es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 440 suscriptores, ocupando la posición 16 780 en la categoría Noticias y medios y el puesto 10 261 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 440 suscriptores.

Según los últimos datos del 24 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -148, y en las últimas 24 horas de -1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.50%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.44% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 629 visualizaciones. En el primer día suele acumular 508 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 440
Suscriptores
-124 horas
-127 días
-14830 días
Archivo de publicaciones
မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM နိ
မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM နိုဝင်ဘာ ၁၈၊ ၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ကိုမျိုးသူရအောင် (၃၆) နှစ်သည် ကျုံဖိုက်ကျေးရွာရှိ ၎င်းပိုင်ဒူးရင်းခြံမှ  မုဒုံမြို့ဘက်သို့ မော်လမြိုင် - သံဖြူဇရပ် သွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM
18 nov, 06:06

ပုလောမြို့နယ်တွင် ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည် သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၁၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ဒေါ်မီးငယ် (၄၈) နှစ်သည် ၎င်း၏ သမီးဖြစ်သူ မတစ်ပွင့်ပန်း (၇)နှစ်နှင့်အတူ နိုဝင်ဘာ ၁၆ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်မှ ပုလောမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ မိတ်ဆွေဖြစ်သူ ဦးကျော်ဝင်း ၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် PDF အကြမ်းဖက် သမားငါးဦးမှ ၎င်းတို့နှစ်ဦး အား အကြမ်းဖက်ခြိမ်းခြောက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM
18 nov, 05:59

ရွာငံမြို့နယ်တွင် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် ကာ ဓားများဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ NOM န
+1
ရွာငံမြို့နယ်တွင် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် ကာ ဓားများဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ NOM နိုဝင်ဘာ ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာနေ ဦးဌေးဝင်း (၆၁) နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ထွေးနု (ခ) မပူကြီး (၄၅) နှစ်တို့သည် နိုဝင်ဘာ ၁၆ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်၌ ၎င်းတို့၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦး ရောက်ရှိလာကာ ၎င်းတို့နှစ်ဦးအား နေအိမ်၏ အနောက်ဘက်တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လည်ပင်းနှင့် ရင်အုံတို့အား ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ NOM
18 nov, 05:55

နိုင်ငံတော်သမ္မတ မိန့်ခွန်းကိုပြည်သူများနှစ်သက် NOM နိုဝင်ဘာ ၁၈၊ ၂၀၂၆ ယနေ့နိုဝင်ဘာလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတ
နိုင်ငံတော်သမ္မတ မိန့်ခွန်းကိုပြည်သူများနှစ်သက် NOM နိုဝင်ဘာ ၁၈၊ ၂၀၂၆ ယနေ့နိုဝင်ဘာလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သော မိန့်ခွန်းသည် ပြည်သူပြည်သားများသိလိုသည့်အချက်များကို လူတိုင်းနားလည် အောင်ပြောကြားခဲ့သည့်အတွက် နားထောင်သူပြည်သူများသဘောကျနှစ်သက်ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတသည် ကဏ္ဏအလိုက်အားနည်းချက်၊ အားသာချက်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်အချက်များကို ကိန်းဂဏန်းနှင့် တကွချပြပြောဆိုသွားခဲ့သည်။ မိန့်ခွန်းနားထောင်သူပြည်သူတစ်ဦးက "ကျွန်တော်တို့သိချင်တာတွေအကုန်ပြောပြသွားတယ်။ အရင်အစိုးရနှစ်ဆက်မှာလဲ နိုင်ငံတော်အကြီးအကဲမိန့်ခွန်းပြောမယ်ဆို နားထောင်လေ့ရှိတယ်။ သူတို့ကနိုင်ငံရေးသမားလိုပြောတယ်။ ပြညိသူသိချင်တာတစ်ခုမှမပါဘူး။ အခု သမ္မတကြီးကတော့ အချက်အလက်နဲ့ ပြည်သူတွေ သိချင်တာပြောသွားတယ်၊။ အများကြီဗဟုသုတရသလို တိုင်းပြည်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သာမန်ပြည်သူတောင် သိခွင့်ရသွားတယ်။ မိန့်ခွန်းကို အရမ်းကြိုက်တယ်" ဟုသူ၏အမြင်ကို NOM အားပြောပြခဲ့သည်။ ထို့အပြင် သူကမြန်မာ့ရုပ်သံနဲ့မြန်မာ့အသံတင်မက ရှိသမျှ FM လိုင်းအားလုံးက ထုတ်လွှင့်မယ်ဆိုရင် နိုင်ငံတော်အကြီးအကဲရဲ့တိုင်းပြည် အပေါ်ထားတဲ့ စေတနာကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုင်းသူပြည်သားအားလုံးသိသွားမှာဖြစ်ပါတယ် ဟုဖြည့်စွက်ပြောကြားသွားသည်။
18 nov, 03:16

Ovaltine ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ရပ်ဆိုင်းခ
Ovaltine ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ရပ်ဆိုင်းခဲ့ကြောင်းကြေညာ နို၀င်ဘာ၁၈၊၂၀၂၆
18 nov, 02:46

နိုင်ငံတော်သမ္မတကနိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်နှင့်မူဝါဒများပြောကြား NOM၊နိုဝင်ဘာ၁၈၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင
နိုင်ငံတော်သမ္မတကနိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်နှင့်မူဝါဒများပြောကြား NOM၊နိုဝင်ဘာ၁၈၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည်ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင်တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးသို့ တက်ရောက်၍ နိုင်ငံတော်၏ မူဝါဒများရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
18 nov, 00:57

နယူးယောက်တွင်ရဲအထူးတပ်ဖွဲ့ကိုဖျက်သိမ်း NOM နယူးယောက်မြို့တော်ဝန်ဇိုရမ်မမ်ဒါနီသည်နယူးယောက်ရဲတပ်ဖွဲ့ (NYPD) ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဆန္ဒပြပွဲများ ထိန်းချုပ်ကိုင်တွယ်ရေး အထူးတပ်ဖွဲ့ကိုဖျက်သိမ်းလိုက်သည်။
17 nov, 12:35

+1
အိုမန်နိုင်ငံ ကမ်းလွန်၊ ဟော်မုဇ်ရေလက်ကြားအတွင်းရှိ နောက်ထပ် ရေနံတင်သင်္ဘောတစ်စင်းကို အီရန်က တိုက်ခိုက်လိုက်ပြီဖြစ်သည်။
17 nov, 08:07

နိုင်ငံ​တော်သမ္မတနို၀င်ဘာ၁၈ရက်‌ေန့နံနက်မိန့်ခွန်း​ပြောကြားမည် နိုဝင်ဘာ ၁၇ ၊၂၀၂၆ နိုဝင်ဘာ ၁၈ ရက်​နေ့ နံနက် ၁၀ နာရီတွင်ပြည်​ထော
နိုင်ငံ​တော်သမ္မတနို၀င်ဘာ၁၈ရက်‌ေန့နံနက်မိန့်ခွန်း​ပြောကြားမည် နိုဝင်ဘာ ၁၇ ၊၂၀၂၆ နိုဝင်ဘာ ၁၈ ရက်​နေ့ နံနက် ၁၀ နာရီတွင်ပြည်​ထောင်စု သမ္မမြန်မာနိုင်ငံ နိုင်ငံ​တော်သမ္မတဦးမင်း​အောင် လှိုင် မှ ပြည်​ထောင်စုလွှတ်​တော်အစည်းအ​ဝေးသို့ တက်​ရောက်ကာ မိန်းခွန်း​ပြောကြားမည်ဖြစ်‌ ကြောင်းသိရသည်။
17 nov, 07:20

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် မလေးရှားနိုင်ငံသားနှစ်ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ် နိုဝင်ဘာ ၁၇၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် မလေးရှားနိုင်ငံသား နှစ် ဦးအားမြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Hew Tse Hou နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၉၃ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ၁၄၂၅၀ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၄၃ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၃၆၅ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၆၇၈ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
17 nov, 06:10

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် မလေးရှားနိုင်ငံသားနှစ်ဦး မြန်မာ -
+3
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် မလေးရှားနိုင်ငံသားနှစ်ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ် နိုဝင်ဘာ ၁၇၊ ၂၀၂၆
17 nov, 06:09

မူဆယ်မြို့ရှိ Mr Grill စားသောက်ဆိုင်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဆိုင်အတွင်
မူဆယ်မြို့ရှိ Mr Grill စားသောက်ဆိုင်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဆိုင်အတွင်းထိခိုက်ပျက်စီး NOM နိုဝင်ဘာ ၁၇၊ ၂၀၂၆ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ Mr Grill စားသောက်ဆိုင်အား နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်၌ KIA သောင်းကျန်းသူအဖွဲ့မှ ငွေကြေးတောင်းခံမှုအပေါ် ပေးဆောင်ခြင်းမရှိသောကြောင့် KIA သောင်းကျန်းသူ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း တစ်လုံးအား ဆိုင်အတွင်းသို့ ပစ်ခတ်ဖောက်ခွဲခဲ့သောကြောင့် ဆိုင်အတွင်းရှိပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
17 nov, 06:03

ပခုက္ကူမြို့နယ်၊ ကြီးရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းရုံးမှ လျှပ်စစ်ကြိုးများကို PDF အကြမ်းဖက်အဖွဲ့က လုယက်ယူဆောင်သွား NOM နိုဝင်ဘာ ၁၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ကြီးရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းရုံးသို့ နိုဝင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးမှ ရောက်ရှိလာပြီး နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခဲ့ပြီးနောက် လျှပ်စစ်ပစ္စည်းထိန်းချုပ်ရေးအခန်းတွင်းမှ အရှည် ၃၅၀ ပေခန့်ရှိ 11 KV ကြိုး ၂ ချောင်း နှင့် အရှည် ၅၀၀ ပေခန့်ရှိ 400 V ကြိုး ၇ ချောင်းအား လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။
17 nov, 05:58

မြိတ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးကို KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၁၇၊ ၂၀၂၆ မြိတ်မြို့၊ ပင်လုံဝန်ထမ်းအိမ်ရာနေ မြိတ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြီးမြင့် (၆၁) နှစ်သည် နိုဝင်ဘာ ၁၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်၌ ပုလောမြို့မှ မြိုတ်မြို့သို့ ပုလော - မြိတ်ကားလမ်းအတိုင်း ခရီးသည် ယာဉ်ဖြင့်လိုက်ပါခဲ့ရာ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီးအရောက်၌ KNU အကြမ်းဖက်အဖွဲ့ နှင့် PDF အကြမ်းဖက်သမား ၁၀ ဦးက ၎င်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
17 nov, 05:55

ဟားခါးမြို့နယ်တွင် CDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ငါးဖမ်းရန်သွားသည့် အပြစ်မဲ့အရ
ဟားခါးမြို့နယ်တွင် CDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ငါးဖမ်းရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာလ ၁၇၊ ၂၀၂၆ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီတွင် ဟားခါးမြို့၊ ဟားခါးထာရ် (၁) ရပ်ကွက်နေ ဒေါ်ထားဆုန်း (၅၃) နှစ်သည် သီးမစ် ရေကာတာချောင်းသို့ ငါးဖမ်းရန် သွားရောက်စဉ် CDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
17 nov, 05:52

တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲညတွင် မီးပုံးပျံတစ်လုံး ပျက်ကျ ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီး NOM၊နို၀င်ဘာ၁၇၊၂၀၂၆ တောင်ကြီး
တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲညတွင် မီးပုံးပျံတစ်လုံး ပျက်ကျ ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီး NOM၊နို၀င်ဘာ၁၇၊၂၀၂၆ တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲ ပထမညတွင် မီးပုံးပျံတစ်လုံး ပျက်ကျခြင်းကြောင့် ဆိုင်ကယ် နှစ်စီး မီးလောင် ပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာနိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီ ၁၅ မိနစ် တွင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် အဝေရာ မီးပုံးပျံကုန်းကွင်း၌ ပြိုင်ပွဲဝင် ပွဲကြိုက် ညမီးကြီး လွှတ်တင်ချိန် နံနက်၂ နာရီ ၁၇ မိနစ် တွင် တက်သွားပြီးမှ ပြန်လည်ပျက်ကျခဲ့ရာ ယမ်းခွေနှင့် မီးစာတိုင် တွဲလျက် ဆိုင်ကယ် နှစ်စီးအပေါ်ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါမော်တော်ဆိုင်ကယ် နှစ်စီး မီးလောင်ကျွမ်းမှုအား Water Mist ခုနစ်လုံးဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့်ဆိုင်ကယ် နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ခြင်း ရှိကြောင်း သိရသည်။ ပထမည နိုဝင်ဘာ ၁၆ ရက်တွင် စိန်နားပန် ခုနစ်လုံး၊ ညမီးကြီး ရှစ်လုံး ၊ စုစုပေါင်း ၁၅ လုံး လွှတ်တင်ခြင်းကြောင့် နံနက် ၄ နာရီ အချိန်ထိ လွှတ်တင်ခဲ့ရျကြာင်းသိရသည်။
17 nov, 04:10

ချမ်းအေးသာစံမြို့နယ်တွင် အဆောက်အဦးတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုး သား၅ဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၁
ချမ်းအေးသာစံမြို့နယ်တွင် အဆောက်အဦးတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုး သား၅ဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၁၇၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်ယနေ့နိူဝင်ဘာ ၁၇ရက်နံနက်၁၀နာရီခန်ု့က ဖျက်နေသည့်အဆောက်အဦးတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသား၅ဦးဒဏ်ရာရရှိခဲ့သည့်ဟုမဏီစလလူမှု/နာမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် ၃၂ - ၂၄ - ၆၆လမ်းတ္ငင် ကုမ္ပဏီတစ်ခုမှ အဆောက်အဥဦတစ်ခုအားပြန်လည်တည်ဆောက် ရန်အတွက်လက်ရှိ အဆောက်အဥဦးဟောင်းကိုဖြိုချဖျက်နေစဉ်အတွင်းပြိုကျမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ အဆောက်ဦးတစ်လုံး ပြိုကျမှုဖြစ်ပွားကြောင်းသတင်းအရချမ်းအေးသာစံမြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ လူမှုကူညီအသင်းမှတာဝန်ရှိများးနှင့်ဒေသခံပြည်သူများကဝိုင်းဝန်ရှင်းလင်း ပေးခဲ့ကြောင်းသိရသည်။
17 nov, 04:06

အမြန်လမ်းတွင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၁၇၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၈/၃ အနီး၊ နေပြည်တော်ဘက်ကန
အမြန်လမ်းတွင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၁၇၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၈/၃ အနီး၊ နေပြည်တော်ဘက်ကန ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ အနက်ရောင် TOYOTA KLUGER ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့‌ေကြာင်းသိရသည်။ ဖြစ်စဉ်မှာနိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်ကအဆိုပါယာဉ်ပေါ်၌ယာဉ်မောင်းအပါအဝင် အမျိုးသား သုံး ဦး လိုက်ပါလာပြီး မိုင်တိုင် ၁၄၈/၃ အရောက်တွင်ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းတပ်ဆင်ထားသည့် အကာအရံများကို ဝင်တိုက်မိပြီး လက်ဝဲဘက်ယာဉ်ကြောပေါ်သို့တိမ်းမှောက်သွားခဲ့‌ေကြာင်းအမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှအသိရသည်။ အဆိုပါယာဉ်ပေါ်ပါသူ သုံးဦးစလုံး ထိခိုက်ဒဏ်ရာမရသော်လည်းလမ်းလယ်ကျွန်းအကာအရံအချို့ ပျက်စီးခဲ့ပြီး လက်ဝဲဘက်ယာဉ်ကြောကို ယာယီပိတ်ကာ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရ‌ ကြောင်းသိရသည်။
17 nov, 02:12

အမေရိကန် အခြေစိုက်စခန်းများကို အီရန်က တိုက်ခိုက်ပြီးနောက် အမေရိကန် ဗဟိုစစ်ဌာနချုပ် CENTCOM က ကွန်ကရစ် ဗုံးခိုကျင်းများ အသည်းအ
အမေရိကန် အခြေစိုက်စခန်းများကို အီရန်က တိုက်ခိုက်ပြီးနောက် အမေရိကန် ဗဟိုစစ်ဌာနချုပ် CENTCOM က ကွန်ကရစ် ဗုံးခိုကျင်းများ အသည်းအသန် ရှာဖွေနေ အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခ ကြာရှည်လာသည်နှင့်အမျှ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ခါးသီးသော အမှန်တရားတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ယင်းမှာ အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်သည်များသည် ယခုအချိန်အထိ သံမဏိကွန်တိန်နာပုံးများကို ပြုပြင်ထားသည့် အဆောင်များထဲတွင်သာ ခိုလှုံနေခဲ့ရခြင်း ဖြစ်သည်။ သည်ဝါးဇုန် (The War Zone) သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် အစ္စရေးတွင် ၁၀ လုံး၊ ဆော်ဒီအာရေဗျတွင် ၅ လုံးနှင့် လက်ဘနွန်တွင် ၂ လုံး စုစုပေါင်း အားဖြည့်ကွန်ကရစ် ဗုံးခိုကျင်း ၁၇ လုံး အရေးပေါ် တည်ဆောက်ရန် ကန်ထရိုက်ခေါ်ယူစာ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် တင်ဒါတုံ့ပြန်ရန် ၈ ရက်နှင့် ဈေးနှုန်းတင်သွင်းရန် ၃ ရက်သာ အချိန်ရရှိမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို ရက်ပေါင်း ၄၅ ရက်အတွင်း မဖြစ်မနေ အပြီးသတ်ရမည် ဖြစ်သည်။ စစ်ပွဲအစောပိုင်းကာလက ကူဝိတ်နိုင်ငံတွင် ကွန်တိန်နာနောက်တွဲယာဉ်ကို ပြုပြင်ထားသည့် စစ်ဆင်ရေးကွပ်ကဲမှုစင်တာကို အီရန်ဒရုန်းတစ်စင်းက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်စစ်သည် ၆ ဦး သေဆုံးခဲ့ရသည်။ သေဆုံးသွားသည့် စစ်သည်များ၏ မိသားစုဝင်များနှင့် ပြုလုပ်ထားသော 60 Minutes အစီအစဉ်၏ အင်တာဗျူး မထုတ်လွှင့်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ ဗုံးခိုကျင်းများ အသည်းအသန် တည်ဆောက်ရန် စီစဉ်လာခြင်းဖြစ်ပြီး၊ တပ်ဖွဲ့ဝင်များအတွက် အခြေခံအကျဆုံး အကာအကွယ်များကို အဘယ်ကြောင့် ကြိုတင်မစီစဉ်ပေးခဲ့သနည်းဟူသော မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။
17 nov, 02:01

အမေရိကန်နိုင်ငံသားများအနေဖြင့် ဗုံးခိုကျင်းများ ဆောက်လုပ်ရန် သို့မဟုတ် အစားအစာနှင့် ရေများ စုဆောင်းထားရန် မလိုအပ်ကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ပြောကြား။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ တိုးမြင့်လုပ်ဆောင်နေကြသော်လည်း မည်သည့်အကျပ်အတည်းမျှ "လက်တစ်ကမ်းအလိုတွင် မရှိကြောင်း" အခိုင်အမာ ပြောဆို။
17 nov, 01:55