ကိုထင် (ခ) လင်းမြတ်
رفتن به کانال در Telegram
4 212
مشترکین
-524 ساعت
-87 روز
-8030 روز
آرشیو پست ها
4 212
တွေးစရာ …
*******
စားအုံးဆီတင်မှမဟုတ်ပါဘူး၊ ဘယ်ဆီမဆို ခံတွင်းကတဆင့်သုံးဆောင်ခံစားရတာမျိုးပါ။ ဒါနဲ့တင် “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတော့ အခြားဘယ်ဒွါရပေါက်ကနေတဆင့်ထည့်သွင်းတာပါလိမ့်လို့ တွေးမိလာတယ်။ တကယ်တော့ ဗမာစစ်တပ်ဟာ ယုတ်မာခြင်း အောက်တန်းကျခြင်းတွေမှာ အမြဲ Pioneer မို့ ဒီလို “ပုံမှန်မဟုတ်သည့်နည်းလမ်း” ဆိုတာကိုလည်း သူတို့ရှာဖွေဖြတ်သန်းထားတာနေမယ်။ အထူးသဖြင့် ရှီကျင့်ဖျင် တို့ ပူတင် တို့နဲ့အတွေ့ ဂျပုတကောင် “ပုံမှန်မဟုတ်တဲ့နည်းလမ်း” နဲ့ စားအုံးဆီကိုအသုံးပြုခဲ့ပုံဘဲ။
ဒါကြောင့် အသည်းအသန်လိုက်တားတာဖြစ်မယ် … ။ ။
တွေးနေမိတဲ့
ကိုထင် (ခ) လင်းမြတ်
4 212
ပစ္စန္တရာဇ် (သို့) ပဥ္စမမြောက်အပါယ်ဘုံ
*******************************
(ဝန်ခံချက် ။ ။ ကျနော်ဟာနိုင်ငံရေးသမားလည်းမဟုတ်၊ စစ်တပ်ထောက်ခံသူလည်းမဟုတ်ပါ။ ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းထားတဲ့ နိုင်ငံတကာအတွေ့အကြုံတွေအရ ကိုယ်မွေးခဲ့တဲ့နိုင်ငံ့ကောင်းကျိုးကိုသာရှေးရှုရေးသားပါတယ်။ ဒီအတွက် ရေးတဲ့သားတဲ့နေရာမှာ ဘယ်သူ့ကိုမှမြှောက်ပင့်ရေးသားမှာလည်းမဟုတ်သလို၊ ဘယ်မျက်နှာတခုခုကိုမှလည်းထောက်ထားလိမ့်မှာမဟုတ်ကြောင်း တင်ကူးအသိပေးထားရပါတယ်။)
အဲဒီမြေပေါ်မှာပေါ့
“ငတ်သေတဲ့မသာမရှိဘူး …” တဲ့
ဟော … အာဟာရချို့တဲ့ပြီး ဆိုက္ကားဆရာတယောက် ရန်ကုန်မြို့လည်ခေါင်မှာတိမ်းပါးပါရောလား၊ သမုဒ္ဒရာရေတွေငံမှန်း တဇွန်းသောက်ရုံနဲ့သိနိုင်ပါသတဲ့။ တကယ်က “ငတ်ခြင်း” ဆိုတာဖြစ်မလာရအောင်ကို အစကတည်းကကာကွယ်ခဲ့ကြရမှာမဟုတ်လား။ လိမ်ကောင်းကောင်းနဲ့လိမ်ခဲ့ကြတာ အခုတော့အရှိန်တွေလွန်လို့ … ။
အဲဒီမြေပေါ်မှာပေါ့
“ဓမ္မကအမြဲအနိုင်ရတယ် …” တဲ့
ဟော … အနှစ် (၇၀) နီးပါး အဓမ္မဝါဒကြီးထွန်းကားခဲ့ပါရောလား၊ မစင်ဟာဘယ်လိုအရသာရှိမှန်း အမတ်ဦးပေါ်ဦးတယောက် ခပ်မမြည်းဘဲနဲ့သိနိုင်ခဲ့သတဲ့။ တကယ်က “အ-ဓမ္မ” ဆိုတာဖြစ်မလာရအောင်ကို အစကတည်း ကာကွယ်ခဲ့ကြရမှာမဟုတ်လား။ မြောလို့ကောင်းကောင်းနဲ့မြောလိုက်ခဲ့ကြတာ အခုတော့ရေစုန်တွေမြောလို့ … ။
အဲဒီမြေပေါ်မှာပေါ့
“ဒီတိုင်းပြည်မှာလူဖြစ်ရတာကံကောင်းတယ် …” တဲ့
ဟော … ရေကြီးလည်းသူများထက်ပိုသေ၊ မုန်တိုင်းဝင်လည်းသူများထက်ပိုသေ၊ ကန်ဆာမျိုးစုံကြောင့်လည်းသူများထက်ပိုသေ၊ ငလျင်ကြောင့်လည်းသူများထက်ပိုသေ၊ ဗုံးအကြဲခံရလို့လည်းသူများထက်ပိုသေ၊ အဓမ္မစစ်မှုထမ်းဆင့်အခေါ်ခံရလို့လည်း သူများထက်ပိုသေ၊ “Seeing is believing” ဟာ ဘာသက်သေပြချက်မှထပ်မလိုအောင်သိနိုင်သွားခဲ့သတဲ့။ တကယ်က “ကံဆိုတာအလုပ်” မှန်းနားလည်အောင်သင်ပေးခဲ့ကြရမှာမဟုတ်လား။ ဂျင်းထည့်လို့ကောင်းကောင်းနဲ့ ကဏ္ဍပေါင်းစုံကနေဂျင်းထည့်ခဲ့လိုက်ကြတာများ အခုဆို ပဥ္မမြောက်အပါယ်ဘုံအဖြစ်ကိုတောင်ဦးတည်နေခဲ့ပြီ။
“ဓမ္မတွေရှိတယ်” လို့ကြွေးကြော်နေရင်းက
တရားမဲ့ခြင်းတွေပြည့်ချင်တိုင်းပြည့်နေတဲ့တိုင်းပြည် …
“ဇာတိမာန်” တွေပြနေရင်းက
အလုပ်ကြမ်းသမားတွေတင်ပို့နေရတဲ့တိုင်းပြည် …
“မင်းကျင့်တရား” အကြောင်းတွင်တွင်ပြောရင်း
သူပုန်ကနိုင်ငံ့အာဏာယူထားတဲ့တိုင်းပြည် …
ပျော်ကြပါ ပျော်ကြပါ၊ စင်တင်ဂီတသံတွေကြားပျော်ကြပါ၊ သဘင်သံတွေကြားပျော်ကြပါ၊ ရုပ်ရှင်တီးလုံးသံတွေကြားပျော်ကြပါ၊ ကိုယ့်ကိုဆင်းရဲနိမ့်ကျစေသူတွေရဲ့လက်စွမ်းပြသံတွေကြားပျော်ကြပါ။ တခုပါဘဲ၊ အပျော်များရင်တော့ အပျက်ဖြစ်တတ်သတဲ့။ အခုက ပျက်ရုံမကလို့ အဖတ်တောင်ဆည်လို့ရပါတော့မလားဘဲ။
လုပ်ကြပေါ့လေ၊ “နိုင်ငံတနိုင်ငံကိုပိုင်ဆိုင်တာဟာ နိုင်ငံသားတွေ” ဆိုမှတော့ ဆိုင်ရာနိုင်ငံဟာ နိုင်ငံသားအများစုပုံဖော်သလိုသာရုပ်ထွက်တော့မပေါ့။ အာဇာနည်တွေသေပေးရကျိုးနပ်အောင်မရုန်းကြလို့ကတော့ တန်ရာရတဲ့ဘဝကိုကျေနပ်ကြပေတော့။ ပျော်ကြတယ်မဟုတ်လား၊ ခံနိုင်ရည်တော့ရှိရမှာပေါ့။
ဟုတ်ဝူးလား ?????
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
အေဆီယံနိုင်ငံခြားရေးဝန်များတွေ့ဆုံ
******************************
လွန်ခဲ့တဲ့တနာရီလောက်က စင်္ဂပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က အေဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကနေ “အေဆီယမ်ဘုံသဘောတူညီချက် ငါးခုကိုထပ်လောင်းအတည်ပြုကြောင်း” ထုတ်ပြန်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရမတရားဖမ်းဆီးထားသူအားလုံးလွှတ်ဖို့” ကိုပါ Highlight လုပ်ပြောဆိုသွားခဲ့ပါတယ်။
ရွေးတုလုပ်၊ သမ္မတုတက်၊ လွှတ်တုခေါ်ပြီး ဘာတွေဘဲအာချောင်နေ အာချောင်နေ၊ အေဆီယံဟာ သူ့သဘောထားကိုပြတ်ပြတ်သားသားပြလိုက်ခြင်းဖြစ်ပါတယ်။ သမ္မတုနဲ့လွှတ်တုအနေနဲ့လည်း မကျေနပ်ရင် အေဆီယံကထွက်ဖို့တိုက်တွန်းပါတယ်။ အေဆီယံရှိနေလို့ ကမ္ဘာမှာအတိုင်းအတာတရပ်အထိအကာအကွယ်ရနေတာပါ။ ကြေးမုံဦးသောင်းဆိုခဲ့သလိုပါဘဲ “အေဆီယမ်ထဲဗမာပြည်ရောက်သွားခြင်းဟာ ချီးထုပ်ကြီးပစ်ထည့်လိုက်သလိုမျိုး” ဖြစ်တာမို့ အဖွဲ့ထဲကထွက်မယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြလိမ့်မှာဖြစ်ပါကြောင်း မှတ်ချက်ပေးလိုက်ရပါတယ် ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
ကနေ့ကမ္ဘာ
*******
“တနေ့မှာ ဓမ္မ (သို့) တရားမျှတမှုကအနိုင်ရတယ် !!!”
(စောက်ပေါဝါဒ သို့တည်းမဟုတ် ဂျင်း)
“အင်အားကသာ အရာရာကိုအဖြေပေးတယ် !!!”
(တလောကလုံးကဏ္ဍစုံမှာတွေ့နေရတဲ့ ပကတိအရှိတရား)
မှတ်ချက် ။ ။ ပြိုင်ငြင်းလိမ့်မည်မဟုတ်၊ ပျင်းလို့ ရော အချိန်မပေးနိုင်လို့ရော တကယ့်အရှိတရားကို အဖန်ဖန်အထပ်ထပ်ပေါ်တင်ကြီးမြင်နေရလို့ရော … ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
သင်ခန်းစာ
******
ကိုယ်ဟာ ရိုနယ်လ်ဒိုရဲ့ဘဝတသက်တာရုန်းကန်ပြီးတိုးတက်အောင်ဆောင်ရွက်နိုင်မှုတွေကြောင့် သူရောပေါ်တူဂီကိုရောအားပေးခဲ့တဲ့ကောင်ပါ။ ဒီနေ့ စပိန်နဲ့ပွဲမှာတော့ ပုံမလာတဲ့ကစားနည်း၊ အောက်တောင်ဘောလုံးဆင်းမယူတဲ့ရိုနယ်လ်ဒို၊ ဆရာကြီးဖြစ်ချင်နေတဲ့ ဘရူနိုဖာနန်းဒတ်ဇ့်တို့ကြောင့် ပေါ်တူဂီရော ရော်နယ်လ်ဒိုရောဟာ စုစည်းညီညွတ်တဲ့စပိန်အသင်းကို ထိုက်ထိုက်တန်တန်ရှုံးနိမ့်ခဲ့ပါပြီ။ တကယ်က ဒီကစားပုံနဲ့က ခရိုအေးရှားနဲ့တေ့ကတည်းရှုံးရမှာပါ။ ကိုယ်အားပေးတဲ့အသင်းဂိန်သွားပေမယ့် တစက်မှဝမ်းမနည်းမိပါဘူး၊ သုံးစားရအောင်မှမကြိုးစားရင် အကျိုးဆက်ခါးခါးကိုပေးဆပ်ရမှာက လောက ဓမ္မတာပါဘဲလေ။ အင်္ဂလန် နဲ့ မက္ကဆီကိုပွဲက ရုဒ်ဘယ်လင်ဂန်နဲ့ ဆီနဲ့ရေလို့ကွာတဲ့ ရော်နယ်လ်ဒိုပါဘဲ၊ အရှုံးနဲ့ထိုက်တန်လှပါတယ်။
တဆက်ထဲမှာ
နေ့စဉ်ဘဝရှင်သန်ရေးရော ပြည်တွင်းဖြစ်စဉ် နိုင်ငံတကာဖြစ်စဉ်တွေမှာရော မပြောင်းလဲတဲ့ဒီသဘောကိုတွေ့လိုက်ရပါတယ်။ တကယ်တော့ “လောကမှာ ဓမ္မကအနိုင်ရတယ်” တွေဘာတွေလျှောက်ပြောနေတာဟာ ရူးနေလို့ပါဘဲ။ အ-ဓမ္မတင်ဖြစ်လင့်ကစား ကိုယ့်ပန်းတိုင်နဲ့ကိုယ့်လမ်းစဉ်တွေကို အထိအခိုက်အစွန်းအထင်းမခံဘဲ တစိုက်မတ်မတ်အားစိုက်အကောင်အထည်ဖော်နေရင် ရလာဒ်တွေဟာပြေးမလွတ်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ အာဏာရှင်တွေနေမဝင်သေးတာပေါ့။ ကိုယ်က “ငါမှန်တာဘဲ တို့၊ ငါ့ Status ကဒါဘဲ တို့၊ အမှန်တရားကအနိုင်ရမှာ တို့၊ ငါ မျက်နှာသာအပေးခံရမှာ တို့” လို့ရူးရူးမိုက်မိုက်ယုံကြည်မျှော်ကိုးမိရင်တော့ အကျိုးဆက်ဟာ လှပမှာတော့မဟုတ်ပါဘူး။
မနားမရပ်ဒလစပ်ကြိုးပမ်းမှုကသာ အောင်ပွဲအတွက်စိတ်ချရတဲ့လုပ်ရပ်ဖြစ်ပါတယ် လို့ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
ပေါက်ဖော်မပါမဖြစ်တဲ့ ကန် လွတ်လပ်ရေးပွဲ
************************************
၁၇၇၆ ဂျူလိုင် (၄) ရက်နေ့မှာနိုင်ငံ့လွတ်လပ်ရေးကြေငြာခဲ့တဲ့အမေရီကန်ပြည်ထောင်စုဟာ ၂၀၂၆ ဂျူလိုင် (၄) မှာ နှစ်ပေါင်း ၂၅၀ ပြည်ခဲ့ပါပြီ။ အမေရီကန်ပြည်ထောင်စုတနံတလျားမှာ လွတ်လပ်ရေးနှစ်ပတ်လည်ပွဲခြိမ့်ခြိမ့်သဲဆင်နွှဲရင်း၊ ညဖက်ကျတော့ ဖောက်လိုက်တဲ့မီးရှူးမီးပန်းတွေ ကောင်းကင်အပြည့်၊ မိုးယံတခုလုံးကွဲထွက်တော့မတတ်ပါဘဲ။
ဒါနဲ့ဘဲ “ဒီမီးရှူးမီးပန်းတွေဘယ်ကရပါလိမ့်” လို့တွေးမိတာနဲ့ဟိုဟိုဒီဒီရှာကြည့်လိုက်တော့ …
(၁)
ကန်နိုင်ငံသားတွေဝယ်ဖောက်သမျှသောမီးရှူးမီးပန်းအားလုံးရဲ့ ၉၉% ဟာ ပေါက်ဖော်ဆီကလာပါသတဲ့။
(၂)
ကန်တနံတလျားက မြို့အာဏာပိုင်တွေကကြီးမှူးပစ်လွတ်ကြတဲ့မီးရှူးမီးပန်းများရဲ့ ၇၅ ကနေ ၉၀% သည်လည်း ပေါက်ဖော်ဆီကဘဲလာတာပါတဲ့။
(၃)
ကန်ပြည်တွင်းမီးရှူးမီးပန်းထုတ်လုပ်မှုဟာ စုစုပေါင်းအသုံးပြုမှုရဲ့ ၅% သာရှိပါသတဲ့။ ပေါက်ဖော်ဆီကအပြင် ဂျပန်၊ အီတလီ၊ စပိန်၊ ဂျာမဏီ အစရှိတဲ့တိုင်းပြည်များဆီကလည်းဝယ်ပါသတဲ့။
(၄)
ကန်နိုင်ငံလုံးဆိုင်ရာ APA အဖွဲ့ကြီးရဲ့အချက်အလက်တွေအရ ၂၀၂၅ တနှစ်ထဲမှာတင် အမေရီကန်နိုင်ငံတွင်းကို ပေါက်ဖော်ရဲ့ မီးရှူးမီးပန်းဗျောက်အိုးတင်ပို့မှုတခုထဲတင် ဒေါ်လာသန်း (၃၈၀) ရှိပါသတဲ့။
ကိုင်း … ကန်လွတ်လပ်ရေးပွဲနွှဲဖို့ ပေါက်ဖော်ဟာမရှိမဖြစ်လိုအပ်သွားတဲ့အနေအထားဖြစ်မနေဘူးလား။ ဒါနဲ့တောင်မှ ပေါက်ဖော်ဆန့်ကျင်ရေးတို့ ပေါက်ဖော်ကန့်သတ်ရေးတို့ကြွေးကြော်နေကြတာဟာ ရယ်စရာကောင်းလှပါတယ်။ ပေါက်ဖော်က သူ့ပစ္စည်းတွေရောင်းချင်နေလို့သာ ခံသာနေတဲ့သဘောပါ။ ပေါက်ဖော်က ဒီနေ့ပို့ကုန်ရပ်တာနဲ့ ကန်တပြည်လုံးရဲ့စားသုံးသူစျေးကွက်ဟာ ချက်ခြင်းကိုတိုင်ပတ်မှာပါ။ ဒီကြားထဲ ပေါက်ဖော်ရဲ့သူလျှိုတွေဟာ တကမ္ဘာလုံးအနှံ့၊ ကန်ထဲမှာလည်းတပုံတပင်။ တလောကတောင် လော့ဇ်အန်းဂျလစ်ဇ်နားကမြို့လေးတခုရဲ့မြို့ဝန်က ပေါက်ဖော်သူလျှိုဖြစ်နေပါရောတဲ့။ ကန်နိုင်ငံရေးသမားတွေထဲဟိုးသမ္မတအထိ ‘ပေါက်ဖော်ဆန့်ကျင်ရေး’ အာပေါင်အာရင်းသန်သန်နဲ့ထထပြောရင် “စောက်ပေါတွေ” လို့ဘဲစိတ်ထဲထင်မှတ်မိတယ်၊ အသံသာရှိပြီးအဆံမရှိတဲ့သင်္ကြန်အမြောက်တွေကိုး။ များမကြာခင်မှာတော့ ကွန်မြူနစ်ပေါက်ဖော်နဲ့သူ့ရဲ့မိတ်ဆွေမိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေဟာ ကမ္ဘာကိုချုပ်ကိုင်တော့မှာမြင်ယောင်မိပါရဲ့။ အချုပ်ကိုင်မခံချင်လို့ထချကြရင်တော့ဖြင့် တတိယကမ္ဘာစစ်ပါဘဲလေ။ ကိုယ်တွေဖက်က နိုင်-မနိုင်ကတော့ဖြင့်မသေချာ။ အင်အားကြီးပါတယ်ဆိုတဲ့ကန်ဟာ အီရန်တနိုင်ငံကိုတောင်မနိုင်လို့ တွေ့ဆုံရေးတွေဆွေးနွေးရေးတွေလုပ်နေရပြီမဟုတ်လား။ ကန်ရဲ့ နှစ် (၂၅၀) ပြည့်တဲ့တရက်ထဲမှာ အီရန်က ခါမေနီ့မသာခမ်းခမ်းနားနားချပြပြီး ကန်သမ္မတထရမ့်ကို “ဒါဘဲထင်တယ်” လို့လှန်ပြနေလေရဲ့၊ ဒါ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကိုတော့ ချီးစားမနေရင်ကောင်းကောင်းတွေးလို့ရပါတယ်လေ။
စိတ်ထဲတော့ “သဗ္ဗေသတ္တာ ကမ္မဿကာ” လို့ဘဲ ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
2026 May & June လချုပ်
***********************
2026 May & June နှစ်လလုံးရဲ့ Activists များပါဝင်မှုကို စုစည်းတင်ပြလိုက်ပါတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့ အခုလိုမျိုးတော်လှန်ရေးကာလမှာ စိတ်တူသဘောတူ Activists များနဲ့လက်တွဲရှေ့ဆက်ခွင့်ရခြင်းဟာ Activists Burma အတွက်တော့ အင်မတန်ကြီးမားတဲ့ဆုလာဘ်ပါဘဲ။
အရင်ကပြောခဲ့သလိုဘဲ တော်လှန်ရေးဟာ ရပ်မသွားပါဘူး။ အာရက္ခနိုင်ငံတော်ပေါ်ထွန်းတော့မယ်၊ ကချင်၊ စစ်ကိုင်း၊ မကွေး နဲ့ မြစ်ဝကျွန်းပေါ်တွေမှာလည်း စစ်သူပုန်တပ်ဟာ အလောင်းချင်းထပ်ပြီး အလှူကြီးတွေအကြိမ်ကြိမ်ပေးနေရတယ် ဆိုတာတွေဟာ ငြင်းမရတဲ့ပကတိအရှိတရားတွေပါ။ ကွန်မြူနစ်ပေါက်ဖော်ကို အဆစ်တို-ထာဝရမဧဠိုးတကောင်ဟာ ဘယ်လိုဘဲဖင်ကုန်းပေးပြီးအသက်ဆက်ဖို့ကြိုးပမ်းနေကြိုးပမ်းနေ တော်လှန်ရေးရဲ့ End Game မလာသေးလို့သာ အသံထွက်ခွင့်ရနေခြင်းပါ။
ဗမာပြည်နွေဦးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာကြောင့်တော်လှန်ရေးကိုများများပံ့ပိုးနိုင်လေလေ ဖက်ဆစ်သူပုန်တပ်ရဲ့နိဂုံးနီးကပ်လေလေပါဘဲ။ ဒါကြောင့် တော်လှန်ရေးနဲ့ PDF တွေကိုအစွမ်းကုန်ပံ့ပိုးခြင်း၊ ပြည်တွင်းပြည်ပက စစ်ဘောမ အောက်တန်းစား အချောင်သမား စောက်ပေါများကို အရောတဝင်မနေဘဲကြဉ်ပစ်ခြင်းတို့အားဖြင့် ဗမာပြည်ရဲ့လှပတဲ့နိုင်ငံ့အနာဂတ်ကိုထုဆစ်ကြဖို့ တိုက်တွန်းလိုက်ရပါကြာင်း ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma
4 212
အောင်ပွဲဆီသို့
*********
ထာဝရမဧဠိုးကိုအပ္ပနားလက်ပေးသင်တာ၊ မလေးတွေအင်ဒိုတွေ နေပြည်တော်လာပြီး နာစီဂိုးရင်းတို့ ရိုဂျာ့တို့လာရောင်းတာ၊ အစရှိတာတွေအပေါ် စိတ်ဓာတ်ကျနေကြပါသလား ???
ဟုတ်ကဲ့၊ စစ်တပ်ရဲ့ဝါဒဖြန့်ချီရေးယန္တယားအလုပ်လုပ်ခဲ့တာ အခုမှမဟုတ်ပါဘူး၊ ၁၉၆၂ ကတည်းကပါ။ စကားစပ်ပြီးပြောရရင် ဒီရက်ပိုင်းလိုင်းပေါ်ကွန့်မြူးနေခဲ့တဲ့ “၁၉၈၀ ကျော်တုန်းက မို့မို့မြင့်အောင်ဓာတ်ပုံ”အကြောင်းပါ။ လည်မဟိုက်တဟိုက်လေးဝတ်ပြီး ဖိနပ်ကြိုးဆွဲတင်နေတဲ့ပုံကို ချယ်ရီမဂ္ဂဇင်းက မျက်နှာဖုံးတင်ထားတာပါ။ ချယ်ရီရဲ့ အဲဒီအချိန်ကအယ်ဒီတာဟာ မြတ်ထန် ပါ၊ ဗိုလ်မှူးကြီးမြတ်ထန်ပေါ့။ ဗိုလ်နေဝင်းရဲ့အတွင်းစည်းကအမာခံတယောက်ပါ။ မြတ်ထန်ကနေဝင်းကိုမဂ္ဂဇင်းသွားပြတော့ “ဒါ ဗမာမလားကွ !!!” ပြော၊ ဆဲဆိုကြိမ်းမောင်းလွှတ်သတဲ့။ မြတ်ထန်လည်းအမြှီးကုပ်ပြီးပြန်လာရပါရောတဲ့၊ ဧဝံ မေ သုတံ တွေပေါ့လေ။ တွေးကြည့်နော်၊ နိုင်ငံ့ဘဏ္ဍာကိုထင်သလိုသုံးပြီး အရက်သောက် ဖဲရိုက် မြင်းလောင်း ဖာချ မြိန်ရည်ယှက်ရည်လုပ်နေတဲ့ တရုတ်ကပြားရှုမောင်ခေါ် ဗိုလ်နေဝင်းဟာ ဗမာ့မျိုးချစ်စိတ်ရှိလေသတဲ့။ ယုံမိသူတွေအားလုံး ပူတာအိုကနေကော့သောင်းအထိ ဖျင်အရှည်ကြီးခံလိုက်ကြရပြီးပါပြီလေ။ ဤကား ဖက်ဆစ်စစ်တပ်၏စိတ်ဓာတ်စစ်ဆင်ရေး ဂျင်းထည့်ပုံတည်း။
ထာဝရမဧဠိုးရဲ့စစ်တပ်ပြောသလိုတော့ အရာခပ်သိမ်းမှန်နေတာမဟုတ်ပါဘူး။ အခုဗမာပြည်မယ်ဆင်နွှဲနေကြတဲ့နွေဦးဟာ “တော်လှန်ရေး” ဖြစ်ပါတယ်။ လက်နက်ကိုင်ထားပြီး တိရစ္ဆာန်ပါးဝလို့ လက်နက်ကိုင်ထားပြီးပြန်ချကြတာပါ။ “ယဿာ နုဘာဝတော” ဆိုတဲ့မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပြီး အောင်သပြေနဲ့ညောင်ရေလောင်းနေတာမဟုတ်ပါ။ တော်လှန်ရေးတိုင်းမှာ ပျက်စီးတာ၊ ကြေမွတာ၊ ဘဝဆုံးတာ၊ ဇီဝိန်ကြွေတာက ပုံမှန်ပါဘဲ။ ဒီအရင်းအနှီးတွေပေးလို့ နောင်မျိုးဆက်တွေ အနာဂတ်မှာ ဘာအနိဋ္ဌာရုံမှမကြုံကြရလေအောင်ရင်းကြရတာဖြစ်ပါတယ်။ သေမှာကြောက်ရင် တော်လှန်ရေးလုပ်လို့မရပါ။ သေနတ်မှန်ရင်ကြပ်ထုပ်ထိုးလို့မရသလို ရှိရှိသမျှ ဘယ်ဘုရားမှမကယ်နိုင်ပါဘူး။ အဲ … အာဏာရှင်လက်အောက်က ငရဲတမျှဘဝတွေကိုလည်း ဘယ်ဘုရားကမှလာကယ်နေတာမှမဟုတ်တာလေ။ စေ့စေ့တွေးရင် ရေးရေးတင်မက အကွင်းလိုက်ပေါ်ပါတယ်။ အခု ကချင်၊ ချင်း၊ ရခိုင်၊ မကွေး နဲ့ ရိုးမပေါ်မှာ ထာဝရမဧဠိုးရဲ့တပ်တွေ အလောင်းချင်းထပ်နေတာကို လိုက်ဖတ် လိုက်ရှာမှတွေ့ကြရပါလိမ့်မယ်။ ပြည်တွင်းကစောက်ပေါထုကြီးကတော့ ဇာတ်ပွဲနဲ့ ကုန်းဘောင်ကြီးကြော်ဆိုတဲ့ချေးတွင်းထဲဒိုက်ဗင်ပစ်နေကြတော့ တော်လှန်ရေးသတင်းတွေ နားမစွင့်အားဘူးရယ်။ ဤသည်ကား သတင်းတို့၏ Update လေးတဖြတ်။
အောက်တန်းစားသတင်းတွေလိုင်းပေါ်ပြန့်နှံ့တိုင်း တော်လှန်ရေးကား ရပ်တန့်နေသည်မဟုတ်။ အောင်ပွဲဆီသို့တရွေ့ရွေ့လှမ်းနေသည်ဟုသာ “ဂဏှာဟိ - မှတ်ကြလေ” ဟု မှန်ရာကိုဆိုရပါကြောင်း ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
4 212
ကြေပါစေတော့လေ …
****************
ခုနောက်ပိုင်း သူတို့သားအမိပုံတွေမြင်တိုင်း အမြဲသာမျက်ရည်စို့ရပါတယ်၊ စိတ်ဓာတ်တွေလည်း သူတို့နဲ့ပါတ်သက်လေတိုင်း မမာကြော မကြံ့ခိုင်နိုင်တော့တာအမှန်ပါ။ ဒီလဆို ခေါင်းဆောင် (၈၁) နှစ်ပြည့်မယ့်လ၊ မိခင်တယောက်သေမှန်းရှင်မှန်းတောင် သားတယောက်အနေနဲ့သိခွင့်မရရှာဘူးရယ်။
တကိုယ်စာအနေနဲ့ ဆုတောင်းခြင်းကို လုံးဝ အယုံအကြည်မရှိပေမယ့် သူတို့သားအမိအတွက်ဝဋ်ကြွေးတွေဟာ ‘ဒီဘဝနဲ့သာကြေပါစေတော့’ လို့သာဆန္ဒပြုမိပါရဲ့ ….. ။ ။
လေးလံသောစိတ်နှလုံးများဖြင့်
ကိုထင် (ခ) လင်းမြတ်
4 212
ထာဝရမဧဠိုး၏ဝန်ခံချက်
********************
“EAO” ဆိုတာဟာ တဲ့
“Ethic Armed Organization” တဲ့။ ဗမာလိုပြန်တော့
“ကျင့်ဝတ်သိက္ခာပြည့်စုံသောလက်နက်ကိုင်အဖွဲ့” ပေါ့လေ။
ထာဝရမဧဠိုးအနေနဲ့ သူတို့စစ်တပ်ဟာ မုဒိမ်းတပ်၊ ဓမြတပ်၊ လူလိမ်တပ်၊ အောက်တန်းစားတပ်၊ ကလေကချေတပ်၊ နောက်ဖေးလမ်းကြားထဘီခိုးတပ်၊ လုယက်သမားတပ်၊ အကြမ်းဖက်တပ်၊ အုတ်ကြားမြက်ပေါက်တပ်၊ ရေမြောကမ်းတက်တပ်၊ တရုတ်ကုန်းတပ် ဆိုတာကောင်းကောင်းသိတယ်။ စောင့်ကျင့်မကောင်းတဲ့တပ်အနေနဲ့ ကျင့်ဝတ်သိက္ခာလည်း ဟိုးတိုင်ခြေမှာကပ်နေတယ်ဆိုတာကိုလက်ခံတယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေ နဲ့ တော်လှန်ရေးတပ်တွေကို “ကျင့်ဝတ်သိက္ခာရှိသောတပ်များ” အဖြစ် အင်တာဗျူးမှာထုတ်ဖော်ဝန်ခံရခြင်းလည်း ဖြစ်တယ်ပေါ့။
ဒါမျိုးအမှန်ဝန်ခံလို့တော့ ချီးကျူးခံရလိမ့်မယ်မထင်နဲ့
“ထာဝရမဧဠိုး ဟာ ထာဝရမဧဠိုး ဘဲ”၊ လုံးဝ အပြောင်းအလဲမရှိဘူး ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
