en
Feedback
Spring CrowdFund (SCF)

Spring CrowdFund (SCF)

Open in Telegram

https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF

Show more
3 740
Subscribers
-524 hours
-117 days
-3430 days
Posts Archive
"စုစည်းထားတဲ့ အင်အားတွေ များလေလေ... ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုက ပိုနီးစပ်လေလေပဲ မဟုတ်လား။" ဒီကမ်ပိန်းလေးရဲ့ နာမည်က ❝ဖြည့်❞ တဲ့ ခင်ဗျာ။ ဒီကမ်ပိန်းကို ဖော်ဆောင်နေတာကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က CRTF 9918 တပ်ဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ပြီး ကယား (ကရင်နီ)၊ ရှမ်းတောင်၊ သံတောင်ကနေ အခုလက်ရှိ မွန်နဲ့ တနင်္သာရီဒေသတွေအထိ ဒေသခံတပ်ဖွဲ့တွေ၊ ERO တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တော်လှန်နေကြတဲ့ တပ်ဖွဲ့တစ်ခုပါ။ တော်လှန်ရေးခရီးကြမ်းကြီးကို ဖြတ်သန်းလာတာ အခုဆို (၅) နှစ်ကျော်ခဲ့ပြီပဲနော်။ ဒီအချိန်ထိ နောက်မဆုတ်ဘဲ တစိုက်မတ်မတ် အားစိုက်နေကြတဲ့ မိဘပြည်သူတွေရဲ့ မယိမ်းယိုင်တဲ့ စိတ်ခွန်အားကို ကျွန်တော်တို့ SCF အဖွဲ့သားတွေရော၊ မြေပြင်က ရဲဘော်တွေကပါ အထူးပဲ လေးစားဂုဏ်ယူမိပါတယ်။ လာမယ့် အောင်ပွဲတွေအတွက်လည်း ဒီအင်အားတွေ ဆက်ပြီး ရှိနေပေးဖို့ အားကိုးတကြီးနဲ့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ။ ဒါကြောင့် အခု CRTF 9918 တပ်ဖွဲ့ကနေ ပြုလုပ်တဲ့ ❝ဖြည့်❞ ကမ်ပိန်းလေးမှာ... ကျွန်တော်တို့ SCF Platform က တော်လှန်ပြည်သူတွေအားလုံး တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးကြဖို့ နွေးထွေးစွာ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။ ရှေ့တန်းက ရဲဘော်တွေအတွက် လိုအပ်နေတဲ့ ခွန်အားတွေကို အတူတူ "ဖြည့်" တင်းပေးရင်း ဆက်ချီတက်ကြမယ်နော်။ ✊ https://springcrowdfund.org/c/5cdtLJ

တိုင်းပြည်အတွက် လူငယ်တွေ ရင့်ကျက်လာလိုက်တာ... အဝတ်အစားလှလှလေးတွေထက် ကျည်ကာအင်္ကျီ Helmet တွေကို ပိုဦးစားပေးရွေးချယ်လာကြတယ်။ အ
တိုင်းပြည်အတွက် လူငယ်တွေ ရင့်ကျက်လာလိုက်တာ... အဝတ်အစားလှလှလေးတွေထက် ကျည်ကာအင်္ကျီ Helmet တွေကို ပိုဦးစားပေးရွေးချယ်လာကြတယ်။ အမှတ် (၁၀၁၁) တပ်ရင်း (PNDF) ရဲဘော်တွေအတွက် လိုအပ်နေတဲ့ Body Armor နဲ့ Helmet တို့ကို အားဖြည့်ပေးချင်တယ်ဆိုရင် Spring Development Bank ရှိရုံနဲ့ Spring CrowdFund (SCF) platform မှာ အခုပဲ ကိုယ်တိုင်တိုက်ရိုက် ထောက်ပို့နိုင်ပါတယ်။ Certificate ချက်ချင်းရမယ့်အပြင် မြေပြင်ဆီကို အလေအလွင့်မရှိ စနစ်တကျ စီးဆင်းရောက်ရှိသွားမှာပါ။ SCF platform မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ရင်း ရဲဘော်တွေနဲ့ အတူတူရှိပေးကြမယ်နော်။ ‎🌿 ကမ်ပိန်းတိုက်ရိုက်လင့် ‎https://springcrowdfund.org/c/oua3E7 ‎ ‎🌿 SCF အသုံးပြုရန်လင့် ‎springcrowdfund.org ‎ ‎(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်) #SpringCrowdFund #SCF

photo content

5,000/10,000 လည်း မနည်းပါဘူး။ ‎သင် ထောက်ပို့ထားတဲ့ Certificate ကိုမြင်ပြီး ပျော်ရွှင်သွားသူတွေ အများကြီးရှိပါတယ်။ ‎ ‎လာပါ SCF
5,000/10,000 လည်း မနည်းပါဘူး။ ‎သင် ထောက်ပို့ထားတဲ့ Certificate ကိုမြင်ပြီး ပျော်ရွှင်သွားသူတွေ အများကြီးရှိပါတယ်။ ‎ ‎လာပါ SCF မှာ အခုပဲ တို့အတူတူ ထောက်ပို့ကြရအောင် 🤍 ‎ springcrowdFund.org ‎#SpringCrowdFund #SCF ‎

အကျဉ်းထောင်နံရံတွေ ဘယ်လောက်ထူပါစေ ပြည်သူတွေရဲ့ မေတ္တာကိုတော့ ဘယ်တော့မှ တားဆီးလို့ မရပါဘူး။ ဖိနှိပ်မှုတွေ၊ မိသားစုနဲ့ အဆက်အသွယ
+1
အကျဉ်းထောင်နံရံတွေ ဘယ်လောက်ထူပါစေ ပြည်သူတွေရဲ့ မေတ္တာကိုတော့ ဘယ်တော့မှ တားဆီးလို့ မရပါဘူး။ ဖိနှိပ်မှုတွေ၊ မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရမှုတွေကြားမှာ အကျဉ်းထောင်တွင်းက နိုင်ကျဉ်းသူရဲကောင်းတွေအတွက်တော့ "ထောင်ဝင်စာ" ဆိုတာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသက်သက် မဟုတ်ပါဘူး။ "ငါတို့ကို အပြင်က ပြည်သူတွေ မမေ့သေးဘူး" ဆိုတဲ့ မျှော်လင့်ချက် ခွန်အားတစ်ခုပါ။ ဒီမျှော်လင့်ချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ (July) အတွင်းမှာလည်း အလှူရှင် (၁၀၄) ဦးက နွေးနွေးထွေးထွေး လက်ကမ်းပေးနိုင်ခဲ့ပါတယ်။ ရှေ့လတွေထက် အလှူရှင်အရေအတွက်ရော၊ ရန်ပုံငွေပါ ပိုမိုတိုးပွားလာခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (၁,၉၁၅,၇၀၀) ကျပ် အထိ တက်ညီလက်ညီ ဝိုင်းဝန်းအားဖြည့်နိုင်ခဲ့တဲ့အတွက် တကယ့်ကိုပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခက်အခဲပေါင်းစုံကြားကနေ အကျဉ်းထောင်နံရံတွေကို ဖြတ်ကျော်ပြီး ရဲဘော်တွေဆီကို ဖေးမကူညီပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေ၊ အလှူရှင် တစ်ဦးချင်းစီတိုင်းကို SCF မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ သူတို့အားလုံး လွတ်လပ်စွာ အိမ်ပြန်လာနိုင်မယ့် တစ်နေ့အထိ... အတူတူ ဆက်ပြီး ထောင်ဝင်စာ ပို့ကြမယ်နော်။ 🌻 #SpringCrowdFund #SCF #MonthlyCampaign

စစ်အာဏာရှင်က "အကြောက်တရား" နဲ့ တားဆီးရင်... ပြည်သူတွေက "နည်းပညာ" နဲ့ ဖောက်ထွက်ပြမယ်။ ခေတ်နောက်ပြန်ဆွဲနေတဲ့ စနစ်ဆိုးကြီးကို အမ
စစ်အာဏာရှင်က "အကြောက်တရား" နဲ့ တားဆီးရင်... ပြည်သူတွေက "နည်းပညာ" နဲ့ ဖောက်ထွက်ပြမယ်။ ခေတ်နောက်ပြန်ဆွဲနေတဲ့ စနစ်ဆိုးကြီးကို အမြစ်ဖြတ် အနိုင်ယူဖို့ဆိုရင်... သူတို့ လုံးဝ လိုက်မမီနိုင်တဲ့ "နည်းပညာ" ကို ကျွန်တော်တို့ဘက်က အပြည့်အဝ အသုံးချနိုင်မှ ရပါမယ်။ ဒီခေတ်မှာ ရင်ဘတ်ထဲက စိတ်ဓာတ်ခွန်အားနဲ့ချည်း သွားလို့မရတော့ပါဘူး။ ကိုယ်တိုင် ပါဝင်ထောက်ပို့နေတဲ့ နည်းလမ်းတွေကအစ ပိုမြန်၊ ပိုလုံခြုံ၊ ပိုစနစ်ကျတဲ့ ဒစ်ဂျစ်တယ် Platform အဖြစ် ကူးပြောင်းပြီး ဓမ္မဘက်တော်သားတွေရဲ့ ထောက်ပို့ယန္တရားတစ်ခုလုံးကို အတူတူ ပူးပေါင်းပြီး အရှိန်မြှင့်တင်ဖို့ လိုအပ်နေပါပြီ။ ကြိုးစားအားထုတ်ရုံ သက်သက် (Work Hard) ဆိုတဲ့ အဆင့်ကနေ၊ နည်းပညာကို အဓိကအင်အားအဖြစ် ပါးနပ်စွာ အသုံးချတဲ့ (Work Smart) ဆိုတဲ့ "Next Level" ကို ကျွန်တော်တို့ သွားကြရအောင်။ ခေတ်သစ်နည်းပညာနဲ့ အနိုင်ယူမယ့် ဒီခရီးမှာ... SCF Platform ကိုဓာတ်လှေကားသဖွယ် အသုံးချပြီး ပန်းတိုင်ကိုအရောက်လှမ်းပါ ✊ ကိုယ်ပိုင် SCF အကောင့်မရှိသေးပါက ဒီလင့်ကနေတဆင့် လွယ်လွယ်ကူကူ ဖွင့်လို့ရပါတယ် https://springcrowdfund.org/user-guides/3017 စစ်အာဏာရှင်စနစ်ကို စုပေါင်းအင်အားနဲ့ အနိုင်ယူနိုင်ဖို့ အတူပါဝင်ကြစို့ ✊

ရဲဘော်တစ်ယောက် ဒဏ်ရာရတဲ့အခါ... ဘာက အရင်ဆုံး သွေးတိတ်စေတာလဲ? ဆေးဝါးထက်... "ပြည်သူတွေ ငါတို့ကို မမေ့သေးပါလား" ဆိုတဲ့ အသိက သူတို
ရဲဘော်တစ်ယောက် ဒဏ်ရာရတဲ့အခါ... ဘာက အရင်ဆုံး သွေးတိတ်စေတာလဲ? ဆေးဝါးထက်... "ပြည်သူတွေ ငါတို့ကို မမေ့သေးပါလား" ဆိုတဲ့ အသိက သူတို့ရဲ့ နာကျင်မှုကို အရင်ဆုံး သက်သာစေတာပါ။ လမ်းတွေ ဘယ်လောက်ပိတ်ပိတ်၊ အဘက်ဘက်က ဘယ်လောက်ကျပ်တည်းနေပါစေ... ရှေ့တန်းကို ရောက်လာတဲ့ သွေးတိတ်ပတ်တီး တစ်လိပ်၊ ရိက္ခာ တစ်လုတ်ဟာ ရိုးရှင်းတဲ့ ထောက်ပံ့မှု မဟုတ်ပါဘူး။ ပြည်သူတွေက သူတို့နဲ့အတူ အမြဲရှိနေတယ်ဆိုတဲ့ 'လက်တွေ့ကျတဲ့ သက်သေ' ပါပဲ။ ၂၀၂၃ ကတည်းက စစ်ကိုင်းဒေသမှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြိုးစားနေတဲ့ M.D.F ရဲဘော်တွေ ရှေ့ဆက်ဖို့... အခုအချိန်မှာ အရေးပေါ်ဆေးဝါးနဲ့ ရိက္ခာတွေ အလွန် လိုအပ်နေပါတယ်။ "ရှေ့တန်းမှာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတာကို M.D.F က ရဲဘော်တွေ ခံစားသိရှိသွားအောင်... ဘေးကင်းလုံခြုံတဲ့ SCF ကနေအတူပါဝင်ပြီး လက်တွေ့ သက်သေပြလိုက်ကြရအောင်။ ✊ ‎🌿 ကမ်ပိန်းတိုက်ရိုက်လင့် ‎https://springcrowdfund.org/c/k47j6E ‎ ‎🌿 SCF အသုံးပြုရန်လင့် ‎springcrowdfund.org ‎ ‎အချိန်မရွေး လုံခြုံဘေးကင်းစွာ ထောက်ပို့နိုင်ဖို့ ကိုယ်ပိုင် SCF အကောင့်ဖွင့်ထားဖို့လည်း မမေ့နဲ့နော် 💪 ‎ #SpringCrowdFund #SCF

နောက်ဆုံးရက်ကို ရောက်ရှိလို့လာပါပြီ! ရှေ့တန်းက ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်မယ့် ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ရဲ့ "ကရေးချ ကား" ကမ်ပိန်းဟာ ဒီနေ့မှာတော့ နောက်ဆုံးရက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ခရီးဆက်ဖို့အတွက် ရှေ့တန်းသုံး ကာကွယ်ရေး အထောက်အပံ့တွေ လိုအပ်သလိုပဲ၊ မြေပြင်မှာ တကယ့်ကို "မရှိမဖြစ်" လိုအပ်နေတာကတော့ သွားလာရေး ကားတစ်စီးပါပဲ။ ဘာကြောင့်လဲဆိုတော့... ၁။ အသက်ကယ်တင်ရေး (Medivac) - ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေ ဆေးကုသဖို့သွားရင်း လမ်းမှာ သွေးထွက်လွန်ပြီး အသက်မဆုံးရှုံးရအောင် အချိန်နဲ့တပြေးညီ ကယ်ဆယ်နိုင်ဖို့ပါ။ ၂။ မြန်ဆန်သော တပ်ရွှေ့ပြောင်းရေး - လုံခြုံရေးအရဖြစ်စေ၊ နည်းဗျူဟာအရဖြစ်စေ အချိန်မရွေး စခန်းရွှေ့တဲ့အခါ ပစ္စည်းတွေကို ခြေလျင်၊ ဆိုင်ကယ်တွေနဲ့ ခက်ခက်ခဲခဲ သယ်နေရတာထက် ပိုမိုမြန်ဆန် လုံခြုံစေဖို့ပါ။ ၃။ နောက်တန်း ထောက်ပို့ရေး - ရိက္ခာစုဆောင်းတာနဲ့ အခြား လိုအပ်တဲ့ ပစ္စည်းတွေ သယ်ယူတဲ့အခါ လူအင်အား အလွန်အကျွံ သုံးစရာမလိုဘဲ အချိန်မီ ပို့ဆောင်နိုင်ဖို့ပါ။ ဒီကားလေး တစ်စီးဟာ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေအတွက် သာမန် ယာဉ်တစ်စီးမဟုတ်ဘဲ၊ တော်လှန်ရေးခရီးမှာ အမြန်ဆုံးနဲ့ အလုံခြုံဆုံး ရှေ့ဆက်နိုင်စေဖို့ "အသက်ကယ် ယန္တရား" တစ်ခုပါ။ စစ်အာဏာရှင်ကို အမြစ်ဖြတ်မယ့် တော်လှန်ရေးမှာ ရဲဘော်တို့ရဲ့ ခြေလှမ်းတွေ ပိုမြန်လာအောင်၊ သူတို့ရဲ့ အသက်တွေကို ကာကွယ်နိုင်အောင်... ဒီနေ့ နောက်ဆုံးအချိန်လေးမှာ တော်လှန်မိဘပြည်သူများက SCF Platform ကနေတဆင့် အဆုံးထိ ဝိုင်းဝန်းတွန်းတင်ပေးကြပါဦးလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။ ✊ https://springcrowdfund.org/c/9Jj0Uh

ဒီစက်လှေကို သင် ကူညီပေးခဲ့တာပါ... ဟုတ်ပါတယ်။ ဒီစက်လှေကို SCF မှာပြုလုပ်နေတဲ့ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" ကမ်ပိန်းမှာ ထော
ဒီစက်လှေကို သင် ကူညီပေးခဲ့တာပါ... ဟုတ်ပါတယ်။ ဒီစက်လှေကို SCF မှာပြုလုပ်နေတဲ့ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" ကမ်ပိန်းမှာ ထောက်ပံ့လှူဒါန်းပေးကြတဲ့ အလှူရှင်အကြည်ဓာတ်လေးများကြောင့် ရရှိတဲ့ အလှူငွေများထဲကနေ ဝယ်ယူကူညီပေးနိုင်ခဲ့တာပါ။ ရေစကြီးတဲ့ရက်တွေမှာဆိုရင် မနေ့က ပုံလေးထဲကလို ကောက်ရိုးတွေဝါးတွေနဲ့ အရေးပေါ် လက်ဖြစ် စက်လှေလုပ်ပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစက်လှေလေး ဝယ်ယူပေးနိုင်ခဲ့ပြီးနောက်မှာတော့ အရေးပေါ်ကူညီမှုတွေကို ပိုပြီးအဆင်ပြေထိရောက်စွာ လုပ်ပေးနိုင်ခဲ့ပါတယ်။ အလှူရှင် အကြည်ဓာတ်လေးတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်။ 🥰🙏 Photos: MoSLHA-NUG ရေဘေးသင့်ပြည်သူများအတွက် စက်တင်ဘာလ ၁ ရက်နေ့အထိ SCF မှာ ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ပါတယ် 🙏 ကူညီလှူဒါန်းရန်လင့် https://springcrowdfund.org/c/i1Y1jk

ကျွန်မတို့တွေ တော်လှန်ရေးကြီး နိုင်ပြီးသွားတဲ့ 'နောက်တစ်နေ့' မှာ... တိုင်းပြည်ကို အသစ်ပြန်တည်ဆောက်ဖို့ အဆင်သင့် ဖြစ်နေကြပြီလာ
ကျွန်မတို့တွေ တော်လှန်ရေးကြီး နိုင်ပြီးသွားတဲ့ 'နောက်တစ်နေ့' မှာ... တိုင်းပြည်ကို အသစ်ပြန်တည်ဆောက်ဖို့ အဆင်သင့် ဖြစ်နေကြပြီလား? လက်ရှိ တိုင်းပြည်ရဲ့ အလေးဆုံးဝန်ကို ပခုံးပြောင်းထမ်းထားရတာ လူငယ်တွေရော၊ ရင်သွေးတွေအတွက် ပူပန်နေရတဲ့ မိဘပြည်သူတွေပါ အတူတူပါပဲ။ ခရီးရှည်မှာ ပင်ပန်းနေကြပြီဆိုပေမဲ့... တော်လှန်ရေး အောင်မြင်ဖို့နဲ့ အနာဂတ် နိုင်ငံတော်သစ်ကြီး တည်ဆောက်ဖို့ဆိုတာ ရဲရင့်မှု သက်သက်နဲ့ မလုံလောက်တော့ပါဘူး။ ခိုင်မာတဲ့ 'ပညာ' ဆိုတဲ့ အုတ်မြစ်ရှိမှသာ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။ ဘာကြောင့် ပညာရေးက ဒီလောက်အထိ အရေးကြီးနေရတာလဲ? (အပြည့်အစုံကို Cmt မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်) #SpringCrowdFund #SCF #CollectivePower #education

SCF အကြည်ဓာတ်လေးတွေ စုပေါင်းပြီး PRF ကို ထောက်ပို့မယ့်အင်အားမှာ အတူပါဝင်ပြီးပြီလား? >> springcrowdfund.org/c/zCbZu3 PRF ထောက်
SCF အကြည်ဓာတ်လေးတွေ စုပေါင်းပြီး PRF ကို ထောက်ပို့မယ့်အင်အားမှာ အတူပါဝင်ပြီးပြီလား? >> springcrowdfund.org/c/zCbZu3 PRF ထောက်ပို့တာဝန်ကို Fundraiser များမှတဆင့် ကိုယ်ပိုင်နံပါတ်များဖြင့် ထမ်းဆောင်နိုင်သလို... ၊ အနည်းဆုံး သတ်မှတ်နှုန်းထားများဖြင့် ပါဝင်ရန် အခက်အခဲရှိနေတဲ့ ပြည်သူများအနေနဲ့လည်း အနည်းဆုံး မြန်မာငွေ ၅,၀၀၀ ကျပ်မှစတင်ပြီး မိမိတတ်နိုင်သမျှ လွယ်ကူအဆင်ပြေစွာ စုပေါင်းထောက်ပို့နိုင်အောင် SCF မှာ ကမ်ပိန်းပြုလုပ်ထားပါတယ်။ SCF မှတဆင့် စုပေါင်းထောက်ပို့မယ်ဆိုရင် တစ်ဦးချင်းစီအတွက် PRF Member Card မရရှိနိုင်ပေမဲ့လည်း... ✅ အကြည်ဓာတ်လေးများရဲ့ စုစည်းညီညွတ်မှုကို ကိုယ်စားပြုပြီး 💎 Diamond Card အထိရရှိထားတဲ့ PRF-0111149 ရဲ့ အရေးကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမှာပါ။ ✅ ကမ်ပိန်းရရှိငွေများအားလုံးကိုလည်း PRF သို့ ရာနှုန်းပြည့် စနစ်တကျ လွှဲပြောင်းပေးကာ ရဲဘော်များကို ထောက်ပို့သွားမှာဖြစ်ပြီး... ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံ လစဉ် တင်ပြပေးမှာဖြစ်ပါတယ်။ လာပါ ငါတို့အတူတူ ရုန်းမယ် 💪 #PRF #SCF #CollectivePower #togetherwearestronger

ရေဘေးကြုံတွေ့ခါစနေ့ရက်တွေမှာ စက်လှေမရှိလို့ ဒီလိုဖန်တီးပြီး ကူညီခဲ့ရတာတဲ့ နောက်တော့ SCF မှာ "စစ်ကိုင်းရေဘေး ဖေးမကူညီပေး" ကမ်ပ
ရေဘေးကြုံတွေ့ခါစနေ့ရက်တွေမှာ စက်လှေမရှိလို့ ဒီလိုဖန်တီးပြီး ကူညီခဲ့ရတာတဲ့ နောက်တော့ SCF မှာ "စစ်ကိုင်းရေဘေး ဖေးမကူညီပေး" ကမ်ပိန်းပြုလုပ်ပြီး အလှူရှင်များကိုယ်စား စက်လှေငယ်တစ်စီး ဝယ်ယူကူညီနိုင်ခဲ့ပါတယ်။ လက်ရှိ မြေပြင်မှာ စစ်ရေးနဲ့ လမ်းပိတ်ဆို့မှုတွေ၊ အင်တာနက်ပြတ်တောက်မှုတွေကြားကနေ ကယ်ဆယ်ရေးတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရပြီး.. သောက်သုံးရေ၊ ရိက္ခာ၊ မိုးကာတဲတွေနဲ့ ဝမ်းပျက်/အရေပြားရောဂါအတွက် အရေးပေါ်ဆေးဝါး တွေ အရမ်းကို လိုအပ်နေဆဲမို့ ဆက်လက်ထောက်ပံ့လှူဒါန်းပေးကြပါဦးနော်။ https://app.springcrowdfund.org//c/i1Y1jk (မြန်မာပြည်တွင်းဆိုလျှင် VPN လိုအပ်ပါသည်)

တရားနာသီလယူလည်း စစ်တပ်အတွက် ပြည်သူဟာ ဗုံးကြဲဖို့ရာ ရန်သူဖြစ်ခဲ့ပါတယ်... 🥀
တရားနာသီလယူလည်း စစ်တပ်အတွက် ပြည်သူဟာ ဗုံးကြဲဖို့ရာ ရန်သူဖြစ်ခဲ့ပါတယ်... 🥀

ရေဘေးသင့်ဒေသမှ ပြည်သူတစ်ဦး၏ စကားသံ ရေဘေးသင့်ပြည်သူများရဲ့ အရေးပေါ်အကူအညီ လိုအပ်ချက်များနှင့် ပြန်လည်ထူထောင်ရေးအတွက် စက်တင်ဘာ ၁ ရက်နေ့အထိ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" ကမ်ပိန်းမှာ ဆက်လက်ထောက်ပံ့လှူဒါန်းနိုင်ပါတယ် 🙏 ထောက်ပံ့လှူဒါန်းလိုပါကနှိပ်ပါ (မြန်မာပြည်တွင်းဆိုလျှင် VPN လိုအပ်ပါသည်)

ရင်ဘတ်ကို ကာကွယ်ဖို့... နှလုံးသားတွေနဲ့ အားဖြည့်ကြစို့ ရှေ့တန်းထွက်ရတဲ့ ရဲဘော်တွေအတွက် ကျည်ကာအင်္ကျီနဲ့ ဦးထုပ်ဆိုတာ သာမန်ပစ္စည်းတွေ မဟုတ်ဘူး။ သေနတ်ကျည်ဆန်နဲ့ လက်နက်ကြီးစတွေကြားထဲကနေ အိမ်ပြန်လမ်းကို အကောင်းဆုံးဖော်ဆောင်နိုင်ဖို့ အခိုင်မာဆုံး တံတိုင်းတွေပါ။ "တို့ရဲဘော်တွေမှာ ပြည်သူတွေကူပေးထားတဲ့ ကျည်ကာတွေရှိတယ်" ဆိုတဲ့ အသိက သူတို့အတွက် နောက်ဆံမတင်းဘဲ ရှေ့တက်နိုင်မယ့် အကြီးမားဆုံး ခွန်အားပါ။ ဒါကြောင့် ကိုယ်တိုင်လည်း ဒီ "ရှေ့တန်းအားဖြည့်" ကမ်ပိန်းလေးမှာ ပါဝင်နိုင်သလို၊ သူငယ်ချင်းတွေပါ သိရှိပြီး အတူတကွ စုပေါင်းပါဝင်လာစေဖို့ RCS လေး ပြုလုပ်ပြီး ကူညီပေးစေလိုပါတယ်။ ဒါမှသာ ပုံထဲကလို ရဲဘော်တွေရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးတွေကို ဆက်ပြီး မြင်တွေ့နိုင်မှာပါ။ ဘယ်လို ပါဝင်နိုင်မလဲ? ✅ springcrowdfund.org ထဲကို ဝင်ပါ (မြန်မာပြည်တွင်းဆိုလျှင် VPN လိုအပ်ပါသည်)။ ✅ "ရှေ့တန်းအားဖြည့်" အမည်ရှိ ကမ်ပိန်းကို ရွေးချယ်ပါ။ ✅ Donate ခလုတ်ကိုနှိပ်ပြီး SDB ငွေလွှဲစနစ်သုံးကာ တိုက်ရိုက် ပါဝင်ထောက်ပို့နိုင်ပါတယ်။ Certificate ကိုလည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်း တိုက်ရိုက်ရရှိမှာ ဖြစ်ပါတယ်။ အတူတူ ထောက်ပို့ပြီး တိုင်းပြည်အတွက် တာဝန်ကျေကြမယ်နော် တို့အတူချီတက် SCF💪

photo content

August လအတွက် PRF ထောက်ပို့တာဝန်ကို SCF မှာ အတူတကွ ထမ်းဆောင်နိုင်ပါတယ်။ ဒီနေ့အထိ ၃၆ သိန်းကျော် စုပေါင်းထားနိုင်ပါပြီ။ လာပါ ငါ
August လအတွက် PRF ထောက်ပို့တာဝန်ကို SCF မှာ အတူတကွ ထမ်းဆောင်နိုင်ပါတယ်။ ဒီနေ့အထိ ၃၆ သိန်းကျော် စုပေါင်းထားနိုင်ပါပြီ။ လာပါ ငါတို့အတူတူရုန်းမယ် 💪 🌿👉 springcrowdfund.org/c/zCbZu3 #scf #prf #togetherwearestronger

"ဟင်္သာဌာနေ အောင်ပွဲဝေ" ဆိုတဲ့အတိုင်း အောင်ပွဲတွေ ဝေဆာနေဖို့အတွက် ဆေးဝါးလုံလောက်မှုက အရေးကြီးပါတယ်။ အခုဆိုရင် ပဲခူးတိုင်း ကာက
"ဟင်္သာဌာနေ အောင်ပွဲဝေ" ဆိုတဲ့အတိုင်း အောင်ပွဲတွေ ဝေဆာနေဖို့အတွက် ဆေးဝါးလုံလောက်မှုက အရေးကြီးပါတယ်။ အခုဆိုရင် ပဲခူးတိုင်း ကာကွယ်ရေးရဲဘော်များအတွက် ဆေးဝါးလိုအပ်ချက်ဖြည့်တင်းပေးနိုင်ဖို့ SCF မှာ ၁၁၂ သိန်း (၅၆ %) ရရှိထားပါပြီ။ အတူပါဝင်ပေးကြတဲ့ အကြည်ဓာတ်လေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ၂၁ ရက်နေ့ဆိုရင် ကမ်ပိန်းပြီးဆုံးတော့မှာမို့ ဘေးကင်းလုံခြုံစွာ ထောက်ပို့ကူချင်တယ်ဆိုရင် အခုပဲ SCF ပလက်ဖောင်းကနေ မိမိကိုယ်တိုင် တိုက်ရိုက်ပါဝင်နိုင်ပါတယ်။ Spring Development Bank ငွေလွှဲစနစ်နဲ့ ပါဝင်နိုင်လို့ လုံခြုံစိတ်ချရပါတယ်။ အတူတူ ဆက်ချီတက်ကြမယ်နော် ❤✊ 🌿 ကမ်ပိန်းတိုက်ရိုက်လင့် https://springcrowdfund.org/c/qLpM92 🌿 SCF အသုံးပြုရန်လင့် springcrowdfund.org (မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)