ကိုထင် (ခ) လင်းမြတ်
Відкрити в Telegram
4 062
Підписники
Немає даних24 години
-157 днів
-6930 днів
Триває завантаження даних...
Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
вересень '26вер '26
вересень '26
+12
в 0 каналах
серпень '26
+15
в 0 каналах
Get PRO
липень '26
+10
в 0 каналах
Get PRO
червень '26
+15
в 0 каналах
Get PRO
травень '26
+6
в 0 каналах
Get PRO
квітень '26
+11
в 1 каналах
Get PRO
березень '26
+4
в 1 каналах
Get PRO
лютий '26
+16
в 1 каналах
Get PRO
січень '26
+14
в 0 каналах
Get PRO
грудень '25
+5
в 0 каналах
Get PRO
листопад '25
+19
в 1 каналах
Get PRO
жовтень '25
+4
в 0 каналах
Get PRO
вересень '25
+9
в 0 каналах
Get PRO
серпень '25
+12
в 0 каналах
Get PRO
липень '25
+13
в 0 каналах
Get PRO
червень '25
+6
в 0 каналах
Get PRO
травень '25
+18
в 0 каналах
Get PRO
квітень '25
+20
в 0 каналах
Get PRO
березень '25
+8
в 1 каналах
Get PRO
лютий '25
+21
в 0 каналах
Get PRO
січень '25
+30
в 0 каналах
Get PRO
грудень '24
+192
в 1 каналах
Get PRO
листопад '24
+26
в 0 каналах
Get PRO
жовтень '24
+51
в 0 каналах
Get PRO
вересень '24
+58
в 1 каналах
Get PRO
серпень '24
+164
в 0 каналах
Get PRO
липень '24
+71
в 0 каналах
Get PRO
червень '24
+89
в 2 каналах
Get PRO
травень '24
+43
в 2 каналах
Get PRO
квітень '24
+327
в 1 каналах
Get PRO
березень '24
+44
в 0 каналах
Get PRO
лютий '24
+57
в 2 каналах
Get PRO
січень '24
+57
в 0 каналах
Get PRO
грудень '23
+202
в 0 каналах
Get PRO
листопад '23
+25
в 0 каналах
Get PRO
жовтень '23
+21
в 0 каналах
Get PRO
вересень '23
+26
в 0 каналах
Get PRO
серпень '23
+17
в 0 каналах
Get PRO
липень '23
+59
в 0 каналах
Get PRO
червень '23
+62
в 0 каналах
Get PRO
травень '23
+123
в 0 каналах
Get PRO
квітень '23
+32
в 0 каналах
Get PRO
березень '23
+40
в 0 каналах
Get PRO
лютий '23
+50
в 0 каналах
Get PRO
січень '23
+727
в 0 каналах
Get PRO
грудень '22
+42
в 0 каналах
Get PRO
листопад '22
+36
в 0 каналах
Get PRO
жовтень '22
+32
в 0 каналах
Get PRO
вересень '22
+26
в 0 каналах
Get PRO
серпень '22
+43
в 0 каналах
Get PRO
липень '22
+162
в 0 каналах
Get PRO
червень '22
+69
в 0 каналах
Get PRO
травень '22
+62
в 0 каналах
Get PRO
квітень '22
+50
в 0 каналах
Get PRO
березень '22
+29
в 0 каналах
Get PRO
лютий '22
+31
в 0 каналах
Get PRO
січень '22
+411
в 0 каналах
Get PRO
грудень '21
+384
в 0 каналах
Get PRO
листопад '21
+806
в 0 каналах
Get PRO
жовтень '21
+718
в 0 каналах
Get PRO
вересень '21
+1 853
в 0 каналах
Get PRO
серпень '21
+1 840
в 0 каналах
Get PRO
липень '21
+1 145
в 0 каналах
Get PRO
червень '21
+4 570
в 0 каналах
| Дата | Залучення підписників | Згадування | Канали | |
| 29 вересня | 0 | |||
| 28 вересня | 0 | |||
| 27 вересня | 0 | |||
| 26 вересня | +1 | |||
| 25 вересня | +1 | |||
| 24 вересня | 0 | |||
| 23 вересня | 0 | |||
| 22 вересня | 0 | |||
| 21 вересня | +1 | |||
| 20 вересня | +1 | |||
| 19 вересня | 0 | |||
| 18 вересня | +1 | |||
| 17 вересня | 0 | |||
| 16 вересня | 0 | |||
| 15 вересня | 0 | |||
| 14 вересня | +1 | |||
| 13 вересня | +1 | |||
| 12 вересня | +1 | |||
| 11 вересня | 0 | |||
| 10 вересня | +2 | |||
| 09 вересня | 0 | |||
| 08 вересня | 0 | |||
| 07 вересня | +1 | |||
| 06 вересня | 0 | |||
| 05 вересня | 0 | |||
| 04 вересня | 0 | |||
| 03 вересня | 0 | |||
| 02 вересня | 0 | |||
| 01 вересня | +1 |
Дописи каналу
သွေးမအေးကြေး
************
ဒြုန်းတွေပျံကာဝဲ
ရန်သူ့ Cell တွေထဲထိရောက်
ပေါက်တဲ့ကောက်ပေါက်ပွင့်တဲ့ကောင်ပွင့်
ထာဝရမဧဠိုးတို့ လွင့်စင်လို့ပျောက်ခါဆုံး
အာဏာကိုမမုန်းတမ်းဆုပ်ကိုင်ထားခဲ့တဲ့
ဒင်းတို့လက်တွေကြေမွပျက်သုဉ်းလေမှ
တမလွန်ကငါတို့ရဲဘော်တွေ ရင်အေးရပေလိမ့် ….. ။
ကြိုးနဲ့စွန် - အမှတ် (၂) ကိုအင်တိုက်အားတိုက်ပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းပါရစေ။ Activists Burma အနေနဲ့လည်း ဒီကမ်ပိန်းမှာ “သိန်းသုံးရာ” ပံ့ပိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ Activists များအားလုံးကိုလည်း အထူးဆော်ဩရပါကြောင်းဗျာ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma
| 2 | အချိန်
***
တလ နဲ့ သုံးရက်အတွင်း ဝိုင်းဝန်းကြပါစို့။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 042 |
| 3 | ဝိုင်းကြဝန်းကြ
*********
ငါးကင် ငှက်ကင်တွေကိုကြည့်ပြီး ခွန်အားဖြစ်ကြမှာပါ။ ဒါဆိုရင် ဒြုန်းတွေပိုတပ်ဆင်ပေးနိုင်ဖို့လိုတယ်ဆိုတာကိုလည်း သဘောပေါက်ကြမယ်ထင်ပါတယ်။
“ကြိုးနဲ့စွန် အမှတ် (၂)” လာတော့မတဲ့။ ဝိုင်းကြဝန်းကြပါဗျာ့။ Activists Burma ကတော့ ပိုက်ဆံစပြီးစုနေပါပြီ။ ဘယ် Channel ကသွားသွား တော်လှန်ရေးအဖွဲ့တွေလက်ထဲ ပစ္စည်းတွေရောက်ဖို့ ပဓါနပါဘဲလေ။
ရုန်းကြဦးစို့ရဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
မှတ်ချက်။ ။ ပုံကတော့အဟောင်းပါ။ | 1 252 |
| 4 | Немає тексту... | 1 354 |
| 5 | အရေခြုံလျက်တက်လမ်းရှာပေအံ့
***************************
စားပွဲဝိုင်းပေါ်မယ် အားပါးတရမေထုန်မှီဝှဲနေခဲ့တဲ့ CCTV မှတ်တမ်းနဲ့ ဘတ်သန်းရာပေါင်းများစွာတန်အလွဲသုံးစားမှုကိုအကြောင်းပြုပြီး ထိုင်းဘုန်းကြီး ဖရာဝါချီရာရန်တယောက် ၂၀၂၆ စက်တန်ဘာ (၁၀) မှာအဖမ်းခံလိုက်ရပါပြီ။ ဒီကိစ္စဟာ ထိုင်းတနိုင်ငံထဲတင်သာမက တကမ္ဘာလုံးကိုပါအရှိန်အဟုန်နဲ့ပြန့်နှံ့သွားတဲ့သတင်းမို့ Newsfeed အတော်များများမှာ ကျော်ကိုပစ်ရလောက်အောင်ဗွက်ထနေခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမယ့်လည်း “သူ့စရိတ်နဲ့သူသွားမှာပေါ့” တို့၊ “အကုသိုလ်ဝင်မယူနဲ့” တို့၊ “ကိုယ့်အလုပ်ကိုယ်လုပ်” တို့၊ “ဘုန်းကြီးကမိန်းမနဲ့ဖက်အိပ်နေလည်းသွားမပြောနဲ့” တို့ အစရှိတဲ့ ဖာသံ၊ ကာသံ၊ Brainwash လုပ်၊ မှိုင်းတိုက်မှုတွေ လုံးဝ အားမကောင်းလာခြင်းကိုတော့ ကောင်းစွာသတိထားမိလိုက်ရပါတယ်။ ဗမာပြည်မှာဆိုရင်ရော ???
ဗမာပြည်မှာထွန်းကားတဲ့ထေရဝါဒဗုဒ္ဓဘာသာအရ ရဟန်းဟာ မေထုန်မှီဝဲခြင်း၊ ခိုးခြင်း၊ လူသတ်(ကိုယ်ဝန်ကျဆေးပေး)ခြင်း၊ မဂ်ဖိုလ်တရားထူးမရဘဲရတယ်လို့ဝန်ခံခြင်းဖြစ်ခဲ့ရင် “ရဟန်းမဟုတ်တော့” ရယ်လို့အတိအလင်းသတ်မှတ်ထားပြီးသားပါ၊ စာအလိုကတော့ “ပါရာဇိကသိက္ခာပုဒ်များ” ပေါ့။ ဒါဖြင့် ဗမာပြည်မယ်ထိုင်းဘုန်းကြီးလိုမျိုး ရဟန်းဝတ်ကြီးနဲ့မေထုန်မှီဝဲသူ၊ ပါရာဇိကကျူးလွန်ကြသူတွေမရှိကြဘူးလား ??? သိပ်ရှိတာပေါ့။ ကျိုကြားကျိုကြားထွက်ပေါ်နေတဲ့ဗီဒျိုဖိုင်တွေ၊ သတင်းတွေ၊ ဖြစ်ရပ်မှန်တွေ မမြင်ချင်မှအဆုံးပါ။ နယ်ကလာပြီးမြို့ပေါ်ဘုန်းကြီးကျောင်းတွေရောက်ပြီးမှဗိုက်ရကုန်တဲ့မိန်းကလေးတွေ၊ ရဟန်းအစ်မ-ကျောင်းအစ်မ-အလှူ့အစ်မတွေနဲ့ ပါရာဇိကကျကုန်တဲ့ဖြစ်ရပ်တွေ၊ မိဘမဲ့တွေမွေးစားရင်း ကုတင်ပေါ်နိဋ္ဌိတံသွားတဲ့ဖြစ်ရပ်တွေ၊ လူအဝတ်ဝတ်ပြီးဖွန်ထွက်ကြောင်ရင်း Living together ဖြစ်ကုန်ကြတဲ့ဇာတ်လမ်းတွေ၊ ထိုင်းဘုန်းကြီးလိုမျိုး အမ်းရင်းဆွဲစားတဲ့ အရင်းစိုက်အရင်းသွင်းကိစ္စတွေ၊ စသဖြင့် ပြောမဆုံးပေါင်တောသုံးတောင်ပါဘဲ။ ဗမာပြည်မှာက မဟနရော၊ အစိုးရယန္တယားရောဟာ “Rule of Law” ကိုနားလည်နိုင်တဲ့ဉာဏ်ရည်မရှိခြင်း သို့တည်းမဟုတ် “Rule of Law” ကိုကျင့်သုံးရလောက်အောင် ခိုင်ကျည်တဲ့စာရိတ္တမဏ္ဍိုင်မရှိခြင်းတို့ကြောင့် အဆိုပါဒုစရိုက်တွေဟာ တရားစီရင်ရေးမီးရောင်အောက်ကို ရောက်မလာရခြင်းဖြစ်ပါတယ်။ ဒီအနေအထားနဲ့တောင် သာသနာရေးရုံးမှာ ဘုန်းကြီးနဲ့လူ၊ ဘုန်းကြီးနဲ့ဘုန်းကြီး၊ ဘုန်းကြီးနဲ့အဖွဲ့အစည်း ဖြစ်ပွါးနေဆဲတရားမမှုတွေ သောင်းချီရှိပါသတဲ့။ ဒါဟာ ဗမာပြည်ဗုဒ္ဓသာသနာရဲ့ တကယ့် Dark Side အစစ်အမှန်ပါဘဲ။ ဒီလိုပြောလို့ သကျသာကီဝင် ဂေါတမမည်ရမြတ်ဗုဒ္ဓရဲ့သာသနာဟာ ဗမာပြည်မှာဖြူခါပြာခါကျနေပြီလားဆိုပြန်တော့လည်း မဟုတ်သေးပါဘူး။ တကယ်ဖြူစင် တကယ်အားထုတ်နေသူများလည်း တကယ်ရှိနေဆဲပါ။ အဲ … အချိုးအဆကတော့ “မများလှပါ” လို့သာဆိုရမှာပါ။
ကမ္ဘာပေါ်ကကြိုက်တဲ့တိုင်းပြည်ကိုကြည့်၊ နိုင်ငံရေး-စီးပွါးရေး-လူမှုရေးအားနည်းရင် ဘာသာရေးအားကောင်းပြီသာမှတ်။ ကမ္ဘာ့ကိုးကွယ်ရာဘာသာအားလုံးမှာ သက်သေပြမရ၊ စိစစ်မရ၊ စုံစမ်းမရတဲ့ Grey area အများကြီးရှိနေတာပါ။ အချောင်သမား၊ အောက်တန်းစား နဲ့ လူလိမ်အမြောက်အများဟာ အဆိုပါ Grey Area အောက်ဝင်ပြီး ထင်တိုင်းကြဲတတ်ကြပါတယ်။ အချို့က သူများမှိုင်းတိုက်လို့ထလုပ်ကြတယ်၊ အချို့ကတော့ ကိုယ့်မှိုင်းကိုယ်တိုက်ပြီးထလုပ်ကြတယ်ပေါ့။ “လိမ်လည်မှု” နဲ့ တရားဥပဒေ၊ လူ့ပါတ်ဝန်းကျင်တို့ကမစီရင်နိုင်မချင်း အတောမသတ်အောင်လိမ်စားကြတော့တာပါဘဲ။ တကယ်က ဘယ်နိုင်ငံမဆို ခိုင်မာတဲ့တရားစီရင်ရေးနဲ့တရားဥပဒေစိုးမိုးမှုမရှိခဲ့ရင် ဘာသာရေးခေါင်းစဉ်ဟာ ရာဇဝတ်သားအားလုံးရဲ့ ညစ်ပေနေသောလက်မည်းများကို ဝင်ရောက်လျှော်ဖွပ်စရာ အကောင်းဆုံးခဝါရုံဖြစ်နေပါတော့တယ်။ ဗမာပြည်မှာတော့ ခရိုနီဂတုံးများနဲ့လက်သွေးစွန်းသောစစ်ဗိုလ်စစ်သား ရာဇဝတ်သားအပေါင်းတို့ဟာ ဖွတ်နှစ်ကောင်အမြီးချင်းချည်ထားသလို တမြေထဲနေ တရေထဲသောက် တခရီးထဲသွားချည်းပါဘဲ။ သူတို့အန္တိမရည်ရွယ်ချက်ကိုက လာဘ၊ သက္ကာရ၊ သိလောက တွေမို့။ ဒါကြောင့် ဗမာပြည်မယ်တော့ ဖရာဝါချီရာရန်အမှုအခင်းလိုမျိုး ပေါ်စရာမရှိနိုင်ပါဘူးလေ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 267 |
| 6 | Немає тексту... | 797 |
| 7 | အစွန်းနှစ်ဘက်တွင် …..
*****************
စက်တန်ဘာ (၉) ရက်နေ့က ရန်ကုန်မြို့မှာ ဘိုးတော်အောင်မင်းခေါင်အတွက်လုပ်ပေးတဲ့အထင်ကရအခမ်းအနားမှာ လူငါးထောင်ကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြားပစ္စည်းတွေထည့်ထုပ်ထားတဲ့အိတ်တလုံးစီ လက်ဆောင်ပေးသတဲ့။ ဒီနေ့လိုထမင်းစားချိန်မှပေးမယ့်ဟာကို မနေ့ကမနက်လိုအချိန်ကတည်းကလာပြီးတန်းစီကြသတဲ့၊ (၂၄) နာရီကျော်စောင့်ရတဲ့သဘောပေါ့။ ဝေဇယန္တာလမ်းပေါ်ကို လှည်းကူးတို့၊ ခရမ်းသုံးခွတို့ အစရှိတဲ့နေရာတွေကပါလာပြီး တန်းစီတိုးယူကြသူတွေရှိသတဲ့။ ဒါကတော့ “ဧဝံ မေ သုတံ” ပေါ့လေ။
ဒီဇာတ်လမ်းကို ကြားရ၊ သိရပြီးတဲ့အခါမှာ အောက်ဖော်ပြပါအတိုင်း အတွေးနယ်ချဲ့မိပါတော့တယ်။
၁။
ဆန်တပြည်နှစ်ပြည်တောင်မှ ဝယ်မစားနိုင်တော့သူတွေ ရန်ကုန်တိုင်းထဲအဆမတန်များပြားနေပြီ။ ဝယ်စားနေနိုင်ရင် ဘယ်သူကမှဝေးလံခေါင်သီအရပ်ဆီကနေလာပြီးတန်းမစီဘူး၊ (၂၄) နာရီကျော်အချိန်တွေမသုံးဘူး။ ရန်ကုန်တောင်ဒီလောက်ဆိုးနေရင် နယ်တွေ၊ စစ်မက်ဖြစ်ပွါးနေတဲ့အရပ်တွေဆိုရင် Living Hell ပေါ့လေ။
၂။
အသုံးမခံပေမယ့် ငွေဟာရှာရအလွန်အမင်းခက်ခဲတဲ့အရာတခု ဖြစ်သွားခဲ့ပြီ။ ဒီတပတ်ထဲမှာဘဲ ထန်းတပင်မှာရုံးစိုက်တဲ့ Teng Hui အမည်ရ တရုတ်အထည်ချုပ်စက်ရုံပိတ်သွားသတဲ့။ အဲဒီစက်ရုံတခုထဲတင်လုပ်သား ၃၀၀၀ ကျော်ရှိတယ်လို့ဆိုတယ်။ တယောက်ဝင်ငွေကို မိသားစုသုံးယောက်ပျှမ်းမျှစားတယ်ဘဲတွက်၊ လူတသောင်းလောက် ထမင်းအိုးကွဲသွားခဲ့ပြီ။ ၂၀၂၁ ဖေ (၁) နောက်ပိုင်း FDI တွေဆုတ်ကုန်လို့ ပိတ်လိုက်ရတဲ့လုပ်ငန်းတွေရာထောင်ချီတယ်။ ငတ်သွားမယ့်ပါးစပ်ပေါက်တွေ တွေးသာကြည့်ပေတော့။
၃။
တမြို့တနယ်တရပ်ထဲသားအချင်းချင်း ဆန်တပြည်နှစ်ပြည်၊ ဆီနှစ်ဆယ်သားအစိတ်သားကိုတောင် နီးရာစပ်ရာမဝေမျှနိုင်တဲ့အခြေအနေကြီးက အလွန်အမင်းကျယ်ပြန့်သွားခဲ့ပြီ။ ဝေစရာမျှစရာနဲ့ ဝေလိုစိတ်မျှလိုစိတ်သာရှိနေသေးရင် ဒီလူအုပ်ကြီးဖြစ်ပေါ်လာစရာမရှိ။ ဒီဖြစ်ရပ်ဟာ ရန်ကုန်တခုထဲမဟုတ်၊ ရန်ကုန်သည် ‘Tip of the iceberg’ သာဖြစ်စရာရှိတယ်။ ဒီချုပ်ခေတ်ကိုဗစ်ကာလတုန်းမှာတောင် “Sharing is caring” သံတွေကျယ်လောင်ခဲ့ကြတာ ဘာမှကြာသေးတာမှမဟုတ်တာ။
၄။
ဇိမ်ခံကားစီး၊ Aircon ခန်းထဲဟန်ကျ၊ နဝကမ္မသိန်းရာချီရတဲ့သင်္ကန်းပတ်ဂတုံးတွေကို ဘိုးတော်မယ်တော်တွေက “ဒါဘဲ !!!” လို့လှန်ပြလိုက်ခြင်းပါဘဲ။ အသက်ငင်နေရှာတဲ့ ဗမာပြည်ဗုဒ္ဓသာသနာဟာ ဘိုးတော်မယ်တော်များရဲ့ရိုက်ချက်ပြင်းပြင်းအောက်မှာ အသံတချက်မှမထွက်နိုင်ဘဲလည်စင်းခံနေရရှာပေါ့။ ထမင်းနပ်မမှန်တဲ့စာသင်သားရဟန်းတွေကတော့ သီဟိုဠ်သူပုန်ဘေးလို ကြုံနေကြရမှာဧကန်။
၅။
အခုလိုခေတ်ကြပ်ကြီးမှာ လူငါးထောင်ကိုပေးတာလှူတာ ဝမ်းမသာစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်သူတွေ၊ ဘယ်ကရတဲ့ဝင်ငွေများနဲ့လှူတာပါလိမ့်ဆိုတာကိုတော့ ခေါင်းတချက်ထောင်ကြည့်မိတယ်။ ‘ရွှေသံလွင်’ ဆိုတဲ့နာမည်ကိုလည်း ကြားလိုက်မိပါသေး။ Check & Balance ကောင်းတဲ့တိုင်းပြည်များမှာတော့ ကိုယ့်ငွေဖြူကိုယ်လှူပစ်ခြင်းအပေါ် ဘယ်သူကမှလာမပိတ်ပင်ကြပါဘူး။ ဘီလျံချီတဲ့ပါမစ်ရလို့အစွန်းထွက်လှူတာမျိုးကိုတော့ Philanthropy လို့မခေါ်ထိုက်ဘူးပေါ့။
အဲ …
ငတ်တဲ့သူတွေ (၂၄) နာရီကျော်နေပူစပ်ခါးဒဏ်ကိုအံ့တုရင်းထမင်းတလုတ်အတွက်ချွေးမြေကျနေချိန်မှာတော့ “မန်းလေးက ဘစိုင်းရှိုးကို လူထောင်ပေါင်းများစွာတက်ရောက်ကြ၏” ဆိုလား။ ဤကား အနှီဗမာပြည်တွင်း၌ တချိန်ထဲတွေ့နိုင်ပေသော အဖြူနှင့်အမည်းပြကွက်ပေတည်း ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 136 |
| 8 | Немає тексту... | 1 420 |
| 9 | အမြစ်နက်တတ်သောမိစ္ဆာဒိဋ္ဌိ
***********************
ဂျာမဏီမှာနာဇီပါတီထွန်းတောက်စဉ်က Joseph Goebbels ဆိုတဲ့နာဇီနိုင်ငံရေးသမားတယောက်ရှိခဲ့သတဲ့။ စာလုံးပေါင်းအရ “ဂျိုးဇက် ဂိုဘဲလ်” လို့ဖတ်ချင်စရာကောင်းပေမယ့်၊ ဂျာမန်အသံထွက် (လေ့လာမိသမျှ) အမှန်ကတော့ “ယိုစက်ဖ် ဂပ်ဘာလ်” ဖြစ်ပါတယ်တဲ့။ သူ့ကို ၁၈၉၇ မှာမွေးခဲ့ပြီး ၁၉၂၂ မှာ Ph.D တောင်ရသည်အထိထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ ၁၉၃၃ ကနေ ၁၉၄၅ ကတော့ သူ့ဘဝရဲ့အတောက်ပဆုံးကာလပါဘဲ။ နာဇီဂျာမနီရဲ့ အကြီးကျယ်ဆုံးဝါဒဖြန့်ချီရေးမှူး (အရေးပါသောဝန်ကြီးတပါး)၊ ဟစ်တလာ့ရဲ့လက်ရုံးတဆူဖြစ်ခဲ့တယ်ပေါ့။ “နာဇီ”၊ “ဟစ်တလာ” စတဲ့စကားလုံးတွေကိုဖယ်ကြည့်လိုက်ရင် သူ့မှာလူအများကအားကျရမယ့် ပညာရေး၊ ကျော်ဇောကိတ္တိ၊ အခွင့်အာဏာ၊ အစရှိတာတွေကိုမြင်ကြရမှာပါ။
Promising Fortune ကိုပိုင်ဆိုင်ထားသူ Joseph Goebbles တယောက်ဘယ်လိုမျိုးပုံစံနဲ့ဘဝနိဂုံးချုပ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။ Goebbles မှာကလေးခြောက်ယောက်ရှိပြီး ဟစ်တလာ (Hitler) ကိုဂုဏ်ပြုသောအားဖြင့် သူတို့နာမည်အားလုံးကို “H” နဲ့အစပျိုးမှည့်ခေါ်သည်အထိ အစွန်းရောက်ခဲ့ပါသတဲ့။ ဟစ်တလာကိုအကြွင်းမဲ့သစ္စာရှိခြင်းကိုပေါ်လွင်စေတဲ့အပြုအမူတခုပေါ့လေ။ Goebbles ဟာ “Lunatic” သို့တည်းမဟုတ် “အစွန်းရောက်မိုက်ကန်းရူးသွပ်သူ” ရယ်လို့ သမိုင်းပညာရှင်အမြောက်အများရဲ့တညီတညွတ်ထဲသတ်မှတ်ခြင်းခံခဲ့ရတဲ့ဟစ်တလာကိုပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းသက်ဝင်ခဲ့သူလည်းဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မဟာမိတ်တပ်များ မြို့တော်ဘာလင်ကိုစတင်သိမ်းပိုက်ထိုးဖောက်ချိန်၊ ၁၉၄၅ မေ (၁) ရက်နေ့မှာ သူကိုယ်တိုင်ရဲ့ကလေးခြောက်ယောက်စလုံးရော၊ သူ့မိန်းမ Magda ရော၊ သူရောဟာ ဆိုင်ယန်နိုက်အဆိပ်သောက်သုံးပြီးသေပွဲဝင်ခဲ့ကြပါတယ်တဲ့။
Goebbels တယောက် ဘဝတလျှောက်လုံးမှာ ဝါဒဖြန့်ချီရေးတွေတွင်တွင်လုပ်ရင်း ကိုယ်ဖြန့်ချီထားတဲ့ဝါဒကို ကိုယ်ပြန်ပြီးသက်ဝင်သွားတဲ့သဘောပါဘဲ။ အစွန်းရောက်သစ္စာခံခြင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းဆိုတာမျိုးတွေဟာ ဆင်ခြင်တုန်တရားကင်းမဲ့သူတွေအတွက် ရှောင်လွှဲမရတဲ့ဖြစ်တန်စွမ်းများဖြစ်ကြကြောင်း စိတ္တဗေဒပညာရှင်များကမှတ်တမ်းတင်ကြပါတယ်။ Goebbels ရဲ့ IQ နဲ့ အပေါက်မြောက်ဆုံး Doctorate Title ပညာရေးတို့ဟာ သူ့ရဲ့ဆင်ခြင်တုံတရားနဲ့တွေးခေါ်နိုင်စွမ်းကိုအထောက်အကူမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူ၊ သူ့အဖွဲ့အစည်း၊ သူသစ္စာနှံရာပုဂ္ဂိုလ်တို့အပေါ် အမှန်အမှား အဆိုးအကောင်း အကျိုးအကြောင်း မစေ့ငုနိုင်သည်အထိသတိရောပညာပါယွင်းချွတ်ခဲ့ခြင်းဖြစ်ပါတယ်။
“မိစ္ဆာဒိဋ္ဌိ” ဟာပါဠိစကားဖြစ်ပေမယ့် တကယ့်အနက်ဟာ “ဗုဒ္ဓဝါဒ၌မသက်ဝင်သူ” လို့အနက်မထွက်ပါဘူး။ “မှားယွင်းသောအယူရှိခြင်း - ရှိသူ” လို့သာအနက်ထွက်ပါတယ်။ “ဗုဒ္ဓဘာသာ” လို့ခံယူပြီး “မိစ္ဆာဒိဋ္ဌိ” ဖြစ်နေသူတွေ ဗမာပြည်ထဲတင်သန်းပေါင်းများစွာရှိပါတယ်။ အယူမှန်ဖို့ကိစ္စအတွက် “ဉာဏ်ပညာ” နဲ့ပြည့်စုံဖို့ အင်မတန်အရေးကြီးပါတယ်။ ဆင်ခြင်တုံတရား၌အခြေခံသောဉာဏ်ပညာမရှိသမျှကာလပါတ်လုံး မိစ္ဆာဒိဋ္ဌိဘဝကနေ လွတ်ရိုးမရှိပါဘူး။ အဆင်ခြင်ကင်းကင်း ဉာဏ်အလျဉ်းမပါဘဲ ပုဂ္ဂိုလ်တယောက်ယောက်၊ အဖွဲ့အစည်းတခုခု၊ ဝါဒတမျိုးမျိုးကိုယုံကြည်မိရင် ငါးပါးတင်မကသံဃာစင်ပါမှောက်ပါသတဲ့။ ဗုဒ္ဓဝါဒစာပေများကိုလေ့လာကြည့်ရင် “နိယတမိစ္ဆာဒိဋ္ဌိ” များဟာ အပါယ်သက်ရှည်လျားလှတဲ့ သံသရာ့သစ်ငုတ်များဖြစ်ကြောင်း အတိအလင်းရေးသားထားပါသေးတယ်။
ကိုယ်တွေကတော့ အဆင်ခြင်ကင်းကင်းနဲ့ လူ၊ အဖွဲ့အစည်း၊ ဝါဒတခုခုကို မျက်စိစုံမှိတ်ထောက်ခံနေသူတွေမြင်မိရင်တော့ “အင်း … မိစ္ဆာဒိဋ္ဌိလေးတွေပါလား …” ရယ်လို့ သနားနေမိတော့တာပါဘဲလေ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 481 |
| 10 | Немає тексту... | 1 379 |
| 11 | Немає тексту... | 697 |
| 12 | 2026 July & August လချုပ်
***********************
2026 July & August နှစ်လလုံးရဲ့ Activists များပါဝင်မှုကို စုစည်းတင်ပြလိုက်ပါတယ်။ ဒီကာလအတွင်းမှာ ဒြုန်းပရော့ဂျက်နှစ်ခုကိုပါဝင်နိုင်ခဲ့ခြင်းဟာ Activists များအတွက်ထူးခြားချက်ပါဘဲ။
ကမ္ဘာမှာ နတ်ဉာဏ်လို့ခေါ်ရမယ့် AI ကြောင့် Trend တွေပြောင်းနေပါတယ်။ စစ်ရေးပြောင်းလဲမှုသည်လည်း အဆိုပါပြောင်းလဲမှုရဲ့ထိပ်တန်းနေရာကပါဝင်ပါတယ်။ နည်းပညာလောကရဲ့ တီထွင်မှုမှန်သမျှကို စစ်ရေးမှာအကုန်အသုံးချပြီးမှသာ အရပ်သားတွေသုံးဖို့ချပေးတာဟာပုံမှန်ပါဘဲ။ ဗမာပြည်နွေဦးတော်လှန်ရေးခမြာဘတ်ဂျက်မတောင့်လေတော့ အရပ်သားသုံးတွေကိုတောင်နပ်မှန်အောင်မသုံးနိုင်ရှာဘဲ နည်းမျိုးစုံရှာကြံပြီး စစ်အာဏာရှင်ကိုအံတုနေရတာပါ။ ဒါနဲ့တောင် ထာဝရမဧဠိုးတို့အဖွဲ့ဟာ အပြီးသတ်အနိုင်မျိုးကို ရမနေပါဘူး။ နွေဦးရဲ့အောင်ပွဲတွေမြိုင်နေချင်ရင်တော့ လက်လည်းပါ၊ အချိန်လည်းမှန်နေမှရမှာပါ။
လိုရင်းကတော့ PRF အားကောင်းအောင်လုပ်ပြီး တော်လှန်ရေးကိုပံ့ပိုးကြဖို့ပါဘဲ။ PRF အားအပြည့်မရှိသေးလို့ AB လိုအင်အားစုတွေက ဝန်ကိုမျှပြီးထမ်းနေရခြင်းဖြစ်ကြောင်း ထပ်မံအသိပေးရပါတယ်ဗျာ့ ….. ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma | 631 |
| 13 | Немає тексту... | 682 |
| 14 | သူတိူ့အသံ
******
ပူးတွဲ Video Clips လေးနှစ်ခုကတော့ မြေပြင်ရဲဘော်အချို့ပို့ပေးတဲ့ပီတိလေးများပေါ့။ ကိုယ်ထောက်သမျှအဖွဲ့တိုင်းကတော့ ပို့လာကြတာမဟုတ်ပါဘူး။ ပို့လာသမျှတွေကိုလည်း တင်နိုင်တယ်မဟုတ်ဘူးပေါ့လေ။ ဒီနှစ်ခုကတော့ Activists များလည်း ပီတိကူးစက်ရစေချင်လို့ပါ။
ကိုင်း … ရှေ့ဆက်ကြစို့ရဲ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 950 |
| 15 | အာရုံ
*
ကိုယ်တွေကတော့ ပြည်သူ့ကျိန်စာထိထားတဲ့ညီအစ်မနှစ်ယောက်ကို အာရုံမရဘူးရယ်၊ သွသူလည်း မြောင်းထဲဆင်းသွားပြီမဟုတ်လား။ ဘာလို့များ သွားပြီးစောက်ရောဝင်နေမတုန်းလေ။
တကယ်စိတ်ဝင်တစားနဲ့စောင့်ကြည့်နေမိတာကတော့ အမေရီကန်လေယာဉ်တင်သင်္ဘော US.S Abraham Lincoln အုပ်စုကိုပါဘဲ။ ပတ္တရားကိုလာမယ်ပြောတယ်။ ပတ္တရားကနေ ထာဝရမဧဠိုးရဲ့နေပြည်တော်ကို မိုင်-၅၆၀ ဘဲဝေးတယ်၊ F35 ပျံရင် မိနစ်လေးဆယ်သာကြာမတဲ့။ ကျားဖြန့်ကိစ္စတွေလည်း အကြီးအကျယ်ပွက်လောရိုက်နေချိန်နဲ့ CVN-72 ရောက်မယ့်အချိန် တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ CSG အုပ်တအုပ်ဟာ ထာဝရမဧဠိုးတို့အတွက် လုံလောက်တာထက်အဆရာထောင်ပိုပါတယ်လေ။ အဲ … ကန်အနေနဲ့လုပ်ချင်စိတ်ရှိရင်ပေါ့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 987 |
| 16 | ဆော်ကြမယ် - ပျော်ကြမယ်
**********************
ဟေ့ !!!
ငါက ဒြုန်းပါ၊ ပေါက်တတ်တယ်၊ ကွဲတတ်တယ်၊ သော်ရ်ကေစေပါတယ်။
နည်းနည်းလေးများ အဖက်လုပ်ပါအူးလား ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
ဓာတ်ပုံခရက်ဒစ် - Myanmar Pressphoto Agency | 1 021 |
| 17 | တောင်းဆိုပါကြောင်း …
******************
AB ကပံ့ပိုးနေတဲ့တပ်ဖွဲ့မှန်သမျှရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို AB အနေနဲ့ ဘယ်သောအခါကမှ ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ခဲ့ပါ။ အခုတော့ AB တဖွဲ့လုံးကတညီတညွတ်ထဲတောင်းဆိုစရာရှိလာပါပြီ။
အဲဒါကတော့
“ရန်သူနဲ့ရင်ဆိုင်တိုက်ပွဲမှာ ရန်သူ့ဘက်တော်သားမှန်ရင်
အရှော်ရကင် မလိုချင်” ဆိုတာပါဘဲဗျာ။
ဆန်စျေးကြီးတယ်၊ မတတ်နိုင်လို့ပါ။
အဖွဲ့တွေအနေနဲ့လည်း သဘောမျှလိမ့်မယ်လို့ယူဆမိပါတယ်လေ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma | 1 244 |
| 18 | Немає тексту... | 1 245 |
| 19 | ယုံကြည်မိသည်မှာ …
***************
တော်လှန်ရေးဆိုတာမျိုးဟာ
သွေးဆူစရာတွေဖွတင်ပေးလိုက်တဲ့အခါကျ တောက်တခေါက်ခေါက်နဲ့ကောက်ရိုးမီးလို ဟုန်းကနဲထတောက်လိုက်၊ ပြီးကျ နေမြဲ၊ စားမြဲ၊ စောက်ပျော်ကြူးမြဲ၊ ရန်သူလှည့်သမျှလိုက်ယောင်မြဲ၊ ညံ့မြဲ၊ ဖျင်းမြဲ သွားနေရတာမျိုးမဟုတ်ပါဘူး။
တော်လှန်ရေးဆိုတာမျိုးဟာ
ဖွဲမီးလိုမျိုး မငြိမ်းသောအဟုန်နဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်းမှာ ရန်သူ၊ ရန်သူ့အဝန်းအဝိုင်း နဲ့ ရန်သူ့ဘက်တော်သားတွေကိုမျက်ခြေမပြတ်ဒုက္ခပေး၊ ကိုယ့်ရဲ့ တော်လှန်ရေးအန္တိမရည်မှန်းချက်အပေါ် မှာလည်းတချက်ကလေးမှမယိမ်းယိုင်တဲ့ထောက်ကန်အားပေးမှုမျိုးပေးနေရတာမျိုးပါ။
စစ်အုပ်စုကို လူသန်း (၅၀) ကျော်က ဘာလို့များ အနှစ် (၆၀) ကျော်မဖြိုဖျက်နိုင်ကြသတုန်းဆိုရင် “သူ့လောက်မှစောက်သုံးမကျလို့ပေါ့”၊ ရှင်းရှင်းလေးရယ်။ ရန်သူဟာရန်သူလည်းပီသတယ်၊ သူ့ရန်သူကိုနှိပ်ကွပ်တဲ့နေရာမှာလည်း အင်မတန်ရက်စက်ကြမ်းကြုတ်ပြီး တစိုက်မတ်မတ်ရှိလှတယ်။ ဒါဟာ တော်လှန်ရေးဘက်တော်သားအားလုံးအတွက် သင်ယူ-လေ့ကျင့်-ကျွမ်းကျင်နေရမယ့် သင်ခန်းစာပါဘဲ။
ဒါနဲ့မေးပါရစေဦးဗျာ့ …
တောက်တခေါက်ခေါက်နဲ့သွေးဆူစရာတွေကြုံရတိုင်း “PRF” အပေါ်ထောက်ပံ့ငွေတွေ၊ တနိုင်ငံလုံးက PDF တပ်ဖွဲ့တွေအပေါ်ထောက်ပံ့မှုတွေတိုးလာသေးလား ???
တကိုယ်စာလေ့လာမှုအရတော့ ဘာမှသိပ်ပြီးထူးခြားမလာပါဘူးလေ။ ဒီလိုအဆင့်အတန်းမျိုးနဲ့ကတော့ မဟားဒယားကြီးကြီးမားမားတွေ မမျှော်သင့်ကြဘူးပေါ့ … ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ် | 1 243 |
| 20 | Немає тексту... | 1 606 |
