es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 494 suscriptores, ocupando la posición 16 799 en la categoría Noticias y medios y el puesto 10 308 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 494 suscriptores.

Según los últimos datos del 12 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -154, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.61%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.65% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 645 visualizaciones. En el primer día suele acumular 534 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 13 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 494
Suscriptores
-724 horas
-267 días
-15430 días
Archivo de publicaciones
+4
ယနေ့ နိုဝင်ဘာ ၅ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလီမြို့နယ်၊ သဖန်းဆိပ်ရေလှောင်တမံအတွင်း ရွှေမျှောခိုးတူးဖော်နေသည့် KIA/ PDF အကြမ်းဖက်သမားများကို တပ်မတော်ကဗုံးကြဲရှင်းလင်း။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက
+1
ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက် အား အစားထိုးရန် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးနေ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ထရန့်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက် (Pete Hegseth) အား အစားထိုးရန် အကြံပေးများနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း CBS News က ဖော်ပြခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ၏ ရလဒ်ဆိုးရွားမှုမှာ အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ် ပါဝင်ပတ်သက်နေမှုကြောင့်ဖြစ်ကြောင်း အများက ယူဆကြပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကလည်း "ကျွန်တော်တို့ ရွေးကောက်ပွဲရှုံးရတဲ့ အကြောင်းအရင်းဟာ စစ်ပွဲကြောင့်ဖြစ်တယ်" ဟု လူသိရှင်ကြား ပြောကြားခဲ့သလို အကြံပေးအချို့ကလည်း ဟက်ဂ်ဆက် လက်အောက်ရှိ စစ်ဘက်ခေါင်းဆောင်ပိုင်းကို အပြစ်တင်လျက်ရှိသည်။ ဟက်ဂ်ဆက်သည် ထိပ်တန်းစစ်အရာရှိ အများအပြားကို ရာထူးမှထုတ်ပယ်ခြင်းနှင့် ပင်တာဂွန်စစ်ဌာနချုပ်၏ ယခင်မူဝါဒများကို ပြောင်းလဲခြင်းအပါအဝင် အပြင်းအထန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သူဖြစ်ရာ ဒီမိုကရက်များဘက်မှ စွပ်စွဲပြစ်တင် စိစစ်မှု (Impeachment) ခြိမ်းခြောက်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာချိန်တွင် ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis) သည် ဟက်ဂ်ဆက်၏ နေရာတွင် အစားထိုးနိုင်သူအဖြစ် ရေပန်းစားလျက်ရှိသော်လည်း အိမ်ဖြူတော်တာဝန်ရှိသူများကမူ ထရန့်အနေဖြင့် ဟက်ဂ်ဆက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

အစ္စရေး အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) သည် အမတ် ၅၆ ဦး၏ ထောက်ခံမှု ရရှိခဲ့ပြီး နေတန်ယာဟု ထောက်ခံသည့် အ
+1
အစ္စရေး အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) သည် အမတ် ၅၆ ဦး၏ ထောက်ခံမှု ရရှိခဲ့ပြီး နေတန်ယာဟု ထောက်ခံသည့် အမတ် ၄၆ ဦး ထက် သာလွန်နေသဖြင့် အစိုးရဖွဲ့စည်းရန် ပထမဆုံး လုပ်ပိုင်ခွင့် ရရှိရန် သေချာသလောက် ရှိနေပါသည်။ အာရပ်ပါတီ Ra’am ကလည်း အိုင်ဆန်ကော့အား အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် ထောက်ခံမဲ ပေးခဲ့ခြင်းဖြစ်ပါသည်။

ပြင်သစ်ရဲတပ်ဖွဲ့မှ လိုင်ယွန်မြို့ရှိ ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပညာရေးအခြေအနေနှင့် ပြည်သူ့ဝန်ဆောင်မှုစရိတ်များ လျှော့ချခံရမှုတို့အပေါ် လူထုက ဆန္ဒပြကန့်ကွက်နေကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ သုံးစွဲနှိမ်နင်းခဲ့ကြပြီး မြေပြင်ပေါ်လဲကျနေသူများကိုပင် နံပါတ်တုတ်များဖြင့် အကြမ်းဖက်ရိုက်နှက်ခဲ့ကြသည်။

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန
ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား နိုဝင်ဘာ ၄၊ ၂၀၂၆ ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူထားပြီး ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာလူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမည့် ရေဂါလန်ပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာ ကြိုတင်တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တာဝန်ရှိသူများအား မှာကြားသည်။ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ခ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန် စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူဦးဆောင်သော စီမံကိန်းများ ဖော်ဆောင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

+3
ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီကြေးစားစစ်သားများကို သုတ်သင်ရှင်းလင်းသည့် ရုပ်သံဗီဒီယို။

အမေရိကန် စတော့စျေးကွက် စံချိန်တင် ကျဆင်း — ၁ နာရီအတွင်း ဒေါ်လာ ၂ ထရီလီယံခန့် ဆုံးရှုံး ၎င်းသည် အမေရိကန် စတော့စျေးကွက် သမိုင်း
အမေရိကန် စတော့စျေးကွက် စံချိန်တင် ကျဆင်း — ၁ နာရီအတွင်း ဒေါ်လာ ၂ ထရီလီယံခန့် ဆုံးရှုံး ၎င်းသည် အမေရိကန် စတော့စျေးကွက် သမိုင်းတွင် စံချိန်တင် အမြန်ဆုံးနှင့် အဆိုးရွားဆုံး ကျဆင်းမှုကြီး ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိမှုကြောင့် နည်းပညာကဏ္ဍ အပေါ် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ပါဝင်လာမည်ကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်လာကြသည့်အတွက် ရှယ်ယာများကို အလုအယက် ပြန်လည်ရောင်းချခဲ့ကြရာ အများစုမှာ နည်းပညာဆိုင်ရာ စတော့ရှယ်ယာများ ကျဆင်းခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အာကာသစစ်ရေး သာလွန်မှုကို အီရန် စိန်ခေါ်လာနိုင်ကြောင်း ပင်တဂွန်စိုးရိမ် အီရန်နိုင်ငံ၏ အမေရိကန်စစ
အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အာကာသစစ်ရေး သာလွန်မှုကို အီရန် စိန်ခေါ်လာနိုင်ကြောင်း ပင်တဂွန်စိုးရိမ် အီရန်နိုင်ငံ၏ အမေရိကန်စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများကို နှောင့်ယှက်ဖျက်ဆီးနိုင်သည့် စွမ်းရည်နှင့် အာကာသအခြေပြု ထောက်လှမ်းရေးနည်းပညာများကို အသုံးပြု၍ အမေရိကန်ပစ်မှတ်များကို ပိုမိုတိကျစွာ တိုက်ခိုက်နိုင်သည့် စွမ်းရည်များ တိုးတက်လာခြင်းသည် ဝါရှင်တန်အတွက် စိုးရိမ်စရာဖြစ်လာကြောင်း Axios သတင်းတွင် ဖော်ပြထားသည့် ပင်တဂွန် ထောက်လှမ်းရေးအစီရင်ခံစာအသစ်အရ သိရသည်။ အမေရိကန်က အီရန်၏ အာကာသစခန်း/အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း အီရန်တွင် GPS လှိုင်းများကို နှောင့်ယှက်နိုင်သည့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ ကျန်ရှိနေသေးသည်။ Operation Epic Fury စစ်ဆင်ရေးကာလအတွင်း အီရန်သည် အမေရိကန်၏ အာကာသစွမ်းဆောင်ရည်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) က အတည်ပြုထားသည်။ ထိုတွေ့ရှိချက်များသည် "အရှေ့အလယ်ပိုင်းဒေသတွင် အီရန်ထက် အာကာသစစ်ရေး သာလွန်မှုရှိသည်" ဟူသော အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) ၏ ယခင်ထုတ်ပြန်ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။ လေကြောင်းနှင့်အာကာသဆိုင်ရာ ကျွမ်းကျင်သူ Todd Harrison က Axios သို့ ပြောကြားရာတွင် "အကယ်၍ အီရန်ဟာ အမေရိကန်ရဲ့ အာကာသစွမ်းဆောင်ရည်တွေကို လျှော့ကျသွားအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့မှာ အာကာသစစ်ရေး သာလွန်မှု ရှိတယ်လို့ ပြောလို့မရတော့ပါဘူး" ဟု သုံးသပ်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက်ရန်စဉ်းစားနေ NOM The Independent သတင်းစာကအမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက်ရန်စဉ်းစားနေ NOM The Independent သတင်းစာကအမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နှုတ်ထွက်ရန် စဉ်းစားနေကြောင်း သတင်းဖော်ပြလိုက်သည်။

ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) ၏ စခန်းတစ်ခုကို တပ်မတော်သိမ်းပိုက်ရရှိ နိုဝင်ဘာ ၅၊ ၂၀၂၆ ကျိုက်ထိုမြို့နယ်အတွင
+9
ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) ၏ စခန်းတစ်ခုကို တပ်မတော်သိမ်းပိုက်ရရှိ နိုဝင်ဘာ ၅၊ ၂၀၂၆ ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ (၁) ရင်း (၃) လက်အောက်ခံ ကရင်သူပုန်စခန်းကို ယနေ့ နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့သိ
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့သို့ ရောက်ရှိ။ နိုဝင်ဘာ ၅၊ ၂၀၂၆

+1
အနည်းဆုံး နိုင်ငံပေါင်း ၅၃ နိုင်ငံက ၎င်းတို့၏ နိုင်ငံသားများအား အရေးပေါ်အခြေအနေများအတွက် လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများ ကြိုတင်စုဆောင်းထားကြရန် အကြံပြုထား ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ဆက်တွဲပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များမှာ ထိုသို့အကြံပြုရသည့် အဓိကအကြောင်းအရင်းများအဖြစ် အများဆုံး ဖော်ပြခံရပြီး၊ အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ အလားတူသတိပေးချက်များသည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ပိုမိုများလာခဲ့သည်။ ဥရောပ (၂၉ နိုင်ငံ)- 🇦🇹 ဩစတြီးယား - ၁၀ ရက်မှ ၁၄ ရက်စာ 🇸🇰 ဆလိုဗားကီးယား - ၁၄ ရက်စာ (လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအတွက်) 🇩🇪 ဂျာမနီ - ၁၀ ရက်အထိ 🇸🇪 ဆွီဒင် - ၁ သီတင်းပတ် 🇳🇴 နော်ဝေး - ၁ သီတင်းပတ် 🇨🇭 ဆွစ်ဇာလန် - ၁ သီတင်းပတ် 🇪🇪 အက်စ်တိုးနီးယား - ၁ သီတင်းပတ် 🇸🇮 ဆလိုဗေးနီးယား - ရေ ၃ ရက်စာ၊ အစားအစာ ရက် ၃၀ စာ 🇬🇧 ဗြိတိန် - ၃ ရက်စာ 🇩🇰 ဒိန်းမတ် - ၃ ရက်စာ 🇵🇱 ပိုလန် - ၃ ရက်စာ 🇬🇷 ဂရိ - ၃ ရက်စာ 🇨🇾 ဆိုက်ပရပ်စ် - ၃ ရက်စာ 🇮🇸 အိုက်စလန် - ၃ ရက်စာ 🇫🇷 ပြင်သစ် - ၇၂ နာရီစာ 🇳🇱 နယ်သာလန် - ၇၂ နာရီစာ 🇫🇮 ဖင်လန် - ၇၂ နာရီစာ 🇱🇻 လတ်ဗီးယား - ၇၂ နာရီစာ 🇱🇹 လစ်သူအေးနီးယား - ၇၂ နာရီစာ 🇨🇿 ချက်သမ္မတနိုင်ငံ - ၇၂ နာရီစာ 🇭🇷 ခရိုအေးရှား - ၇၂ နာရီစာ 🇧🇪 ဘယ်လ်ဂျီယံ - ၇၂ နာရီစာ 🇱🇺 လူဇင်ဘတ် - ၇၂ နာရီစာ 🇪🇸 စပိန် - ၇၂ နာရီစာ 🇵🇹 ပေါ်တူဂီ - ၇၂ နာရီစာ 🇷🇴 ရိုမေးနီးယား - ၇၂ နာရီစာ 🇧🇬 ဘူဂေးရီးယား - ၇၂ နာရီစာ 🇲🇩 မော်လ်ဒိုဗာ - ၇၂ နာရီစာ 🇮🇪 အိုင်ယာလန် - အခြေခံလိုအပ်သည်များကို စုဆောင်းထားရန် အမေရိကဒေသ (၉ နိုင်ငံ)- 🇵🇪 ပီရူး - ၄ ရက်စာ 🇨🇦 ကနေဒါ - ၇၂ နာရီစာ 🇲🇽 မက္ကဆီကို - ၇၂ နာရီစာ 🇨🇴 ကိုလံဘီယာ - ၇၂ နာရီစာ 🇪🇨 အီကွေဒေါ - ၇၂ နာရီစာ 🇨🇱 ချီလီ - ၄၈ နာရီမှ ၇၂ နာရီစာ 🇺🇸 အမေရိကန်ပြည်ထောင်စု - ရက်အနည်းငယ်စာ 🇧🇷 ဘရာဇီး - အရေးပေါ်သုံးပစ္စည်းအိတ် 🇦🇷 အာဂျင်တီးနား - အရေးပေါ်သုံးပစ္စည်းအိတ် အာရှဒေသ (၁၂ နိုင်ငံ/နယ်မြေ)- 🇹🇼 ထိုင်ဝမ် - ၇ ရက်စာ 🇯🇵 ဂျပန် - ၃ ရက်စာ (ဖြစ်နိုင်ပါက ၁ သီတင်းပတ်စာ) 🇮🇱 အစ္စရေး - ၃ ရက်စာ 🇰🇿 ကာဇက်စတန် - ၃ ရက်စာ 🇹🇷 တူရကီ - ၇၂ နာရီစာ 🇬🇪 ဂျော်ဂျီယာ - ၇၂ နာရီစာ 🇮🇩 အင်ဒိုနီးရှား - ၇၂ နာရီစာ 🇲🇾 မလေးရှား - ၇၂ နာရီစာ 🇰🇼 ကူဝိတ် - ၂ ရက်စာ 🇮🇳 အိန္ဒိယ - အရေးပေါ်သုံးပစ္စည်းအိတ် 🇵🇭 ဖိလစ်ပိုင် - အလွယ်တကူဆွဲယူသွားနိုင်မည့် အရေးပေါ်အိတ် (Go Bag) 🇸🇬 စင်ကာပူ - ပြင်ဆင်စုဆောင်းထားရှိရမည့် အရေးပေါ်သုံးပစ္စည်းအိတ် အိုရှီးယန်းနီးယား + အာဖရိကဒေသ (၃ နိုင်ငံ)- 🇳🇿 နယူးဇီလန် - ၃ ရက်စာနှင့် အထက် 🇿🇦 တောင်အာဖရိက - ၃ ရက်စာ 🇦🇺 ဩစတြေးလျ - အရေးပေါ်သုံးပစ္စည်းအိတ် ဤကဲ့သို့ ပြင်ဆင်သည့် အရှိန်အဟုန်မှာ အရပ်ဘက်အဖွဲ့အစည်းများထက်ပင် ကျော်လွန်လျက်ရှိသည်။ ဥပမာအားဖြင့် အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်သည် အမေရိကန်၏ အဓိကစစ်စခန်းကြီးများကို ပြင်ပအကူအညီမပါဘဲ အနည်းဆုံး ရက်ပေါင်း ၉၀ ကြာ လည်ပတ်နိုင်ရေး ပြင်ဆင်ထားစေလိုကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် အစီရင်ခံစာတစ်ခုအရ သိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ သန်းကြွယ်သူဌေးများသည်လည်း တစ်စုံတစ်ခုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြေအောက်ဘန်ကာများ တည်ဆောက်ခြင်းနှင့် အလှမ်းဝေးသော ဒေသများတွင် အိမ်ခြံမြေများ ဝယ်ယူခြင်းများကို ပြုလုပ်လျက်ရှိကြသည်။

ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ
+8
ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၉ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ကျန်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက် နိုဝင်ဘာ ၅၊ ၂၀၂၆ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိအဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ တရားမဝင်အဆောက်အအုံ ၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် တရားမဝင် ၆ ထပ်အဆောက်အအုံတစ်လုံးမှာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်းဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိတရားမဝင်အဆောက်အအုံ ၉ လုံး ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ၆ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅ လုံး၊ စုစုပေါင်းအဆောက်အအုံ ၉ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ဂျာမနီ၏ လက်နက်တပ်ဆင်ရေး အဟုန်မြင့်မားလာမှု ရင်ဆိုင်နေရသော လက်တွေ့စိန်ခေါ်မှုများ (Rheinmetall စတော့ရှယ်ယာစျေး ၁၇ ရာခိုင်နှုန်
ဂျာမနီ၏ လက်နက်တပ်ဆင်ရေး အဟုန်မြင့်မားလာမှု ရင်ဆိုင်နေရသော လက်တွေ့စိန်ခေါ်မှုများ (Rheinmetall စတော့ရှယ်ယာစျေး ၁၇ ရာခိုင်နှုန်း ထိုးဆင်းသွားခြင်း) ဂျာမနီ၏ အကြီးဆုံး လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီး Rheinmetall သည် ၎င်း၏ ၂၀၂၆ ခုနှစ် ရောင်းအားခန့်မှန်းချက်ကို သုံးလအတွင်း ဒုတိယအကြိမ်အဖြစ် လျှော့ချလိုက်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏ စတော့ရှယ်ယာစျေးမှာ ၁၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။ ဒေါ်လာ ၁၃.၅ ဘီလီယံကျော် တန်ဖိုးရှိသည့် ဂျာမနီ၏ အဓိက Boxer သံချပ်ကာယာဉ် စီမံကိန်း နှောင့်နှေးကြန့်ကြာမှုများကြောင့် ၂၀၂၇ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီးနောက် Rheinmetall သည် ၎င်း၏ ဝင်ငွေခန့်မှန်းချက်ကို ယခင် ခန့်မှန်းထားသည့် ဒေါ်လာ ၁၅.၄ - ၁၆ ဘီလီယံ ပမာဏမှ ဒေါ်လာ ၁၄.၉ ဘီလီယံသို့ လျှော့ချခဲ့ရသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင့် အမြောက်ကျည် ပေးပို့ဖြန့်ဖြူးမှုများတွင်လည်း ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းဆောင်ရွက်မှုမှ ရရှိမည့် အမြတ်ရာခိုင်နှုန်း (Operating Profit Margin) မျှော်မှန်းချက်ကိုလည်း ၁၉ ရာခိုင်နှုန်းမှ ၁၈.၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။ ယူကရိန်းပဋိပက္ခအတွင်း ဂျာမနီအစိုးရက စစ်လက်နက်ပြန်လည် တိုးချဲ့တပ်ဆင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပုံအောသုံးစွဲနေပြီး နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများကလည်း လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ရန် ကြိုးပမ်းနေစဉ် အဆိုပါ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ စစ်စရိတ်ဘတ်ဂျက်များနှင့် နိုင်ငံရေးအရ ကတိကဝတ်ပြုမှုများ မြင့်တက်လာသော်လည်း အဓိက စစ်လက်နက်ပစ္စည်း ဝယ်ယူစုဆောင်းရေး စီမံကိန်းကြီးများမှာမူ ဆက်လက် ကြန့်ကြာလျက်ရှိသည်။

အီရန်ကိုစစ်တိုက်ရန်တိုက်တွန်းခဲ့သူကါကွယ်ရေးဝန်ကြီးကိုဖြုတ်ချရန်ပြင်ဆင်နေ NOM အမေရိကန် အောက်လွှတ်တော်ရှိ ရီပလစ်ကန်ပါတီဝင်များသ
အီရန်ကိုစစ်တိုက်ရန်တိုက်တွန်းခဲ့သူကါကွယ်ရေးဝန်ကြီးကိုဖြုတ်ချရန်ပြင်ဆင်နေ NOM အမေရိကန် အောက်လွှတ်တော်ရှိ ရီပလစ်ကန်ပါတီဝင်များသည် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ရာထူးမှ နှုတ်ထွက်ရေးကိစ္စနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ CNN က ဖော်ပြထားသည်။ နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့မှုအပေါ် စိုးရိမ်ပူပန်နေကြသည့် ပါတီဝင်အများအပြားနှင့် ထောက်ခံသူများသည် ဟက်ဂ်ဆက်သ် ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။ ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ၎င်းတို့သည် တံခါးပိတ်အစည်းအဝေးများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုစတင်ရန် တွန်းအားပေးဆွဲဆောင်ခဲ့သူမှာ ဟက်ဂ်ဆက်သ် ဖြစ်ပြီး၊ ထိုစစ်ပွဲကို မည်သို့အဆုံးသတ်ရမည် သို့မဟုတ် ထွက်ပေါ်လာမည့် နိုင်ငံရေးနောက်ဆက်တွဲ အကျိုးဆက်များကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ရုံးသို့ရောက်ရှိပြီး ရုံးအဆောက်အဦ၊ဝန်ထမ်းအိမ်ရာများပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဖလမ်း ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(RC) နှစ်ထပ်ပြုပြင်နေမှု အခြေအနေများကိုလည်းကောင်း၊ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနရုံးသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းမှုနှင့် ဌာနဆိုင်ရာရုံးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး   နိုဝင်ဘာ ၅၊ ၂၀၂၆   နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယာယီပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအား ကြည့်ရှုအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်သည်။ ဆက်လက်၍ ဖလမ်း-ကလေး-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းနေမှု၊ ဌာနဆိုင်ရာရုံး အဆောက်အဦပြုပြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး‌ကြောင်းသိရသည်။   ဦးစွာ ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့်  ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလုံးစုံ ပြီးစီးမှုမရှိသေးသော်လည်း ကျန်ရှိသည့်ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အချင်းချင်း အချိတ်ဆက်မိမိစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း‌ ပြောကြားသည်။   ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်အကြီးအကဲများ ကိုယ်တိုင်လာရောက်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ အမြန်ဆုံးပြီးစီးရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြီးသည့်ဌာနဆိုင်ရာ အဆောက်အဦများ ရေရှည်တံ့ ခိုင်မြဲအောင်ထိန်းသိမ်းကြရန်လိုကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းနေပြီးဖြစ်သဖြင့် ဒေသခံ ပြည်သူများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေး စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်းပြောကြားသည်။   ထို့နောက်ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များက မိမိတို့လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီများ ချီးမြှင့်ပေးအပ်သည်။   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး၊ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လူနာများအားကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံအုပ်နှင့် သူနာပြုဆရာ/ဆရာမများကို အားပေးစကားပြောကြားပြီး ဆေးရုံးအတွက်တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။   ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ  စက်ယန္တရားကြီးဖြင့် လမ်းဘေးဝဲယာခြုံနွယ်များ ရှင်းလင်းနေမှုနှင့် အလင်းဖွင့်ရှင်းလင်း ဆောင်ရွက်နေမှုမျာကို ကြည့်ရှုစစ်ဆေးပြီး ကလေး-ဖလမ်း- ဟားခါးလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်သဖြင့် လမ်းမကြီးကောင်းမွန်ရေး၊ ပြည်သူများ လုံခြုံအေးချမ်းစွာသွားလာ နိုင်ရေးအလွန်အရေးကြီးကြောင်း၊ လမ်းဘေးဝဲယာချုံနွယ်များ ရှင်းလင်းရာတွင် လမ်းဘေးရေနှုတ် မြောင်းများပိတ်ဆို့မှုမဖြစ်စေရေး၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များ လမ်းသွားလမ်းလာအဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်း
+7
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းမှုနှင့် ဌာနဆိုင်ရာရုံးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး

အခြားအကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ပြုနိုင်ရေး လူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ဦးလှဆွေ အကြံပြု နိုဝင်ဘာ ၅၊ ၂၀၂၆ ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အခြားသော အကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ရရှိစေရေးအတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထောက်ပြသင့်ကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်
ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်