cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

News Of Myanmar NOM

News Of Myanmar Official Channel. WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S

Mostrar más
Publicaciones publicitarias
12 641
Suscriptores
+1024 horas
+1587 días
+45230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) ထုတ်ပြန်ချက်
Mostrar todo...
👍 4 2🕊 1
ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာနေ အမျိုးသားတစ်ဦးကို KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် NOM ဇူလိုင် ၂၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာနေ ဦးမောင်အေး (၄၅) နှစ်သည် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့မှ အင်အားငါးဦးရောကလာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမောင်အေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။ News Of Myanmar NOM
Mostrar todo...
😢 6👍 2😱 1🕊 1
ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်ရန်သွားသည့် အမျိုးသားနှစ်ဦးပေါက်ကွဲစထိမှန်ဒဏ်ရာများရ NOM ဇူလိုင် ၂၊ ၂၀၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာနေ ဦးတင်သိန်း (၅၆) နှစ်နှင့် ဦးဝင်းမြင့် (၅၆) နှစ်တို့သည် ဇူလိုင် ၁ ရက်နေ့ နံနက်အချိန်၌ ကျေးရွာ၏အရှေ့တောင်ဘက်ရှိ ဝါးတောသို့ ဝါးခုတ်ရန်သွားစဉ် သီလွင်ချောင်းတောတိုက်သို့အရောက်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM
Mostrar todo...
👍 4😡 2🕊 1
Repost from NOM.World News
Photo unavailableShow in Telegram
ဂါဇာမှာ စစ်ပွဲစတင်ချိန်ကစလို့ သေဆုံးသူဟာ ၃၇၉၀၀ အထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူပေါင်းက ၈၇၀၆၀ ရှိတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ NOM
Mostrar todo...
😢 4🕊 1
Repost from NOM.World News
Photo unavailableShow in Telegram
ဂျာမနီဟာ ကာကွယ်ရေးကန်ထရိုက်တာ Rheinmetallဆီကိုဒေါ်လာ ၃.၇၅ ဘီလျံတန်ဖိုးရှိတဲ့ အမှာစာ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ဂျာမန်စစ်တပ်ရဲ့ အမှာစာမှာဆိုရင် စစ်ယာဉ်စီးရေ ၆၅၀၀ အထိ ပါဝင်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ဒီနှစ်အတွင်း ကားအစီးရေ ၂၅၀ ပေးပို့ဖို့ မျှော်လင့်ထားတာ ကျန်အရေအတွက်ကိုတော့ ၇ နှစ်အတွင်း ပေးပို့ရမယ်လို့ ဆိုပါတယ်။ NOM
Mostrar todo...
👍 5 1🕊 1
မြောက်ကိုးရီးယားကဆူပါထိပ်ဖူးတပ်တာတိုပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ် NOM မြောက်ကိုးရီးယားနိုင်ငံသည်ကျည်ထိပ်ဖူး၄.၅တန်ရှိသောတာတိုပစ်ပဲ့ထိန်းဒုံးကျည်ကိုတနင်္လာနေ့ကအောင်မြင်စွာစမ်းသပ်ခဲ့ကြောင်းနိုင်ငံပိုင်KCNAသတင်းဌာနကကြေညာခဲ့သည်။ မြောက်ကိုးရီးယားဒုံးကျည်အုပ်ချုပ်ရေးအဖွဲ့ကယခုစမ်းသပ်သောဒုံးကျည်မှာHwasong11-4.5 တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီးယခုလအတွင်းတွင်ဆူပါထိပ်ဖူး၄.၅တန်ရှိသောတာလတ်ပစ်ဒုံးကျည်ကိုပျံသန်းမှု၊ပစ်မှတ်ကိုတိကျစွာထိမှန်မှု၊ထိပ်ဖူး၏ပေါက်ကွဲအားကိုစမ်းသပ်ရန်ထပ်မံပစ်လွှတ်စမ်းသပ်မည်ဟုကြေညာထားသည်။
Mostrar todo...
👍 13🕊 1
Photo unavailableShow in Telegram
ဇူလိုင်လ၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အစ္စရေးတပ်များသည်လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိဟဇ်ဘိုလာများကိုဇူလိုင်လလယ်တွင်စတင်ထိုးစစ်ဆင်မည်ဟုသတင်းများထွက်ပေါ်နေသည်။ ၂။အိန္ဒိယတွင်မိုးသည်ထန်စွာရွာသွန်းပြီးမြစ်ရေကြီးသဖြင့်မဟာရှတ္ထရပြည်နယ်၊ရတနာဂီရိခရိုင်၊ချစ်ပလင်မြို့တွင်ရှီဗာမြစ်အတွင်းမှမိချောင်းများသည်မြို့တွင်းလမ်းများပေါ်အထိရောက်လာသည်။ ၃။အမေရိကန်သမ္မတဟောင်းနှင့်လက်ရှိသမ္မတလောင်းဒေါ်နယ်ထရမ့်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အမေစိကန်တရားရုံးချုပ်က၆မဲ၃မဲဖြင့်အတညိပြုခဲ့သည့်အပေါ်လက်ရီသမ္မတဘိုင်ဒင်ကအန္တရာယ်ကြီးသောအဆုံးအဖြတ်ဖြစ်ပြီးအမေရိကန်တွင်ဥပဒေအထက်၌သမ္မတအပါအဝင်မည်သူမှမရှိစေကြောင်းအပြစ်တင်လိုက်သည်။ ၄။ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်သည်ဇူလိုင်လ၂ရက်ယနေ့တွင်ကိယက်ဗ်မြို့သို့သွားရောက်ပြီးယူကရိန်းသမ္မတဇလင်စကီးနှင့်တွေ့ဆုံနေသည်။ ၅။နယ်သာလန်သည်F-16တိုက်လေယာဥ်၂၄စီးကိုယူကရိန်းသို့ပေးပို့ရန်လိုင်စင်ထုတ်ပေးလိုက်သည့်အတွက်ပထမအသုတ်လေယာဥ်များသည်မကြာမီယူကရိန်းသို့ရောက်မည်ဖြစ်သည်။ ၆။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကအမေရိကန်၏အကျိုးစီးပွားကိုကာကွယ်ရန်ယူကရိန်းသို့လေကြောင်းရန်ကာကွယ်ရေးစနစ်များထပ်မံပေးပို့ရန်လိုကြောင်းဝါရှင်တန်ရှိဘရွတ်ကလင်းအင်စတီကျုတွင်ပြောကြားလိုက်သည်။ ၇။ရုရှားတိုက်ခိုက်ရေးရေငုတ်သင်္ဘောများကိုအိုင်ယာလန်ပင်လယ်အတွင်း​တွေ့ရှိသဖြင့်အနောက်အုပ်စုထိတ်လန့်တုန်လှုပ်သွားပြီးဗြိတိန်တာဝန်ရှိသူများကယခုလိုတပ်ဖြန့်ထားမှုမျိုးယခင်ကမတွေ့ကြုံဘူးဟုပြောကြားခဲ့သည်။
Mostrar todo...
👍 19 1🕊 1
00:03
Video unavailableShow in Telegram
ဘာရီဟာရီကိန်းမုန်တိုင်းဂရင်းနာဒါကိုဖြတ် NOM ပြင်းအားအဆင့်၅ရှိသောဟာရီကိန်းမုန်တိုင်းဘာရီသည်ယနေ့ဒေသစံတော်ချိန်နံနက်၁၁နာရီကဂရင်းနာဒါနိုင်ငံကိုလေတိုက်နှုန်းတစ်နာရီ၁၆၀မိုင်ဖြင့်တိုက်ခတ်သွားရာလူတစ်ဦးသေဆုံးပြီးအိမ်များသွာပျက်ဆီးခဲ့သည်။ဗုဒ္ဓဟူးနေ့တွင်ဂျမေကာနိုင်ငံကိုဖြတ်သန်းတိုက်ခတ်မည်ဟုခန့်မှန်းထားသည်။
Mostrar todo...
7.90 KB
👍 9😨 2🕊 1
မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ဇူလိုင် ၁
Mostrar todo...
👍 13🕊 4
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.