ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Spring CrowdFund

Spring CrowdFund

前往频道在 Telegram

https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF

显示更多
3 915
订阅者
无数据24 小时
-147 天
+27930 天
帖子存档
SCF ကို App တစ်ခုလို Install လုပ်နည်း 👇 https://springcrowdfund.org/user-guides/3138/
18 11月, 23:56

ထားဝယ်ခရိုင်လောင်းလုံးရေဘေးအတွက် စုပေါင်းကူညီပေးနိုင်ခဲ့တဲ့ certificate လေးပါ။ အတူတကွ ပါဝင်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေအားလုံး
ထားဝယ်ခရိုင်လောင်းလုံးရေဘေးအတွက် စုပေါင်းကူညီပေးနိုင်ခဲ့တဲ့ certificate လေးပါ။ အတူတကွ ပါဝင်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အခုလို လိုအပ်နေတဲ့နေရာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ SCF ရဲ့ ပြည်သူ့အင်အား ၅၀,၀၀၀ စုစည်းမှုမှာလည်း ဆက်လက်ပါဝင်ပေးကြပါဦးခင်ဗျာ။ တို့အတူချီတက် SCF ❤️💪 springcrowdfund.org
18 11月, 22:14

မိဘတွေအဆင်မပြေတာသိပေမယ့် ပညာဆက်သင်ကြားခွင့်ရဖို့ ဆန္ဒလေးတစ်ခုနဲ့...... #SpringCrowdFund #SCF
18 11月, 09:01

Hector Hospital တာဝန်ရှိသူများမှ ပေးပို့လာတဲ့ပုံလေးတွေပါ။ SCF platform မှာပြုလုပ်ခဲ့တဲ့ Safe Hector Hospital ကမ်ပိန်းအလှူငွေမ
+4
Hector Hospital တာဝန်ရှိသူများမှ ပေးပို့လာတဲ့ပုံလေးတွေပါ။ SCF platform မှာပြုလုပ်ခဲ့တဲ့ Safe Hector Hospital ကမ်ပိန်းအလှူငွေများကို အသုံးပြုထားတဲ့နေရာလေးတွေနဲ့ လက်ရှိအလုပ်လုပ်နေတဲ့ ပုံလေးတွေပါတဲ့။ 🥰 ဒါကြောင့် ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်အကြည်ဓာတ်လေးတွေလည်း ပီတိခွန်အားရအောင် သေချာခွင့်တောင်းပြီးတင်ပေးလိုက်ပါတယ်။ နောက်ထပ်လည်း ပိုပြီးကူညီပေးနိုင်ဖို့ အတူတူဆက်ကြိုးစားကြမယ်နော် ❤️ SCF နဲ့ထောက်ပို့ကူ ပန်းတိုင်အရောက်လှမ်း တို့အတူ 💪 #SpringCrowdFund #SCF #SafeHectorHospital
18 11月, 06:44

အကြည်ဓာတ်လေးတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ မေတ္တာတွေကြောင့် ရဲဘော်ဇေယျာမင်းအတွက် "မျှော်လင့်ချက် မျက်ကြည်လွှာ" ကမ်ပိန်းဟာ (၁၀) ရက်အတ
အကြည်ဓာတ်လေးတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ မေတ္တာတွေကြောင့် ရဲဘော်ဇေယျာမင်းအတွက် "မျှော်လင့်ချက် မျက်ကြည်လွှာ" ကမ်ပိန်းဟာ (၁၀) ရက်အတွင်းမှာပဲ သိန်း ၂၀၀ ကျော်အထိ အောင်မြင်စွာ ရရှိခဲ့ပါပြီ။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပေးဆပ်ရင်း အမြင်အာရုံဆုံးရှုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်အပေါ် ထားရှိတဲ့ အားလုံးရဲ့ ဖေးမမှုတွေအတွက် တကယ်ကို ကျေးဇူးတင်ရပါတယ်။ ရဲဘော်အတွက် မျက်ကြည်လွှာကုသမှုကို အထိရောက်ဆုံး ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ကမ်ပိန်းတားဂတ်ပမာဏကို သိန်း ၃၀၀ အထိ တိုးမြှင့်ထားပါတယ်။ အတူတူ ဆက်လက်ကူညီပေးကြပါဦးနော်။ 🙏 #SpringCrowdFund #SCF
18 11月, 05:10

အခက်အခဲတွေကြားထဲမှာ မလျှော့တဲ့ဇွဲနဲ့ ရပ်တည်နေကြတဲ့ ရဲဘော်တွေအတွက် ခွန်အားတစ်ရပ်အနေနဲ့ Project ဆန်၊ ဆီ၊ ဆေးမှာ ပါဝင်ကူညီပေးကြဖ
အခက်အခဲတွေကြားထဲမှာ မလျှော့တဲ့ဇွဲနဲ့ ရပ်တည်နေကြတဲ့ ရဲဘော်တွေအတွက် ခွန်အားတစ်ရပ်အနေနဲ့ Project ဆန်၊ ဆီ၊ ဆေးမှာ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘယ်လောက်ပဲကူကူ ဘယ်အချိန်ပဲကူကူ မြေပြင်ကိုရာနှုန်းပြည့်ရောက်ရှိတဲ့ SCF နဲ့အတူ စိတ်ချလုံခြုံစွာ တိုက်ရိုက်ထောက်ပို့ပါ။ 💪 #SpringCrowdFund #SCF
18 11月, 02:03

ဝိုင်းချစ်မယ့်တိုင်းစစ်ကနေ SCF ကိုပေးပို့လာတဲ့ ဂုဏ်ပြုမှတ်တမ်းပါ။ အတူတကွပါဝင်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေကြောင့် ထိထိရောက်ရောက
+1
ဝိုင်းချစ်မယ့်တိုင်းစစ်ကနေ SCF ကိုပေးပို့လာတဲ့ ဂုဏ်ပြုမှတ်တမ်းပါ။ အတူတကွပါဝင်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေကြောင့် ထိထိရောက်ရောက် အားဖြည့်ကူညီပေးနိုင်ခဲ့ပါပြီခင်ဗျာ။ ပြည်သူ့အင်အား ၅၀,၀၀၀ ပြည့်အောင် မြန်မြန်စုစည်းနိုင်ရင် အခုထက်ပိုပြီးထောက်ပို့နိုင်မှာဖြစ်လို့ အကြည်ဓာတ်အသစ်လေးတွေကိုလည်း ထပ်မံဖိတ်ခေါ်ပါတယ်။ လုံခြုံစိတ်ချစွာ ထောက်ပို့ချင်တဲ့ပြည်သူတိုင်းအတွက်.. SCF ကအမြဲအတူ ဆက်ရှိနေပေးပါမယ်။ ❤️ #SpringCrowdFund #SCF #certificate
17 11月, 21:53

ကမ်ပိန်းပဲတင်တင် ကမ်ပိန်းပဲကူကူ SCF က ရာခိုင်နှုန်းလုံးဝမယူပါဘူး ❤️ ဒါကြောင့် မိမိထောက်ပို့လိုက်သမျှ စစ်ဘေးရှောင်တွေနဲ့ ရဲဘော
ကမ်ပိန်းပဲတင်တင် ကမ်ပိန်းပဲကူကူ SCF က ရာခိုင်နှုန်းလုံးဝမယူပါဘူး ❤️ ဒါကြောင့် မိမိထောက်ပို့လိုက်သမျှ စစ်ဘေးရှောင်တွေနဲ့ ရဲဘော်တွေဆီကို အမြန်ဆုံး အလုံခြုံဆုံး တိတိကျကျနဲ့ ရာနှုန်းပြည့်ရောက်ရှိစေချင်တယ်၊ Certificate လည်း ချက်ချင်းရချင်တယ်ဆိုရင် SCF platform ကနေ တိုက်ရိုက်ထောက်ကူနိုင်ပါတယ်။ တို့အတူချီတက် SCF 💪 #SpringCrowdFund #SCF
17 11月, 08:54

M.D.F ဆေးဝါးရိက္ခာကူကြစို့ ကမ်ပိန်းတွင် SCF နှင့်အတူ ပါဝင်ကူညီပေးခဲ့ကြသော အကြည်ဓာတ်လေးများသို့... ❤️💪 springcrowdfund.org
17 11月, 06:33

တော်လှန်ရေးရဲဘော်လူငယ်တွေရဲ့ နည်းပညာစွမ်းရည်တွေ အမြင့်ဆုံးရောက်ရှိအောင် လိုအပ်နေတဲ့ Laptop နဲ့ Transmitter တွေကို အတူတူဖြည့်ဆ
တော်လှန်ရေးရဲဘော်လူငယ်တွေရဲ့ နည်းပညာစွမ်းရည်တွေ အမြင့်ဆုံးရောက်ရှိအောင် လိုအပ်နေတဲ့ Laptop နဲ့ Transmitter တွေကို အတူတူဖြည့်ဆည်းပေးနိုင်ဖို့အတွက် အားလုံးရဲ့ အကူအညီလိုအပ်နေပါတယ်။ ဒီအတွက် 'ပြည့်ဝသော လေ့ကျင့်မှုမှသည် ပန်းတိုင်ဆီသို့' ကမ်ပိန်းမှာ SCF platform ကနေ တိုက်ရိုက်ပါဝင်ကူညီနိုင်ပါပြီ။ Certificate ချက်ချင်းရရှိမှာဖြစ်တဲ့အပြင် ရဲဘော်များဆီကို ရာနှုန်းပြည့်စီးဆင်းရောက်ရှိမှာဖြစ်ပါတယ်။ SCF နဲ့ထောက်ပို့ကူ ပန်းတိုင်အရောက်လှမ်း တို့အတူ 💪 #SpringCrowdFund #SCF
17 11月, 03:29

နေရာသစ် - နေပြည်တော်တပ်ရင်း ၈၀၄ springcrowdfund.org/c/zz4HCa မျှော်မှန်းတားဂတ်ပမာဏ - သိန်း ၅၀၀ ကျပ် ကမ်ပိန်း ကနဦးရက်ကာလ - နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ကမ်းပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် တိုက်ပွဲအန္တရာယ်များကြောင့် ရဲဘော်များလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် လူငယ်များအတွက် ဘေးကင်းလုံခြုံသော နေရာများတွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်၍ “နေရာသစ်” Campaign ကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်။ ဤ Campaign မှတစ်ဆင့် ရဲဘော်များအတွက် လုံခြုံသော နေထိုင်ရာနေရာ၊ အစားအသောက်၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့စဉ်ဘဝအတွက် လိုအပ်သော အခြေခံအထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ “နေရာသစ်” ဆိုသည်မှာ နေရာတစ်ခု ပြောင်းရွှေ့ခြင်းသက်သက်မဟုတ်ဘဲ လူငယ်များအတွက် လုံခြုံမှု၊ မျှော်လင့်ချက်နှင့် ဘဝကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းသစ်တစ်ခု ဖန်တီးပေးခြင်းဖြစ်သည်။ ရဲဘော် တစ်ဦးချင်းစီ၏ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာကို ဦးစားပေးကာ ပိုမိုကောင်းမွန်သော မနက်ဖြန်တစ်ခုဆီ အတူတကွ လျှောက်လှမ်းနိုင်ရန် အားလုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်အပ်ပါသည်။ #SpringCrowdFund #SCF
17 11月, 00:13

လမ်းများစုံညီ နေပြည်တော်ဆီ springcrowdfund.org/c/FyDBv0 မျှော်မှန်းတားဂတ်ပမာဏ - သိန်း ၅၀၀ ကျပ် ကမ်ပိန်း ကနဦးရက်ကာလ - နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ကမ်းပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက် ကျွန်တော်တို့ကတော့ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၈)၊ တပ်ရင်းအမှတ် (၈၀၂) မှ ရဲဘော်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းအမှတ် (၈၀၂) သည် တိုင်းစစ်ဌာန၏ လမ်းညွှန်ချက်ဖြစ်သော တပ်အင်အား ခိုင်မာအားကောင်းရေးအတွက် ကြိုးစားဆောင်ရွက်နေသော တပ်ရင်းတပ်ဖွဲ့ ဖြစ်ပါသည်။ တပ်သားသစ်များ ခေါ်ယူလေ့ကျင့်ပေးခြင်း၊ လူသစ်စုဆောင်းခြင်း တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိရာ တပ်ရင်းအနေဖြင့် အထွေထွေ လိုအပ်ချက်များ ရှိနေပါသည်။ တပ်ရင်းရဲ့ အထွေထွေ လိုအပ်ချက်များဖြစ်သော ယူနီဖောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျည်ကာဘက်များ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် ယခုကမ်ပိန်းလေးကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့သည် နေပြည်တော်တိုင်းစစ်ဌာန မဖြစ်ပေါ်လာခင် ပထမဦးဆုံး ပေါ်ပေါက် လာတဲ့ သန္ဓေတပ် (၂) ခုမှ တစ်ခုဖြစ်ပြီး၊ အထွေထွေလိုအပ်ချက်များကြောင့်သာ ယခုလို ကမ်ပိန်းလေး ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များသည် ယခင် ကရင်နီဒေသမှာ တော်လှန်ရေးအောင်မြင်ရန်အတွက် မဟာမိတ်များနှင့်အတူပူးပေါင်းကာ ကြိုးစားခဲ့ပြီး ယခုဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုဖြင့် နေပြည်တော်နှင့် အနီးဆုံးနေရာမှာ စိုးမိုးနယ်မြေများစွာ ချဲ့ထွင်ခြင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်ကြိးစားလျက်ရှိပါသည်။ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချီမှုဖြစ်သော စစ်ရေးအရ အသာစီးရတာမျိုးတွေ ပြည်သူတွေသွေးအေးနေပြီဆိုတာမျိုးဟာ အလိမ်အညာတွေသာဖြစ်ပြီး၊ ယခုအချိန်မှာဆိုရင်ဖြင့် စစ်အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာ နေပြည်တော်လိုနေရာမျိုးတွေမှာတောင် ကြောက်စိတ်နဲ့ ရှင်သန်နေရတဲ့ ဘဝမျိုးရောက်ရှိနေပါတယ်။ အမေစု ပြောခဲ့သလိုပဲ အောင်မြင်ခြင်း တရား (၄) ပါး ဖြစ်တဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ ဆိုတဲ့အရာကို နှလုံးသွင်း ပြီး မပြီးဆုံးသေးသော တော်လှန်ရေး၊ ဒီမိုကရေစီစံနှုန်းဖြစ်သော လူအခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် မလျှော့သော ဇွဲ၊ လုံလနှင့် ကြိုးစားတိုက်ပွဲဝင်သွားဖို့ ကတိသစ္စာပြုအပ်ပါသည်။ ကျွန်တော်တို့ ရဲဘော်တွေမှာ စစ်မှန်တဲ့ခံယူချက် ပြင်းပြတဲ့ စိတ်ဓာတ်တွေရှိသော်ငြား ထောက်ပံ့ကူညီသူ ပြည်သူမရှိရင် ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်ပါ။ မိဘပြည်သူများကလည်း ကျွန်တော်တို့တပ်တွေရဲ့ အထွေထွေလိုအပ်ချက်များကို ဖြည့်တင်းနိုင်ဖို့ SCF မှာ ပြုလုပ်လျှက်ရှိသော ကမ်းပိန်းလေးကို နိုင်သမျှ အားဖြင့် ပါဝင်ပေးကျဖို့ မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ လမ်းများစုံညီနေပြည်တော်ဆီ ဆိုတဲ့ ကမ်းပိန်းလေးကို Spring Crowd Fund (SCF) ပလက်ဖောင်း ကနေတဆင့် ယုံကြည်စွာ ပါဝင်ကူညီပေးကြဖို့ ကျွန်တော်တို့ မြေပြင်ရဲဘော်တွေကိုယ်တိုင် အထူးမေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။ SCF ရဲ့ခိုင်မာတဲ့ နည်းပညာပိုင်းဆိုင်ရာ အားသာချက်တွေကြောင့် ထောက်ပို့ပေးကြတဲ့ ပြည်သူတွေအတွက်သာမက၊ ကျွန်တော်တို့မြေပြင်တပ်ရင်းတပ်ဖွဲ့တွေအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ စာရင်းဇယားတွေ မှတ်တမ်းတင်ဖို့၊ ငွေကြေးလွှဲပြောင်းမှုတွေ စစ်ဆေးဖို့ အချိန်နဲ့ လူအင်အား ပေးရတာတွေ သက်သာစေတဲ့အတွက်ကြောင့် ကျွန်တော်တို့တပ်ရင်း တပ်ဖွဲ့ တွေ အနေဖြင့် မြေပြင်က အဓိကလုပ်ငန်းစဉ်တွေမှာ ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။ ပြည်သူ့တွေရဲ့ ထောက်ပံ့မှုတွေဟာ လိုအပ်တဲ့နေရာကို အလေအလွင့်မရှိ တိုက်ရိုက်စီးဆင်းမှာ ဖြစ်သလို ပွင့်လင်းမြင်သာမှု အပြည့်အဝရှိသောကြောင့် ပါဝင်ပေးကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အချက်အလက်နဲ့ လုံခြုံရေးအတွက် အပြည့်အဝ စိတ်ချ ယုံကြည်လို့ ရပါတယ်ဗျ။ ဆွန်ဇုရဲ့ စစ်ဗျူဟာကျမ်းမှာ ပါတဲ့ ရန်သူအမြတ်နိုးဆုံးကို တိုက်ခိုက်သိမ်းပိုက်ပါ ဤသို့ဆိုလျှင် ရန်သူသည် သင့်သဘောကိုဆောင်နိုင်မည်ဆိုသော ဗျူဟာအတိုင်း ကျွန်ုပ်တို့ မိဘပြည်သူများ လိုချင်တောင့်တသော ဆန္ဒသဘောများကို ဆောင်နိုင်စေဖို့ ပြည်သူ့အာဏာပြန်လည်ရရှိဖို့ ရန်သူ၏အမြတ်နိုးဆုံး ဖြစ်သော နေပြည်တော်ကို သိမ်းပိုက်နိုင်ရေးအတွက် ကျွန်ုပ်တို့ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၂) ရဲ့ လမ်းများစုံညီနေပြည်တော်ဆီဆိုတဲ့ ကမ်ပိန်းလေးကို ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ #SpringCrowdFund #SCF
16 11月, 22:29

"လွတ်အောင်ပြေး လုံအောင်ပုန်း" ဆိုတာ... အရပ်သားပြည်သူတွေကိုပါမရှောင် ပစ်မှတ်ထား -ုံးကျဲနေတဲ့ အကြမ်းဖက်စစ်တပ်ကို ထိထိရောက်ရောက်
"လွတ်အောင်ပြေး လုံအောင်ပုန်း" ဆိုတာ... အရပ်သားပြည်သူတွေကိုပါမရှောင် ပစ်မှတ်ထား -ုံးကျဲနေတဲ့ အကြမ်းဖက်စစ်တပ်ကို ထိထိရောက်ရောက် တော်လှန်ချင်သူတိုင်း သေချာပေါက်ကူသင့်တဲ့ ကမ်ပိန်းတစ်ခုပါ။ ဒါပေမဲ့ လက်ရှိမှာ ၂၂% သာရရှိထားသေးလို့ အတူတူဝိုင်းဝန်းပါဝင်ပေးကြပါဦးခင်ဗျာ။ ပါဝင်ထားပြီးသား အကြည်ဓာတ်လေးများအနေနဲ့လည်း RCS လုပ်ပေးခြင်းဖြင့် ထိထိရောက်ရောက်ကူတွန်းပေးနိုင်ပါတယ်။ 💪 #SpringCrowdFund #SCF
16 11月, 10:38

အကြည်ဓာတ်လေးတို့ရေ... အချိန်လေး နာရီဝက်လောက်ရမယ်ဆိုရင် ဒီည ၇ နာရီ SCF Community Call Live လေးမှာ လာရောက်ပါဝင်စေချင်ပါတယ်။ သဘေ
အကြည်ဓာတ်လေးတို့ရေ... အချိန်လေး နာရီဝက်လောက်ရမယ်ဆိုရင် ဒီည ၇ နာရီ SCF Community Call Live လေးမှာ လာရောက်ပါဝင်စေချင်ပါတယ်။ သဘောလဲကောင်း အပြုံးလဲချို တော်လှန်ရေးမှာလည်း တက်တက်ကြွကြွကြိုးစားနေတဲ့ အကိုဒွန်ကိုနဲ့အတူ စကားတွေပြောကြမယ်၊ မေးခွန်းလေးတွေဖြေကြမယ်၊ ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေ အတူတူဆော့ကြပါမယ်။ ဒါကြောင့် အမှတ်တရဖြစ်အောင် ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်နော်။ အတူတူဆုံတွေ့ကြပါမယ်ခင်ဗျာ။ 😍❤️ 7 PM (MMT) Live on SCF Facebook Page, YouTube Channel , Telegram Channel #SpringCrowdFund #SCF #SCFCommunityCall #Live
16 11月, 06:36

photo content
16 11月, 05:00

photo content
+1
16 11月, 02:37

photo content
15 11月, 22:38

ပြည်သူ့ချွေးနဲစာကို အားအင်အဖြစ်... ပြည်သူ့မေတ္တာကို ခွန်အားအဖြစ်... SCF နဲ့အတူ ပါဝင်အားဖြည့်ပေးကြပါစို့။ ❤️🙏 #SpringCrowdFun
ပြည်သူ့ချွေးနဲစာကို အားအင်အဖြစ်... ပြည်သူ့မေတ္တာကို ခွန်အားအဖြစ်... SCF နဲ့အတူ ပါဝင်အားဖြည့်ပေးကြပါစို့။ ❤️🙏 #SpringCrowdFund #SCF
15 11月, 10:07

အကြည်ဓာတ်လေးတို့ရေ... မနက်ဖြန် ည ၇ နာရီ ဒီတပတ်ရဲ့ SCF Community Call Live မှာဆုံတွေ့ဖို့အသင့်ပဲလား။ အထူးဧည့်သည်တော်ကတော့ သဘော
အကြည်ဓာတ်လေးတို့ရေ... မနက်ဖြန် ည ၇ နာရီ ဒီတပတ်ရဲ့ SCF Community Call Live မှာဆုံတွေ့ဖို့အသင့်ပဲလား။ အထူးဧည့်သည်တော်ကတော့ သဘောကောင်းကောင်း အပြုံးချိုချိုပိုင်ရှင် အကိုကြီးတစ်ယောက်ပါခင်ဗျာ 😁 ဘယ်သူလဲဆိုတာကတော့ အကြည်ဓာတ်လေးတွေအားလုံးဝိုင်းပြီး ကွန်းမန့်မှာ mention ခေါ်လိုက်တော့နော်။ 😉❤️ #SpringCrowdFund #SCF #SCFCommunityCall #Live
15 11月, 06:50

ရိက္ခာတစ်နပ်ဟာ ရဲဘော်တွေအတွက် ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်သလို၊ ရှေ့ဆက်စရာ ခွန်အားနဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ရ
ရိက္ခာတစ်နပ်ဟာ ရဲဘော်တွေအတွက် ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်သလို၊ ရှေ့ဆက်စရာ ခွန်အားနဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ရဲဘော်တွေကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ပဲဖြစ်စေ၊ စာနာစိတ်နဲ့ပဲဖြစ်စေ၊ တော်လှန်ရေးအတွက် တာဝန်သိစိတ်နဲ့ပဲဖြစ်စေ "Food For Hope" ကမ်ပိန်းမှာ ပါဝင်နိုင်ပါတယ်။ လုံခြုံစိတ်ချရတဲ့ SCF platform မှာ ၅,၀၀၀ ကျပ်မှစတင်ကာ တိုက်ရိုက်ထောက်ပို့နိုင်ပြီး၊ မြေပြင်ကို အပြည့်အဝပို့ဆောင်ပေးမှာပါ။ Certificate ကိုလည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းရရှိမှာပါ။ ရဲဘော်တွေအတွက် အတူတူရှိပေးကြမယ်နော်။ #SpringCrowdFund #SCF #FoodForHope
15 11月, 02:45