့တွေးခေါ်နိုင်စွမ်းကိုအထောက်အကူမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူ၊ သူ့အဖွဲ့အစည်း၊ သူသစ္စာနှံရာပုဂ္ဂိုလ်တို့အပေါ် အမှန်အမှား အဆိုးအကောင်း အကျိုးအကြောင်း မစေ့ငုနိုင်သည်အထိသတိရောပညာပါယွင်းချွတ်ခဲ့ခြင်းဖြစ်ပါတယ်။
“မိစ္ဆာဒိဋ္ဌိ” ဟာပါဠိစကားဖြစ်ပေမယ့် တကယ့်အနက်ဟာ “ဗုဒ္ဓဝါဒ၌မသက်ဝင်သူ” လို့အနက်မထွက်ပါဘူး။ “မှားယွင်းသောအယူရှိခြင်း - ရှိသူ” လို့သာအနက်ထွက်ပါတယ်။ “ဗုဒ္ဓဘာသာ” လို့ခံယူပြီး “မိစ္ဆာဒိဋ္ဌိ” ဖြစ်နေသူတွေ ဗမာပြည်ထဲတင်သန်းပေါင်းများစွာရှိပါတယ်။ အယူမှန်ဖို့ကိစ္စအတွက် “ဉာဏ်ပညာ” နဲ့ပြည့်စုံဖို့ အင်မတန်အရေးကြီးပါတယ်။ ဆင်ခြင်တုံတရား၌အခြေခံသောဉာဏ်ပညာမရှိသမျှကာလပါတ်လုံး မိစ္ဆာဒိဋ္ဌိဘဝကနေ လွတ်ရိုးမရှိပါဘူး။ အဆင်ခြင်ကင်းကင်း ဉာဏ်အလျဉ်းမပါဘဲ ပုဂ္ဂိုလ်တယောက်ယောက်၊ အဖွဲ့အစည်းတခုခု၊ ဝါဒတမျိုးမျိုးကိုယုံကြည်မိရင် ငါးပါးတင်မကသံဃာစင်ပါမှောက်ပါသတဲ့။ ဗုဒ္ဓဝါဒစာပေများကိုလေ့လာကြည့်ရင် “နိယတမိစ္ဆာဒိဋ္ဌိ” များဟာ အပါယ်သက်ရှည်လျားလှတဲ့ သံသရာ့သစ်ငုတ်များဖြစ်ကြောင်း အတိအလင်းရေးသားထားပါသေးတယ်။
ကိုယ်တွေကတော့ အဆင်ခြင်ကင်းကင်းနဲ့ လူ၊ အဖွဲ့အစည်း၊ ဝါဒတခုခုကို မျက်စိစုံမှိတ်ထောက်ခံနေသူတွေမြင်မိရင်တော့ “အင်း … မိစ္ဆာဒိဋ္ဌိလေးတွေပါလား …” ရယ်လို့ သနားနေမိတော့တာပါဘဲလေ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 501 |
| 12 | بدون متن... | 1 392 |
| 13 | بدون متن... | 703 |
| 14 | 2026 July & August လချုပ်
***********************
2026 July & August နှစ်လလုံးရဲ့ Activists များပါဝင်မှုကို စုစည်းတင်ပြလိုက်ပါတယ်။ ဒီကာလအတွင်းမှာ ဒြုန်းပရော့ဂျက်နှစ်ခုကိုပါဝင်နိုင်ခဲ့ခြင်းဟာ Activists များအတွက်ထူးခြားချက်ပါဘဲ။
ကမ္ဘာမှာ နတ်ဉာဏ်လို့ခေါ်ရမယ့် AI ကြောင့် Trend တွေပြောင်းနေပါတယ်။ စစ်ရေးပြောင်းလဲမှုသည်လည်း အဆိုပါပြောင်းလဲမှုရဲ့ထိပ်တန်းနေရာကပါဝင်ပါတယ်။ နည်းပညာလောကရဲ့ တီထွင်မှုမှန်သမျှကို စစ်ရေးမှာအကုန်အသုံးချပြီးမှသာ အရပ်သားတွေသုံးဖို့ချပေးတာဟာပုံမှန်ပါဘဲ။ ဗမာပြည်နွေဦးတော်လှန်ရေးခမြာဘတ်ဂျက်မတောင့်လေတော့ အရပ်သားသုံးတွေကိုတောင်နပ်မှန်အောင်မသုံးနိုင်ရှာဘဲ နည်းမျိုးစုံရှာကြံပြီး စစ်အာဏာရှင်ကိုအံတုနေရတာပါ။ ဒါနဲ့တောင် ထာဝရမဧဠိုးတို့အဖွဲ့ဟာ အပြီးသတ်အနိုင်မျိုးကို ရမနေပါဘူး။ နွေဦးရဲ့အောင်ပွဲတွေမြိုင်နေချင်ရင်တော့ လက်လည်းပါ၊ အချိန်လည်းမှန်နေမှရမှာပါ။
လိုရင်းကတော့ PRF အားကောင်းအောင်လုပ်ပြီး တော်လှန်ရေးကိုပံ့ပိုးကြဖို့ပါဘဲ။ PRF အားအပြည့်မရှိသေးလို့ AB လိုအင်အားစုတွေက ဝန်ကိုမျှပြီးထမ်းနေရခြင်းဖြစ်ကြောင်း ထပ်မံအသိပေးရပါတယ်ဗျာ့ ….. ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma | 631 |
| 15 | بدون متن... | 682 |
| 16 | သူတိူ့အသံ
******
ပူးတွဲ Video Clips လေးနှစ်ခုကတော့ မြေပြင်ရဲဘော်အချို့ပို့ပေးတဲ့ပီတိလေးများပေါ့။ ကိုယ်ထောက်သမျှအဖွဲ့တိုင်းကတော့ ပို့လာကြတာမဟုတ်ပါဘူး။ ပို့လာသမျှတွေကိုလည်း တင်နိုင်တယ်မဟုတ်ဘူးပေါ့လေ။ ဒီနှစ်ခုကတော့ Activists များလည်း ပီတိကူးစက်ရစေချင်လို့ပါ။
ကိုင်း … ရှေ့ဆက်ကြစို့ရဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 950 |
| 17 | အာရုံ
*
ကိုယ်တွေကတော့ ပြည်သူ့ကျိန်စာထိထားတဲ့ညီအစ်မနှစ်ယောက်ကို အာရုံမရဘူးရယ်၊ သွသူလည်း မြောင်းထဲဆင်းသွားပြီမဟုတ်လား။ ဘာလို့များ သွားပြီးစောက်ရောဝင်နေမတုန်းလေ။
တကယ်စိတ်ဝင်တစားနဲ့စောင့်ကြည့်နေမိတာကတော့ အမေရီကန်လေယာဉ်တင်သင်္ဘော US.S Abraham Lincoln အုပ်စုကိုပါဘဲ။ ပတ္တရားကိုလာမယ်ပြောတယ်။ ပတ္တရားကနေ ထာဝရမဧဠိုးရဲ့နေပြည်တော်ကို မိုင်-၅၆၀ ဘဲဝေးတယ်၊ F35 ပျံရင် မိနစ်လေးဆယ်သာကြာမတဲ့။ ကျားဖြန့်ကိစ္စတွေလည်း အကြီးအကျယ်ပွက်လောရိုက်နေချိန်နဲ့ CVN-72 ရောက်မယ့်အချိန် တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ CSG အုပ်တအုပ်ဟာ ထာဝရမဧဠိုးတို့အတွက် လုံလောက်တာထက်အဆရာထောင်ပိုပါတယ်လေ။ အဲ … ကန်အနေနဲ့လုပ်ချင်စိတ်ရှိရင်ပေါ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 987 |
| 18 | ဆော်ကြမယ် - ပျော်ကြမယ်
**********************
ဟေ့ !!!
ငါက ဒြုန်းပါ၊ ပေါက်တတ်တယ်၊ ကွဲတတ်တယ်၊ သော်ရ်ကေစေပါတယ်။
နည်းနည်းလေးများ အဖက်လုပ်ပါအူးလား ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
ဓာတ်ပုံခရက်ဒစ် - Myanmar Pressphoto Agency | 1 021 |
| 19 | တောင်းဆိုပါကြောင်း …
******************
AB ကပံ့ပိုးနေတဲ့တပ်ဖွဲ့မှန်သမျှရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို AB အနေနဲ့ ဘယ်သောအခါကမှ ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ခဲ့ပါ။ အခုတော့ AB တဖွဲ့လုံးကတညီတညွတ်ထဲတောင်းဆိုစရာရှိလာပါပြီ။
အဲဒါကတော့
“ရန်သူနဲ့ရင်ဆိုင်တိုက်ပွဲမှာ ရန်သူ့ဘက်တော်သားမှန်ရင်
အရှော်ရကင် မလိုချင်” ဆိုတာပါဘဲဗျာ။
ဆန်စျေးကြီးတယ်၊ မတတ်နိုင်လို့ပါ။
အဖွဲ့တွေအနေနဲ့လည်း သဘောမျှလိမ့်မယ်လို့ယူဆမိပါတယ်လေ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma | 1 244 |
| 20 | بدون متن... | 1 245 |
