cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MPANews

နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။

Mostrar más
Publicaciones publicitarias
19 976
Suscriptores
+3924 horas
+4017 días
+1 44530 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ဆားတောင်ရဲစခန်းကို သိမ်းပိုက်လုနီးအချိန် စစ်တပ်က ဗုံး၁၀၀ကျော်ကြဲသဖြင့် ပြန်ဆုတ်ခွာခဲ့ရ 13 July 2024 By Ra Wai / MPA စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်လုနီးအချိန်၌ စစ်တပ်က လေကြောင်းမှ ဗုံး ၁၀၀ကျော်ကြဲသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းသိရသည်။ ဆားတောင်မြို့မရဲစခန်းကို PDF တပ်ဖွဲ့များက ဇူလိုင် ၁၂ရက်၊ ‌မွန်းလွဲ နှစ်နာရီခန့်မှ ညရှစ်နာရီခွဲအထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က Mi 35 ဖြင့် ငါးကြိမ်၊ Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့‌ခြင်းကြောင့် ပြည်သူများထိခိုက်မည်စိုးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြင်းခြံခရိုင်အမှတ်ခုနှစ်တပ်ရင်း ( Zero ပြောက်ကျားတပ်ဖွဲ့ ) ဒုတပ်ရင်းမှူးက MPA သို့ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/yDYXB Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
Photo unavailableShow in Telegram
နီပေါတွင် မြေပြိုမှုကြောင့် ဘတ်စ်ကားနှစ်စီး မြစ်ထဲ ထိုးကျ ပျောက်ဆုံးနေ 13 July 2024 By MPA နီပေါနိုင်ငံအလယ်ပိုင်းတွင် ဇူလိုင် ၁၂ ရက်က မြေပြိုမှုကြောင့် လူပေါင်း ၅၀ ကျော် တင်ဆောင်လာသည့် ခရီးသည်တင်ဘတ်စ်ကားနှစ်စီး မြစ်ထဲသို့ ထိုးကျကာ ပျောက်ဆုံးနေကြောင်း သိရသည်။ ၎င်းဘတ်စ်ကားနှစ်စီးသည် ခတ္တမန္ဒုမြို့ နှင့် နီပေါနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသည့် အဓိကအဝေးပြေးလမ်းမကြီးပေါ်မောင်းနှင်လာစဉ် မြေပြိုမှုနှင့်အတူ ထရီဆူလီ မြစ်အတွင်း မျောပါသွားခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/1HhEd Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
😢 2
Photo unavailableShow in Telegram
မိုးကုတ်မြို့တွင်း အိမ်သုံးလုံး စစ်တပ်ပစ်သည့် လက်နက်ကြီးထိမှန်ကာ မီးလောင် 13 July 2024 By Haythar / MPA မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊မြို့မရပ်ကွက်ထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ယနေ့(ဇူလိုင်၁၃ရက်)မွန်းလွဲ ၁၂နာရီခွဲခန့်တွင် မိုးကုတ်မြို့ထိပ်၊ပန်းမထိပ်ရွာရှိ စစ်တပ်စစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရပြီးနောက် မိုးကုတ်မြို့အရှေ့ပိုင်း အခြေစိုက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြို့မရပ်ကွက်သို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့ကြောင်း မြို့ခံအချို့ထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Ua0I2 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
😢 3👏 2🔥 1
သံတွဲနှင့်မောင်တောမြို့တွင် စစ်ကောင်စီတပ် ခံစစ်ပြင်ကာ မိုင်းများထောင်ထားဟု AA ဆို 13 July 2024 By MPA ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော သံတွဲနှင့်မောင်တောမြို့များတွင် စစ်တပ်က ခံစစ် ပြင်ဆင်နေကာ မိုင်းများထောင်ထားကြောင်း သိရသည်။ သံတွဲနှင့်မောင်တောမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတိုစခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်းနှင့် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တွေ့ရှိ ရသည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့(ဇူလိုင်၁၃ရက်) သတင်းထုတ်ပြန်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/8Nm58 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
👍 4 3
Photo unavailableShow in Telegram
မတ္တရာအရှေ့ခြမ်းရွာများကို စစ်ကောင်စီတပ် သန်းခေါင်ယံအချိန် လေကြောင်းတိုက်ခိုက်၊ ပြည်သူ သုံးဦးသေဆုံး 13 July 2024 By Nway / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၁၃ရက် ) သန်းခေါင်ယံအချိန် ၁၂နာရီခွဲခန့်က မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ သန်းကုန်းကျေးရွာနှင့် ကျွန်းပင်ရွာ အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲ ခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/lqb3B Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
🔥 6😢 4👍 2
ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ် 13 Jul 2024 By Tin Soe/MPA ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင် ၁၀ ရက်မှစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။ ပွဲတော်ပထမရက်တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဒုတိယရက်တွင် ရိုးရာနတ်ကို ဝက်ပူဇော်ပသမှုပြုလုပ်ကာ သစ္စာရေသောက်သုံးခဲ့ကြသည်။ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အမဲလိုက်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတော်ကို ယုခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/BWDJv19TZZo
Mostrar todo...
ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ်

ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ် 13 Jul 2024 By Tin Soe/MPA ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင် ၁၀ ရက်မှစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။ ပွဲတော်ပထမရက်တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဒုတိယရက်တွင် ရိုးရာနတ်ကို ဝက်ပူဇော်ပသမှုပြုလုပ်ကာ သစ္စာရေသောက်သုံးခဲ့ကြသည်။ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အမဲလိုက်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတော်ကို ယုခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

👍 6🔥 1
Photo unavailableShow in Telegram
မတ္တရာ အုတ်စက်အလုပ်သမားသုံးဦး စစ်တပ်ကြဲချသည့် ဒရုန်းဗုံး ထိမှန်ကာ သေဆုံး 13 July 2024 By Ra Wai / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်ကြဲချသည့် ဒရုန်းဗုံးသီး ထိမှန်ကာ အုတ်စက် အလုပ်သမားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဇူလိုင် ၁၂ရက်၊ ည ကိုးနာရီခန့်တွင် မတ္တရာမြို့နယ်၊ ဇီးဖြူပင်ဘောင်ကြီးရှိ စစ်ကောင်စီတပ်သည် တောင်တံငါရွာအနီးရှိ အုတ်စက်ရုံသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ရာ အလုပ်သမား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Wetlet Information Network အဖွဲ့ထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/3pPuu Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
😢 5🔥 2 1
Photo unavailableShow in Telegram
ရွှေဈေး သိန်း၆၀ ဝန်းကျင် စံချိန်တင်သွားသော်လည်း လာရောင်းသူ မရှိသလောက်ရှားဟုဆို 13 July 2024 By Ra Wai / MPA အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း၆၀ ဝန်းကျင်အထိ စံချိန်တင် ဈေးတက်သွားသော်လည်း လာရောင်းသူမရှိသလောက်နီးပါးဖြစ်ကြောင်း သိရသည်။ ယနေ့ (ဇူလိုင်၁၂ရက်) တွင် တစ်ဒေါ်လာကျပ်၅၀၀၀နှင့် အ‌ကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း၆၀ နီးပါး မြင့်တက်ခဲ့ပြီး ထပ်မံဈေးတက်လာနိုင်သည့်အခြေအနေအရ ရွှေလာရောင်းသူ မရှိသလောက်နီးပါးဖြစ်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းရှိ ရွှေပွဲစားတစ်ဦးထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Hw6wG Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
👍 10🔥 2
Photo unavailableShow in Telegram
မိုးစပါးချေးငွေများ အချိန်အခါမီ ထုတ်မချေးပေးသည့်အတွက် တောင်သူများဒုက္ခရောက်နေ 13 Jul 2024 By Zwe Ko / MPA စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ မိုးစပါးချေးငွေများကို အချိန်အခါမီထုတ်ချေးမပေးသည်အတွက် တောင်သူများဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ မိုးစပါးချေးငွေများကို ၂၀၂၄ခုနှစ်၊ ဇွန်လမှစတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်က ထုတ်ချေးပေးနေသည်ဟု ထုတ်ပြန်ထားသော်လည်း တောင်သူလယ်သမားအများစုသည် လက်ရှိချိန်ထိ ချေးငွေထုတ်ယူ၍ မရသေးကြောင်း ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်မှ အသက် ၅၀ အရွယ် လယ်သမားတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Bjrmy Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
👍 5 3🔥 2
Photo unavailableShow in Telegram
မုံရွာမြို့ထိပ်တွင် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး မိုင်းရှင်းခိုင်း 13 July 2024 By Ra Wai / MPA စစ်ကိုင်းတိုင်း၊ မုံရွာ‌မြို့ထိပ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းနေကြောင်းသိရသည်။ ယနေ့ (ဇူလိုင် ၁၃ရက်) နံနက် ခုနှစ်နာရီခွဲဝန်းကျင်က ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်စစ်ဆေးရေးဂိတ်မှ ထွက်လာသော အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်၊ မုံရွေးရွာထိပ်၌ ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတစ်ဦးထံကသိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/eKI0o Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Mostrar todo...
🔥 7👍 3 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.