cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Forward Channel [RANGOON]

ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း 🔹 Fundraising ➡️ @FCRFUNDRAISING🔹 🔹Tech ➡️ @FCRSTORE 🔹 FOR BUSINESSES CONTACT ➡️ @FCR02Bot

Mostrar más
Publicaciones publicitarias
7 127
Suscriptores
+124 horas
+237 días
+7330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
အနောက်ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်တိုက်ခိုက်ခံရ 🌐 FCR June 1 🌐 စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေကို အသက်သွင်းကာ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံသည့် တိုင်ကြားချက်များကြောင့် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းအုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Together Urban Force အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ "ပြည်သူတိုင်ကြားချက်နဲ့ကိုယ်တိုင်စစ်ဆေးထောက်လှမ်းပြီးလုပ်တာမို့ ပြည်သူမရှိချိန်ရွေးလုပ်ရတာပါ။တော်တော် အန္တရာယ်များပါတယ်။လန ကိုင်ပျူတွေပါရှိတယ်လို့သတင်းရထားလို့ ရှိ‌သည်ဖြစ်စေမရှိသည်ဖြစ်စေ ကြိုတင်ပြင်ဆင်ရပါတယ်။" ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းကပြောသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
👍 33 4👏 3
Photo unavailableShow in Telegram
မရမ်းကုန်းမြို့နယ်က အကြမ်းဖက်ရဲစခန်းကို ရန်ကုန် UGတွေက မြိုပြ စစ်ဆင်ရေးအဖြစ် ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက် 🌐 FCR June 1 🌐 ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးရပ်ကွက်၊ စွယ်တော် အိမ်ယာဝန်းထဲမှာရှိတဲ့ အကြမ်းဖက်ရဲစခန်းကို Rangoon UG Column စစ်ကြောင်းက မြို့ပြစစ်ဆင်ရေးအဖြစ် မနေ့က တိုက်ခိုက် ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ရန်သူ ရဲစခန်းကို မေ ၂၈ ရက်၊ မနက် ၅ နာရီ၊ ၄၅ မိနစ်မှာ ဖျက်အားပြင်း ဗုံးများနဲ့ ထိရောက်စွာ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရန်သူတပ်သာတွေ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့တယ်လို့ မြေပြင်သတင်းများအရ အတည်ပြုနိုင်ခဲ့ပြီး၊ Rangoon UG Column အနေနဲ့လည်း ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ရန်ကုန်သို့ချီ RUC စစ်ကြောင်းရဲ့ မြို့ပြ စစ်ဆင်ရေးအဖြစ် Yangon Federal Army (YAF) နဲ့ GOD Army တို့မှ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး၊ မြို့ပြ UG ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။[PVTV ][FCR] @Forwardchannelrangoon
Mostrar todo...
👏 16👍 7 3
Photo unavailableShow in Telegram
Project TheKey စတင်ပြီ 🌐 FCR June 1 🌐 ပြည်သူတွေ မျှော်နေကြတဲ့ ဟိုတယ်တစ်လုံးကို အများပိုင်ဆိုင်နိုင်မယ့် “Project TheKey” စတင်လာပြီဖြစ်ပါတယ်။ Raffle Ticketကို https://www.wlmf.org/projects/thekey လင့်ခ်မှာ ဝယ်ယူနိုင်ပြီး မဲလက်မှတ် တစ်စောင်ကို USD 100 (သို့မဟုတ်) USD 100 နဲ့ညီမျှတဲ့ နိုင်ငံအလိုက် Currency နဲ့ ဝယ်ယူထောက်ပို့ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ “Project TheKey” ရဲ့ “Raffle Ticket Price” ကို နေ့စဉ်ထုတ်ပြန်ကြေညာပေးနေမှာဖြစ်ပြီး ဆုမဲတွေက တစ်ဦးတစ်ယောက်ထဲကို ရွေးချယ်တာထက် အများပိုင်ဆိုင်တဲ့ ဟိုတယ်ဖြစ်စေဖို့ ပထမဆု- 30% (၁)ဆု၊ ဒုတိယဆု- 20% (၁)ဆု၊ တတိယဆု- 10% (၁)ဆု၊ အထူးဆု- 5% (၅)ဆုနဲ့ နှစ်သိမ့်ဆု- 3% (၅)ဆုတို့ အဖြစ် ဆုံးဖြတ်ကြေညာမှာ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
👏 10 4👍 1
Photo unavailableShow in Telegram
လှိုင်သာယာအနောက်ပိုင်းတွင် အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ ■ အစွန်းရောက် မဘသ ဘုန်းကြီး ပေါက်ကိုယ်တော်က လှိုင်သာယာမှ ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်များက နေအိမ်မဖျက်စေရန် ခုတုံးလုပ်တည်ထားခြင်းဟုဆို 🌐 FCR May 26 🌐 ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊အနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှုအပေါ် မဘသနှင့် အမျိုးသားရေးအစွန်း ရောက်များက နှုတ်ဆိတ်နေကြကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
🤬 24👍 3👏 1
Photo unavailableShow in Telegram
ရန်ကုန်မြို့တွင် "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" ဘန်နာချိတ်ဆွဲ 🌐 FCR May 26 🌐 ရန်ကုန်မြို့ ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့ (မေလ ၂၅) ညနေက တော်လှန်လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒပြခဲ့ကြသည်။ ယင်းလူငယ်များက "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" စာသားပါ ဘန်နာချိတ်ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတေကာများ ကပ်ခြင်း၊ စာရွက်ကြဲခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်များသပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ရည်ရွယ်ကြောင်း တော်လှန်လူငယ်များက ဆိုသည်။ [ People's Spring ][ FCR ] ဓာတ်ပုံ - ABFSU @Forwardchannelrangoon
Mostrar todo...
👍 13 3
Photo unavailableShow in Telegram
စ-စ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက် 🌐 FCR May 26 🌐 အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး Digital ငွေကြေးများ အရောင်းအဝယ် ဟွန်ဒီများ အရေးယူမည်ဟု ကြေညာသော်လည်း မထိရောက်ဘဲ ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်နေကြောင်း ရန်ကုန်မြို့မှ ဒေါ်လာဝယ်ရောင်းများက ပြောဆိုကြသည်။ မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေးများဖြစ်သော Cryptocurrency ၊ Bitcoin(BTC) ၊ Litecoin(LTC) ၊ Ethereum (ETH) နှင့် Perfect Money(PM) စသည်တို့ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ ယင်းတို့လဲလှယ်ရောင်းဝယ်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ ယခုနောက်ဆုံး USDT အပါအဝင် တရားမဝင် ဒီဂျယ်တယ်ငွေကြေးများကို ရောင်းဝယ် လဲလှယ်ခြင်း၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
👍 2😁 2
Photo unavailableShow in Telegram
မုန်တိုင်းအရှိန်ကြောင့် ဒေသဆယ်ခုတွင် မိုးကြီးနိုင်ကြောင်း NUG သတိပေး 🌐 FCR May 26 🌐 အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ဒေသဆယ်ခု၌ မေလ (၂၆)ရက်မှ (၂၈)ရက်နေ့အတွင်းမိုးသည်းထန်စွာရွာသုံးနိုင်ပြီး ရေဘေးနှင့်လေပြင်း‌ဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကထသတိ ပေးထားသည်။ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြို့ပြလျှပ်တပျက် ရေကြီးရေလျှံခြင်း၊မြေပြိုခြင်းဖြစ်စဉ်များကို အထူးသတိပြုရန်လိုအပ်ပြီး အထူးသဖြင့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် မြို့နယ်အများအပြားတွင် ပိုမိုသတိပြုရန် သတိပေးချက်ထုတ်ပြန်သည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
👍 10
Photo unavailableShow in Telegram
အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်ဖို့ လျှောက်ထားသူ ၇၅၀၀၀ ခန့်ရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် 🌐 FCR May 26 🌐 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကို ၂၀၂၃ ခုနှစ် အခြေခံ ပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ဖို့ လျှောက်ထားသူ ၇၅၀၀၀ ခန့်ရှိခဲ့တယ်လို့ မေ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။ BEAC  အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုဖို့ လျှောက်ထားသူ ၇၅၀၀၀ ခန့်၊ ဘာသာစုံ ဖြေဆိုသူ ၅၆၀၀၀ ခန့်ရှိရာမှ အောင်လက်မှတ် ရရှိသူ ၅သောင်း ခန့် ၈၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက စည်းကမ်းချက်များနဲ့ မကိုက်ညီဘဲ အောင်လက်မှတ်မရရှိသူ ၆ထောင် ခန့် (၁၁) ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဖြေဆိုသူများလိုက်နာရမယ့် စည်းကမ်းချက်များနဲ့ ကိုက်ညီစွာ ဖြေဆို ထားပါလျက် Certificate မရရှိခဲ့ဘူးလို့ ယူဆထားတဲ့ စာဖြေ သူများမှ မိမိရလာဒ်နဲ့ ပက်သတ်ပြီးပြန်လည်စစ်ဆေးပေးလိုပါက Compiaint Form လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။[PVTVNEWS][FCR] @Forwardchannelrangoon
Mostrar todo...
🥰 6👍 3
Photo unavailableShow in Telegram
မင်္ဂလာဒုံ၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို စစ်တပ်၊ ရဲနှင့်စည်ပင်က ဖျက်ဆီးလိုက်ပြီး လူဦးရေ ၈၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ် ■ ပျဉ်းမပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် အမျိုးများ၏ နေအိမ် ၄၇ လုံးကို စစ်တပ်က မမဖျက်ဆီးဘဲ ကွက်ချန်သွား 🌐 FCR May 24 🌐 ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ် တပ်နှင့်စည်ပင်က အင်အားအများအပြားဖြင့် ဖျက်ဆီးသွားပြီး လူဦးရေ ၈၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Mostrar todo...
🤬 26👍 4😭 4
Repost from MMWeather
အားကောင်းသောလေဖိအားနည်းရပ်ဝန်း(INVEST-99B)UPDATE မေလ ၂၄ ရက် နံနက် ၁၀ နာရီ ========== 🔸 NRL မှ ရရှိသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း တည်နေရာ၊ TROPICAL CYCLONE PREDICTION AND VERIFICATION CANTER - COAMPS မှ ရရှိသည့် မုန်တိုင်းလမ်းကြောင်းနှင့် မေလ ၂၆ ရက် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း REMAL ဖြစ်လာသည့်အခါ မြင်တွေ့ရနိုင်သည့် မုန်တိုင်း ဖြတ်ပိုင်းပုံမှ မုန်တိုင်းမျက်စေ့ ဖြစ်နိုင်ချေတို့ကို တွေ့ရပါမည်။ 🔸 လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းဆို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ယနေ့ မေလ ၂၄ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION)အဖြစ်သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ 🔸 မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိချိန်တွင် ပုသိမ်မြို့အနောက်ဘက် ၃၁၈ မိုင်ခန့်အကွာပင်လယ်ပြင်သို့ ဗဟိုပြုရောက်ရှိနိုင်ပြီး မုန်တိုင်းဗဟိုလေတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော်အထိ ရှိကာ၊ မုန်တိုင်းဗဟိုအနီး၌ လှိုင်းအမြင့် ၁၃ ပေအထိ ရှိလာနိုင်ပါမည်။ 🔸 မုန်တိုင်းရွေ့လျားရာလမ်းကြောင်းညာဘက်ခြမ်းရှိ မြန်မာနိုင်ငံတွင် မေလ ၂၄ ရက်မှ မုန်တိုင်းကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးစီးချိန်၊ မေလ ၂၇ ရက် နံနက်ပိုင်းအထိ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ကမ်းရိုးတန်းဒေသများ၌ လေပြင်းတနာရီ မိုင် ၂၀ မှ ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ 🔸 ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များနှင့် အပန်းဖြေကမ်းခြေများတွင် လေပြင်းတနာရီ မိုင် ၃၀ အထက် တိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ကာ၊ လှိုင်းအမြင့် ၇ ပေ မှ ၁၀ ပေခန့်အထိ ရှိလာနိုင်ပါသည်။
Mostrar todo...
👍 12