fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 558 مشترک است و جایگاه 16 065 را در دسته اخبار و رسانه‌ها و رتبه 10 059 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 558 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 15 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -266 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.46% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 10.31% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 937 بازدید دریافت می‌کند. در اولین روز معمولاً 1 296 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 17 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 16 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 558
مشترکین
-1124 ساعت
-677 روز
-26630 روز
آرشیو پست ها
ပြီးခဲ့တဲ့ညက အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံအတွင်းက ပစ်မှတ်တွေကို တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည် ၄၉ စင်းနဲ့ တိုက်ခိုက်ခဲ့တယ် လို့ အစ္စရေးမီဒီယာတစ်ခုဖြစ်တဲ့ Channel 12 က ဖော်ပြထားပါတယ်။ NOM

ဘာရိန်းနိုင်ငံ၊ မာနာမာမြို့တွင် (ဒုံးကျည်/ဒရုန်း) ကျရောက်ပေါက်ကွဲမှုရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ NOM
ဘာရိန်းနိုင်ငံ၊ မာနာမာမြို့တွင် (ဒုံးကျည်/ဒရုန်း) ကျရောက်ပေါက်ကွဲမှုရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ NOM

ဂျော်ဒန်နိုင်ငံရှိ မိုဝါဖတ် ဆာလ်တီ လေတပ်စခန်း (Muwaffaq Salti Air Base) မှ မီးခိုးလုံးကြီးများ အလိပ်လိုက် တက်လာနေသည်။ NOM

အီရန်ဒုံးကျည်များက အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဂျော်ဒန်နိုင်ငံရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အလုပ်လုပ်ဆောင်ခဲ့ရသည်။ အာလ်-အာဇရက်ခ် (မိုဝါဖတ် ဆာလ်တီ လေတပ်စခန်း) သည် ဂျော်ဒန်နိုင်ငံ မြို့တော် အမ္မန်၏ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး အမေရိကန်နှင့် ဂျော်ဒန် ပူးတွဲအသုံးပြုသည့် တပ်စခန်းတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရရှိခဲ့သော ဂြိုဟ်တုဓာတ်ပုံများအရ F-35 တိုက်လေယာဉ် ၃၀ စင်းနှင့် F-15 တိုက်လေယာဉ် ၃၆ စင်း အပါအဝင် အမေရိကန်တိုက်လေယာဉ် ၆၀ ကျော် ရှိနေကြောင်း သိရသည်။ ထိုအခြေစိုက်စခန်းတွင် အမှတ် (၃၃၂) လေကြောင်းတပ်ဖွဲ့ (F-15Es နှင့် MQ-9 Reapers ဒရုန်းများ) အခြေစိုက်ထားပြီး F-35 တိုက်လေယာဉ်များကိုလည်း အလှည့်ကျ စေလွှတ်ထားရှိသည်။ ၁၅ နှစ်သက်တမ်းရှိ သဘောတူညီချက်အရ အမေရိကန်နိုင်ငံသည် အဆိုပါစခန်းအပေါ် ဘက်စုံစစ်ဆင်ရေးဆိုင်ရာ ထိန်းချုပ်ခွင့် အပြည့်အဝ ရရှိထားသည်။ NOM

၂၀၂၆ ခုနှစ်၊ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက် =========================================== ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ် နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် အားကောင်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ မိုးအခြေအနေနှင့် မိုးရွာရက် ၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ ၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ မြစ်ရေအခြေအနေ ၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် ၆ ပေမှ ၁၂ ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။ ၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်ပါသည်။ ၆။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၁ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် ၂ ပေမှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၂ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့ နှင့် ပဲခူးမြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၄ ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့ တို့တွင် ၁ ပေမှ ၃ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။ Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံး အာ
+5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၅၂ လုံးဖြိုချဖျက်ဆီးပြီးဖြစ် ဇွန် ၁၀၊ ၂၀၂၆

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး- တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းမျ
+9
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး- တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် ဇွန် ၁၀၊ ၂၀၂၆

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး- တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းမျ
+9
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး- တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် ဇွန် ၁၀၊ ၂၀၂၆

တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ပြ
+5
တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ပြီဖြစ် ဇွန် ၁၀၊ ၂၀၂၆

တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ပြ
+9
တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ပြီဖြစ် ဇွန် ၁၀၊ ၂၀၂၆

ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွား NOM ဇွန် ၁၀၊ ၂၀၂၆ ရှမ်
ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွား NOM ဇွန် ၁၀၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးအောင်မျိုးခိုင် (ခ) သားချို (၄၄) နှစ်သည် ဇွန်လ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မျိုးခိုင် (ခ) သားချိုတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ ဇွန် ၁၀၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Middle Man” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ခေတ္တရာ မြို့သစ်ရပ်ကွက်နေ မျိုးအောင်အား ညနေ ၄ နာရီတွင် ပြည်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်သ
+1
ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွား ဇွန် ၁၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် (၆၁) နှစ်သည် ဇွန်လ ၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်၌ ၎င်း၏သားဖြစ်သူ မောင်ရဲမာန် (ခ) စိုးသီဟအောင် (၁၈) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ရေစကြိုကမ်းနားလမ်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာ/ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

မြောက်ဒဂုံမြို့နယ်တွင် ၆ တန်းကျောင်းသားတစ်ဦး အသတ်ခံရ NOM၊ဇွန်၁၀ ၊၂၀၂၆ ရန်ကုန်တိုင်း‌ေဒသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ပျောက်ဆုံ
မြောက်ဒဂုံမြို့နယ်တွင် ၆ တန်းကျောင်းသားတစ်ဦး အသတ်ခံရ NOM၊ဇွန်၁၀ ၊၂၀၂၆ ရန်ကုန်တိုင်း‌ေဒသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသားတစ်ဦး၏ ရုပ်အလောင်းကို ရေကန်တစ်ခုအတွင်းမှ တွေ့ရှိခဲ့ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ မြောက်ဒဂုံမြို့နယ် (၃၉/A) ရပ်ကွက်တွင် နေထိုင်သည့် မောင်မင်းခန့်ဇော်ဖြစ်ပြီး ဇွန်လ ၈ ရက် ညနေ ၄ နာရီခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည် ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရသည်။ မောင်မင်းခန့်ဇော် ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များနှင့် ဆွေမျိုးများက လူမှုကွန်ရက်များမှတစ်ဆင့် အကူအညီတောင်းခံခဲ့သလို သက်ဆိုင်ရာ ရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြားခဲ့ကြပြီး ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် ရေကန်တစ်ခုအတွင်းမှ သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆိုရှယ်မီဒီယာများတွင် ရထားလက်မှတ်ခဝန်ဆောင်မှုပေးသည့်ကြော်ငြာများအား အရေးယူမည် NOM၊ဇွန်၁၀၊၂၀၂၆ ဆိုရှယ်မီဒီယာများတွင် ရထားလက်မှတ်ခများကို ဝန်ဆောင်မှုပေးခြင်း ပြုလုပ်သည့်ကြော်ငြာများတွေ့ရှိပါကထိရောက်စွာ အရေးယူမည်ဟုယနေ့ဇွန်၁၀ရက်တွင်မြန်မာမီးရထားမှထုတ်ပြန်ထားသည်။ မြန်မာ့မီးရထားက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ရထားစီးခရီးသွား ပြည်သူများ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်း ပြေးဆွဲလျက် ရှိသော လူစီးအမြန်ရထားများအား Online မှ ရထားလက်မှတ် ဝယ်ယူနိုင်သော Web base (ORTP) စနစ်ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီးဧပြီလ(၄)ရက်နေ့တွင် မြန်မာ့မီးရထားက ၎င်း (ORTP) စနစ် တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် တင်ဒါ အောင်မြင်သော နည်းပညာကုမ္ပဏီ၏ နည်းပညာ ဝန်ဆောင်ခ အတွက်လက်မှတ် (၁)စောင်လျှင် (၂၀၀/-)ကျ ပ်နှင့် ဘဏ်များက တရားဝင် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင် ခကို ကောက်ခံခွင့် ပြုခဲ့ ကြောင်းသိရသည်။ "လုပ်ပေးတဲ့စနစ်ကကောင်းပါတယ် ဒါပေမဲ့တချို့တွေကဝယ်လို့မရဘူးဆိုတဲ့အသံတွေလည်းထွက်တယ် တစ်ချို့ကြတော့ဝယ်လို့တော့ရတယ်ဒါပေမယ်ငွေလွဲဖို့အတွက်မှန်လား မမှန်လားဆိုတာတွေလည်းအများကြီးရှိနေတယ် တစ်ချိို့အလိမ်ခံရတယ်ဆိုတာတွေလည်းရှိ နေတယ်ဒါကြောင့် ခရီးသွားပြည်သူတွေအလိမ်မခံရအောင် သေချာဖော်ထုတ်သင့်ပါတယ်"ဟုခရီးသွားတစ်ဦးကသုံးသပ် ပြောကြားခဲ့သည်။ ယခုအခါ Social Media များဖြစ်သော Tiktok, Facebook, Telegram, Viber များဖြင့် ကြော်ငြာ၍ ၀န်ဆောင်ခဖြင့် ရထားလက်မှတ်များကို ဆောင်ရွက်ပေးနေ ကြောင်းတွေ့မြင်ကြားသိနေရသည့်အတွက်မြန်မာ့မီးရထားအနေ ဖြင့် ခရီးသွားပြည်သူများအဆင်ပြေစေရေး အတွက် Online မှ ဝယ်ယူရန်ခက်ခဲသော ခရီးသည်များကို ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ထားရှိခြင်း၊ ဘူတာ ဝန်ထမ်းများမှ လက်မှတ်ရုံများတွင် ORTP စနစ်ဖြင့် ဝယ်ယူပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုယ်စားလှယ်အဖြစ် အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်း လုံးဝမရှိ ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ Social Media များဖြစ်သော Tiktok, Facebook, Telegram, Viber များဖြင့် ရထား လက်မှတ်ခ ဝန်ဆောင်ခ ပေးခြင်းပြုလုပ်သည့် ကြော်ငြာများနှင့်ပတ်သက်၍ လုံးဝ ဆောင်ရွက်ခြင်း မပြုလုပ်ကြပါရန်နှင့် ပြုလုပ်ကြောင်းတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးထားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်
+3
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိင်းရေးအဖွဲတို အလွတ်သဘော တွေ့ဆုံဆွေးနွေး ဇွန် ၉၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဖြစ်သူ Major General Vanht
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဖြစ်သူ Major General Vanhthong BOUDTAVONG  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ ဇွန် ၉၊ ၂၀၂၆

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိ
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ် ဇွန် ၉၊၂၀၂၆

ဖလမ်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာနှင့် ဘာသာရေးအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် NOM၊ဇွန် ၉၊၂၀၂၆ ဖလမ်းမြို့ရှိ
ဖလမ်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာနှင့် ဘာသာရေးအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် NOM၊ဇွန် ၉၊၂၀၂၆ ဖလမ်းမြို့ရှိ နေရပ်ပြန် နိုင်ငံ့ဝန်ထမ်းများသည် ဖလမ်းမြို့တွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းအဖွဲ့သည် ဇွန်လ(၈)ရက် ညနေပိုင်းတွင် ပြည်သူ့ဆေးရုံဝင်းအတွင်း လေးခန်းတွဲကျန်းမာရေးဝန်ထမ်းအိမ်ရာ အနီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းနှင့် အမှိုက်သရိုက်များကို လည်းကောင်း၊ အိမ်ရာအတွင်းအပြင်တွင် လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။အလားတူဇွန်လ (၉) ရက် နံနက်ပိုင်းတွင် ဖလမ်းနှစ်ခြင်းအသင်းတော် ပရိဝုဏ်အတွင်းတွင် လည်းကောင်း၊ ဇမ္ဗူအေးစေတီတော် ပရိဝုဏ်အတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများနှင့် စေတီတော်ရင်ပြင်တွင်လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

အင်္ဂလန်အလယ်ပိုင်းက မန်ချက်စတာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ၃ ဦး ဓားထိုးခံရဟု ရဲတပ်ဖွဲ့ ထုတ်ပြန်။ ကျော
အင်္ဂလန်အလယ်ပိုင်းက မန်ချက်စတာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဦး ဓားထိုးခံရဟု ရဲတပ်ဖွဲ့ ထုတ်ပြန်။ ကျောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ NOM