cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Forward Channel [RANGOON]

ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း 🔹 Fundraising ➡️ @FCRFUNDRAISING🔹 🔹Tech ➡️ @FCRSTORE 🔹 FOR BUSINESSES CONTACT ➡️ @FCR02Bot

Більше
М'янма7 108Бірманська6 236Політика6 304
Рекламні дописи
7 195
Підписники
+624 години
+437 днів
+8530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

03:06
Відео недоступнеДивитись в Telegram
သို့/ မွေးနေ့ရှင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အတွက် .. မွေးနေ့အလှူနှင့် ပြည်သူ့ မေတ္တာစုစည်းမှုများ #Rangoon_Radio #ရန်ကုန်ရေဒီယို #ရုန်းကန်သံ #sosmyanmar
Показати все...
76.05 MB
👏 27👍 2 1
Фото недоступнеДивитись в Telegram
City Mart၊ One Stop Mart၊ Ocean စတဲ့ အရောင်းဆိုင်တွေက မန်နေဂျာတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ဂိုထောင်တွေမှာ သိမ်းထားတဲ့ ဆန်နဲ့ဆီတွေကို သိမ်းသွား 🌐 FCR June 23 🌐 ရန်ကုန်မြို့မှာ ရှိတဲ့ City Mart၊ One Stop Mart၊ Ocean စတဲ့ အရောင်းဆိုင်တွေက မန်နေဂျာတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး အရောင်းဆိုင်အသီးသီးရဲ့ ဂိုထောင်တွေမှာ သိုလှောင်ထားတဲ့ ဆန်နဲ့ဆီတွေကို သိမ်းဆည်းသွားလို့ Ocean အရောင်းဆိုင်တစ်ခုက မန်နေဂျာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။ မနေ့က ဇွန်လ ၂၂ ရက်နေ့မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်တွေဟာ အရောင်းဆိုင်တွေကို ရောက်လာပြီးတော့ မန်နေဂျာတွေကို ခေါ်ယူတွေ့ဆုံပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ “စသုံးလုံးရုံးကို ဖမ်းသွားတာ၊ ဘယ်လိုစစ်ဆေးခံရတယ်တော့ ပြန်ပြောလို့မရဘူးတဲ့၊ ပြီးတော့ ဂိုထောင်တွေကို လိုက်ပြခိုင်းတယ်၊ ဆန်အိတ်တွေ ဆီတွေကို သိမ်းသွားတယ်၊ အခုအကြောင်းကို အင်တာနက်ပေါ်တင်တာပဲဖြစ်ဖြစ် သတင်းဌာနတွေကိုပြောတာပဲဖြစ်ဖြစ် အဖမ်းခံရမယ်ဆိုတာကို ပြောပြီးတော့ သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်”လို့ Ocean အရောင်းဆိုင်တစ်ခုက မန်နေဂျာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
🤬 21👍 4👏 4 1👀 1
Фото недоступнеДивитись в Telegram
"အောင်ဇေယျ စစ်ကြောင်းမှ အလင်းဝင်သူနှစ်ဦ၏စွန့်စားခန်း"   ▪︎ဆောင်းပါး 🌐 FCR June 23 🌐 ဂျပန်စက်ဘီးအဟောင်းလေးတွင် ပီနံအိတ်အဖြူ ကိုဖြတ်၍လုပ်ထားသည့် အလံဖြူနှစ်ခုတပ် ကြိုးဖြင့် ချီလိုက်သည်။ စက်ဘီးလက်ကိုင်တစ်ဘက်စီတွင် သေနတ်တစ်လက်စီ ချိတ်ထား၏။ နောက်ရှိ ထိုင်ခုံတွင်တော့ ပစ္စည်းများထည့်ထားသော ကျောပိုးအိတ်တစ်တစ်လုံး တင်ထားသည်။ ကျန် သေနတ်နှစ်လက်ကိုတော့ တစ်ဦးစီယူဆောင်ပြီး ရှေ့တည့်တည့် မျက်နှာမူရာအရပ်ဆီ ခရီးဆက်ရန် ပြင်လိုက်ပါသည်။ အမှန်တော့ ဂျပန်စက်ဘီးလေးမှာသူတို့ စက်ဘီးမဟုတ်ပါ။လမ်းတွင်တွေ့သောရွာရှိအိမ်တစ်အိမ်မှယူဆောင်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၂၄ မေလ ၁၅ရက်က ဖြစ်၏။ ပူပြင်းလှသော နေ‌ရောင်အောက်တွင် အလံဖြူတလွှင့်လွှင့်ဖြင့် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးထက် မြဝတီမြို့သွားရာလမ်းအတိုင်း ဦးတည်နေခြင်းဖြစ်ပါသည်။ စက်ဘီးမှာလည်း ရှေ့ဘီး၊နောက်ဘီး လေမပါသဖြင့် တွန်းလာရသည်မှာ ခရီးပို၍ လေးလံနေသည်။ သို့သော် ရှေ့တွင်တော့ ဦးတည်ရာရှိနေပြီး ရောက်တော့မည်လည်းဖြစ်သည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👏 12👍 3
Фото недоступнеДивитись в Telegram
အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊ စစ်ဆင်ရေး တစ်ရပ်အသွင် ထောင်ပြောင်းရွှေ့နေ 🌐 FCR June 23 🌐 ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ခရီးသည်တင်ကား ၅ စီးဖြင့် ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခရီးသည်တင်ကား ၅ စီးဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👍 7🤬 2 1👏 1
Фото недоступнеДивитись в Telegram
မြို့ပြပြောက်ကျားအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေဟု လှိုင်ပကဖ သတိပေး 🌐 FCR June 22 🌐 မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၂၂ရက်) သတိပေးထုတ်ပြန်သည်။ လက်ရှိကြုံတွေ့ရသော အကြောင်းအရာများကို အခြားသောတော်လှန်ရေးအဖွဲ့များနှင့် မြို့ပြ UG အဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုစိစစ်ဆောင်ရွက်နိုင်ရန်ဟု ဆိုသည်။ လွန်ခဲ့သော တစ်လခွဲကျော်က သက်ဆိုင်ရာ ခရိုင်တာဝန်ခံနှင့်ချိတ်ဆက်ကာ မစ်ရှင်တစ်ခုဖော်ဆောင်နိုင်ရန် ခရိုင်တာဝန်ခံထံသို့ လိုအပ်သောအသုံးအဆောင်ပစ္စည်းများကို လှိုင်မြို့နယ် ပကဖက ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👍 25🤔 2🤣 1
Фото недоступнеДивитись в Telegram
အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက် 🌐 FCR June 22 🌐 အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့နည်းသော ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ကုန်သည်များ၊ ဆန်စက်များကို ဖမ်းဆီးအရေးယူခြင်းများ၊ ဆန်စက်များ၊ ဂိုဒေါင်နှင့်ပွဲရုံများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဆန်စပါးစျေးနှုန်းကိုပါ သတ်မှတ်စျေးနှုန်းများ ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသတ်မှတ်စျေးနှုန်းထက်ပိုမို၍ ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👍 4😁 2🤔 2
Фото недоступнеДивитись в Telegram
Breaking News- ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ် ■ မြန်မာဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဘုရင့်နောင်ဆန်ကုန် စည်ဒိုင် ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ ခေါ်ယူ ထိန်းသိမ်းခံထားရ 🌐 FCR June 22 🌐 မြန်မာနိုင်ငံတွင် ဆန်စျေးနှုန်းကြီးမြင့်စေရေးအတွက် ဝိသမလောဘ စီးပွားရေး သမားများက လုပ် ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး ဆန်စက်များ၊ ပွဲရုံများကိုပါ လိုက်လံ ချိတ်ပိတ်နေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
🤔 7😁 4👍 1
Фото недоступнеДивитись в Telegram
အင်တာနက်ပိတ်ဆို့မှုများအတွက် စစ်အုပ်စုကို ပံ့ပိုးကူညီနေသည့် Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို ▪️ဒေါက်တာဝင်းကျော်နှင့် ဇနီးဖြစ်သူ ခင်ကေခိုင်တို့ ဦးဆောင်သည့် Mascots Group မှာ တရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုတို့အကြား ကြားခံပွဲစားအဖြစ်ဆောင်ရွက်နေဟုဆို 🌐 FCR June 21 🌐 စစ်ကောင်စီအတွက် အင်တာနက် စုံစမ်းထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေးနည်းပညာ ပေးအပ်နေသော မြန်မာကုမ္ပဏီ Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုသည်။ Justice For Myanmar သည် ‘ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ်အုပ်စု၏ မိတ်ဖက်များ’စုံစမ်းသုတေသနစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ သုတေသနအရ တရုတ်ကုမ္ပဏီနှစ်ခု၏ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👍 26
Фото недоступнеДивитись в Telegram
စစ်တပ်သတ်ဖြစ်မှုကြောင့် ပျံလွန် သံဃာ အပါး ၅၀ ကျော်ရှိလာ၊ စစ်ကောင်စီကို သံဃာထု သပိတ်မှောက်ရန် တိုက်တွန်း 🌐 FCR June 21 🌐 ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်အရေအတွက်ဟာ ၅၂ ပါးရှိသွားပြီဖြစ်ပြီး သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ပစ်မှုဖြစ်လို့ သံဃာထုတရပ်လုံးက စစ်ကောင်စီကိုသပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တာပါ။ ဆက်လက်ဖတ်ရှု့ရန် ⬇️
Показати все...
👍 26😁 1
မကြာခင် ပုံမှန်အတိုင်း သတင်းများကို ပြန်လည်တင်ဆက်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ တော်လှန်ရေးကို တစ်ထောင့်တစ်နေရာက မြေတစ်မှုန်က အစ ပါ၀င်ချင်ရင် အောက်က လင့်ကို နှိပ်ပြီး ပါ၀င်နိုင်ပါတယ် ✊ https://t.me/Forwardchannelrangoon/106467 @Forwardchannelrangoon
Показати все...
46👍 12
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.